Bollywood

{"movies":[{"title":"Varane Avashyamund (2020)","id":"https://drive.google.com/file/d/1KOocptu5cXt5ZexVaME0XCo0RcoFZmTv/view?usp=drivesdk","description":"ကဲ....အကြမ်းပတမ်းတွေ ခနနားပြီးတော့ အချစ်ဟာသလေး ကြည့်လိုက်ရအောင်\n\nဒီကားထဲကမင်းသမီးလေးက Hello Telgu ထဲက မင်းသမီးလေးဗျ\n\nမင်းသမီးက ကျူးပစ် website ကနေပြီးတော့ အိမ်ထောင်ဖက်လိုက်ရှာနေတာ..\n\nဒါပေမယ့် ..ဘယ်နှစ်ယောက်တွေ့တွေ့ သူစိတ်တိုင်းမကျဘူး\n\nသူတို့ တစ်နေ့တော့ တိုက်တစ်တိုက်ဆီကိုအိမ်ပြောင်းလာကြတယ်..\n\nမင်းသားကလည်း အဲ့တိုက်ကိုပဲပြောင်းလာတာ \n\nအဲ့တိုက်မှာ ဗိုလ်ကြီးတစ်ယောက်ရှိတယ် သူကကျတော့ အထီးကျန်နေတဲ့လူပျိုကြီး \n\nအထီးကျန်တဲ့စိတ်နဲ့ မရယ်နိုင် မပြုံးနိုင် \n\nစိတ်ကုဆရာဝန်ဆီတောင် သွားရတဲ့အဖြစ် \n\nကောင်မလေးအမေက ဗိုလ်ကြီးပြနေတဲ့ ဆရာဝန်ဆီမှာအလုပ်လုပ်တာ\n\nဆရာဝန်ကြီးကလည်း ဗိုလ်ကြီးအထီကျန်တာသက်သာအောင်ဆိုပြီး ကောင်မလေးအမေနဲ့လွှတ်ပေး..\n\nဗိုလ်ကြီးခမျာ မသက်သာတဲ့အပြင် ပိုပြီးဂေါက်လာ...\n\nဒီတော့ ဒေါ်ဂျီးထူရယ်..\n\nဒေါ်ဂျီးထူရဲ့ အမေဆရာမရယ်..\n\nအဲ့တိုက်က ခပ်ကြောင်ကြောင် လူပျိုသိုးကြီးရယ်\n\nဇာတ်လိုက်မင်းသားရယ်ကြား\n\nလေးပွင့်ဆိုင် ဘယ်လို တေ့ပြီးလွဲကြမလဲဆိုတာကတော့....","cover":"https://docs.google.com/uc?id=1IMG7G3mhZy6mtNi3KkEHdNb6rOr3KIEs"},{"title":"Sinnga (2019)","id":"https://drive.google.com/file/d/1U4rL1xJEMEfOahMssrt_bEr4wJPNu5lC/view?usp=drivesdk","description":"ငယ်ငယ်တည်းက ဖခင်မဲ့ခဲ့ရပြီးပြီး အမေနဲ့သာနေခွင့်ရခဲ့တဲ့ ဆင်ဂါ\nအမေနဲ့ပတ်သက်ရင် အထိမခံ၊ အရာရာကိုတုံ့ပြန်တတ်တဲ့ဆင်ဂါတစ်ယောက်\nယောက်ျားမရှိလို့ ပင်ပန်းခက်ခဲစွာရုန်းကန်နေရတဲ့သူ့အမေကို သူ့မျက်စိရှေ့တင်မြင်နေရတယ်။\nသူ့အဖေဟာ တခြားသူတွေအတွက် ကောင်းရာကောင်းကျိုးလုပ်ပေးရင်း ရန်သူသတ်လို့သေခဲ့ရတယ်။\nဖခင်ခြေရာနင်းတဲ့ ဆင်ဂါဟာ ရန်သူများတယ်။ မတရားတာ လက်ပိုက်မကြည့်တတ်ဘူး။\nအမျိုးသမီးတွေကိုလေးစားတယ်။ ဒါပေမယ့် အဲ့လိုရန်များတာကြောင့်ပဲ အိမ်ထောင်ပြုဖို့\nသူမစဉ်းစားခဲ့ဘူး။ အချိန်မရွေး ရန်သူသတ်လို့သေနိုင်တာမို့ သူ့ကြောင့်မိန်းကလေးတစ်ယောက်\nမုဆိုးမဖြစ်လိမ့်မယ်ဆိုပြီး အိမ်ထောင်ရေးကို ခါးခါးသီးသီးငြင်းပယ်နေခဲ့တယ်။\nဒါပေမယ့် ဖူးစာဆိုတာ ရှောင်လွှဲလို့မရ...အချိန်တန်ရင်ရောက်လာစမြဲမို့ သူ့အမေသဘောကျတဲ့\nကောင်မလေးနဲ့ ချစ်ရေးဆုံခဲ့ကြတယ်။ အမေ့အကြိုက်ချစ်သူလေးရပြီမို့ အရင်လိုမမိုက်မဲတော့ပဲ\nသာယာတဲ့ဘ၀မှာနေထိုင်ဖို့ဆုံးဖြတ်လိုက်ကာမှ အတိတ်ကရန်သူတွေက သူ့ကိုသုတ်သင်\nအပြတ်ရှင်းဖို့ ကြံစည်လာကြသောအခါ..","cover":"https://docs.google.com/uc?id=1IGcJWEL4y0uKNVGHRH0QbLbJuOhupZNh"},{"title":"MLA NO 1 (2019)","id":"https://drive.google.com/file/d/1ia01tBzRp8QpWY86gokxXyKQsGuicLeJ/view?usp=drivesdk","description":"နိုင်ငံတစ်နိုင်ငံမှာပြည်သူဆိုတာအရေးကြီးဆုံးဘဲပြည်သူအားလုံးကလက်ခံတဲ့အစိုးရဆိုတာလည်းအရမ်းရှားတယ်\nနိုင်ငံရဲ့အနာဂတ်ကအစိုးရလက်ထဲမှာမဟုတ်ဘူး\nအဲဒီအစိုးရကိုတင်မြှောက်တဲ့ပြည်သူရဲ့လက်ထဲမှာရှိတယ်\nခုခေတ်အစိုးရတွေကမဲနိုင်ဖို့ပိုက်ဆံတွေအများကြီးပြည်သူတွေကိုပေးပြီးမဲဆွယ်ကြတယ်\nပြည်သူတွေကလည်းပိုက်ဆံရလို့မဲထည့်လိုက်တဲ့အခါမှာရွေးကောက်ပွဲပီးတော့ပြဿနာကစတက်တာဘဲ\nလူမှုဖူလုံရေးကျန်းမာရေးစောင့်ရှောက်မှုတွေလုပ်ပေးမယ်ကတိပေးပြီးတကယ်မလုပ်ပေးတော့သူတို့မဲထည့်တဲ့အစိုးရကိုမကြည်ဖြူတော့ဘူးလမ်းပေါ်ထွက်ဆန္ဒပြကြနဲ့မီဒီသမားတွေစီးပွားရေးသမားတွေကလည်းဒါကိုအမြတ်ထုတ်ကြတယ်\n\nဒီဇာတ်လမ်းထဲမှာပြောချင်တာကပြည်သူတွေအနေနဲ့သူတို့တွက်ရပ်တည်ပေးမယ့်ပြည်သူ့အစိုးရကိုသာသေချာရွေးချယ်တင်မြောက်ဖို့အကြံပေးထားတာဖြစ်ပါတယ်\nနိုင်ငံရေးလောကကထဲရောက်သွားပြီးပြည်သူတွေကိုကတိအမျိုးမျိုးပေးပြီးမတည်နိုင်ဘဲသူတို့တွက်ဘဲစဉ်းစားတဲ့နိုင်ငံရေးသမားတွေကိုမယုံကြည်စေဖို့ပေါ့...","cover":"https://docs.google.com/uc?id=1ILMGLXp6EzqhsVbTJoVYLm6SpjEHKCc1"},{"title":"Love Action Drama (2019)","id":"https://drive.google.com/file/d/18UXPiRgIFqrAAncXlN1gs73LtepJrZIW/view?usp=drivesdk","description":"ချမ်းသာတဲ့မိသားစုကနေကြီးပြင်းလာတဲ့\nအလုပ်မရှိ ပျော်သလိုနေပြီး ဖြစ်သလိုနေနေတဲ့ ဒင်းနက်ရှ်\nရှိုဘာဆိုတဲ့မိန်းကလေးနဲ့တွေ့ပြီးနောက်မှာ သူ့ထုံးစံအတိုင်း\nရှိုဘာ့အချစ်ကိုရဖို့ အမျိုးမျိုးလိမ်ညာကြိုးစားပါတော့တယ်...\nဒင်းနက်ရှ်တစ်ယောက် ရှိုဘာရဲ့စည်းကမ်းတွေအတိုင်း နေနိုင်ပါ့မလား\nအလုပ်လက်မဲ့ ပေါ့ပေါ့နေ ပေါ့ပေါ့စားဘ၀ကနေ အချစ်အတွက်\nတည်ကြည်တဲ့လူတစ်ယောက်ဖြစ်လာနိုင်ပါ့မလား..","cover":"https://docs.google.com/uc?id=1IGX_kzKpBNRQGIK3l7UG0ny_TtLBv15W"},{"title":"R.K.Nagar (2019)","id":"https://drive.google.com/file/d/1ScHe-2PazMPvHa6EATyzukGkFDzUV9jh/view?usp=drivesdk","description":"ဒီဇာတ်ကားမှာက လူမိုက်ကြီးနှစ်ယောက်ပါတယ်။အရပ်စကားနဲ့ပြောရရင် ရွာတောင်ပိုင်းလူမိုက်နဲ့ ‌မြောက်ပိုင်းလူမိုက်ပေါ့ဗျာ ။\nသူတို့နှစ်ယောက်ကလုံး၀မတည့်ဘူး ။\nတစ်ယောက်နဲ့တစ်ယောက် သတ်ဖို့ချောင်းနေတာ ။တစ်နေ့ ဘုရားကျောင်း ခြံခတ်ဖို့ကိစ္စနဲ့ ငြိပါလေရော ။ အခြေအနေက တင်းမာလာပြီး တစ်ဖက်နဲ့တစ်ဖက် သတ်ကြရင်း နောက်ဆုံး လူမိုက်ကြီးနှစ်ယောက် ၀မ်း ၀မ်းသတ်ရမယ့်အချိန်ရောက်လာတယ်။အဲ့ဒီအချိန်မှာ လူမိုက်ကြီးနှစ်ယောက်ကြားထဲ ၀င်ရှုပ်သွားတာကတော့ ကျွန်တော်တို့ရဲ့ ဂျင်းကောင်ကြီးပေါ့ ။ ဘာလို့ဂျင်းကောင်လို့ပြောလဲဆိုတော့ သူက ရပ်ကွက်ထဲက ပြသနာတိုင်းလိုက်ရှင်းပေးတဲ့သူ ၊ ဒါပေမယ့် သူဝင်ရှင်းလေ ပိုရှုပ်လေ ၊ပြသနာပိုတက်လေဖြစ်ကုန်ရော ။\nဆိုပါတော့ ၊ ဂျင်းကောင်ရဲ့ကောင်မလေးကတော့ ဂျင်းမလေးမဟုတ်ဘူးဗျ ။အချောလေး ဆနာ အလ်သဖ် ။သူကတော့ သူဌေးသမီး ။\nဒီတော့ အ‌ချင်းချင်းသတ်ချင်နေတဲ့လူမိုက်နှစ်ယောက်ရယ် ၊ သူတို့ဘက်က ထောက်ပံ့နေတဲ့ပါတီနှစ်ခုရယ် ၊ ဂျင်းကောင်ရယ် ၊ သူဌေးသမီးလေးရယ် ၊နောက် မတော်တရော်ဓါတ်ပုံတွေခိုးရိုက်ပြီး ငွေညှစ်တဲ့အဖွဲ့ရယ် ကြားမှာ ဘယ်လိုတွေ ဆက်ဖြစ်ပျက်မလဲ ။ ဘယ်သူက ဘယ်သူ့ကို ဘာကြောင့် ဘယ်လိုစွပ်စွဲပြီး ဘယ်လ်ုသတ်ဖြတ်ကြလိမ့်မယ်ဆိုတာကတော့။","cover":"https://docs.google.com/uc?id=1IAoskpBp2L3f2tNkNOukuGRtldD7pWja"},{"title":"Kavacham(2018)","id":"https://drive.google.com/file/d/1ZDNyV8nghilVlXFWUYtSUcUaca-8QOEU/view?usp=sharing","description":"ဗီဇက်က ရဲအရာရှိ ဗီဂျေးဟာ မတရားစွပ်စွဲခံရပြီး လှည့်ကွက်တွေကြားမှာ\nချောင်ပိတ်မိနေပါတယ်။ သူ့ရဲ့အပြစ်ကင်းမှုကို သက်သေပြဖို့အတွက်\nသူ့မှာ အချိန် ၂၄ နာရီပဲရှိပါတော့တယ်။ တစ်ချိန်ကလေးစားခံရတဲ့ဘဝကို\nပြန်ရဖို့အတွက် ၂၄ နာရီဆိုတဲ့အချိန်က သူ့အတွက်လုံလောက်ပါ့မလား။\nသူ့ကိုယုတ်မာစွာ လှည့်စားထောင်ချောက်ဆင်ခဲ့ကြပြီး သူ့မိခင်ကိုပါရန်ပြုလာတဲ့\nလူတစ်စုကို ဘယ်လိုအကွက်ကျကျပြန်လည်လက်စားချေမလဲ၊ သူ့သိက္ခာသူ\nဘယ်လိုပြန်ဆယ်မလဲဆိုတာကို အလန်းစားအကြမ်းစား အက်ရှင်များနဲ့\nကြည့်ရမြင်ရ ခံစားရမှာပဲဖြစ်ပါကြောင်း ညွှန်းလိုက်ပါရစေဗျာ…။","cover":"https://docs.google.com/uc?id=12pbfL7oafui51bbVADOZy13_gQ_CYbRU"},{"title":"Bharat Ane Nenu(2018)","id":"https://drive.google.com/file/d/1qr9AVd57NO2cevpSwJx8tkeby0xaQncZ/view?usp=sharing","description":"ဖခင်ကြီး ကျန်းမာရေးချို့တဲ့နေပြီဆိုတဲ့သတင်းကြောင့် နိုင်ငံခြားမှာ ပညာတော်သင်သွားနေတဲ့လူတစ်ယောက် ကိုယ့်ရပ်ကိုယ့်မြေကို ပြန်လာတယ်\n\nပြန်ရောက်တော့ဖခင်ကြီးရဲ့အသက်ကိုမမှီလိုက်သလိုဇပနအခမ်းအနားကိုတောင် ကျင်းပခွင့် မရလိုက်ဘူး. . .\n\nသို့ပေမယ့် ကောက်ကာငင်ကာဆိုသလို ဝန်ကြီးချုပ်ရာထူးကို ဝင်ရောက်ထမ်းဆောင်ဖို့ ဖြစ်လာတယ်\n\nပညာတတ် လူငယ်လေးဖြစ်တဲ့အပြင်ဖခင်ရဲ့ သွေးအပြည့်ပါတဲ့သူဖြစ်တာကြောင့်အလုပ်ကို ကြိုးစားတယ်\n\nမှန်ကန်တဲ့အလုပ်ကို လုပ်တယ်တည်ကြည်တယ် ဖြောင့်မတ်တယ်ရဲ့ဝံ့တယ်. . .\n\nဘယ်သူ့မျက်နှာကိုမှ မထောက်ဘူး\n\nပြည်သူတွေကို ချစ်တဲ့သူဖြစ်တာကြောင့်အောက်ခြေလူတန်းစားတွေနေတဲ့ ကျေးလက်ဒေသတွေအထိ ရှောင်တခင် စစ်ဆေးတတ်တယ်\n\nသက်ဆိုင်ရာနယ်မြေက တာဝန်ကျ အစိုးရ အရာရှိတွေကို ပြည်သူ့အကျိုး သယ်ပိုးသူမှန်ရင် မြှောက်စားတယ်\n\nလာဘ်စားပြီး တာဝန်မကျေရင် ဖြုတ်ပစ်တယ်. . .\n\nအဲ့ဒီလောက်အထိ ရဲရဲတောက်တဲ့ဝန်ကြီးချုပ် ဖြစ်လာတယ်. . .\n\nလမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးလမ်းတံတားပြုပြင်ရေးကျေးလက်ဒေသ စည်ပင်ဖွံဖြိုးရေးစတဲ့ လုပ်ငန်းတွေမှာ နိုင်ငံတော်ဘတ်ဂျက်ကို မျှတအောင် သုံးစွဲပြီး ရန်ပုံငွေတွေ ချပေးကာကိုယ်ထူကိုယ်ထ လုပ်စေတယ်\n\nသူက ပြည်သူကို ကိုယ့်အားကိုယ်ကိုးစေချင်တဲ့ ဒီလိုမျိုးစိတ်ဓာတ်ပိုင်ရှင် ဝန်ကြီးချုပ်ပါ။\n\nသူပြောတဲ့စကားက”စစ်မှန်တဲ့ ခေါင်းဆောင်ဆိုတာခေါင်းဆောင်မလိုတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်တည်လာအောင် လမ်းပြပေးတဲ့သူပါ”တဲ့\n\nမည်သို့ပင်ဆိုစေ. . .ပြည်သူ့အချစ်တော် ခံယူပြီးတာဝန်တွေကို ကျေပွန်အောင် လုပ်သည့်တိုင်မနာလိုတဲ့သူတွေကတော့ မနာလိုစမြဲပါပဲ\n\nနေရာတကာ အကောင်းနဲ့ အဆိုး ဒွန်တွဲနေတာမို့မြေခွေးတွေကြားကို ရောက်နေတဲ့ယုန်သူငယ်လိုပဲအမဲဖြတ်ဖို့ ချောင်းမြောင်းနေကြသူတွေရှိတယ်\n\nသူ့နောက်ကိုကို လိုက်ပြီး သတင်းယူနေတဲ့ ပါပါရာဇီတွေရှိတယ်. . .\n\nလူငယ်ပီပီချစ်သူရည်းစားထားမိတာကအစအပြစ်ရှာ အပုပ်ချလိုသူတွေရှိတယ်. . .\n\nဒီနှစ်ပိုင်းထွက်တဲ့တောင်ပိုင်းကားတွေထဲဒီကားကတော့ ကျွန်တော့်အကြိုက်ဆုံး နိုင်ငံရေး အက်ရှင်ကားဖြစ်ပါတယ်\n\nအဖြစ်အပျက်တွေကို ရိုက်ပြထားပုံကကိုယ့်နိုင်ငံရဲ့ အခြေအနေနဲ့ အတော်ကြီးကို ဆင်တူနေတယ်. . .\n\nတစ်နည်းပြောရရင်\n\nသူတို့ရိုက်ပြသွားတဲ့ အစိုးရရဲ့ လစ်ဟာမှုတွေ အကြောင်းလာဘ်စားတတ်တဲ့ အစိုးရဝန်ထမ်းတွေအကြောင်း ဖြစ်လေ့ဖြစ်ထရှိတဲ့လူ့သဘော လူ့မနောတွေအကြောင်း ဒီလို ရိုက်ကူးချက်တွေဟာ ကိုယ့်နိုင်ငံကို လက်ညှိုးထိုးပြနေသလားတောင် ထင်မိစရာပါ. . .\n\nကျေးလက်ဖွံ့ဖြိုးရေးအတွက်ပြည်သူတွေအရေးအတွက်လွှတ်တော်မှာ တစ်ဖက်နဲ့ တစ်ဖက် အပြင်းအထန်ကို အတိုက်အခံလုပ်ပြီးအချေအတင်ဆွေးနွေးကြတာ အားရစရာပါ. . .\n\nမြင်နေကျ အိန္ဒိယတောင်ပိုင်းကားတွေလိုဘလိုင်းကြီး ကြမ်းပြ ရမ်းပြမိုက်ကြေးခွဲတာထက် ဒီကားမှာတော့အကြောင်းအကျိုးနဲ့ ပြချင်တဲ့ အချက်တွေကိုရေပက်မဝင်အောင် ပြသွားတာ ဖြစ်ပာကြောင်း. . .\n\nမကြည့်ဖြစ်ရင် တစ်ခေတ်နောက်ကျမယ့် ဇာတ်ကားတစ်ကား ဖြစ်ပါကြောင်းညွှန်းဆိုလိုက်ပါရစေ ခင်ဗျား. . .\n","cover":"https://docs.google.com/uc?id=12qAc1OFAV6TV3L7d1anxy2V28hzJ3qQw"},{"title":"Mudda 370 J&K (2019)","id":"https://drive.google.com/file/d/1NfL6y4h7dz6jlPBJBNnq8X7MEH8oZwbq/view?usp=drivesdk","description":"ဒီကားက ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတဲ့ ကားပဲဗျ..\n\n၁၉၉၀ ပြည့်နှစ်လောက်တုန်းက ကရ်ှမီးယားမှာ ဟိန္ဒူလူမျိုး ၇ သိန်းနီးပါး \nအသတ်ခံရတဲ့အကြောင်းကို ဇာတ်လမ်းပြန်ရိုက်ထားတာ\n\nဒီကားထဲက အချစ်ဇာတ်လမ်းကတော့ ရိုမီရို ဂျူလိယက် အိန္ဒိယ ဗားရှင်းပေါ့ဗျာ.\n\nပစ်တာခတ်တာမှ သဘောကျတယ်ဆိုတဲ့သူတွေတော့ အကြိုက်ပဲ\n\nတစ်ကားလုံးနီးပါးကို ပစ်နေတာဆိုတော့ကာ...","cover":"https://docs.google.com/uc?id=1HHbyR1zMnL6zf0ZeSGw1qnjfOxjfFiyJ"},{"title":"Odeya Kannada (2019)","id":"https://drive.google.com/file/d/1IVyFXCbEboGqHw6P0QnozZbcDJXd7iM0/view?usp=drivesdk","description":"မိဘမရှိတော့တဲ့နောက်\nညီလေးယောက်ကို အဖေလိုစောင့်ရှောက် အမေလိုပြုစုပြီး အနစ်နာခံ‌ထိန်းကျောင်းပဲ့ကိုင်ပေးခဲ့တဲ့ အစ်ကိုကြီး ဂါဂျန်ဒရာ၊ \nအိမ်ထောင်ရေးဟာ လူ့အဖွဲ့အစည်းအတွက် အဆိပ်အတောက်လို့မြင်နေပြီး သူကိုယ်တိုင်လည်း အိမ်ထောင်ပြုဖို့စိတ်မဝင်စား၊ သူ့ညီတွေကိုလည်း အိမ်ထောင်မပြုခိုင်းတဲ့ အစ်ကိုကြီး၊\nညီလုပ်သူတွေက မိန်းမယူချင်တာနဲ့ သူတို့အစ်ကိုကြီးဂါဂျန်ဒရာကို အရင်ဆုံးအစွံထုတ်ပေးဖို့ နည်းမျိုးစုံကြံကြပါတော့တယ်။","cover":"https://docs.google.com/uc?id=1HJr-PxekMQHgufc3k7cNXVah_h9bQ88n"},{"title":"Sainikudu (2006)","id":"https://drive.google.com/file/d/1kqA1x75Xn9mkfsiyOvH4Nlyt04ZTurLf/view?usp=drivesdk","description":"ဇာတ်လမ်းက ရမ်ဂါဆိုင်ပက်ဒေသမှာ ရေကြီးနေလို့ ရေဘေးဒုက္ခသည်တွေကို\n\nဆစ်ဒါးတို့ သူငယ်ချင်းတစ်စုတို့က ကူညီပေးနေတဲ့ ပြကွက်နဲ့ စတင်ထားပါတယ်။\n\nဆစ်ဒါးတို့ သူငယ်ချင်းတွေက ကောလိပ်ကျောင်းသားတွေပါ...။\n\nပရဟိတလုပ်ငန်းတွေကို လူထုအကျိုးပြုလုပ်ရင်းနဲ့ အလှူရှင်တွေဆီကို လှူဒါန်းတဲ့\n\nငွေနဲ့ ပစ္စည်းတွေဟာ အမြတ်ထုတ်လိုတဲ့ နိုင်ငံရေးသမားတွေရဲ့ မတော်လောဘနဲ့\n\nကြားဖြတ်အသိမ်းခံနေရတဲ့အကြောင်းကို သိလိုက်ရပါတယ်။\n\nမဟုတ်မခံစိတ် အပြည့်ရှိတဲ့ လူငယ်တွေနဲ့ တစ်ဖက်က နိုင်ငံရေးလောကကို\n\nငွေအင်အား လူအင်အားသုံးပြီး မတရားတဲ့နည်းနဲ့ ဝင်လာတဲ့\n\nကိုယ်စားလှယ်လောင်း ပါပူးယာဒက်ဗ်တို့ ငြိကြပါတော့တယ်။\n\nဒီလို ညစ်ကျယ်ကျယ်တဲ့ သူတွေ နိုင်ငံရေးလောကထဲကို ရောက်သွားရင်\n\nပြည်သူကို ထိခိုက်လာမယ့် အရေးကို စဉ်းစားမိတဲ့ ဆစ်ဒါးဟာ သူငယ်ချင်းတွေနဲ့ \n\nတိုင်ပင်ပြီး သူ့သူငယ်ချင်းအာဂျေးကို ပါပူးနဲ့ အပြိုင်.ဝန်ကြီးအရွေးခံခိုင်းပြီး\n\nမဲဆွယ်ပွဲတွေ စလုပ်ပါတော့တယ်။\n\nတစ်ဖက်နဲ့ တစ်ဖက် အားပြိုင်မှုတွေနဲ့အတူ\n\nဆစ်ဒါးတို့ သူငယ်ချင်းတွေ ပါပူးကို ဘယ်လို ဇာတ်သိမ်းစေမလဲ.?","cover":"https://docs.google.com/uc?id=1HMm5nx22fqwM6kxIFeqnkxUcCpq4Rd8_"},{"title":"Running Shaadi (2017)","id":"https://drive.google.com/file/d/1m0iNIYHQzsrbMGs5n79Ixx_V471n2M9O/view?usp=drivesdk","description":"အရှေ့တိုင်းနဲ့ အနောက်တိုင်းမှာ ကွာခြားတာတွေ အများကြီး ရှိပါတယ်။အဲဒီအထဲမှာ လက်ထပ်ဖို့ အစီစဉ်ချတဲ့ ပုံစံ၊ လမ်းကြောင်းတဲ့ပုံစံ ကလည်း တစ်ခုအပါအဝင်ပါပဲ။အရှေ့တိုင်းတွေထဲမှာမှ အိန္ဒိယနိုင်ငံမှာ ဇာတ်မြင့်၊ ဇာတ်နိမ့် ခွဲခြားတာက တစ်မျိုး၊ လူမျိုးရေး၊ ဘာသာရေး ခွဲခြားတာက တစ်ဖုံဆိုသလို လက်ထပ်တဲ့ ကိစ္စတွေမှာ အဲဒီ ကိစ္စတွေဟာလည်း ဂရက်ရိုက်လာပြန်ပါတယ်။အိန္ဒိယနိုင်ငံမှာ အဲဒီပြဿနာတွေကြောင့် အိန္ဒိယအစိုးရက နောက်ဆုံး ဥပဒေတစ်ခုကို ပြဋ္ဌန်းခဲ့ရပါတယ်။ ကြိုက်တဲ့လူမျိုး ကြိုက်တဲ့ဇာတ်ကို လက်ထပ်နိုင်တဲ့ ဥပဒေပါ။ “Special Marriage Act” လို့ခေါ်တဲ့ အထူးထိမ်းမြားမင်္ဂလာ အက်ဥပဒေပါ။စတဲ့ ဥပဒေ ကိစ္စတွေကိုပါ ထည့်သွင်း ရိုက်ကူးထားတဲ့ အချစ်ဇာတ်လမ်းလေးပါ။\nဘာသာမတူရင်၊ ဇာတ်အဆင့်တန်း မတူရင် ပြဿနာတွေ တက်လွန်းတဲ့အတွက် လူငယ်တွေကြားမှာ ဒုက္ခရောက်ကျပါတယ်။လူငယ်တွေဆိုတဲ့အတိုင်း ရှေးလူကြီးတွေရဲ့ အယူအဆတွေကို တစ်တဝေမတိမ်း မလိုက်နာချင်ကြပါဘူး၊၊ လူကြီးတွေကိုလည်း မလွန်ဆန်နိုင်ကြဘူး။ အဲဒါတွေရဲ့ ရလဒ်ကတော့ နောက်ဆုံး ခိုးပြေးကြရတော့တာပါပဲ။လူများနဲ့ မတူတဲ့ စွန့်ဦးတီထွင်လုပ်လိုက်နိုင်တဲ့ ဝဘ်ဆိုဒ်လေးကို လူငယ်တွေ ဘာကြောင့် သဘောကျလာသလဲ?အဲဒီဝဘ်ဆိုဒ်ကို ထောင်ဖို့ ဇာတ်လိုက်မင်းသားက ဘာကြောင့် အကြံရခဲ့တာလဲ?ခိုးပြေးဖို့ အစီအစဉ် မရှိတဲ့ ဇာတ်လိုက်ဟာ ဘာကြောင့် ခိုးပြေးတဲ့ ကိစ္စတွေထဲကို ဝင်ပါလာရတာလဲ?ဖြစ်လာတဲ့ ပြဿနာတွေကို ဘယ်လို ဖြေရှင်းခဲ့ဲလဲ?စတဲ့အကြောင်း အရာတွေကို ကြည့်ရှုခံစားရမှာပါ။အဲဒီအချက်တွေ အပြင် ဇာတ်လိုက်မင်းသားက မင်းသမီးအပေါ် ထားတဲ့အချစ်ကလည်း အတုယူစရာလေးပါပဲ။ဇာတ်လိုက် မင်းသမီးရဲ့ မထုံသက်သေး အမှုအရာလေးကလည်း ကြည့်လို့ကောင်းပါတယ်။ဟာသတွေလည်း ပါတဲ့အတွက် လုံးဝမပျင်းရတဲ့အပြင် ကြည်နူးဖို့ကောင်းအောင် ရိုက်ပြထားတဲ့ ဇာတ်ကားလေး တစ်ကားပါပဲ။","cover":"https://docs.google.com/uc?id=1Gfhl9G2OwJBnkEw37Fo9mFiLXUJO_XcT"},{"title":"Bhoot Part One: The HauntedShip (2020)","id":"https://drive.google.com/file/d/189s7n4yGpl_o1MJ7kuujcVtdQAB6DwI-/view?usp=drivesdk","description":"ဘောလီဝုဒ်ဖန်တွေအတွက် မင်းသား Vicky Kaushal ၏ ရုံတင်ဇာတ်ကားသစ်တစ်ကားဖြစ်တဲ့Mystery, Horror ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းလေးကတော့ … မွန်ဘိုင်းမြို့ ဂျူဟူးကမ်းခြေကို သင်္ဘောပျက်ကြီးတစ်စီး လာသောင်တင်ခဲ့ပါတယ်အမှန်ကတော့ ဒီသင်္ဘောပျက်ကြီးကို တခြားနေရာတစ်ခုကိုရွေ့ဖို့ ဆွဲသွားတာပါ\nဒါပေမဲ့ ဆွဲကြိုးပျက်သွားပြီး ဂျူဟူးကမ်းခြေကို ရောက်လာခဲ့တာပါသင်္ဘောပေါ်မှာလည်း ဘာလူသူမှမပါလာသလို ဒီသင်္ဘောကြီးကလည်း သရဲခြောက်ပါတယ်လို့ ကောလဟာလတွေထွက်နေပါတယ်ဒီသင်္ဘောကြီးကို သင်္ဘောဋ္ဌာနက စစ်ဆေးရေးအရာရှိ ပရိသ်ဗီးက စုံစမ်းစစ်ဆေးကြည့်တဲ့အခါမှာတော့ …..………..","cover":"https://docs.google.com/uc?id=1Gh-cRdQ46zPx3_QtmWn_pPJXqWSZyZRS"},{"title":"Pyaar Kiya To Darna Kya (1998)","id":"https://drive.google.com/file/d/1g06-7T-gTfsvlQusrasSl24tlKWfftgW/view?usp=drivesdk","description":"Pyaar Kiya To Darna Kya (1998) သည် \nIMDb 6.8/10 Googluse User 80% ရထားသော ဒါရိုက်တာ Sohail Khan ရိုက်ကူးထား၍ Sanjeev Duggal, Sohail Khan တို့က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ သရုပ်ဆောင် Salman Khan, Kajol, Arbaaz Khan တို့ ပါဝင်သရုပ်ဆောင်ထားသော Comedy, Drama, Romance ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် \nချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ….\n\nမိဘမဲ့အနေနဲ့ နေရတာကောင်မလေးတစ်ယောက် သူ့အစ်ကိုနဲ့ သူ့ဦးလေးက သူ့ အရိပ်တကြည့်ကြည့်ကြည့်ကာ တော်ရုံလူနဲ့ သဘောမတူ လက်ထပ်မပေးနိုင်ကြပေ \n\nထိုကောင်မလေးက မြို့ကို တက်ပြီး ပညာသင်ရာ ကောင်လေးတစ်ယောက်နဲ့ ချစ်ကြိုက်မိလေသည် ထိုကောင်လေးကို သူ့ရဲ့အစ်ကိုက သဘောမတူသောအခါ ဘယ်လိုတွေ ဆက်ဖြစ်မယ်ဆိုတာကတော့ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုကြည့်ကြပါခင်ဗျာ….","cover":"https://docs.google.com/uc?id=1F3-m901ZMzk0-Guu_1PUz_VgIfQ6t3dq"},{"title":"Marshal (2019)","id":"https://drive.google.com/file/d/12IZi6FNgHDDxGZLy8H7GCceXSZBaOCMf/view?usp=drivesdk","description":"2h 23min \nAction \nIMDB 7.1 / 10\n\nသိပ္ပံပညာရှင်တွေဆိုတာ သိတဲ့အတိုင်းပဲ တအားအစွန်းရောက်တယ် ...\n\nသူတို့ဖန်တီးတာအောင်မြင်ဖို့ ဟမ်းစတား ၊ ကြွက်တွေကစပြီးတော့ လူတွေအထိ ရင်းပြီး စမ်းသပ်ကြတာမဟုတ်လား\n\nဒီကားထဲကသိပ္ပံပညာရှင်ကလည်း အဲ့ဒီလိုလူတစ်ယောက်ပဲဗျ\n\nသူက မြုံနေတဲ့ အမျိုးသမီးတွေအတွက် ကုထုံးတစ်ခုဖော်ထုတ်ချင်တာ \n\nဒီကုထုံးအတွက် လိုအပ်တဲ့ မျိုးဥတွေလိုနေတော့\n\nအမျိုးသမီးတွေကို အသေးစိတ်အကွက်ကျဖမ်းဆီးပြီး မျိုးဥထုတ်တာပေါ့..\n\nဒီအကြောင်းတွေကို တစ်စွန်းတစ်စရိပ်မိလာတဲ့ ဇာတ်လိုက်က \n\nသိပ္ပံပညာရှင်နဲ့ သူ့တစ်ဖွဲ့လုံးကို ဖြုတ်ချပစ်ဖို့ ကြိုးစားတော့တာပေါ့ဗျာ..\n\nတစ်ဖက်နဲ့တစ်ဖက် တွယ်ချက်တွေ တွယ်ချက်တွေဆိုတာ.....\n\nဒီလိုနဲ့ နောက်ဆုံးမှာ.......\nဘာဖြစ်မလည်းဆိုတာ....","cover":"https://docs.google.com/uc?id=1CJ_qvLkIlI_IgHo29NxIinicW8DBkEGW"},{"title":"Aswathama (2020)","id":"https://drive.google.com/file/d/1VMcX4DrqNmmwNnzpKyOhG2ExcCuqEV-0/view?usp=drivesdk","description":"IMDB 7.2 / 10 \n2h 13min\nAction, Thriller\n\nအက်ရှင်တစ်ကားလာပြန်ပြီ..\n\nမင်းသားဂါနာဟာ သူ့ညီမလေးပရီယာကိုအရမ်းချစ်တာ\n\nသူ့ညီမလေးပရီယာကလဲ လက်ထပ်ပွဲဆင်နွဲတော့မှာပါ\n\nဒါပေမယ့် ဂြိုဟ်ဆိုးတစ်ခုကတော့ ပရီယာ့မှာကိုယ်၀န်ရှိနေတာ...\n\nအဲဒီကိုယ်၀န်က သူ့သတို့သားလောင်းနဲ့ မဟုတ်တဲ့အပြင် ပရီယာကိုယ်တိုင်တောင် ဘယ်သူနဲ့ရမှန်း ဘယ်လိုမှန်းမသိပါဘူး \n\nနောက်ပြီးဆေးရုံကနေခုန်ချပြီး သတ်သေသွားတဲ့ကောင်မလေးတစ်ယောက်ကလဲ\nဘယ်က‌နေဘယ်လိုမှန်းမသိတဲ့ ကိုယ်၀န်ရလာ‌တာ‌ကြောင့်သတ်သေသွားတာ\n\nနောက်ပြီး မြို့ထဲမှာ ပျောက်နေတဲ့ ကောင်မလေးတွေလည်းရှိနေသေးတယ်..\n\nဒါပေမယ့် သူတို့က သေသွားတာမဟုတ်ဘူး\n\nသူတို့အိမ်တွေနဲ့ အဝေးတစ်နေရာက ဆေးရုံတွေဆီ ရောက်ရောက်သွားတာ\n\nဘာကြောင့်ရောက်သွားမှန်းတောင် သူတို့မသိဘူး..\n\nဒီတော့ မိန်းကလေးတွေကို လိုက်ဖျက်ဆီးနေတဲ့ စိတ္တဇကောင်ကဘယ်သူဖြစ်မလဲ\n\nဂါနာကရော ဒီခြေရာလက်ရာလုံးဝမရှိတဲ့ အမှုတွေနောက်ကိုဘယ်လိုက်မလဲဆိုတာကတော့....","cover":"https://docs.google.com/uc?id=1CIgbJmlmbWUna3FZ2U7oLsGShVvCkZ0v"},{"title":"Dwaraka (2017)","id":"https://drive.google.com/file/d/1iZV__ZMMD7oOrmhVlN34AVHh4GddOweM/view?usp=drivesdk","description":"အိန္ဒိယနိုင်ငံမှာ သူတော်စင်ဆွာမိတွေအပေါ် ကိုးကွယ်ယုံကြည်မှုတွေက ယနေ့ထိတိုင် အားကောင်းစဲပါ.\n\nအဆိုပါ ကိုးကွယ်ယုံကြည်မှုတွေကို အသုံးချသူတွေနဲ့ လိမ်လည်သူတွေလည်း ဒုနဲ့ဒေးပါပဲ.\n\nအထက်ပါအချက်ကို ဒီဇာတ်ကားလေးက မီးမောင်းထိုးပြထားတယ်ဆိုရင်လည်း မမှားပါဘူး.\n\nဇာတ်လမ်းအကျဉ်းကတော့ ....\n\nသူခိုးတစ်ယောက်ဘ၀ကနေ သူတော်စင်ဆွာမိအဖြစ် ချောလဲရောထိုင်မိသွားတဲ့ အာရာစရီနူးတစ်ယောက် မိန်းမချောလေး မစ်ဗီဆူဒကို ချစ်မိသွားပါတော့တယ်....။\n\nတစ်ဖက်မှာလည်း အမတ်ချီနာဘာဘူနဲ့ ငွေရဖို့ ကောက်ကျစ်လူသတ်တဲ့ ရှေ့နေဘဗနီတို့က သူတော်စင်ဆွာမိကို ဘယ်လိုဘယ်ပုံ အသုံးချမလဲ...?\n\nဒီကြားထဲ ၀န်ကြီးရာဂူးကရော ဘယ်လို အမြတ်ထုတ်ချစားမလဲ...?\n\nဆွာမိတစ်ဖြစ်လဲ အာရာစရီနူးကရော ဒီအရှုပ်တော်ပုံတွေထဲကနေ ဘယ်လို ရုန်းထွက်မလဲ...","cover":"https://docs.google.com/uc?id=1CIhh_BEYPvJ4FMh7VqvpYERS2MPZ1BsB"},{"title":"118 (2019)","id":"https://drive.google.com/file/d/18oY_v0HFx_tWmoXwsxm2XvJcvlOmdjqm/view?usp=drivesdk","description":"အိပ်မက်တွေ....\n\nအိပ်မက်တွေဆိုတာ တကယ့်အဖြစ်အပျက်တချို့ရဲ့ \n\nအစိတ်အပိုင်းလား.?\n\nမက်ချင်ရာမက်နေတာလား ဒါမှမဟုတ် တစ်ယောက်ယောက်က\n\nစေစားနေတာလား.?\n\nကျွန်တော်တို့ရဲ့ ဂျာနယ်လစ်ကြီး မက်နေခဲတဲ့ အိပ်မက်တွေကတော့ \n\nထူးခြားလွန်းပါတယ်။\n\nသူ့ရဲ့ အိပ်မက်တွေထဲက ပဟေဠိဆန်ဆန် သဲလွန်စတွေက ဘာတွေကို\n\nပြောပြချင်နေတာလဲ.?\n\nအပန်းဖြေရိပ်သာတစ်ခုရဲ့ အခန်းနံပါတ် (၁၁၈) မှာ လပြည့်နေ့ည \n\nသွားအိပ်တဲ့သူတိုင်း \n\nထူးဆန်းတဲ့အိပ်မက်တွေ မက်နေကြတာကရော ဘာကြောင့်လဲ.?\n\nဒီ ပဟေဠိ ဆန်ဆန် အိပ်မက်တွေရဲ့နောက်ကွယ်မှာ \n\nဘယ်လိုအကြောင်းတရားတွေရှိနေလဲဆိုတာကတော့....","cover":"https://docs.google.com/uc?id=1COLf7QQDz9Nox2U5fx5kPf-jjDBw6aE2"},{"title":"Amma Rajyam Lo Kadapa Biddalu (2019)","id":"https://drive.google.com/file/d/1x3we0xOq-TlSEO0WWPEfHJOLRu78SOI_/view?usp=drivesdk","description":"Amma Rajyam Lo Kadapa Biddalu Closing Collections Amma Rajyam Lo Kadapa Biddalu Collections: Ram Goplal Varma aka RGV’ controversial movie Kamma Rajyam Lo Kadapa Reddlu title modified to Amma Rajyam Lo Kadapa Biddalu, has accomplished its operate at the box office environment. According to the traders report, Amma Rajyam Lo Kadapa Biddalu has earned Rs 2.64 Crore shares at the box business of the two Telugu States and Rs 2.73 Crore shares at the around the globe box business office in it’s entire run. [ 209 more words ]","cover":"https://docs.google.com/uc?id=1CFz6jv_OrxGMMAEYgOBrZL_gbcCrrj0N"},{"title":"Bang Bang (2014)","id":"https://drive.google.com/file/d/1tqkXLBbTZ2FoZOPcwrCtBwQot8AT_NBD/view?usp=drivesdk","description":"ခုကတော့ Bang-Bang ဆိုတဲ့ ၂၀၁၄ ထွက် \nbollywood အက်ရှင်ဇာတ်ကြမ်းလေး ပါ\nလက်ပွားမင်းသား Hrithik Roshan ရဲ့စိန်ခိုးတဲ့ကားဆိုပြီး ပရိသတ်ကြီး တောင်းဆိုနေကြတာ ကြာပါပြီ။\n\nခုအဆင်ပြေလို့တင်ပေးလိုက်ပါတယ်။ မင်းသားရော မင်းသမီးရော\nပြောစရာမလိုအောင် သိပြီးသားတွေပါပဲ\nမကြည့်ရသေးတဲ့သူတွေကြည့်ဖြစ်အောင်ကြည့်ကြပါ။\n\nကြည့်ပြီးသူများထပ်ကြည့်လည်း ကောင်းတဲ့ကားလေးပါ","cover":"https://docs.google.com/uc?id=1BJsVAk9uEqYDv-jwYJkGbEhLKTPUl5iz"},{"title":"Paltan (2018)","id":"https://drive.google.com/file/d/1cW_4SXk7-60Uh_eMp4BVjk6CgIBkndCL/view?usp=drivesdk","description":"Directed by-J.P. Dutta\n\nStarring- Jackie Shroff\nArjun Rampal\nSonu Sood\nGurmeet Choudhary\nHarshvardhan Rane\nSiddhanth Kapoor\nLuv Sinha\nAbhilash Chaudhary\nEsha Gupta\nSonal Chauhan\nDipika Kakar\nMonica Gill\nBijou Thaangjam\n\nRelease date\n\n7 September 2018","cover":"https://docs.google.com/uc?id=1BJd45I6ghaz2Y5Cacsdqs55o2YGFmFYK"},{"title":"Bullett Raja (2013)","id":"https://drive.google.com/file/d/11BZruC1-zzp7QX5lLsgjO4N9CE5o6H8s/view?usp=drivesdk","description":"Bullett Raja (2013) သည် IMDb 5.0/10 Google users 76%  ဒါရိုက်တာ  Tigmanshu Dhulia\nကိုယ်တိုင်ရေးသားရိုက်ကူးထား၍ Saif Ali Khan, Sonakshi Sinha, Vidyut Jammwal တို့ ပါဝင်သရုပ်ဆောင်ထားသော Action, Crime, Drama ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…\n\nသာမာန်လူတစ်ယောက် အဖြစ်ကနေ စနစ်ဆိုးကို မောင်းနှင်နေတဲ့ ရဲတွေ အစိုးရတွေ စက်မှုလုပ်ငန်းရှင် စီးပွားရေးသမားတွေကို စစ်ကြေငြာပြီးပြန်လည်တိုက်ခိုက်တတ်တဲ့ တကယ့် လူဆိုးလူမိုက်ကြီးအသွင်ပြောင်းသွားတဲ့သူ တစ်ယောက်အကြောင်း ဘယ်လို အက်ရှင်ကောင်းကောင်းတွေ ကြည့်ရမလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုခံစားကြည့်ကြပါခင်ဗျာ…","cover":"https://docs.google.com/uc?id=1BHP1aYnjwaY5LkgF8j55O-k91ViHyoEf"},{"title":"Jhalki (2019)","id":"https://drive.google.com/file/d/1RfBchwPxyX6zViEgI0SqZ2e2ZhwYHGdY/view?usp=drivesdk","description":"Jhalki (2019) ဟာ IMDb 7.7/10 BookMyShow 73% Cinestaan 2/5 Google users 93% ရထားသော ဒါရိုက်တာ Brahmanand S. Singh, Tanvi Jain ရိုက်ကူးထား၍  Tanvi Jain, Prakash Jha က ဇာတ်ညွှန်းရေးသားထားကာ သရုပ်ဆောင်  Boman Irani, Tannishtha Chatterjee, Sanjay Suri\nတို့ပါဝင်သရုပ်ဆောင်ထားသော Drama ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…\n\nမျက်စေ့တစ်မှတ် လျှပ်တစ်ပြတ်အတွင်း သူ့ရဲ့ ၇နှစ်အရွယ် မောင်လေးပျောက်ဆုံးသွားတာဟာ ဘဝကို ပြောင်းလဲသွားစေပြီး ဂျာခီဟာ နည်းမျိုးစုံနဲ့ သူ့မောင်လေးကို ရှာဖို့ စစ်ဆင်ရေးကို စတင်ခဲ့တဲ့အခါ ဘယ်လို တွေ ဆက်ဖြစ်မလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုခံစားကြည့်ကြပါခင်ဗျာ…","cover":"https://docs.google.com/uc?id=1BIGIRGxYs2OPnYeMVWsZLLJyEJj45egC"},{"title":"Bamfaad (2020)","id":"https://drive.google.com/file/d/1rxNKxCfx-bVUV2CN7KfZOdk6fqyVATIV/view?usp=drivesdk","description":"Bamfaad (2020) ဟာ IMDb 5.8/10 ရထားသော ဒါရိုက်တာ Ranjan Chandel ရိုက်ကူးထား၍  Ranjan Chandel, Hanzalah Shahid က ဇာတ်ညွှန်းရေးသားထားကာ သရုပ်ဆောင်  Aditya Rawal, Shalini Pandey, Vijay Varma တို့ပါဝင်သရုပ်ဆောင်ထားသော Romance ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…\n\nNaate နဲ့ Neelam နှစ်ယောက်ကြား ရုတ်တရက် တွေ့ဆုံမိပြီး ချစ်ကြိုက်မိသွားတဲ့ Allahabad  ရဲ့ တကယ့်အချစ်ဇာတ်လမ်းတစ်ပုဒ် သူတို့ဟာ တကယ့် ရဲရင့်တဲ့ ရွေးချယ်မှုနဲ့ ဘယ်လို အချစ်တွေ ဘယ်လို ဆုံးရှုံးမှုတွေကို ဖြတ်ကျော်ကြရမလဲ ဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုခံစားကြည့်ကြပါခင်ဗျာ….","cover":"https://docs.google.com/uc?id=1BLEcq-Zs663PTVoh4TSoaMqHykpkLnOD"},{"title":"Rang De Basanti (2006)","id":"https://drive.google.com/file/d/1XmFxyRmL3Ptt5l08gjEabDsFJHHomgp5/view?usp=drivesdk","description":"“သေခြင်းတရားကို ပက်ပင်းတိုး ရင်ဆိုင်ရတဲ့အခါ တုန့်ပြန်တာချင်း မတူတာမှာ လူနှစ်မျိုးပဲ ကြုံဖူးတယ်… ပထမတစ်မျိုးက အသံ တစ်ချက်မှမထွက်ပဲ တည်ငြိမ်စွာ အသေခံတာရယ် ဒုတိယ တစ်မျိုးကျတော့ သေခြင်းတရားကို မချိတင်ကဲ ပြင်းထန်တဲ့ ဝေဒနာနဲ့ အော်ဟစ်ငိုယိုပြီး အသေခံသွားကြတာပဲ ရှိတယ်… ကျုပ်တစ်ဘဝစာ အတွေ့အကြုံကို လှုပ်ခါပစ်ခဲ့တဲ့ တတိယ တစ်မျိုး ကြုံတွေ့လိုက်ရတဲ့အခါ…”\n\nဆိုပြီး အစချီထားတဲ့ အိန္ဒိယမှာ အင်္ဂလိပ်တွေ အုပ်စိုးတုန်းက ထောင်မှူး Mr. McKinley တစ်ယောက် သူ့ ဒိုင်ယာရီထဲမှာ ရေးထားခဲ့တဲ့ ထောင်မှာ ကြိုးမိန့်ကျနေတဲ့ နိုင်ငံရေး အကျဉ်းသား သုံးယောက်ကို ထိန်းသိမ်းခဲ့ရစဉ်နဲ့ ကြိုးပေးခါနီး အဖြစ်သနစ်တွေကို ဖတ်ရတဲ့\nသူ့သမီး Sue McKinley (တက်သစ်စ ရုပ်ရှင်ရိုက်ကူးသူ) တစ်ယောက်က ဒီ နိုင်ငံရေး အကျဉ်းသား ဆိုသူတွေဟာ အိနိ္ဒယ တော်လှန်ရေး သမိုင်းမှာ အထင်ကရ နာမည်ကြီး ကျော်ကြားခဲ့သူ တော်လှန်ရေး သူရဲကောင်းသုံးယောက် အကြောင်း Documentry ရိုက်ကူးမယ်လို့ စိတ်ပိုင်းဖြတ်ပြီး အိနိ္ဒယမှာ နေတဲ့ သူ့သူငယ်ချင်း ဆိုနီယာဆီ ထွက်လာခဲ့တယ်။\n\n(အခုဒီမှာ ဗိုလ်ချုပ် အကြောင်းဇာတ်ကား ရိုက်မယ် ဆိုသလိုပေါ့ဗျာ) အိနိ္ဒယရောက်တော့ သူရိုက်မယ့် ဇာတ်ကား အတွက် ဇာတ်ကောင်နဲ့ ကိုက်ညီမယ့် သရုပ်ဆောင် ရှာတော့ ထင်သလောက် မလွယ်၊ ဒါနဲ့ စိတ်ပျက်လက်လျှော့ဖို့ ကြံနေတုန်း ဆိုနီယာ့ ကျောင်းနေဘက် သူငယ်ချင်းတွေကို သုံးပြီး ရိုက်ပါလားလို့ အကြံပေးတယ်။ ဒါနဲ့ သူက ဇာတ်ညွှန်းတွေ ရှင်းပြ ဇာတ်ဝင်ခန်းတွေကို အစမ်းလေ့ကျင့်တဲ့အခါ ဒီလူတွေက ဘယ်လိုမှ ဈာန်မဝင်စားဘူး၊ လမိုင်းမကပ်ဘူးပေါ့ဗျာ။\n\nအဲဒီအပြင် သူလာရိုက်တဲ့ ဇာတ်ကားဆိုတာ အပိုအလုပ်… သူ ‘သူရဲကောင်း’ တင်ရိုက်နေတဲ့ ပုဂ္ဂိုလ်တွေဟာ တကယ့်တကယ်ဘဝမှာ ဒီလိုလုပ်ခဲ့တယ် ဆိုတာ မခံစားတတ်ဘူး။ တိုင်းပြည် လွတ်လပ်ရေးအတွက် အသက်ပေး စွန့်လွှတ် စွန့်စားတယ် ဆိုတာက စာအုပ်ထဲက တော်ကီတွေ… ဘာအတွက် ဒီလောက် ရူးရူးမိုက်မိုက် လုပ်ခဲ့ကြသလဲ? ကဲတကယ် စွန့်လွှတ်ခဲ့သည်ပဲထားဦး သူတို့ အားထုတ်မှုရလဒ်က ဘာလဲ? အခုလို တိုင်းပြည် ဆင်းရဲတွင်းထဲ ရောက်အောင် ပို့ခဲ့တဲ့ သမိုင်းက အဖြေလား? ရမ်းချင်တိုင်းရမ်း ခိုးချင်တိုင်း ခိုးနေတဲ့ ဝန်ကြီးတွေ၊ အသုံးမကျတဲ့ အုပ်ချုပ်ရေးစံနစ် တခု ဖြစ်လာဖို့ လုပ်ခဲ့တာ သူတို့ပဲ မဟုတ်လား… အဲသလို တွေဝေဖန်ပြီး ဟားတိုက်တာ ခံလိုက်ရရော။\n\nဒါက အစချီထားတဲ့ မိတ်ဆက်ဗျာ…\n\nဇာတ်လမ်းကို ပြောပြဖို့ စိတ်ကူးမရှိပါဘူး… ကိုယ်တိုင်ကြည့်တဲ့အခါ ခံစားဖို့ ချန်ခဲ့ပါရစေ။\n\nမှာချင်တာက ဒီဇာတ်ကား စကြည့်ဖြစ်ခဲ့ရင် အဆုံးထိအောင် ကြည့်စေချင်တယ်။ အစချီတာမှာ စိတ်ပျက်မသွားဖို့ပါပဲ။\n\nဒီဇာတ်ကား ရိုက်ကူးစဉ်နဲ့ ရိုက်ကူးပြီး နိုင်ငံရေးမှာ လှုတ်ခတ်သွားခဲ့တာတွေ အများကြီးပါ အဲဒီထဲက ထင်ရှားတာကတော့ မနေ့က ရန်ကုန် မြို့တော်ခန်းမရှေ့က Candle Campagne တွေလို Campagne တွေ အစပြုစေခဲ့တာ တစ်ခု အပါအဝင်ပါ။\n\nဇာတ်လမ်းက အသင့်ရှိနေတဲ့ ဝတ္တုတစ်ပုဒ်ကို ဟိုဒီ တည်းဖြတ် ဇာတ်ညွှန်းရေးပြီး ရိုက်ခဲ့တာ မဟုတ်ပါဘူး။ ဇာတ်လမ်း ဖန်တီးဖို့ကို ၇နှစ်ကျော် ကြာခဲ့ပါတယ် ဆိုပါတယ်။ ဖန်တီးခဲ့တဲ့သူဟာ အပြင်မှာ ခေတ်လူငယ်တွေနဲ့ ထိတွေ့ဆက်ဆံ ၇နှစ်ကြာ သုတေသနပြုရင်း ဒီဇာတ်လမ်းကို တဖြည်းဖြည်းချင်း အဆင့်ဆင့် ပြင်ဆင်တည်းဖြတ် ရေးသားခဲ့ရတယ်လို့ မှတ်ဖူးပါတယ်။\n\nဒီဇာတ်ကား အကြောင်း ပြောရင် ပြောစရာတွေ အများကြီးပါ… ပြောလို့ ကုန်မှာ မဟုတ်တော့ပါဘူး။ မကြည့်ရသေးရင် ကြည့်စေချင်တဲ့ စေတနာရယ် ပြီးတော့ အခု လက်ရှိ မြန်မာနိုင်ငံက အဖြစ်တွေနဲ့ တိုက်ဆိုင်တဲ့ အချက်တွေ တော်တော်များများ တွေ့မိတာရယ်ပါ။\n\nအဲ.. ဒီဇာတ်ကားထဲ ဇာတ်တည်ထားတဲ့ နိုင်ငံရေး သူရဲကောင်း Bhagat Singh အကြောင်းသီးသန့် ကြည့်ချင်သပဆိုရင်တော့ 2002 မှာ ရိုက်ထားတဲ့ The Legend of Bhagat Singh ဆိုတဲ့ကားက သိပ်ပြောင်မြောက်ပါကြောင်း။\n\n(ဇာတ်လမ်းအညွှန်းကို AKK ထံမှ ကူးယူဖော်ပြပါသည်)","cover":"https://docs.google.com/uc?id=18pQN9bAAHovbu1aGD0NsONlLIEIcGvsw"},{"title":"Kabhi Alvida Naa Kehna (2006)","id":"https://drive.google.com/file/d/1HB2bT3k6IldQmM6YS-xKmxNoJhLV6AIa/view?usp=drivesdk","description":"ခြေစွမ်းပြပြီး အောင်မြင်ကျော်ကြားနေတဲ့ ဘောလုံးကစားသမား တစ်ယောက်ဖြစ်တဲ့ ဒေ့ဗ် \nသူ့မှာ သွက်လက်ပြီး အရည်အချင်း သိပ်ရှိတဲ့ ရီဟား လို့ ခေါ်တဲ့ မိန်းမနဲ့\nသားလေး တစ်ယောက်ရှိတယ်\n\nတစ်နေ့မှာတော့ ဒေ့ဗ်က မင်္ဂလာဆောင် တစ်ခုကနေ သူ့အမေကို သွားကြိုတာ\nအမေဖြစ်သူက သတို့သမီး မလာသေးလို့ မင်္ဂလာပွဲ မပြီးသေးလို့ မပြန်သေးတော့\nပန်းခြံထဲမှာ လမ်းလျှောက်နေရင်း သတို့သမီး ဝတ်စုံနဲ့ မိန်းကလေး တစ်ယောက်ကိုတွေ့ခဲ့တယ် သူ့နာမည်က မာယာ\n\n\"လက်မထပ်ခင် မင်း အချစ်စစ်ကို ရှာသင့်တယ် \nလက်ထပ်ပြီးသွားရင်တော့ မင်းရှာလို့ မရဘူးနော်\n\nဒါဆို တကယ်လို့ လက်ထပ်ပြီးမှ အချစ်စစ်ကို တွေ့ခဲ့ရင်ကော\"\n\n\"ကျွန်မက မနှုတ်ဆက်ဘူး နှုတ်ဆက်တယ်ဆိုတာ နောင်တစ်ကြိမ် \nထပ်တွေ့မယ်ဆိုတဲ့ မျှောလင့်ချက် မရှိအောင် လုပ်လိုက်သလိုပဲ \nဘယ်သူပြောနိုင်မလဲ နောက်တစ်ကြိမ် ပြန်တွေ့ဦးမလား ဆိုတာ\"\n\nအခုမှ တွေ့ဖူးတဲ့ မာယာ့ကို ဒေ့ဗ် တစ်ယောက် အရင်ကတည်းက ရင်းနှီးနေသလို ခံစားခဲ့ရတယ်\nဒါကြောင့်လဲ သူမကို အကြိမ်ကြိမ် လည်ပြန်ကြည့်ခဲ့မိတာပေါ့\n\nဒီမိန်းကလေးကို ပြန်လှည့်ကြည့်ရင်း ဒေ့ဗ် တစ်ယောက် ကားတိုက်ခံလိုက်ရပါတော့တယ် \nသာမန်လူတစ်ယောက် ခြေထောက်ကို ကားတိုက်ခံရတာ ပြသနာ ကြီးကြီးမားမား မဟုတ်ပေမယ့် \nဒေ့ဗ်လို ဘောလုံးသမား တစ်ယောက်အတွက်တော့ ရှင်လျှက်နဲ့ သေခဲ့ရသလိုပါပဲ ့့့့့့့\n\n၄နှစ်ခန့်ကြာသော် ့့့့့့\n\nဒေ့ဗ်က ခြေထောက်တဖက် သိပ်မသန်တော့ပဲ ဘောလုံး နည်းပြ တစ်ယောက် အဖြစ်နဲ့ ရပ်နေခဲ့တယ် \nဘဝရဲ့ ပန်းတိုင်ဟာ ကားအက်ဆီဒန့်မှာ သေခဲ့ရပြီ့့့့\nမိန်းမ ဖြစ်သူ ရီဟားကတော့ အောင်မြင်တဲ့ မဂ္ဂဇင်းတိုက်ရဲ့ ရာထူးကြီး အလုပ်သမား တစ်ယောက် ဖြစ်နေတယ် \nလက်ထပ်ထားလို့သာ လင်မယားဆိုပေမယ့် သူတို့နှစ်ဦးကြားမှာ နွေးထွေးမှုဆိုတာ မရှိတော့ သလောက်ပဲ\nအရာရာကို ဒေါသ တကြီးကြီးနဲ့ ဒေ့ဗ် ကိုယ်ဘဝကိုယ် စိတ်ပျက်နေရှာတယ်\nကလေးတစ်ယောက်နဲ့ အသက်မပါတဲ့ အိမ်ထောင်ရေးကို ရှေ့ဆက်နေရင်း\n\nမာယာ ့့့့့ \nမာယာကတော့ မင်္ဂလာမဆောင်ခင်ထိတောင် တွေဝေနေတတ်တဲ့ မိန်းကလေး တစ်ယောက် \nအမှတ်မထင်တွေ့လိုက်တဲ့ သူစိမ်းတစ်ယောက်ရဲ့ အကြံပေးစကားနဲ့ လက်ထပ်ဖြစ်သွားပြီး ့့့့့\nမာယာက ခပ်အေးအေး ကလေးအများစုကို စာသင်ပေးနေတဲ့ ကျောင်းဆရာမ\nတည်တည်ငြိမ်ငြိမ်နဲ့ နေတတ်ပေမယ့် \nသူ့အမျိုးသားက ခပ်ဟော့ဟော့နဲ့ အပျော်ပါး စိတ်ဝင်စားတဲ့ လူမျိုး \nအသွင်မတူတဲ့ အိမ်ထောင်ရေးနဲ့ ပျင်းခြောက်ခြောက် ဘဝကို ရှေ့ဆက်နေရင်း\n\nအမှတ်မထင် ၄ နှစ်အရင်က ကိုယ့်ကို အကြံပေးထားဖူးတဲ့ ဒေ့ဗ်နဲ့ ပြန်တွေ့ခဲ့ပါတယ့့့့့့်\n\nအိမ်ထောင်ရေး အဆင်မပြေ ့့့့\nခြောက်ကပ်ကပ် ဘဝတွေနဲ့ ့့့့့\nသူတို့နှစ်ဦးက သူတို့ အိမ်ထောင်ရေးကို ပြန်အဆင်ပြေအောင် ကြိုးစားရင် မိတ်ဆွေတွေ ဖြစ်လာပါတော့တယ်\n\nမာယာ နှင့် ဒေ့ဗ် လက်ထပ်ပြီး နှစ်တွေကြာပြီးမှ အချစ်စစ်ဆိုတာကို တွေ့ရှိလိုက်တဲ့ အခါမှာတော့ ့့့့\n\n#ရုပ်ရှင်ကား ညွှန်းစရာ မလိုလောက်အောင် သိပ်ကောင်းလွန်းတဲ့ ဇာတ်ကားတစ်ကားပါ\n\n#အိမ်ထောင်ရေး ပညာပေး ဇာတ်ကားတစ်ကား ဖြစ်ပြီး ဒရာမာကား တစ်ကားဆိုပေမယ့် မပျင်းပဲ တကယ်ကို ဇာတ်လမ်းအစအဆုံး စီးမျောသွားစေရမယ်ဆိုတာ ရဲရဲကြီး အာမခံပါတယ်။\n\n(ဇာတ်လမ်းအညွှန်းကိုတော့ ကိုဇော်ထူးမှရေးပေးထားတာဖြစ်ပြီးဘာသာပြန်သူကတော့ ကိုကျော်ဇေလတ်ပါ)","cover":"https://docs.google.com/uc?id=18nBvNkSVlIGbUcwGrq12IhzY-Fz595Gn"},{"title":"Chalte Chalte (2003)","id":"https://drive.google.com/file/d/1qI-mWtpbSxddtmPmoaxHr3ELwkP982mg/view?usp=drivesdk","description":"ဒီကားလေးကတော့ အိမ်ထောင်ရေး အချစ်ဇတ်လမ်းကားကောင်းလေး တစ်ကားပေါ့ အိမ်ထောင်ပြုမဲ့ လူငယ်တွေ ဘယ်လိုနှလုံးသားချင်း နီးကပ်အောင်\n ဂရုစိုက်မူ့တွေ အိမ်ထောင်တစ်ခုမှာ ခွင့်လွတ်မူ့ သဝန်တိုမူ့တွေကို \nဗဟုသုတ ရအောင် ရိုက်ကူးတင်ဆက်ထားသော မင်းသား ရှာရွတ်ခန်းနှင့် မင်းသမီး ရာနီမွတ်ခါကြီး တို့ရဲ့ အကောင်ဆုံးသရုပ်ဆောင်ထားသော ဇတ်ကားပါဘဲ....\n\nRaj Mathur ( Shah Rukh Khan) ဟာ စိတ်ထားကောင်းပြီး ပျော်ပျော်ရွှင်ရွှင်နေတတ် ကူညီတတ်ပေမယ့် တစ်ခါတစ်လေထင်ရာစိုင်း တစ်ဇွတ်ထိုးတတ်တဲ့\nအကျင့်နဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်တစ်ယောက်ပါ။ တစ်နေ့ ကားကို သူကိုယ်တိုင်မောင်းနေရင်း အထက်တန်းလွှာကနေ ဆင်းသက်လာပြီး\nမောက်မာပြီး ရည်မှန်းချက်ကြီးတဲ့ မိန်းမလှလေး Priya Chopra ( Rani Mukerji ) နဲ့တွေ့ဆုံခဲ့ပါတယ်။ ပရီယာကို အစွဲလန်းကြီးစွဲလန်းသွားပြီး နောက်က\nတစ်ကောက်ကောက်လိုက်နေခဲ့ရင်းက ပရီယာဟာ စေ့စပ်ထားတဲ့သူရှိတယ် မကြာခင် ဂရိကိုသွားစေ့စပ်တော့မှာ ဆိုတာ သိလိုက်ရတဲ့နောက် ပရီယာကို\nလက်လွှတ်မခံနိုင်တဲ့ ရပ်ချ်ဟာ ဇွဲကြီးစွာနဲ့ ဂရိအထိလိုက်ပြီး ချစ်ခွင့်ပန်ဖို့ကြိုးစားခဲ့ပါတယ်။ ရပ်ချ်ရဲ့ ရည်ရွယ်ချက် အောင်မြင်နိုင်မလား။ အကျင့်စရိုက်ချင်း\nအသိုင်းအ၀ိုင်းချင်း ကွာခြားလှတဲ့သူတို့နှစ်ယောက်ဟာ ရေရှည်အဆင်ပြေနေနိုင်ပါ့မလား ဆိုတာ..၊\nChalte Chalte ဟာသိပ်ကို သေသပ်လှပတဲ့ အိမ်ထောင်ရေးဇာတ်ကားကောင်းလေးပါ။ သီချင်းကောင်းကောင်းတွေ ခမ်းနားတဲ့ ဂရိရှုမျှော်ခင်းတွေနဲ့\nသိပ်လှနေတဲ့ Rani ငယ်ငယ်လေးကိုပါမြင်ရမှာဖြစ်တဲ့အတွက် ကြည့်ပီးရင်တောင် သိမ်းထားရမယ့် ကားလေးတစ်ကားပါလို့။\n(အညွှန်းကို ကိုဝေဟံလင်းထင်မှ ရေးပေးထားပါတယ်)","cover":"https://docs.google.com/uc?id=18qHhbr3BzdZXZzordyrEVYhXTwghfDSN"},{"title":"PSV Garuda Vega (2017)","id":"https://drive.google.com/file/d/1zRnBYrk1mz9JyS3Rflq8-QN_AICl2ui-/view?usp=drivesdk","description":"ဒီဇာတ်ကားက သုံးရက်အတွင်းမှာတင် ဖြစ်ပျက်သွားတဲ့ အကောက်ခွန်အရာရှိတွေ ရဲတပ်သားတွေကအစ ဝန်ကြီးချုပ်အထိ ပါဝင်တဲ့ သတ္တုတွင်းကရတဲ့ ပလတိုနီယမ်တွေကို အစိုးရမသိအောင် မှောင်ခိုရောင်းချတဲ့ အကြီးစားလိမ်လည်မှုကြီး တစ်ခုအကြောင်းဖြစ်ပါတယ်။\n\nပုံမှန်ကြည့်နေကျ တာမီးလ်ကားတွေလို လက်သီးထိုးရင် လေပေါ်မပျံပါဘူး. . .မဖြစ်နိုင်တာတွေ မပါပဲ. . .စုံထောက်တစ်ယောက်ရဲ့အရည်အချင်းနဲ့ တာဝန် ကိုဖိုက်တင်ခန်းတွေနဲ့ ရိုက်ပြထားတာပါ. . .\n\nသမ္မရာပါလီရွာလေးမှာ ပလူတိုနီယမ်သတ္တုတွေ ရှိတယ်ဆိုတာ သိသွားတဲ့ သတ္တုတွင်းဝန်ကြီးဌာနက အကြီးအကဲတစ်ချို့ဟာ DAE(Department of Atomic Energy) ဥက္ကဌနဲ့ လက်ဝါးချင်းရိုက်ပြီး ပလူတိုနီယမ်တွေကို အပိုင်သိမ်း ၊ တရားမဝင်ရောင်းချပြီး ကိုယ်ကျိုးရှာဖို့ကြံစည်ပါတော့တယ်. . .\n\nပလူတိုနီယမ်ဆိုတာ အနုမြူလက်နက် ထုတ်လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းဖြစ်ပါတယ်\nပထမဆုံးအနေနဲ့ အတော်ဆုံးဟက်ကာ လေးယောက်ကို ခေါ်ပါတယ်။ သမ္မရာပါလီရွာကလေးရဲ့ ဂြိုလ်တုဓာတ်ပုံတွေကို\nပုံအဟောင်းတွေနဲ့ အစားထိုးပြီး\nဂြိုလ်တုကနေ စောင့်ကြည့်လို့ မရအောင် လုပ်လိုက်ပါတယ်။\n\nဒါမှသာ သတ္တုတူးဖော်ရေးလုပ်ရင် ဘယ်သူမှမသိပဲ အေးအေးဆေးဆေး လုပ်လို့ရမှာကိုး. . .ဟက်ကာတွေကိုလည်း အစောင့်အကြပ်နဲ့ထားပြီး\nစစ်ဆင်ရေးပြီးတဲ့အထိ တစ်လတိတိ စောင့်ကြည့်နေကြတယ်။\n\nဒါပေမယ့် ဟက်ကာတစ်ယောက်က DAE Serverမှာ ဗိုင်းရပ်စ်တစ်ကောင် ထည့်ပြီး သူတို့်ရဲ့ လုပ်ငန်းစဉ်အချက်အလက်တွေကို ခိုးယူနေခဲ့ပါတယ်. . .\n\nဒီသတင်းအချက်အလက်တွေကို သန်း100 နဲ့ ရောင်းချဖို့ အွန်လိုင်းကနေ ဝယ်လက်လိုက်ရှာစဉ်မှာပဲ DAE ဘက်က သတိထားမိပြီး ဟက်ကာကို လိုက်လံသတ်ဖြတ်ပါတော့တယ်။\n\nဒါကြောင့် ဒီကားဟာ အပစ်အခတ် အသတ်အပုတ်နဲ့ စုံထောက်ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါကြောင်း. . .","cover":"https://docs.google.com/uc?id=17DOfjrPmW66VihJlIQ6u03HaUotFjKwT"},{"title":"Saawariya (2007)","id":"https://drive.google.com/file/d/1b8sJbedT7BJrDTaMGNxhOf6-Wb08iytz/view?usp=drivesdk","description":"IMDb 5.5 ရထားြပြီး ၂၀၀၇ ခုနှစ်ကထွက်ရှိထားတဲ့ အချစ်အလွမ်းကားလေးနဲ့ မိတ်ဆက်ပေးခြင်ပါတယ် Saawaria ဆိုတာ ဟင်ဒီကနေလို My Love (or) soul mate ကိုဆိုလိုတာဖြစ်ပါတယ် ဒီဇာတ်ကားလေးရဲ့ ထူးခြားချက်တစ်ခုက ဘောလိဝုဇာတ်ကားတစ်ကားကို ပထမဆုံး မြောက်အမေရိက ရုပ်ရှင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Sony Picture Production ကထုပ်လုပ်ပေးခဲ့တာဖြစ်ြပြီး ပထမဆုံး blu-ray ခွေအဖြစ်ထွက်ရှိခဲ့တဲ့ ဘောလိဝုဒ်ဇာတ်ကားတစ်ကားလည်းဖြစ်ခဲ့ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ လူကုံထံသူဌေးသမီး ဂူလတ်ဂျီဟာ ြမြို့ရဲ့ကြေးရတက်ကလပ်ကို မကြာမကြာ လာတတ်ြပြီး အဲ့ ကလပ်က တီးဝိုင်းခေါင်းဆောင် Raj ဟာ ပေါ့ပေ့ာပါးပါးနဲ့နွေးထွေးငြင်နာတတ်တဲ့နှလုံးသားရှိသူတစ်ယောက်ဖြစ်ြပြီး ဂူလတ်ဂျီက Raj ကိုကြိတ်ခိုက်နေသူတစ်ယောက်လဲ ဖြစ်ပါတယ် ဒီလိုနဲ့တစ်နေ့မှာ Lilian ဆိုတဲ့ အမျိုးသမီးလေး တစ်ယောက်မထင်မှတ်ပဲရောက်ရှိလာရာမှ  ဘယ်လို အပွင့်ဆိုင် ဇာတ်လမ်းတွေဖြစ်ကြမလဲ Gulabji တစ်ယောက်ရော ရတာမလိုလိုတာမရ ဖြစ်ြပြီး ဘယ်လိုတွေခံစားရမလဲဆိုတာကို ပရိတ်သတ်ကြီး ကပဲဆက်လက်ခံစားလိုက်ပါတော့","cover":"https://docs.google.com/uc?id=16pfXIA6Hl40wPAhqknK6aNDgia2PCAT3"},{"title":"Pyar Impossible (2010)","id":"https://drive.google.com/file/d/12fb3MYE_hcrAsW8hdkppPhOmq_6IOcCy/view?usp=drivesdk","description":"မင်းသား Uday Chopra နဲ့မင်းသမီး Priyanka Chopra တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့\nComedy / Romance အမျိုးအစား Bollywood ဇာတ်ကားတစ်ကားပါ။\nဒီဇာတ်ကားထဲက တချို့ အသုံးအနှုန်းလေးတွေကို သဘောကျမိပြီး\nကလေးသရုပ်ဆောင်ကလဲပိုင်နိုင်စွာဇာတ်ပို့ပေးထားနိုင်ပါတယ်။\nပေါ့ပေါ့ပါးပါးခံစားချင်သူတွေအတွက် ရသမြောက်ဇာတ်ကားတစ်ကားပါ။","cover":"https://docs.google.com/uc?id=16nCs5VzYuOCBkM-iXFO7jS9uKbrV7xgg"},{"title":"Har Kisse Ke Hisse Kaamyaab (2018)","id":"https://drive.google.com/file/d/1jL6ga_oCvmVd2zcRWUisIQZM_ChBS4p4/view?usp=drivesdk","description":"“ဘဝကိုသာ ပျော်ပျော်နေလိုက် တခြား ဘာရွေးခြယ်စရာရှိလို့လဲ”\n****************************************\nအဲ့ဒိခေတ်တုန်းက အာလူးတွေကို သိပ်လိုချင်ကြတာလေ အာလူးဆိုတာဘာကိုပြောတာလဲငါတို့လို သရုပ်ဆောင်တွေကို အာလူးလို့ခေါ်ကြတယ် အားလူးက ဘယ်အရာနဲ့မဆိုရောနှောလို့ရတယ်လေ\nအသား၊ ငါး ဟင်းသီးဟင်းရွက် ကြိုက်တာနဲ့ အာလူးကိုရောလို့ရတယ်ဟာသကားပဲဖြစ်ဖြစ် ဒရာမာကားပဲဖြစ်ဖြစ် အက်ရှက်ကားပဲဖြစ်ဖြစ် ဘယ်မင်းသားလာလာ ငါတို့လိုအာလူးတွေက အဆင်ပြေတယ်မလား\n===========================\nကြယ်ပွင့်များနှင့်ခရီးစဉ်ဆိုတဲ့ အစီစဉ်မှာ ရွေးခြယ်တင်ဆက်ခြင်းခံရတဲ့ ဇာတ်ပို့ဇာတ်ရန် သရုပ်ဆောင်ဟောင်းတစ်ယောက်ဖြစ်သူ ဆူဒီးရ်ဟာ ယခုလိုပဲစိတ်ပျက်လက်ပျက်နဲ့ ပြောကြားလိုက်တော့ အစီစဉ်တင်ဆက်သူ အမျိုးသမီးက စိတ်မကောင်းစွာဖြင့် ဘာလို့ဒီပြောရတာလဲဆရာဆရာသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားအရေအတွက်က ၄၉၀ လောက်ထိရှိတယ်လေ အတိအကျဆို ၄၉၉ ကားတောင်ရှိတာဒီစကားသံကိုကြားလိုက်ရတော့ ဆူဒီးရ် စိတ်ဝင်စားသွားပါတယ် သူတောင် သူရုပ်ရှင်ဘယ်နှကားမှာ သရုပ်ဆောင်ခဲ့ဖူးလဲ အတိအကျမသိပါဘူးအဲ့ဒိနောက်မှာတော့ သူငယ်ချင်းတစ်ယောက်၏ အားပေးမှုနဲ့ ဆူဒီးရ်တစ်ယောက် သူ့ဘဝမှာ ကား ၅၀၀ ပြည့်အောင်သရုပ်ဆောင်မယ်ဆိုတဲ့ အိပ်မက်ကို အကောင်ထည်ဖေါ်ဖို့ကြိုးစားပါတော့တယ်အနုပညာလောက,ကရော သူ့ကိုကြိုဆိုပါ့မလား သူ့အိပ်မက်ကိုရော အကောင်ထည်ဖေါ်နိုင်ပါ့မလားအားလုံးပဲ ဆက်လက်ခံစားကြည့်လိုက်ပါဦးဒီဇာတ်လမ်းဟာ ပရိသတ်အသိမှတ်ပြုမှုကို မခံရတဲ့ ဇာတ်ပို့တစ်ယောက်ရဲ့ဘဝဇာတ်ကြောင်းကို ပုံဖေါ်ထားသော ဒရာမာကားကောင်းတစ်ကားပါက,ခုန်တာတွေ၊ ဖိုက်တာတွေပါမှကြည့်ချင်ရင် ဒီကားနဲ့အဆင်မပြေနိုင်ပါဘူးအဓိကသရုပ်ဆောင်ဖြစ်တဲ့ ဆန်ဂျေး မစ်ရှ်ရားဟာလည်း ပညာသားပါပါ ဆရာကျကျနဲ့ တကယ်ကိုကောင်းမွန်လှပါပေတယ်ဘောလီဝုဒ်ပရိသတ်ကြီးအတွက် အချိန်ပေးရတန်မယ့် ကားတစ်ကားဆိုတာ အာမခံပါတယ်","cover":"https://docs.google.com/uc?id=16sms9wj0JY_3SI78xXb_4aS0zv5yiPD8"},{"title":"Udta Punjab (2016)","id":"https://drive.google.com/file/d/1V1RAf1h-h-l4_1LHD6ZMgB2hkWBfMC10/view?usp=drivesdk","description":"IMdb 8.0/10 ရထားတဲ့ အိန္ဒိယ အလန်းဇာတ်ကားတကားကို ဘောလိဝုဒ် ပရိတ်သတ်ကြီး\nအတွက်တင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကား က ပန်ဂျပ်ပြည်နယ်မှာဖြစ်ခဲ့တဲ့ မူးယစ်ဆေးဝါး အကြမ်းဖက်မှုတွေ\nအကြောင်းကို ရိုက်ကူးပြထားတာဖြစ်ပြီး ယခုနှစ် ဂျွန်လ ၁၇ ရက်နေ့မှာ ထွက်ရှိထားတာဖြစ်ပါတယ်\nပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားမင်းသမီးတွေကလည်းဘောလိဝုဒ် ပရိတ်သတ်ကြီးနဲ့မစိမ်းတာမို့ မိတ်မဆက်ပေးတော့ပါဘူး\nဒီဇာတ်ကားဟာ ကုန်ကျစရိတ် ၅.၉ သန်းကုန်ကျခဲ့ပြီး ၁၅သန်းထိအောင် ဝင်ငွေရရှိကာ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ဇာတ်ကားတကားဆိုလည်းမမှားပါဘူး\nဇာတ်လမ်း အကျဉ်းလေးကတော့ တော်မီဆင်းလို့ သိကြတဲ့ ရှာဟစ်ကူးပါး ဟာ လန်ဒန်ဖွား ပန်ချာပီတယောက်ဖြစ်ပြီး အော်မြင်တဲ့ အဆိုတော်တယောက်ပါ တနေ့မှာ\nသူဟာ ဆေးသမား တာယာဂျီနဲ့ ဆုံတွေ့မိပြီး ဆေးစသုံးခဲ့မိပါတယ်ဘာဟာရီ သူကတော့ စိုက်ခင်းကအလုပ်သမလေးဖြစ်ပြီးသူ့အိမ်မက်ကတော့\nနိုင်ငံတော်အဆင့်ထိရွေးချယ်ခံထားရတဲ့ လက်ရွေးစင်\nဟောကီကစားသမားတယောက်ဖြစ်ဖို့ပါ\nတနေ့မှာသူဟာ စိုက်ခင်းထဲမှာ အထုပ်တထုပ်ကိုတွေ့ပြီးဖွင့်ကြည့်ခဲ့မိပြီး ကံဆိုးမိုးမှောင်ကျ ပြီးဘယ်လိုတွေများဆက်ဖြစ်မလဲပရီရှာနီ သူကတော့ ဆရာဝန်တတယောက် သူ့အဓိကအလုပ်က ဆေးဖြတ်တဲ့ဆေးရုံမှာ\nအလုပ်လုပ်တာပါ သူ့သူငယ်ချင်း ဆာတာဆင်းဂျ် ကတော့ ဆေးမှောင်ခိုမှုတွေနဲ့ ပတ်သတ်ပြီး\nနာမည်ကြီးတဲ့ ရဲတယောက်ပါ တနေ့မှာတော့ သူဟာ သူ့အစ်ကိုက ဒေသထွက် ဆေးတမျိုးဖြစ်တဲ့ ချန်တ လို့ခေါ်တဲ့ ဆေးတမျိုးကို\nအလွန်အကျွံသုံးစွဲမိပြီး ဆေးလွန်နေချိန်မှာ ပရီရဲ့ ဆေးရုံကိုခေါ်လာပြီး သူတို့၂ဦးဆုံတွေ့ခဲ့မိပါတယ်\nဒီလိုနဲ့ ပရီက ပန်ဂျပ်ဒေသ နဲ့ ပတ်သတ်ပြီး မူးယစ်ဆေးမှောင်ခို ရီပို့တစ်ခုတင်လိုက်ရာမှာတော့\nပန်ဂျပ် မာဖီးယားတွေနဲ့ ဘယ်လိုတွေများ ဆက်လက်ကြုံတွေ့ကြမလဲ\nဘာဟာရီနဲ့ တော်မီ ကိုကော ကယ်တင်နိုင်ပါ့မလားဆိုတာတွေကို\nဒီ ပန်ဂျပ်မာဖီးယား ဇာတ်ကားကြီးမှာဆက်လက်ဒေါင်းယူကြည့်ရှူကြပါအုံးဗျ","cover":"https://docs.google.com/uc?id=16sXDyS2VWqXQaFREocbP7jN1mmHabDn2"},{"title":"World Famous Lover (2020)","id":"https://drive.google.com/file/d/1pO_26wbjCvsSw5DR49RdfImYQ-BuCbmP/view?usp=drivesdk","description":"အချစ်ဆိုတာ နားလည်မှုတွေလို့ တည်ဆောက်ထားတာ...\n\nအိမ်ထောင်ရေးဆိုတာကလည်း ဒီအချစ်ပေါ်မှာ တည်ဆောက်ထားတာမဟုတ်လား ...\n\nအခြေခံအုတ်မြစ်ဖြစ်တဲ့ နားလည်မှုတွေ မရှိတော့တဲ့အခါမှာ ဒီအချစ်က မြင့်မြတ်ခြင်းမဟုတ်ပဲ စတေးခံအရာတစ်ခုဖြစ်လာတယ်\n\nဆင်းရဲခြင်း ၊ ချမ်းသာခြင်းဆိုတာ အဓိကမဟုတ်ပဲ တစ်ယောက်နဲ့တစ်ယောက် နားလည်ပြီး ဘယ်လိုမျိုးချစ်ပေးရမလဲတာကို ပုံဖော်ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ ...\n\nSad Drama ဆိုတော့ အဆွေးဓါတ်ခံတွေရှိရင် တစ်ရှူးလေးတော့ ဆောင်ထားသင့်ကြောင်း ညွှန်းဆိုရင်း...","cover":"https://docs.google.com/uc?id=15qw2WJQJc4Ts97bZCtl-qcNl14BabYED"},{"title":"10 Endrathukulla (2015)","id":"https://drive.google.com/file/d/1-qQYJilfY7DdLwbXlmP2QQDzC1ISIkxQ/view?usp=drivesdk","description":"ဂျိမ်းစ်ဘွန်း ၊ မနီရတ္တနမ်း စတဲ့\nကိုယ့်နာမည်ကိုယ် အမျိုးမျိုးပြောတတ်တဲ့\nပစ္စည်းပို့ ကားမောင်းသင်တန်းဆရာ တစ်ယောက်ဟာ \nတစ်နေ့တော့ နယ်မြေခံလူမိုက်တစ်ယောက်ဆီကနေ\nContract တစ်ခုရတယ်။\n\nကောင်မလေးတစ်ယောက်ကို\nပူရန်ဆင်းဟ်ဆိုသူဆီ ပို့ပေးရမယ်။\nနေရာက မြောက်အိန္ဒိယက မစ်ဆူရီ။\nအဲလိုပို့ပေးတာကို ကောင်မလေး မသိစေရဘူးတဲ့။\n\nတိုက်ဆိုင်စွာနဲ့ပဲ ကောင်မလေးက\nယာဉ်မောင်းသင်တန်းမှာ \n14 ခါ ကျဖူးတဲ့ ရှက်ပြာမလေးမို့\nသူ့ဆီမှာ ကားမောင်းသင်တဲ့သူလေး ဖြစ်နေတယ်။\nနာမည်က ရှာကီလာတဲ့။\n\nသတ်မှတ်ထားတဲ့ နေရာကို၊.သတ်မှတ်ချိန်အမီ ပို့ပေးဖို့ မိုင်ပေါင်းများစွာ ဝေးကွာတဲ့ခရီးကို \nသူတို့ အတူထွက်လာကြတယ်။\nတလွဲတချော်ဖြစ်တတ်သူ ကောင်မလေးကို\nမောင်မင်းကြီးသားက လမ်းမှာတင် \nကျန်စစ်သားဇာတ် ခင်းတော့တာပါပဲ။\n\nဒါတင်လားဆိုတော့\nမစ်ဆူရီကိုအရောက် ပူရန်ဆင်းဟ်ဆီကနေ \nတဆင့်ပြန်ကြားသိရတဲ့ သတင်းအရ\nရှာကီလာဟာ မစ်ဆူရီမှာရှိတဲ့ \nဇာတ်မြင့်မျိုးနွယ်ဝင် လူမိုက်ကြီး\nဒက်ရ်ှရှာဘိုင့်ညီမနဲ့ ချွတ်စွပ်တူနေတဲ့အတွက်\nကြမ်းကြုတ်ရက်စက်လွန်းတဲ့အတွက် အစိုးရက\nသေဒါဏ်ပေးခြင်းခံရတဲ့ ဂက်ဂီမွိုင့်နေရာမှာ \nအစားသေပေးရမယ့်သူ ဖြစ်နေတာကိုပါ။\n\nဒီကားမှာတော့ မင်းသားကြီးဗစ်ကရမ့်ကို\nသွက်လက်ပေါ့ပါးတဲ့ လူငယ်စတိုင်လ်နဲ့\nမြင်တွေ့ရမှာ ဖြစ်ပြီး၊ \nအက်ရှင်ခန်းတွေဟာ သဘာဝဆန်ပါတယ်။\nလူငယ်ဟန်နဲ့ကျတော့လည်း\nဗစ်ကရမ်ဟာ ပေါ့ပါးသွက်လက်ပြီး\nတကယ့် လူငယ်စတိုင်လ်နဲ့\nလိုက်ဖက်နေတာကို တွေ့ရမှာပါ။\nမင်းသမီးကို ကြည့်ဦးမလား၊\nတောင်ပိုင်းမင်းသမီးတွေထဲမှာ \nထိပ်တန်းစာရင်းဝင်နေတဲ့\nမင်းသမီးချောလေး စမန်သာပါတဲ့ ခင်ဗျာ။","cover":"https://docs.google.com/uc?id=15YKQHX7W2Rvbs2V3rif0E61WwgwAizzX"},{"title":"Singam 3 (2017)","id":"https://drive.google.com/file/d/1F_5ihZvbfXL0ASwloRcLVKhRXPyaAq42/view?usp=drivesdk","description":"အိန္ဒိယအက်ရှင်ရဲဇာတ်ကားပါ အရင်Singam 1 နဲ့ 2 ကိုတော့ ပရိသတ်တော်တော်များများကြည့်ပြီးကြလောက်ပါပြီ\n\nဒီဇာတ်ကားမှာလည်း အရင်ကားတွေလို အိန္ဒိယရဲတွေရဲ့အကြောင်းကို ပရိသတ်တွေမြင်တွေ့ခံစားရမှာပါ\n\n၃ကားမြောက်ထွက်လာတဲ့ယခုဇာတ်ကားဟာ အရင်ကားတွေထက်လည်းရိုက်ကွက်တွေပိုကောင်းလာတယ်\n\nဒီကားမှာလည်း အရာရှိSingamတစ်ယောက် ဘယ်လိုအခက်အခဲပြဿနာတွေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို\n\nပရိသတ်များရှုစားကြည့်ရင်းသိနိုင်မှာပါ\n\nအိန္ဒိယအက်ရှင်ကားကြမ်းကြမ်းတွေကြိုက်တတ်တဲ့ ပရိသတ်တွေကို အထူးကျေနပ်စေမယ့်ဇာတ်ကားတစ်ကားပါ။","cover":"https://docs.google.com/uc?id=14xJS81uecOMDk9LntcG0MfpomD3LDJFX"},{"title":"The Villain (2018)","id":"https://drive.google.com/file/d/1Lvjr75bhXFkCZs0IrsrUg3WeuFhWwLE8/view?usp=drivesdk","description":"ကဲ လာပြီ... \nယင်ကောင်ဇာတ်ကားထဲက ဖိုက်တာမင်းသား ဆူဒိပ် နဲ့ အလန်းတွေမှရိုက်တတ်တဲ့ အက်ရှင်မင်းသား ရှီဗာ ရာဂျ်ကူးမား မင်းသမီးချောလေးကတော့ ဘိုဆန်သူလေး ...ခါးကုန်းဇာတ်ကားထဲမှာပါဝင်ပြီးနောက်နာမည်ကြီးခဲ့တဲ့ အေမီဂျက်ဆန် တို့ ပါဝင်သရုပ်ဆောင်ထားပြီဆိုမှတော့...\n\nလက်မနှေးနဲ့တော့နော် .....လာထားဆွဲထား...မိတ်ဆွေများ...","cover":"https://docs.google.com/uc?id=13qAg9bu7zZOjHOUwpocNdCyKfLGC9Opb"},{"title":"Asura Guru (2020)","id":"https://drive.google.com/file/d/1OA5eEWF-sqXi608-ot35FdeznIw70yaZ/view?usp=drivesdk","description":"ဇာတ်လိုက်က သူခိုးဗျ\n\nသူပိုက်ဆံခိုးချင်လာပြီဆိုရင် ခေါင်းတွေအရမ်းကိုက်လာပြီး သူ့ကိုယ်သူ ထိန်းချုပ်လို့မရတော့ဘူး \n\nနောက်တစ်ခုက သူကအင်ဂျင်နီယာ နည်းပညာဘက်မှာ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တယ်\n\nတစ်နေ့ကျတော့ တရားမဝင်လုပ်ငန်းတစ်ခုရဲ့ ငွေတွေကိုခိုးမိသွားတယ်...\n\nဒီအမှုကိုလိုက်မယ့်လူက စုံထောက်မ ချောချောလေး...\n\nနောက်ပြီး မင်းသားရဲ့အနောက်ကိုလိုက်နေတဲ့ ရဲတစ်ယောက်လည်းရှိသေးတယ်\n\nသူ့နောက်ကိုလိုက်နေတဲ့ ရဲနဲ့ စုံထောက်မလေးတို့ သူ့ကိုဘယ်လိုတွေ ဖော်ထုတ်ကြမလဲ \n\nနောက်ဆုံးမှာရော ဘယ်လိုလှည့်ကွက်တွေနဲ့ မထင်မှတ်ထားတာတွေ ဖြစ်လာမလဲဆိုတာတွေကတော့..","cover":"https://docs.google.com/uc?id=11wRO6b9m1F6ITXmBZzPPpN5FxsmZpIKM"},{"title":"Yaman (2017)","id":"https://drive.google.com/file/d/1j7NkLKr_rQgyiiPbCYD_HGxBScDjB2Z1/view?usp=sharing","description":"ကုလားကားကို ကြမ်းတာလေးမှ \nကြည့်ချင်တယ် ဆိုတဲ့ သူတေ အကြိုက်နော်။\nပီးမှ အသိနောက်ကျပီး \nအကြည့်နောက်ကျ နေရမယ်။\n\nဒေါင်းလိုက်ကြတော့ ဘော်ဒါတို့ရေ...😗။\n\n ပုံ\nဘော်ဘော်တို့ကို ချစ်တဲ့ မင်မင်ကြီး😊။","cover":"https://docs.google.com/uc?id=10OEFEvWtsQknwEhCU9VqIAQKCxEYK4Nq"},{"title":"Neeya 2 (2019)","id":"https://drive.google.com/file/d/1_zOCeyBcyX-f9OlsDF39Yq1QJcRx1gJl/view?usp=sharing","description":"လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက \nအရှင်ကန်နန်းကို မိစ္ဆာဖြစ်တဲ့ ကာလီဂန်က \nခေါင်းတွေအများကြီးပါတဲ့ မြွေကြီးအသွင်ပြောင်းပြီး နှောက်ယှက်ခဲ့တယ်။\nဒီတော့ အရှင်ကန်နန်းက ကာလီဂန်ရဲ့ခေါင်းပေါ်ကိုတက်ပြီး\nကာလီဂန့်ကို အနိုင်ယူလိုက်တယ်။\nသေခါနီးအချိန်မှာ ကာလီဂန်က အရှင်ကန်နန်းကို တောင်းပန်ပြီး\nအသွင်မျိုးစုံ ပြောင်းလဲနိုင်တဲ့ မြွေအဖြစ်နဲ့ဆက်ပြီး နေထိုင်နိုင်ဖို့၊\nလူသားအဖြစ်နဲ့ နေထိုင်နိုင်ဖို့ ဆုပန်လိုက်တယ်။\nဂရုဏာရှင် အရှင်ကန်နန်းကလည်း ခွင့်ပြုပေးလိုက်တယ်။\n\nခွင့်ပြုပုံက \nသူတို့ဟာ နေ့ခင်းဘက်မှာ လူသားအသွင်နဲ့နေထိုင်ပြီး ၊\nညဘက်ကိုရောက်ရင် အီချာဒါရီမြွေတွေအဖြစ်နဲ့နေထိုင်ရမယ်။\nဒီကျိန်စာကို ပျက်ပြယ်စေချင်တယ်ဆိုရင်တော့\n၁၂နှစ်တကြိမ်သာ ကျရောက်တဲ့ လပြည့်နေ့\n(မဟာချီထရာ ပုဏ္ဏမီသာ အခါတော်နေ့)ကျရင်\nအီဒါချာရီမြွေမောင်နှံ(အဖို + အမ)တွေဟာ \nအရှင် နာဂါးနာသားချီးမြှင့်တဲ့ ချည်ကြိုးကို ယူပြီး\nမြင့်မြတ်တဲ့ ရေကိုချိုး ၊ မြင့်မြတ်တဲ့ အ၀တ်အစားတွေကို \nဆင်မြန်းပြီး အရှင် နာဂါးနာသားကို ပူဇော်ရမယ်။\nဒီလိုပူဇော်မှသာ လူသားအသွင်ကို ရရှိပြီး\nတစ်သက်တာလုံး ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်မယ်တဲ့။\n\nအဲ့ဒီအချိန်ကစပြီး ကာလီဂန်ရဲ့ ဆွေစဉ်မျိုးဆက်တွေဟာ\nအီချာဒါရီမြွေတွေအဖြစ်နဲ့ အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ နေထိုင်လာခဲ့ကြတယ်။\nကံကြမ္မာဆိုတာကြီးက ဆန်းကြယ်သား...\nအီချာဒါရီမြွေအဖိုနဲ့အမအဖြစ် ဖန်ဆင်းမယ့်အစား\nမြွေတစ်ကောင်နဲ့လူသားတစ်ယောက်ကို ဖူးစာ ဆုံပေးလိုက်တယ်။\n\nဒီလိုနဲ့\nမျက်မှောက်ခေတ်ကို ရောက်တဲ့အခါ\nအီဒါချာရီမြွေမ မာလာဟာ \nလူ၀င်စားဖြစ်နေတဲ့ သူ့ခင်ပွန်းကို လိုက်ရှာပါတော့တယ်။\n\nဇာတ်လမ်းကို ဒီထက်ပြောပြလိုက်ရင်\nကြည့်တဲ့သူအတွက် ပေါ့သွားမှာစိုးလို့\nဒီလောက်နဲ့ပဲ ရပ်ပါရစေ ။ \n\nရာဇ၀င်ကားတွေ ၊ မြွေကားတွေကို ကြိုက်တဲ့သူတင် မကပါဘူး။\nထူးဆန်းတဲ့ ဇာတ်လမ်းမျိုးတွေကို ကြိုက်တဲ့သူတွေပါ\nဒီကားကို ကြိုက်ကြလိမ့်မယ် ထင်ပါတယ်။\nဇာတ်လမ်း တော်တော်လေး ကောင်းပါတယ်။\nကဲ အားပေးလိုက်ကြပါဦး ခင်ဗျာ....။","cover":"https://docs.google.com/uc?id=105s7clLr7rfVRyPCgleNR4-TnbL26qnL"},{"title":"Doddmane Hudga or Rajkumar (2016)","id":"https://drive.google.com/file/d/1MrnZUn-BxczERZhOEmeQ30TRiGF4vtwO/view?usp=sharing","description":"IMDb မှာ 6.1 ရထားတဲ့ \nဇာတ်ကားကောင်းလေးဆိုတော့\nအများကြီး ညွှန်းစရာ မလိုတော့ဘူးနော်😊။\nမြန်မြန်သာ ဒေါင်းကြပေတော့😊။","cover":"https://docs.google.com/uc?id=1-p2ZZRF3yPJ6zADvGAzLR-_xKmPn0Rrk"},{"title":"Jack & Daniel (2019)","id":"https://drive.google.com/file/d/1X3vpbFFIgwHnOkqY7OyZxK5CUZqG6u5H/view?usp=sharing","description":"အညွှန်းမပြ တော့ဘူး...\n\nကြည့်လို့ မကောင်းရင်\nမင်မင်တို့ကို လာပြော။\n\nကြည့်လို့ ကောင်းရင် \nတခြား သူငယ်ချင်းတေကို\nShare ပေး😗😗","cover":"https://docs.google.com/uc?id=1-JwcQJebedzM-5kbMykdl1IvtloclRkR"},{"title":"Mujhse Dosti Karoge (2002)","id":"https://drive.google.com/file/d/15SpAjSkJITJW724oBU9xZBVNkI2hYYxb/view?usp=drivesdk","description":"“ငါနဲ့သူငယ်ချင်းလုပ်မလား”\n\nသူငယ်ချင်း၊ ရင်းနှီးမှု\nအချစ်ဆိုတာ ဘာပါလဲ။\n\n“အချစ်ဆိုတာ ရင်နှီးမှုပါပဲ\nလူတစ်ယောက်ကို မရင်းနှီးဘဲနဲ့ ဘယ်လိုမှ မချစ်နိုင်သလို သံယောဇဉ်လည်း မတွယ်နိုင်ပါဘူး။ ကဲ ...ဒါကြောင့် ငါနဲ့ သူငယ်ချင်းလုပ်မလား“\n\nဒီဒိုင်ယာလော့လေးကတော့ နာမည်ကြီး ဂန္တဝင်အချစ်ဇာတ်ကား တစ်ကားဖြစ်တဲ့\nKuch Kuch Hota Hai (1998) ထဲကပဲဖြစ်ပါတယ်။\n\nအခုမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကလည်း တခမ်းတနားနဲ့ အမှန်အကန်တင်ဆက်ထားတဲ့ ဘောလီဝုဒ်ကားကောင်း တစ်ကားပါပဲ။\n\nနာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ Hrithik Roshan (ခ) လက်ပွားမင်းသား\nRani Mukerji နှင့် Kareena Kapoor တို့ပါဝင်သရုပ်ဆောင်ထားတဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေး တပုဒ်လည်း ဖြစ်ပါတယ်။\n\nအခုလို မိုးရာသီဖွဲဖွဲလေးမှာ ဒီလို Romance, Dramaကား ခပ်ကောင်းကောင်းလေးကို တခါကြည့်ဖူးရုံနဲ့\nဇာတ်ဝင်တေးအားလုံးကလည်း တသက်လုံး မေ့လျော့နိုင်မှာ မဟုတ်ပါဘူး။\nဒီကားကို ကြည့်ဖူးတဲ့သူတွေရှိသလို လုံးဝမကြည့်ရသေးတဲ့သူတွေလည်း ရှိပါလိမ့်မယ်\nအခု CMက ပြန်လည်တင်ဆက်ပေးထားတာကတော့ ရုပ်သံအကြည်လင်းဆုံးနဲ့ သီချင်းတွေကအစ မြန်မာမှုပြုပေးထားလို့ သိမ်းထားချင်သူတွေအတွက် နှစ်ခြိုက်စရာပါပဲ။\n\nဇာတ်လမ်းလေးကတော့\nရာ(ဂျ်)၊ တီနာနဲ့ ပူဂျာတို့ဟာ သိပ်ချစ်ကြတဲ့ သူငယ်ချင်းသုံးယောက်ပါ။\nဒီထဲမှာမှ ရာ(ဂျ်)က တီနာပေါ်မှာ ခင်မင်မှုပိုနေသလိုပါပဲ။\nအကြောင်းကြောင်းကြောင့် ရာ(ဂျ်)တို့ မိသားစု လန်ဒန်ကိုပြောင်းသွားတဲ့အခါ\nတီနာနဲ့ ပူဂျာကတော့ အိန္ဒိယမှာပဲ ကျန်ခဲ့ပါတော့တယ်။\n\nရာ(ဂျ်)အနေနဲ့ မသွားခင်မှာ သူလန်ဒန်ရောက်ရင် နေ့စဉ် အီးမေးလ်ကတဆင့် စာတွေရေးမှာဖြစ်လို့ သူ့ဆီကို စာပြန်ဖို့ တီနာကို မှာကြားခဲ့ပြီး နှုတ်ဆက်ထွက်ခွာသွားခဲ့ပါတယ်။\n\nဒါပေမဲ့ ရာ(ဂျ်)တယောက် စာတွေပို့တဲ့အချိန်မှာ တီနာကတော့ စိတ်မဝင်စားဘဲ အရေးတယူမလုပ်ခဲ့ဘူး။\nဒီအခြေအနေမှာ သူသိပ်ချစ်တဲ့ သူငယ်ချင်းကို ပူဂျာကပဲ စာတွေပြန်ရေးခဲ့ပါတယ်\nဒါပေမဲ့ စာပြန်တဲ့အခါမှာ သူ့နာမည်မသုံးဘဲ တီနာ နာမည်ကိုသုံးလိုက်ပါတယ်။\n\n၁၅ နှစ်တာ ကလေးဘဝကတည်းက တနေ့တာဖြစ်ခဲ့သမျှကို စာတွေရေးပြီး ရင်ဖွင့်ခဲ့ကြတဲ့ သူတို့နှစ်ယောက်မှာ သူငယ်ချင်းသံယောဇဉ်ထက် ပိုတဲ့အရာ တစ်ခုဖြစ်နေပါပြီ။\n\nစာတွေရေးနေကြတဲ့ နှစ်ယောက်ဟာ တယောက်ကိုတယောက်\nမမြင်မတွေ့ဘဲ ချစ်မိနေကြပါပြီ\nရာ(ဂျ်) ကသူ့ဆီစာတွေရေးနေတာ တီနာလို့ထင်မှတ်ပြီး တီနာကို ချစ်မိနေသလို\nကလေးဘဝကတည်းက စာတွေရေးခဲ့တဲ့ ပူဂျာကလည်း ရာဂျ်အကြောင်း ကောင်းကောင်းကြီးသိခဲ့ပြီး ချစ်မိနေပါပြီ\nရာ(ဂျ်) တစ်ယောက် လန်ဒန်ကနေ အိန္ဒိယကို ပြန်လာတဲ့အခါမှာတော့..\n\nရာ(ဂျ်)၊ တီနာနဲ့ ပူဂျာတို့ကြားက သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးက ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ …..\nမိတ်ဆွေတို့ကို ပြောချင်တာလေးကတော့\nကိုယ်ချစ်ရတဲ့သူတယောက်ယောက်ကို တွေ့ခဲ့ပြီဆိုရင် ဒီမေးခွန်းလေးပဲ အရင်မေးလိုက်ပါ။\n\n“ငါနဲ့သူငယ်ချင်းလုပ်မလား”","cover":"https://docs.google.com/uc?id=1-u2D3N8IrPdVsUJSna1bHoPYz82NXjg2"},{"title":"Talaash (2012)","id":"https://drive.google.com/file/d/1_VVbZK4-SAc7o5v-jqpm0POgkRMQNBlG/view?usp=drivesdk","description":"ဝိညာဉ် ရှိတာ ယုံနိုင်မလားဆိုတဲ့မေးခွန်းမျိုးအမေးခံရဖူးလား မိတ်ဆွေ ????သိပ္ပံပညာ ထွန်းကားနေတဲ့ခေတ်မှာ\nပရလောက ကိုလက်မခံလည်းမရဘူးဆိုတာကို\nဒီဇာတ်ကားလေးက ပြောပြနေမှာပါ။IMDB 7.2/10 ရရှိထားတဲ့အတွက်\nအတော်အတန်အောင်မြင်ထားတဲ့\nဇာတ်ကားလေးလို့ ဆိုနိုင်ပါသေးသည်။(ဇာတ်လမ်းအကျဉ်း)\nညတစ်ညမှာပေါ့ ။ရုပ်ရှင်မင်းသား အမန်ကပူးဟာ\nအက်စီးဒင့်ဖြစ်ပွားခဲ့ပြီး\nသေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။\nဖြစ်ပွားတဲ့နေရာကလည်း\nလူခြေတိတ် နေပြီး လမ်းကလည်း\nအရှင်းသားဖြစ်နေပါတယ်။\nဒီအဖြစ်ဟာ သမရိုးကျတော့မဖြစ်နိုင်ဘူးဆိုတာကို\nအင်စပက်တာ Surjan ကသုံးသပ်လိုက်ပါတယ်။Surjan ဟာ ထူးချွန်တဲ့ ရဲမှူးတစ်ဦးဖြစ်ပြီး\nလက်အောက်ငယ်သားတွေရဲ့ လေးစားမှုကို\nအပြည့်အဝရရှိထားသူပါ။ထို့နောက် အမန်ကပူးသေဆုံးမှုကိုဖော်ထုတ်ရန်\nSurjan ကြိုးပမ်းခဲ့တယ်။တစ်ဖက်မှာလည်း\nရှရှီ ဆိုတဲ့ပြည့်တန်ဆာခေါင်း ဟာလည်း\nအမန်ကပူးသေဆုံးမှုကို ကြားရှိပြီးနောက်\nသူရဲ့အိမ်ကနေ ထွက်ပြေးရှောင်ပြေးဖို့\nကြိုးပမ်းခဲ့ပါတယ်။ရှရှီမှာ ခြေတစ်ဖက်မသန်တဲ့ တပည့်လေးတစ်ယောက်ရှိပါတယ်။\nသူ့နာမည်က တာမြူး။ရှရှီဟာ သူရဲ့အသုံးအဆောင်တွေကိုထုပ်ပိုးရင်း\nနေရာရှောင်ခဲ့ပါတယ်။သူ သုံးနေတဲ့ဆင်းကဒ်ကိုလည်း\nအသစ်ပြောင်းသုံးခဲ့ပါသေးတယ်။ထိုအချိန်မှာတော့\nလွင့်ပစ်လိုက်တဲ့ ဆင်းကဒ်ကို တာမြူးအသုံးပြုလေသော်အခါ ။\nဘာတွေဆက်ဖြစ်မှာလဲ။\nဘာတွေကွင်းဆက်ပေါ်လာမလဲ ဆိုတာကို\nစိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမှာပါ။အင်စပက်တာ Surjan အကြောင်းထပ်ပြောရရင်\nသူဟာ\nမိသားစုရေးရာ စိတ်ထိခိုက်မှူ ရှိထားခဲ့သူပါ။\nသူရဲ့သား ကရန်ဟာ\nရေနစ်သွားခဲ့တာကြောင့်\nသူကိုယ်သူ့အပြစ်ရှိသလို မှတ်ယူထားသူပါ။\nဒါပေမဲ့ သူ့သားဝိညာဉ် ရှိနေတာကိုတော့\nမယုံသူတစ်ဦးပါ။သူ့မိန်းမကတော့ သူ့ဝိညာဉ်နဲ့ဆက်သွယ်ပြောဆိုလိုသူပါ။\nတစ်နေ့မှာတော့ သူတို့အိမ်နီးချင်းတစ်ယောက်ဟာ\nသူတို့ရဲ့သား ကရန် ဝိညာဉ်နဲ့တွေ့ဆုံသည်ဟု\nသတင်းကြားမိလေသည်။ထိုအခါမှာ သူ့သားဝိညာဉ်နှင့်ဆက်သွယ်လိုသော\nSurjan မိန်းမ /\nအယုံအကြည်မရှိသော Surjan /\nသူတို့နှစ်ဦးကြား ပြဿနာတွေကလည်း\nSurjan အတွက် စိတ်ဖိစီးမှုများစေခဲ့ပါတယ်။Surjan ဟာ အမန်ကပူးရဲ့ သေဆုံးခြင်း အတွက်\nမှူခင်းရှာဖွေရင်း ရိုဆီ ဆိုတဲ့ပြည့်တန်ဆာလေးနဲ့\nဆုံတွေ့ခဲ့ပါသေးတယ်။ရိုဆီ ဟာ Surjan အတွက်\nကူညီသူတစ်ဦးဟု ယူဆကာ\nအမှုအတွက် အရေးပါသူတစ်ဦးလည်း\nဖြစ်ခဲ့ပါသေးတယ်။ဒီဇာတ်ကားမှာတော့ရုတ်ခြည်းတွေ့ဆုံခဲ့ရတဲ့ ရိုဆီဟာ\nSurjan အတွက်\nဘာတွေဖော်ထုတ်ပေးနိုင်ခဲ့သလဲ။ရိုဆီရဲ့အတိတ်ဇာတ်ကြောင်းနဲ့\nဘဝဖြစ်ပျက်မှုအကြောင်းကရော။ဝိညာဉ် မယုံသော Surjan အတွက်\nမည်သို့သော ဖြစ်ရပ်မျိုး\nမည်သို့သော လုပ်ရပ်မျိုးက\nအံ့အားသင့်စေခဲ့မလဲ။သူ့သားလေး ကရန်ကရော\nဝိညာဉ်ဖြစ်နေခဲ့မည်လော။Surjan ရဲ့မိသားစုအခြေအနေ\nအမှုအခင်းအောင်မြင်မှုတွေကရော။အမန်ကပူးသေဆုံးမှုက\nမတော်တဆလား။\nလုပ်ကြံသတ်ဖြတ်မှုလား။အမန်ကပူးရဲ့ လူမသိသော\nနောက်ကွယ်အတိတ်ဖြစ်ရပ်တွေကရော။စတဲ့ မေးခွန်းပေါင်းများစွာက\nသင့်အား စိတ်လှုပ်ရှားစေမှာပါ။\nအတန်ငယ်ရှုပ်ထွေးသည်ဟု\nထင်မြင်ရသော်လည်း\nဇာတ်ကားရဲ့ရည်ရွယ်ချက်က အရသာမပျက်သွားပါဘူး။မေတ္တာ တရားတွေပေါင်းစည်းပြီး\nဖြစ်လေ့ဖြစ်ထရှိတဲ့လူ့သဘာဝနဲ့\nပရလောက ကိုပါထည့်သွင်းရောနှောထားသောကြောင့်\nအထူးစိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။\nဒါကြောင့် ကြည့်ရှုရင်းရင်ခုန်လိုက်ကြပါဦးလို့။\n(ဇာတ်ကားအညွန်းရေးသူကတော့ လင်းခယံ ဖြစ်ပါတယ်)","cover":"https://docs.google.com/uc?id=1-jitaigX5iGUdvY9YNVbSPYO62TLQDHI"},{"title":"Knock out (2010)","id":"https://drive.google.com/file/d/1Izznq9i8bAv6kvrVnR8_d2ITjqTfgdjE/view?usp=drivesdk","description":"ဒီတစ်ခါမှာတော့ အိန္ဒိယ ရုပ်ရှင်လောက မှာ ဆန်းသစ်တဲ့ ပုံစံနဲ့ လှုတ်လှုတ်ခတ်ခတ် ဖြစ်သွားစေတဲ့ ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ နာမည်က knock outတဲ့ မနက် ၁၁ နာရီ ကနေ နေ့ခင်း၁နာရီ အတွင်း ဖြစ်ပျက်သွားတာတွေကို စိတ်လှုပ်ရှား ဖွယ်ရာ ရိုက်ကူးတင်ဆက် ထားတာ တွေ့ရပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့…. Sanjayy Dutt က ဘယ်သူ့ကိုမှ အယုံအကြည်မရှိတဲ့ တိတ်တဆိတ် လုပ်ကြံသူ။ ခေတ်မီ လက်နက်တွေ ကိုင်လေ့ ရှိပြီး သူ့ပစ်မှတ် ကို အခက်အခဲ မရှိ သွေးအေးအေး လုပ်ကြံနိုင်သူ။ စနိုက်ပါ လက်ဖြောင့် ဆရာကြီး သူ့ ပစ်မှတ်က Irrfan. Irrfanကလည်း ခေသူမဟုတ်။ ဘဏ် လုပ်ငန်းရှင် တစ်ယောက်ဖြစ်ပြီး နိုင်ငံရေး ဘက်မှာပါ သြဇာ အတန်ငယ် ရှိထားသူ။ ခရိုနီ တွေ နဲ့လည်း ရင်းနှီး ကျွမ်းဝင်သူတစ်ယောက်။ကောက်ကျစ်ပြီး ဉာဏ်များသူ။ Irrfanရဲ့ သူများတွေအပေါ် အနိုင်ကျင့်မှုတွေကို မကျေနပ်တဲ့ Sanjayyဟာ အကွက်ကျကျ စီမံ ပြီး သာယာ တဲ့နေ့တစ်နေ့ မနက် ၁၁ နာရီလောက်မှာ Irrfanကို ဖုန်းရုံဆီ လာစေပြီး ခေါင်မိုးပေါ်ကနေ စနိုက်ပါနဲ့ချိန်ကာ………….. ဘာတွေဆက်ဖြစ်မယ်ဆိုတာကတော့ ရင်သပ်ရှုမော ဖွယ်ကောင်းလှပါတယ်။ ရဲတွေ သတင်းထောက်တွေ နဲ့ ပါ Sanjayyတစ်ယောက်အားပြိုင်ရပြီး Irrfanရဲ့ မကောင်းမှုတွေကို Irrfanကိုယ်တိုင်လူသိရှင်ကြား ထုတ်ဖော် ပြောဆိုဖို့ ဖိအားပေးစီစဉ်တာဟာ အောင်မြင်မလား ဆိုတာကတော့….","cover":"https://docs.google.com/uc?id=1-gwp36bADsgAJZEyClM3L_eL-D0REopP"},{"title":"Raid (2018)","id":"https://drive.google.com/file/d/1aBe_APs5kkcL5XcCC1oqv-AsCJoH1Xj-/view?usp=drivesdk","description":"ဒီဇာတ်ကားလေးဟာ ၁၉၈၀ခုနှစ်များဆီက အိန္ဒိယနိုင်ငံမှ အခွန်ဦးစီးဌာနအရာရှိတစ်ယောက်ရဲ့ အဖြစ်အပျက်ကိုအခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဆင်းရဲသားတွေဆီကခေါင်းပုံဖြတ်၊ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ချမ်းသာလာပြီး တစ်ဖက်မှာလူအများအမြင်ကြည်အောင်ဘီလူးခေါင်းကွယ်ထားတတ်တဲ့ လူချမ်းသာတွေ၊ ပြည်သူတွေကိုအသုံးချပြီး ကိုယ်ကျိုးရှာတဲ့နိုင်ငံရေးသမားတွေကို သူတို့ဆီမှာအမှန်တကယ် တရားဘောင်အတွင်းကနှိပ်ကွပ်ခဲ့တဲ့အဖြစ်အပျက်လေးကိုအခြေတည်ထားတာပါ။ရိုးသားပြီးကိုယ့်ခံယူချက်အတိုင်းလုံးဝတရားမပျက်တဲ့ အစိုးရအရာရှိတစ်ယောက်သူတို့ဆီမှာရှိဖူးတယ်ဆိုတာကို ရိုက်ကူးပြထားတာဖြစ်ပါတယ်။ဘယ်သူတရားပျက်ပျက်ကိုယ်မပျက်ဘူးဆိုတဲ့သတ္တိနဲ့ အဆိုပါအခွန်ဦးစီးဌာနကအရာရှိတစ်ယောက် လက်နောင်းမြို့ကို၄၉ကြိမ်မြောက် ရာထူးပြောင်းရွေ့ခြင်းခံရပြီးရောက်လာတာကစတာပါပဲ။အရင်အရာရှိတွေနဲ့မတူပဲ အလုပ်ကိုအမှန်အကန်လုပ်တဲ့သူနဲ့တွေ့တဲ့အခါမှာတော့ ဂုတ်သွေးစုပ်နေတဲ့ သွေးစုပ်ဖုတ်ကောင်ကြီးတွေ မျက်ဖြူလန်တော့တာပါပဲ။\nဇာတ်လမ်းလေးကိုဆက်မပြောတော့ဘဲကိုယ်တိုင်ပဲကြည့်လိုက်စေချင်ပါတယ်။နိုင်ငံရေးသဘောသဘာဝတွေ၊ ရိုးသားတဲ့အစိုးရဝန်ထမ်းတွေနှိပ်ကွက်ခံရမှုတွေ၊ လူထုကိုနိုင်ငံရေးသမားတွေဘယ်လို ဦးနှောက်အဆိပ်ခတ်ထားသလဲဆိုတာတွေကို ကွက်ကွက်ကွင်းကွင်းရိုက်ကူးပြသပုံဖော်ထားတာကိုတွေ့ရမှာပါ။Rating အနေနဲ့လည်း 7.6 အထိရရှိထားပြီး ငွေကြေးအရလည်းအောင်မြင်ထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားလေးဖြစ်ပါတယ်","cover":"https://docs.google.com/uc?id=1-bqXrcnDNt7KY3VYTbrwDQwZauCOb0y-"},{"title":"Ek The Tiger (2012)","id":"https://drive.google.com/file/d/12WGEei_fT2lxoz9mMYuX7kS54clnpWl3/view?usp=drivesdk","description":"ဒီကားလေးက IMDB 5.3 ရထားတဲ့ကားလေးပါမြန်မာလိုကတော့တစ်ခါတုန်းက ကျားတစ်ကောင် ရှိခဲ့သည်တဲ့အိန္ဒိယ နဲ့ ပါကစ္စတန် သူလျှိုတွေကြားရိုက်ကူးပြထားတဲ့ဇာတ်ကားလေးပါTiger (ဆလက်မန်ခမ်း) ဟာအိန္ဒိယ အထူးစပိုင်တစ်ဦးဖြစ်ပြီးRAW အဖွဲ့အစည်းရဲ့ လက်အောက်မှာ လုပ်ကိုင်ရသူဖြစ်ပါတယ်။သူရဲ့လုပ်ငန်းမှာ ပါကစ္စတန် သူလျို ISIS များအားနှိမ်နင်းရမည်ဖြစ်ပါတယ်တစ်နေ့မှာတော့ သူ့ဆရာ goyi ရဲ့Mission အရ ပါကစ္စတန် ရဲ့အကြောင်းအစကို လိုက်ပြီး ရှာဖွေရတော့တယ်\nဒီတစ်ခါမှာတော့ Tiger ဟာ ပရော်ဖက်ဆာ တစ်ဦးဆီ သွားပြီးပါကစ္စတန် သမိုင်းကြောင်းကိုစတင်စုံးစမ်းခဲ့ပါတယ်ထိုပရော်ဖက်ဆာမှာ မည်သူ့မှ တပည့်အဖြစ် လက်မခံခဲ့သလိုTiger ဟာလည်း ငြင်းပယ်ခံခဲ့ပါတယ်Tiger ဟာ တပည့်အဖြစ် လက်ခံပေးရန်အကြိမ်ကြိမ်ကြိုးစားခဲ့ပြီးZoya ဆိုတဲ့မိန်းကလေးတစ်ဦးနှင့်လည်းတွေ့ဆုံခဲ့ပါသေးတယ်ဒီနေရာမှာတော့ zoya (ကတ်ထရီနာ ကေ့ဖ်)အကြောင်းလည်း ပြောပြချင်ပါတယ်Zoya ဟာ ပရော်ဖက်ဆာကို ပြုစုစောင့်ရှောက်နေသူတစ်ဦးဖြစ်ပြီးအက သင်တန်းတစ်ခုမှာ တက်ရောက်နေသူပါဒီဇာတ်လမ်းမှာတော့Tiger. တစ်ယောက် ပရော်ဖက်ဆာ တပည့်အဖြစ်တွေ့ရဦးမည်လောပါကစ္စတန် သမိုင်းကြောင်းကို စုံစမ်းနိုင်မည်လောTiger နှင့် zoya တို့၏ ဘဝတို့ရှေ့ဆက် မည်သို့ဖြစ်နေမည်နည်း ဟုလျှို့ဝှက်ဆန်ဆန် မေးထုတ်ရမှာပါImdb 5.3 ရထားသည့်အတွက်အတော်အသင့် ကောင်းမွန်တဲ့ ဇာတ်ကားကောင်းလို့ ပြောရမှာပါဒါကြောင့် ပရိသတ်ကြီးလည်းကြည့်ရှုုခံစားကြည့်ပါဦးလို့","cover":"https://docs.google.com/uc?id=1-jLei4QITifLcVYW9xpyvSYYiTZaAr1E"},{"title":"Bharat (2019)","id":"https://drive.google.com/file/d/1TdqAh_NjEhZPuBupUDxDD0CEGyUA4lgf/view?usp=drivesdk","description":"မင်းသားကြီး Salman Khanနဲ့ မင်းသမီး Katrina Kaifတို့ အပြင် Sunil Grover တို့ သရုပ်ဆောင်ထားကြတဲ့ ရုံတင်ဇာတ်ကားကြီး အကြည်ထွက်လာလို့ တင်ဆက်ပေးလိုက်ပါတယ်။\n\nလူတစ်ယောက် ဘဝတစ်ခု ဆိုပေမဲ့ ဘားရတ်ရဲ့ ဘဝက ဖြတ်သန်းရတဲ့ နယ်ပယ်အစုံမှာ မှတ်သားထားစရာ ဖြစ်ရပ်လေးတွေ ရှိတယ်။ခု သူဟာ အသက်ကြီးကြီး လူအိုကြီး တစ်ယောက် ဖြစ်နေပြီ။ငယ်ဘဝကတည်းက ခုထိတိုင် မပြောင်းလဲသေးတဲ့ အကြောင်းအရာတွေ အပြုအမူတွေ ရှိတုန်းပဲ။တစ်နေ့ သူ့အဖေ ‘ ဒီဆိုင်လေးမှာ လာတွေ့မယ်၊ စောင့်နေပါ ‘ ဆိုတဲ့ စကားကို ငယ်ဘဝကနေ ခုထိ မမေ့သေးဘူး။တနေ့ကျရင် သူ့အဖေနဲ့ သူ့ညီမ သူတို့ဆီ လာကြမယ်လို့ သူ ယုံကြည်ထားတုန်းပဲ။” မင်းက အကြီးဆုံးသားမို့ အားလုံးကို စောင့်ရှောက်နော်” ဆိုတဲ့ အန္တရာယ်ကြားကို ပြေးသွားရတဲ့ အဖေ့ရဲ့ စကားကို သူ တည်ရဦးမယ်။သူ့အဖေကို ပေးခဲ့တဲ့ ‘စောင့်ရှောက်ပါမယ်’ဆိုတဲ့ ကတိက …. ဘာပဲဖြစ်ဖြစ် တည်ရမယ်မလား။ခေတ်ကာလဆိုးတစ်ခုမှာ သူတို့တွေ ကွဲခဲ့ရပေမဲ့… ရွှေရောင်လက်တဲ့ ခေတ်မှာ အဖေနဲ့ ညီမကို ပြန်တွေ့ရမယ်လို့ သူ ယုံကြည်ထားဆဲပဲ။ဒီလိုနဲ့ သူ ဖြတ်သန်းရုန်းကန်ခဲ့ရတဲ့ ဘဝတွေမှာ……","cover":"https://docs.google.com/uc?id=1-_moVvKANEIYn7ubXl7CVjD11x8FliAg"},{"title":"Madha (2020)","id":"https://drive.google.com/file/d/1weyYZKtOlxOl43HfdyjoN1YYviXPYY3R/view?usp=drivesdk","description":"အသစ် ထွက်ရှိလာတဲ့ တောင်ပိုင်း တေလဂူးကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။မြင်နေကျ အိန္ဒိယကားတွေနဲ့ မတူဘူး။စကားတွေ အများကြီး မပြောဘူး။ဖိုက်တင်အက်ရှင်တွေ ပါမနေဘူး။ဆိုက်ကို ဆန်ဆန်နဲ့ Thriller နောက်ခံတေးကိုအဆက်မပြတ် ကြားနေရပြီး စကားနည်းနည်းနဲ့ဖော်ကျူးထားပါတယ်။ဇာတ်လမ်းစစချင်းမှာ စိတ်ရောဂါအထူးကု ဆရာဝန်တစ်ယောက်စာသင်နေပုံနဲ့ စတယ်။“လူသားတွေ အတွက် အန္တရာယ်အရှိဆုံး လက်နက်ကလူတွေရဲ့ စိတ်ပဲ”တဲ့။\nကျွန်တော်တို့ နေ့စဉ်ကြုံတွေ့နေရပါတယ်။အကြောက်တရားနဲ့ အသိစိတ်ကို အပြင်ထုတ်ပေးခံနေရတဲ့လူတွေ ခုတလော အမြင်ရဆုံးပဲမဟုတ်လား။ကျွန်တော်တို့ စိတ်တွေဟာ ဘယ်အချိန်မှာလက်နက်ဖြစ်သွားတာလဲတဲ့။အဲ့ဒီမှာပဲ တည်ငြိမ်ပြီး နေသားကျနေတဲ့မိန်းကလေးတစ်ယောက်နဲ့ သူ့ဘဝကိုအချက်ကျကျ လာရောက်ဖျက်ဆီးတဲ့ လူတစ်ယောက်တို့ရဲ့ဇာတ်လမ်း အစပျိုးလိုက်ပါတယ်။မေးစရာ တစ်ခုရှိတယ်ဗျ။ကျွန်တော်တို့တွေ အရူးလို့ ဘယ်သူ့ကို ခေါ်ကြတာလဲ။ဘယ်လိုလူမျိုးကို ရူးတယ်လို့ စွပ်စွဲနိုင်မလဲ။လမ်းပေါ် အမှိုက်တွေ့လို့ ကောက်ယူသွားတဲ့လူကိုဝတ်ကောင်းစားလှနဲ့ မြင်ရရင်တော့လူကောင်းလို့ခေါ်ပြီးစုတ်ပြတ်နွမ်းရိတဲ့ အဝတ်အစားနဲ့မြင်ရရင်တော့အရူးလို့ပဲ သတ်မှတ်လိုက်ကြတာမလား။လမ်းပေါ်က အရာဝတ္ထုတစ်ခုဆိုပါစို့။ကိုယ်မြတ်နိုးတဲ့အရာကို ကိုယ်ကောက်ယူသွားတာကတပါးသူအတွက် ရူးတယ်ခေါ်နိုင်သလို ကိုယ်မလိုချင်လို့ပစ်ထားတဲ့ ပစ္စည်းအစုတ်ကတပါးသူကောက်ယူစရာဖြစ်နေလို့ ကောက်ယူသွားတဲ့အခါအဲ့ဒီလူကို ရူးတယ်လို့ ခေါ်ကြပြန်ရော။ဇာတ်လမ်းထဲမှာတော့ မင်းသမီးကို အကွက်ကျကျ စီစဉ်ထားတဲ့လှည့်ကွက်တွေ၊ တပါးသူမသိနိုင်အောင် ကြံစည်ထားမှုတွေနဲ့သူ့ကို အရူးပါလို့ စွပ်စွဲဖို့စောင့်နေတဲ့ အသိုင်းအဝိုင်းကြားလူအမြင်မှာ ရူးသွားရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဇာတ်လမ်းပဲ။ဒါပေမဲ့ သူ့ကိုမှ ဘာလို့ ဒီလို လုပ်ရတာလဲ။ဘာအတွက်လဲ၊ ဘယ်လိုအသုံးချမှာလဲ၊ဘယ်လိုအကျိုးရှိစေလို့လဲ ဆိုတဲ့ မေးခွန်းတွေ ကြည့်နေရင်း စဉ်းစားလာစေပါတယ်။တစ်ဖက်မှာလည်း ရောဂါသည် ကလေးမလေးတစ်ယောက်၊သူတို့က ဘယ်လိုဆက်စပ်နေကြတာလဲ ဆိုတာကိုကိုယ်တိုင်သာ ခံစားကြည့်ကြပါဗျ။အညွှန်းဖတ်ပြီး မူးနောက်မသွားပါနဲ့။အညွှန်းရေးသူရဲ့ အာဘော်ပါနေတာပါ။ဇာတ်ကားထဲမှာတော့ စိတ်ဝင်စားစရာဖြစ်အောင်မြှုပ်ထားတဲ့ အကြောင်းတွေ ရှိနေပေမဲ့မရှုပ်လှပါဘူး။ဆုတံဆိပ်တွေကိုလည်း ဝေဝေဆာဆာ မြင်နေရမှာပါ။","cover":"https://docs.google.com/uc?id=1xy3V_NHHemCtRrFroyyaekdNWMpCLPfT"},{"title":"Mehbooba (2018)","id":"https://drive.google.com/file/d/1ioOThHJtWLRQhVmuWqk1UsGTg0BlCAcj/view?usp=drivesdk","description":"Google users : : 87% liked\n“ဟိမဝန္တာသစ္စာ”လို့ နာမည်ပေးရမလားပဲဗျာ။2019 ရဲ့ အစဒီလိုအခါသမယမှာပဲအိန္ဒိယတောင်ပိုင်းရုပ်ရှင်တွေထဲကနေရင်ထဲကို တိုးဝှေ့ တိုက်ခတ်သွားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ရှိပါတယ်။\n\nဟုတ်ပါတယ်။အသစ်စက်စက် ထွက်ရှိလာတဲ့ Mehboora ဆိုတဲ့ အချစ်အက်ရှင် ဇာတ်ကားလေးပါ။\nပါဝင်တဲ့ မင်းသားမင်းသမီးတွေကအသစ်စက်စက်လေးတွေဆိုပေမယ့်သူတို့ရဲ့ ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်သွားပုံက ရင်ကိုထိမှန်စေတဲ့ အားထုတ်မှုပါပဲ။\n\nဒီကားမှာလေးဟာစစ်ရေးနဲ့ဘာသာရေးကို အဓိကထားပြီး အချစ်ရေးနဲ့ ရောသမကာ အကောင်းမွန်ဆုံး ဖွဲ့သီရိုက်ကူးထားတဲ့ ကားကောင်းလေး တစ်ကားပေါ့ ခင်ဗျာ။\n\nဇာတ်လမ်းအညွှန်း\nရိုရှန်းဆိုတဲ့ ကောင်လေးဟာညစဉ်အိပ်မက်ဆိုးတွေ မက်တယ်။အိပ်မက်ထဲမှာ သူ အသတ်ခံရသတဲ့။ထူးခြားနေတယ်လို့ ပြောရမလား. . .သူဟာ တစ်ခြားသူတွေနဲ့ မတူပဲသွားပုံလာပုံ နေပုံထိုင်ပုံတွေကစစ်သားတစ်ယောက်လိုပဲ။စရိုက်ကလည်း မတရားတာမြင်ရင်လက်ပိုက်ကြည့်မနေနိုင်တဲ့ စရိုက်မျိုး။\n\nတစ်ကြိမ်မှာ အာဖရင်းကို လူဆိုးလူရမ်းကားတွေလက်ကနေ သူကယ်ခဲ့ဖူးသေးတယ်။တောင်တက်ရတာကို ဝါသနာပါတဲ့သူ့မှာဟိမဝန္တာတောင်ကို တက်ချင်တဲ့ အိပ်မက်လည်း ရှိတယ်။စစ်သားလည်း ဖြစ်ချင်တော့ကျောင်းပြီးတာနဲ့ တပ်ထဲကို ဝင်လျှောက်တယ်။ကပ္ပတိန်အဖြစ် ရာထူးခန့်အပ်ခံရပြီးတာဝန်ကျရာ ဒေသကို မသွားရခင်လေးမှာ သူငယ်စဉ်က မက်ခဲ့ဖူးတဲ့ အိပ်မက်ကိုဖြည့်ဆည်းဖို့ ဟိမဝန္တာတောင်ကို တက်ဖို့ကြိုးစားတော့တာပဲ။\n\nသူ့အိပ်မက်ထဲမှာ ဟိမဝန္တက လူတစ်ယောက်ကိုပေးထားတဲ့ ကတိအကြောင်း ပါနေတာကိုး။အဲ့ဒီတစ်စုံတစ်ယောက်ကိုပေးခဲ့တဲ့ ကတိက “ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ်ငါအရောက်ပြန်လာခဲ့မယ်”တဲ့။ဒီလိုနဲ့ သူငယ်ချင်းတွေနဲ့ နှင်းတွေကြားထဲကနေ ဟိမဝန္တာတောင်ကို တက်ခဲ့ကြတယ်။\n\nအဲ့ဒီမှာ မမျှော်လင့်ထားတဲ့ အံ့အားသင့်စရာ တစ်ခုတွေ့မြင်လိုက်ရပါတော့တယ်။1971 ခုနှစ် အိန္ဒိယ – ပါကစ္စတန် စစ်ပွဲကာလကိုအခြေခံထားတဲ့ သနားစရာ အချစ်ဇာတ်လမ်းလေးတစ်ခုပေါ်ထွက်လာဖို့ ဖြစ်လာခဲ့ပါတယ်။ဒီနှစ်နိုင်ငံနှစ်ခု သဘောထားကွဲလွဲပြီးဘာသာရေးကစလို့ မီးခိုးကြွက်လျှောက်ပြသနာတွေတန်းစီတက်ရာကနေစစ်မီးကြီး ဟုန်းဟုန်းတောက်ခဲ့တဲ့ ကာလတစ်ခုမှာပေါ့။\n\nပထမပိုင်းမှာ ဒီအကြောင်းကို ရိုက်ပြအပြီး ဒါရိုက်တာကစစ်ကြီးပြီးဆုံးသွားတဲ့ မျက်မှောက်ခေတ်ကို ရိုက်ပြပြန်တယ်။လောကကြီးထဲမှာ ထူးဆန်းတဲ့ အဖြစ်အပျက်ပေါင်းများစွာရှိတဲ့ အနက်က. . .တချို့သော အကြောင်းအရာတွေကို အခြေခံပြီးဇာတ်အိမ်တည်ထားပါတယ်။\n\nဇာတ်လမ်းလေးကို အဆုံးထိကြည့်လိုက်ရင်တော့. . .ဒီဇာတ်လမ်းမှာ သနားစရာတွေ၊ဆို့နင့်ကြေကွဲစရာတွေ၊ဘာသာရေးနဲ့ ပက်သက်တဲ့မှားယွင်းတဲ့ အတွေးအခေါ်တွေ စတဲ့ အကြောင်းအရာများစွာကိုနားလည် ခံစားမိစေပါလိမ့်မယ်။","cover":"https://docs.google.com/uc?id=1w2_A71NMTeXwsgy8NxWtQQvxjY4gT9ss"},{"title":"Manjhi: The Mountain Man (2015)","id":"https://drive.google.com/file/d/1N4j4qCLXuHg1T3vxRtEUQmnYdTSkEGdl/view?usp=drivesdk","description":"(အချစ်အတွက် တောင်တစ်လုံးအား တစ်ယောက်ထဲဖြိုခဲ့သူ\nသို့မဟုတ်/ ဂင်းနစ်စံချိန်ဝင် ကမ္ဘာ့အံ့ဖွယ်လူသား)\n\nကမ္ဘာပေါ်မှာ အချစ်ကိုနည်းအမျိူးမျိုးပုံဖော်ကြပါတယ်။\nကိုယ့်ချစ်သူ အတွက် ဘာမဆိုလုပ်ပေးမယ်.. စွန့်လွတ်အနစ်နာခံ\nရဲတယ်…\n\nတစ်ချို့က ကိုယ့်ချစ်သူအတွက်အိမ်လေးတစ်လုံး ဆောက်ပေးတာ… တစ်ချို့က ကိုယ့်ချစ်သူအတွက်\nရွှေငွေရတနာတွေ အပြည့်နဲ့ ကိုယ့်ချစ်ရတဲ့သူ စိတ်ချမ်းသာအောင်ဖန်တီးပေးကြတာ ….. \n\nစတဲ့ စတဲ့ လက်တွေ့ဆန်တဲ့ အချစ်မျိုးနဲ့လည်း ပုံဖော်ကြတာပါပဲ။\nဆိုတော့ကာ…\nအချစ်အတွက်နဲ့ တောင်တစ်လုံးအား တစ်ယောက်ထဲဖြိုခဲ့တဲ့သူရှိတယ်လို့ ကျွန်တော်ကပြောရင်…\nခင်ဗျားတို့ ယုံကြည်မှာလား လက်ခံမှာလားး???\n\nလက်ခံလိုက်ပါ မိတ်ဆွေ.. ????\nအဲ့လူဟာ တကယ်ကိုပဲ တောင်တစ်လုံးလုံးကို တစ်ယောက်ထဲ ဖြိုခဲ့လို့ လူ့အသိုင်းအဝိုင်းမှာရော …ကမ္ဘာ့အသိုင်းအဝိုင်းမှာပါ..သူ့ကိုအံသြစွာနဲ့လက်ခံခဲ့ကြရပါတယ်..\n\nနောက်ဆုံး သူဟာ ကမ္ဘာ့ဂင်းနစ်စံချိန်မှာ အံ့ဖွယ်လူသားအဖြစ် မှတ်တမ်းတင်ခြင်းကိုလည်း ခံခဲ့ရပါတယ်။ အဲ့လူကတော့ တခြားသူ မဟုတ်ပါဘူး။\nအိန္ဒိယနိုင်ငံ ဘီယာပြည်နယ်ထဲက ရွာလေးတစ်ရွာမှာ နေထိုင်တဲ့ Dasharth Manjhi ဆိုတဲ့ သူပါပဲ။\n\nအခု ကျွန်တော်ညွှန်းချင်တဲ့ ဇာတ်ကားကတော့ Manjhi အကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ပါ။\nဒီရုပ်ရှင်ကို ရိုက်ကူးဖို့ ပထမဆုံးအစပျိုးစီစဉ်ခဲ့တဲ့သူကတော့ တခြားသူမဟုတ်ပါဘူး။\n\nPK, 3Idiots, Doom 3, စတဲ့ ရုပ်ရှင်တွေနဲ့ ကမ္ဘာကျော်ခဲ့တဲ့ အိန္ဒိယမင်းသားကြီး Aamir Khan(အမေးရ်ခမ်း) ပါပဲ..။ စီစဉ်ဖြစ်ပုံကလည်း ဒီလိုဗျ…\nမင်းသားကြီးက တကယ့်အပြင်က Manjhi ရဲ့ ဘဝအကြောင်းကို သိရှိသွားပြီးနောက်မှာ Manjhiတို့မိသားစု နေထိုင်ဖို့ အိမ်တစ်လုံးဝယ်ပေးခဲ့ပါတယ်။ Manjhi ကလည်း မင်းသား Aamir Khan ဝယ်ပေးတဲ့ အိမ်လေးမှာပဲ နေထိုင်ရင်း ခေါင်းချကွယ်လွန်ခဲ့တာပါ။\n\n>> ရုပ်ရှင်အညွှန်း <<\n၁၉၃၄ခုနှစ် အိန္ဒိယနိုင်ငံ ဘီယာပြည်နယ်လေးထဲက ဂေလာ (Gehlaur ) ဆိုတဲ့ရွာငယ်လေးမှာ ကျောက်မီးသွေး တူးဖော်လုပ်ကိုင်ကြတဲ့ ဆင်းရဲချို့တဲ့နွမ်းပါတဲ့ မိသားစုလေးထဲမှာ Manjhiဆိုတဲ့ လူငယ်လေးတစ်ဦးကို မွေးဖွားခဲ့ပါတယ်။ရိုးရာဓလေ့ထုံးစံအရ Manjhiကို (၁၂)နှစ်သားကတည်းက အိမ်ထောင်ပြု (စေ့စပ်) ရမှာဖြစ်လို့ အဲ့ရွာလေးထဲက Faliguni Devi ဆိုတဲ့ မိန်းကလေးနဲ့ စေ့စပ်ခဲ့ကြပါတယ်။ (ဒီနေရာမှာ အသက်အရွယ်အရ စေ့စပ်တယ်ဆိုပေမယ့် တကယ်တမ်းကတော့ လက်ထပ်ထားပြီးဖြစ်ပါတယ်)အဲ့စေ့စပ်တဲ့နေ့မှာပဲ ရွာလူကြီးက Minjhi အဖေဆီကို အကြွေးလာတောင်းပါတယ်, အကြွေးမပေးနိုင်လို့ ရွာလူကြီးထံမှာ Manjhi ကို အဖေဖြစ်သူကရောင်းစားခဲ့ပါတယ်။ ရွာလူကြီးအိမ်မှာ အနိုင်ကျင့်ခံပီး ဆင်းရဲစွာ ပင်ပန်းစွာနဲ့လုပ်ကိုင်နေရတဲ့ Manjhi လေးဟာ သည်းမခံနိုင်တဲ့အဆုံးး တစ်နေ့မှာ ရွာလူကြီးအိမ်ကနေ ထွက်ပြေးပြီး ကျောက်မီးသွေးတင်တဲ့ ရထားနဲ့ခိုးလိုက်ကာ ဘုံဘေမြို့ပေါ်ကိုတစ်ယောက်တည်း ခြေဆန့်ခဲ့ပါတော့တယ်။ဒီလိုနဲ့..နောင်အနှစ်၂၀ခန့်ကြာတဲ့အခါ…Manjhi ဟာ ဘုံဘေကိုစွန့်ခွာပီး သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ ရွာလေးကို အပြီးအပိုင်ပြန်လာခဲ့ပါတယ်။ သူ့ရဲ့ ရွာလေး ကတော့ နှစ်တွေကြာသွားလည်း ဘာမှတိုးတက်ပြောင်းလဲသွားခြင်းမရှိပါဘူး။ ပိုပြီးတော့တောင် ဆင်းရဲချို့တဲ့လာခဲ့ပါတယ်။အကြောင်းက ရွာလူကြီးသားရဲ့ နှိပ်စက်မှုကိုအလူးအလဲကို ရွာသူရွာသားတွေဟာ ခံနေရပါတယ်။\nရွာသူမိန်းကလေးတွေကိုလည်း အတင်းအဓမ္မစော်ကားနိုင်ကျင့် ၊ ရွာသားတွေကိုလည်း ကြီးငယ်ရွယ်မရွေး ခေါင်းပုံဖြတ်ပီး အနိုင်ကျင့်နေပါတော့တယ်။\nရဲတိုင်လို့ လည်းမရပါဘူး။ ရွာမှာ ရဲစခန်းလည်းမရှိပါဘူးဗျ။\nဒါဆို တခြားရွာမှာသွားတိုင်လေ.. ဒါမှမဟုတ် မြို့ပေါ်တက်တိုင်ပါလားလို့ တွေးမိကောင်းတွေးမိပါလိမ့်မယ်။ဒါပေမယ့်လည်း.. အဓိက အခက်အခဲကတော့ လမ်းပန်းဆက်သွယ်ရေးပါပဲ။\nဒီရွာလေးရဲ့ ပတ်ပတ်လည်မှာ မြင့်မားလှတဲ့ တောင်ကြီးတွေက ဝန်းရံထားပါတယ်..\nရွာသူရွာသားတွေထဲမှာလည်း အဲ့ဒီတောင်ကြီးတွေကိုဖြတ်ပြီး မြို့ကို ရောက်ဖူးတဲ့သူမရှိသလောက်ရှားပြီး၊ မြို့ပေါ်ကလူတွေကလည်း ဒီတောင်တွေရဲ့နောက်မှာ ရွာသေးသေးလေးတစ်ရွာရှိတယ်လို့ သိတဲ့သူရှားပါးပါတယ်။\nရွာကနေ မြို့ကိုသွားရမယ်ဆိုရင်လည်း ဒီတောင်တွေကိုပတ်ပီးမှ သွားရတဲ့ အတွက်ကြောင့် မြို့ပေါ်ရောက်ဖို့အတွက် ၅ရက် ၆ရက်ထိ သွားရပါတယ်။ ဒါကြောင့် ရွာသူရွာသားတွေဟာ.ဆင်းရဲချို့တဲ့စွာ ဗဟုသုတကင်းမဲ့စွာနဲ့ ရွာလူကြီးသားရဲ့ နှိပ်စက်မှုတွေကို ခံနေကြရပါတယ်.။ကဲ..\nManjhi ရဲ့အကြောင်းလေးဆက်ပြောပြကြည့်မယ်…အချစ်ကဆန်းကျယ်လွန်းလှပါတယ်။ Manjhi သူ့ရွာလေးကို ပြန်ရောက်တဲ့နေ့မှာပဲ သူငယ်ငယ်က စေ့စပ်ဖူးသူ မိန်းကလေးDevi နဲ့ ပြန်တွေ့ရပါတယ်။ Devi ဟာ အခုဆိုအပျိုကြီးဖားဖားဖြစ်ပီး တောသဘာဝနဲ့အညီ လှနေပါတယ်..\nManjhi ဟာ Devi ကို မြင်မြင်ချင်း ချစ်မိသွားပြီး သူသိလိုက်ရတာက Devi ဟာ သူငယ်ငယ်က လက်ထပ်ထားတဲ့ မိန်းကလေးဖြစ်နေတာပါပဲ..\nManjhi ဟာ အရမ်းကိုပျော်သွားးပီ Deviရဲ့ အဖေဆီကိုသွားကာ ” ဒါကျုပ်မိန်းမ ကျုပ်ငယ်ငယ်ကတည်းက လက်ထပ်ထားတာ ကျုပ်သူ့ကို လိုချင်တယ်လို့ ” သွားပြောရာမှာတော့ Deviရဲ့ အဖေက Manjhi ကို မောင်းထုတ်ပါတော့တယ်။ Deviရဲ့ အဖေမသိသေးတာက …သူ့သမီး Devi ဟာလည်း Manjhiကို ချစ်မိနေတယ် ဆိုတာပါပဲ..ဒီတော့ ဘာတွေဆက်ဖြစ်မလဲ.. ဘာကြောင့် တောင်တစ်လုံးကို တစ်ယောက်တည်းဖြိုခဲ့တယ်ဆိုတာကိုတော့..ဇာတ်ကားကိုဆက်ကြည့်စေချင်ပါတယ်ဗျ..ဒီ ၃နာရီကျော်ကြာတဲ့ ရုပ်ရှင်ကို ဒါရိုက်တာကြီး Mohit Moond ကရိုက်ကူးပုံဖော်ထားပီး ဆုတွေလည်းတသီကြီး ရရှိထားကာ တကယ့်ကို အနှစ်သာရ ပြည့်ဝစွာနဲ့ ရိုက်ကူးထုတ်လုပ်ထားတဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။\nManjhi နေရာမှာ အိန္ဒိယမင်းသားကြီး Nawazuddin Siddiqui က Manjhi ဇာတ်ရုပ်ကိုသဘာဝကျကျ နဲ့ ပီပြင်စွာသရုပ်ဆောင်ထားပါတယ်။ Deviအဖြစ် မင်းသမီး Radhika Apte ကလည်း တကယ့်ကို ပီပြင်စွာနဲ့ လိုက်ဖက်ညီစွာ သရုပ်ဆောင်ထားပါတယ်။ ဒီ အိန္ဒိယရုပ်ရှင်မှာ ထူးခြားတာက ဒီကားမှာ သီချင်းတွေ က တာတွေ တစ်ခန်းမှမပါပါဘူး။ နောက်ခံတီးလုံးတောင် များများစားစားမပါပါဘူးး။ ရုပ်ရှင်ကြည့် လိုက်တာနဲ့ သင့်ရှေ့မှာ တကယ်ဖြစ်နေတယ်ထင်ရအောင်ကို သဘာဝကျကျနဲ့ပီပြင်စွာ ရိုက်ကူးထားပါတယ်..။ဒီနေရာမှာတော့ Full Spoiler Alert ပါ ..\nX x x x x x x x x x x Xဒီလိုနဲ့ လူကြီးတွေ သဘောမတူတဲ့အဆုံး Manjhi နဲ့ Deviတို့ဟာ ခိုးပြေးကြပါတယ်…။\nအချစ်စစ်တို့ လမ်းဟာမဖြောင့်ဖြူးဘူး ဆိုတဲ့ စကားအတိုင်း သူတို့ ရဲ့ အချစ်ခရီးလမ်းဟာ ကြမ်းတမ်းခဲ့ပါတယ်။ ခိုးပြေးတဲ့ ညမှာပဲ ရွာလူကြီးသားနဲ့ သူ့တပည့်တွေက နောက်ကနေလိုက်လာလို့ ခွေးပြေးဝက်ပြေးပြေးခဲ့ရပါတယ်။\n( ရွာသူကြီးသားနဲ့တပည့်တွေလိုက်လာလို့ ထွက်ပြေးတဲ့အခန်း ဗွက်အိုင်ထဲမှာ တစ်ကိုယ်လုံးနစ်နေရတဲ့အခန်း ) တကယ်ကို ပီပြင်လွန်းလှပီး ချစ်သူ၂ယောက်ရဲ့အတူတူလက်တွဲ ရင်ဆိုင်ရဲတဲ့ အချစ်စိတ်ကို ပီပြင်စွာရိုက်ပြထားပါတယ်။ သရုပ်ဆောင်တွေဟာလည်း တကယ့်ကို သဘာဝအတိုင်းပီပြင်စွာ သရုပ်ဆောင်ထားတာကို တွေ့ရမှာပါ…။ဒီလိုနဲ့….အခက်အခဲတွေကို အတူရင်ဆိုင်ပြီး ကိုယ်ပိုင်ဘဝတစ်ခုဖန်တီးနေလာကြတဲ့ Manjhiတို့ ဇနီးမောင်နှံဟာ သားတစ်ယောက်မွေးပြီး.. Deviက ဒုတိယမြောက်ရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရတဲ့အချိန်……Manjhi ကလည်း သူ့ရဲ တိုးပွားလာတဲ့မိသားစုဝင်လေးတွေအတွက် တစ်နေကုန်တစ်နေခမ်း မနားမနေ အလုပ်ကြိုးစားရုန်းကန်နေရတာပေါ့….\nဇနီး ဖြစ်သူက ထမင်းခွက်ကိုခေါင်းပေါ်တင်ပြီး ကိုယ်ဝန်မပေါ့မပါးကြီးနဲ့ ထမင်းပို့ပေးရပါတယ်.။Manjhi လုပ်တဲ့ လယ်ကွက်ကိုရောက်ဖို့အတွက်လမ်းမှာ တောင်ကြောတစ်ခုကိုတက်ပြီး ကျော်လွန်ကာမှ Manjhiလုပ်တဲ့ လယ်ကွက်ကိုရောက်တာပါ.. ဒါကြောင့် ကိုယ်ဝန်မပေါ့မပါးကြီးနဲ့ Deviအဖို့ ဒီခရီးဟာ ခက်ခဲကြမ်းတမ်းလှပါတယ်.။ သို့ပေမယ့် သူ့ယောကျားဆီကို နေ့တိုင်း ထမင်းထုပ်ရောက်အောင် ပို့ပေးရှာပါတယ်..။တစ်နေ့..Manjhiရဲ့ နားထဲကို အကုသိုလ်သတင်းဆိုးကြီးဝင်လာပါတော့တယ်..,ဟုတ်ပါတယ်…….. သူ့မိန်းမ သူ့ကိုထမင်းထုတ်လာပို့ရင် တောင်ပေါ်ကနေခြေလျော်ပီး ပြုတ်ကျလို့ ဆိုတာပါပဲ..။ သူ့မိန်းမဆီ အပြေးအလွှားသွားတဲ့အခါ သွေးအိုင်ထဲမှာ အသက်ငင်နေတဲ့ မိန်းမဖြစ်သူကို Manjhi တွေ့လိုက်ရပါတယ်။ ကိုယ်ဝန်ကလည်း ပြုတ်ကျထားတဲ့ အရှိန်ကြောင့်ပျက်ကျသွားပြီးသွေးအိုင်ထဲက ဇနီးသည်ရဲ့အဖြစ်နဲ့ ဗိုက်ထဲက သေလားရှင်လားမသိရသေးတဲ့ကလေးငယ်နဲ့.. မြင်ကွင်းက သူ့အတွက်တော့ အရူးမီးဝိုင်းဖြစ်နေရပါတယ်။ သွေးအိုင်ထဲမှာလဲနေတဲ့ သူ့မိန်းမကို ထမ်းပြီး မြို့ဆေးရုံကိုပို့ခဲ့ပါတယ်..။ဟုတ်ပါတယ်..Manjhiဟာ သူ့မိန်းမကို ထမ်းပီးတောင်ပေါ်ကနေတက်ပြီး တောင်ကိုဖြတ်ပို့ခဲ့ရတာပါ ????\nတောင်ကို ပတ်ပီး သွားရင် ၅ရက်၆ရက်ကြာမှာမို့တောင်ပေါ်လမ်းကနေ သွားခဲ့ရတာပါ.ဒါပေမယ့်….\nသူအရမ်းချစ်ရတဲ့ မိန်းမရဲ့ အသက်ကို သူမကယ်နိုင်လိုက်ပါဘူးး ????\nကလေးရဲ့ အသက်ကိုပဲကယ်လိုက်နိုင်ပါတယ်။ရွာပြန်ရောက်တော့ Manjhi အကြီးအကျယ်ကိုဒေါသမီးတွေ ရင်ထဲမှာတောက်လောင်နေပါတယ်..။အကြောင်းကား… သူ့မိန်းမသေရတာ ဒီတောင်ကြောင့်လို့ Manjhi စိတ်ထဲမှာ စွဲနေပါတယ်၊ဒီတောင်သာမရှိခဲ့ရင်…ဒီတောင်မှာသာ လမ်းရှိခဲ့ရင်….သူ့မိန်းမမသေဘူးလို့ တွေးမိလို့ပါပဲ..။","cover":"https://docs.google.com/uc?id=1w3kUmfPYbBf9IeFY2IoNj3f1RH5cOTC_"},{"title":"Vodka Diaries (2018)","id":"https://drive.google.com/file/d/1PRMC8Dq4Wfw33js7tFuLAKhueyXpR_YF/view?usp=drivesdk","description":"ဒီဇာတ်လမ်းလေးက စိတ်ဝင်စားစရာဇာတ်လမ်းပါပဲလို့ ပြောပါရစေ။အာရွှင်နီဆိုတဲ့ အေစီပီတစ်ယောက်ရယ်၊ ကဗျာဆရာမဇနီးရယ်၊ လူသတ်မှုတွေရယ်နဲ့ စိတ်ဝင်စားဖွယ်ဖြစ်အောင် တင်ပြထားပါတယ်။အေစီပီရဲ့ ဇနီးဟာ နူးညံ့တဲ့ အနုပညာကို ဝါသနာကြီးပြီး လင့်အပေါ် ဖျစ်ညှစ်ပြီး နားလည်ပေးနေရသူပါ။\n\nဇာတ်လမ်းအစမှာ အေစီပီဟာ အပန်းဖြေခရီးတစ်ခုကို ကဗျာကြိုက်တဲ့ ဇနီးနဲ့ အတူ ထွက်လာခဲ့ပါတယ်။မကြာမီမှာပဲ အေစီပီဟာ လူသတ်မှုတစ်ခုကို ကိုင်တွယ်ခဲ့ရတယ်။\nအဲ့ဒီအမှုကို လိုက်ရင်း လူသတ်မှု သုံးခု ဆက်တိုက် ဖြစ်ပွားခဲ့တယ်။\n\nအေစီပီအာရွှင်နီလည်း ဒီအမှုတွေကို ကိုင်တွယ်ရင်း လူသတ်မှုတွေကို ကြိုးကိုင်သူဆီက ဖုန်းခေါ်ဆိုမှု တစ်ခု ရရှိခဲ့ပါတယ်။၎င်းဟာ အမျိုးသမီးတစ်ဦး ဖြစ်ပြီး အေစီပီရဲ့ ဇနီးကိုလည်း ပြန်ပေးဆွဲခေါ်ယူသွားပြီဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့ပါတယ်။\n\nဒီလိုနဲ့ အေစီပီဟာ ဇနီးကိုဖမ်းခေါ်သွားတဲ့ လူသတ်မှုတွေရဲ့ တရားခံကို လိုက်ရှာရင်းသူစစ်ဆေးဆဲ အလောင်းတွေ ပျောက်ဆုံးသွားခဲ့ပါတယ်။ဖုန်းခေါ်ဆိုမှုတွေအရ သဲလွန်စတွေပေးရာမှာတော့…. \n\nထင်မှတ်မထားတဲ့ အဖြစ်အပျက်တွေ ပေါ်ထွင်လာပါတော့တယ် ။အဲ့ဒီအဖြစ်အပျက်၊လှည့်ကွက်တွေကတော့……. ။အလောင်းတွေ ဘယ်ရောက်သွားတာလဲ?အေစီပီရဲ့ ဇနီး ဘယ်ရောက်သွားလဲ?အေစီပီရဲ့ ဇနီးနဲ့ ဓာတ်ပုံအတူရိုက်ထားတဲ့ ရီရှီဂူတမ်ဟာ ဘယ်သူလဲ?လူသတ်သမားရဲ့ တာဝန် ‘ ဆိုတဲ့ စာအုပ်နဲ့ လူသတ်မှုတွေ ဘယ်လို ပတ်သက်နေမလဲ?လူသတ်မှုတွေကို ကြိုးကိုင်ထားတာ ဘယ်သူလဲ?ဘာဖြစ်လို့ အလောင်းပြိုင် သတ်တာလဲ?စသဖြင့်.. စိတ်ဝင်စားစရာတွေနဲ့ ပရိသတ်ကိုဇာတ်လမ်းအဆုံးထိ ဆွဲခေါ်သွားနိုင်တယ်လို့ ထင်မြင်မိပါတယ်။ဇာတ်လမ်းအဆုံးထိ ကြည့်ပါ။နောက်တစ်ကြိမ် ထပ်ကြည့်ရင်တော့ ဇာတ်လမ်းအတွင်းမှာပါတဲ့တချို့ဇာတ်ဝင်ခန်းတွေကို အပိုလို့ ထင်ခဲ့သမျှ နားလည်လာမှာပါ။အားလုံးကို ကြိုးကိုင်ထားသူရဲ့အစီအစဉ်ကျနမှုကို တွေ့မြင်လာမှာပါ။စကားမစပ်…. ဟာကွက်မရှိ သရုပ်ဆောင်နိုင်တဲ့ မင်းသားကြီးကိုလည်း အံ့ဩသင့်မိပါတယ်။ဇာတ်လမ်းနဲ့ လိုက်ဖက်တဲ့ သရုပ်ဆောင်မှုပါပဲ။မိန်းမချောလေးတွေ ဝေဝေဆာဆာနဲ့ မင်းသားတချို့ကိုလည်း တွေ့မြင်ရမှာပါ။ဒီ review လေးကို ဒီမှာပဲ အဆုံးသတ်ပါရစေဗျာ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Nyi Nyi Koe ပါ)","cover":"https://docs.google.com/uc?id=1w0g3XYhwSaFEv3ZT1HNRo52TFE-W_xFJ"},{"title":"Badla (2019)","id":"https://drive.google.com/file/d/1tX1Njwg17-q7AYt77FSMgb4POGWG4eNg/view?usp=drivesdk","description":"Badla -2019 ဆိုတဲ့ ရုပ်ရှင်ကားဟာဘောလိဝုဒ်ပရိသတ်တွေကြား တော်တော်လေး လူသိများတယ်ဆိုရင် မှားမယ်မထင်ပါဘူးဗျာ။“မအိုသေး” ဆိုတဲ့ အလောင်းစည်သူမင်းကြီးရဲ့ ပြောစကားလိုအသက်ကြီးနေပြီဖြစ်ပေမဲ့ဒီနေ့ထိ မြင်တွေ့နေရတုန်း အမီတာဘချန်းနဲ့Mulk-2018 ရဲ့ မင်းသမီး Tapsee Pannu တို့ နှစ်ယောက်ကို အဓိက မြင်တွေ့ရမှာပါ။\n\n“ဇာတ်လမ်းအကျဉ်း”\nတစ်နှစ်တာ Focus Business Person ဆုကိုရရှိထားတဲ့ စီးပွားရေးလုပ်ငန်းရှင်နိုင်နာဟာ လတ်တလောမှာ လူသတ်မှုတစ်ခုအတွက်သံသယရှိရသူအဖြစ် အကျယ်ချုပ်နဲ့ စောင့်ကြည့်ခံထားရပါတယ်။ဖြစ်ရပ်ကဟိုတယ်အခန်းထဲမှာ သူရယ်၊ ပူနွေးနွေးသတ်ခံထားရတဲ့ အလောင်းတစ်ခုရယ်နဲ့အခန်းဟာ ပိတ်မိနေခဲ့ပါတယ်။ဒါကို နိုင်နာက သူမသတ်ဘူးလို့ ငြင်းဆိုနေတယ်။\nဒီအတွက် သူ့ရှေ့နေ ဂျင်မီဟာ အရမ်းတော်တဲ့ ရှေ့နေ ဂု(ပ်)တာကို ငှားရမ်းခဲ့ပါတယ်။ရှေ့နေ ဂု(ပ်)တာဟာ သိပ်ကို တော်တဲ့ ရှေ့နေတစ်ယောက်ပါ။အမှုမှန်ကို ဖော်ထုတ်တဲ့ နေရာမှာ ကျွမ်းကျင်သူပေါ့။နိုင်နာရဲ့ ထွက်ဆိုချက်အရ”သေဆုံးသူနဲ့ အာဂျွန်းနဲ့ သူနဲ့ကို ဟိုတယ်ကို ချိန်းဆိုပြီစောင့်ခိုင်းပါတယ်တဲ့။ဒါပေမဲ့…ငွေကို လာရောက်မယူဘဲ စာတိုတစ်စောင်ကို ပို့ခဲ့ပါတယ်။ဒါဟာ ထောင်ချောက်တစ်ခုပဲ ဆိုတာ အာဂျွန်းသိနေတော့ ထွက်ပြေးဖို့ကြိုးစားရာမှာနိုင်နာဟာ တစ်စုံတစ်ခုနဲ့ ဦးခေါင်းကို ကိုင်ဆောင့်ခံရပြီးသတိလစ်သွားခဲ့ပါတယ်။ပြန်ပြီး သတိလည်လာတော့ အာဂျွန်းဟာ ငွေတွေကြားမှာသေဆုံးနေခဲ့ပါပြီ” တဲ့။နိုင်နာရဲ့ ထွက်ဆိုချက်ကို ရှေ့နေကြီး ဂု(ပ်)တာကြံဆစဉ်းစားရင်း သဲလွန်စများ လိုက်လံ ဖော်ထုတ်ရာမှာတော့…..။အမှုသည် နိုင်နာနဲ့ ရှေ့နေကြီး ဂု(ပ်)တာတို့ အတူအမှုမှန်ကို ရှာဖွေဖော်ထုတ်ရင်းပရိသတ်တွေကို ဆွဲဆောင်ထားနိုင်ပါတယ်။အချိန်ကာလ သေးသေးလေးမှာတောင်ဇာတ်လမ်းက မျိုးစုံပြောင်းလဲသွားနိုင်တာမို့ဘယ်အခန်းကိုမှ လက်လွတ်မခံဖို့ ပြောချင်ပါတယ်။\n\n”Spoiler Alert“စပိန်ဇာတ်ကားဖြစ်တဲ့The Invisible Guest (2016) ကို ပြန်လည်ရိုက်ကူးထားတာလို့ ဖော်ပြထားပါတယ်။မူရင်းဇာတ်ကားကို ကြည့်ဖူးတဲ့ သူတွေအတွက်တော့စိတ်ဝင်စားမှု အားနည်းသွားနိုင်ပေမဲ့မူရင်းကို မကြည့်ဖူးတဲ့ သူတွေအတွက်တော့အားရစေမိမှာ အမှန်ပါ။တောင်းဆိုချင်တာကတော့မူရင်းဇာတ်ကားကို ကြည့်ဖူးသူတွေအနေနဲ့ မန့်ဘောက်စ်ထဲ spoiler ရေးမသွားဖို့တော့အနူးအညွတ်တောင်းဆိုချင်ပါတယ်ဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ညီအစ်ကိုပါ)","cover":"https://docs.google.com/uc?id=1w59s6ggmtpteTL5zvUAqH5H9-TOrwNse"},{"title":"Made in India (2018)","id":"https://drive.google.com/file/d/1xL8K4bhUG8IKFa0ze_V21-nkC2KtDNMY/view?usp=drivesdk","description":"သာမန်လူတန်းစား တူနှစ်ကိုယ် ဘဝတစ်ခု၊ဒီနေ့ ရှာ ဒီနေ့စားရတဲ့ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ အကြင်လင်မယားနှစ်ယောက် အကြောင်းလေးပေါ့ဗျာ။မိဘတွေနဲ့ အတူနေနေပြီး သားသမီး မရှိသေးတဲ့ သူတို့ နှစ်ယောက်။အိမ်ရှင်မက အိမ်အလုပ်တွေကို တနေကုန်လုပ်ပြီးလင်ယောကျ်ားကတော့ နေ့စဉ် အလုပ်သွားတဲ့ပုဂ္ဂလိက အပ်ချုပ်စက်ဆိုင် ဝန်ထမ်းတစ်ယောက်ပါ။ဒီနေ့မှာ အဆင်ပြေပေမဲ့ မနက်ဖြန် ဘာဖြစ်မလဲ မသိရတဲ့ လူသားတွေမို့အနာဂတ်အတွက် ပြင်ဆင်ထားခြင်း မရှိခဲ့။တနေ့မှာ ဆိုင်ပိုင်ရှင်သားရဲ့ မင်္ဂလာဆောင်ကိုသူတို့မိသားစုတွေ ဖိတ်ကြားခံခဲ့ရပါတယ်။\nမိသားစုတွေ စုံစုံလင်လင်နဲ့ ပွဲကိုရောက်သွားတော့အမြဲအနိုင်ကျင့်တတ်တဲ့ သူတို့သားကခွေးလို သရုပ်ပြခိုင်းပါတယ်။မိသားစုတွေနဲ့အတူ ဇနီးမယားကကိုယ့်ယောကျ်ား ခွေးလို သရုပ်ဆောင်နေရတာကိုမြင်တော့ အရှက်ရပြီး အလုပ်က ထွက်ခိုင်းပါတယ်။ဒီလိုနဲ့ အလုပ်အကိုင် မရှိတဲ့အချိန်…..သူတို့တွေ ပြဿနာကို တစ်ခုကို ရင်ဆိုင်တွေ့ခဲ့ရပါတယ်။ဒီပြဿနာကိုသူတို့ ဘယ်လိုရင်ဆိုင်ကြမလဲ။မုန်းတိုင်းတစ်ခုသာဆိုရင်မုန်တိုင်းပြီးရင် လေပြေလာဦးမှာပေါ့?ဘဝအခြေအနေအရ ကြုံတွေ့ရတဲ့ ပြဿနာတွေကိုဘယ်လို ရင်ဆိုင်ကြမလဲ ဆိုတာကို ခံစားကြည့်ကြပါဦးဗျာ။“အပ်နှင့်အပ်ချည်:အိန္ဒိယတွင်ပြုလုပ်သည်”ဆိုတဲ့ ဇာတ်ကားနာမည်အရသူတို့ကို ပြဿနာတွေထဲက အပ်နဲ့အပ်ချည်ကြိုးကဘယ်လို ဆွဲတင်ကယ်မလဲဆိုတာကိုကြည့်ရှုရင်း သန္တရသနဲ့ အဆုံးသတ်စေမှာပါ။\nသရုပ်ဆောင်တွေကတော့ ဘောလိဝုဒ်မင်းသားချောVarun Dhawan နဲ့သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးချောထဲကAnushka Sharma တို့ကအဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ဘဝသရုပ်ဖော် ဒရာမာဇာတ်လမ်းတစ်ခုမို့ဒရာမာကြိုက်နှစ်သက်သူများ အကြိုက်တွေ့စေမယ့်ဇာတ်ကားတစ်ကားပါ။","cover":"https://docs.google.com/uc?id=1w9NtoL0JoZiyyc5QjUqAXrp1SsxikuXZ"},{"title":"Nota (2018)","id":"https://drive.google.com/file/d/1q8RtI0255jL-E8B_GKCFw9L0q5NbFx_2/view?usp=drivesdk","description":"ဒီမင်းသားရဲ့ ဇာတ်ကားတွေ ကြည့်ဖူးသူတိုင်း ဒီမင်းသားရဲ့ ဇာတ်လမ်းအရွေးတော်တာကို သိပြီး ဖြစ်မှာပါ...\n\nအညွှန်းရေးပေးရင် ပေါ့သွားမှာ စိုးလို့ မရေးပေးတော့ဘူးနော်။","cover":"https://docs.google.com/uc?id=1r7jSU32_nSrJkW7fI8nHL8DMA5we_Sqg"},{"title":"Jab Harry Met Sejal (2017)","id":"https://drive.google.com/file/d/1JsXCwIfO-Hrc9NlhYN0P5EIHlDDcx7ze/view?usp=drivesdk","description":"မင်းသားရှာရွတ်ခန်းနဲ့ မင်း သမီး   အနွတ်ရှ်ကာရှားမားတို့က ခေါင်းဆောင်  ပါဝင်ထားတာဖြစ်ပြီး သူတို့နှစ်ယောက် ပူးတွဲသရုပ်ဆောင်တဲ့ တတိယမြောက်ဇာတ်ကားဖြစ်သလို ပါရာဂွေး၊ အမ်စတာဒမ်၊ ဗီယင်နာ၊ လစ္စ ဘွန်းနဲ့ ဘူဒါပက်စ်က ရှုခင်းအလှ အပတွေကိုပါ  ခံစားကြည့်ရှုရမှာပါ။ဟာရင်ဒါဟယ်ရီဆင်းန်နီ ဟာရာဟာ အမ်စတာဒမ်က ဧည့် လမ်းညွှန်တစ်ယောက်ဖြစ်ပြီး စန်းပွင့်သူ ဖြစ်သလို ခင်မင်တတ်၊ ကူညီတတ်သူတစ်ယောက်ဖြစ်ပါ တယ်။ တစ်ရက်မှာတော့ သူဂိုက်လုပ်ပေးနေတဲ့ ဂူဂျာရာတီမိသားစု ကို လေဆိပ်လိုက်ပို့အပြီးမှာတော့ ပြဿနာလေးတစ်ခု စပါတော့ တယ်။ဂူဂျာရာတီ မိသားစုဝင်တစ် ယောက်ဖြစ်တဲ့ ဆီဂျယ်ဇာဗာရီ ဟာ ခရီးစဉ်မှာ သူ့ရဲ့စေ့စပ်လက် စွပ်ပျောက်သွားလို့ပဲ ဖြစ်ပါတယ်။ လက်စွပ်ပြန်ရှာချင်တဲ့ ဆီဂျယ်ကို ဟယ်ရီက ကူညီပေးဖို့ အင်တင် တင်ဖြစ်နေပေမယ့်လည်း အတူ လိုက်ရှာပေးခဲ့ပါတယ်။\n  ဟယ်ရီဟာဂူဂျာရာတီ မိသားစုကို လိုက်ပို့ခဲ့တဲ့ နေရာ တွေအကုန်လုံးကို ဆီဂျယ်နဲ့အတူ ပြန်သွားပြီး လက်စွပ်လိုက်ရှာခဲ့ ကြပါတယ်။ အဲဒီလိုသွားရင်းနဲ့ ဟယ်ရီဟာ ဆီဂျယ်ကို စိတ်ဝင် စားခဲ့ပေမယ့် စေ့စပ်လက်စွပ်ရှိ နေတာမို့ ပိုင်ရှင်ရှိနေတယ်ဆိုပြီး ဖွင့်မပြောခဲ့ပါဘူး။နောက်တော့ လက်စွပ်ကို ဂက်စ်ဆိုတဲ့ လူဆိုးတစ်ယောက် က ခိုးယူသွားတယ်လို့ ယူဆပြီး ဂက်စ်ဆီမှာ လက်စွပ်ပြန်တောင်း ရင်း လူဆိုးအဖွဲ့တွေရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရပါတယ်။ ဟယ်ရီဒဏ် ရာရသွားတဲ့အတွက် ဆီဂျယ်က သူ့အိတ်ထဲကဆေး သွားယူရင်း လက်စွပ်က အိတ်ထဲမှာရှိနေတာ တွေ့ခဲ့ပြီး ဟယ်ရီကိုတော့ လက် စွပ်ပြန်တွေ့တဲ့အကြောင်း မပြော ခဲ့ပါဘူး။နောက်ရက်မှာတော့ ဖရန့်စ် ဖတ်မှာလုပ်မယ့် ဟယ်ရီ့သူငယ် ချင်း မင်္ဂလာဆောင်ကို ဟယ်ရီနဲ့ ဆီဂျယ်အတူ သွားခဲ့ကြပြီး မင်္ဂလာပွဲအပြီးမှာ အချေအတင်တစ်ခုဖြစ် ကြကာ ဆီဂျယ်အိန္ဒိယကို ပြန်သွားခဲ့ပါတယ်။ လေဆိပ်ကိုရောက် တော့မှ ဆီဂျယ်က သူ့လက်စွပ်က အိတ်ထဲမှာ အထားမှားပြီး ပျောက်နေတာဖြစ်တယ်လို့ ဟယ်ရီကို အသိပေးခဲ့ပါတယ်။ဒီလိုနဲ့ ဆီဂျယ်လည်း အိန္ဒိယကို ပြန်သွားပြီး  ဟယ်ရီလည်း သူ့အလုပ်သူ   ပြန်လုပ်နေပေမယ့် ဆီဂျယ်ကို မေတ္တာရှိနေတာ ကြောင့် တစ်ချိန်လုံး သတိရနေ သလို ဆီဂျယ်ရဲ့ မင်္ဂလာပွဲသွား မယ်ဆိုပြီး ဟယ်ရီတစ်ယောက် အိန္ဒိယကို လိုက်သွားခဲ့ပါတယ်။ ဆီဂျယ်က  အိန္ဒိယမှာ တကယ်ကော မင်္ဂလာဆောင်ဖြစ် ရဲ့လား။ ဟယ်ရီကကော ဆီဂျယ် အပေါ် မေတ္တာရှိနေတဲ့အကြောင်း ပြောဖို့ အခွင့်ကြုံပါ့မလား။ သူတို့ နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်း က ဘယ်လိုပုံစံနဲ့ အဆုံးသတ်မလဲ ဆိုတာတော့ ရုပ်ရှင်ပိတ်ကားပေါ် မှာ ကိုယ်တိုင်ကြည့်လိုက်ကြပါ။","cover":"https://docs.google.com/uc?id=1ovMSIkjgbDLmt8l_WBKZjnrxJCc7VsQf"},{"title":"Har Dil Jo Pyar Karega (2000)","id":"https://drive.google.com/file/d/1ufjP2F3xClDM1KUSlk0KI3kJSPKcBBI5/view?usp=drivesdk","description":"IMDb 5.2/10\nComedy , Drama , Musical\n\nရာ့ဂျ်ဆိုတဲ့ ကောင်လေးတစ်ယောက် အဆိုတော်ဖြစ်ရမယ် စိတ်ကူးကြီးနဲ့ မွမ်ဘိုင်းကို ရောက်လာကာ သူ့ဘဝအလှည့်အပြောင်းကို စောင့်နေချိန်မှာ သတို့သမီးဝတ်စုံနဲ့ ကောင်မလေးတစ်ယောက်ကို ကယ်ဆယ်မိရာ သူ့မိသားစုက သူ့ကို ကောင်မလေးရဲ့ချစ်သူ ရည်းစား ရိုမီထင်ကာ အတင်း ကျေးဇူးတင်နေရာ အစပိုင်းမှာ သူငြင်းသော်လည်း သူ့စိတ်ကူးအိပ်မက်အောင်မြင်ရာလည်းရောက် သူတို့မိသားစုကို ကူညီရာလည်းရောက်ဆိုပြီး ဆက်လက်၍ ရိုမီဟန်ဆောင်ခဲ့သော်လည်း စာရင်းကိုင်ကြီးရဲ့သမီး ဂျန်ဗီနဲ့ ချစ်ကြိုက်မိသွားလေရာ ဘယ်လိုတွေ ဆက်ဖြစ်မလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုကြည့်ကြပါခင်ဗျာ..","cover":"https://docs.google.com/uc?id=1p1ZBR5Tr4er1ALkFDJPWj3m7z7BTot4d"},{"title":"Maine Pyar Kiya (1989)","id":"https://drive.google.com/file/d/1GHcLmh594NhqomjQCIQen_y_3JDWpDUB/view?usp=drivesdk","description":"Imdb Rating 7.3/10\n\nSalman Khan နှင့်\nBhagyashree Patwardhan တို့ရဲ့ ပထမဆုံး ဇတ်ကားဖြစ်ပြီး\n သရုပ်ဆောင်မင်းသား မင်းသမီးသစ်တွေအဖြစ် ပွဲးဦးထွက် ပါဝင်ခဲ့သော ကားပါပဲ\nအချစ်ကားကိုမှ ဒရာမဆန်ဆန်ကြည့်ရှု့လိုသူတွေ နှစ်သက်မဲ့ဇတ်ကားကောင်းဖြစ်ပါတယ်။","cover":"https://docs.google.com/uc?id=1oynao0E7is-kJWQcnnfKUL0nq09wHFgI"},{"title":"Angrezi Medium (2020)","id":"https://drive.google.com/file/d/10SxESG6u7p7C0ppCekpCSBQ3BRjakE8l/view?usp=drivesdk","description":"2h 25min | Comedy, Drama\nIMDB 7.8 / 10\n\nတစ်ခါမိတ်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ ဖခင်တစ်ယောက်ရဲ့မေတ္တာကိုအဓိကထားပုံဖော်ထားတဲ့ဇာတ်လမ်းလေးပါ\n\nတာရီကာဆိုတဲ့ကောင်မလေးက ငယ်ငယ်တည်းကနိုင်ငံခြားမှာပညာသင်ချင်တဲ့အိပ်မက်ရှိတယ် \n\nသူ့ အဖေက သူ့သမီး အိပ်မက်အကောင်ထည်ဖို့ လန်ဒန်ကိုပို့ပေးဖို့ စုထားတဲ့ငွေတွေကို မကောင်းတဲ့သူငယ်ချင်းတစ်ယောက်က လိမ်သွားတဲ့နောက်မှာတော့.....\n\nသူ့သမီးကျောင်း၀င်ခွင့်ရအောင်နည်းလမ်းမျိုးစုံနဲ့ ပိုက်ဆံရှာပြီး ဘယ်လိုကြိုးစားမလဲဆိုတာ စိတ်၀င်စားဖွယ်ကြည့်ရှုရမှာပါ \n\nသားသမီးတွေကို တစ်ခါတစ်လေ ချုပ်ချယ်ထားတာမျိုးကချစ်ရာမရောက်ပါဘူး \n\nသူတို့ကိုလွတ်လပ်ခွင့်ပေးလိုက်တာကမှသူတို့ဘ၀ကိုသူတို့ကိုယ်တိုင်ရပ်တည်နိုင်မှာပါ \n\nခုခေတ်မိဘတွေအနေနဲ့လည်းသားသမီးတွေကို သူတို့အိပ်မက်တွေကိုအကောင်ဖော်ခွင့်ရအောင်အားပေးသင့်တယ်","cover":"https://docs.google.com/uc?id=1iMu4SWLvR7x-dPHAAO0BCWk6uZ86oC5n"},{"title":"Mujrim Na Kehna (2019)","id":"https://drive.google.com/file/d/1LOkj6OcrENjpgr2UbxNu5RmE-nex7Pwe/view?usp=drivesdk","description":"IMDb 7/10 Action. Romance\n\nမိတ်ဆွေများအတွက် သဲထိတ်ရင်ဖိုအက်ရှင် ဇာတ်ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ဗျ \n\nဇာတ်ကားအညွန်းအကျဉ်း…\n\nအရမ်းချစ်မိတဲ့ ချစ်သူကောင်မလေးနဲ့ သူ့ မိသားစုကို လူ တစ်စုက လိုက်လံသတ်ဖြတ်ရာမှ …\n\nမိမိ အသက် အန္တရာယ်ကိုပါ ထိပါးခြိန်းခြောက်သောအခါ…\n\nအဲလူမိုက်တွေကိုကော နောက်ကွယ်က ကြိုးကိုင် စေခိုင်းသူတွေကိုပါ လိုက်သတ်ရတဲ့ အကြောင်းအရင်းကို…\n\nလူငယ်ဖိုက်က ဘယ်လို ဖော်ထုတ် လက်တုံ့ပြန်မလဲ ဆိုတာတော့…","cover":"https://docs.google.com/uc?id=1iHbEMEIw5USW3KUysL--jFasdkEunP_v"},{"title":"Trance (2020)","id":"https://drive.google.com/file/d/1UFAgYUpNNh_vGJkEQGQ9yqXVECmnJAa5/view?usp=drivesdk","description":"အညွှန်း\nကတော့...\n...\n...\n...\n...\n...","cover":"https://docs.google.com/uc?id=1iQRutngSKeuVhKyh6vuIaYAyyb0Xv4KG"},{"title":"Uri: The Surgical Strike (2019)","id":"https://drive.google.com/file/d/1nJg9WVgLlfIMZgcekBUMvjSI6JlTqNqZ/view?usp=drivesdk","description":"“ဇာတ်လမ်းအကျဉ်း”” အိန္ဒိယ နိုင်ငံ အဓွန့်ရှည် တည်မြဲပါစေ\nအိန္ဒိယ နိုင်ငံ အဓွန့်ရှည် တည်မြဲပါစေ “အသံတွေဟာ အရောင်မဲ့လည်း ခွန်အားပါလွန်းသည် ။ အထူးတပ်ဖွဲ့မို့လည်း ဗျုဟာ ကျွမ်းလှသည်။ သတ္တိရေးရာမှာ မကြောင်သလို ဉာဏ မှာလည်း မညံ့။ယောကျ်ား ဘာသား ဟူ၍ တဇွတ်ထိုးထိုးစစ်မဆင်။ စစ်ချီအား အလုံးအရင်း မသုံး။သို့သော် တိုးတက်သော နည်းပညာအပေါ် စနစ်ကျကျ အသုံးချသည်။တိုက်လည်းတိုက်ရဲသလိုသေလည်း သေရဲ သော တပ်ဖွဲ့ဖြစ်သည်။ဤ အထူး တပ်ဖွဲ့ အား ဦးဆောင်သူကတော့ ကပ္ပတိန် ဗီဟန် ။ဗီဟန် ဟာ ရဲစွမ်း သတ္တိိရှိသူ တစ်ယောက်။ တိုက်ပွဲ အတွေ့အကြုံ အရ လည်း အောင်ပွဲတွေ အလီလီ။သို့သော် ဗီဟန် ရဲ့ ဒုက္ခကလည်း မသေးလှ ။ အမေဖြစ်သူက အယ်လ်ဇိုင်းမား ရောဂါ ဖြစ်ပွားနေပြီး ယောက်ဖဖြစ်သူမှာလည်း စစ်သွေးကြွေတို့ ခြုံခိုတိုက်ခိုက်မှုဗကြာင့် သေဆုံးခဲ့ရသည်။ထို စစ်သွေးကြွတို့သည် အိန္ဒိယ နှင့် ပါကစ္စတန် နယ်စပ်ကြား တပ်အား အလစ် ဝင်ပြီး တိုက်ခိုက်ခဲ့ကြသည်။ထို 2015 အခြင်းအရာသည် 2016 Uri : the surgical strike စစ်ဆင်ရေး၏ အခြေခံ အကြောင်းတရားဖြစ်လေတော့သည်။\n—————————————————ဇာတ်လမ်းတစ်ခု တိုက်ပွဲတစ်ခုကို သဏ္ဍာန်လုပ် သရုပ်တူစေဖို့တိုက်ပွဲသရုပ်ဖော်ချက်တွေနဲ့ နောက်ခံတီးလုံးတွေဟာအရမ်းကောင်းမွန်နေတာကို ခံစားမိပါတယ်။အပစ်အခတ်တွေမှာလည်း ရိုက်ချက်တွေဟာပီပြင်လှပြီး တကယ့်စစ်ပွဲထဲ ရောက်နေသလို ခံစားမိပါတယ်။မင်းသားတွေကို မြင်မြင်ချင်း လူတိုင်းကြိုက်ခဲ့ရတဲ့ Sanju (2018) ထဲမှာဆန်ဂျူးရဲ့ အချစ်ဆုံးသူငယ်ချင်း ကင်မလီအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Vicky Kaushal နဲ့ဆန်ဂျူးရဲ့ အဖေ ဆူနေးဒတ်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Paresh Rawal တို့နဲ့ အတူတပ်မတော်အရာရှိတွေအဖြစ်နဲ့ မင်းသမီးချောချောလေးတွေဟာ ဇာတ်လမ်းထဲ မြိုင်ဆိုင်နေမှာပါ။ဘာသာပြန်ဆိုထားတဲ့သူတွေကတော့Sanju(2018)မှာ ပြန်ဆိုခဲ့ကြတဲ့ကိုဇော်ထူးနဲ့ ညီညီကိုးပါ။ဇာတ်လမ်းအကျဉ်းကို ကိုလင်းခယံဆီမှ ကူးယူဖော်ပြပြီးဘာသာပြန်ဆိုသူတို့မှ ကျန်အချက်အလက်များကိုထပ်လောင်းပေါင်းထည့်ထားပါတယ်။ဇာတ်ကားက သမိုင်းကြောင်းဖြစ်တာမို့ကြည့်ရှုသူများ နားလည်စေရန်သမိုင်းအချက်အအလက်များနဲ့ စစ်တပ်သုံး အတိုကောက်စာလုံးတွေကို အကျယ်တဝင့် ရှင်းလင်းချက်တွေကိုစေတနာနဲ့ ထပ်ဖြည့်ပေးထားပါတယ်။","cover":"https://docs.google.com/uc?id=1ewXldMsVVAfcmmX9t9uYOVHNKqBGxba3"},{"title":"Baazaar (2018)","id":"https://drive.google.com/file/d/1it-LDfXtCfo8Au8FhlzqEpqbYrRUd19S/view?usp=drivesdk","description":"Baazaar ဆိုတာ အိန္ဒိယအခေါ်အရ ဈေး ၊ ဈေးကွက်ပေါ့….ဟုတ်ပါတယ်ဈေးဆိုတဲ့အတိုင်း ရောင်းသူရှိမယ် ဝယ်သူရှိမယ်ဈေးအပြိုင်တင်တာ ချတာတွေ အပြင်ရောင်းသူ ဝယ်သူနှစ်ဦးကြားက ပင်မဦးတည်ရာ အရှုံးနဲ့အမြတ်ဆိုတာလည်း ရှိမှာပေါ့….ဒီဇာတ်ကားကြည့်ပြီးတော့ တွေးစရာတွေက ခေါင်းထဲမှာ အစပေါင်းများစွာ ထွက်လာတယ်…\nဘဝသရုပ်ဖော်လို့ပြောရမလားစီးပွားရေးလောက အကြောင်း ၊ စတော့ရှယ်ယာဈေးကွက်အကြောင်းလားဒါမှမဟုတ် ကြီးပွားချမ်းသာချင်တဲ့ လူငယ်လေးတစ်ယောက်အကြောင်းပဲလား…ကိုယ်လိုချင်သလို ယူလို့ရပေမယ့်ကျွန်တော့်အတွက်က ရသစုံ ပါဝင်နေတဲ့ ဟင်းလေးအိုးကြီးတစ်ခုလိုပါပဲ….ဟိုးငယ်စဉ်ကတည်းက ဘဝကို ချို့ချို့တဲ့တဲ့ နေလာခဲ့ရတဲ့ရှာကွန်းကိုသာရီ…..မိဘရဲ့လောင်းရိပ်အောက်ကနေ ထိုးထွက်ပြီးအလင်းရောင်ရှိမယ်ထင်တဲ့ မွန်ဘိုင်းမှာ အခြေချပြီးဘဝကို တက်လမ်းရှာချင်နေသူ လူငယ်လေး ရီဇ်ဝမ်အာမက်….မြို့ပြရဲ့လူနေမှုစရိုက်တွေကြားမှာသိက္ခာနဲ့ငွေကို အလဲအထပ်လုပ်နေမိတဲ့ မိန်းကလေး ပရီယာရိုင်း…ဒီဇာတ်ကောင် သုံးခုက ဒီဇာတ်လမ်းရဲ့ပင်စည်ဆိုရင်ပြိုင်ဘက်ကုမဏီအုပ်စုတွေ ၊ သူတို့မိသားစုတွေအကြောင်းနဲ့စတော့ရှယ်ယာဈေးကွက်အကြောင်းတွေက ဒီဇာတ်လမ်းရဲ့အကိုင်းအခက်တွေလို့ပြောရမှာပါ….ကျွန်တော်ဒီလောက်ပဲ ညွှန်းပါရစေ….၂၀၁၈ ခုနှစ်ထွက် ဘောလိဝုဒ်ကားတွေထဲမှာဒီကားဟာ မကြည့်မဖြစ် ကြည့်သင့်တဲ့ကားစာရင်းမှာပါတယ်လို့ပြောရင်တောင် လွန်မယ် မထင်ပါဘူး ခင်ဗျာ။","cover":"https://docs.google.com/uc?id=1fFwJLpRfg3j5zg3wkGFhO59cwdiweflf"},{"title":"Force (2011)","id":"https://drive.google.com/file/d/1Dl5t7dEf6GcXmnZBgS5eUwIuslVqwC_W/view?usp=drivesdk","description":"Bollywood ပရိတ်သတ်တွေအတွက် Bollywood ရဲ့ အက်ရှင်မင်းသားကြီး ဂျွန်အေဗရာဟင်ရဲ့ အလန်းစားရုပ်ရှင်တကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဘယ်လောက်လန်းလဲဆို IMDB မှာ 6.3 နဲ့ Rotten Tomatoes မှာ100% အပြည့်ပါပဲ့့ ACP ရာက်ရှ်ဗါဒန်ဟာ မူးယစ်နှိမ်နှင်းရေးရဲအရာရှိတစ်ဦးဖြစ်ပြီး မူးယစ်ဂိုဏ်းအများစုကိုဖမ်းစီးဖို့ကြိုးစားနေသူတဦးပါ။ တနေ့မှာ အာရ်ဗင်ဆိုတယ့် လူတစ်ဦးရဲ့ သတင်ပေးမှု့နဲ့ မွန်ဘိုင်းမြို့က အဓိက မူးယစ်ဂိုဏ်းလေးဂိုဏ်းကို အပြီးနှိမ်နှင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အာရ်ဗင်ကလည်း မူးယစ်ရာဇာတစ်ဦးဖြစ်တယ့် ဗစ်ရှ်နူးရဲ့ အစီအစဉ်အတိုင်း တခြားဂိုဏ်းတွေအပြီးရှင်းသွားဖို့အကြံပါ့... တခြားဂိုဏ်းတွေ အကုန်ရှင်းသွားတယ့်အတွက် ဗစ်ရှ်နူးက ဈေးကွက်ကိုအဓိကချုပ်ကိုင်လာပါတော့တယ်။ ဒီအခိျန်မှာတော့ ACP ရာက်ရှ်ဗါဒန် နဲ့ ဗရှ်နူးထိပ်တိုက်တွေ့ဖို့ ဖြစ်လာပါတော့တယ်။ တချို့တချို့သော ဘောလီဝုဒ် ကားတွေလို လေပေါ်ဝဲအခန်းတွေလုံးဝမပါပဲ အလန်းစားအက်ရှင်တွေနဲ့တင်ဆက်ထားတယ့် ကားကောင်းတကားပဲ... ACP ရာရှ်ဗါဒန်နေရာမှာ ဘောဒီတောင့်တောင့်မင်းသား ဂျွန်အေဗရာဟင်မ်က ပါဝင်ထားပြီး အဓိက ဗီလိန် ဗစ်ရှ်နူးနေရာမှာတော့ Commando ဇာတ်ကားထဲမှာ အက်ရှင်အလန်းစားတွေနဲ့ ပရိတ်သတ်အကြေိုက်တွေ့စေခဲ့တယ့် မင်းသား ဗီရွတ်ဂျမာဝလ်ကပါဝင်ထားပါတယ်။ အက်ရှင်ကြိုက်ပရိတ်သတ်တွေအတွက် လက်အလွတ်မခံသင့်တယ့် ဇာတ်ကားကောင်းတကားပဲ ဖြစ်ပါတယ်ခင်ဗျာ။ #တချို့ချို့အသုံးနှုန်းတွေက မှု့ခင်း/မူးယစ်ဆေးဝါးနဲ့ဆိုင်တာတွေပါတာကြောင့် ဘာသာပြန်လိုအပ်ချက်ရှိပါက ကြိုတင်တောင်းပန်အပ်ပါသည်။","cover":"https://docs.google.com/uc?id=1eeFUA0f606LfABaX0gvmI7eCCsxYL6jo"},{"title":"Force 2 (2016)","id":"https://drive.google.com/file/d/1eszNcID3rTToIxXrNpy5YaKbsnaP_vZx/view?usp=drivesdk","description":"ဒီဇာတ်ကားဟာ Force ပြီးလို့နောက်ငါးနှစ်ကြာမှ ထွက်ခဲ့တာဆိုပေမယ့် အောင်မြင်မှု့အနေနဲ့IMDB 6.5/10 နဲ့ RT90% အထိရရှိထား ပါတယ်။ အထူးသဖြင့် အက်ရှင်ခန်းတွေဟာ ဘောလီဝုဒ်ကားဆိုပေမယ့် ဟော်လီးဝုဒ်ကို တင်ဆက်ထားပါတယ်။ ဇာတ်လမ်းကတော့ တရုတ်နိုင်ငံမှာ အိန္ဒိယတွက် သူလျှိုလုပ်ပေးနေတယ့် RAW အေးဂျင့်တွေကို တစုံတယောက်ရဲ့ သတင်းပေးမှု့ကြောင့် တရုတ်အစိုးရက သိခဲ့ပြီး အေးဂျင့်တွေကို လိုက်လံနှိမ်နင်းပါတော့တယ့် ဒီအေးဂျင့်တွေထဲမှာ ရဲဝန်ထမ်း ရက်ရှ်ဗါဒန် ငယ်သူငယ်ချင်း ဟရေ့ရှ်လည်းပါဝင်နေပါတယ်။့ ဟရေ့ရှ်က သူ့သူငယ်ချင်းစီကို စာအုပ်တအုပ်ကနေတဆင့် သတင်းပေးကို ဖော်ထုတ်ပြီး အကြောင်းကြားခဲ့ပါတယ်။ ဒီအချိန်မှာတော့ ရာရှ်ဗါဒန်အနေဲ့ သူငယ်ချင်းရဲ့ ကိစ္စကို ကိုယ်တိုင်ဝင်ပါဖြေရှင်းဖို့ဖြစ်လာရပါတော့တယ်။ ဒီဇာတ်ကားဟာလည်း Mystery / Crime အမျိုးအစားဖြစ်သလို တကားလုံးကို လှည့်ကွက်အပြည့်နဲ့ အချိန်ပေးရတာ တန်တယ့် ဇာတ်ကားကောင်းတကားပဲဖြစ်ပါတယ်။ အားလုံးပဲ လက်အလွတ်မခံပါနဲ့လို့ပဲ ထပ်ပြောချင်ပါတယ်။","cover":"https://docs.google.com/uc?id=1euYDnbN-dQTfIsCCzmTl68TQnxD4231U"},{"title":"Ik Sandhu Hunda Si (2020)","id":"https://drive.google.com/file/d/1m8tEX6b-FW9DWgtICH1LnG-gXEkzqBj3/view?usp=drivesdk","description":"ပန်ဂျက်တက္ကသိုလ်မှာ နာမည်ကြီးကျောင်းသားတစ်ယောက်ရှိတယ်။ အဲဒီကျောင်းသားကြီးက ရိုးသားဖြောင့်မတ်ပြီး မဟုတ်မခံတဲ့စိတ်လေးရှိသတဲ့။ ပြီးတော့ တစ်ခုခုဖြစ်ပြီဆိုလည်းလက်သီးနဲ့ပဲရှင်းတာများတယ်။ ဒဲ့ပဲရှင်းတတ်တာပေါ့။ ဒါကြောင့် တက္ကသိုလ်ထဲမှာက သူ့ကိုချစ်ကြတဲ့သူတွေများသလို၊ ကြည့်မရတဲ့သူနဲ့ မုန်းတဲ့သူတွေလည်းရှိတယ်။ ပြီးတော့ သူကမိန်းကလေးတွေကိုဆိုလည်း မျက်နှာချင်းတောင်ဆုံအောင်မကြည့်ဖူးတဲ့အထိ မကိစ္စနဲ့ပတ်သက်ရင် ကင်းရှင်းတယ်လို့ဆိုကြသေးတယ်။ အဲဒီကျောင်းသားကြီးရဲ့နာမည်ကတော့ ဆန်ဒူတဲ့။ ပြောခဲ့သလိုပဲ ဆန်ဒူကမဟုတ်မမှန်တာတွေကို သည်းခံလေ့ရှိတာမဟုတ်တော့ မျက်စိထဲကန့်လန့်ဖြစ်နေတာတွေ လိုက်ဖြေရှင်းရင်းတစ်နေ့မှာ မဒီချောချောလေးတစ်ဦးနဲ့ အကြည့်ချင်းဆုံဖို့အကြောင်းဖန်လာပါလေရော။ လူကလည်း မလွယ်ဘူးရယ်။ တစ်ခါလေးအကြောင်းဖန်တာနဲ့ မဒီလေးကို ရအောင်လိုက်ပါလေရော။ တစ်ဖက်မှာလည်း ကျောင်းမှာဖြစ်နေတဲ့အကျင့်ပျက်ခြစားမှုတွေကြောင့် ခေါင်းဆောင်ရွေးပွဲမှာလူသစ်တင်ဖို့ သူ့သူငယ်ချင်းကို ကိုယ်စားလှယ်နေရာဝင်ခိုင်းလိုက်ရာကနေ တစ်ဖက်က အဖွဲ့နဲ့လည်းကတောက်ကဆဖြစ်ဖို့ အကြောင်းလည်း ဖန်လာပါတယ်။ ပြီးတော့ ဆန်ဒူကြွေဆင်းသွားတဲ့ မဒီလေးနဲ့ သူ့ပြိုင်ဘက်ခြစားအဖွဲ့ခေါင်းဆောင်နဲ့က ဆွေရိပ်မျိုးရိပ်မကင်း သားအဖတော်စပ်ကြသေးတယ်တဲ့။ ဒီတော့ ဆန်ဒူတစ်ယောက် ကောင်မလေးနဲ့ရှေ့ဆက်အဆင်ပြေပါ့မလား။ တစ်ဖက်ကပြိုက်ဘက်နဲ့ကရော ဘယ်လိုတင်းမာမှုတွေနဲ့ဘယ်လိုတွေဖြစ်ကြမလဲ၊ ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲဆိုတာကိုတော့… အိန္ဒိယကားတို့ ထုံးစံအတိုင်း သီချင်းတွေ၊ အကတွေ၊ လွင့်စင်ထွက်လောက်တဲ့ ဖိုက်တင်ပလေးတွေကိုလည်း ကြည့်ရှုခံစားကြရမှာပါ။ ပြီးတော့ Action,Drama type ကိုမှ Comedy ဟာသလေးတွေလည်း နှောထားတာမို့ တစ်ကားလုံးမပျင်းမရိဘဲကြည့်ကြရမှာပါ။","cover":"https://docs.google.com/uc?id=1fEM2TLfPm97ZHOUvkELO_fyOZlQj9wt7"},{"title":"Jab Tak Hai Jaan (2012)","id":"https://drive.google.com/file/d/1IWBSo5vnsoXqd3v-kNiOkUJ84fpaf9fb/view?usp=drivesdk","description":"ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဒါရိုက်တာကြီး Yash Chopra ရိုက်ကူးထားတဲ့\nဆုပေါင်း ၁၅ ဆုတိတိ ရရှိထားပြီး ဝင်ငွေတွေလဲအရမ်းကောင်းခဲ့တဲ့\nအချစ်ဒရမ်မာကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။\nKing of Romance, King of Bollywood လို့ အများက\nတင်စားခေါ်ဝေါ်ကြတဲ့ ဒိတ်ဒိတ်ကြဲမင်းသားကြီး ရှရွတ်ခန်းနဲ့ အတူ\nအလှဘုရင်မလို့ ပြောရလောက်အောင် နုနုရွရွလေးနဲ့ လှပတဲ့\nကတ်သရီနာကတ်ဖ် ရယ် သရုပ်ဆောင်အရမ်းပီပြင်တဲ့ မင်းသမီးချော\nအနူရှကာရှာမား တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။\nကဲ အညွှန်းလေးဖတ်ကြည့်လိုက်ရအောင်..\n\nဆမား အနန်းဟာ လန်ဒန်မြို့က အလုပ်ကြိုးစားတဲ့ ရွှေ့ပြောင်းအလုပ်သမားဖြစ်ပြီး သူ့ဘ၀ရဲ့ အချစ်ဖြစ်လာမယ့်\nနတ်သမီးလေးလို လှတဲ့ မီရာ နဲ့ မကြာခဏတွေ့ဆုံမှုလေးတွေကနေ အချစ်ဖြစ်ပေါ်လာခဲ့ပါတယ်။\nဇာတ်လမ်းလေးမစခင် မှာ အဆုံးသတ်သွားရတဲ့ အကြောင်းကတော့\nမီရာဟာ ဘုရားသခင်ကို စူးစူးနစ်နစ်ယုံကြည်သူဖြစ်ပြီး ဘုရားသခင်နဲ့ ကတိတွေ အပေးအယူတွေ လုပ်လေ့ရှိပါတယ်။\nတစ်နေ့မှာ ဆမား မတော်တဆမှုတစ်ခုနဲ့ သေရေး ရှင်ရေး ကြုံနေရချိန်မှာ စိတ်ဖိစီးနေတဲ့ မီရာဟာ ဘုရားသခင်နဲ့ အပေးအယူတစ်ခုလုပ်ခဲ့ပါတယ်။\nအဲ့ဒါကတော့ ဆမားကိုသာ အသက်ရှင်ခွင့်ပေးမယ်ဆိုရင် ဆမားနဲ့သူ တစ်သက်လုံးဝေးဝေးနေပါ့မယ်ဆိုတာပါ။\nမီရာ့ရဲ့ တစ်ဇွတ်ထိုးဆုံးဖြတ်ချက်ကို စိတ်နာသွားတဲ့ ဆမားဟာ ဘုရားသခင်ကိုစိန်ခေါ်ခဲ့ပါတယ်။\nသူတို့နှစ်ယောက်ဝေးဝေးနေတိုင်းသာ တကယ် အသက်ရှင်ရကြေးဆို သေခြင်းရဲ့ နူတ်ခမ်း၀ကို နေ့တိုင်း ခုန်ဆင်းပြမယ်ဆိုပြီးတော့\nဗုံးတွေကိုအသက်မဲ့အန္တရာယ်ကင်းအောင်လုပ်တဲ့ တပ်ဖွဲ့မှာ အကာအကွယ်မယူပဲ လုပ်ငန်းဆောင်ရွက်တတ်တဲ့ မသေနိုင်တဲ့သူတစ်ယောက်ဆိုပြီး\nနာမည်ကြီးလာခဲ့ပါတော့တယ်။\nအဲ့ဒီမှာ ဆမားရဲ့ဘ၀ကို ၀င်ရောက်လာတော့ ကောင်မလေးတစ်ယောက်ကတော့ သူ့အကြောင်းကိုစိတ်၀င်တစား မှတ်တမ်းတင်ရုပ်ရှင်ရိုက်ချင်တဲ့\nသတင်းထောက်မလေး အကီရာပါပဲ။ မီရာရဲ့ ရှေးရိုးစွဲ အယူသီးမှုဟာ တကယ်မှန်နေခဲ့တာလား။\nဆမား ကိုယ်တိုင်ရော သူ့စိန်ခေါ်မှုမှာ သူအနိုင်ရမှာလား။ အကီရာ တစ်ယောက်၀င်ရောက်လာတဲ့အခါ\nသူတို့ သုံးပွင့်ဆိုင်ဇာတ်လမ်းလေး ဘာဆက်ဖြစ်မလဲဆိုတာ……","cover":"https://docs.google.com/uc?id=1eh14D3Pyb_8KHB9MpiYDdQoGkkHFtGcn"},{"title":"Natsamrat (2016)","id":"https://drive.google.com/file/d/1IT9UZJfEJWHNxUEHfnjoWd3Ewb4Tjfoh/view?usp=drivesdk","description":"ကုလားကားကြိုက်သူတွေအတွက် Rating မြင့် ပညာပေးကားကြီးလာပါပြီဗျား…ဘဝဆိုတာ တိုတောင်းပါတယ်။\nဒီတိုတောင်းပါတယ်ဆိုတဲ့ ဘဝထဲမှာပဲ\nအချိန်တွေဆိုတာ တိုင်းတာရအတော်ခက်ပါတယ်။\nဘဝတွေမှာ တည်ဆောက်သမျှ အရာရာဟာ ခိုင်မာလာဖို့\nအချိန်သာလိုကြောင်း သိရှိခဲ့ပြီးတဲ့နောက်မှာလည်း\nအရာရာဟာ ဝေးလွင့််ပျက်ပြယ်ခြင်းအလို့ငှါ\nအချိန်ကိုသာပဲ လိုလေကြောင်းလည်း နားလည်ခဲ့ရတယ်။\nဒီဇာတ်လမ်းလေးက တစ်ဘဝလုံးတည်ဆောက်ခဲ့သမျှကို\nသားသမီးတွေကို မျက်ကန်းယုံမှတ်ခဲ့လို့….\nထင်ပေါ်ကျော်ကြားခဲ့ပါတဲ့ ပြဇာတ်တို့ရဲ့ဘုရင် ဘဝကနေ\nသူတောင်းစားသာသာ ဘဝရောက်သွားခဲ့တဲ့\nလူတစ်ယောက်အကြောင်းပါ။ဒီအဖြစ်အပျက်ကလေးက ဟိုးငယ်ငယ်တုန်းက\nကုဋ္ဌေရှစ်ဆယ်သူဋ္ဌေးဘဝကနေ\nသူတောင်းစားဖြစ်သွားခဲ့ကောင်လေးလိုပါပဲ။\nသို့ပေမဲ့ ဒီလူကတော့ အဖေတစ်ယောက်ပေါ့။\nထပ်ပေါင်းပြောရရင် လူကောင်းတစ်ယောက်ပေါ့။\nလူတွေရဲ့ ပေတံတွေမှာ ခင်ဗျားရဲ့ တကယ့်စိတ်က\nဘယ်လိုပဲကောင်းမွန်နေပါစေ….\nအပြောအဆို အပြုအမူ ရုပ်ဟန်တွေဟာ\nအပေါ်ယံတွေပါဆိုဆိုကြလည်း ဒီလိုအရာတွေနဲ့\nလူတွေက ခင်ဗျားကို တိုင်းတာကြမှာပါပဲ။\nအဝေးကြီးမတွေးပါနဲ့…ခင်ဗျားရဲ့မိဘ\nခင်ဗျားရဲ့သားသမီး ခင်ဗျားရဲ့ချစ်သူတွေကတောင်\nဒီပေတံနဲ့ပဲ တိုင်းတာကြဦးမှာပါ။\nဒီဇာတ်လမ်းက အဲ့ဒီလိုအတိုင်းတာခံခဲ့ရတဲ့\nလူတစ်ယောက်အကြောင်းဆိုလည်း ဟုတ်ပါတယ်။\nအဖေတစ်ယောက် အဘိုးတစ်ယောက်ရဲ့ ဆန်ရေတို့\nအကြောင်းကို မိဘမဖြစ်ဖူးတဲ့ ကျွန်တော်သိပ်လည်း\nမပြောပြတတ်ပါဘူး။ သူ့စိတ်သဘောကို\nကျွန်တော် ခံစားရသလိုရေးချပြရမယ်ဆိုရင်တော့…\n” ပေးအပ်ရန် တစ်စုံတစ်ရာမရှိပါကလည်း\nမရှိခြင်းကို ပေးအပ်ချင်ပါသေး၏။\nခံယူသူ အလို့ငှါ ဘယ်သို့ဘယ်ပုံ သေးငယ်မည်နည်းကို\nကျွန်တော် မသိတတ်နိုင်ပါ။\nကျွန်တော့်ကမ္ဘာ၏ ဆယ်ဖို့တစ်ဖို့ကိုသာ နေ့ဖို့ညစာ ချန်ခဲ့ပါ၏။”\nလို့ပဲ ဆိုရမည်ပေါ့။\nကမ္ဘာပေါ်မှာ ဖြစ်ပျက်နေကြ မိဘနဲ့သားသမီးကြားက\nအရိုးရှင်းဆုံးအဖြစ်အပျက်တွေကိုပဲ…\nအနက်ရှိုင်းဆုံး ခံစားချက်တွေနဲ့ ခံစားသက်ဝင်ကြည့်လိုက်ကြပါ။","cover":"https://docs.google.com/uc?id=1elkOkHvUyxyqV2SCry4wAv7w41Q_jxPi"},{"title":"Yeh Saali Aashiqui (2019)","id":"https://drive.google.com/file/d/1wp9LDI3IAqyJxy6yYvvykqAMiHyH_1UA/view?usp=drivesdk","description":"ဆာဟေးလ်ဆိုတဲ့ကောင်လေးနဲ့ မီတီးဆိုတဲ့ကောင်မလေး ဟိုတည်စီမံခန့်ခွဲရေးသင်းတန်းကျောင်းမှာ တွေ့ဆုံခဲ့ကြတယ်နှစ်ယောက်သား Love at first sight ဆိုသလို မြင်မြင်ချင်း သဘောကျခဲ့ကြတယ်အဲ့ဒိလိုနဲ့ သိပ်ကြည်နူးစရာကောင်းတဲ့အချစ်ကမ္ဘာလေးကို အချစ်ဌက်နှစ်ကောင် ပျံသန်းနေတယ်လို့ဆိုရအောင်\nသူတို့သံယောဇဉ်ဟာ သိပ်ကိုအဆင်ပြေချောမွေ့လို့နေပါတယ်ဒါပေမဲ့လည်း အိပ်မက်ကမ္ဘာထဲကလိုလှပနေတဲ့ သူတို့အချစ်ရေးဟာမထင်မှတ်ထားတဲ့ဖြစ်ရပ်တစ်ခုကြောင့် အိပ်မက်ဆိုးအသွင်ပြောင်းသွားခဲ့ပါတယ်အဲ့ဒိအဖြစ်ကတော့ ဆာဟေးလ်က သူ့သိပ်ချစ်တဲ့ မီတီးကိုအတင်းအဓမ္မပြုကျင့်ဖို့ကြံခဲ့ပါတယ်ဆိုပြီး အဖမ်းခံလိုက်ရပါတယ်ရုတ်တရက်ဆိုသလို ပြောင်းလဲသွားတဲ့ သူတို့နှစ်ယောက်ကြားမှာဘာအလှည့်အပြောင်းတွေရှိနေမလဲဘာပြဿနာတွေ ဘာလျှို့ဝှက်ချက်တွေရှိနေမလဲဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှု့လိုက်ပါဦးဇာတ်လမ်းကလှည့်ကွက်အပြည့်နဲ့မို့လို့ သိပ်အများကြီးမပြောချင်တော့ပါဘူးဟိုးအပေါ်က နိုင်ငံတကာအဆင့်သတ်မှတ်ချက်တွေဟာ ဒီဇာတ်ကား ကောင်းမကောင်းဆိုတာ သက်သေပါပဲသရုပ်ဆောင်အသစ်တွေဆိုပေမယ့် လက်ရှိနာမည်ရနေတဲ့ ငပေါတချို့ထက် သရုပ်ဆောင်ပိုကောင်းကြောင့် တွေ့ရပါလိမ့်မယ်ဗျာအဓိကဇာတ်လိုက်မင်းသားက တခြားလူမဟုတ်ပါဘူး နာမည်ကျော်သရုပ်ဆောင်ကြီး Amrish Puri ၏မြေး Vardhan Puri ပဲဖြစ်ပါတယ်ဒီဇာတ်ကားကြည့်လိုက်ပါ “ခင်ဗျား အချစ်ဆိုတာကို မုန်းသွားပါလိမ့်မယ် “(အားလုံးပဲ ဇာတ်ကားတွေကြည့်ကာ အိမ်တွင်းအောင်းရင်း ရောဂါဆိုးကြီးကို ကျော်ဖြတ်နိုင်ကြပါစေ)","cover":"https://docs.google.com/uc?id=1eq59zEAfaqautv5KUgtEx_OhrYthDdpD"},{"title":"Zid (2014)","id":"https://drive.google.com/file/d/12evfRI5mpqJhprgp_kL5Q0wDx21VtwwR/view?usp=drivesdk","description":"Crime,Thriller  အမျိုးအစား Bollywood ဇာတ်ကားပါ။\nမင်းသမီး Mannara နဲ့ Shraddha Das တို့ ခပ်ပြင်းပြင်းသရုပ်ဆောင်ထားပြီး\nBollywood ရဲ့အက အလှတွေတွေ့မြင်နိုင်ပါတယ်။","cover":"https://docs.google.com/uc?id=1elpqNW1yfFw4VdXEowgxjAtO2GJS9KAH"},{"title":"Vikram Vedha (2017)","id":"https://drive.google.com/file/d/1H6egGhicVbSbTSvQdiDSN9UOOv2Fxmh0/view?usp=drivesdk","description":"ဇာတ်လမ်းကို မညွှန်းခင် Rating လေးတစ်ချက်ကြည့်လိုက်ပါဦး IMDB 9.0/10 တဲ့ဗျာ\nဒီကားကို စကြည့်ဖြစ်တုန်းကတော့ Tollywood ကားဆိုတော့ ထုံးစံအတိုင်း တစ်ချက်ထိုးလိုက်ရင် လေပေါ်ပျံတာတို့ အားအားနေကနေတို့ ဒါတွေပဲ ဖြစ်မှာပါလို့ ထင်ထားမိတာ\nအမှားကြီးမှားတာပဲ အိန္ဒိယရုပ်ရှင်ကား တစ်ကားလို့တောင် မထင်ရက်ဘူး\nဒီကားကို Bollywood က Reboot ပြန်ရိုက်ဖို့အထိ မျှော်လင့်မိတယ်ဗျာ\nကောင်းလား မကောင်းလား မညွှန်းတော့ဘူး တန်းသာဒေါင်းလိုက်တော့\nဒေါင်းရကျိုးနပ်စေရမည်ဗျာ့ဒုစရိုက်ကားဆိုတော့ ကြည့်ဖူးနေကျ ရုပ်ရှင်ကားတွေလို မှောင်ခိုတွေလုပ် ရဲကဖမ်း ရဲကို ပြန်သတ် သူသေ ကိုယ်သေ ဒါမျိုးလာလိမ့်မယ် ထင်ထားတာ\nဒါရိုက်တာက အလှည့်အပြောင်းတွေနဲ့ Crime ကားကို Mystery ဆန်ဆန်လေး တင်ပြသွားတယ်ရဲနဲ့ရာဇာဝတ်ကောင်ကြားကို ယှဉ်ပြတဲ့ အခါမှာလည်း ရဲတစ်ယောက်ရဲ့သားဟာ ရဲဖြစ်သလို အဖေရိုးသားသလို သားဖြစ်သူကလည်း ရိုးရိုးသားသားနဲ့ အမှန်တရားရဲ့ ဘက်တော်သားပီပီ ပုံဖေါ်ထားပြီး\nလူဆိုးလူမိုက်ကိုလည်း ကျွန်တော်တို့ဆီက ၁ရာဖိုးသုံးပုဒ်တွေလို အထိုးခံခါနီး လူဆိုးပေါ်လာ\nမိုက်ချင်ရင် စွတ်မိုက် ကြမ်းချင်ရင် စွတ်ကြမ်း မျက်နှာကြီးတွေ ရှုံမဲ့ထားပြီး ငါလူဆိုးပါဆိုတာ နဖူးမှာစာရေးထားသလို ဖြစ်နေအောင် လုပ်ထားမယ်လို့ မျှော်လင့်ထားတာ\nအိန္ဒိယ ဒါရိုက်တာတွေညံ့ချက် လူမိုက်ရဲ့ ငယ်ဘဝတွေ ညီအစ်ကို သံယောဇဉ်တွေနဲ့ လူမိုက်မှာလည်း ဘဝရှိကြောင်းကို အချိန်ကုန်ခံတင်ဆက်ပေးထားသေးတယ် ?\nနောက်ဆုံး အကြိုက်တွေ့မိတဲ့ စကားလုံးလေးတစ်ခုလည်း ပြောသွားသေးတယ်ဗျ” ဘဝဆိုတာ ငရဲထဲက ဟာသ တစ်ခု မဟုတ်လား “ဇာတ်လမ်းလေး နည်းနည်း ညွှန်းရအောင်Vikram – ရိုးသားပြီး တာဝန်ကျေပွန်တဲ့ ရဲတစ်ယောက် လူဆိုးမှန်သမျှကို အရှင်ဖမ်းဖို့ အခွှင့်ရေးရရက်တောင် Encoder ဆိုပြီး အသေတွယ်တဲ့ရဲငါလူဆိုးမှန်သမျှကို သတ်ပြီးတိုင်း ဘာကြောင့် အိပ်ပျော်လဲသိလား ငါသတ်လိုက်တဲ့ကောင်တွေဟာ အပြစ်ရှိတဲ့ကောင်တွေ ဖြစ်တဲ့အတွက်ရဲဆိုတာ လူတစ်ယောက်ရဲ့ မျက်လုံးခြေအနေကိုကြည့်ရုံနဲ့ လူဆိုးလား လူကောင်းလား ခွဲခြားတတ်သင့်တယ်လူဆိုးမှန်သမျှကိုခြေရာခံလိုက်ပြီး သေပစ်တဲ့ Vikram ရဲ့ အဓိက ပစ်မှတ်ကVedha – လက်ဆလက်နပြင်းတယ် မိုက်တယ် မလိမ်ဘူး မညာဘူး မလှိမ့်တပတ် မလုပ်ဘူး ဗြောင်ရှင်း ဗြောင်ဗြင်းတဲ့လူစားကိုယ်တိုင် ရာဇဝတ်ကောင်ဖြစ်ပေမဲ့ ညီဖြစ်သူကို သူ့ပတ်ဝန်းကျင်ကိုတောင် မလာခိုင်းပဲ ပညာသင်ပေးထားတဲ့ လူစားတခြား မှောင်ခိုကောင်တွေက ကလေးတွေကို အသုံးချပြီး ပစ္စည်းတွေ အရောင်းအဝယ်လုပ်တာကို မကြိုက်ဘူး အမြဲတန်း ပြသနာတတ်ရတဲ့ လက်မရွံလူစား (စကားလုံးနဲ့ မပြောဘူး လုပ်ရပ်နဲ့ပြသွားတယ် ? )အဲ့ဒီလို ဗီဒဟ် ဘယ်ရဲမှ သူ့ကို ဖမ်းဖို့မပြောနဲ့ အနံ့တောင် ခံလို့ မရတဲ့အကောင်က ရဲစခန်းကို ကိုယ်တိုင်လာပြီး အဖမ်းခံလိုက်တယ်\nဘာကြောင့်ပါလဲ့Vikram နောက်ဆုံး စီနင်းမှုမှာ ပစ်သတ်လိုက်တဲ့ အထဲမှာ သူ့ညီပါသွားလို့ပဲ\nဒုစရိုက်မှုတွေနဲ့ ဝေးဝေးမှာနေတဲ့ Vedha ရဲ့ညီ ဘာကြောင့် လူမိုက်တွေကြားထဲ အသတ်ခံလိုက်ရတာလဲ\nဘာကြောင့် သူရှိတဲ့နေရာကို ရဲတွေသိသွားတာလဲ့Vikram နဲ့ Vedha တို့ ထိပ်တိုက်တွေ့မှုက ဘာတွေ ဖြစ်လာမလဲဆိုတာကိုတော့” ကျူးလွန်တဲ့သူကို အပစ်ပေးမလား\n စေခိုင်းတဲ့သူကို အပစ်ပေးမလား “ #ဇာတ်ဝင်တေး အကြွကြီးကလည်း အားရစရာပါပဲ (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ ကိုဇော်ထူးပါ)","cover":"https://docs.google.com/uc?id=1ed0-jSZbIUCxw4aRicRKKVGaHLekoOt7"},{"title":"Romeo Akbar Walter (2019)","id":"https://drive.google.com/file/d/1n_vF2bz-UNftG6e7g94Lk5Z8d6d9WlX1/view?usp=drivesdk","description":"စပိုင်ဇာတ်ကား ချစ်သူများအတွက် အိန္ဒိယဇာတ်ကား Romeo Akbar Walter (2019) နဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားလေးကတော့ ပါကစ္စတန်နိုင်ငံကနေ အရှေ့ပါကစ္စတန်(ယခု ဘင်္ဂလားဒေ့ရှ်) ရဲ့ ခွဲထွက်တဲ့ကာလက အကြောင်းအရာကို ရိုက်ကူ\nးထားတာပါ။ ဖခင်ဖြစ်သူကို အားကျစိတ်နဲ့ စစ်ထဲကိုဝင်ပြီး စစ်တက္ကသိုလ်မှာ ထူးချွန်ခဲ့ပေမဲ့ ဖခင်ဆုံးပါးသွားတဲ့အခါ အမေတစ်ခုသားတစ်ခုဖြစ်တဲ့အတွက် အမေ့ရဲ့ ဆုံးဖြတ်ချက်နဲ့ စစ်တပ်ကထွက်ခဲ့ရတဲ့ ဘဏ်စာရေးလေး ရိုမီရိုအလီတစ်ယောက် တစ်နေ့မှာ နိုင်ငံအတွက် တာဝန်ထမ်းနိုင်ဖို့ အခွင့်အရေးတစ်ခုရလာပါတယ်။ အိန္ဒိယရဲ့ နိုင်ငံတကာထောက်လှမ်းရေး(RAW) က\nပါကစ္စတန်ကို စပိုင်အဖြစ်နဲ့စေလွှတ်တာပဲဖြစ်ပါတ\nယ်။ သူက တာဝန်တွေကို ကျေကျေပွန်ပွန်ထမ်းဆောင်ခဲ့ပေမဲ့ RAW က အရေးကြုံလာတဲ့အခါမှာသူ့ကို ပစ်ပယ်ထားလိုက်ကြပါတ\nယ်။ အဲဒီအချိန်မှာ သူ အသက်ရှင်နိုင်အောင်ဘာတွေလုပ်လဲဆိုတာကို စိတ်ဝင်တစားကြည့်ရမှာပါ။IMDB Rating ကတော့ 6.6 ရရှိထားပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့  demon ပဲဖြစ်ပါတယ်…","cover":"https://docs.google.com/uc?id=1enlo8yc7lyXqMWrVXkbcqXhqIlVbR-R0"},{"title":"Iruttu (2019)","id":"https://drive.google.com/file/d/1OjnL_3PnisLqK5onzua8S7PIuj9GfHbI/view?usp=drivesdk","description":"ဇာတ်လမ်းလေးကတော့ Horror Typeလေးပါ \n\nအိန္ဒိယရဲ့နယ်မြို့လေးတစ်မြို့ဟာ အေးအေးချမ်းချမ်းသာသာယာယာရှိလှပါတယ် \n\nဒါပေမယ့်တစ်‌နေ့မှာ နေ့လည်ခင်းကြီးအမှောင်ထုကြီး ကြီးစိုးလာပြီး ထူးဆန်းတဲ့လူသတ်မှာ‌တွေဖြစ်သွားပါတယ် \n\nဘာကြောင့်မှန်း ဘယ်သုသတ်သလဲ အစရှာမရပါဘူး အဲဒီအမှုကိုစုံစမ်းတဲ့ရဲမှူးလဲသေပွဲ၀င်ခဲ့ရပါတယ် \n\nဒီလိုနဲ့ စုံစမ်းရေးမှူးအသစ် မိသားစုအဲဒီမြို့ကို‌ပြောင်းလာတယ် \n\nတာဝန်ထမ်းဆောင်ရင်း အနီးအနားပတ်ဝန်းကျင်က လူသေမှုတွေအကြောင်းသူကြားတာပေါ့..\n\nရဲဆိုတော့ ဘာကြောင့်လူသေရလဲဆိုပြီး စုံစမ်းတာပေါ့ဗျာ\n\nဒါပေမယ့် ဒီလူသေမှုတွေက သွေးရိုးသွေးတန်းမဟုတ်ပဲ\n\nတစ်စုံတစ်ခုက သတ်သွားတဲ့ပုံမျိုး ဖြစ်နေတယ်\n\nဒါပေမယ့် ခြေရာလက်ရာလည်းမရှိသလို လူသတ်တရားခံကိုလည်းရှာမတွေ့ဘူး\n\nဒီတော့ လူသတ်မှုတွေရဲ့ နောက်ကွယ်က တရားခံက ဘာများဖြစ်နိုင်မလဲ","cover":"https://docs.google.com/uc?id=1ceUGktRluXP5aGtcu4DvDvzGL-TyhiSD"},{"title":"Maska (2020)","id":"https://drive.google.com/file/d/1RLClwpAgHIgrcg3MyJtXLbA__ltSI85W/view?usp=drivesdk","description":"Rumi ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေး ဟာ မျိုးရိုးစဉ်ဆက် မုန့်ဖုတ်သမား မိသားစုက မွေးဖွားလာသူပါ\nဒါကြောင့် Rumi ဟာလည်း တစ်နေ့မှာ မုန့်ဖုတ်သမားဖြစ်ကို ဖြစ်ရမယ်လို့ သူ့အမေက တွက်ဆ ထားခဲ့ပါတယ်\nဒါပေမဲ့ Rumi ရဲ့ အိပ်မက်က နာမည်ကျော် ရုပ်ရှင်မင်းသားတစ်ယောက် ဖြစ်ဖို့ပါ\nအဲ့ဒီ့အခါမှာတော့ မိခင်တစ်ယောက်ရဲ့ သားတစ်ယောက်အပေါ်ထားတဲ့ မျှော်လင့်ချက်နဲ့ လူငယ်တစ်ယောက်ရဲ့ သူ့ အိပ်မက်အပေါ်ထားတဲ့ စိတ်အားထက်သန်မှုတို့ အားပြိုင်ရပါတော့တယ်\nRumi က ဘယ်သူတားတား လက်မခံပဲ သူ့ရည်မှန်းချက်တွေ အကောင်ထည်ပေါ်ဖို့ ကြိုးစားတဲ့အခါ သူသိမြင်လာရမဲ့ ဘဝ အတွေ့အကြုံတွေ တကယ့်ပျော်ရွှင်မှု အစစ်မှန်ကို သူဘယ်လို ရှာတွေ့မလဲသူ့ရဲ့ Ikigai အစစ်က ဘာလဲ သူ့ရဲ့ အချစ်စစ်ကရော ဘယ်သူ့အတွက်လဲ ဆိုတာတွေဟာ ဒီဇာတ်ကားမှာ တော်တော် စိတ်ဝင်စားစရာ ကောင်းပါတယ် ဒီကားက Drama ကား ဖြစ်ပေမဲ့ Rumi ရဲ့ အလွဲတွေကိုလည်း ဟာသနှောပြီး ကြည့်ရှုကြရမှာပါ\nပြီးတော့ ဇာတ်ကားထဲမှာပါတဲ့ ဇာတ်ဝင်တေးတွေကလည်း ဇာတ်ကားနဲ့ လိုက်ဖက်ညီတာကြောင့် ကြည့်ရတာ ပိုပြီး ဇာတ်ရှိန်တက်စေမှာ ဖြစ်ပါတယ်","cover":"https://docs.google.com/uc?id=1_8U9COlvp_p3l4xyNuWHCOhCeTV8Iq-U"},{"title":"Geetha Chalo (2019)","id":"https://drive.google.com/file/d/1pvAHMD82OMgbZUB_gC2NgtI7W7qOrk-3/view?usp=drivesdk","description":"ဒီဟင်ဒီစကားပြော Romance-Comedy ရုပ်ရှင်ဟာ\n၂၀၁၇ ခုနှစ်မှာ Chamak ဆိုတဲ့ ရုပ်ရှင်နာမည်နဲ့ ထွက်ထားခဲ့တာဖြစ်ပါတယ်အခုနှစ် ၂၀၁၉ မှာတော့ မူရင်း ကန်နာဒါ ဘာသာစကားပြောနေရာမှာ\nဟင်ဒီစကားပြောပြန်သွင်းပြီးတော့\nGeetha Chalo (weekend party) အမည်နဲ့\nပြန်လည်ဆန်းသစ်ထားတာဖြစ်ပါတယ်\nဇာတ်လမ်းအကျဉ်းကတော့\nဘိုင်ဇက်မြို့ရဲ့ အတော်ဆုံးဆရာဝန်ဆယ်ယောက်ထဲမှာပါတယ်လို့ ပြောစမှတ်ပြုရတဲ့ OG ဆရာဝန် ဒေါက်တာခရစ်ရှနားဟာ ပိတ်ရက်တွေဆို ပါတီတက်လိုက် ဘားသွားလိုက်နဲ့ အချိန်ဖြုန်းတတ်တဲ့ငပွေးပါသူ့အိမ်က သူ့ကို မိန်းမယူစေချင်ပေမယ့်\nသူဟာ မိန်းမယူရမှာ သိပ်ကြောက်ပါတယ်\nဒါပေမယ့်\nတကယ်တန်းမှာတော့\nသူဟာ မိန်းမယူရမှာ ကြောက်တာထက်\nဘော်ဒါတွေနဲ့ ပါတီတက်ခွင့်ဆုံးရှုံးမှာကို ပိုကြောက်တာပါ …\nအရွယ်ရောက်နေပြီဖြစ်တဲ့ သူ့ကို\nအားလုံးက အိမ်ထောင်ပြုဖို့ တိုက်တွန်းပါတယ်…\nဒီလိုနဲ့ အိမ်ထောင်ပြုဖို့မဖြစ်မနေလုပ်ရတော့မယ်\nအခြေအနေရောက်လာတယ်….\nသူ ဘယ်လို ကောင်မလေးမျိုးနဲ့ အိမ်ထောင်ကျမလဲ….\nအိမ်ထောင်ဖက်အမျိုးသမီးကရော\nသူ့အကျင့်စရိုက်တွေနဲ့ ကိုက်ပါ့မလား…..\nသူမျှော်လင့်ထားသလိုရော အဆင်ပြေပါ့မလား…..\nဆက်လက်ခံစားကြည့်လိုက်ပါဦး….ဇာတ်ကားဟာ ၂ နာရီနီးပါး ကြာပေမယ့်\nလုံးဝပျင်းစရာမကောင်းပဲ ပေါ့ပေါ့ပါးပါးနဲ့ သိပ်ချစ်ဖို့ကောင်းတဲ့ ဒီကားလေးကို ဒါရိုက်တာ ဆူနီက ရိုက်ကူးထားတာပါGanesh နဲ့\nRashmika Mandanna\nတို့ အဓိကပါဝင်ထားတဲ့ ဒီကားလေးဟာ\nချစ်စရာ Romance-comedy ကားလေးမို့\nCM fan တွေ အတွက် တင်ပေးလိုက်ပါတယ်..ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Chan Myae Thu Aung ပဲဖြစ်ပါတယ်…","cover":"https://docs.google.com/uc?id=1_RxrYeOLqK_aOYc7qYfNWDRdJRHykVGB"},{"title":"Tubelight (2017)","id":"https://drive.google.com/file/d/1IFymjeZMxSvodAB6Vd5nDQyUGuh6xoxV/view?usp=drivesdk","description":"၂၀၁၅ တုန်းက ထွက်ရှိထားတဲ့ အမေရိကန်ရုပ်ရှင် Little Boy ကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာဖြစ်ပြီး ဒီဇာတ်ကားမှာတော့ မြန်မာပရိသတ်အကြိုက်မင်းသား ဆယ်လ်မန်ခန်းက အဓိက ပါဝင်သရုပ်ဆောင်ထား ပါတယ်။ \n\nဇာတ်လမ်းက ၁၉၆၂ တရုတ်-အိန္ဒိယစစ်ပွဲနောက်ခံနဲ့ ရိုက်ကူးထားတာဖြစ်ပြီး နိုင်ငံတွေ မှာ စစ်ပွဲတွေဖြစ်ပြီဆိုတာနဲ့ စစ် ဘေးဒဏ်ကို ခါးစည်းခံကြရတဲ့ ပြည်သူတွေရဲ့ ပုံရိပ်ကို မြင်သာ အောင် တင်ဆက်ထားတာဖြစ်ပါတယ်။လက်စ်မန်ဆင်းဘစ်ရှ်ဟာ အိန္ဒိယနိုင်ငံ မြောက်ပိုင်းက မြို့ ငယ်လေးတစ်မြို့မှာ သူ့ရဲ့ ညီဘာရတ်နဲ့အတူ နေထိုင်ပါတယ်။ \n\nလက်စ်မန်ဟာ စိတ်ထားကောင်း ပြီး လူတိုင်းကို ယုံလွယ်သူတစ် ယောက်ဖြစ်ပြီး မိသားစုအရင်းအ ချာဆိုလို့ ဒီညီအစ်ကိုနှစ်ယောက် ပဲ ရှိတဲ့အတွက် ဘယ်သွားသွား၊ ဘာလုပ်လုပ် မခွဲအတူပါ။ ဘာ ရတ်ကလည်း သူ့အစ်ကိုအပေါ် အနွံတာခံချစ်ခင်ပြီး စောင့်ရှောက် ဖို့ အသင့်ဆိုသလို နေထိုင်ခဲ့ကြပါတယ်။\n\nတရုတ်-အိန္ဒိယစစ်ပွဲဆိုတာ ကြီးဖြစ်လာတဲ့အခါမှာ စစ်ပွဲအ တွက် တပ်သားစုဆောင်းရာမှာ ဘာရတ်ပါသွားတဲ့အတွက် လက်စ်မန်တို့ ညီအစ်ကိုရဲ့  ပျော်စရာ ကမ္ဘာလေး ပျက်သုဉ်းခဲ့ရပါတော့ တယ်။ ဘယ်လိုမှ မတတ်နိုင်တဲ့ ဘာရတ်တစ်ယောက် ဝမ်းနည်း ပက်လက်ဖြစ်နေတဲ့ လက်စ်မန်ကို ထားခဲ့ရပြီး စစ်တပ်နဲ့ ပါသွားခဲ့ပါ တယ်။\n\nတိုက်ပွဲသတင်းတွေက လည်း နေ့စဉ်နဲ့အမျှ  အဆိုးတွေကြီးပဲ ကြားနေရတဲ့အတွက် လက်စ်မန် ဟာ ဘာရတ်အတွက် စိုးရိမ်သော ကပွေနေခဲ့ရပါတယ်။ ဘာရတ် တိုက်ပွဲကျသွားပြီဆိုတဲ့ သတင်း တွေလည်း ထွက်လာတာကြောင့် လက်စ်မန်တစ်ယောက်ယူကျုံး မရဖြစ်ပေမယ့် သူ့ညီမသေဘူးဆို တာ ယုံကြည်နေခဲ့ပါတယ်။ \n\nအဲဒါ နဲ့ နောက်ဆုံးမှာတော့ စစ်ပွဲတွေ ရပ်ပြီး သူ့ညီကို အိမ်ပြန်ခေါ်လာ နိုင်ဖို့အရေး  ဆုံးဖြတ်ခဲ့ပါတော့ တယ်။ ဘာရတ်က လက်စ်မန်ယုံ ကြည်ထားသလို တကယ်ပဲ အ သက်ရှင်ကျန်နေတာလား၊ ပဋိ ပက္ခ စစ်ပွဲတွေရပ်ဖို့ ကြိုးပမ်းတဲ့ လက်စ်မန်ရဲ့ လုပ်ဆောင်မှုက ကော အောင်မြင်နိုင်ပါ့မလား၊ မခွဲ အတူ သိပ်ချစ်ကြတဲ့ ညီအစ်ကိုရဲ့ ဘဝက ဘယ်လိုပုံစံ အဆုံးသတ် ရမယ်ဆိုတာ ဆက်ကြည့်ဖို့ ညွှန်း ပေးလိုက်တယ်နော်။\n\nစစ်ပွဲနောက်ခံဇာတ်ကားဆို ပေမယ့် အတိုက်အခိုက်တွေသာ မက သွက်လက်ရွှင်မြူးတဲ့ အိန္ဒိယ အကအလှတွေ၊ လန်းဆန်းလှပ တဲ့ ရှုခင်းတွေနဲ့အတူ ကြည့်ရမှာ မို့ ပရိသတ်တွေသဘောကျမယ် ထင်ပါတယ်။ဒီဇာတ်ကားမှာ လက်စ်မန်ဆင်းဘစ်ရှ်အဖြစ် ဆယ်လ်မန်ခန်း၊ ဘာရတ်ဆင်းဘစ်ရှ်အဖြစ် ဆိုဟေးလ်ခန်းတို့က အဓိကသရုပ်ဆောင်တွေအဖြစ် ပါဝင်ထားကြပါတယ်။","cover":"https://docs.google.com/uc?id=1_HFlDojCvUdJUHtUIu2NcyQHklA7Ojtq"},{"title":"Veer-Zaara (2004)","id":"https://drive.google.com/file/d/1BTnQHkNQGGmqGEpB2CuxKPlgutDG_v5L/view?usp=drivesdk","description":"IMDB rating က 7.9 အထိရှိထားပြီး ဇာတ်လမ်းဇာတ်ကွက် ဇာတ်အိမ်တွေက လှပတဲ့အပြင် ရှုခင်းပသာဒတွေက စိတ်ဘဝင်အေးစေတဲ့ကားမျိုးပါ။ \n\nဒီကားဟာဖြင့် အိန္ဒိယ နဲ့ ပါကစ္စတန် နှစ်နိုင်ငံ ကြား စည်းထားကြပေမယ့် ချစ်ခြင်းကို ဘယ်သူက တားဆီးကြမှာလဲ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အတွေးများစွာ မေးစေမိပါတယ်။\n\nအချစ် ဟာ ချစ်နေရုံနဲ့ ပြီးလား လို့ မေးရင်\nLogic ဆန်ဆန်လူတွေက ခေါင်းခါမိပါလိမ့်မယ်။ အခြေအနေ မတူခြင်းတွေအောက်မှာ ချစ်လျက်နဲ့ခွဲခွာ ရတဲ့ ဖူးစာတွေဆိုတာလည်း ဒုနဲ့ဒေးပါ။ ဘာသာရယ် မတူ နိုင်ငံရယ်ခြားနေရင်ဖြင့် ပိုလို့တောင် စိတ်မကူးနိုင်တော့ပါ။ \n\nသို့သော် ……။ဇာတ်လမ်းအကျဉ်း လေး သွားကြည့်ရအောင် ။\nဒီလိုကားမျိုးကို ကောင်းတယ်လို့ပဲ ညွှန်းပေးချင်တာပါ။ ဘာ ဇာတ်လမ်းမှမသိဘဲ ကိုယ်တိုင် ဆွဲဆောင်ခံရတဲ့ ရေစီးကြောင်းတစ်ခုလို ကြည့်သင့်တဲ့ကားပါ။\n\n( လျှာရှည်တာ များသွားပြီ ? )ဇာတ်ကား အစမှာတော့ ပါကစ္စတန် ထောင်ထဲမှာ အိန္ဒိယ လေကြောင်း ကယ်ဆယ်ရေးအရာရှိ ( ရှာရွှတ်ခမ်း) အကျဉ်းကျနေခဲ့တယ်။ သူလျှို ဆိုတဲ့ စွပ်စွဲချက်နဲ့ပါ။နှစ်များစွာ ထောင်ကျပြီးနောက် သူဟာ စကားလည်းမပြောတော့။ သူ့နာမည်ရင်း veer ကိုတောင် ဘယ်သူမှမခေါ်ကြတော့ပါဘူး။\nသူ့ကို ခေါ်ကြတာက အကျဉ်းသားနံပါတ် 786 တဲ့။\n\nဒီလို နှစ်ပေါင်းများစွာ အကျဉ်းကျရင်း စိတ်ဓာတ်ကျနေရသူ လူတစ်ယောက်ကို ဘယ်သူက ကယ်ဆယ်ဝံ့မှာလဲ ။ ဒါပေမဲ့ သူ့ကို အမိမြေ အိန္ဒိယ နိုင်ငံ ပြန်နိုင်စေဖို့ အတွက် ရှေ့နေမလေး တစ်ဦး ရောက်လာခဲ့ပါတယ်။\n\nရှေ့နေမလေးဟာ သူ့ကို veer လို့ စခေါ်လိုက်သည့်နောက်ပိုင်း Veer အတွက် ခွန်အားအသစ် ရခဲ့သလိုပဲ။ ဒီလိုနဲ့ Veer က ရှေ့နေမလေးကို သူ့ဘဝအတိတ်အကြောင်း နဲ့ အစွပ်စွဲခံ ထောင်ကျနေရပုံကို ပြန်ပြောင်းပြောပြချိန်မှာတော့ …………။\n\nတစ်နေ့ပေါ့ ။\nကယ်ဆယ်မှုတစ်ခုမှာ Veer ဟာ မျက်ဝန်းလေးတစ်စုံနဲ့ ရင်းနှီးခဲ့မိတယ်။ zara တဲ့။ Zara က သူ့အဖွား ပြာကို အိန္ဒိယ ပိုင်မြစ်တစ်ခုမှာ မျောပေးဖို့ လာခဲ့တာပါ။ Zara ဟာ ပါကစ္စတန် သူလေးဖြစ်ပြီး သူ့အဖေကလည်း အရေးပါအရာရောက်တဲ့ပုဂ္ဂိိုလ်ပါ။ဒီလိုနဲ့ Veer နဲ့ Zara တို့ ရင်းနှီးခင်မင်ခဲ့ပြီး Veer ရဲ့ ဇာတိရွာကို Zara အလည်လာခဲ့ပါတယ်။ ရွာလေးဟာ ရှုခင်းတွေ စိမ်းစိမ်းစိုစိုနဲ့ အလွန်လှပလို့နေတယ်။ Veer ရဲ့ အဖေ ( အမီတာဘဂျမ်း) ကလည်း ရွာ လူကြီးမို့ ရွာလေးဟာ အတော်ဖွံ့ဖြိုးလို့နေခဲ့ပါတယ်။ \n\nနောက်ပြီး Zara ကို သမီးလေးအဖြစ်လည်း ချွေးမလေးအဖြစ်လည်း ကြိတ်ပြီး သဘောတူနေခဲ့ပါသေးတယ်။Zara ဟာ ရွာလေးမှာ ပျော်ရွှင်နေခဲ့ပြီးနောက် ပါကစ္စတန်ကို ပြန်ဖို့အချိန်ရောက်လာခဲ့ပါတယ်။ ပြန်ခါနီး လိုက်ပို့ချိန်လေးမှာ Veer က Zara ကို ဖွင့်ပြောဖို့ကြိုးစားချိန်မှာတော့ ………¿\n\nဒီမှာတင် ဇာတ်လမ်းကို ရပ်ပါရစေ။ ကိုယ်တိုင် ခံစားပြီး ဘယ်လို ဇာတ်လမ်းမျိုးလဲ ။ ဘယ်လို ဇာတ်သိမ်းမလဲ။ Veer နဲ့ Zara က ဘယ်လိုဖြစ်မလဲ ဆိုတာ ရင်ခုန်ခံစားမှသာ ဇာတ်လမ်းရဲ့အနှစ်သာရ ပြည့်ဝလာမှာပါ။သာမန်အချစ်ကားတွေနဲ့ မတူတာက ဒီကားလေးရဲ့ စကားပြောခန်းတွေဟာ အရမ်းလှပပါတယ်။ ” Zara ရေ မင်းကြောင့် ပန်းလေးတွေ လှလာတယ်။ တိမ်လေးတွေ သာလာတယ် “စတဲ့ ရိုဆန်ဆန် တော်ကီ လေးကြောင့် စော်ကြည်နိုင်ပါတယ် :-3\n\n( နောက်ပြီး ဒီဇာတ်ကား မင်းသမီးလေးရဲ့ ပြုံးချိန်တိုင်း ကျွန်တော့် နှလုံးသားလည်း ပါးချိုင့်လေးထဲ ပြုတ်ပြုတ်ကျခဲ့တာပေါ့ဗျာ :-P)နောက်ပြီး Veer ပြောတဲ့ စကားလေးပါ။Zara အမေကိုပြောလိုက်ပုံက\n” ကျွန်တော်က လိမ္မာတယ် / နိုင်ငံသားအသက်ကယ်တဲ့ လေကြောင်းသူရဲကောင်း လို့ ချီးကျူးပေမယ့် အခြားသူတွေလည်း တော်မှာပါ။ ဒါပေမဲ့သေချာမပြောနိုင်ဘူး။ ကျွန်တော်ပြောနိုင်တာလေးတစ်ခုက အိန္ဒိယနိုင်ငံရဲ့ မိခင်တိုင်းကတော့ အန်တီလိုပါပဲ။ သားသမီးကို အသက်နဲ့ပုံပြီးချစ်နိုင်တဲ့ သူတွေပါ ” တဲ့။\n\nဒီကားလေးဟာ ရိုဆန်တယ်။ ဒရာမာချိုးတယ်။ အိန္ဒိယ မိန်းကလေးတွေ ပညာသင်ခွင့်မရပုံတွေလည်း ရိုက်ပြတယ်။ဒါ့ပြင် မိန်းကလေးရဲ့ သိက္ခာကို အချစ်နဲ့ယှဉ်တဲ့ ပုံပမာနှိုင်းတယ်။ သံယောဇဉ်ကို ဖော်ကျူးတယ်။ ဘယ်နိုင်ငံမှာနေနေ အမိနိုင်ငံကို ရင်ဘတ်ထဲ မြတ်နိုးတတ်ပုံကို လှစ်ဟတယ်။ နှစ်ပေါက်နေပါစေ အမှန်တရားရဲ့ သဘောတရားကို ဖွင့်ဆိုတယ်။ \n\nဒါ့ကြောင့် Most Popular Film / Filmfare Awards for Best Film / National Film awards စတဲ့ ဆုပေါင်း များစွာ ဆွတ်ခူးရရှိခဲ့ပြီး ငွေကြေးအရရော အောင်မြင်ခဲ့တဲ့ကားလို့ ဆိုရမှာပါ။ ဒါ့ကြောင့် ကြည့်ခွင့်ကြုံရင်တော့ အားပေးလိုက်ပါလို့ တိုက်တွန်းပါရစေ။","cover":"https://docs.google.com/uc?id=1_TLMxZK2jNXhg8EHEy46nV1WvEx1-5Kp"},{"title":"Kabhi Haan Kabhi Naa (1994)","id":"https://drive.google.com/file/d/1NZQJjYL8AXmTVmWPvX_0a20pQ5LV--4J/view?usp=drivesdk","description":"“ကိုယ့်ဆန္ဒအတိုင်းသာဆိုဟောဒီအိပ်မက်ထဲကလုံးဝကိုမနိုးထချင်တော့ပါဘူး“\n\n“ကြယ်တွေကြွေတိုင်းဘုရားထံတောင်းတဲ့ဆုကမင်းအချစ်ရရှိဖို့ပါ“\n\nဟောဒီလောကမှာသူရဲကောင်းတွေရဲ့အချစ်ဇာတ်လမ်းတွေကို\nဘယ်လောက်ထိတောင်ကြားသိဖူးပြီးသွားပြီလဲအရှုံးသမားတွေရဲ့အချစ်ဇာတ်လမ်းတွေရောသိကြရဲ့လား\n\nတဖွဲ့တနွဲ့ရေးတဲ့သူတွေရောရှိပါ့မလားလောကမှာဟီးရိုးတွေအတွက်သာခမ်းနားတဲ့အချစ်ဇာတ်ရှိပြီးဇီးရိုးတွေအတွက်ရောရှိပါ့မလား\n\nဘယ်သူကရောရေးဖွဲ့လို့ဘယ်သူကရောအချိန်ပေးဖတ်ရှု့မှာလဲအခုဇာတ်လမ်းလေးကလည်းဒီလိုပါပဲအရှင်းဆုံးပြောရရင်ဇီးရိုးတစ်ယောက်ရဲ့အချစ်ဇာတ်လမ်းပေါ့\n\nဘယ်လောက်ဇီးရိုးကျလဲဆိုရင်မိသားစုထဲမှာမျက်နှာကောင်းမရအပေါင်းသင်းကြားထဲမှာမျက်နှာငယ်ကိုယ်ချစ်တဲ့မိန်းကလေးရှေ့မှာခေါင်းမမော့နိုင်တဲ့သူတစ်ယောက်အကြောင်းသူ့နာမည်ကတော့ဆူနီးလ်တဲ့\n\nဟုတ်ပါတယ်အလုပ်အကိုင်မယ်မယ်ရရမရှိပညာရေးကျတော့လည်းစာမေးပွဲ၃နှစ်ဆက်တိုက်ကျဆိုတဲ့ဂုဏ်နဲ့ဘာထူးခြားတာများရှိလဲအများနဲ့မတူထူးခြားတာဆိုလို့တေးဂီတဆူနီးလ်ဟာတေးဂီတပိုင်းမှာတော့ပါရမီရှိသူတစ်ဦး\n\nဒါပေမဲ့ဖြစ်ဖြစ်မြောက်မြောက်တော့အောင်မြင်မှုမရှိသေးဘူးသူ့မှာတဖက်သတ်စိတ်ဝင်စားနေရတဲ့အန္နာဆိုတဲ့ကောင်မလေးတစ်ယောက်ရှိတယ်အန္နာဟာဆူနီးလ်ကိုတော့သူငယ်ချင်းတစ်ယောက်လိုပဲသဘောထားပြီးသူတို့အဖွဲ့ထဲကခရစ်ကိုတော့ရင်ခုန်နေပုံပါပဲ\n\nဘာကြောင့်လဲဆိုတော့ဆူနီးလ်နဲ့ယှဉ်လိုက်ရင်ခရစ်ဟာအဖက်ဖက်ကအပုံကြီးသာနေလေတယ်ပညာအရည်အချင်းအလုပ်အကိုင်ဂုဏ်အဆင့်အတန်းအသိုင်းအဝိုင်းဒီလိုအခြေနေမှာဆူနီးလ်တစ်ယောက်အန္နာ့အချစ်ကိုရပါ့မလား…\n\nဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zaw Htooပဲဖြစ်ပါတယ်…","cover":"https://docs.google.com/uc?id=1_Nx8z3PnGwiIIHwnSlWHTLuv7hC1ODbx"},{"title":"Devdas (2002)","id":"https://drive.google.com/file/d/1OcC2LlTKyExJCNSmXeYBZVWK6DxYbzq8/view?usp=drivesdk","description":"တည်ငြိမ်နေတဲ့ ပတ်ဝန်းကျင်နဲ့ ထည်ဝါလွန်းတဲ့ အိမ်တော်ကြီး တစ်ခုမှာ\nထူးထူးခြားခြား ဆူညံပွက်လောရိုက်လာတယ်ဘာကြောင့်လဲဆိုတော့ ဒေ့ဗ်ဒါးစ် ပြန်လာမယ်လို့ စာရေးလိုက်လို့\nဒေ့ဗ်ဒါးစ် ဆိုတာ ငယ်စဉ်ကတည်းက လန်ဒန်ကို ပညာသင်လွှတ်လိုက်တဲ့ ဒီအိမ်တော်ကြီးရဲ့ သခင်လေးသားကိုတွေ့ရတော့မှာမို့ ပျော်လွန်းလို့ မျက်ရည်ကျနေတဲ့ အမေ\nဘာလုပ်လို့ ဘာကိုင်ရမသိဖြစ်နေတဲ့ အစေခံတွေ\n\n“ငါ့သားလေးကို ငါအရင်တွေ့ပါရစေ အားလုံး မျက်လုံးတွေ မှိတ်ထားပေးကြပါ “\n\n“နင် လန်ဒန်ကို ရောက်နေတော့ ငါ့ကို သတိရလား\nတစ်ခါမှ မရပါဘူးငါ့မှာတော့ အကြိမ်ပေါင်း ၂၈၅၀ လောက်စာတွေ ရေးခဲ့တယ်\nနင့်အတွက် ရည်စူးပြီး ထွန်းညှိထားတဲ့ ဆီမီးတိုင်က ၈၇၆၀၀ နာရီလောက်ကြာအောင် တောက်လောင်နေတာနင့်ကို သတိရတဲ့ တစ်ချိန်တော့ ရှိပါတယ်ဟာ\nငါ့ အသက်တစ်ကြိမ် ရှုလိုက်တိုင်းမှာပေါ့”\n\nအမေဖြစ်သူမှာ အရင်တွေ့ချင်ပေမယ့် မြင်တွေ့ခွှင့်မရပဲ ဘေးအိမ်က ပါရိုစီကို အပြေးသွားခဲ့လေသူ ဒေ့ဗ်သားဖြစ်သူရဲ့ ဦးစားပေးမှုကို လုယူုခံလိုက်ရလို့ ပါရိုကို သမီးတစ်ယောက်လို ချစ်ပေမယ့် အမုန်းကြီး မုန်းခဲ့တော့တယ်လူကြီးချင်း မည်မျှပင် ရင်းနှီးခဲ့ပေမယ့် အဆင့်အတန်း\nကွာခြားလွန်းလို့ သားဖြစ်သူကို ပါရိုနှင့် သဘောမတူကြောင်း\nလူလည်ခေါင်မှာ ပြောပြီး ပါရို အမေ့ကို ငြင်းလွှတ်လိုက်ပါတယ်လူလည်ခေါင်မှာ အရှင်ကွဲခံရလိုက်တဲ့ ပါရိုအမေက“ငါ့သမီးကို နင်တို့ထက် မြင့်တဲ့ မျိုးရိုး အဆင့်အတန်းပဲ ပေးစားပြမယ်”\n\n“ငါတို့ အဆင့်အတန်း ငါတို့ မျိုးရိုးနဲ့ သူတို့နဲ့ တူသလားကွ\nကျွန်တော်တို့ စားသောက်နေတဲ့ အစားအစာချင်း တူသေးတာပဲ မဟုတ်လားရေထဲက ငါး နှင့် ကောင်းကင်ပေါ်က ငှက် ဘယ်လိုမှ အမျိုးမတော်နိုင်ဘူးကွ\nကောင်းကင်ယံက နတ်ဘုရားတွေကိုတောင် လူတိုင်း ဆက်သွယ် ကိုးကွယ်နေကြတာပဲ မဟုတ်လား”\n\nဂုဏ်သိက္ခာ အဆင့်အတန်း နှင့် မာန ကြားက လွန်ဆွဲပွဲမှာ မြေစာပင် ဖြစ်ခဲ့ရတာ အချစ်စစ်တွေပဲအချစ်ကြီး ချစ်ခဲ့သူ ပါရိုနဲ့ ချစ်လျှက်နဲ့ ဝေးခဲ့ရတယ်\nကံကြမ္မာ အပြောင်းအလဲက မြန်လွန်းလှတယ်\nဥပဒေဘွဲ့ရ ပညာတတ် တစ်ယောက် ဖြစ်တဲ့ ဒေ့ဗ် က အချစ်နာကျ အရက်သမား ဒေ့ဗ် ဘဝကို ရောက်သွားခဲ့တယ်\n\nအမျိုးသမီးတစ်ယောက်က ဇနီးမယား အမေ ညီမအစ်မ\nသူငယ်ချင်း မိတ်ဆွေ ဒီထဲကမှ မဟုတ်ရင် ပြည်တန်ဆာ တစ်ယောက်ပဲ\nမင်း တခြား တစ်ယောက်ယောက် ဖြစ်လို့ မရဘူးလား ချန်ဒရာ မူခီ \n\nဒေ့ဗ်ဒါးစ် ပါရို နှင့် ချန်ဒရာ မူခီ တို့ကြားက ချစ်ခြင်း မေတ္တာတွေကို ခံစားကြပါကုန်အသည်းနှလုံးမာ သူတောင် မျက်ရည်ကျ သွားစေရမည်လို့ ရဲရဲကြီး အာမခံပါတယ်\n\n“အဖေက ရွှာကေနေ ထွက်သွားလို့ ပြောဖူးတယ်\nအားလုံးက ပါရိုကို စွန့်လွှတ်လိုက်လို့ ပြောတယ်\nပါရိုက အရက်သောက်တာ စွန့်လွှတ်လိုက်ဖို့ ပြောတယ်\nဒီနေ့ အမေက ဒီအိမ်ကို စွန့်လွှတ်လိုက်ဖို့ ပြောပြီ\nတစ်နေ့ကျရင် ဒီကောင်က ပြောလာလိမ့်မယ့်\nဒီလောကကြီးကို ကျောခိုင်းသွားလိုက်တော့လို့","cover":"https://docs.google.com/uc?id=1_S7jOJfwRGoZeaNEMFpn-9lLX9JJ6Nja"},{"title":"Great Warrior (Magadheera) 2009","id":"https://drive.google.com/file/d/1EDOIHlxFGMLOgaKvZ9GWVjblR2dAK2n9/view?usp=drivesdk","description":"ဒီဇာတ်ကားလေးကတော့ လူကြိုက်များခဲ့တဲ့ဇာတ်ကားကောင်းတစ်ခုပေါ့နှစ် ၄၀၀ ရာခန့်က ဘဝတွေရဲ့ အချစ်ရမ္မက်က ယနေ့ဘဝထိ ဆွဲခေါ်ငင်ခဲ့ပြီးဘယ်လိုဘယ်ပုံနည်းနဲ့ အဆုံးသတ်စေခဲ့သလဲဆိုတာကိုရင်မောဖွယ် စောင့်ကြည့်ရမယ့်ကားကောင်းလေးပါ\n(ဇာတ်လမ်းအကျဉ်း) ဟာရှာ ဆိုတဲ့ လူငယ်လေးဟာဆိုင်ကယ်စတန့် သမားတစ်ယောက်ပေါ့ ဆယ်ပေလောက် အမြင့်ဘားတန်းကို ကျော်ဖြတ်ကာ စွန့်စားနိုင်ခဲ့တဲ့ သူပါ တစ်နေ့မှာတော့ဘန်ကောက်ပြိုင်ပွဲသွားရန်အတွက် လေဆိပ်ကို ကားငှါးစီးသွားခဲ့ပါတယ်အဲဒီ အချိန်မှာ မိုးကလည်းသည်းလို့။သူဟာ ကားဘေးဆီမှ လက်ဆန့်ထုတ်ပြီး မိုးရေစက်တွေကို ထိတွေ့လို့နေခဲ့ပါတယ်တစ်နေရာအရောက်မှာတာ့ သူ့လက်ကိုလျှပ်စီးထိသလို ဖြစ်ခဲ့ပါတယ် ဟာရှာ အတွက်တော့ ဒါဟာအတိတ်ဘဝဆီ ပြန်တွေးစေခဲ့တဲ့ နိမိတ်ပါ သူ့ကိုလျှပ်စစ်စီးသလိုဖြစ်စေခဲ့တာကလည်းကောင်မလေးတစ်ယာက်ရဲ့လက်နဲ့ ထိတွေ့မိမှုကြောင့်ပါဒါကို ဟာရှာ သိခဲ့တာကြောင့် အဲဒီကောင်မလေးကိုကားမှတ်တိုင်မှာပြန်ရှာဖို့ ကြိုးပမ်းခဲ့တယ်အဲဒီကောင်မလေးနာမည်က အင်ဒီရာ တဲ့သူမရဲ့အဖေနဲ့ ဦးလေး ကတော့ အမွေ ကိစ္စနဲ့ အမှုရင်ဆိုင်နေကြရတယ် သူ့ဦးလေးမှာသားတစ်ယောက်ရှိ၍ နာမည် ကတော့ ဒါရာဂူးဗားဒါရာဂူးဗား ဟာ ရက်စက်ကြမ်းတမ်းသူတစ်ဦးဖြစ်ပြီးမိမိလိုချင်သည့်အရာအား မည့်သည့်နည်းနဲ့မဆို ရယူလေ့ရှိသည်။တစ်နေ့မှာတော့ ဒါရာဂူးဗား ဟာ အင်ဒီရာ ကိုတွေ့ပြီးချစ်ကြိုက်မိသွားတော့တယ် အဲဒီချိန်မှာတော့ဒါရာဂူးဗားဟာ အင်ဒီရာကို ရရှိဖို့ ကြိုးပမ်းပါတော့တယ် ဒါပေမဲ့ဒါရာဂူးဗားဟာ အင်ဒီရာကို အသားတောင် ထိမရပါဘူးလူတစ်ဦးက ဓားနဲ့ ဟန့်သလိုလို ခံစားခဲ့ရတယ်အဲဒီနောက် ဒါရာဟာ မကောင်းဆိုးဝါးဘုရင် ဂိုရာဆီ သွား၍သူရဲ့အဖြစ်အပျက်ကို ဖြေရှင်းခိုင်းရာမှ သူ၏ အတိတ် နှစ် ၄၀၀ ဘဝကို မှတ်မိသွားခဲ့ပါတယ်အဲဒီနောက်မှာတော့ သူဟာ စုံစမ်းရင်း သူ၏ အတိတ်ရန်သူကားဟာရှာ ဖြစ်ကြောင်း သိရှိခဲ့သည်။ထို့နောက်မှာတော့ ????ဒီဇာတ်ကားလေးဟာ အချစ် အလွမ်း အကြမ်း အရမ်းသာမကသူငယ်ချင်းကောင်းစိတ်ဓာတ် မင်းကောင်း မင်းမြတ်တွေရဲ့ကတိသစ္စာကိုလည်းတစ်စိတ်တစ်ဒေသ ဖော်ပြနိုင်စွမ်းရှိခဲ့ပါတယ်ဟာရှာဟာ အင်ဒီရာကို ရှာဖွေတွေ့ရှိမည်လောအင်ဒီရာ ဟာရှာ ဒါရာဂူးဗား တို့ရဲ့ အတိတ်ကလဲ့စားတို့ကရောပစ္စုပ္ပန် ရဲ့ ကစားလဲ့ချေခြင်းတို့ကရော မည်သို့ အဆုံးသတ်မည်နည်းဟာရှာ ကို သတ်ဖို့ကြိုးစားသော ဒါရာရဲ့ အကြံအစည်တို့ကရောအောင်မြင်ခဲ့မည်လော ဟာရှာ ကရော အတိတ်ရဲ့ကလဲ့စားကို မည့်သို့ အဆုံးသတ်မည်နည်း အင်ဒီရာကရော အတိတ်ကို သိမြင်နိုင်စွမ်းရှိခဲ့မည်လော စသောမေးခွန်းများစွာနှင့် ရင်ခုန်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။","cover":"https://docs.google.com/uc?id=1_CJj2UDObto3DomW7IonwmF89-ij_EWE"},{"title":"Hacked (2020)","id":"https://drive.google.com/file/d/1aEwqB1pAX6zA7wE-tX3pnPM_rTKf2DyT/view?usp=drivesdk","description":"(PS - ဇာတ်ကားကမိုက်ပေမယ့် 18+ ခန်းတစ်ချို့ပါကြောင်းကြိုသတိပေးချင်ပါတယ်)\n\nမာယာများတဲ့ မမနဲ့ ဟက်ကာမောင်လေးဇာတ်လမ်းပေါ့ကွယ်\n\nဒီဇာတ်လမ်းထဲက ဆမ်မီရာဆိုတဲ့ကောင်မလေးက ဖက်ရှင်မဂ္ဂဇင်း အယ်ဒီတာတစ်ယောက်ပေါ့\n\nသူ့ဘ၀မှာ အောင်မြင်မှုတွေရနေရင်းနဲ့ တစ်နေ့မှာ ဗီဗစ်ဆိုတဲ့ 19နှစ်ရွယ်ဟက်ကာလေးကသူမကိုမြင်မြင်ချင်း ချစ်မိသွားပြီး သူမအချစ်ကို ရအောင်ကြိုးစားတော့တာပဲ\n\nမအောင်မြင်တော့ သူမဘ၀ကိုဟက်ပြီး သူလိုချင်သလိုကြိုးကိုင်တဲ့အခါ ဆမ်မီရာတစ်ယောက် သူမအကောင့်မှန်သမျှဟက်ခံရပြီး မကောင်းသောသတင်းများဖြင့်စော်ကားခံရသောအခါ\n\nဗီဗစ်လို အရမ်းတော်တဲ့ဟက်ကာလေးကို သာမာန်မိန်းမတစ်ယောက်အနေနဲ့ ဘယ်လိုလှည့်စားပြီး သူမသိက္ခာကို ဘယ်လိုပြန်ဆယ်မလဲဆိုတာ စိတ်၀င်စားဖွယ်ကြည့်ရှုရမှာပါနော်\n\nဒီပညာပေးဇာတ်လမ်းလေးက မိန်းကလေးတွေ ပိုကြည့်သင့်ပါတယ်\n\nမိန်းကလေးတွေအနေနဲ့လည်း မိမိတို့ကိုယ်ရေးကိုယ်တာ ကိစ္စမှန်သမျှကိုလိုင်းပေါ်မာမတင်သင့်ကြောင်း လူမှုကွန်ယက်ဆိုတာ တကယ့်လက်တွေ့မှာလူတွေရဲ့ ဘ၀ကိုဖျက်ဆီးနိုင်ကြောင်း ပညာပေးဖော်ပြထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်ရှင့်\n\nဟက်ကာတစ်ယောက်ရဲ့ နှလုံးသားကို ခွဲမိတဲ့မိန်းမတစ်ယောက်ရဲ့ဘ၀အကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်","cover":"https://docs.google.com/uc?id=1WTQ-g79wKAHzOYZhrpRFjQqnkMi_Dzc1"},{"title":"Arjun Reddy (2017)","id":"https://drive.google.com/file/d/1Vq6R5XRpLVHjNEqws5pxd7Ub7jruXZxb/view?usp=drivesdk","description":"\"တစ်နည်းနည်းအားဖြင့် တစ်ယောက်က\n ပြိုလဲခဲ့ရင် ကျန်တဲ့ တစ်ယောက်က ပို \nပူဆွေးရတယ်။ ဒါ့ကြောင့် ငါ ချစ်တဲ့သူကို \nမထိခိုက်စေပါနဲ့ \"\n\n နောက်ဆုံးနှစ် ဆေးကျောင်းသား Arjun ဟာ ဒေါသသိပ်ကြီးတတ်တဲ့ လူငယ်ဗီဇ နဲ့ \nမွေးဖွားလာသူပါ။ စာပေမှာလည်း တော်သလို အားကစားမှာလည်း ထူးချွန်ပါသေးတယ်။ ဒါပေမယ့် ဖြစ်သမျှ ဘောလုံးရန်ပွဲတွေကတော့ သူနဲ့ မကင်းခဲ့ရပါဘူး။\n\n ဌာနမှူးက တော့ သြဝါဒတွေ အလီလီခြွေလို့။\n\n\" ဆေးပညာရပ်မှာ ဒေါသမထိန်းနိုင်တဲ့သူက ခွဲစိတ်ဓားကိုင်တဲ့ လူသတ်သမားနဲ့ တူတယ် Arjun \"\n\nဒီလို ဆုံးမလည်း Arjun ကတော့ မထူးလှ။ ကိုယ့်ခံယူချက်နဲ့ကိုယ်မို့ ကျောင်းတစ်လ နားခံရလည်း ဂရုမစိုက်တတ်။\n\n ဒီလိုနဲ့ တစ်နေ့မှာတော့ ပထမနှစ်ကျောင်းသူလေး Preethi ကို တွေ့ခဲ့မိပါပြီ။ဒီတော့ Arjun ဟာ Preethi ကို သိပ်ချစ်တတ်ခဲ့တယ်။ ကမ်ဘာတစ်ခုလုံးကို အရှုံးပေးရလောက်အောင် အရူးအမူးပါပဲ။\n\n သူ စီးနေကျ ဆိုင်ကယ်လေးမှာ ခုံ ပိုလေးတပ်ပြီး သူ့ရင်ခွင်ထဲက မိန်းကလေးအတွက် သူ ဖန်တီးစေခဲ့တယ်။ လေပြေက တဖြူးဖြူး နဲ့ ဆိုင်ကယ်ရွေ့လာတဲ့အခါ \nသီချင်းသံဟာလည်း လွင့်ပျံ့ လာခဲ့တယ်။\n\n လောကဟာ သိပ်သာယာတယ်။ Arjun နဲ့ Preethi ကလည်း ကိုယ်စီ အပြုံးတွေနဲ့။ \nသိပ်ကို ကြည်နူးစရာကောင်းခဲ့တယ်။\n\n ဒါပေမဲ့ ကြမ္မာမုန်တိုင်းဟာ တဖြည်းဖြည်း ထန်လာတယ်။ Preethi အဖေရဲ့ သဘောမတူမှုကြောင့် ကွဲကွာရမယ့် အခြေအနေဖြစ်လာခဲ့တယ်။ဒါဟာ Arjun တစ်ယောက် ပျက်စီးဖို့ လမ်းစပါပဲ။\n\n Arjun ဟာ အရက်ကို အလွန်အကျွံသောက်တယ်။ လက်ပြန်ကြောထဲ မူးယစ်ဆေးထိုးတယ်။ အဲ့ဒီနောက် ၂ ရက်လောက် \nသတိလစ်ခဲ့တယ်။\n\n Arjun တစ်ယောက်ပြန်နိုးလာတဲ့အခါမှာ\nသတိအရ ဆုံးက Preethi ပါပဲ။ ဒါ့ကြောင့် \nသူ အပြေးအလွှားသွားခဲ့တယ်။ ဒါပေမဲ့ သူမျှော်လင့်မထားခဲ့တဲ့ အခြေအနေတစ်ရပ်နဲ့ ဆုံတွေ့လာရတဲ့အခါ မှာတော့ …………။\n\n ဇာတ်လမ်းဟာ ဒီနေရာကစလို့ လူတစ်ယောက်ရဲ့ ကိုယ်တိုင်ဖျက်ဆီးမှု ကို ဆင့်ကဲရိုက်ပြသွားတယ်။ အိမ်ပေါ်က ဆင်းလာပြီး တိုက်ခန်းကျဉ်းလေးမှာ သူနေတယ်။ဆေးခန်းတစ်ခုမှာ အလုပ်လုပ်တယ်။ အရက်ကို အလွန်အကျွံဆက်သောက်တယ်။ ဒါပေမဲ့ နဂိုစိတ်အခံနဲ့ တော့ \nငါးလေးတွေမွေးတယ်။ သူ ချစ်ရတဲ့ခွေးကလေးကို Preethi လို့မှည့်တယ်။ \n\n ဒီလိုနဲ့ ဇာတ်အိမ်ဟာ သူရဲ့ ဆေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုနဲ့ သာမန်လူအနေအထား ပျက်စီးနေမှုကို တလှည့်စီရိုက်ပြသွားပါတယ်။ \n\n ကျွန်တော့်အနေနဲ့ ဒီလို ဇာတ်ကားကို ရှုမြင်ရရင် Drama သက်သက် ခင်းကျင်းထားတာ မဟုတ်ပဲ စိတ်ခံစားမှုကြောင့် ဆေးပညာရပ်မှာ ထိခိုက်တာမျိုး ကိုပါ မီးမောင်းထိုးပြနိုင်တဲ့ ဇာတ်အိမ်မျိုးနဲ့ပါ။\n\n ဒီဇာတ်ကားမှာ ကျွန်တော် က ဇာတ်ကောင်ကို သဘောကျတယ်။ သူက ပျက်စီးခဲ့ပြီ။ သူက အချစ်ကို မယုံတော့ပြီ။ ဒါပေမဲ့ သူက သူရဲ့ profession ကို လေးစားတယ်။ လူနာတွေကို တတ်နိုင်သမျှ ရှင်းပြတယ်။ အမှားဖြစ်ရင်လည်း သူ ၀န်ခံနိုင်ခဲ့တယ်။ တနည်းအားဖြင့် ဆေးပညာဆိုင်ရာ လူတန်းစားဟာ အမြဲတမ်းမြင့်မြတ်နေတဲ့သူ မဟုတ်ဘဲ ကောင်းဆိုးနှစ်တန် ဖြစ်နေတာကို ခံစားမိပါတယ်။\n\n အထက်ပါ အကြောင်းအရပ်တွေကြောင့် \nဇာတ်ကောင်ကို သဘောတွေ့ခဲ့ပြီး ဇာတ်အိမ်ကျောရိုးကိုတော့ ထူးထူးခြားခြား မတွေ့ခဲ့ပါဘူး။ ဒါပေမဲ့ အတော်အတန်ကြည့်ကောင်းတဲ့ ကားအနေနဲ့တော့ မှတ်မိနေမှာပဲ ဖြစ်ပါတော့တယ်။","cover":"https://docs.google.com/uc?id=1WXXhWnA8zg2XGGpVxrZMu8IqZW0jXsnx"},{"title":"JAANU (2020)","id":"https://drive.google.com/file/d/1mX5sEbpIiVFev7lcukvqQzea_VZbfKA5/view?usp=drivesdk","description":"အညွှန်းကတော့\n\nရှာလိုက်ပါဦးမယ်နော် 😁","cover":"https://docs.google.com/uc?id=1Uem2CA0UggjL_bD5tz90wtC5MkkV6ZxO"},{"title":"Sailaja Reddy Alludu (2018)","id":"https://drive.google.com/file/d/1qvbKVcWpEt6UiHKbUz6LG6_o30_z9ccZ/view?usp=drivesdk","description":"အညွှန်းကတော့\n\nရှာလိုက်ပါဦးမယ်နော် 😁","cover":"https://docs.google.com/uc?id=1Ufty2fGQoQI3D4v-PoR3hC4FFW2Bh6-a"},{"title":"Inttelligent (2018)","id":"https://drive.google.com/file/d/1mCeKRG-VFtaRcE5VrTuVYyY9-H1NBChn/view?usp=drivesdk","description":"အညွှန်းကတော့\n\nရှာလိုက်ပါဦးမယ်နော် 😁","cover":"https://docs.google.com/uc?id=1USFlOsdZzPrEQgZhbL66J8bYFvF8kN_8"},{"title":"Hit (2020)","id":"https://drive.google.com/file/d/1-8BtLKoyasFvwZfcioP215LRF_xLZe3l/view?usp=drivesdk","description":"အခုတင်ဆက်ပေးမယ့်ကားလေးကတော့ အရမ်းကိုစိတ်ဝင်စားဖို့ကောင်းတဲ့ စုံထောက်ဇာတ်ကားလေးပါ \n\nမင်းသားဖြစ်တဲ့ ဗီခမ်းဟာ အရမ်းကိုတော်တဲ့ စုံထောက်တစ်ယောက် ။\n\nတစ်နေ့တော့သူဟာသူ့ရဲ့ ချစ်သူ နီဟာနဲ့ချိန်းတွေ့ကြတယ်ပေါ့ ..\n\nနီဟာကလဲ မှုခင်းဆေးဌာနက တာဝန်ရှိသူတစ်ယောက်ပဲ...\n\n ဗီခမ်းနဲ့တွေ့ပြီးနောက်နေ့မှာပဲ နီဟာ ပျောက်ချင်းမလှပျောက်သွားရော..\n\nအရမ်းစေ့စပ်သေချာလှတဲ့ ဗီခမ်းလိုစုံထောက်တစ်ယောက်တောင် နီဟာပျောက်ဆုံးမှုကို အစရှာမရပါဘူး \n\nဒီအမှုဟာဘယ်လောက်နက်နဲ့ပြီး မြုပ်ကွက်တွေအရမ်းများနေလဲဆိုတာကို အံ့အားသင့်ဖွယ်ကြည့်ရှုရမယ့် ကားလေးတစ်ကားဖြစ်တယ်လို့ ညွှန်းရင်း...","cover":"https://docs.google.com/uc?id=1UBuZvIx2SQ0LZtLUhYWCkxZmB-CcPnEk"},{"title":"My Name Is Khan (2010)","id":"https://drive.google.com/file/d/1kvm4GFVWKsTSQgwoDswt67rR41ziTn2A/view?usp=drivesdk","description":"IMDb 8/10 Rotten Tomatoes 85% Metacritic 50% Google users 95% ရထားသော ဒါရိုက်တာ Karan Johar  ရိုက်ကူးထား၍  Shibani Bathija က ဇာတ်ညွှန်းရေးသားထားကာ သရုပ်ဆောင်  Shah Rukh Khan, Kajol, Sheetal Menon တို့ပါဝင်သရုပ်ဆောင်ထားသော Drama ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…\nAsperger’s syndrome ရော၈ါ ခံစားနေရသူ အိန္ဒိယ မွတ်စလင်တစ်ဦးဟာ အမေရိကန် သမ္မတကို အလေးအနက် ပြောဆိုဖို့နဲ့ နိုင်ငံဖြတ်ကျော်ခရီးကို စတင်ဖို့ စိန်ခေါ်မှုတစ်ခုကို ဘယ်လို အခက်အခဲတွေ ကြားက ဖြတ်ကျော်သွားမလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှု ခံစားကြည့်ကြပါခင်ဗျာ…","cover":"https://docs.google.com/uc?id=1PhlekWcm-jJKWd3wtgWvW9JbWzweRwq-"},{"title":"Kannum Kannum Kollaiyadithaal (2020)","id":"https://drive.google.com/file/d/1zVVaX8bFUzAyygXH3tyTS7PfuXwNGnc2/view?usp=drivesdk","description":"ခဲလစ်နဲ့ ဆီဒါ့တို့ နှစ်ယောက်ဟာ ပါတီတက် ကလပ်တက်နဲ့ ပျော်ပျော်ပါးပါးနဲ့ တစ်အိမ်တည်းနေ သူငယ်ချင်းနှစ်ယောက်ပါ\n\nသူတို့ဟာ online ကနေ ရိုက်စားလုပ်ပြီး ငွေရှာကြပါတယ် ချစ်ရသူ အသီးသီးရှိလာတဲ့အခါမှတော့ သူတို့ရဲ့အလုပ်ကို စွန့်လွှတ်ပြီး တစ်ခြားမြို့မှာ အခြေချဖို့ စီစဥ်ခဲ့ပါတယ်\n\nဒါပေမယ့် သူတို့အလိမ်ကြောင့် ထိခိုက်သွားတဲ့ ရဲတစ်ဦးဟာ သူတို့ကို လက်ပူးလက်ကြပ် ဖမ်းဖို့ လုပ်ဆောင်ရာမှာတော့...","cover":"https://docs.google.com/uc?id=1P32BYVRzp06JZPw1s5D4ncLKw6Ueh1RH"},{"title":"Yeh Saali Aashiqui (2019)","id":"https://drive.google.com/file/d/1d1OCm5eZGGtzPUB7fLbEQuz8WmM8aSrP/view?usp=drivesdk","description":"ဒီအိန္ဒိယကားလေးကတော့ တစ်မူထူးခြားတဲ့ဇာတ်ကားလေးတစ်ကားပါ။ နိုင်ငံရေးတွေမပါသလို အချစ်ရေးမှာလည်းအရမ်းကြီး ရိုးရှင်းနေတာမဟုတ်ပဲ တစ်ခြားသော အက်ရှင်သဘောမျိုးဆိုရင်လည်းအရမ်းထူးခြားတယ်လို့ပြောရမှာပါ။\n\nဇာတ်လမ်းထဲမှာ အမျိုးသမီး အမျိုးသားနှစ်ဦး လုံးရဲ့ အားနည်းချက် အားသာချက်တွေကိုတင်ပြထားပြီး အက်ရှင် လည်းပါ အချစ်လည်းပါ သွေးထွက်သံယိုလည်း ပါထားပြီး ပိုပြီးကောင်းတဲ့အချက်က တော့ ဇာတ်လမ်းကို တင်ပြပုံစံ ဇာတ်လမ်းရဲ့သိုဝှက်ပုံ နဲ့ ဇာတ်လမ်းကိုဆွဲခေါ်သွားတာမှာအရမ်း စိတ်ဝင်စားစရာကောင်းပါတယ်။\n\nဇာတ်လမ်းဟာ Trailer မကြည့်ဖူးရင် အိန္ဒိယပေါကားကြီးလို့ အစောပိုင်းမိနစ်၂၀ လောက်မှာ ထင်ရက်စရာရှိပါတယ်။ တကယ်တော့ Trailer ကိုအရင်ကြည့်ပြီးမှ ဇာတ်လမ်းကိုကြည့်လိုက်တာပိုပြီးကောင်းမယ်ထင်ပါတယ်။\nအညွန်အနေနဲ့ဆိုရင် ကျွန်တော့်အနေနဲ့ Interval အထိပဲပြောသွားပါမယ်…\n\nရိုးသားတယ် အလုပ်ကြိုးစားတယ် အရမ်းလည်းအေးဆေးတဲ့ ကော်လိပ်ကျောင်းသားဆာဟေးဆိုတဲ့ကောင်လေးဟာ အရမ်းလှပြီး ပွင့်ပွင့်လင်းလင်းနေတတ်တဲ့ မီတီဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ ကြိုက်နှစ်သက်မိပါတယ်.. သူတို့နှစ်ယောက်ရည်းစားဖြစ်ပြီးနောက်မှာ မီတီ ဘက်မှာ ပြောင်းလဲမှုများစွာဖြစ်ခဲ့ပါတယ်….. ပထမ အနေနဲ့ မီတီဟာ အပျော်အပါးမက်သလိုဖြစ်လာပါတယ် …. ပြီးနောက်မှာ မီတီ အနေနဲ့ တစ်ခြားကောင်လေးနဲ့ တွဲလာလုပ်နေသလိုဖြစ်သွားတော့ ဆာဟေး အနေနဲ့ ဒေါသထွက်ခဲ့ပါတယ် … ဒုတိယအနေနဲ့ မီတီ စာခိုးချရာကို ဆာဟေးဟာ တစ်ဘက်လှည့်နဲ့တိုင်ကြားလိုက်ပြီး မီတီကို သတိပေးလိုက်ပါတယ်။ နောက်ပိုင်းမှာ ဆာဟေးဟာ သူငယ်ချင်းများကိုရိုက်နှက်တယ် မီတီကိုရိုက်နှက်တယ် နောက်ပိုင်းမှာ မီတီကို အနိုင်ကျင့်စော်ကားတဲ့အထိ ဖြစ်ခဲ့ပါတယ် … အဲဒီလို စော်ကားအနိုင်ကျင့်တဲ့အတွက် ဆာဟေး ဟာ စိတ်ကျန်းမာရေးဆေးရုံမှာ ၂ နှစ်ခွဲကျခံလိုက်ရပါတယ်…\n\nတကယ် ဆာဟေးနဲ့မီတီ ကြားမှာ ရှိနေတဲ့ လူတွေမသိတဲ့အရာတွေက….. တကယ်ပဲ ဆာဟေးက မီတီကို စော်ကားလိုက်တာလား…… မီတီကပဲဆာဟေးကိုချောက်တွန်းလိုက်တာလား….. ဆာဟေးမှာရှိနေသေးတယ်နောက်ကွယ်က လျို့ဝှက်ချက်တွေ ……… မီတီရဲ့နောက်ကွယ်မှာရှိနေသေးတဲ့ လျို့ဝှက်ချက်တွေ…. ဒီလောကကြီးမှာ မိန်းမတွေလည်း မလုံခြုံဘူး ….. ယောက်ျားတွေလည်း လုံခြုံမှုမရှိတော့ဘူးဆိုတာကို ပြသလိုက်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ….","cover":"https://docs.google.com/uc?id=1P34tj4ou8nSTYCS_dkduj9fbofNayB03"},{"title":"Mohabbatein (2000)","id":"https://drive.google.com/file/d/1u4JeG7naEtrSMd4a1egBD3d1hTivuVFF/view?usp=drivesdk","description":"ဒီဇာတ်ကားလေးကတော့ ၂၀၀၀ ပြည့်နှစ်အတွင်းမှာ ခေတ်စားခဲ့တဲ့ ဟင်ဒီဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။\nဒီဇာတ်ကားလေးကို မြန်မာလို့ပြောရရင်တော့ “အချစ်လို့ခေါ်သလား” ပေါ့\nဒီဇာတ်ကားမှာ အဓိကသရုပ်ဆောင်အဖြစ် မင်းသားကြီး အမီတာခ်ျ ဘချမ်း နဲ့ ရှရွတ်ခမ်း တို့ကသရုပ်ဆောင်ထားကြပါတယ်။\nဇာတ်လမ်းကတော့ အရမ်းကိုစည်းကမ်းကြီးပြီး သူ့ရဲ့ကျောင်းမှာ ကျောင်းသူကျောင်းသားအချင်းချင်း မချစ်ရမကြိုက်ရ\nရိုမန့်တစ်ဆန်ခြင်းတွေကို မလုပ်ရဆိုပြီး တားမြစ်ထားတဲ့ ကျောင်းအုပ်ကြီး၊ သူ့ရဲ့သမီးဖြစ်သူနဲ့ ကောင်လေးတစ်ယောက်ချစ်ကြိုက်မိသွားရာမှ ……\n\nသူတို့နှစ်ဦးကို မကွဲကွဲအောင်ခွဲ၊ တားမြစ်ကြပြီး ပြဿနာတွေဖြစ်ခဲ့တဲ့အခါ ကျောင်းအုပ်ကြီးရဲ့သမီးလေးအသက်ပါအစစ်ပါသွားခဲ့ရလေပါတယ်။\n\nနှစ်အနည်းငယ်ကြာပြီးတဲ့နောက်မှာတော့ ကောင်လေးက လက်စားချေဖို့ ဂီတဆရာအဖြစ်နဲ့ ကျောင်းကိုပြန်လည်ရောက်ရှိလာတဲ့အခါမှာ …..စည်းကမ်းအရမ်းကြီးတဲ့ ကျောင်းအုပ်ကြီးရဲ့ အတ္တများနဲ့ အချစ်ကိုအပြည့်အဝယုံကြည်ပြီး ချစ်တတ်တဲ့လူငယ်တစ်ယောက်ရဲ့ အားပြိုင်မှုတို့ကို ဇာတ်လမ်းလေးထဲမှာပဲ ဘယ်သူကအလေးသာမလဲဆိုတာကို ကြည့်ရှုလိုက်ကြပါစို့ ……။","cover":"https://docs.google.com/uc?id=1OzwKX8HVSGru_9s7pFsTg8QM9wAXpvCW"},{"title":"Panther (2019)","id":"https://drive.google.com/file/d/1pf97A9ynWZ0egIftCOg3zcmDTrFsV59G/view?usp=drivesdk","description":"နိုင်ငံရဲ့ အတော်ဆုံး RAW အေးဂျင့် Panther တစ်ယောက် မွန်ဘိုင်းဗုံးပေါက်ကွဲမှုမှာ တာဝန်ရှိတဲ့ အကြမ်းဖက်သမားတွေအကို ဘယ်လို ဖမ်းဆီးကာ ထပ်မံတိုက်ခိုက်မှုများကို ရပ်တန့်မလဲ ဆိုတာကို ခပ်ကြမ်းကြမ်း ကြည့်ရပါမယ်။","cover":"https://docs.google.com/uc?id=1MXh-elXlkdxk3uYY7Ebi-P0sje2048QX"},{"title":"Raatchasi","id":"https://drive.google.com/file/d/1hHLbHumm9Wt6qxjhL_ZcrNovWgP4Wkn4/view?usp=sharing","description":"ပညာရေးမှာ ပြစ်ချက်တစ်ခုရှိလာရင် အကြောင်းပြချက်က မလုံလောက်တဲ့ ဆရာ/မ အင်အားနဲ့ စနစ်ဆိုး..ဒါတွေဟာ လက်ညှိုးထိုးပြစရာ။ ဘယ်အစိုးရမှ လောက်ငှတဲ့ ငွေပမာဏမပေးမထားတော့ ဝန်ထမ်းတွေလည်း အပြင်စီးပွားရှာတယ်။အထက်လူကြီးတွေက အာဏာရပါတီကဆိုပြီး မြို့တိုင်းမှာ ပါတီအလံလွှင့်ထူဖို့လောက် ကျောင်းတွေမှာ လစ်လပ်နေတာကို သူတို့ စိတ်မဝင်စားဘူး။မဲဆွယ်တုန်းခဏပဲ ပြည်သူကို ကြည့်ကြတာပါ။အဲ့ဒီလို မြို့မျိုးမှာဆို လူသတ်မှုလည်း ထွန်းကားတယ်ဗျ။\nဒီကျောင်းက ထူးဆန်းတယ်။ကျောင်းမှာ ရာထူးအကြီးဆုံးက ဘဲကြီးက နှာဘူးထတယ်။ဆရာမတွေကို ရိုသေလေးစားမှုမရှိ။ကျောင်း အထွေထွေလုပ်သားတွေက အစ လက်မှတ်ထိုးပြီး အိမ်ပြန်စီးပွားလုပ်တယ်။ဆရာမတွေဟာ ကျောင်းသားတွေရဲ့ အနာဂတ်ထက် ပါးပေါ်က မိတ်ကပ်မပျက်ဖို့ ပိုဂရုစိုက်တယ်။ကလေးတွေရဲ့ စာဖတ်သံထက် နားထောင်နေတဲ့ နားကြပ်က သီချင်းသံကို ပိုကြားရဖို့ အာရုံစိုက်တယ်။ဆရာတွေက အရည်အချင်းမရှိဘဲ သင်ပြနေသူတွေ။ခေတ်နောက်ကျန်ခဲ့ပြီး ခေတ်သစ်ပညာရေးနဲ့အလှမ်းဝေးနေသူတွေ။ရာထူးတိုးဖို့ လစာတိုးဖို့ပဲ အာရုံစိုက်ပြီး ကိုယ်ကိုယ်တိုင် မသိတဲ့ စာတွေကို ကလေးတွေရှေ့ ဖြီးဖြန်းတယ်။သင်္ချာဆရာက သင်္ချာရဲ့ အကျိုးကျေးဇူးကို မသိ။သမိုင်းဆရာက သူပြောမှ သမိုင်းတွေ အသစ်ပေါ်လာ။ဓာတုဗေဒဆရာက လက်တွေ့ခန်းမမြင်ဖူး။အင်္ဂလိပ်ဆရာက ကိုယ်ကိုယ်တိုင် အင်္ဂလိပ်လိုမပြောတတ်။ရာထူးနောက်ကို လိုက်ပြီး အရည်အချင်းမပြည့်ဝတဲ့ ဒီလို ဆရာတွေ။“ကျောင်းသားတွေကို စာမေးပွဲနဲ့ အမှတ်ပေး အရည်အချင်းစစ်၊အတန်းတင်ပေးကြပေမဲ့ ဘယ်ဆရာ/မကိုမှ အရည်အချင်းစစ်တာမျိုးမှ မရှိဘဲ” ကာယဆရာကတော့ ဗိုက်ရွှဲရွှဲနဲ့။ သူ့ပုံစံက အချိန်ပြည့် နားနေခန်းမှာ စားသောက်ဇိမ်ယစ်လွန်းလို့ ဝပြဲနေတဲ့ပုံနဲ့။ကျောင်းပတ်ဝန်းကျင် အိမ်တွေက ကျောင်းခြံထဲကို အမှိုက်ပစ်ချတယ်။ကျောင်းအနီးမှာ ဆေးလိပ်ကွမ်းယာ ရောင်းနေကြတာလည်း ရှိတယ်။ခြံစည်းရိုးအအပြင်ဘက် ခိုးထွက်နေတဲ့ ကလေးတွေကို တားဆီးမယ့်သူ မရှိ။ဒီလို ကျောင်းဆိုးမျိုး…. အဲ့လိုစနစ်ပျက်နေတဲ့ ခပ်ဆိုးဆိုး ကျောင်းကို… ခုတော့ ‘သူမ’ ရောက်လာခဲ့ပါပြီ။ကျောင်းကို သူမ ဘယ်လို စီမံမလဲ။ဒီကျောင်းရဲ့ပညာရေးကို ဘယ်လို ကောင်းမွန်အောင် လုပ်မလဲ။ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ သူက ဘာလို့ ဒီကျောင်းကိုမှ ရွေးချယ်ခဲ့လဲ ဆိုတာကို စိတ်ဝင်တစား ကြည့်စေမိမှာပါ။———————————————–တေလဂူးအချစ်ကားလေးတွေပဲ တင်နေပြီး တမီးလ်ကားမတင်တာ ကြာပါပြီ။ဒါပေမဲ့ ဒီဇာတ်ကားကတော့ တက်လာလို့ အစမ်းကြည့်ရင်းနဲ့ အကြိုက်တွေ့လို့ ဘာသာပြန်ခဲ့ပါတယ်။ဒီဇာတ်ကားဟာ ပညာရေးလောကသားတွေ၊ ဆရာ/မတွေတင် မဟုတ်ဘဲ အားလုံး ကြည့်သင့်တယ်လို့ထင်ပါတယ်။ပညာရေးနယ်ပယ်ထဲ အဆိုးဆုံးတွေကို တွန်းလှန်တဲ့ မိန်းမတစ်ယောက်ရဲ့ ပညာရေးဦးစားပေး ဇာတ်ကားတစ်ကားပါ။ကိုယ်ဖြတ်သန်းလာခဲ့ရတဲ့ ပညာရေးစနစ်ကို လည်ပြန်ကြည့်မိရင်ပဲဖြစ်ဖြစ်၊ ရသတစ်ခုခု ရစေရင်ပဲဖြစ်ဖြစ် ကျွန်တော်တို့ တင်ပေးရကျိုးနပ်ပါပြီ။ကျွန်တော် ဒီဇာတ်ကားကို ကြည့်ပြီးချိန်မှာ ကိုယ်ဟာ ကျောင်းဆရာတစ်ယောက်ဖြစ်ပေမဲ့ ကျောင်းဆရာ အရည်အချင်း ရှိရဲ့လားဆိုပြီး မေးမိပါတယ်။ တော်တော်လေးတောင် ရှက်မိပါတယ်။(မှတ်ချက်- အထက်ပါ ရေးသားချက်များသည် ဇာတ်လမ်းတွင်းမှ အဖြစ်အပျက်များ ဖြစ်ပြီး မည်သည့်ဌာန၊မည်သည့်အဖွဲ့အစည်းကိုမှ မထိခိုက်စေလိုပါ) IMDb Rating – 7.3/10 Google Users – 95% Genere – Drama အညွှန်းနဲ့ မြန်မာမှု ပြုထားကြသူတွေကတော့ ညီညီကိုးနဲ့ မြင့်သူတို့ ညီအစ်ကိုပါ။\n","cover":"https://docs.google.com/uc?id=11IRDKdY1PEcWtmJt51QVI7MRSZTUf8Ff"},{"title":"Dulhan Hum Le Jayenge (2000)","id":"https://drive.google.com/file/d/1slUu5Bhtc5i5d3JWcyTdvNPQ9Exwk-Wj/view?usp=sharing","description":"Salman Khan ပရိသတ်များအတွက်…\n\nDulhan Hum Le Jayenge (2000) သည် ဒါရိုက်တာ David Dhawan က ရိုက်ကူးထား၍ Rumi Jaffery က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ သရုပ်ဆောင် Salman Khan, Om Puri, Paresh Rawal တို့ ပါဝင်သရုပ်ဆောင်ထားသော Comedy , Drama , Romance ဇာတ်ကားကောင်းတစ်ကား ဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…\n\nစပ်နာဟာ ငယ်ငယ်ကတည်းက မိဘသေဆုံးသွားသဖြင့် ဦးလေးသုံးယောက်နဲ့အတူ နေထိုင်ရရှာသည် ဘိုနာနတ်က ကျန်းမာရေးလိုက်စားသူ ပရာဘူနတ်က ဘာသာရေးလိုက်စားသူ ဗစ်ကီနတ်က ဒစ်စကိုအကကို ချစ်မြတ်နိုးဖြစ်လေသည် သူတို့သုံးယောက် ဝါသနာပါရာကို အတင်းလုပ်ခိုင်းသဖြင့် စပ်နာမှာ ကိုယ့်စိတ်ကြိုက်နေခွင့်ရအောင် ဥရောပသို့ ခေတ္တထွက်ပြေးရာ ရာဂျာနှင့်တွေ့လေသည် သူ့ပိုက်ဆံအိတ်အခိုးခံရသဖြင့် ငွေရေးကြေးရေးအားလုံးကို ရာဂျာကို မှီခိုပြီးသွားလာနေရသည် ခရီးသွားရင်း တစ်ယောက်နဲ့ တစ်ယောက် ငြင်းခုန်စကားများရင်း သူတို့နှစ်ယောက်ချစ်မိသွားကြလေသည် စပ်နာကို လက်ထပ်ခွင့်ရရန် ဦးလေးသုံးယောက်အား ဘယ်လိုစည်းရုံးမလဲ ဆိုတာကိုတော့ ဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုခံစားကြည့်လိုက်ကြပါခင်ဗျာ","cover":"https://docs.google.com/uc?id=1KvyMf8s9C1zgqUUS5gtP-wbb05O8BVNI"},{"title":"Jai Mummy Di (2020)","id":"https://drive.google.com/file/d/1l75cgMSJ626Ik7YdvtAq6QR8LbGtwbWF/view?usp=sharing","description":"အချစ်ဟာသဒရာမာကားလေးဖြစ်ပါတယ် လူနှစ်ယောက် ပေါင်းစပ်ရင် နှစ်ဦးစလုံးရဲ့ မိဘဆွေမျိုးတွေပါ ပါဝင်လာကြတာ ထုံးစံပါပဲ\n\nဒီကားမှာ ချစ်သူနှစ်ယောက် လက်ထပ်ဖို့အရေး အမေနှစ်ယောက်ရဲ့ ပါဝင်စွက်ဖက်မှုတွေ ယှသ်ပြိုင်မှုတွေကြောင့် ဘယ်လိုတွေ အလွဲလွဲအချော်အချော်ဖြစ်ကြမလဲဆိုတာ ကြည့်လိုက်ရအောင်","cover":"https://docs.google.com/uc?id=1KtBm8FF9-AVo9owEmWuztcc8VqRaBrLJ"},{"title":"Kabhi Khushi Kabhie Gham (2001)","id":"https://drive.google.com/file/d/1ZJikgd2Xc6kxzaz44z56maH7b1PfQZFM/view?usp=sharing","description":"IMDB Rating 7.5 အထိရရှိထားတဲ့ Bollywood Drama ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။\nဒီဇာတ်ကားလေးကတော့ မိသားစုတွင်းမှာဖြစ်လေ့ရှိတဲ့\nပြဿနာလေးတွေကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကို ရိုက်ကူးတင်ဆက်ထားတဲ့ Dramaကားလေးပဲဖြစ်ပါတယ်။\nမိသားစုတစ်ခုမှာ ဖခင်ဖြစ်သူသာလျှင် အခရာဖြစ်တယ် ဆိုတဲ့ ရှေးရိုးဆန်တဲ့အယူအဆကိုကိုင်စွဲထားတဲ့ ဇာတ်မြင့်အနွယ်ဝင် ဖခင်တစ်ဦးဟာ သူ့ရဲ့သားတွေကို အရမ်းလဲချစ်သလို သူ့သားတွေကိုလဲ သူ့အမိန့်ကိုနာခံစေချင်ပါတယ်။ ဒါပေမယ့် သားကြီးဖြစ်သူဟာ မိမိနဲ့အဆင့်အတန်းမတူတဲ့\nမိန်းကလေးတစ်ဦးကိုချစ်မိသွားတဲ့အခါမှာ\nဖခင်ရဲ့အမိန့်ကိုဖီဆန်ဖို့ကြိုးစားခဲ့ပါတယ်။\nဖခင်ကလဲမိမိသဘောတူနဲ့သာလက်ထပ်ရမည်ဖြစ်ကြောင်း\nမျိုးရိုးနိမ့်သူနှင့်မပေးစားနိုင်ကြောင်း သားဖြစ်သူကိုအမိန့်ပေးခဲ့ပါတယ်။\nဖခင်ရဲ့အတ္တကြီးတဲ့ချစ်ခြင်းမေတ္တာတရားနဲ့ သားဖြစ်သူရဲ့\nမာနကင်းစင်တဲ့မေတ္တာတရားတို့ရဲ့အားပြိုင်ပွဲကြောင့်\nမိသားစုထဲကအခြားသူတွေပါထိခိုက်ရကြောင်း\nမာနကင်းစင်တဲ့မေတ္တာတရားသာလျှင် လောကမှာ အကောင်းမွန်ဆုံးဖြစ်ကြောင်းကို ဒါရိုက်တာKaran Johar က အချိတ်အဆက်မိမိ ရိုက်ကူးတင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာ ပါဝင်သရုပ်ဆောင်ထားသူတွေကတော့\nBollywood မင်းသားကြီး Amitabh Bachan, Jaya Bachan, Bollywood ရဲ့ Khin Khan တွေထဲက တစ်ဦးဖြစ်တဲ့ Shah Rukh Khan, Hrithik Roshan, Kajol, Kareena Kapoor Khan တို့ပဲဖြစ်ပါတယ်ခင်ဗျာ။\nရိုက်ကူးချက်ကောင်းမွန်ခြင်း ဝတ္ထုကောင်းမွန်ခြင်း သရုပ်ဆောင်တို့၏သရုပ်ဆောင်ကောင်းမွန်ခြင်းတို့ကြောင့်\nBollywood Dramaကားချစ်သူတွေအတွက် မျက်ရည်ကျလောက်အောင်အထိကောင်းမွန်တဲ့ Dramaကားလေးဖြစ်ကြောင်းကို ကျွန်တော်ရဲရဲကြီးထောက်ခံပါတယ်ခင်ဗျာ။\nစိတ်မခိုင်သူတွေအနေနဲ့ကတော့ တစ်ရှူးဘူးလေးကို\nဘေးမှာချပြီးကြည့်ဖို့အတွက် အကြံပေးလိုပါတယ်။","cover":"https://docs.google.com/uc?id=1IHmAXG5zhm7lQnkVFJw4faDAQv8B5rnV"},{"title":"Happy New Year (2014)","id":"https://drive.google.com/file/d/1rTBmuVlyJub9h3r4Qecs05sD7CpvCCjS/view?usp=sharing","description":"ဂီတ ဟာသဘောလိဝုဒ် ရုပ်ရှင်ကားလေးက စိတ်ကြည်နူးပျော်ရွှင် စေနိုင်မှာပါ။ နာမည်ကြီး သရုပ် ဆောင်တွေ ဖြစ်တဲ့ ရှာရွတ်ခန်း၊ အဘီရှက် ဘက်ချန်း၊ ဒီပီကာ ပါဒူကုန်း၊ ဘိုးမန်းအီရာနီ တို့တစ်တွေကို တစုတစည်းတည်း ကြည့် ရှုရမှာပါ။\n\nချာလီ(ရှာရွတ်ခမ်း)လို့ လူသိများတဲ့ ချန် ဒရာမိုဟန်မန်နိုဟာရှာမာဟာ ချာ ရန်ဂရိုဗာဆိုသူကို လက်စားချေ ဖို့အတွက် ဖိုက်တာတစ်ယောက် အနေနဲ့ ရှစ်နှစ်နီးပါး စောင့်ဆိုင်း နေခဲ့ပါတယ်။ သူ့အဖေဖြစ်သူကို ရှာလီမာစိန်တွေ ခိုးယူတယ်ဆိုပြီး ချာရန်ဂရိုဗာက စွပ်စွဲခဲ့လို့ သူ့အ ဖေဟာ သူခိုးတစ်ယောက်အဖြစ် နာမည်ဆိုးတွင်ကျန်ခဲ့ရတဲ့အ တွက်ပဲ ဖြစ်ပါတယ်။\n\nချာလီဟာ သတင်းတစ်ခု ဖတ်ရင်း ခရစ္စမတ်နေ့ မတိုင်ခင် တစ်ရက်မှာ အတ္တလန္တိတ်ဟိုတယ် ကို စိန်တွေ ရောက်ရှိမယ်ဆိုတာ သိရှိခဲ့တာကြောင့် ခိုးယူဖို့ ကြိုး စားပြီး ဂရိုဗာကို အမှုဆင်ဖို့ ကြံ စည်ခဲ့ပါတယ်။ သူလှုပ်ရှားဖို့အ တွက် အဖွဲ့ဖွဲ့ခဲ့ပြီး အဲဒီအဖွဲ့ထဲ မှာ အကြားအာရုံချို့တဲ့တဲ့ ဂျက်ဂ်၊ အ၀လွန်နေတဲ့ တမ်မီ၊ ဟက်ကာ တစ်ယောက်ဖြစ်တဲ့ ရိုဟန်ဆင်း တို့ ပါ၀င်ပါတယ်။\n\nပြဿသ နာတစ်ခုက ဂရိုဗာရဲ့ မြေအောက်ခန်းကို ၀င်ဖို့ရာမှာ လက်ဗွေလိုအပ်ပြီး အဲဒီအခန်းကို အချိန်တိုင်း ၀င်ထွက်ခွင့်ရတာက ဂရိုမာရဲ့သား ဗစ်ကီတစ်ယောက်ပဲရှိတာကြောင့် သူနဲ့ ရုပ်ချင်းဆင်တဲ့ နန်ဒုဘီဟိုက်ရဲ့ အကူအညီယူဖို့ လုပ်ဆောင်ပါတော့တယ်။ ဆာလီတို့အဖွဲ့ဟာ ဂိုဒေါင်တစ်ခုတည်းမှာ စစ်ဆင်ရေး အကြိုလေ့ကျင့်ခဲ့ပြီး အတ္တလန္တိတ်ဟိုတယ်ထဲက စိန်ထည့်တဲ့နေရာမှာ အားနည်းချက်ကိုပါ တွေ့ရှိခဲ့ကြပါတယ်။ စိန်တွေထားတဲ့အခန်းဟာ အခန်း 9C နဲ့ ချိတ်ဆက်ထားတာ ဖြစ်ပြီး အဲဒီအခန်းဟာ အကပြိုင်ပွဲမှာ ဆုရမှသာလျှင် ဖွင့်ပေးမှာဖြစ် ပေမယ့် သူတို့တစ်ဖွဲ့လုံး မကတတ်ကြပါဘူး။ ဒီလိုနဲ့ အဲဒီအခန်းထဲ၀င်ဖို့အတွက် အကပြိုင်ကြဖို့ လုပ်ဆောင်ခဲ့ကြပြီး ဘားကချေသည် မိုဟီနီဂျိုရှီဆီကနေ အကသင်ယူကြရပါတယ်။\n\nစိန်ခိုးဖို့ လုပ်ရာကနေ အကပြိုင်ကြရင်း ချာလီတို့အဖွဲ့ ဘာတွေဖြစ်ကုန်မလဲ၊ ဂရိုဗာကိုရော လက်စားချေနိုင်သလား။အတိုက်အခိုက်တွေကြားက ဟာသပြကွက်တွေ၊ အကပြကွက်တွေ ရှုစားရမှာမို့ ဘောလိဝုဒ်ရသတော့ အပြည့်အ၀ခံစားရမှာပါ။\n\nအိန္ဒိယဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း အကအလှတွေနဲ့ တန်ဆာဆင်ထားပါတယ်။ ရိုက်ကွင်းအများစုဟာ ဒူဘိုင်းက Atlantis, the Palm ဟိုတယ်မှာ ရိုက်ကူးထားပြီး ဇာတ်လမ်းရိုက်ကူးနေစဉ်အတွင်း မင်းသား ရှရွတ်ခန်း လက်မောင်းပြုတ်သွားခဲ့ပါသေးတယ်။ ဘောလိဝုဒ်မှာ လောလောဆယ် Dhoom 3၊ Chennai Express နဲ့ 3 Idiots တို့နောက် နံပါတ် ၄ ဝင်ငွေအများဆုံးအဖြစ် ရပ်တည်နေပါတယ်။ ဒူဘိုင်းရဲ့ အလှအပတွေနဲ့ အိန္ဒိယအကတွေကို ဟာသနဲ့ အက်ရှင်တွေ ရောညှပ်ပြီး ရိုက်ကူးထားတာမို့ အတော်လေး ကြည့်လို့ကောင်းပါတယ်။ စိတ်ပြေလက်ပျောက်၊ အပန်းဖြေ ကြည့်ချင်သူတွေ၊ ဟာသကား ကြိုက်တတ်သူတွေ ကြည့်သင့်တဲ့ ဇာတ်ကား တစ်ကားပါ။\n(ရုပ်ရှင်အညွှန်းကို 7Daily မှကူးယူဖော်ပြပါသည်။)","cover":"https://docs.google.com/uc?id=1H7V3OSauXRBD2MRK6-BjnMnsnNWXA0VJ"},{"title":"Ala Vaikunthapurramuloo (2020)","id":"https://drive.google.com/file/d/1bNwvS15UfBKGW2J-sVoIGOwszKsENVxW/view?usp=sharing","description":"ဟော...လာပြီဗျာ..ဘာပါလိမ့် ..ဘူးသီးလား..\nမဟုတ်ဘူးဗျ...အာလူးအာဂျွန်ရဲ့ ဇာတ်ကားသစ်ကြီးဗျ\nထွက်ချလာပြီဗျို့...\n\nဒီကားထဲမှာ အာလူးအာဂျွန်ကို အရင်ကားတွေလိုမဟုတ်ပဲ ခပ်ပြောင်ပြောင် ရွှတ်နောက်နောက် ဇာတ်ကောင်တစ်ကောင်အနေနဲ့တွေ့ရမှာပါ ။\n\nဘာကြမ်းသလဲတော့ မမေးနဲ့။ ဖွဲနဲ့ သဲရောထားတာကမှ နုဦးမယ်။ တကယ်တော့ သူက လူချမ်းသာ တစ်ယောက်ရဲ့ သား ..\n\nဒါပေမယ့် ကလိမ်ကကျစ်တစ်ယောက်က သူ့သားကို လူချမ်းတွေဆီမှာ ထားချင်တော့ ကလေးချင်းလဲပစ်ခဲ့တာ ဒီအကြောင်းတွေကို အာလူးအာဂျွန်တစ်ယောက် ၂၅ နှစ်ကြာတဲ့အခါမှ သိလာခဲ့တာ ...\n\nသူ့မိသားစုအရင်းဆီ ပြန်သွားချင်ပေမယ့် သိုက်ဝန်းနေတဲ့ မိသားစုလေးကို မပြိုကွဲစေချင်တော့ မလှမ်းမကမ်းတစ်နေရာကနေပဲ သူ့မိသားစုကို စောင့်ရှောက်ပေးခဲ့တယ် ...\n\nဒါပေမယ့် တစ်နေ့တော့ သူ့မိသားစုအရင်းဆီကို ပြန်သွားဖို့ အကြောင်း ဖန်လာတယ် အဲ့ဒီနောက်တော့ သူ့အမေနဲ့ သူ့အဖေ ရှိတဲ့အိမ်ဆီ ပြန်ရောက်ပြီး ဘာတွေဆက်ဖြစ်ကုန်မလဲ...\n\nကလေးချင်းလဲခဲ့တဲ့ ကလိန်ကကျစ်အဖေကရော ဘယ်လိုတွေအကျင့်ဆက်ယုတ်ဦးမလဲဆိုတာကတော့....\n\nဪ....\nပူဂျာဟက်လေးဘယ်လောက် Cute နေလဲဆိုတာကိုတော့ မပြောတော့ဘူး..\n\nကြည့်လိုက်တော့…","cover":"https://docs.google.com/uc?id=1BM8rtT3oXev9vNUkhd49jbzgOyA2L2RU"},{"title":"Kuch Kuch Hota Hai (1998)","id":"https://www.mediafire.com/file/54rknykfv6nzggp/Kuch.Kuch.Hota.Hai.%25281998%2529_%25E1%2580%2599%25E1%2580%25BC%25E1%2580%2594%25E1%2580%25BA%25E1%2580%2599%25E1%2580%25AC%25E1%2580%2585%25E1%2580%25AC%25E1%2580%2590%25E1%2580%2594%25E1%2580%25BA%25E1%2580%25B8%25E1%2580%2591%25E1%2580%25AD%25E1%2580%25AF%25E1%2580%25B8.mp4/file","description":"ရှာရွတ်ခန်းဆိုပြီး မိန်းကလေးတွေ အသဲးစွဲဖြစ်ခဲ့တဲ့ကား၊ ယောကျာ်လေးတွေအတွက် ရှာရွတ် Style တွေ အတုယူခဲ့ရသော ၁၉၉၈ ခုနှစ်က ကမ္ဘာကျော်ခဲ့သော သုံးပွင့်ဆိုင် အချစ်ဇတ်ကားလေးပါဘဲ\n\nမိတဆိုးသမီးလေးတစ်ယောက် ဖခင်အပေါ်ကိုပဲအားလုံးမှီခိုထားရတယ် မိခင်ဆိုတာ ဓာတ်ပုံအချို့ပဲ သမီးအတွက်ကျန်ခဲ့တယ်… \n\nတိုက်တိုက်ဆိုင်ဆိုင် ကျောင်းကျပန်းစကားပြောပြိုင်မွဲမှာသမီးလေး ကျတဲ့ခေါင်းစဉ်က \"အမေ\" တဲ့ ခေါင်းစဉ်လေးကိုကိုင်ရင်း လက်တွေတဆတ်ဆတ်တုန် မျက်လုံးနဲ့ပြောနေတဲ့စကားက အမေအကြောင်းသမီးမသိပါဘူးလို့ အဓိပ္ပါယ်ဖော်နေသယောင်ပုံဖော်နေတယ်…\n\nကံကောင်းတာတစ်ခုက ၈နှစ်ပြည့်မွေးနေ့မှာ အမေထားခဲ့တဲ့စာလေးဖတ်လိုက်ရတယ် စာထဲမှာရေးထားတာက \" အန်ဂျလီဆိုတာ တကယ်တော့သမီးရဲ့နာမည်အရင်းဖြစ်သလို သမီးအဖေသိပ်ချစ်ရတဲ့ ကောင်မလေးရဲ့နာမည်လည်းဖြစ်တယ်တဲ့\" စာလေးထဲမှာ အတိတ်ကအကြောင်းတွေအများကြီးရေးထားတယ်… \n\nကျောင်းတက်စဉ်ငယ်ဘ၀တုန်းက ကောင်လေးတစ်ယောက်မှာအရမ်းခင်ရတဲ့ ယောက်ျားလေးဆန်ဆန် ကောင်မလေးတစ်ယောက်ရှိတယ် ပေါ့ပေါ့ပါးပါးလေးဖြတ်သန်းနေတဲ့သူတို့ဘဝလေးထဲကို ကောင်မလေးတစ်ယောက်ညင်ညင်သာသာလေး၀င်လာခဲ့တယ်…\n\nဒါပေမဲ့ ထိချက်ကတော့ အတော်ပျင်းတယ် ယောင်္ကျားလေးဆန်ဆန်ကောင်မလေးက နောက်ဆုံးစာမေးပွဲကိုတောင် မဖြေပဲ အပြီးအပိုင် ဇာတ်မြှုတ်ပျောက်ကွယ်သွားတယ်\n\n အဲ့ဒီယောက်ျားရှာကောင်မလေးရဲ့နာမည်က \" အန်ဂျလီ\"တဲ့ ဆုံးသွားတဲ့မိခင်က သမီးကိုသူ့ရဲ့ နောက်ဆုံးဆန္ဒ ဘာတွေရေးခဲ့လဲ …\n\nသမီးလေးကရော အမေ့ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်ပါ့မလား ဖခင်အဖြစ် သရုပ်ဆောင်တဲ့ရှာရွတ်ခန်းကရော ဘယ်လိုရှေ့ဆက်သွားမလဲ.... \n\nနောက်ဆုံးမှာ ရှာရွတ်ခန်း ကာဂျိုးနဲ့ ရာနီမူခါဂျီတို့ကအဓိကသရုပ်ဆောင်ထားပြီး ဆာလ်မန်ခန်းကတော့ ဇာတ်ပို့အနေနဲ့အားဖြည့်ပေးထားပါတယ်…\n\nယခုဇတ်ကားက ကြာတော့ကြာခဲ့ပါပြီ သို့ပေမဲ့ နှစ်ချို့ဝိုင်လိုအစွမ်းထက်နေတုန်းပါပဲ ကဲပရိတ်သတ်ကြီးရေ နှစ်ချို့ဝုိင်လေးသောက်ကြည့်ပါလို့ အကြံပြုရင်း..........","cover":"https://docs.google.com/uc?id=18cyQULHMXGxox3JRAGT37XbCnxqOVvSj"},{"title":"Ram Jaane (1995)","id":"https://drive.google.com/file/d/1QRFEwKblmaDXJQq9JHzcJK3AtO2YK7pp/view?usp=sharing","description":"ညဉ့်နက်သန်းခေါင်အချိန် ကျူးကျော်ရပ်ကွက်တစ်ခုရဲ့ အမှိုက်ပုံမှာလာရောက် စွန့်ပစ်ခံရတဲ့ မွေးကင်းစနီတာရဲလေး..........\n\nဒီကလေးလူမှန်းသိတတ်ကာစ အရွယ်ကတည်းက နာမည်ရယ်လို့ ရေရေရာရာမရှိ ။ \"လမ်းဘေးကလေး\" \"ကောက်ရ \" \"လမ်းဘေးကကောင် \" အစချီတဲ့ နာမ်နှိမ်စကားလုံးတွေနဲ့ ရင်းနှိးကြီးပြင်းခဲ့ရသူလေး ။ လူမမယ်ပေမဲ့ ကိုယ့်ဝမ်းကိုယ်ကြောင်းရလေတော့ ဟိုလူက အရက်ဝယ်ပေးပါဦး.. ဒီလူက စီးကရက် ဝယ်ပေးပါဦး.....စတဲ့ တောက်တိုမယ်ရတွေလုပ်ပြီး ၊ သမုဒ္ဒရာဝမ်းတစ်ထွာကို ဖြည့်ခဲ့ရပြီး ၊ စာနာထောက်ထားဖေးမ ကြင်ကြင်နာနာ ဆက်ဆံသူရယ်လို့ သူတို့လို့ မိဘမဲ့လေးတွေကို ပေါင်မုန့်အလကားလဲကျွေးသလို သူတစ်ပါးထိခိုက်နစ်နာတာမျိုး မလုပ်မိစေဖို့ ဆုံးမသွန်သင်ပေးတဲ့ ဘုန်းဘုန်းတစ်ပါးပဲ ရှိလေရက် ။ တစ်နေ့တော့ အရက်သမားတစ်ယောက်က \"ဟျောင့်ရယ် ....မင်းမှာလဲ နာမည်တော့ရှိရမှာပေါ့ \"ဆိုတဲ့ မူးမူးနဲ့ပြောတဲ့စကားကြောင့် ပေါင်မုန်ဝေတဲ့ဘူန်းဘုန်းကို သူ့နာမည်ဘာလဲ လို့မေးရှာတယ် ။ လိမ်လဲမပြောချင်တဲ့ ဘုန်းဘုန်းဟာ \"Ram Jaane(ဘုရားသိတယ်) \" လို့ အာပလွတ်ပြောလိုက်ရာက ဒီနာမည်က အတည်ဖြစ်သွားခဲ့ရှာတယ် ။","cover":"https://docs.google.com/uc?id=1wVnyw9w5h9p0hgv7eLjXs6E8lDRVgHj7"},{"title":"Pardes (1997)","id":"https://drive.google.com/file/d/1U-Xx0G-SBgS8kimwX0pr776FW5xoofHG/view?usp=sharing","description":"ကစ်ရှိုးလားဂျီးဟာ အမေရိမှာ အခြေတကျအောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက် ။ အမေရိကမှာနေပေမဲ့ ကိုယ့်နိုင်ငံရိုးရာ ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာတွေကို ချစ်မြတ်နိုးသူတစ်ယောက် ဖြစ်သလို သူ့ရဲ့တစ်ဦးတည်းသောချစ်သားလေးရာဂျစ်အတွက် ချွေးမလောင်းလေးဟာလဲ ရိုးရာဓလေ့နဲ့လူ့ကြီးသူမကို လေးစားရိုသေ အလုပ်အကျွေးပြုတတ်သူ အလိမ္မာအိမ်ပါ အိန္ဒိယသူစစ်စစ်ဖြစ်ရမယ်ရယ်လို့ ခံယူထားသူ ။ ကစ်ရှိုးလားဂျီးရဲ့စိတ်ကူးထဲက ချွေးမအလိမ္မာလေးဟာ\nအိန္ဒိယကိုအလည်သွားတုန်းက အိန္ဒိယရှိမွေးရပိမြေရွာမှ ငယ်သူငယ်ချင်း ဆူရတ်ဂျီးရဲ့သမီး ဂင်္ဂါကိုတွေ့ကတည်းက သူမလေးဟာ ရာဂျစ်ဗ်ရဲ့ဇနီးလောင်းရယ်လို့ကို အတည်ပြုလိုက်ခဲ့ပြီးပြီ ။\n\nဒါပေမဲ့ အမေရိကမှာမွေး ၊ အမေရိကမှာကြီးတဲ့ သူ့သားရာဂျစ်ဗ်လက်ခံလာအောင် စည်းရုံးသိမ်းသွင်းဖို့တာဝန်ကို အာဂျွန်(ရှာရွတ်ခန်) ကို ပေးအပ်လိုက်တော့တယ် ။ အာဂျွန်ဆိုတာ ကစ်ရှိုးလားဂျီးနဲ့ သွေးစပ်ရင်တော်ရုံဆွေးမျိုးသာသာရယ် ။ အိန္ဒိယကနေ အမေရိကကို အလုပ်လာလုပ်... တက္ကစီမောင်း ဘာမောင်း စသည်ဖြင့်ရုန်းကန်နေတုန်း ကစ်ရှိုးလားဂျီးနဲ့ဆုံတွေ့ခဲ့လေတော့ ရိုးးသားကြိုးစားတဲ့အာရ်ဂျွန်ကို ကားဝပ်ရှော့တစ်ခုထောင်ပြီးဦးစီးစေကာ သူ့ရဲလူယုံတစ်ဖြစ်လဲ ညာလက်ရုံးတစ်ဆူဖြစ်လာတော့တယ် ။ အာရ်ဂျွန်က လူငယ်ပီပီ အနုပညာဘက်လဲ ဝါသနာပါလေတော့ အလုပ်တွေတစ်ဖက်နဲ့ တီးဝိုင်းလေးထောင်ပြီး သီချင်းကလဲဆိုသေးတာ....လောလောဆယ် ထွက်ရှိထားတဲ့ \"I Love My India \" သီချင်းဟာ အမေရိကနဲ့ အိန္ဒိယ နဲ့ အာရှနိုင်ငံအချို့ရဲ့ Music Chart တွေမှာ Top ဝင်ခဲ့တယ် ။ ဘယ်လောက်ပဲ အောင်မြင်နေပါစေ....သူ့ဘဝကိုဒီနေရာထိရောက်အောင် ဖေးမပေးခဲ့တဲ့ ကျေးဇူးရှင်ကစ်ရှိုးလားဂျီးအတွက်ဆို ဘာပဲပေးဆပ်ရပေးဆပ်ရ ပေးဆပ်ဖို့ အသင့်ရှိနေတဲ့ အာရ်ဂျွန် ။\n\nအမေရိကန်မှာမွေး ၊ အနောက်တိုင်းအယူအဆ ၊ အလေ့အထ ၊ လူမှုဝန်းကျင် ၊ အနောက်တိုင်းယဉ်ကျေးမှုမှာ အသားကျနေပြီဖြစ်တဲ့ ရာဂျစ်ဗ်နဲ့ ရိုးရာယဉ်ကျေးမှု မြင့်မားလှပြီး ၊ ကိုယ့်ကျင့်သိက္ခာနဲ့ကျင့်ဝတ်ကို တန်ဖိုးထားမြတ်နိုးတဲ့ အိန္ဒိယမိန်းကလေး ဂင်္ဂါတို့ကို နီးစပ်အောင် အာရ်ဂျွန်တစ်ယောက် အောင်သွယ်ပေးရတဲ့အခါမတော့ .............","cover":"https://docs.google.com/uc?id=13rWjtC78STZSWrodxr6nsfwBZ7ek_Jdz"},{"title":"Hum Tumhare Hain Sanam (2002)","id":"https://drive.google.com/file/d/1p0nA_Ja80dWHlX6sFZ8Y55H0SsggxgOF/view?usp=sharing","description":"မင်းသား Shah Rukh Khan ၊ Salman Khan ၊ မင်းသမီး Madhuri Dixit တို့က အဓိပါဝင်ထားပြီး ဧည့်သရုပ်ဆောင်အနေနဲ့ Aishwarya Rai Bachchan ကပါဝင်ဖြည့်ပေးထားတဲ့ အိမ်ထောင် ရေး Drama ဇတ်လမ်းကောင်းလေးဖြစ်ပြီး ရုံဝင်ငွေ ရူပီသန်း ၃၈၀ ရရှိခဲ့တဲ့ ဇတ်လမ်းလေးဘဲဖြစ်ပါတယ်။\n\nဇတ်လမ်းအကျဉ်း\n°°°°°°°°°°°°°°°°°°°\n\nအိမ်ထောင်ရေး တခုမှာ နားလည်ပေးမူ့က အဓိက ဆိုတာ ဒီဇတ်ကားက ပညာပေးထားတာဖြစ်ပါတယ်။\nရာဒါက သူ၏အမေက မွေးစားခဲ့တဲ့ သူနဲ့ငယ်သူငယ်ချင်းကြီးလို ဖြစ်နေတဲ့ ဆူရက် ကို အရာရာကို အသေးစိတ်ဂရုစိုက်ပေးရပါတယ် ။ ဆူရက်ကလဲ ရာဒါလုပ်ဆောင်ပေးသမျှသာ နေလာခဲ့သူ ၊\nတနေ့သော် ရာဒါအမေ ဆုံးပါးမူ့ကို သူ့ဖိုအေမှ အိမ်ထောင်ချပေးဖို့ စီစဉ်လုပ်ပါတယ် ဒါကလဲ သူနဲ့ကစားဖော်ငယ်ကျွမ်းဖက် ကလေးကတည်းက နေလာခဲ့တဲ့ ဂိုပါ နဲ့ဖြစ်တယ် ။ ဂိုပါ နဲ့ ရာဒါ တို့ရဲ့ ချစ်ခရီးဟာ အဆင်မပြေမူ့တခုက အတားဆီးလို့ ဂိုပါ က ထင်မြင်မိပြီး ခင်ပွန်ပေါ်ထက် စိတ်အာရုံအရေးပေးမူ့ဟာ ငယ်သူငယ်ချင်း ဆူရတ်ကို အရေးပေးလာမူ့တွေက ဂိုပါအတွက် အကြီးမာဆုံးအတားဆီ သဝန်တိုနေမိနေပြီး ဆူရက် ၊ ရာဒါ ၊ ဂိုပါ တုိ့ ရဲ့ သုံးပွင့်ဆိုင် အကြောင်းကို ဘာတွေဖြစ်ကြမလဲ စိတ်ဝင်စားဖွယ်ရာ ကြည့်ရှု့ရမှာပါ....","cover":"https://docs.google.com/uc?id=13fF89dIVEzR0dmVASxFcxZ2uRs770RUr"},{"title":"Dagaalty (2020)","id":"https://drive.google.com/file/d/1HMphJtSnxr5YXHixEcdMx9yn5VzU87kN/view?usp=drivesdk","description":"တမီလ်လူငယ်ဒါရိုက်တာတစ်ဦးဖြစ်သည့် \nVijay Anand ကိုယ်တိုင်ရေးညွှန်းရိုက်ကူးထားသည့်\nတမီလ်အက်ရှင်ဇာတ်မြူးကားတစ်ကားပါ . . .\n\nမွန်ဘိုင်းမြို့မှာ လူလည်ကျလုပ်စားနေတဲ့ လူငယ်လေးတစ်ယောက်\nမိန်းမချောလေးတစ်ယောက်ကို လှည့်ဖျားခေါ်ဆောင်သွားပီး \nအချီကြီးရပေါက်တစ်ခုကို ဂွင်ဖန်ဖို့ သူငယ်ချင်းဖြစ်သူနဲ့ပူးပေါင်းကြံစည်နေကြပါတယ် . . .\n\nအနေနီးသွားသဖြင့် ကောင်မလေးအပေါ်မှာတကယ်ချစ်မိသွားချိန်မှာတော့\nချစ်ရတဲ့ချစ်သူအပေါ်ကို ကျရောက်လာမဲ့ အန္တရာယ်ကိုကြားမှ ပြန်လည်\nကယ်ထုတ်နိုင်ဖို့ကြိုးစားသွားသည့် အက်ရှင်ကားကောင်းတစ်ကားပါ . . .\n\nတမီလ်လူငယ်ဒါရိုက်တာတစ်ဦးဖြစ်သည့်\nVijay Anand ကိုယ်တိုင်ရေးညွှန်းရိုက်ကူးထားသည့်\nတမီလ်အက်ရှင်ဇာတ်မြူးကားတစ်ကားပါ . . .\n\nမွန်ဘိုင်းမြို့မှာ လူလည်ကျလုပ်စားနေတဲ့ လူငယ်လေးတစ်ယောက်\nမိန်းမချောလေးတစ်ယောက်ကို လှည့်ဖျားခေါ်ဆောင်သွားပီး\nအချီကြီးရပေါက်တစ်ခုကို ဂွင်ဖန်ဖို့ သူငယ်ချင်းဖြစ်သူနဲ့ပူးပေါင်းကြံစည်နေကြပါတယ် . . .\n\nအနေနီးသွားသဖြင့် ကောင်မလေးအပေါ်မှာတကယ်ချစ်မိသွားချိန်မှာတော့\nချစ်ရတဲ့ချစ်သူအပေါ်ကို ကျရောက်လာမဲ့ အန္တရာယ်ကိုကြားမှ ပြန်လည်\nကယ်ထုတ်နိုင်ဖို့ကြိုးစားသွားသည့် အက်ရှင်ကားကောင်းတစ်ကားပါ . . .","cover":"https://docs.google.com/uc?id=12xXle8UmO-M4NdTbaZ1Rv8wCmQnPIMQB"},{"title":"Ra One (2011)","id":"https://drive.google.com/file/d/13u4lTuN_2leWu9ny5PadCy-yaPAq0jSY/view?usp=drivesdk","description":"ဒီဇာတ်ကားလေးကတော့\nစိတ်ကူးကောင်းမွန်လှတဲ့ဇာတ်ကားလေးဖြစ်ပြီး\nအားလပ်ရက်မှာ အချိန်ကုန်လွန်ကောင်းတဲ့\nဇာတ်ကားကောင်းတစ်ခုပေါ့။ဂိမ်း ပရိုဂရမ်ရေးဆွဲသူ\nရှီကာဟာ သားကိုချစ်တတ်လွန်းတဲ့ အဖေတစ်ယောက်ပါ။သူ့သားလေးနာမည်က\nပါတိ။ ပါတိ ဟာ ဂိမ်းချစ်တတ်သူတစ်ဦးဖြစ်ပြီး\nရိုးအီလှသော ဇာတ်အိမ်မှခွဲထွက်လိုသူဖြစ်သည်။\nသူရဲ့စိတ်မှာတော့ မသေဆုံးနိုင်သည့် လူဆိုးဇာတ်ကောင်ပေါ်ထွန်းစေချင်ပြီး သူ့အဖေ\nရှီကာကတော့ သူရဲကောင်းကိုသာ အလေးထားလေသည်။ဒီလိုနဲ့ ရှီကာဟာ\nနောက်တစ်ခါ တီထွင်သည့် ဂိမ်းတွင် ရာဝမ်း ဟူသော ဇာတ်ကောင်ကို ပုံဖော်ပေးခဲ့သည်။ရာဝမ်းဟာ စွမ်းအားမြင့် လူဆိုးဖြစ်ပြီး သူနဲ့\nယှဉ်ပြိုင်ရမည့် သူရဲကောင်းကား ဂျီဝမ်း။\nထိုသို့နှင့် ဂိမ်း အား ပွဲဦးမိတ်ဆက်ပွဲနေ့မှာတော့\nပါတိ ဟာ လူစီဖာ နာမည်ဖြင့် ဂျီဝမ်းဇာတ်ကောင်နေရာမှဝင်ကစားပြီး\nရာဝမ်းနှင့် တိုက်ခိုက်ပွဲ ဆင်နွှဲခဲ့သည်။ ဂိမ်းပွဲကား\nခက်ခဲလှသော်လည်း လူစီဖာ ပင် အနိုင်ရခဲ့သည်။ထိုအချိန်အခါသည် အိန္ဒိယပြည်၏ သိပ္ပံနည်းပညာလောကသည် ထွန်းကားနေပြီဖြစ်သည်။ ရောင်ခြည်စွမ်းအားတို့\nအသုံးပြု၍ သက်မဲ့ကိုပင် ရုပ်လုံးဖော်နိုင်ခဲ့သည်။\nတစ်ဖက်တွင်လည်း ရှီကာတို့ဂိမ်းဌာနတွင်လည်း\nရောင်ခြည်တန်းများဖြင့် ဂိမ်းကို ထိန်းချုပ်ထားခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ\nရောင်ခြည်တန်းတို့၏ စွမ်းအားဖြင့် ရာဝမ်း\nဇာတ်ကောင်အရုပ်သည်လည်း အသက်ဝင်လာသည်။ထို့နောက် ရာဝမ်းသည် လူစီဖာ Player အား ပြန်လည်ရှာဖွေပြီး အဆုံးသတ်မယ့်\nကြိုးစားချိန်တွေမှာတော့ ?????ဘာတွေဆက်ဖြစ်မလဲ။ ရာဝမ်း အသက်ဝင်ပြီးနောက် ရှီကာတို့မိသားစု\nဘယ်လို အဖြစ်မျိုး ကြုံတွေ့ရမလဲ။\nရာဝမ်းကရော လူစီဖာ ကို တွေ့အောင်\nဘယ်လိုများ ကြိုးစားမလဲ။ ရာဝမ်းကိုရော\nဘယ်သူက တားဆီးမလဲ စတာတွေကိုတော့\nပရိသတ်ကြီး ရင်ခုန်ကြည့်လိုက်ပါဦး။ဒီဇာတ်ကားမှာတော့ စိတ်ကူးယဉ်ဆန်ပေမယ့်\nလူသားတွေရဲ့ သဘာဝကိုတော့ မသွေဖယ်စေပါဘူး။ နိဂုံးလေးမှာတော့\nသက်ရှိ နဲ့ သက်မဲ့ ကြား မေတ္တာတရားကို\nဖော်ကျူးထားပုံက ကျွန်တော်တို့စိတ်ကို\nခေတ္တမျှ ငေးငိုင်စေတတ်သည် အထိ ကောင်းလှပါတယ်။ ကျွန်တော်တစ်ဦးတည်း\nအမြင်ဖြစ်ပေမဲ့ ပရိသတ်လည်း ထပ်တူကျမလား\nဆိုတာတော့ ဒီကားလေးကြည့်ပြီးနောက် အဆုံးအဖြတ်ပေးကြစို့လားခင်ဗျာ။(ဇာတ်ကားအညွန်းကတော့ လင်းခယံ မှတင်ဆက်ထားတာပါ။)ဒီရုပ်ရှင်ကားကို CM Translator ကိုဟေဒိစ် မှ ဘာသာပြန်ပေးထားပါတယ်","cover":"https://docs.google.com/uc?id=12piwAR2GyBu7RvocQRGR0SEDcnvFepyT"},{"title":"Baaghi 3 (2020)","id":"https://drive.google.com/file/d/1BdwgM2UtYrbtwO7zV7mLdehppt8xJI2n/view?usp=drivesdk","description":"အကြည်မထွက်သေးပါ HD cam ပါ အကြည်သမားများ အကြည်ထွက်မှ ကြည့်ပါ..\n\nBaaghi 3 (2020) ဟာ Google users 71% ရထားသော ဒါရိုက်တာ Ahmed Khan ရိုက်ကူးထား၍ Tasha Bhambra , Sparsh Khetarpal တို့က ဇာတ်ညွှန်းရေးသားထားကာ သရုပ်ဆောင် Tiger Shroff, Riteish Deshmukh, Shraddha Kapoor တို့ပါဝင်သရုပ်ဆောင်ထားသော Action, Thriller ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ...\n\nပြန်ပေးဆွဲခံရတဲ့ အစ်ကိုကို ကယ်တင်ရန်အတွက် တကယ့်ခက်ခဲကြမ်းတမ်းမှုတွေကို ကျော်ဖြတ်ရတဲ့သူတစ်ယောက် အကြောင်း ဘယ်လို အက်ရှင် ဘယ်လို သည်းထိတ်ရင်ဖိုတွေ တွေ့ရမလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုခံစားကြည့်ကြပါခင်ဗျာ...","cover":"https://docs.google.com/uc?id=12na5tuZdhRYVOWYWzeP-wKf0Zxtko7tZ"},{"title":"Thavam (2019)","id":"https://drive.google.com/file/d/1UQEea3wRKLBYm87mJ5FzRdbv8kLreFs4/view?usp=sharing","description":"အဖေ ဖြစ်သူ လက်ထက်ထဲက စတဲ့ ရန်ငြိုးဗျ ။\nမင်းသား အဖေက ကျောင်းဆရာ လူရိုး။ ဆရာဆိုတော့ ရွာအပေါ် သြဇာညောင်းတယ်. . .ဂျာမန်တွေက က စက်ရုံ ဆောကချင်တာ။ စက်ရုံဆိုရင် ရွာက လက်မခံမှာ သိတော့ စိုက်ပျိုးရေး သုတေသနာ လုပ်မှာ လိုလို ဘာလိုလိုနဲ့ လိမ်တာ ကို အဖြစ်မှန် ကို သိတော့ ထသတ် ကြ ရော. . .\nအဖေ တွေ လက်ထက်ထဲက ဦးရာလူ ဆော်ကြ သတ်ကြလုပ်လာကြတာ ဘယ်ချိန်မှ. . .ပြီးမှာလဲ ????","cover":"https://docs.google.com/uc?id=1zmI1CPPpo6i1N0abDfOIIY5-FP9HnPt-"},{"title":"Kirpaan: The Sword ofHonour (2014)","id":"https://drive.google.com/file/d/1IZ4a3-QElZlUAAwfvpJDFhZZpBdlgStB/view?usp=sharing","description":"အတန်းထဲမှာ အကတော်ပေမယ့် ကျန်တာ ဘာမှသုံးမရတဲ့ သူရဲကောင်းမျိုးရိုက ဆင်းသက်လာသူ ကောင်လေးတစ်ယောက် . . .\n\nအမြဲတမ်းအဆင့်တစ်ရနေတဲ့ကောင်မလေးကိုကြိုက်မိတဲ့အခါ. . . \n\nစာ‌ခိုးချလို့ကျောင်းနားရတဲ့အချိန်မှာ \nအောင်မြင်အောင်လုပ်ပါမယ်လို့ ကတိပေးပြီး လန်ဒန်ကိုထွက်ခဲ့တယ်။\n\nဗြိတိသျှတို့နဲ့ ဆစ်ခ် လူမျိုးတွေကြားကအမုန်းတရားတွေကို ဘယ်လိုရင်ဆိုင်မလဲ. . .\n\nအောင်မြင်မှု့ကောရနိုင်မှာလားဆိုတာ. . .\nပေါ့ပေါ့ပါးပါးထင်ရပေမယ့် လေးလေးနက်နက်ကြည့်ရမယ့်ကားလေးတစ်ကား ဖြစ်ပါကြောင်း","cover":"https://docs.google.com/uc?id=1zO9_6cj29J1GV0F6a0PjSpZwSJ5O2tBk"},{"title":"Mosadi (2019)","id":"https://drive.google.com/file/d/1qXcXdbxvkI13oQvDIxCQxwU1ZMndoskJ/view?usp=sharing","description":"လူတွေကို နည်းအမျိုးမျိုးနဲ့ လိမ်နေတဲ့ လူလိမ်ဂိုဏ်းတစ်ဂိုဏ်းနောက်ကို လိုက်တဲ့ ရဲအဖွဲ့တစ်ဖွဲ့အကြောင်း...","cover":"https://docs.google.com/uc?id=1zDjWqoEpC161YwAmFFHLjsQBPVlL5yt-"},{"title":"Street Dencer 3D (2020)","id":"https://drive.google.com/file/d/1jUCdV_IOXZiBTZoOyplL2aFJkNJwXu3C/view?usp=sharing","description":"အခုတစ်ခေါက်ညွှန်းပေးချင်တဲ့ ဇာတ်ကားလေးကတော့ . . .ဟင်ဒီစကားပြောဇာတ်ကားတစ်ကားဖြစ်ပီး . . .လူငယ်တွေ အကပြိုင်ပွဲမှာ နိုင်ငံချစ်တဲ့စိတ် ၊နိုင်လိုစိတ်ထက်သန်မှုတွေနှင့်အတူ တက်ညီလက်ညီ . . .အပြိုင်အဆိုင် ကြိုးစားကြသည့် အဖြစ်အပျက်လေးကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားသစ်တစ်ကားပါ . . .အမှန်တကယ်တော့ ဒီဇတ်ကားဟာ ABCD(2015) အကကားရဲ့Sequel ဇာတ်ကားအဖြစ်ထွက်ရှိဖို့ လျာထားပေမဲ့ . . .Disney Company နဲ့ အကြောင်းမညီညွတ်တာကြောင့် Street Dancer ဆိုပီး သီးခြားနံမည်နဲ့ထွက်လာတာဖြစ်ပါတယ် . . .လန်ဒန်မှာနေတဲ့ အင်နာယာဆိုတဲ့ ပါကိစ္စတန်သူလေးနဲ့ ဆဟဂျ်ဆိုတဲ့ပန်ဂျာဗ်မြို့သားလေးတို့က မတူညီတဲ့အမြင်နဲ့ဝါသနာတစ်ခုတည်းကိုစိုက်စိုက်မတ်မတ်လုပ်ကြတယ် . . .တစ်နေ့မှာအင်နာယတ်ဟာ အိန္ဒိယနဲ့ပါကိစ္စတန်ကနေရွှေ့ပြောင်းလုပ်သားအနေနဲ့လာတဲ့ ဒုက္ခသည်တွေကို သူတို့နိုင်ငံပြန်ပို့ပေးဖို့ လန်ဒန်ရဲ့ အကြီးမားဆုံး အခန်းနားဆုံး ပြိုင်ပွဲကိုဝင်ပြိုင်ဖု့်လုပ်ရင်းကိုယ့်အတွက်ကိုယ်ကြည့်တဲ့ဆဟဂျ်နဲ့ သူများအတွက်တွေးပေးတဲ့မေတ္တာရှင်မလေးအင်နာယာတို့ပူးပေါင်းပြီး လူသားချင်းစာနာမှုအတွက်ဘယ်လို့ကြိုးစားယှဉ်ပြိုင်မလဲဆိုတာ . . .ဘောလိဝုဒ် နာမည်ကျော်မင်းသား၊မင်းသမီးတွေဖြစ်တဲ့ . . Varun Dhawan, Nora Fatehi , Shraddha Kapoor တို့အဓိကခေါင်းဆောင်ပါဝင်ထားပီး အကအလှဝေဝေဆာဆာနဲ့ကြည့်ရှုခံစားရမဲ့ နာမည်ကြီး ရုံတင်ဇာတ်ကားကောင်းတစ်ကားမို့မလွတ်တမ်ခံစားကြည့်ရှုသင့်တဲ့ . . .ဇာတ်ကားတစ်ကားဖြစ်ပါကြောင်း . .ဇာတ်လမ်းအညွှန်းကို MLMC မှ ကူးယူဖေါ်ပြထားဖြစ်ပါတယ်ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….","cover":"https://docs.google.com/uc?id=1yIV1YJDBQgySgzhBtnffW5pybcs9UbsA"},{"title":"Kanchana 3 (2019)","id":"https://drive.google.com/file/d/1DFj7sDqp7gnD3rUZrwZW2KvFmBSHbgoY/view?usp=sharing","description":"မင်္ဂလာပါ\n\nအိန္ဒိယတောင်ပိုင်းကား ပရိတ်သတ်တို့ရေ….\n\nဒီတစ်ခေါက် ပရိတ်သတ်ကြီးအတွက်\n\nရွေးထုတ်တင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားက\n\nမြန်မာပြည်မှာ တာတေကြီးရယ်လို့နာမည်ကြီးခဲ့တဲ့\n\nKanchana ဇာတ်ကားတွေရဲ့ သုံးကားမြောက်ကားဖြစ်တဲ့\n\nKanchana 3 ပါတဲ့ ခင်ဗျာ ။\n\nဒီကားဟာ အရှေ့မှာ 1 2 ထွက်ခဲ့ပြီး အောင်မြင်မှုတွေ ရခဲ့တဲ့ကားမို့ သုံ\n\nးကားမြောက်အဖြစ် ရိုက်ထားတဲ့ ကားပါ။\n\nဒီဇာတ်ကားမှာလည်း Kanchana ကားတွေမှာ \n\nပုံမှန်မြင်တွေ့နေကျဇာတ်ကောင်ဖြစ်တဲ့\n\nသရဲဆိုရင် ကြောက်ဒူးတုန်တတ်တဲ့ ရာဂဗားရယ်။\n\nမတရားအသတ်ခံခဲ့ရတဲ့ ကာလီဆိုသူ\n\nမိဘမဲ့ဂေဟာ ပိုင်ရှင်နဲ့သူ့ချစ်သူ ရိုစီတို့ရယ် ။\n\nရာဂဗားတို့မိသားစုရယ်နဲ့ ဇာတ်လမ်းကို ရိုက်ပြထားတာပါ ။\n\nအဖိုးနဲ့အဖွားရဲ့ နှစ်၆၀ပြည့် မင်္ဂလာနှစ်ပတ်လည်ကို သွားရင်း လမ်းမှာ ၀င်နားမိတဲ့\n\nသစ်ပင်ကနေ နာနာဘာဝတွေကြောင့် ပူးကပ်ပါလာရာက စလို့…\n\nရာဂဗားတို့မိသားစုကို နာနာဘာဝတွေက ခြောက်လှန့်ပုံ ၊\n\nဒီမကောင်းဆိုးဝါးအမှောင်လောကသားတွေကို\n\n မောင်းထုတ်ဖို့ကြိုးစားပုံတွေအပြင် . . .\n\nမိမိတည်ထောင်ထားတဲ့ မိဘမဲ့ဂေဟာ \n\nမီးရှို့ဖျက်ဆီးခံရပြီး ၊ မိမိရဲ့ အပေါင်းအသင်းမိတ်ဆွေတွေ ၊\n\nမိမိရဲ့သွေးသားလိုဖြစ်နေတဲ့ မိဘမဲ့ကလေးတွေကို \n\nထိပါးလာလို့ ပြန်လက်စားချေတဲ့\n\nကာလီဆိုတဲ့ လူတစ်ယောက်အကြောင်းကို တွေ့မြင်ရမှာဖြစ်ပါတယ် ။\n\nသရဲကားဆိုတာထက် အကြမ်းပတမ်းတွေ ထိုးတဲ့ကြိတ်တဲ့\n\nအက်ရှင်ခန်းတွေပါတဲ့ ကြည့်ပျော်ရှုပျော်ရှိလှတဲ့ ဇာတ်ကားတစ်ကားပါပဲ။\n\nအိုဗာအက်ရှင်တွေကို မျှော်လင့်ထားတယ်ဆိုမှသာ\n\nဒီကားကို ကြည့်ပါ။\n\nတမီးလ်နာဒူးပြည်နယ်အကြိုက် ရိုက်ထားရတဲ့\n\nအိန္ဒိယတောင်ပိုင်းကား စစ်စစ်မို့၊ တောင်ပိုင်းပရိတ်သတ်တွေကတော့\n\nလက်ခုပ်လက်ဝါးတီးပြီး အားပေးကြဦးမှာအမှန်ပါပဲ၊။","cover":"https://docs.google.com/uc?id=1uLkc2A9BB_P00USlbo7ZuGT1NCwlUfzJ"},{"title":"Hippi (2019)","id":"https://drive.google.com/file/d/1U8RZwuYK5n1Vb0fdQdOHarcS014VK0QM/view?usp=sharing","description":"ဗြိတိန်ကဗျာဆရာကြီး ဂျွန်မီလ်တန်က ပြောဖူတယ်။\n\nမိန်းကလေးတစ်ယောက်ကို စချစ်မိရင် \"နိဗ္ဗာန်\"ပဲ။ မိန်းကလေးတစ်ယောက်နဲ့ ချစ်သူဖြစ်သွားပြီဆိုရင်တော့ \"နိဗ္ဗာန် ပျောက်ဆုံးသွားပြီ\"တဲ့။\nဂျွန်မီလ်တန်မှ မဟုတ်ပါဘူး။\n\nအချစ်ကို အဓိပ္ပာယ်ဖွင့်ဆိုခဲ့သူတွေဆိုတာ ဟိုးအရင်ကလည်း ရှိခဲ့တယ် ၊ အခုလည်း ရှိနေတယ် ၊ နောင်လည်း ရှိနေဦးမှာပဲ မလား. ?\nတစ်စုံတစ်ယောက် . . . ကိုယ့်သူငယ်ချင်းရဲ့ ချစ်သူဖြစ်ခဲ့ဖူးတဲ့ တစ်စုံတစ်ယောက်က သင့်ကိုလာပြီးတော့ ချစ်ရေးဆိုမယ်ဆိုရင်....\n\nအဲ့ဒီလူကို သင့်ဘက်က ချစ်နေရင်တောင် သူငယ်ချင်းကို ငဲ့ကွက်ပြီး ငြင်းပယ်မှာလား . . .?\n\nဒါမှမဟုတ် သင့်နှလုံးသား အလိုအတိုင်း အဲ့ဒီလူကို ပြန်ချစ်လိုက်မှာလား ?\n\nအရှုပ်အထွေးတွေကြားမှာ နေပျော်တတ်ကြတဲ့ ကျွန်တော်တို့ ပုထုဇဉ်တွေကြားမှာ ဒီလိုမျိုး လွန်ဆွဲမှုတွေနဲ့ မကြာမကြာဆိုသလို ကြုံတွေ့ရတတ်ပါတယ် ။\n\nဒီဇာတ်ကားမှာတော့ စော်ကြည်ဘဲကြီး ဟစ်ပီနဲ့ ဆိုင်ကယ်ခရေစီဖြစ်တဲ့ ကောင်မလေး အမ်မူဒါတို့ကြားက အချစ်ရေးကိစ္စကို အဓိက ဇာတ်အိမ်တည်ပြီးရိုက်ပြထားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ် ။\n\nခေါင်းဆောင်အဖြစ်နဲ့ပါ၀င်သရုပ်ဆောင်ထားသူက RX 100 ဇာတ်ကားနဲ့ပရိတ်သတ်ရင်ထဲကို ရောက်ခဲ့ဖူးသူ တေလဂူမင်းသားချော Kartikeya Reddy Gummakonda ဖြစ်ပြီး\n\nမင်းသမီးကလည်း Jalebi ဇာတ်ကားထဲမှာ အာနူးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချော Digangana Suryavanshi ဖြစ်ပါတယ်။\n\nတေလဂူ အချစ်ကားလေးတွေကို ကြိုက်တတ်တဲ့ ပရိတ်သတ်အတွက် ကျေနပ်စရာ ဇာတ်ကားလေး တစ်ကားပါပဲ ။\n\nအိုဗာအက်ရှင် တစ်ခန်းနှစ်ခန်းကို နားလည်ပေးပြီး ခံစားမယ်ဆိုရင်တော့ ပရိတ်သတ်အားလုံးအတွက် ကြည့်ပျော်ရှုပျော်ရှိလှတဲ့ ဇာတ်ကားတစ်ကားဖြစ်လာမှာပါ။","cover":"https://docs.google.com/uc?id=1uEb_8VXqj6WE9fVriXquCbmMJyYetfC1"},{"title":"Hello Guru Prema Kosame (2018)","id":"https://drive.google.com/file/d/1VBx03XHO-0LuoS7UqqHq3Lbs5Est7lpB/view?usp=sharing","description":"ဆန်ဂျူးဆိုတာက \nမိဘနှစ်ပါးက အလိုလိုက်ထားလို့\nရပ်ကျော်ရွာကျော်လုပ်နေတဲ့ ခပ်ဆိုးဆိုး ခပ်ပေပေ \nလူငယ်လေးဖြစ်ပါတယ်။\nတစ်နေ့တော့ မိဘတွေရဲ့ဆန္ဒအရ \nအလုပ်လုပ်ဖို့အတွက် \nဟိုက်ဒရာဘတ်က Prakesh တို့အိမ်မှာ \nသွားနေရပါတယ်။\nPrakeshနဲ့ သူ့အမေက ငယ်သူငယ်ချင်းတွေမို့\nPrakesh အိမ်မှာ နေရင်း အလုပ်လုပ်ရင်းပေါ့။\nPrakesh ရဲ့ဇာတ်ကောင်နာမည်က ဗစ်ရ်ှဝါနာ့သ်တဲ့။\nဗစ်ရ်ှဝါက လူတစ်မျိုးဗျ။\nသူ ပေးထားတဲ့ ကတိတစ်ခုကို ဘယ်လိုနည်းနဲ့မဆို \nထိန်းသိမ်းတတ်တဲ့ လူမျိုး။\nသူ့မှာ ဆန်ဂျူးနဲ့ရွယ်တူ \nသမီးလေးတစ်ယောက် ရှိသေးတယ်။\nအာနူးတဲ့။\nအင်ဂျင်နီယာ ကျောင်းသူလေးပေါ့။\nမောင်မင်းကြီးသား ငပွေးဆန်ဂျူးနဲ့ အာနူးတို့က \nလာလာချင်း ဆောက်နဲ့ထွင်းဆိုသလိုပဲ\nဆန်ဂျူးမြို ့ကို တက်လာတဲ့နေ့မှာပဲ \nရထားပေါ်မှာ ရန်ဖြစ်လာကြသူတွေ။\nဒီတော့ တစ်အိမ်တည်းမှာသာ အတူနေကြတာ. . .\nတစ်ယောက်ကိုတစ်ယောက် \nကြည့်လို့ရတဲ့သူတွေ မဟုတ်ဘူး။\nသို့ပေမယ့် ဆန်ဂျူးက အာနူးကို \nနေ့စဉ် ဆိုင်ကယ်နဲ့\nကျောင်းကို လိုက်ပို့ပေးရတယ်။\nအနေနီးလာတော့ သံယောဇဉ်ဖြစ်လာရင်းကနေ \nအမောင် ဆန်ဂျူးရဲ့ မသိစိတ်မှာ \nအာနူးဆိုတဲ့ အချစ်ကြိုးလေးက \nလာပြီးငြိတွယ်မိတယ်။\nကိုယ်တိုင်က မသိပေမယ့် အာနူးကို \nအိမ်ထောင်ချပေးဖို့အတွက်\nသူ့ဖခင်ကြီး ဗစ်ရ်ှဝါက \nသူ့မိတ်ဆွေတစ်ယောက်ရဲ့သားနဲ့\nလူကြီးချင်း စကားပြောလာပြီးတဲ့\nအချိန်ကျမှ...ဆန်ဂျူးဟာ\nအာနူးကို ချစ်မိနေပြီဆိုတာ သိလိုက်ရတယ်။\nဒီကြားထဲမှာ ဗစ်ရ်ှဝါနဲ့ ဆန်ဂျူးတို့က \nအချင်းချင်း ရင်ဖွင့်ကြရင်း \nဆန်ဂျူးဟာ ဗစ်ရ်ှဝါဆီက\nကတိတစ်ခုတောင်းတယ်။\nသူ့သူငယ်ချင်းအဖြစ် တစ်လတိတိ \nနေပေးပါ့မယ်ဆိုတဲ့ ကတိ။\nဗစ်ရ်ှဝါ့ဆီက ကတိရပြီဆိုမှ ဆန်ဂျူးက သူဟာ\nအာနူးကို ချစ်မိနေပြီဆိုတဲ့အကြောင်း၊\nသူ့ကို သူငယ်ချင်းအဖြစ်နဲ့\nကူညီပေးရမယ်ဆိုတဲ့အကြောင်း \nဗစ်ရ်ှဝါ့ကို ချုပ်ကိုင်တော့တယ်။\nစဉ်းစားကြည့်ဗျာ။ လူကြီးချင်းစကားကျွံထားပြီဖြစ်တဲ့ သမီးရဲ့အချစ်ကို\nမောင်မင်းကြီးသား ဆန်ဂျူးက လိုချင်သတဲ့။\nကိုယ့်ကတိနဲ့ကိုယ်မို့ \nဆန်ဂျူးခိုင်းသမျှ ဗစ်ရ်ှဝါ လိုက်လုပ်ရ၊\nတစ်ဖက်က သူ့သမီးကို ဆန်ဂျူးနဲ့ မနီးစပ်အောင် \nတစ်မျိုးတစ်ဖုံ ကြိုးစားရနဲ့ \nဗစ်ရ်ှဝါ့အဖြစ်က ဆုပ်လည်း စူး၊\nစားလည်း ရူးဖြစ်နေရတယ်။\n\nအချစ်အက်ရှင်ဆိုပေမယ့် အချစ်ဘက်ကို ပိုယိမ်းပြီး \nတစ်ကားလုံး လုံး၀ မပျင်းရအောင် \nဆန်ဂျူးနဲ့ ဗစ်ရ်ှဝါတို့ရဲ့\nအားပြိုင်မှုကို ကြည့်ရမှာ ဖြစ်သလို....၊\nHello လို ရင်ထဲမှာ တသသဖြစ်ကျန်ရစ်မယ့် \nအချစ်ကားလေးတွေကိုမှ \nကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ \nသူတွေအတွက်အမှတ်တရတစ်ခု အဖြစ် \nယူဆောင်လာပေးမယ့် \nကားလေးတစ်ကား ဖြစ်ပါကြောင်း...။","cover":"https://docs.google.com/uc?id=1t8AiOEPfh23XRRrPQIgA81zYvNpdRD8u"},{"title":"Chopsticks (2019)","id":"https://drive.google.com/file/d/1SEY3xbdNnrosiHrBFY1nKnoD3uyDC1ZR/view?usp=sharing","description":"မိဘကဆပ်ပြာမှုန့်လုပ်ငန်းလုပ်လို့အစွဲပြုပြီးပေးထားလို့ဆပ်ပြာမှုန့်နာမည်နဲ့တူတဲ့ကောင်မလေးတစ်ယောက်လူကြောက်တတ်တဲ့မိဘစကားနားထောင်တတ်တဲ့အနေအထိုင်အေးတဲ့ကောင်မလေးတစ်ယောက်လူတိုင်းကိုကိုယ့်လိုမှတ်ယူထားတဲ့ကောင်မလေးတစ်ယောက်အကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်….\n\nသူ့အိမ်ကအလုပ်သွားအလုပ်ပြန်ဘတ်စ်ကားတိုးစီးရတာကိုမကြည့်ရက်လို့ကားအသစ်လေးတစ်စီးဝယ်ပေးလိုက်တဲ့နေ့မှာတင်သူခိုးလက်ထဲကိုကားသော့သွားအပ်မိတဲ့ကောင်မလေးတစ်ယောက်ပေါ့….\n\n\nရဲစခန်းမှာကားပျောက်ကြောင်းသွားတိုင်တော့သတင်းအစပ်အဆက်တွေနဲ့အနုပညာရှင်လို့ခေါ်တဲ့လူတစ်ယောက်အကူအညီနဲ့သူ့ကားကိုပြန်ရဖို့လိုက်ကြတာဖြစ်ပါတယ်…..ဖြစ်ချင်တော့သူ့ကားလေးကဂန်းစတားလက်ထဲရောက်နေတာဖြစ်တယ်…\n\nကဲဂန်းစတားလက်ထဲကိုဘယ်လိုရောက်သွားတာလဲဘယ်လိုပြန်ယူမှာလဲဆိုတာကြည့်လိုက်ရအောင်…..Bollywood ကားတွေရဲ့ထုံးစံအတိုင်းပညာပေးလေးတွေအတွေးလေးတွေကိုထည့်ထားတာဖြစ်ပြီးNetflix ကထုတ်ထားတာမို့  ဟာသလေးတွေလည်းပါတာဆိုတော့ကြည့်ရတာပေါ့ပေါ့ပါးပါးနဲ့လူတိုင်းကြိုက်တဲ့ကားလေးဖြစ်မှာပါ….\n\nဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Yoon Wah Wah Theint ဖြစ်ပါတယ်….Englishလိုပြောသောဒိုင်ယာလော့အချို့တွင်မြန်မာစာတန်းထိုးထားခြင်းမရှိပါ….","cover":"https://docs.google.com/uc?id=1racBo4bCXW_eIO14sg0NZqeC19It_smQ"},{"title":"Mafia: Chapter 1 (2020)","id":"https://drive.google.com/file/d/1-CbZ154DLr5rvzVeHbm4vbMdBM0J3do4/view?usp=sharing","description":"မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဗျူရိုက ရဲအရာရှိအာရန်\n\nမူးယစ်ဆေးကြောင့် သူ့အစ်ကိုဆုံးပြီးတဲ့နောက်မှာ\nမူးယစ်ဆေးဝါးကို မုန်းတီးပြီး မူးယစ်ဆေးပပျောက်စေဖို့ ရဲတပ်ဖွဲ့ထဲဝင်ခဲ့တဲ့သူ\n\nမူးယစ်ဆေးကွန်ယက်တစ်ခုလုံးကို ဖြိုချဖို့အတွက်\nမြွေတစ်ကောင်ကို အမြီးကနေ ခေါင်းအထိလိုက်သမျိုး တောက်လျောက်လိုက်ခဲ့တဲ့သူ\n\nမူးယစ်ဆေးဝါးဖြန့်ဖြူးနေတဲ့ အဓိကခေါင်ချုပ်ကို အမိအရဖမ်းပြီး ကွန်ယက်တစ်ခုလုံးကိုအမြစ်ဖြုတ်ချင်ခဲ့တာ\n\nဒါပေမယ့် သူလိုက်နေခဲ့တဲ့သူက ... ဘယ်သူဖြစ်နေလဲဆိုတော့...","cover":"https://docs.google.com/uc?id=1rWqNybR_XXgk55N0KGkp3FELiVnuBH64"},{"title":"Bypass Road (2019)","id":"https://drive.google.com/file/d/1cIYJI-ibSNWlWmi0bhdwBDPhdU9FKqF9/view?usp=sharing","description":"ဘောလီဝုဒ်ဖန်ကြီးအတွက် အသစ်ထွက်ရှိထားတဲ့ Mystery, Thriller ကားကောင်းတစ်ကားကို\n\nကျွန်တော်များ Channelmyanmar မှ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ\n\nIMDb 5.6/10 အထိရရှိထားပါတယ်\n\nဇာတ်လမ်းလေးကတော့ ...ဖက်ရှိုးမန်နေဂျာတစ်ယောက်ဖြစ်တဲ့ ဗစ်ကရမ်ကပူးလ်ဟာဆိုးရွားတဲ့ကားတိုက်မှုတစ်ခုဖြစ်သွားပါတယ်\n\nထိုညမှာပဲ သူ့ဖက်ရှင်ရှိုးတွေက ဖက်ရှင်မော်ဒယ်တစ်ဦးဖြစ်သူ ဆာရာကလည်း သူ့ကိုယ်သူသတ်သေသွားပါတယ်တဲ့\n\nဒါပေမဲ့ ရဲတပ်ဖွဲ့နဲ့ ဆာရာ့မိဘတွေကတော့ သူ့သမီးသတ်သေတာမဟုတ်ဘဲ အသတ်ခံရတာပါလို့ထွက်ဆိုထားပါတယ်\n\nပြီးတော့ ဗစ်ကရမ်နဲ့ ဆာရာကလည်း ဇာတ်လမ်းမရှင်းရှင်းတွေထွက်ထားဖူးတာကြောင့် ဗစ်ကရမ်ကရော တကယ်ပဲ မတော်တဆဖြစ်ခဲ့တာလား\n\nလုပ်ကြံခံရတာလား ဆာရာကရော သူ့ကိုယ်သူသတ်သေခဲ့တာလား\n\nတစ်ယောက်ယောက်က သတ်ခဲ့တာလား ဒီကိစ္စတွေရဲ့နောက်ကွယ်မှာ ဘယ်သူရှိနေမလဲ ...\n\nဒါတွေကိုတော့ ဆက်လက်ကြည့်ရှု့ပြီး အဖြေထုတ်လိုက်ပါတော့\n\nဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….","cover":"https://docs.google.com/uc?id=1rMjSFRL46dCqt28xl5hnT0UPBzYdeD-A"},{"title":"24 (2016)","id":"https://drive.google.com/file/d/100zWSEHfrJehq1fcZNYACe7HGVibc4Yb/view?usp=sharing","description":"Time Travel နဲ့ ပက်သက်ပြီး စိတ်ဝင်စားတဲ့ သူငယ်ချင်းတွေအတွက်\nIMDb 8.7/10 အထိတောင် ရရှိထားတဲ့ Science Fiction အမျိုးအစား \nBollywood Movie လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်...။\n\nဒီ (24) ဆိုတဲ့ ကားလေးကို ဒါရိုက်တာ Vikram Kumar က ရိုက်ကူးခဲ့ပြီး \nမင်းသား Suriya က သုံးကိုယ်ခွဲ သရုပ်ဆောင်ထားတာဖြစ်ပါတယ်..။\nဒီရုပ်ရှင်လေးက (၂၀၀၉) ခုနှစ်ကတည်းက ရိုက်ဖို့ စီစဉ်ထားတာဖြစ်ပေမယ့်\nအကြောင်းအမျိုးမျိုးကြောင့် (၂၀၁၄) ခုနှစ်မှ ရိုက်ကူးနိုင်ခဲ့ပြီး\n(၂၀၁၆) ခုနှစ် မေလ (၆) ရက်နေ့က ထွက်ရှိခဲ့တာ ဖြစ်ပါတယ်...။\n\nဒီကားလေးရဲ့ ဇာတ်လမ်းကတော့ ...\nသိပ္ပံပညာရှင် Dr. Sethuraman အဖြစ် Suriya က သရုပ်ဆောင်ထားပြီး၊ \nသူသည် (၁၉၉၀) ခုနှစ်၊ ဇန်နဝါရီလမှာ အများဆုံး (၂၄) နာရီစာ \n\" ခေတ် ရှေ့/ နောက်ပြန်သွားလို့ရတဲ့ နာရီတစ်လုံး \" ကို တီထွင်ခဲ့တယ်။\nအဲ့မှာ သူ့ရဲ့ အမွှာညီအကိုက သူ့ရဲ့ နာရီကို ခိုးဖို့ ကြိုးစားရာကနေ\nသူ့ရဲ့ နာရီကော အခိုးခံခဲ့ရမလား...?\nသူ့ရဲ့ နာရီကကော ဘယ်လို အချိန်ကို ရှေ့နောက် ပြန်ချိန်လို့ရလဲ...?\nဇာတ်လမ်းလေးထဲမှာ ဆက်လက်ခံစားကြပါစို့","cover":"https://docs.google.com/uc?id=1rGtaLVh42T1O9ivpysJtOdjPskcq0eYR"},{"title":"Begun jaan (2017)","id":"https://drive.google.com/file/d/1l83D6Js4SuEQpLfpYL0h4okEEU4575H1/view?usp=sharing","description":"ဒီတစ်ခါတော့ ဘောလီဝုဒ်ဖန်တွေအတွက် ၂၀၁၇ထွက်\nအလန်းစား တစ်ကားကို တင်ဆက်ပေးထားပါတယ်။#ဒီဇာတ်ကားက အက်ရှင်ဇာတ်ကား တစ်ကား မဟုတ်ပါဘူး\n#ဒီဇာတ်ကားက အနုအရွလေးတွေပါတဲ့ ဒရာမာကား တစ်ကား မဟုတ်ပါဘူး။\n#နှစ်ချို့ဝိုင်လို စူးရှရှ ခပ်ပြင်းပြင်းနဲ့ တကယ့်\nအနှစ်တွေပါတဲ့ ဇာတ်ကားတစ်ကားပါ\n(ဝိုင်ဘယ်လို အရသာရှိလဲ မသိဘူးနော် :p)ဒီဇာတ်ကားဟာ ၁၉၄၇ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်ရပ်မှန်\nအဖြစ်အပျက်တစ်ခုကို အခြေခံရိုက်ကူးထားတာပါ။\n၁၉၄၇ ခုနှစ်မှာ အိန္ဒိယကို အုပ်ချူပ်နေတဲ့ ဗြိတိသျှနောက်ဆုံး ဘုရင်ခံဟာ\nအိန္ဒိယ နိုင်ငံကြီးကို အိန္ဒိယ-ပါကစ္စတန် ဆိုပြီး နှစ်နိုင်ကွဲထွက်သွားအောင် နှစ်ခြမ်းခွဲခဲ့ပါတယ်။နိုင်ငံ တစ်နိုင်ငံကနေ အစစအရာရာဟာ နှစ်ပိုင်းဖြစ်ပြီး\nနယ်စပ်မျဉ်း နှစ်ကြောင်းရေးဆွဲကာ သံဆူးကြိုးတွေကာရံခဲ့ပါတယ်။အရာရာကို နှစ်ခြမ်းခွဲခဲ့ပေမယ့် နယ်စပ်မျဉ်း\nနှစ်ကြောင်းလုံးပေါ်မှာ တည်ရှိနေတဲ့ အိမ်တစ်ခု ရှိနေပါတယ်\nအဲ့ဒါကတော့ #ဘေဂွန်ဂျမ်းရဲ့ ဆောင်ကြာမြိုင်ပါပဲ။#ဘေဂွန်ဂျမ်းဆိုတာ ငယ်ဘဝကတည်းက ဒုက္ခကို မိတ်ဖွဲ့ပြီး ဘဝကို\nဒေါင်ကျကျပြားကျကျ ဒူပေဒဏ်ပေခံလာသူ တစ်ယောက်။#ဘေဂွန်ဂျမ်းဆိုတာ သတို့သမီးဘဝနဲ့ မွေးရပ်မြေက စွန့်ခွာသွားခဲ့ရပေမယ့်\nကံကြမ္မာဆိုးကြောင့် ပြည်တန်ဆာခေါင်း တစ်ယောက်အဖြစ်နဲ့ ဇာတိကို ပြန်လာခဲ့ရသူတစ်ယောက်။#ဘေဂွန်ဂျမ်းဆိုတာ ဥပဒေက သူ့ကို ပြန်ကြောက်နေရတဲ့သူ တစ်ယောက်။#ဘေဂွန်ဂျမ်းဆိုတာ ဘုရင်ကိုယ်တိုင်က ကောင်းချီးပေးထားရသူ တစ်ယောက်။အဲ့ဒီလို ဘေဂွန်ဂျမ်းလို လူမျိုးရဲ့ ဆောင်ကြာမြိုင်ဟာ\nနယ်စပ် စစ်ဆေးရေးဂိတ်တွေ ဆောက်လုပ်မှာမို့\nမဖြစ်မနေ နှစ်ခြမ်းခွဲမှကို ဖြစ်လာတဲ့အခါဘေဂွန်ဂျမ်းနဲ့ ပြည်တန်ဆာ ၁၁ယောက် ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲဆိုတာကတော့ ………\nဇာတ်လမ်းကတော့ Age Rating က 15+လို့တော့ ပြောထားပေမယ့်\nဇာတ်လမ်းထဲမှာ အသုံးအနှုန်းတွေ ကြမ်းပါတယ်\nတချို့ဇာတ်ဝင်ခန်းတွေ လန်းပါတယ်\nမိသားစုနဲ့ ကြည့်ဖို့ ကိုယ်တိုင်အရင်ကြည့်ပြီးမှ ဆုံးဖြတ်ကြပါလို့။","cover":"https://docs.google.com/uc?id=1qBSzBxhUmu29I48dh_ry1ZiHbdh9BDqu"},{"title":"Race 3 (2018)","id":"https://drive.google.com/file/d/1-MNEsRgLQ6_h-6H4GakTDQec3GhoOHYm/view?usp=sharing","description":"ဝင်ငွေ US $ 44မီလီယံအထိ ရရှိထားပြီး ကမ္ဘာ့နိုင်ငံအရပ်ရပ်မှာ အောင်ပွဲခံခဲ့တဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးပါရစေ။\n\nဒီကနေ့ ရုပ်ရှင်အကြိုကဏ္ဍမှာ တော့ အိန္ဒိယသည်းထိတ်ရင်ဖို အက်ရှင်ရုပ်ရှင်ဇာတ်ကားလေး ဖော်ပြလိုက်ပါတယ်။ Race ရုပ်ရှင်စီးရီးတွေရဲ့ တတိယမြောက် အဖြစ် ထွက်ရှိလာပေမယ့်အရင် ဇာတ်လမ်းနဲ့ ချိတ်ဆက်ထားတာ မရှိဘဲ ဇာတ်လမ်း၊ ဇာတ်အိမ်အ သစ်ရှုစားရမှာ ဖြစ်ပါတယ်။\n\nရှမ်ရှာဆင်းန်ဟာ အရှေ့အလယ်ပိုင်းဒေသမှာ အင်ပါယာ ကြီးတစ်ခုတည်ထောင်ပြီး လက်နက်နဲ့ မူးယစ်ဆေးဝါးတွေ အ ရောင်းအ၀ယ်ပြုလုပ်နေတာပါ။ ရှမ်ရှာမှာ ဆန်ဂျာနာနဲ့ ဆူရက်ဂ်ျ ဆိုတဲ့ အမြွှာသားနှစ်ယောက်ရှိပြီး ဆီကန်ဒါဆင်းန်ကတော့ မွေးစား သားပါ။\n\nရက်ရ်ှက ဆီကန်ဒါရဲ့ လူယုံတစ်ယောက်ဖြစ်ပြီး ရှမ်ရှာအင်ပါ ယာနဲ့ နီးစပ်သူလည်းဖြစ်ပါတယ်။ ရာနာဗီဂျေးဟာ ရှမ်ရှာရဲ့ စီးပွားပြိုင်ဘက်ဖြစ်ပြီး ရှမ်ရှာမိသားစု ရဲ့ စီးပွားရေးကို တစ်ချိန်လုံး ဒုက္ခ ပေးနေသူလည်းဖြစ်ပါတယ်။\n\nတစ်ရက်မှာတော့ မိသားစု ရှေ့နေဟာ အိမ်ကိုရောက်လာပြီး ဆန်ဂျာနာနဲ့ ဆူရက်ဂ်ျတို့လည်း အသက် (၂၅)နှစ်ပြည့်ပြီမို့ ရှမ်ရှာက ဆီကန်ဒါကို သူပိုင်ဆိုင်သမျှ ၅၀ ရာခိုင်နှုန်း၊ ဆန်ဂျာနာနဲ့ ဆူ ရက်ဂ်ျတို့ကို တစ်ယောက် ၂၅ ရာခိုင်နှုန်းစီ ခွဲဝေပေးခဲ့ပါတယ်။ အဲဒီအခါမှာ မိသားစုထဲမှာ ပြဿနာလေးတွေရှိလာပြီး အမြွှာညီ အစ်ကိုနှစ်ယောက်က ဆီကန်ဒါ ကို မကျေနပ်လို့ တိုက်ခိုက်လာ တဲ့အတွက် ဆီကန်ဒါနဲ့ ပြဿနာ စပါတော့တယ်။\n\nတကယ်တော့ ရက်ရ်ှဟာ ရှမ်ရှာရဲ့သားအရင်းဖြစ်ပြီး အကျင့်ပျက်နိုင်ငံရေးသမားတွေနဲ့ ပေါင်းနေကာ တစ်ရက်မှာတော့ ဆီကန်ဒါကို ရှင်းပစ်ခဲ့ပါတယ်။ ရှမ်ရှာဟာလည်း ဆီကန်ဒါရဲ့ မိဘတွေကို သတ်ပစ်ခဲ့သူဖြစ်ပြီး အမြွှာညီအစ်ကိုက ဆီကန်ဒါရဲ့ ညီအ ရင်းတွေလည်း ဖြစ်ပါတယ်။\n\nရှမ်ရှာနဲ့ရက်ရ်ှရဲ့ အကြံအ စည်က ညီအစ်ကိုအရင်းတွေ ကတောက်ကဆဖြစ်ပြီး အချင်းချင်းသတ်မိအောင် လုပ်တာဖြစ်ပါတယ်။ သေပြီထင်ထားတဲ့ ဆီကန်ဒါက တစ်ရက်မှာတော့ ဗြုန်းဆို ပြန်ပေါ်လာပြီး ရက်ရှ်၊ ရှမ်ရှာတို့ သားအဖနဲ့ ထိပ်တိုက်တွေ့ခဲ့ပါ တော့တယ်။\n\nဆီကန်ဒါတို့ ညီအစ်ကိုတွေ နဲ့ ရှမ်ရှာတို့ရဲ့ ပြိုင်ပွဲက ဘယ်လိုရလဒ်ထွက်မလဲ။ ဒုစရိုက်လောက ထဲက ရှမ်ရှာတို့တစ်တွေ ဘယ်လို ဇာတ်သိမ်းရမလဲဆိုတာ အမိုက် စားအက်ရှင်ဇာတ်ကွက်တွေနဲ့ ဆက်ကြည့်လိုက်ဦးနော်။\n\nပါ၀င်ထားသူတွေက Salman Khan၊ Anil Kapoor၊Bobby Deol၊ Daisy Shah၊Saqib Saleem၊ JacquelineFernandez စသူတွေပဲဖြစ်ပါ တယ်။","cover":"https://docs.google.com/uc?id=1_ViVzLPYvQUzdu_f4Ll-LSlZvyrp1GUh"},{"title":"Ek Paheli Leela (2015)","id":"https://drive.google.com/file/d/1iLodojOftoJISpYoQk4SHK75P8Idr_DM/view?usp=sharing","description":"Indo-Canadian လူမျိုး Porn Star မင်းသမီးတစ်ယောက်ဖြစ်တဲ့ Sunny Leone အဓိကပါဝင်ထားတဲ့\nBollywood ဇာတ်ကားဖြစ်ပါတယ်။\nSunny Leone ပရိတ်သတ်တွေကြည့်ချင်မှာပဲလို့ယူဆပြီး မြန်မာစာတန်းထိုးနဲ့တင်ဆက်လိုက်တာပါ။\nဇာတ်လမ်းအညွှန်းကတော့............\nလန်ဒန်မှာကြီးပြင်းလာခဲ့တဲ့ လီလာဆိုတဲ့ ဓာတ်ပုံမော်ဒယ်က သူ့ရဲ့ဓာတ်ပုံအေဂျင်စီတစ်ခုနဲ့ အိန္ဒိယက ရှေးဟောင်းမြို့တစ်မြို့မှာ ဓာတ်ပုံရိုက်ဖို့ ထွက်လာကြပါ တယ်။\nလီလာမှာ ထူးခြားချက်တစ်ခု ရှိပါတယ်။ အမြဲလိုလို ရှေးဟောင်းဂန္ထ၀င်အိပ်မက်မျိုးတွေ မက်လေ့ရှိပြီး အဲဒီအိပ်မက်ထဲမှာ သူ့ကိုယ်သူ မင်းသမီးအဖြစ်မြင် မက်လေ့ရှိပါတယ်။ ဓာတ်ပုံရိုက်ဖို့အတွက် \nဒီမြို့ကိုရောက်တဲ့အချိန်မှာ နှစ်ပေါင်းအဆက်ဆက်က နေထိုင်လာခဲ့တဲ့ မင်းမျိုးအနွယ်၀င်တွေနဲ့ ဆုံပါတယ်။အဲဒီမင်းမျိုးအနွယ်တွေထဲကမင်းသားတစ်ပါးကလီလာကိုကြိုက်ပြီးလက်ထပ်လိုက်ပါတယ်။\n လီလာလိုပဲအိပ်မက်မက်နေတဲ့ နောက်ထပ်လူငယ်တစ်ယောက်ရှိပါသေးတယ်။ အဲဒီလူငယ်က ကရန်ဆိုသူဖြစ်ပြီးသူလည်းပဲ အိပ်မက်ထဲက မြို့တော်နဲ့မင်းသမီးကို တွေ့ချင်တာကြောင့် လီလာရောက်နေတဲ့မြို့ကိုလိုက်လာပါတယ်။ သူမက်နေတဲ့အိပ်မက်တွကိုသိဖို့ပဲဒီမြို့ ဟောင်းမှာနေရင်းနဲ့ အရင်ဘ၀ကို ပြန်သိရဖို့ ကြိုးပမ်းပါတယ်။သူတို့နှစ်ဦးရဲ့အရင်ဘ၀မှာတော့ လီလာနဲ့ ကရန်တို့က ဒီမြို့မှာ ချစ်သူတွေဖြစ်ခဲ့ကြတယ်။ ကရန်က ရုပ်တုဆရာကြီးတစ်ပါးရဲ့ တပည့်လက်ရင်းဖြစ်ပြီး တစ်ရက်မှာတော့ အဲဒီဆရာကြီးဆိုသူက လီလာကိုတွေ့ရာကနေ အရူးအမူးဖြစ်ပြီးလီလာရဲ့ ပုံတူ ရုပ်တုထုလုပ်ဖို့စီစဉ်ပါတယ်။ ဒီပုံတူထုဖို့အတွက် လူမသိစေချင်တာ ကြောင့် သူ့ရဲ့ ခန်းမဆောင်ထဲမှာ ရုပ်တုမပြီးမချင်းလီလာကို့ပေးမပြန်ဘဲစိတ်ကြိုက်သွန်းလုပ်ပါတယ်။တိုတိုပြောရရင်ရုပ်တုထုရင်းနဲ့ပဲလီလာ\nကိုသိမ်းပိုက်ဖို့ကြံရင်း နောက်ဆုံးမှာတပည့်ဖြစ်သူနဲ့လီလာတို့ချစ်သူဖြစ်နေတာကိုမကျေနပ်ရာကနေ \n နှစ်ယောက်စလုံးကို ဆရာကြီးကသတ်ပစ်လိုက်ပါတယ်။ဒီမြို့ဟောင်းကို လူ၀င်စား အနေနဲ့ ပြန်ရောက်လာတဲ့ သူတို့ ချစ်သူနှစ်ယောက်ရဲ့ ဘဝဟောင်း က ပုစ္ဆာတွေကို ဖြေရှင်းတဲ့ဇာတ် လမ်းဖြစ်ပါတယ်။ အပ်ကြောင်း ထပ်နေတဲ့ အိန္ဒိယလူ၀င်စားကလဲ့ စားကားဖြစ်ပါတယ်။ အပျင်းပြေ ကြည့်ဖို့ပဲသင့်ပါတယ်။လူ၀င်စားကလဲ့စားဆိုပေ မယ့် မင်းသမီးရဲ့ လိင်အသားပေးအခန်းတချို့ပါပါတယ်။ သိပ်အ ကြမ်းကြီးမဟုတ်ပေမယ့် လူကြီး မိဘ၊ ကလေးတွေနဲ့ အတူတူ ကြည့်ရမယ့်မိသားစုတွေအတွက် အဆင်မပြေပါဘူး။","cover":"https://docs.google.com/uc?id=1YkZ_a6pOcBsEeq2ritoV98eSukdAEo3n"},{"title":"Spyder (2017)","id":"https://drive.google.com/file/d/1fwrzgKnSDE2gaK9CgH2nLSpCAKvmDi1t/view?usp=sharing","description":"ဒီဇာတ်ကားကို \"ဝန်ကြီးချုပ်မင်းသား\"လို့ အများခေါ်တဲ့မင်းသားကြီး Mahesh Babu အဓိက ပါဝင်သရုပ်ဆောင်ထားပြီးခေတ်အခြေအနေ တစ်ခုကို အခြေခံ၊လူတွေရဲ့ အယူမှားတဲ့ စိတ်ကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားတဲ့ ရုပ်ရှင်ဇာတ်ကားပါ။\n\n<ဇာတ်လမ်းအညွှန်း>\n\nရှီဗာဟာ NGO ထောက်လှမ်းရေးအရာရှိတစ်ယောက်ပါ။\n\nသူအလုပ်က အွန်လိုင်းပေါ်မှာ ပြောဆိုနေကြတဲ့Conversationတွေကို ကင်းထောက်ပြီး၊ဖုန်းခေါ်ဆိုမှုတွေမှာ အကူအညီလိုအပ်ကြောင်းသတိပေးချက်မြည်ရင် ဝင်နားထောင်ပြီး လိုအပ်သလို ကူညီဖို့ပါ။\n\nတနေ့မှာ သူဟာ ဖုန်းခေါ်ဆိုမှု တစ်ခု နားထောင်ခဲ့ရပါတယ်။\n\nမိန်းကလေးတစ်ယောက် အိမ်မှာ တစ်ယောက်တည်းဖြစ်နေချိန်သူ့သူငယ်ချင်းမလေးကို အတူလာအိပ်ပေးဖို့ ခေါ်တဲ့ဖုန်းခေါ်ဆိုမှု တစ်ခုပါ။\n\nရှီဗာဟာ အကူအညီလိုအပ်နေတဲ့ မိန်းကလေးဆီသူငယ်ချင်းဖြစ်သူ ရဲမေကို သွားစောင့်ရှောက်ပေးဖို့ အကူအညီတောင်းခံလိုက်ပါတယ်။\n\nမနက်မိုးလင်းတော့ ထင်မှတ်မထားတဲ့ လူသတ်မှုကြီး တစ်ခုကိုကြားခဲ့ရပါတော့တယ်။\n\nရက်စက်စွာ သတ်ဖြတ်သူ တရားခံကို စုံစမ်းရှာဖွေရင်းအန္တရာယ်အမျိုးမျိုး ရင်ဆိုင်ပြီး မိသားစုအတိုင်းအတာထိအန္တရာယ်ကို ကြုံတွေခဲ့ရပါတယ်။\n\nလူသတ်သမားနဲ့ NGO အေးဂျင့် ရှီဗာတို့အပြိုင်အဆိုင် အားပြိုင်ရာမှာကြောက်မက်ဖွယ် ရာဇဝတ်မှုတွေကို ဖန်တီးသူ ဘိုင်ရာ့ဗ်ဟာ\nသူ့ရာဇဝတ်မှုတိုင်းမှာ ရက်စက်သလောက် သေသပ်ပိရိလွန်းသူပါ။\n\nအဲ့ဒီလို ရာဇဝတ်သမားကို အစိုးရတရားဝင်မဟုတ်တဲ့ထောက်လှမ်းရေးအရာရှိ ရှီဗာက ဘယ်လို အနိုင်ယူမလဲဆိုတာကို ကြည့်ရှုပေးကြပါဦးဗျာ။\n\nလူသတ်သမားရဲ့ စရိုက်ကို ပုံဖော်ရာမှာတော့လူတွေမှာ ၄ရာခိုင်နှုန်းသာ ရှိတတ်တဲ့ မကောင်းစိတ်လေးကိုအခြေခံထားပါတယ်။\n\nဥပမာ.. ကျွန်တော်တို့ မျက်စိရှေ့မှာ ယာဉ်မတော်တဆမှုတစ်ခုမြင်တွေ့ရတဲ့အခါ ဘယ်သူမှ မနာသွားရင် စိတ်ထဲ အားမရဘူး။\n\nအနည်းဆုံး ခေါင်းလေးကွဲ၊လက်လေးကျိုးသွားမှ စိတ်မှာကျေနပ်မိတယ်။\n\nဒါပေမဲ့ တစ်ယောက်ယောက် သေသွားရင်တော့ စိတ်မကောင်းဖြစ်ကြပါတယ်။\n\nဒီလို မကောင်းစိတ်(မသိစိတ်ထဲ အယူလွဲမှု)ကအနိုင်ယူလွှမ်းမိုးခြင်းကို ခံလိုက်ရတဲ့ လူတစ်ယောက်ပေါ့ဗျာ။\n\nထို့ပြင် ယနေ့ခေတ် လူတွေရဲ့ အပြုအမူတွေကိုကွက်ကွက်ကွင်းကွင်း မြင်သာအောင် ပုံဖော်ထားပါသေးတယ်။\n\nဥပမာ- ဒုက္ခဘေးဆိုးတွေ မဖြစ်ခင် တားဆီးကယ်တင်ခြင်းမျိုးမဟုတ်ဘဲ၊ဖြစ်ပြီးမှ သွားရောက်လှူဒါန်းမယ်ဆိုတဲ့ စိတ်တွေပေါ့ဗျာ။ (ဖြစ်အောင် စောင့်နေကြသလို:3)\n\nဖြစ်တော့မှ ချစ်ခြင်းမေတ္တာတွေကို ထုတ်ဖော်ပြကြပြီးတခြားအချိန်မှာ ဘေးအိမ်နီးချင်းတွေကိုတောင်မမြင်ဖူးကြတာမျိုးတွေလေ။\n\nကဲ ဒီလောက်ပါဗျာ။ ကွီးတို့တွေအတွက် Hacking၊ ရှီဗာချစ်သူ ချောချောလေးရဲ့ လိင်အသားပေး ဇာတ်ကားတွေကြည့်ရင်း လိင်ဆက်ဆံဖူးချင်တယ်ဆိုတဲ့ စော်လေးကို ရှုမြင်ခံစားရမယ်။\n\nမမလေးတွေအတွက် ဝန်ကြီးချုပ်မင်းသားဆိုပြီးသဲသဲလှုပ်နေကြတဲ့ မင်းသားချော Mahesh Babuရဲ့ အကတွေ၊ခန့်ညားမှုတွေနဲ့ ဖိုက်တင်အက်ရှင်တွေကို ခံစားရစေမယ်လို့ ပြောရင်းဒီလောက်နဲ့ အဆုံးသတ်ကြရအောင်ဗျာ","cover":"https://docs.google.com/uc?id=1YOhQ4QEYOGREivhstDHV1gyorTqke-CL"},{"title":"Dhoom 3 (2013)","id":"https://drive.google.com/file/d/1-PEvWXWWMSKe9lvnmDuVAFPXB9GVTSMS/view?usp=sharing","description":"ဇာတ်လမ်းအကျဉ်းကတော့…\n၁၉၉၀ ပြည့်နှစ်ကာလမှာ အိန္ဒိယလူမျိုး မျက်လှည့်ဆရာ Iqbal Haroon Khan ဟာ သူ့ရဲ့ ဆပ်ကပ်အဖွဲ့ မပြိုကွဲရေးအတွက် ရုန်းကန်နေရပါတယ်။\n\nဒီဆပ်ကပ် ဆက်လက်ရပ်တည်ဖို့အတွက် အနောက်ချီကာဂိုဘဏ်ကို မှီခိုနေရပါတယ်။ ဒါပေမယ့် ဘဏ်ပိုင်ရှင် Anderson ကတော့ ဒီဆပ်ကပ်ကို ပိတ်ပစ်ဖို့ပဲ ဖိအားပေးနေပါတယ်။ \n\nအထူးဖျော်ဖြေပွဲအဖြစ် Khan ဟာ Anderson ကို သူ့ရဲ့ အကောင်းဆုံး ပြကွက်တစ်ခုကို ပြသပြီး ဆပ်ကပ်အဖွဲ့ မဖျက်သိမ်းရဖို့ ကြိုးစားပါတယ်။\n\n ဒါပေမယ့် ဒီဆပ်ကပ်အဖွဲ့ကို ပိတ်ပစ်ဖို့ပဲ တမင်လုပ်နေတဲ့ Anderson ဟာ ဘာကိုမှ အရေးမလုပ်တာမို့ Khan ဟာ ကိုယ့်ကိုယ်ကို သတ်သေသွားပါတယ်။\n\n အဲဒီအဖြစ်အပျက်ကို ဖခင်နဲ့အတူ ဆပ်ကပ်ပြပြီး Anderson ဆီက အကူအညီ မျှော်လင့်နေရှာတဲ့ Sahir Khan ဟာ အစအဆုံး မြင်တွေ့လိုက်ရပါတယ်။\n\nSahir Khan ဟာ လက်ရှိအချိန်မှာတော့ Great Indian Circus ကို ပြန်လည်ထူထောင် လည်ပတ်နေပါတယ်။ \n\nဒီတစ်ခါ ကပြမယ့် ဆပ်ကပ်ပြပွဲအတွက် နတ်သမီးတစ်ပါးလို ကပြဖျော်ဖြေနိုင်မယ့် အကမယ်တစ်ဦး လိုအပ်နေပါတယ်။\n\n အဲဒီအကမယ်အဖြစ် အရမ်းသွက်လက်တဲ့ မိန်းကလေးတစ်ယာက်ကို သူရှာဖွေတွေ့ရှိသွားပါတယ်။ တစ်ဖက်ကလည်း အနောက်ချီကာဂိုဘဏ်ကို ဖြိုခွဲနိုင်ဖို့ ကြိုးစားနေပါတယ်။ \n\nဒါပေမယ့် သူကြိုးစားနေတာ ဥပဒေဘောင်ထဲကတော့ မဟုတ်ပါဘူး။ ဘဏ်ခွဲတွေကို ဖောက်ထွင်းပြီး မျက်လှည့်ဆန်ဆန် ပြကွက်တွေနဲ့ လွတ်အောင် ထွက်ပြေးရင်း လိုက်တမ်းပြေးတမ်း ကစားနေတာပါ။\n\n သူ့ဖောက်ထွင်းပြီးတိုင်း သူတို့မိသားစုရဲ့ လက်ကိုင်ဆောင်ပုဒ်ကို ဟင်ဒီဘာသာနဲ့ ရေးထားခဲ့ပါတယ်။ ဒါကြောင့် ချီကာဂို ရဲတပ်ဖွဲ့ဟာ အိန္ဒိယနိုင်ငံက နာမည်ကျော် ရဲမှူး Jai Dixit နဲ့ သူ့ပါတနာ Ali ကို အကူအညီ တောင်းပါတယ်။ \n\nJai Dixit ဟာ ချီကာဂို ရဲတပ်ဖွဲ့က ရဲမှူး Victoria နဲ့ သိကျွမ်းသူဖြစ်တာကြောင့် စုံစမ်းစစ်ဆေးရေးကို အခက်အခဲမရှိ ဆောင်ရွက်နိုင်ပေမယ့် တရားခံကတော့ စုံးစုံးမြုပ်နေပါတယ်။\n\nဒါကြောင့် Jai ဟာ တရားခံရဲ့ စိတ်ကို ဆွတဲ့အနေနဲ့ ရုပ်မြင်သံကြားကနေ တရားခံကို နှိမ့်ချဝေဖန်လိုက်ပါတယ်။ မခံချင်ဖြစ်သွားတဲ့ Sahir ဟာ Jai မျက်စိရှေ့တင်ပဲ နောက်ထပ် ဘဏ်ခွဲတစ်ခုကို ထပ်မံ ဖောက်ထွင်းပြလိုက်ပါတယ်။ \nဒါပေမယ့် ကံမကောင်းချင်တော့ Jai က Sahir ရဲ့ လက်ပြင်ကို သေနတ်နဲ့ ပစ်နိုင်ခဲ့ပါတယ်။ ဒီဒဏ်ရာနဲ့ Sahir ကို Jai က သူ့ရဲ့ မျက်လှည့်ပွဲမှာ ၀င်ဖမ်းတဲ့အခါ Sahir မှာ သေနတ်ဒဏ်ရာ လုံး၀မရှိတာကို တွေ့ရပါတယ်။ \n\nSahir ရဲ့ အဆိုအရ သူ့အဖေ Khan ဟာ အကောင်းဆုံး လျှို့ဝှက်ချက်တစ်ခုနဲ့ ကမ္ဘာကြီးကို အံ့ဖွယ်ပြကွက် ပြသနိုင်ဖို့ ရည်ရွယ်ထားခဲ့တာပါ။ သူ့အဖေဆီက သူဆက်ခံခဲ့တဲ့ လျှို့ဝှက်ချက်ဆိုတာ ဘာဖြစ်မလဲ ….\n\nAamir Khan က မျက်လှည့်ဆရာ Sahir အဖြစ် ပါ၀င်သရုပ်ဆောင်ထားပြီး အကမယ် Aaliya အဖြစ် Katrina Kaif က ပါ၀င်သရုပ်ဆောင်ထားတယ့်\n\n Dhoom 3 ဟာ အရင် Dhoom ဇာတ်ကားတွေထက် ရိုက်ချက်တွေ ပိုမိုအသားပေး ရိုက်ကူးထားပြီး အလှအပနဲ့ အကခန်းတွေ၊ အတိုက်အခိုက်ခန်းတွေမှာ အကောင်းဆုံးဖြစ်အောင် ဖန်တီးထားတာ တွေ့ရပါတယ်။ \n\nKatrina Kaif ရဲ့ လှပတဲ့ ကကွက်တွေကို အတော်လေး အသေးစိတ် ရိုက်ကူးထားသလို ဆိုင်ကယ်စတန့်ပြကွက် မြောက်များစွာကို သေသေချာချာ ရိုက်ကူးတင်ဆက်ထားတာ တွေ့ရပါတယ်။ \n\nမထင်မှတ်တဲ့ ဇာတ်အိမ်၊ အကောင်းဆုံးရိုက်ချက်၊ အလှပဆုံးပြကွက်တွေနဲ့ ဖန်တီးထားပေမယ့် အိန္ဒိယသားတွေကို အသားပေးပြီး ချီကာဂိုရဲတွေရဲ့ ကဏ္ဍကို လျှော့ချလိုက်တဲ့အခါမှာ အလွန်အကျွံ ဖြစ်သွားတာလေး နည်းနည်းတော့ ရှိပါတယ်။\n\n အရင်ဇာတ်ကားတွေထက် ဇာတ်လမ်းပိုင်း အားနည်းပြီး Sahir ရဲ့ ဇာတ်အိမ်က ပိုများနေတာကြောင့် Jai ရဲ့ စုံစမ်းထောက်လှမ်းမှုကို ချုံ့လိုက်ရသလိုဖြစ်ပြီး ဇာတ်အိမ်က လေးသွားပါတယ်။\n\nJai Dixit အဖြစ် Abhishek Bachchan နဲ့ Ali အဖြစ် Uday Chopra တို့ ဆက်လက်ပါ၀င်သရုပ်ဆောင်ထားပြီး IMDB မှာ Rating 6.4 ရရှိထားပါတယ်။ Rotten Tomatoes မှာလည်း Tomatometer 86% ရရှိထားပြီး Dhoom ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း အလှအပနဲ့ အကြမ်းပတမ်းကို အကောင်းမွန်ဆုံး ပေါင်းစပ်ထားတာကို တွေ့ရမှာပါ။ ဇာတ်လမ်းအဆုံးမှာ ပုံမှန်ပါလေ့ရှိတဲ့ Dhoom သီချင်းကို Katrina Kaif ရဲ့ အကအလှနဲ့ တွဲဖက်ပြီး ခံစားကြည့်ရှုကြပါဦး။","cover":"https://docs.google.com/uc?id=1VlNr0sD3WvdzdCV4IDblLMjPsBwoLLYe"},{"title":"Dhoom 2 (2006)","id":"https://drive.google.com/file/d/1Xdw2NzPRjwdNDivULmSW-S-JRMeBvWcP/view?usp=sharing","description":"မကြည့်ဖူးတဲ့သူမရှိလောက်အောင်နာမည်ကြီးခဲ့တဲ့ဘောလိဝုဒ်ဇာတ်ကားတစ်ကားပါ။လက်ပွားမင်းသားရဲ့အကောင်းဆုံးဇာတ်ကားတစ်ကားလို့လည်းပြောလို့ရပါတယ်။ဒီဇာတ်ကားထဲမှာတော့ လက်ပွားမင်းသားဟာ Professional သူခိုးတစ်ယောက်ရဲ့ကာရိုက်တာကိုပီပြင်စွာသရုပ်ဆောင်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ Dhoomကားရဲ့အဓိကဇာတ်ကောင်တွေဖြစ်တဲ့ ACP Jay Dixit နဲ့ Ali တို့ရဲ့နေရာကို Abishek Bachan နဲ့ Uday chopraတို့ကသရုပ်ဆောင်ထားပါတယ်။မယ်ကမ်ဘာဆုရထားတဲ့မင်းသမီးချော Aishwarya Rai ကလည်း နှစ်ဖက်ချွန်တစ်ယောက်အဖြစ်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားတစ်ခုလုံးကို ထိန်းသွားတာကတော့ လက်ပွားမင်းသား Hrithik Roshanပါပဲ။ Aryanရဲ့ဇာတ်ကောင်နေရာကနေ ရုပ်ပြောင်းရုပ်လွှဲတွေကိုတစ်ဝကြီးကြည့်ရှုခံစားရမှာပါ။အယောက်၁၀၀မှာ၉၀လောက်ကြည့်ပြီးသားဖြစ်တဲ့ဇာတ်ကားလေးမို့ review ကိုအတိုချုံ့ပဲရေးပေးလိုက်ပါတယ်","cover":"https://docs.google.com/uc?id=1VlIuWb_bcQwqQxmmDkibuu40A5Bt_VVM"},{"title":"Dhoom 1 (2004)","id":"https://drive.google.com/file/d/1THJKpec9aRHCx_y9p4kPao2CMnEiWJW_/view?usp=sharing","description":"Dhoom ကားတွေရဲ့ပထမဆုံးကားလေးပါ။ ဆိုင်ကယ်တွေနဲ့အုပ်စုလိုက် ဓါးပြတိုက်နေတဲ့ ဓါးပြအဖွဲ့တစ်ဖွဲ့ကို လိုက်လံဖမ်းစီးပုံကို ရိုက်ပြထားတာပါ။ ဒီဇာတ်ကားလေးထဲမှာ ACP Jay Dixit နဲ့ Ali တို့ဘယ်လိုစတွေ့ခဲ့တယ်ဆိုတာပါသိရမှာဖြစ်ပါတယ်။အမြဲချိန်ပါဖြစ်နေတဲ့ Ali ရဲ့ဘဝကို သနားစဖွယ်တွေ့ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာပါတဲ့ဓါးပြအဖွဲ့ရဲ့ခေါင်းဆောင်ကတော့ အခု အိန္ဒိယမှာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်နေတဲ့ မင်းသား john abraham ဖြစ်ပါတယ်။ Dhoom 2 နဲ့ 3လောက်မကောင်းပေမယ့်လည်း ယှဉ်ကြည့်လို့ရတဲ့ကားလေးတစ်ကားပါ။","cover":"https://docs.google.com/uc?id=1VVMxrBfWg-K5mz3ePYF5Cmq58hlZjCy6"},{"title":"Gabbar is Back (2015)","id":"https://drive.google.com/file/d/1-653BFoI_pgdF_aCoVzEymhHMHJ8VmaR/view?usp=sharing","description":"IMDB 7.3 ရရှိထားပြီး အင်မတန်မှ ကောင်းမွန်တဲ့ ဘောလီးဝုဒ်\nဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။\nဒီကားလေးထဲမှာ နာမည်ကျော်မင်းသား\nအက်ခ်ရှေးကူမားရ်ကို ဂတ်ဘာ အဖြစ်တွေ့မြင်ရမှာပါ။\nညတစ်ညမှာ အိန္ဒိနိုင်ငံ မဟာရှက်ထရာ ခရိုင် အတွင်းမှာရှိတဲ့\nမတူညီတဲ့ မြို့တွေက အခွန်ကောက်သမားဆယ်ယောက်ဟာ\nပြန်ပေးဆွဲခံလိုက်ရပါတယ်။ ဒီလိုနဲ့ ရဲတွေက အပူတပြင်း ရှာဖွေ\nနေစဉ်မှာပဲ ထို၀န်ထမ်း ဆယ်ယောက် အနက် တစ်ယောက်ကလွဲလို့\nအကုန်ပြန်ရောက်လာပါတယ်။ တစ်ယောက်ကတော့ အသတ်ခံလိုက်ရပါတယ်\nထိုအသတ်ခံလိုက်ရတဲ့သူက လာဘ်အစားဆုံး အခွန်သမားပါပဲ။ထို အခွန်သမားရဲ့\nအလောင်းနဲ့ အတူ ဂတ်ဘားကိုယ်တိုင် လာဘ်စားလို့ သတ်ရတာဖြစ်တယ်\nဆိုပြီး ခြိမ်းခြောက်ထားပါတယ်။ ဒီလိုနဲ့ လာဘ် အစားဆုံး အစိုးရာအရာရှိတွေ\nပြန်ပေးဆွဲ ခံရ အသတ်ခံရတာတွေ ဆက်တိုက် ဖြစ်လာပါတယ်။\nဂတ်ဘားကဒီလိုဘာလို့ လိုက်သတ်နေရတာလဲ …. သူ့ကို ရဲတွေက ဖမ်းမိမှာလား\nလာဘ်ပေးလာဘ်ယူ လုပ်တာတွေကို အချက်အလက်သေးသေးလေးက အစ\nတိတိကျကျ သူဘယ်လိုများမှတ်တမ်းတွေ ယူနိုင်တာလဲ ခြေရာလက်ရာ\nမပေါ်အောင်ဘယ်လိုများ လုပ်ဆောင်ခဲ့တာလဲ စတာတွေကို စိတ်၀င် စားစွာ\nဆက်လက်စောင့်ကြည့်ရမှာပါ။စလယ်ဆုံး ဆွဲဆောင်နိုင်တဲ့ ဇာတ်ကားကောင်း\nတစ်ကားဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။","cover":"https://docs.google.com/uc?id=1VFYDnX2zjjV7Vpi3GSrK9H315kppk1NO"},{"title":"Pressure Cooker (2020)","id":"https://drive.google.com/file/d/1YY7bXRUfiC7Jafbl-GLafkVb2Ed7cSyV/view?usp=sharing","description":"ဒီpressure cookerဆိုတဲ့ဇာတ်လမ်းလေးဟာ မိဘတွေရဲ့ pressure ကိုခံစားနေတဲ့ ကီရှောလို့ခေါ်တဲ့ လူငယ် တစ်ယောက် အကြောင်းကိုရိုက်ကူးထားတာပဲဖစ်ပါတယ်\nမိသားစုဇာတ်ကားလေးဖြစ်ပေမဲ့ အချစ်ရေး အကြောင်းလဲပါတယ်နော်…\nအစပိုင်းမှာတော့မိဘဖြစ်စေချင်တာကိုရအောင်ကြိုးစားနေတဲ့ကီရှောတစ်ယောက် ကံဆိုးမှုတွေ ကြုံတယ် အလိမ်လဲခံရတယ် ဆုံးရှုံးမှုတွေနဲ့ကြုံခဲ့ရတယ်\nမိဘပျော်ရွှင်မှုကိုပဲကြည့်ပြီး လမ်းပျောက်နေတဲ့ကီရှောတစ်ယောက် အနုပညာဝါသနာပါပြီး ကီရှောကိုစိတ်ဝင်စားနေတဲ့ အနီတာဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ဘယ်လိုတွေရိုမန်တစ်ဆန်မလဲ…\nအနီတာရဲ့ ပြောဆိုဆုံးမမှုတွေကြောင့်ရယ် မိတ်ဆွေတွေကြောင့်ရယ် ကိုယ်ဖြစ်ချင်တဲ့လမ်းကြောင်းကိုလျှောက်တဲ့အခါမှာဘယ်လိုတွေဖြစ်သွားမလဲ\nအောင်မြင်မှာလား…….. ကျရှုံးမှာလား….. သူတို့နှစ်ယောက်ရဲ့အချစ်ရေးကရောဘယ်လိုဖြစ်သွားမှာလဲ…\nမိဘကျေးဇူးသိတတ်မှုတွေ..သူများနိုင်ငံမှာအလုပ်လုပ်မှာထက် ကိုယ့်နိုင်ငံကိုသိတတ်မှုတွေ..စတဲ့ဘဝသင်ခန်းစာတွေပေနိုင်တဲ့ဇာတ်ကားကောင်းတစ်ခုပါနော်…\nအညွှန်းကို GC မှ ကူးယူဖော်ပြပါသည်။","cover":"https://docs.google.com/uc?id=1FSHjTEcCrxAjByVWyj0rCyRdB_2ZLeYi"},{"title":"C++ (2019)","id":"https://drive.google.com/file/d/1xDigAu4ZspvCuyj-EpzJ7T94UnoSF7Zd/view?usp=sharing","description":"C++ (2019) ဟာ IMDb 6.6/10 Google users 77% ရထားသော ဒါရိုက်တာ Suresh Leon Rey\n\nကိုယ်တိုင်ရေးသားရိုက်ကူးထား၍ သရုပ်ဆောင် Suresh Leon Rey, Adarsha Sanjeeva, Vishu Veer တို့ပါဝင်သရုပ်ဆောင်ထားသော Thriller ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ.....\n\nအင်တာနက်က dark side ပိုင်းကို ဖော်ပြပေးနေတဲ့ တကယ့်ထိပ်တန်း ဆိုင်ဘာရာဇဝတ်မှု သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကားပါ ဆိုက်ဘာ ဒုစရိုက်မြေအောက်လောက (DeepWeb/DarkNet) အန္တရာယ်ကြီးမားမှုကို သေချာရိုက်ပြထားပါတယ် ဒါရိုက်တာ \"Suresh Leon Rey\"\" ကိုယ်တိုင်ရိုက် ကိုယ်တိုင် အဓိကနေရာကနေ သရုပ်ဆောင်ထားပါတယ် Swedish Music Director \"John Boberg\"(Sweden) က ကိုယ်တိုင် နောက်ခံဂီတကို ဖန်တီးထားပြီး Blue Elephant Cinema ထုတ်လုပ်ထားပါတယ်","cover":"https://docs.google.com/uc?id=1TyH9U44SodErhFNc4WHBf7CJqe3JRDDa"},{"title":"Badrinath Ki Dulhania (2017)","id":"https://drive.google.com/file/d/1_OTK3MDQzvHUfctsUSh-9TVOVEiMaxW_/view?usp=sharing","description":"Badrinath Ki Dulhania မြန်မာလိုဆိုရင် ဘဒ်ရီနာသ့်ရဲ့ သတို့သမီးပေါ့\nဒါဆို ဘဒ်ရီနာ့သ် ကဘယ်သူလဲ? ဘဒ်ရီနာသ်က ဂျန်ဆလ်မြို့ရဲ့\nမြို့မျက်နှာဖုံး ကြီးကြီးတက်သူဌေးကြီး အမ်ဘာနသ် ဘန်ဆလ်ရဲ့သား တစ်ယောက် ။ဒါဆို သူ့သတို့သမီးအကြောင်း နည်းနည်းပြောမယ်\nသူ့သတို့သမီးဖြစ်ရဖို့က တော်တော်ကံကောင်းမှပဲ ဖြစ်မှာနော်ဘာကြောင့်လဲဆိုတော့ ဟိန္ဒူအယူဝါဒအရ ထိမ်းမြားလက်ထပ်ရင်\nသတို့သမီးရှင်ဘက်က သတို့သားကို အခန်းဝင်လက်ဖွဲ့ကြေးနဲ့ တင်တောင်းယူရတာဗျာ။\nသတို့သမီးက ဘယ်လောက်ပဲ ပညာတတ်တတ် တော်တော်\nအချိန်တန် အိမ်ထောင်ကျပြီးရင် ဒိုး မီးဖိုချောင် ဒီစနစ်\nလင်ယောကျ်ားကို ဖြူသည် မဲသည် လာမပွါးနဲ့ဒီလို မိန်းကလေးအခွင့်ရေးနည်းပါတဲ့ လူ့အသိုင်းဝိုင်းမှာ အမှန်အကန်သူဌေးသားအတွက်ဆို အခန်းဝင်လက်ဖွဲ့ကြေးကလည်း မနည်းလောက်ပေဘူးဒါပေမယ့် ဘဒ်ရီကတော့ အဖေစီစဉ်သမျှကို အသံမထွက်ပဲ\nနာခံလာပေမယ့် မိတ်ဆွေ တစ်ယောက်ရဲ့ မင်္ဂလာပွဲမှာ ဗီဒဟီဆိုတဲ့ ကောင်မလေးကို တွေ့တွေ့ခြင်း စိတ်ဝင်စားခဲ့တယ်။ဗီဒဟီကလည်း အမျိုးသမီးအခွင့်ရေးမပေးတဲ့ လူ့အသိုင်းဝိုင်းကို\nမုန်းလွန်းလို့ ကိုယ်ဘဝကိုယ်ရပ်တည်ဖို့ ကြိုးစားနေတဲ့အတွက်\nအိမ်ထောင်ပြုဖို့ဆိုတာ လုံးဝကို စိတ်မဝင်စားတဲ့ မိန်းကလေးတစ်ယောက့်ဘဒ်ရီအနေနဲ့ ဗီဒဟီကို သူ့သတို့သမီးဖြစ်အောင်\nကြိုးစားနိုင်ပါ့မလားဆိုတာကတော့(ဇာတ်လမ်းလေးကလည်း ကြည်နူးစရာတွေ, ဝမ်းနည်းစရာတွေ,မခံမရပ်နိုင်စရာလေးတွေနဲ့ အမှန်အကန် တင်ဆက်ထားတဲ့အတွက်ကြောင့် ဘောလိဝုဒ် ဒရမ်မာလေးတွေကို ကြိုက်တယ်ဆိုရင်ဖြင့် လက်မလွတ်သင့်ဘူးလို့ ထပ်ညွှန်းပါရစေ )\nအညွှန်းကို CM မှကူးယူဖော်ပြပါသည်။","cover":"https://docs.google.com/uc?id=1EsS4d66XIs5VxyjLaAyXkejGidhGYu3V"},{"title":"Mersal (2017)","id":"https://drive.google.com/file/d/11CxTLhwZ1Jktdru70Vc3-_pX2Ro1uUYh/view?usp=sharing","description":"U တို့ပြောတဲ့ ဆရာဝန်ကား ငါးရူပီ ဒေါက်တာ 😊😊\n\nMersal ဇာတ်ကားဟာ ၂၀၁၇ ခုနှစ်မှာဖြန့်ချိခဲ့တဲ့ အိန္ဒိယဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်\n\n IMDB rating 8.8/10 ရရှိထားပါတယ် \n\nသရုပ်ဆောင်များအနေနဲ့ မင်းသား Vijay,Samantha,Nithya Menon တို့ပါ၀င်သရုပ်ဆောင်ထားသော သဲထိတ်ရင်ဖိုအက်ရှင်ကားဖြစ်ပါတယ် \n\nဇာတ်လမ်းအကျဉ်းကတော့\n\nဒေါက်တာ Marran တစ်ယောက် ဆေးပညာရပ်နှီးနှောဖလှယ်ပွဲတစ်ခုတက်ရင်း အခြားဆရာ၀န်တစ်ယောက်ဖြစ်တဲ့ Arjun နဲ့မသင့်မမြတ်ဖြစ်ခဲ့ပါတယ်\n\n ထို့နောက် Arjun နဲ့လက်ထောက် Anu Pallavi တို့ကို့ မျက်လှည့်ပြပွဲကြည့်ရန်ဖိတ်ခေါ်ခဲ့ပါတယ်\n\n မျက်လှည့်ပြနေစဉ် ဒေါက်တာ Arjun တစ်ယောက် အသတ်ခံလိုက်ရတဲ့အခါ......\n\nတရားခံအစစ်အမှန်ကဘယ်သူလဲ.......\n\nနောက်ကွယ်မှာဘယ်သူတွေရှိနေလဲဆိုတာ.......\n\nစိတ်၀င်စားဖွယ်ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်......","cover":"https://docs.google.com/uc?id=1SIDi2dIMJXcmScONkOotRlY1ULvZ5kAD"},{"title":"Darbar (2020)","id":"https://drive.google.com/file/d/1H8OoceJvynQad4pwgXkaMVh2D_pB4UU6/view?usp=sharing","description":"ဘောလိဝုဒ်ဇာတ်ကားတွေပြီးတော့အခုတစ်ခါ တမီးလ်စူပါစတားကြီး Rajinikanth ရဲ့ ရုံတင်ဇာတ်ကားကြီးအလှည့်ပေါ့ဗျာ။ဟောလိဝုဒ် ၊ ဘောလိဝုဒ်ပရိတ်သတ်တွေအဖို့အိုဗာအက်ရှင်တွေကို ညည်းငွေ့နေနိုင်ပေမယ့်အိန္ဒိယတောင်ပိုင်းရုပ်ရှင်တွေကို ကြိုက်တတ်သူအဖို့တော့ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပါပဲ။ဘယ်လိုပဲ ဖြစ်ဖြစ် Rajinikanth ဟာလည်းတောင်ပိုင်းရုပ်ရှင်ထုတ်လုပ်ရေးတွေကြားသာကမဘောလိဝုဒ်ရုပ်ရှင်ထုတ်လုပ်ရေးတွေကြားမှာလည်း\nသြဇာရှိပြီး အနုပညာကြေးမြင့်တဲ့ မင်းသားကြီးမို့ပရိတ်သတ်တွေကတော့ ဒီဇာတ်ကားကို ကြည့်ရင်းလက်ခုပ်လက်ဝါးတီးပြီး အားပေးကြဦးမှာပါ။အညွှန်းအာဒိသယာဆိုတဲ့ ရဲအရာရှိတစ်ယောက်ဟာသမီးဖြစ်သူ ဗာလီနဲ့အတူ မွန်ဘိုင်းမြို့ကို ရဲမင်းကြီး(ရဲမှူးကြီးဟု သင့်တော်သလို ဘာသာပြန်ထားသည်)အဖြစ်နဲ့ရောက်ရှိလာပြီးမြို့ထဲမှာရှိတဲ့ ဆိုးသွမ်းသူတွေကို လိုက်လံနှိမ်နင်းရာကနေ ဇာတ်လမ်းကို စထားပြီး….ဒီနောက်ပိုင်းမှာတော့ တမီးလ်ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်းအကအလှတွေ ၊ ဟာသခန်းလေးတွေ ညှပ်ထည့်ပြီးဇာတ်လမ်းကို အရှိန်တက်လာအောင် စွမ်းဆောင်ထားပါတယ်။ဇာတ်လမ်းပုံစံက ရဲနဲ့လူဆိုး အားပြိုင်ကြတဲ့ မြင်နေကျ သာမာန်ဆိုပေမယ့်ရိုက်ကူးထားပုံက ဆန်းသစ်ပြီး Rajinikanthရဲ့ ဟိုးရုပ်ရှင်ခေတ်ဦးကတည်းကသုံးစွဲလာခဲ့တဲ့ သူ့ရဲ့ကိုယ်ပိုင်အမှတ်အသားဖြစ်တဲ့ တီးလုံးကို အက်ရှင်ခန်းတွေ ၊ Tempo မြှင့်တင်တဲ့အခန်းတွေမှာသင့်တော်သလို သုံးစွဲထားပုံက သပ်ရပ်ပြီး ပရိတ်သတ်ကို တစ်မျိုးတစ်မည် ဆွဲဆောင်ထားပါတယ်။ကဲ…အိန္ဒိယတောင်ပိုင်းဇာတ်ကားပရိတ်သတ်တို့ရေ…ကျွန်တော်တို့ငယ်စဉ်ကတည်းက စွဲလမ်းခဲ့ရတဲ့Idol ကြီးရဲ့ အသစ်စက်စက် ရုံတင်ဇာတ်ကားကြီးကို လက်မနှေးပဲ အားပေးလိုက်ကြပါစို့။ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။\nအညွှန်းကို CM မှ ကူးယူဖော်ပြပါသည်။","cover":"https://docs.google.com/uc?id=1DZA2puHLvqbul5tpDlbbvWHxWvXLFB4M"},{"title":"PAL PAL DIL KE PAAS (2019)","id":"https://drive.google.com/open?id=1icQPS2p-n_yspZWqiWPfZHM2kdeWC0GG","description":"ဟိမဝန္တာရေခဲတောင်တန်းတွေကြား တစ်ခါတစ်ရံမှ\nပေါ်လာတဲ့ ရှားပါး ကျားသစ်ဖြူ ကို မှတ်တန်းတင်ဓာတ်ပုံရိုက်ဖို့အတွက်ထွက်ခွာသွားတဲ့မိဘနှစ်ပါး\nပြန်မလာတော့ပဲဆယ်နှစ်သားအရွယ်မှာမိဘတွေကိုစောင့်မျှော်ရင်းနဲ့ အဲ့ဒိဒေသမှာပဲ ကြီးပြင်းလာပြီးအက်ရ်ှဟီဒဟာလမ်းပြစခန်းကိုထူထောင်လုပ်ကိုင်နေတဲ့ ကာရန်း လူငယ်ဖိုက်တာလေးတစ်ယောက်တစ်နေ့မှာတော့ချစ်သူနဲ့လမ်းခွဲခဲ့တဲ့ဗွီဒီယို ဘလော့ကာမလေးစီယာဆိုတဲ့ကောင်မလေးရောက်ရှိလာပြီး ကာရန်းကိုလမ်းပြအဖြစ်ငှားရမ်း ရာမှခက်ခဲကြမ်းတမ်းလူသူအရောက်ပေါက်နည်းတဲ့ဒေသကိုကာရန်းကလမ်းပြအဖြစ်ခေါ်ဆောင်သွားပြီးကာရန်းရဲ့ဂရုစိုက်မှူ ရိုးသားတာတွေကိုမြင်ပြီးမိဘမဲ့နေတဲ့ကာရန်းပေါ်မှာသံယောဇဉ် ဖြစ်သွားရာမှအစပြုကာတစ်ဖက်မှာကလည်းစီယာပတ်သက်ခဲ့တဲ့ဗီရန်ဆိုတဲ့ကောင်လေးက သြဇာအာဏာရှိနိုင်ငံရေးအသိုင်း ဝိုင်းကဖြစ်နေပြန်တော့ဗီရန်ရဲ့စိန်ခေါ်ပြိုင်ဆိုင်မှူတွေကို ကာရန်းတစ်ယောက်ယှဉ်ပြိုင်နိုင်ပါ့မလား ဒီကြားထဲဗီရန်ရဲ့ယုတ်ညံ့တဲ့ စိတ်ဓာတ်နဲ့ ကာရန်း နဲ့စီယာ တို့ချစ်သူနှစ်ဦး ဘယ်လိုရင်ဆိုင်ဖြေရှင့်မလည်း....... \n\nမိဘအရိပ်အောက်မှာနေပြီး ကြီးပြင်းလာတဲ့ သူဌေး သားနဲ့ မိဘမရှိပဲ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်လာတဲ့သူတို့ကြားနှိူင်းမရတဲ့ကွာခြားမှူတွေကိုမက်ဆေ့ဂ်ျပေးထားတဲ့ အက်ရှင်ဒရာမာမင်းသားမင်းသမီးချောချောမှကြည့်ချင်တဲ့မိတ်ဆွေများအတွက်လည်းဇတ်ကားကောင်းတစ်ကားပါလို့ညွှန်းဆိုရင်း.....\n","cover":"https://docs.google.com/uc?id=1CyjrF1z1sVK-iVcP-hepQ2DTB25FbXIq"},{"title":"Asuran (2019)","id":"https://drive.google.com/file/d/1R-HAI4cpi0dhCfnRZ2Goorq2dFA6u663/view?usp\u003ddrivesdk","description":"ဒီတစ်ခါတင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားကတော့ သုံးဘဝဇာတ်ကား (Anegan),\nVIP 1+2 တို့နဲ့ မြန်မာပြည်က အိန္ဒိယပရိတ်သတ်တွေကို ညှို့ယူဖမ်းစားနိုင်ခဲ့တဲ့ Tamil မင်းသား Dhanush ရဲ့ ဇာတ်ကား ဖြစ်ပါတယ်။\n\nယောက္ခမဖြစ်သူ Rajinikanth ရဲ့ ခြေရာကို နင်းတယ်လို့ ဆိုရအောင် Dhanush ဟာလည်း အောင်မြင်မှုတွေ ရရှိနေတဲ့ Tamil မင်းသားပါ။\n\n# အညွှန်း\n\nအိန္ဒိယနိုင်ငံဟာ ဗြိတိသျှလက်အောက်မှာ အချိန်ကြာမြင့်စွာ ရှိတဲ့ဖူးတဲ့အတွက် ဗြိတိသျှတွေ ထွက်ခွာသွားပြီးနောက်ပိုင်း ဆိုးမွေအဖြစ်နဲ့\n\nပြဿနာပေါင်း သောင်းခြောက်ထောင် ကျန်ရစ် ခံစားခဲ့ရတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။\n\nဒီလိုပြဿနာတွေကြားမှာမှ မြေရှင် ၊ အလုပ်သမားပြသနာတွေကလည်း ဖွံဖြိုးမှု နောက်ကျကျန်ရစ်တဲ့ ဒေသတွေမှာ အမြစ်စွဲနေပါတော့တယ်။\n\nငွေကြေးဥစ္စာ ကြွယ်ဝသူက မရှိဆင်းရဲသားတွေကို ကျွန်တွေ ၊ အခိုင်းအစေတွေလို့ သဘောထားတယ်။\n\nဇာတ်နိမ့်သူတွေအဖြစ် လူရာမသွင်းကြပါဘူး။\n\nဒီဇာတ်ကားမှာလည်း မြေယာပြဿနာကို အခြေခံပြီး ရွာတစ်ရွာမှာရှိတဲ့ မိသားစု နှစ်ခုကြားက ကြီးမားတဲ့\n\nလက်စားချေ ရန်ညှိုးဖွဲ့ သတ်ဖြတ်ကြပုံတွေကို တင်ဆက်ထားပါတယ်။\n\nအိုဗာ အက်ရှင်တွေ မပါပါဘူး။\n\nဓားချင်းယှဉ်ခုတ်တာ ၊ လှံချင်းယှဉ်ထိုးတာတွေဟာ အသည်းယားစရာ ကောင်းလှတာကြောင့်\n\nသွေးထွက်သံယိုပြကွက်တွေ ပေါပေါသီသီ ပါဝင်နေပါတယ်။\n\nအရွယ်မရောက်သေးသူများ ၊ ကလေးသူငယ်များ အုပ်ထိန်းသူနှင့်အတူ (သို့မဟုတ်)\n\nအုပ်ထိန်းသူ ခွင့်ပြုချက် ရမှ ကြည့်သင့်ပါတယ်။","cover":"https://docs.google.com/uc?id\u003d1K-fF6OgH9anI6RzrY9lTw2lbZKQ3S2OG"},{"title":"The Extraordinary Journey of the Fakir (2018)","id":"https://drive.google.com/file/d/1HKNGiHNJU8ib6JkoWLtQVp7_iyByApBu/view?usp\u003ddrivesdk","description":"ဒီဇာတ်လမ်းလေးမှာ အိန္ဒိယသားတစ်ယောက်ရဲ့ ထူးခြားဆန်းပြားတဲ့ခရီးစဉ်လေးကို ဟာသဆန်ဆန် ဒရာမာဆန်ဆန်နဲ့ ရိုက်ကူးထားတဲ့ အချစ်ဟာသဇာတ်မြူးကားလေးတစ်ကားဖြစ်ပါတယ် ...\n\nသူရဲ့ဘ၀တစ်ခုလုံးဟာ မွေးရပ်ဇာတိလေးမှာပဲ အချိန်ကုန်ခဲ့ရတော့ တစ်နေ့ကျရင် တခြားနိုင်ငံတွေသူခရီးထွက်နိုင်ရမယ်လို့ ရည်မှန်းချက်ထားတယ်..\n\nဒါ့အပြင် သူ့မိဘတွေကလည်း ဆန္ဒတစ်ခုထားခဲ့တယ်..ပဲရစ်မြို့ကိုသွားပေးဖို့ပေါ့...ဒီအိန္ဒိယသားဟာသူ့မိဘတွေရဲ့ဆန္ဒလေးကိုဖြည့်ဆည်းပေးဖို့အတွက်\n\nပဲရစ်မြို့ကိုခရီးထွက်လာခဲ့တယ်...\n\nသူကံကောင်းတာက ပဲရစ်ကအီဖယ်တာဝါမှာချစ်စရာကောင်းတဲ့အမေရိကန်မလေးနဲ့ တွေ့ဆုံခဲ့တယ်.....\n\nသူတို့ (၂)ယောက် ကိုယ်စီအကြောင်းတွေပြောရင်း ရင်ခုန်သံလေးတွေ မျှဝေခဲ့ကြတယ်...\n\nအဲ့နောက်ပိုင်းကစပြီးတလွဲလွဲ တချော်ချော်နဲ့ ပြင်သစ်ကနေ သူဘယ်နိုင်ငံတွေကို ဆက်ပြီးရောက်သွားဦးမလဲ...သူ့တို့(၂)ယောက်ကရော ရှေ့ဆက်ပြီး ပျော်ရွှင်ဖွယ်အချစ်ကဗျာလေးတွေစပ်ဆိုနိုင်ဦးမလားဆိုတာကိုတော့\n\nဇာတ်ကားလေးမှာပဲ ဆက်လက်ရှုစားလိုက်ကြပါတော့.. ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Ko Zwel Zan Aung ပဲဖြစ်ပါတယ်...","cover":"https://docs.google.com/uc?id\u003d1L5aNuhJYOqApZvVZLuiCfBFRkxGvgzjX"},{"title":"RX 100 (2018)","id":"https://drive.google.com/file/d/1arxOBYE2_EXGHc_gKIqFN4iL3aICU69h/view?usp\u003ddrivesdk","description":"အချစ်ဟာ နူးညံ့တယ် သိမ်မွေ့တယ်..နှစ်လိုဖွယ်အတိနဲ့ သူ့အကြောင်းလေး တွေးနေရရင်ကိုအိပ်မပျော်တဲ့ညတွေ...\nအရာရာကို မေ့လျော့သွားတဲ့ အခိုက်အတန့်တွေ ရှိတယ်။\nအချစ်ဦးဆိုရင် ပိုလို့တောင် ရင်ဖိုဖို့ကောင်းသေး၊ ဒါကြောင့်လည်း ရှေးလူကြီးတွေက \n\"အချစ်ဦးကို မြေးဦးရတဲ့အထိ မမေ့ဘူး\"လို့\nဆိုရိုး ထားခဲ့ပုံပါပဲ....။\nဒါက ဒီကားထဲက ဇာတ်ကောင်ဖြစ်တဲ့\nဆီဗာ့ကိုယ်စား ကျွန်တော် ခံစားမိတာလေးပေါ့။\n\nတစ်ဖက်က ကြည့်တော့\nကိုယ့်ဘက်က ဘယ်လောက်ပဲ ချစ်ချစ်\nအချစ်ဆိုတာ ခဏတာအထိအတွေ့ကို \nယစ်မူးရုံလောက်သာ သဘောထားပြီး \nယောက်ျားဆိုတာ သူ့အတွက် ကစားစရာလို့ \nသတ်မှတ်ထားတဲ့\nအင်ဒူးလို မိန်းကလေးတွေလည်း ရှိနေသေးတယ်။\nဘယ်ယောက်ျားကို ဘယ်လိုပဲ ကစားကစား\nပြသနာမရှိပေမယ့် သူ့ကို ရူးခါနေအောင် ချစ်နေတဲ့ ဆီဗာလို အချစ်ရူးတစ်ယောက်နဲ့တွေ့တော့ အချစ်ဟာ အပျက်အပျက်နဲ့\nနှာခေါင်းသွေး ထွက်လာနိုင်တဲ့အနေအထားကိုရုတ်ချည်း ပြောင်းလဲသွားတယ်။\n\nအများကြီး မညွှန်းလိုတော့ပါဘူး၊\nကျွန်တော်ကတော့ ဒီကားကို \nလူငယ်တွေရဲ့အချစ်ရေးနဲ့ပက်သက်ပြီး\nပညာယူသင့်တဲ့ကားလို့မြင်မိပါတယ်။\nကျွန်တော့်ရင်ဘတ်ကို တည့်တည့်ကြီး ထိမှန်သွားတဲ့ အချစ်ရူးတစ်ယောက်ရဲ့ အတ္ထုပတ္တိဆိုရင်လည်း မမှားဘူးပေါ့။","cover":"https://docs.google.com/uc?id\u003d1LGp6iiI2WHlS-Otpo0hhT1tFpZBWIwoa"},{"title":"Golmaal Returns (2008)","id":"https://drive.google.com/file/d/10xcAMmNRnnhqb_i2VZLj9osfa6FCAq9k/view?usp\u003ddrivesdk","description":"ရယ်မောပျော်ရွှင် စိတ်လန်းသွားစေမယ့် ဇာတ်ကားလေးတစ်ကားပါ…\n\nGolmaal Returns (2008) သည် IMDb 5/10 Times of India 3.3/5 Google users 79% ဒါရိုက်တာ Rohit Shetty ရိုက်ကူးထား၍ Indie , Rumi Jaffery က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ သရုပ်ဆောင် Ajay Devgn, Kareena Kapoor Khan, Arshad Warsi တို့ ပါဝင်သရုပ်ဆောင်ထားသော Comedy, Crime ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ\n\nအမျိုးသားတစ်ယောက်ဟာ သူရဲ့ ပိုင်ဆိုင်မှု မိန်းမ နဲ့ ရဲအရာရှိတို့ကြားမှာ ညပ်ပြီး လူသတ်သမား ပွေရှုပ်သူအဖြစ် သံသယဖြစ်တဲ့အခါ ဘယ်လို ဟာသခန်းတွေ ဆက်တွေ့ရမလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုကြည့်ကြပါခင်ဗျာ….","cover":"https://www.dropbox.com/s/r390llh063idyz7/Golmaal%20Returns%20%282008%29.jpg?raw\u003d1"},{"title":"Hindi Medium (2017)","id":"https://drive.google.com/file/d/1IxEr1VGYdNidf3e4R2JhvrrrXUVBvJ6V/view?usp\u003ddrivesdk","description":"“မိဘတိုင်းက သူတို့ သားသမီးတွေကို \nကိုယ်ရည်ကိုဟ်သွေး တောက်ပြောင် စေချင်တယ်။”\n\n“အထူးသဖြင့် သူတို့ထက်ပိုသာစေချင်ကြတယ်။”\n\n*****************************************\n\nBollywood မှာ ဒိတ်ဒိတ်ကြဲ မင်းသားတွေ အများကြီး ရှိတဲ့\nကြားကနေ Irrfan Khan ကလည်း နမည်ကြီး အောင်မြင်တဲ့ မင်းသား တစ်ယောက်ပါပဲ။\n\nBollywood တင်မက Hollywood ထိအောင်မြင်တဲ့ မင်းသားတစ်ယောက်။\n\nအထူးသဖြင့် The Lunchbox (2013) မှာလည်း ပရိတ်သတ် အကြိုက်တွေ့ခဲ့ပါတယ်။\n\nဒီဇာတ်ကားဆိုရင်လည်း IMDB 8/10 ထိရရှိထားပါတယ်။\n\n#Hindi Medium ဆိုတော့ မြန်မာလိုဆိုရင် ဟန္ဒီလူလတ်တန်းစားပေါ့့့့့့့\nဟုတ်ပါတယ် ကိုယ်တိုင် ပညာရေးမှာ မထူးချွန်ခဲ့တော့\nကိုယ်တွေလို သမီးလေးကို ပညာရေးမှာ မထူးချွန်မှာ\nစိုးရိမ်လွန်နေတဲ့ ရာဂ်ျ ဘတ်တရာ နှင့် မီတား ဘတ်တရာ\nတို့ဟာ သူတို့ သမီး ပညာရေး အတွက် ပေါင်းစုံကြိုးစားခဲ့ပါတယ်။\n\nဒေလီမြို့ရဲ့ ထိပ်တန်းကျောင်းတွေမှာ ကျောင်းအပ်ခွင့်ရဖို့ \nနေရပ်ကနေ လူ့အထက်တန်းစားတွေကြားထဲကို ပြောင်းရွှေ့ နေထိုင်ကြတယ်။\nလူလတ်တန်းစား နဲ့ အထက်တန်းစား ကြားက ကွာဟ မှုကို\nအံဝင်ခွင်ကျ အောင် ကလေးပညာရေးအတွက် အမျိုးမျိုး ကြိုးစားခဲ့ကြတယ်။\n\nကိုယ်တိုင် ပညာအရည်အချင်း နည်းပါတော့ ကလေးအတွက် ကျောင်းတွေမှာ ကျောင်းအပ်ခွင့် မရခဲ့ပါဘူး။\n\nဒီတော့ ကျောင်းတိုင်းမှာ ဆင်းရဲသားတွေ အတွက်\nကြိုတင်ချန်ထားတဲ့ RTE စနစ်နဲ့ ကျောင်းအပ်ခွင့်ရဖို့ ထပ်ကြိုးစားပါတော့တယ်။\n\nလူကုံထန်တွေကြားထဲမှာ အသားမကျတဲ့ ရာဂ်ျတို့ဟာ\nလူ့ဆင်းရဲ ရပ်ကွပ်မှာ ဆင်းရဲသား ပုံစံ ဟန်ဆောင်ပြီး နေခဲ့ပါတယ်။\n\nအခြေခံ လူတန်းစား နှင့် လူလတ်တန်းစား\nလူလတ် တန်းစား နှင့် အထက်တန်းစား ကြားက\nကွာဟမှုတွေကို ဒီဇာတ်လမ်းမှာ ဒါရိုက်တာ သေသေချာချာ ရိုက်ပြထားပါတယ်။\n\nဇာတ်ဝင်ခန်း တစ်ခန်းချင်းစီကို စကားလုံးနဲ့ ထည့်မပြောသွားပဲ လက်တွေ့ပြသွားတာတွေက ပီပြင်လှတယ်။\n\nရိုးရိုးရှင်းရှင်းလေးနဲ့ ဟာသ နှင့် ဒရာမာကို ကောင်းကောင်းကြီး ခံစားလိုက်ကြပါစို့...\n\nဇာတ်လမ်းက ကောင်းလွန်းလို့ ထပ်မညွှန်းချင်တော့ပါဘူး\nလက်အလွတ်မခံပဲ ကြည့်လိုက်ပါတော့။\n\n(ဒီဇာတ်ကားကို လက်ရှိ မိဘဖြစ်နေသူများ\nနောက်နောင် ဖြစ်လာမယ့် မိဘ အလျောင်းအလျှာများ ကြည့်ရှု့သင့်ပါတယ်။\nFA ကြီးတွေလည်း ကြည့်ထားပေါ့ တူလေး တူမလေးတွေကို မြေတောင်မြှောက်ပေးလို့ ရတာပေါ့ ။)","cover":"https://www.dropbox.com/s/p7b1ecpqg4hmbpq/Hindi%20Medium%20%282017%29.jpg?raw\u003d1"},{"title":"Diya (2018)","id":"https://drive.google.com/file/d/1_kRC5o-L5BvgUMsyXllgBWHg5xVvxQ28/view?usp\u003dsharing","description":"အခုနောင်ပိုင်း အိန္ဒိယကားတွေမှာ\nထူးခြားချက် တစ်ခုက\nဘယ်လောက်ပဲ ဇာတ်လမ်း တိုတောင်းနေပါစေ အဲ့ဒီဇာတ်လမ်းကို အချိန်အတိုင်းအတာ တစ်ခုအထိ ဆွဲဆန့်ပြီး \nစိတ်ဝင်စားအောင် ရိုက်နိုင်လာတယ်။\n\nဥပမာ ဇာတ်လမ်းတစ်ပုဒ်ဟာ လက်ဖက်ရည်ဆိုင်မှာ အပျင်းပြေထိုင်ရင်းပြောရင်တောင် 15 မိနစ်လောက်နဲ့ ပြီးတယ်။\nအဲ့ဒါမျိုးကို အိန္ဒိယသားတွေ ပြန်ရိုက်တော့ \nကင်မရာအယူအဆတွေ Plot ချိတ်ဆက်တာတွေ တကယ့်ကို ကောင်းကောင်းမွန်မွန် သပ်သပ်ရပ်ရပ်နဲ့ ကြည့်ပျော်ရှုပျော်ဖြစ်အောင် ရိုက်နိုင်ကြတာ. . .\nကျွန်တော် ပြောတဲ့ သဘောတရားလေးကို \nဒီကားမှာ ပြပေးထားတယ်။\n\nဇာတ်ကြောင်းက သိပ်မရှည်ဘူး\nဒါပေမယ့် ဇာတ်အိမ် အကာအရံ လုံခြုံစေ့စပ်တယ်။\nအခန်းဆက်ထားတာ တကယ်ကို စိတ်ဝင်စားစရာ။\n\nသရဲကားဖြစ်တဲ့အတွက်\nနောက်ခံ အသံ ရောစပ်မှုက \nရုပ်ရှင်ရဲ့ ရသကို အတော့်ကိုပံ့ပိုးပေးနိုင်တယ်။\nရုပ်ရှင်ရုံထဲမှာ ကြည့်ရင် ဒါမှမဟုတ် အိမ်မှာ ညဘက်တစ်ယောက်တည်း ကြည့်ရင် ရှူးထပေါက်ရမှာတောင် ကြောက်နေစေမယ့် ကားမျိုး. . .\n\nကျွန်တော်ပြောတဲ့အထဲ ဇာတ်လမ်းမပါဘူးနော်. . .\nပြောလိုက်ရင် တစ်ထိုင်တည်းပြီးသွားမှာ စိုးလို့. . .😁😁\n\nသရဲကားကြိုက်တဲ့သူတွေ အကြိုက်တွေ့စေမှာ အမှန်ပါပဲ။","cover":"https://www.dropbox.com/s/0wflvy4saart6ku/Diya%20%282018%29.jpg?raw\u003d1"},{"title":"Simmba (2018)","id":"https://drive.google.com/file/d/1XH281pNODEeyBzY2PlY7GeZecbsQ6VrZ/view?usp\u003ddrivesdk","description":"ဘောလီဝုဒ်ရဲ့ နာမည်ကြီးမင်းသား ရန်ဗီးဆင့်ရဲ့ ၂၀၁၉ ထွက် နာမည်ကျော် ရုံတင်ဇာတ်ကားကြီးအကြည်ထွက်လာလို့ အမြန်ဆုံးနင်ဆက်ပေးလိုက်ပါတယ်\n\nဒါရိုက်တာကလည်း တခြားသူမဟုတ်ဘဲ အက်ရှင်အသားပေး ဒါရိုက်တာကြီး ရိုဟစ် ရှက်တီဖြစ်တဲ့အတွက်အက်ရှင်အလန်းစားတွေ မျှော်လင့်နေသူတိုင်းအတွက် အကြိုက်တွေ့မှာ အမှန်ပါပဲ\n\nနောက်ခံသီချင်းအလန်းစားတွေနဲ့ ကြမ်းမှကြိုက်သူတွေကတော့ လုံးဝကို လက်လွတ်မခံပါနဲ့\n\nဆင်(မ်)ဘား နာမည်အပြည့်အစုံကတော့ ဆန်ဂရမ် ဘာလေရောင်သူ့မှာ ရည်ရွယ်ချက်တစ်ခုပဲရှိတယ်\n\nသူကောင်းစားရေး “ဒါ ၂၁ ရာစုပဲ၊ ဒီမှာ လူတိုင်းဟာ ရည်ရွယ်ချက်တစ်ခုအတွက်နဲ့ပဲရှင်သန်နေကြတာ\n\nအဲ့ဒါက ကိုယ့်ကောင်းစားရေးအတွက်ပဲ”\n\nငယ်စဉ်ကတည်းက ခါးပိုက်နှိုက်လုပ် မရိုးမသားငွေရှာတဲ့ ဆင်(မ်)ဘားတစ်ယောက် တနေ့ ရဲအဖမ်းခံရပါလေရာ၊\n\nသူ သြဇာရှိလွန်းတယ်ထင်တားတဲ့သူခိုးခေါင်းဆောင်က ရဲအရှေ့ရောက်တော့ ခွေးရှေ့က ကြောင်လေးလိုဖြစ်သွားပြီး ပိုက်ဆံတွေပေးလိုက်ရတာ မြင်လိုက်ရတယ်\n\nအဲ့ဒိအချိန်မှာ သူသိလိုက်ရတာ လောကမှာ သြဇာအာဏာအရှိဆုံးကယူနီဖေါင်း၊\n\nယူနီဖေါင်းဝတ်ထားတဲ့သူကို လူဆိုး လူမိုက်မှန်သမျှ ကြောက်ရတယ်\n\nသူ့အတွက် ပိုက်ဆံရှာဖို့ အလွယ်ဆုံးနဲ့ အာဏာရှိဖို့က ရဲလုပ်မှဖြစ်မယ်ဆိုတဲ့ အတွေးနဲ့ ရဲတစ်ယောက်ဖြစ်အောင်လုပ်ပြီးအကျင့်ပျက်ချစား၊\nလာဘ်ယူတဲ့နေရာမှာ နာမည်ကျော်တဲ့ ရဲတစ်ယောက်ဖြစ်လာခဲ့ပါတယ်...\n\nဒါပေမဲ့ မီရာမာ(ရ်) ရဲစခန်းကို ပြောင်းရွေ့မိန့်ကျတဲ့အခါမှာတော့ သူ့ဘဝအတွက် ကြီးမားတဲ့အပြောင်းလဲကြီး တစ်ခုဖြစ်လာပါတော့တယ်...\n\nခံစားချက်မဲ့ လောဘသားလို့ထင်ထားတဲ့ ဆင်(မ်)ဘားဟာအဲ့ဒိမြို့မှာ ညီမလေးတစ်ယောက်လို သံယောဇဉ်ရှိတဲ့ မိန်းကလေးတစ်ယောက်ရှိပါတယ်\n\nအဲ့ဒိညီမလေးကို သူလာဘ်ယူနေတဲ့ လူဆိုးလူမိုက်တွေ ဒုက္ခပေးလာတဲ့အခါ...\n\nဂိုအာမြို့ရဲ့ ထိပ်တန်း ရာဇဝတ်ကောင် ဒူရ်ဝါး ရာနာဒေးနဲ့ ထိပ်တိုက်တွေ့ကြလေသော အခါ...\n(Littleneo နဲ့  Zaw Htoo ဘာသာပြန်တင်ဆက်ပေးထားပါတယ်)","cover":"https://www.dropbox.com/s/e3xxqi2ekfk2dfo/Simmba.jpg?raw\u003d1"},{"title":"Section 375 (2019)","id":"https://drive.google.com/file/d/1lTrWlTNngmMklZsQC-jmJHzwrGhZkA2e/view?usp=drivesdk","description":"အိန္ဒိယ နာမည်ကျော်ဒါရိုက်တာတစ်ယောက်၊ သူ့အဖွဲ့က လက်ထောက်ဝတ်စုံဒီဇိုင်နာကောင်မလေးကို မုဒိန်းကျင့်ပါတယ်ဆိုပြီး သက်သေတွေကလဲ လုံးဝအခိုင်အလုံ အတိအကျမို့လို့ ထောင်ဒဏ် ၁၀ နှစ်အပြစ်ချခံရတယ်၊ အဲ့ဒါကို အယူခံတင်တဲ့အချိန်မှာ တရားခံဖက်က ငှါးတဲ့နာမည်ကြီးရှေ့နေနဲ့ တရားလို အစိုးရဆွဲချရှေ့နေမ အသစ်လေးနဲ့ က ဆရာတပည့်။ အစိုးရဆွဲချရှေ့နမေလေးက အမျိုးသမီးအခွင့်အရေးတက်ကြွလှုပ်ရှားသူလဲဖြစ်တော့ ဒီမုဒိန်းမှုကို အရမ်းတက်တက်ကြွကြွနဲ့ရှိတယ်၊ သူ့ဆရာဖြစ်သူတရားခံရှေ့နေက တကယ့်အတွေ့အကြုံရင့်။ သူတို့နှစ်ယောက်တရားခွင်လျှောက်လဲမှုတွေကနေ ဖြစ်ရပ်အမှန်တွေ ဘယ်လိုပုံပေါ်လာမလဲဆိုတာ .....\n\nတစ်ကားလုံးနီးနီး တရားခွင်ထဲမှာ ရှေ့နေတွေ အပြိုင်လျှောက်လဲမှုတွေနဲ့ စိတ်ဝင်စားစရာကြည့်ရမယ်။ Law တရားဥပဒေဆိုတာနဲ့ Justice တရားမျှတမှုဆိုတာနဲ့ ဘယ်လိုမတူကွဲပြားလဲဆိုတာနဲ့ တရားဥပဒေဟာ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို ထင်သာမြင်သာရှိအောင် ပြထားတဲ့ အတော်ကို ပညာရတဲ့ ဇာတ်ကားဖြစ်လို့ လက်မလွှတ်သင့်ဘဲကြည့်သင့်ကြောင်း ညွှန်းလိုပါတယ်\n\nဆရာတပည့်နှစ်ယောက် အမှုပြီးတော့ ပြန်တွေ့တဲ့အချိန် နောက်ဆုံးပြောသွားတဲ့ စကားလေးကတော့မိုက်ပါတယ်။ We're in business of Law, not in the business of Justice တဲ့၊ ငါတို့ဟာ ဥပဒေအလုပ်ကိုလုပ်နေတာဖြစ်တယ် တရားမျှတမှုရှာပေးတာမဟုတ်ဘူးတဲ့၊ သိပ်မှန်တဲ့စကားပဲ။ လူတွေက တရားမျှတမှုကို လိုချင်တယ် ဥပဒေက အပြည့်မပေးနိုင်ဘူးဆိုတာ ဒီမှာသွားတွေ့ရတယ်။ ကြည့်လိုက်ရင် သဘောပေါက်မယ်၊ ကြည့်ကြည့်ပါ တကယ်စိတ်ဝင်စားဖို့ကောင်းပါတယ်။\n\nRape နဲ့ပတ်သက်တာမို့ လိင်ကိစ္စနဲ့ဆိုင်တဲ့ ဆေးပညာစကားလုံး ဥပဒေစကားလုံးတွေ၊ ဖြစ်ပျက်မှုကို ပုံဖေါ်တဲ့ ကြမ်းတမ်းမှုတွေ ပါတာကြောင့် ၁၅ နှစ်အောက် အုပ်ထိန်းသူနဲ့ အတူကြည့်ရမယ့် NC-16 အဆင့်ရှိပါတယ်။","cover":"https://www.dropbox.com/s/n2ijccgs8pdtxq7/Section-375.jpg?raw=1"},{"title":"NGK (2019)","id":"https://drive.google.com/file/d/1l6PWIiKnEIiE7QDtwObbm2VLSZ9v-8eA/view?usp=drivesdk","description":"နန်ဒါဂိုပါလန်ကူမာရန်...သူ့ကို NGK လို့လည်းအတိုကောက်ခေါ်ကြတယ်\nလောလောဆယ်တော့ ပါတီလူကြီးတစ်ဦးရဲ့အိမ်မှာ အိမ်သာဆေး အ၀တ်လျှော်တဲ့အလုပ်ကို\nလုပ်နေရတယ်။ ဒါပေမယ့်သူက ခေသူမဟုတ်။ ပတ်၀န်းကျင်ထိန်းသိန်းရေးနဲ့အင်ဂျင်နီယာပညာ မဟာဘွဲ့\nရရှိထားတဲ့ပညာတတ်လူငယ်တစ်ဦး။ ဒါ့အပြင်စိုက်ပျိုးရေးပညာလည်းတတ်တဲ့သူ။\nဒီလိုပညာတတ်လူငယ်တစ်ဦးက အတိုက်အခံပါတီရဲ့\nလူကြီးတစ်ဦးဆီမှာ ဘာလို့အောက်ကျနောက်ကျခံပြီး အလုပ်လာလုပ်နေတာလဲဆိုတဲ့နောက်ကွယ်ကအမှန်တရား\nလူငယ်ပညာတတ်တစ်ယောက်ရဲ့ လူအများအတွက်ရဲရင့်မှု။ ပညာတတ်ပီပီ\nဉာဏ်ကိုလွှာသုံးပြီး အကျင့်ပျက်ယိမ်းယိုင်နေတဲ့ အတိုက်အခံပါတီ၊ အာဏာရပါတီ\nနှစ်ခုလုံးကို ဘယ်လိုရန်တိုက်ပေးပြီး အကွက်သစ်တွေခင်းသွားမလဲဆိုတာ...\nဉာဏ်ကစားပြီးနှစ်ဖက်ချွန်လုပ်သွားတဲ့ဇာတ်လမ်းမျိုးမှကြည့်ချင်တဲ့ပရိသတ်တွေအတွက်တော့\nအင်မတန်ကြည့်ကောင်းမယ့်ဇာတ်လမ်းကောင်းတစ်ခုပါပဲလို့ ညွှန်းလိုက်ပါတယ်ခင်ဗျာ။","cover":"https://www.dropbox.com/s/blbd9i34e3v8bsn/NGK.jpg?raw=1"},{"title":"Kaithi (2019)","id":"https://drive.google.com/file/d/1-64OMzcf0-f8Q39U6BOSVUJC9rPfPuGC/view?usp=drivesdk","description":"ကားဟာ. . . သိပ်မကြာခင်ကမှ ရုံတင်သွားတဲ့ တမီးလ်မင်းသား ကာရ်သီ(Karthi)ရဲ့ Positive Reviews တွေကို ရရှိခဲ့တဲ့ ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။\n\nရုံတင်စကတည်းက တာထွက်လှခဲ့တဲ့ကားဖြစ်ပြီး Diwali နေ့မှာ Release လုပ်ခဲ့တာ ဖြစ်ပါတယ်။\n\n\" အညွှန်း \" ညတစ်ညမှာ. . . မူးယစ်ဆေးတွေ ၊ လက်နက်ခဲယမ်းတွေကို မှောင်ခိုတင်ဆောင်လာတဲ့ ဗင်ကားတစ်စီးကို\n\nအင်စပက်တာဘီဂျွိုင်းနဲ့အဖွဲ့က ဖမ်းဆီးပြီး ပစ္စည်းတွေ သိမ်းဆည်းရာကနေ ဇာတ်လမ်းကို စဖွင့်ထားပြီး\n\nဒီနောက်တော့. . . ရဲအရာရှိတစ်ယောက်ရဲ့ အိမ်မှာ အဲ့ဒီနယ်မှာရှိတဲ့ အရာရှိ အရာခံတွေ အားလုံးနီးပါး သောက်ကြစားကြ ပျော်ပါးကြပါတယ်။\n\nသိပ်မကြာခင်မှာ ဘီဂျွိုင်းကလွဲပြီး ၊ အရာရှိအားလုံး အရက်ကတဆင့် မူးယစ်ဆေးမိပြီး မှောက်ကုန်ကြတယ်။\n\nဒီအချိန်မှာ ဘီဂျွိုင်းနားလည်လိုက်တယ်။\n\nဒါဟာ မှောင်ခိုပစ္စည်းပိုင်ရှင်တွေ အကွက်ချစီမံထားတာပဲ။\n\nဒီအချိန်မှာ အရာရှိအားလုံးကို တစ်ခြားနေရာကို ချက်ချင်းပို့ဖို့ အကြောင်းဖန်လာတာကြောင့်. . .\n\nညနေခင်းကမှ သူ့အရာရှိတစ်ချို့ ဖမ်းဆီးလာတဲ့ ဂျစ်ကားပေါ်က ဒီလီဆိုသူကို ကုန်တင်ကားကြီးနဲ့ အရာရှိအားလုံးကို တင်ပို့ဖို့ စီစဉ်ပါတယ်။\n\nဒီလီ. . . ဒီလီဆိုတာက ထောင်ဆယ်နှစ်ကျပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့ လူပါ။\n\nမွေးကတည်းက ဆယ်နှစ်ကြာတဲ့အထိ မမြင်ဖူးခဲ့တဲ့ သမီးလေးရှိရာ မိဘမဲ့ကျောင်းမှာရှိတဲ့ သမီးငယ်ကို သူ သွားတွေ့မှာ။\n\nဒီလိုအချိန်မှာ. . . အင်စပက်တာ ခိုင်းစေတဲ့အလုပ်ကို သူလုပ်နိုင်ပါ့မလား. . .\n\nသူ့သမီးလေးနဲ့ တွေ့ခွင့်ရပါ့မလား. . .\n\nဒီကားက အကတွေ ၊ သီချင်းတွေ လုံးဝမပါသလို မင်းသမီးလည်း မပါတဲ့ Non-Stop Thrilling ရသကို ပေးစွမ်းနိုင်တဲ့ ကားပါ။\n\nတောင်ပိုင်းကား ပရိတ်သတ်တွေအပြင် တစ်ခြား အက်ရှင်ကားပရိတ်သတ်တွေပါ အားပေးနိုင်ပါတယ်။ (Over-Action မဆိုသလောက်သာ ပါပါတယ်)","cover":"https://www.dropbox.com/s/zxr2u52700tqe4x/Kaithi.jpg?raw=1"},{"title":"K.G.F: Chapter 1 (2018)","id":"https://drive.google.com/file/d/1p3jR3x-VP8ArTLGqlp-18nxqsDUB9z23/view?usp=drivesdk","description":"ဒီဇာတ်ကားဟာ မကြာသေးမီက 2018နှစ်ကုန်ပိုင်း ဘောလိဝုဒ်နာမည်ကြီးဇာတ်ကားတို့နဲ့အတူရုံတင်ပြီး အောင်ပွဲခံခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။\n\nအိန္ဒိယနိုင်ငံ ခန်နားဒါးပြည်နယ်က မင်းသား Yash ရဲ့အရင်ထွက်ပြီးတဲ့ ဖန်စီအချစ်ကားတွေနဲ့ မတူ တမူထူးခြားနေတော့ အားပေးမှုတော်တော်လေးရခဲ့ပါတယ်။\n\nအထူးသဖြင့် ပြောစကားတွေ ထိမိပြီး ပညာရစေပါတယ်။\n\nဇာတ်လမ်းအနေအထားမှာတော့ အာနန်းဆိုတဲ့ ဂျာနယ်လစ်တစ်ယောက်ရဲ့ စာအုပ်နဲ့ အစပျိုးထားပါတယ်။\n\nအဲ့ဒီစာအုပ်က ကိုလာရွှေလုပ်ကွက်နဲ့ ဆင်းရဲတဲ့ မိသားစုဖွား ရော့ကီရဲ့ ဇာတ်လမ်းပါ။\n\nဘယ်လိုသမိုင်းမှတ်တမ်းမှ မရှိတဲ့ လူတစ်ယာက် အကြောင်း၊အထူးသဖြင့် အထက်လူကြီးတွေနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ အကြောင်းအရာတွေကြောင့်တချိန်က ထုတ်ဝေခွင့်မရဘဲ အာဏာပိုင်တွေဆီ သိမ်းဆည်းမီးရှို့ခံလိုက်ရတဲ့ စာအုပ်တစ်အုပ်ပါ။\n\nရော့ကီ.. တော်တော် ကတိတည်တဲ့အကောင်၊\n\nမိခင်သေလုမျောပါးအချိန်မှာ ပေးခဲ့တဲ့ ကတိကိုအိပ်မက်အဖြစ် အကောင်အထည်ဖော်ဖို့ဂန်းစတားတွေနဲ့ ယှဉ်ပြိုင်ပြီး သူဌေးတစ်ယောက်ဖြစ်ဖို့ လုပ်ဆောင်ခဲ့ပုံတွေပါ။\n\n\"မပြောနဲ့ ... အိန္ဒိယပြည်နယ်ကားတွေအတိုင်းပဲ နေမှာ\"ဆိုရင်တော့ မှားပါပြီ။\n\nဘာဖြစ်လို့လဲဆိုတော့ ပြည်သူနဲ့အတူရပ်တည်ပြီးအာဏာပိုင်တွေကို ဖီဆန်ရုံသက်သက် မဟုတ်လို့ပဲ။\n\nမိခင်ဟာ လင်မရှိဘဲ မွေးလာတဲ့ သားကို လူဆင်းရဲပေမဲ့ ဦးဏှောက် မဆင်းရဲခဲ့ဘဲ သွန်သင်ပြခဲ့တဲ့စကားတွေနဲ့ ဇာတ်လမ်းအဆုံးထိနောက်ခံစကားပြောအနေနဲ့ ထည့်သွင်းထားမှာပါ။\n\nသူ့မိခင်ဟာ ဆင်းရဲသားဘဝကို နာကြည်းခဲ့ရသူ၊သားအတွက် သတ္တိတွေ ပေးနိုင်ခဲ့တဲ့သူပါ။\n\n\"ကမ္ဘာပေါ်မှာ မိခင်လောက် သတ္တိရှိတဲ့စစ်သားမှ မရှိဘူး\"\n\nမိခင်ပြခဲ့တဲ့ ပန်းတိုင်ကို ရောက်ဖို့ ရော့ကီဟာကိုယ်တိုင် လမ်းရှာရမယ့် ဆယ်ကျော်သက်တစ်ယောက်ပါ။\n\n\"ဖိနပ်ဆိုဒ် သေးချင်သေးနေမယ်၊လှမ်းလိုက်တဲ့ ခြေလှမ်းကတော့ မငယ်စေရဘူး\"\n\nသူ့နာမည်ကြီးဖို့အတွက်ဆို ရဲအရာရှိခေါင်းကိုရိုက်ခွဲရတယ်။\n\nရဲအရာရှိခေါင်းကို ရိုက်ခွဲရတာက\"သာမန်လူကို ရိုက်ရင်.. ရဲက လိုက်ရှာမယ် ရဲကို ရိုက်ရင်တော့.. ဂန်းစတားတွေက လိုက်ရှာမယ်\"\n\nဒါကို သူ သိထားတယ်။\n\nခေတ်ပျက်မှာ မင်းမူနေတဲ့ ရွှေတွင်းပိုင်ရှင်၊ရွှေလုပ်ကွက်ထဲ အကျဉ်းကျနေရတဲ့ ခိုကိုးရာမဲ့ ပြည်သူတွေ....\n\nဒါတွေဟာ ရော့ကီမွေးဖွားခဲ့ချိန်နဲ့အတူစတင်ဖြစ်ပေါ်လာခဲ့တာတွေပါ။\n\nဒီလူတွေကို ကယ်တင်ပြီး ဒီရွှေတွင်းကို သူပိုင်ဖို့ဖြစ်လာခဲ့သလားပဲဗျ။\n\nဒီလိုနဲ့ အရွယ်ရောက်တော့ကြေးစားတစ်ယောက် ဖြစ်နေပါပြီ၊\n\nသိပ်လိုချင်တဲ့ ဘုံဘေဘုရင်ဘဝ၊ ချမ်းသာကြွယ်ဝမှု၊ ဩဇာညောင်းမှု\n\nဒါတွေရဖို့ အလုပ်တစ်ခု ရှိပါတယ်။\n\nအဲ့ဒီအလုပ်ကို... သူ လက်ခံလိုက်ရာမှာတော့ ....\n\nဘဝတစ်ခုကို ကြုံရာဘဝနဲ့ မနေလိုဘဲရဲဝံ့စွန့်စားလိုစိတ်တွေ၊\n\nထောင်ပေါင်းများစွာသော လူတွေကို ကိုယ့်ဘက်ပါအောင် ဆွဲဆောင်ပုံတွေနဲ့လှည့်ကွက်တွေနဲ့အတူ လှနေပါတယ်။\n\nဪ... မေ့လို့...\n\nသတ်ဖြတ်ခန်းတွေဟာ ရက်စက်ကြမ်းကြုတ်နေတဲ့အတွက် အကြမ်းဖတ်မှုတွေကို ကလေးတွေ မကြည့်ရှုဖို့ ဆင်ခြင်ပေးစေချင်ပါတယ်။\nCrd-cm","cover":"https://www.dropbox.com/s/nqro8txd9lvsszb/KGF-1.jpg?raw=1"},{"title":"Naam Hai Akira","id":"https://drive.google.com/file/d/1ef5dOz3mCnulW2cIanidTHYSiaDGNBkh/view?usp=drivesdk","description":"ငယ်ငယ်ကတည်းက မဟုတ်မခံစိတ်ရှိတဲ့ သူမ\nအဖေကိုယ်တိုင်က သမီးကို သူများအနိုင်ကျင့်တာမခံရအောင်\nသိုင်းပညာ သင်ပေးထားတယ်။ ဒီတော့ ခနခနရန်ဖြစ်ပြီး ကျောင်းရုံးခန်းရောက်လေ့ရှိတယ်။\nဒီလိုနဲ့ သူမ အရွယ်ရောက်လာပြီး မြို့မှာ ကျောင်းတက်ရဖို့ ဖြစ်လာတဲ့အချိန်\nမြို့က အကျင့်ပျက်ရဲတစ်စုရဲ့ ယုတ်မာမှုတစ်ခုကို မျက်မြင်တွေ့လိုက်ရပြီး\nထိုရဲတစ်စုမှ သူမကို နည်းမျိုးစုံနဲ့ ဒုက္ခပေးလာသောအခါ…………","cover":"https://www.dropbox.com/s/4bdwdkgfxbwxjk3/akira.jpg?raw=1"},{"title":"Commando (2013)","id":"https://drive.google.com/file/d/1S36ZVJ5vMC1NoYGZlkhUI3Xeyg4j6As3/view?usp=drivesdk","description":"Bollywoodပရိတ်သတ်တွေအတွက်\nအလန်းစား စတန့်တွေနဲ့ အက်ရှင်ခပ်ကြမ်းကြမ်းလေးကို\nတင်ဆက်ပေးထားပါတယ်။ဒီကားတွေရဲ့ မင်းသား ဗီရွတ်ဂျမာဝဲလ်က စတန့်ခန်းတွေကို ကိုယ်တိုင်ကြိုးစားသရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။ဇာတ်လမ်းကတော့့့့\nအိန္ဒိယစစ်တပ်ရဲ့ အထူးတပ်သားတွေဟာ လေ့ကျင့်ရေးဆင်းရင်း\nမုန်တိုင်းမိပြီး တရုတ်နယ်စပ်မှာ လေယာဥ်ပျက်ကျခဲ့ပါတယ်။တပ်သားတွေထဲက ကရန်ဟာ တရုတ်စစ်တပ်ရဲ့ ဖမ်းစီးခြင်းကိုခံခဲ့ရပြီး\nတရုတ်အစိုးရကလည်း သူ့ကို စပိုင်တယောက်လို့ထင်ပြီး အမျိုးမျိုးညဥ်းပန်းနှိပ်စက်ပြီး စစ်ကြောပါတော့တယ့့်တဖက်မှာလည်း အိန္ဒိယအစိုးရက နိုင်ငံရေးပြသနာတွေတက်မှာစိုးလို့\nသူ့ကို မကယ်တော့ပါဘူး့့တရုတ်လက်လွတ်မြောက်ဖို့ ကြိုးစားခဲ့ရတယ့် ကွန်မန်ဒို တပ်သားကရန်ဟာ\nနယ်စပ်မှာ ဂိုဏ်းစတားတယောက်လက်က ထွက်ပြေးနေရတယ့် မိန်းကလေးတယောက်ကို ကူညီပေးလိုက်ရင်း ပြသနာအကြီးအကျယ်တတ်ပါတော့တယ်။ဂိုဏ်စတားတွေလက်ထဲက မိန်းကလေးကို ကရန်တယောက် ဘယ်လိုကယ်တင်မလဲဆိုတာတော့\nပရိတ်သတ်ကြီးပဲ ကြည့်လိုက်ပါတော့အက်ရှင်ကြိုက် ပရိတ်သတ်တွေအနေနဲ့ လက်အလွတ်မခံသင့်ပါဘူး...(ဘာသာပြန်သူကတော့ ကို စည်သူအောင်ပဲဖြစ်ပါတယ်)","cover":"https://www.dropbox.com/s/t3aauzpzyx8blv8/commando%201.jpg?raw=1"},{"title":"Prassthanam (2019)","id":"https://drive.google.com/file/d/1b5YmNxyQ8729PbSfPwAEUgnRbMJPirJb/view?usp=drivesdk","description":"ဘောလီဝုဒ်ဖန်တွေအတွက် မင်းသားကြီးဆန်ဂျေဒတ်၏ ၂၀၁၉ ထွက် ဇာတ်ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ်\nနိုင်ငံရေး၊ အက်ရှင်၊ ဒရာမာကားကောင်းတစ်ကားဖြစ်လို့ ဘောလီဝုဒ်ဖန်တွေ အကြိုက်တွေ့မှာပါ\nဇာတ်လမ်းကတော့ ရွေးကောက်ပွဲ ၄ နှစ်ဆက်အနိုင်ရထားတဲ့ လွှတ်တော်အမတ်ကြီး ဘဲလ်ဒေ့ဗ် ပရာတပ်ဆင့်မှာ အာယွရ်ှနဲ့ ဗီဗန်းဆိုပြီး သားနှစ်ယောက်ရှိပါတယ်\nအဲ့ဒိသားနှစ်ယောက်ထဲမှာ အာယွရ်ှဟာဆိုရင် သူ့ရန်သူတွေဆီက ဒီလိုစကားနာထိုးတာကို အမြဲခံရလေ့ရှိပါတယ်\n\"မင်းက ငါ့တို့လွှတ်တော်အမတ်ကြီးရဲ့သားလား သူ့မိန်းမရဲ့သားလား\" တဲ့\nဟုတ်ပါတယ် အာယွရ်ှဟာ မယားပါသားပါ\nဒါပေမဲ့ ဘဲလ်ဒေ့ဗ်ရဲ့ နိုင်ငံရေးအမွေအားလုံးကိုတော့ လက်ခံနိုင်စွမ်းရှိသူဟာ သူပါပဲ\nဒါကိုကောင်းကောင်းကြီးသိတဲ့ ဘဲလ်ဒေ့ဗ်ဟာလည်း သူ့ကိုပဲ နိုင်ငံရေးအမွေပေးခဲ့ပါတယ်\nအဲ့ဒိနောက်မှာတော့ သားအရင်းဖြစ်သူဗီဗန်း၏ မကျေနပ်မှုတွေကြောင့် အာယွရ်ှနဲ့ ဗီဗန်းထိပ်တိုက်တွေ့ဖို့ဖန်လာသောအခါ.","cover":"https://www.dropbox.com/s/6aqtt9197iapb9l/prassthanam.jpg?raw=1"},{"title":"NIL BATTEY SANNATA(2015)","id":"https://drive.google.com/file/d/17bwEdxEibzlKgTea-MqYY7NVhIFca36y/view?usp=drivesdk","description":"တစ်ခါတလေ လူတစ်ယောက်မှာ စွဲမြဲနေတဲ့ အယူအဆတွေက သိပ်ပြောင်းလဲဖို့ ခက်တယ်နော့။ အရာရာ အပျက်သဘောတွေးပြီး မိမိကိုယ်ကို မိမိ ဆွဲချလို့ ဆွဲချနေမိမှန်း မသိတဲ့သူကို ပြောင်းလဲပေးဖို့ ဆိုရင် ပိုလို့ ခက်ခဲသွားပြီ။ ခုပြောပြချင်တဲ့ ဇာတ်ကားလေးကတော့ အချစ်ဆိုတာထက် မိခင်မေတ္တာကို ဖော်ကျူးတဲ့ ဇာတ်ကားလို့ ပြောရပါလိမ့်မယ်။ မိသားစုအရေး နည်းပေးလမ်းပြ ဇာတ်ကားအမျိုးအစားလို့လည်း သတ်မှတ်ချင် သတ်မှတ်နိုင်ပါတယ်။\n\nHindi စကားပြော India ဇာတ်ကားလေးဖြစ်ပါတယ်။ မိခင်နဲ့ သမီး၊ သားအမိနှစ်ယောက်ကို အဓိကထား ဇာတ်အိမ်တည်ဆောက်ထားပြီး ဇာတ်ရံအပြည့်အစုံနဲ့ ဘာကိုမှ အလွန်အကျွံဖွဲ့မထားဘဲ လက်တွေ့ဘ၀နဲ့ တစ်ထပ်တည်းကျအောင် ပုံဖော်ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။\n\nအမေနဲ့သမီးအရေးဆိုတော့ ကမ္ဘာပေါ်က အမျိုးသမီးတိုင်းအတွက် ဖြစ်သွားပြီပေါ့။ မိဘနဲ့ သားသမီးကြား ဆက်ဆံရေးလို့ ပြောရင် အားလုံးအတွက်ဖြစ်သွားပြန်ပြီပေါ့။\n\nဇာတ်လမ်းဖြစ်တည်ရာအချိန်ကို တစ်နှစ်စာလေးသာ ယူထားတယ်။ သီချင်းရိုးရိုးအေးအေးလေတွေနဲ့ ပေါ့ပေါ့ပါးပါးလေးလို့ ထင်စရာ ရှိပေမယ့် ဇာတ်ရှိန်မြင့်လာလေလေ အရမ်းလေးနက်ကြောင်း သိသာလေလေ ဖြစ်ပါတယ်။\n\nဒီဇာတ်ကားလေးကြည့်ရင်းကြည့်ရင်း စကားလုံးတွေ၊ (ဇာတ်ကားက)သူသိစေချင်တဲ့ အကြောင်းလေးတွေက နှလုံးအိမ်ထဲ တစိမ့်စိမ့် ပျော်၀င်လာသလို ခံစားမိပါတယ်။\n\nဇာတ်လမ်းအကြောင်းလေးအနည်းငယ်ပြောပမယ်။ ဇာတ်ကားတစ်ကားလုံးပြောပြလိုက်လည်း အရသာပျက်မသွားပါဘူး။ ဘာကြောင့်လဲဆိုတော့ ဖျော်ဖြေရေးသပ်သပ်အနေနဲ့ဖြင့် ဒီဇာတ်ကားကို လုံး၀မကြည့်စေချင်တာကြောင့်ပါ။ ဒီဇာတ်ကားက ဖျော်ဖြေရေးဇာတ်ကားမဟုတ်ပါဘူး။ မျက်ရည်ချူတဲ့ ဇာတ်ကားလည်း မဟုတ်သလို မုန်းစရာဗီလိန်လည်းမပါပါဘူး။ ကြွေစရာ မင်းသားချောချောလေးမပါသလို အရမ်းလန်းနေတဲ့ မင်းသမီးလည်း ဒီဇာတ်ကားမှာတွေ့ရလိမ့်မယ် မဟုတ်ပါဘူး။\n\nချန်ဒါ ဆာဟိုင်း မှာ သမီးလေးတစ်ယောက်ရှိတယ်။ နာမည်က အာပီရှား ရှီဗယ် ဆာဟိုင်း ဖြစ်တယ်။ ဆယ်တန်း စ တက်ရမယ်။ ဖခင်မရှိဘူး။ အမေနဲ့သမီး၊ သမီးနဲ့အမေ ပြေးကြည့်ကြည့် ဖြေးဖြေးလေးပဲ ကြည့်ကြည့် သားအမိနှစ်ယောက်သာ ရှိတဲ့ မိသားစုလေးတစ်စုဖြစ်ပါတယ်။ ချန်ဒါ ဆာဟိုင်းက အိမ်အကူလုပ်တယ်။ အိမ်အကူသာမ ရသမျှ နိုင်သမျှအလုပ် အကုန်လုပ်ပါတယ်။ စားပွဲထိုးလည်းလုပ်တယ်။ စက်ရုံအလုပ်သမလည်းဖြစ်တယ်။ လက်လုပ်လက်စားပေါ့ဗျာ။ တစ်နေ့လုပ် တစ်နေ့စားဆိုရင်လည်း ဟုတ်တယ်။ မင်းသမီးကို အရမ်းနှိမ်ထားတာမဟုတ်ဘူးနော့်။ အိမ်အကူဆိုလို့ အိမ်ရှင်အပေါက်ကြမ်းအပြောကြမ်းကြီးနဲ့တွေ့တာမျိုး မဟုတ်ဘူး။ စားပွဲထိုးဆိုလို့လည်း မူးမူးရူးရူး ကမ်စတမ်မာတွေ မဟုတ်ဘူး။ စက်ရုံအလုပ်သမဆိုလို့လည်း နှာဗူးကျနေတဲ့ မန်နေဂျာလက်အောက်မှာ လုပ်ရတဲ့ ဇာတ်လမ်းမျိုးမဟုတ်ဘူး။\n\nအဲ့လို အရမ်းသဘာ၀ကျလွန်းလို့လည်း ဒီဇာတ်ကားကို ကြွေတာ။\n\nအဖေက တက္ကစီသမားမို့ သား တက္ကစီမောင်းရမယ်။ အမေက စက်ရုံအလုပ်သမ မို့ သမီးက စက်ရုံအလုပ်သမထက် ပိုမဖြစ်နိုင်ဘူး။ အဖေ ဒေါက်တာ သားဒေါက်တာ။ အမေ့ခြေရာနင်းတယ်။ အဖေ့ဖြေရာနင်းတယ်။ ခြေရာနင်းတယ် ဆိုတဲ့စကားက လူနေမှုအဆင့်တန်းမြင့်တဲ့ နေရာမှာသာ သုံးလို့ ပြောလို့ကောင်းတာနော့်။ လူနေမှုအဆင့်အတန်းဆိုတာကြောင့် နေထိုင်းမှုပုံစံကိုသာ ကျွန်တော်ရည်ရွယ်ပါတယ်။ စိတ်ဓာတ်အနေအထားကို ထည့်မပြောလိုပါဘူး။\n\nအဲ့လို ပုံသေလိုက်လုပ်ရမယ်။ လိုက်လုပ်ရတယ် လို့ ကိုယ့်သားသမီး စိတ်ထဲမှာ စွဲနေရင် အဲ့ဒီ အစွဲကို ဘယ်လိုချွတ်မလဲ။ မိမိကိုယ်တိုင်ထက် လူနေမှုအဆင့်အတန်းမြင့်မားစေချင်တာ မိဘတိုင်းက သားသမီးအပေါ်ထားတဲ့ မျှော်လင့်ချက် ဖြစ်ပါတယ်။ အဖေဒေါက်တာ သားဒေါက်တာဖြစ်နေရင် အဖေထက် ပိုတော်တဲ့ ဒေါက်တာပဲ သားကို ဖြစ်စေချင်ကြတာပါ။\n\nချန်ဒါက သူမကိုယ်တိုင်ကသာ အိမ်အကူ လုပ်နေရပေမယ့် သမီးလေးကို အဲ့ထက်ပိုမြင့်မားစေချင်တဲ့ မိခင်ဖြစ်ပါတယ်။ သမီးလေး အာပီရှား (အာပူးလို့လည်း ချစ်စနိုးခေါ်တယ်) ကတော့ ဒီလို ရည်ရွယ်ချက်မရှိဘူး။ အမေအိမ်အကူ လုပ်လို့ သူလည်း အိမ်အကူပဲ ဖြစ်ရမယ်။ ဆယ်တန်းအောင်စေအုံးတော့ ကျောင်းဆက်ထားဖို့ အမေလည်း မတက်နိုင်ဘူး အိမ်အကူပဲ သူလုပ်ရမယ်။ ဒါကြောင့် သူကလေးမှာ ဘာရည်ရွယ်ချက် ဘာအိပ်မက်မှ မရှိဘူး။ စာကြိုးစားချင်စိတ်လည်း မရှိဘူး။\n\nဒီနေရာမှာ ပိုလို့ သဘောကျမိတာက ဆင်းရဲသူလေးမို့ စာမှာအရမ်း တော်နေသလားဆိုတော့လည်း မဟုတ်ဘူး။ ရိုးရိုး ကျောင်းသူလေးသာဖြစ်တယ်။ အတန်းထဲမှာ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နေတယ်။ လပတ်စာမေးပွဲလည်း ကျတဲ့အခါကျ အောင်တဲ့အခါမှ အောင်တယ်။ အထူးသဖြင့် သင်္ချာမှာ ညံ့တယ်။\n\nချန်ဒါကတော့ သမီးလေးရဲ့ ခံယူချက်ကို ပြောင်းလဲပေးချင်တယ်။ ကျောင်းစာမှာ စိတ်မ၀င်စားတဲ့ သမီးလေးကို ကြိုးစားစေချင်တယ်။ ဒီနေရာမှာ ကလေးကို စကားလုံးတွေနဲ့ပဲ နားချတာမဟုတ်ဘူး။ လက်တွေ့ကျကျဖြေရှင်းတယ်။ ကျူရှင် စုံစမ်းတော့လည်း စာညံ့တဲ့ကျောင်းသားမို့ ကျူရှင်ကလက်မခံဘူး။ လက်ခံတဲ့ သင်တန်းကြေးကိုလည်း ချန်ဒါ မပေးနိုင်ဘူး။\n\nကျူရှင်ဆရာက ပြောတယ် \"ပထမနှစ်၀က်စာမေးပွဲမှာ ၅၀% အထက်အမှတ်ရမယ်ဆိုရင် အနီးကပ်သင်တန်းအတွက် သင်တန်းကြေး တစ်၀က်ပဲ ယူမယ်\" တဲ့။\n\nဒီနေရာမှာ သူမ ဘာလုပ်မလဲ။ပုံမှန် ၃၀% အမှတ်၀န်းကျင်သာ ရနေတဲ့ သမီးလေးလေ။ စာလည်း မကြိုးစားဘူး။ အဲ့ဒီတော့ သမီးတက်တဲ့ ကျောင်းမှာ ဆယ်တန်းပြန်တက်လိုက်တယ်။ သူမသာ စာရရင် သမီးကိုလည်း ပြန်ရှင်းပြနိုင်တယ်။ သူမရှိနေတဲ့အတွက်ကြောင့် ကလေးလည်း စာမှာပိုအာရုံစိုက်သွားနိုင်တယ်။\n\n\"ပညာလို အိုသည်မရှိ\" ဆိုတဲ့စကားက စကားအဖြစ်နဲ့သာ လှနေတာပါ။ တကယ် အသက်ကြီးကြီး လူတစ်ယောက်က သူ့အသက်ရွယ်နဲ့ မလိုက်တဲ့ ပညာရပ်တစ်ခုခုကို သင်ယူနေရင် လူတော်တော်များများက လှောင်ချင် ခနဲ့ချင်ကြတယ်မဟုတ်လား။ ယခုလည်း ချန်ဒါ အတန်းထဲ ၀င်လာတော့ ကျောင်းသူ ကျောင်းသားလေးတွေအတွက် တခစ်ခစ်နဲ့ ရယ်စရာကြီး ဖြစ်နေတာပေါ့။\n\nအာပူး ဘက်ကတစ်ချက် ၀င်စဉ်းစားကြည့်တယ်။ အမေနဲ့သမီး တစ်တန်းတည်း တစ်ခန်းတည်း စာအတူသင်ရမယ်ဆိုတော့ ရှက်တာပေါ့။ အမေ့ကို တားလို့လည်း မရဘူးလေ။ ဒါနဲ့အတန်းထဲမှာ သူတို့ သားအမိ ဆိုတာ ပေးမသိကြဘူး။ သိမှာကို ကြောက်နေတော့တာ။ တစ်ရက်ကဆို နေ့လယ်စာ ထမင်းဗူးလေးတွေ ဖြေစားကြတော့ အာပူးကလည်း ချာပါတီ ထည့်လာတယ်။ ချန်ဒါကလည်း ချာပါတီ။ တစ်အိမ်တည်းမှာ တစ်ယောက်တည်းချက်ပြီး ခွဲထည့်ထားတာပဲဟာ။ ပင်တူး က အညိမ်မနေဘူး။ ဟိုတစ်ခု နှိုက်စား ဒီတစ်ခုနှိုက်စားနဲ့ \"အရသာတွေ တူနေတယ်\" ပြောပါရော။\n\nအာပူးရဲ့ လက်တလောရည်ရွယ်ချက်က သူမ အမေကို ကျောင်းဆက်မတက်ဖို့ဖြစ်သွားတယ်။ ဒါနဲ့ပဲ သားအမိနှစ်ယောက်လုံး ညံ့တဲ့ သင်္ချာမှာ ရမှတ်ပြိုင်ကြတယ်။ အာပူး အမှတ်ပိုများတဲ့အခါ ချန်ဒါ ကျောင်းထွက်ပေးမယ်ပေါ့။ သမီးကလည်း အဲဒီအချိန်မှာ ကြိုးစားတယ်။ ဒါပေမယ့် သူကလေး ကြိုးစားတာက ချန်ဒါ ကျောင်းဆက်မတက်ဖို့သာ ဖြစ်တယ်။\n\nဇာတ်လမ်းအကြောင်းကို ဒီလောက်ပဲ ပြောပြချင်ပါတယ်။\n\nအိပ်မက် မဆိုထားနဲ့။ အိပ်မက် မက်ခွင့်တောင် မရှိဘူးဆိုတဲ့ သမီးလေးရဲ့ ခံယူချက်ကို သာမန် လက်လုပ်လက်စား မိခင်တစ်ယောက်က ဘယ်လိုကြိုးစားပြောင်းလဲ ပေးမလဲ…..။","cover":"https://www.dropbox.com/s/w9y8sp925yyrx9g/NIL%20BATTEY%20SANNATA.jpg?raw=1"},{"title":"Denikaina Ready (2012)","id":"https://drive.google.com/file/d/1ViWOd3EKc-Upk6p4b-1rbUvXvrfHXSFQ/view?usp=drivesdk","description":"The movie’s story revolves Suleiman (Vishnu Manchu) and two warring factions led by Veera Narasimha Naidu (Prabhu) and Bhasha (Suman). Savithri (Seetha) is Narasimha Naidu’s sister and she elopes with Bhasha many years ago, leading to friction between the families. Narasimha Naidu’s group loses a court case to Bhasha and on the suggestion of Sampangi Sastry (M.S.Narayana), Naidu decides to get a Chandi Yaagam performed to bring good luck.\n\nInto this scenario comes in Suleiman as Krishna Sastry. He is brought into the scene by Bangar Raju (Brahmanandam) by mistake and what follows is a comedy of errors. Suleiman a.k.a. Krishna Sastry slowly tries to get into the good books of Naidu and also earns a place in the heart of Sharmila (Hansika).\n\nAll hell breaks loose when Bangar Raju realises his mistake and Suleiman must now play a very clever game to save his skin. Will he succeed ? Will the two warring families unite ? That forms the story.","cover":"https://www.dropbox.com/s/tsror7vuqdhksr5/Denikaian%20ready.jpg?raw=1"},{"title":"Jagga Jasoos (2017)","id":"https://drive.google.com/file/d/1u5sO3cG4xNNcZoliehmAJ7LeKyeJToxT/view?usp=drivesdk","description":"Jagga Jasoos (2017) သည် IMDb 6.4/10 Rotten Tomatoes 88% Google users 83% ဒါရိုက်တာ Anurag Basu ရိုက်ကူးထား၍ Anurag Basu, Amitabh Bhattacharya တို့က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ Ranbir Kapoor, Katrina Kaif, Saswata Chatterjee တို့ ပါဝင်သရုပ်ဆောင်ထားသော Action, Adventure, Comedy ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…\n\nပါရမီရှင် ဆယ်ကျော်သက် စုံထောက်လေး ဂျက်ဂါဟာ အဖော် မိန်းကလေးတစ်ယောက်နှင့်အတူ သူ့ရဲ့ ပျောက်ဆုံးနေတဲ့ အဖေကို ရှာဖွေဖို့ ကြိုးစားတဲ့အခါ ဘယ်လို အက်ရှင် စွန့်စားခန်း ဟာသတွေ တွေ့ရမလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုကြည့်ကြပါခင်ဗျာ….","cover":"https://www.dropbox.com/s/2khtk7n1p0gwd9e/Jagga%20Jasoos.jpg?raw=1"},{"title":"Bajrangi Bhaijaan (2015)","id":"https://drive.google.com/file/d/1n34PjL275HTJ42JW3XmuoFk4oKwjfRyG/view?usp=drivesdk","description":"ဪဒီကားလေးကတော့ မင်းသားကြီး “ဆလ်မန် ခန်း”ရဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်ပါ😍😍\nအိန္ဒိယနဲ့ပါကစ္စတန် နှစ်နိုင်ငံချစ်ကြည်ရေးကားလို့ ပြောလို့ရပါတယ်🏳️🏳️🏳️\n\nဟာနုမာန်ကိုယ်တော်မြတ်ကိုကိုးကွယ်ပြီး ဘယ်တော့မှ လိမ်တာတို့မလှည့်စားတာတို့ မလုပ်တဲ့ဇာတ်လိုက် “ပဝမ်” (ကိုယ်တွေနဲ့များကွာပါ့🙄🙄🙄)\n\nစကားပြောရင် ဟာနုမာန်ကိုယ်တော်ကိုကိုးကွယ်တာကိုထည့်ထည့်ပြောလွန်းလို့ နာမည်ပြောင်တောင် “ဘာဂျရန်ဂျီိ” လို့တွင်တဲ့အထိပါပဲ\n\nမွေးရာပါ စကားမပြောနိုင်တဲ့ ၆နှစ်အရွယ် ပါကစ္စတူလေး ရှာဟစ်က သူ့အမေနဲ့ကွဲပြီး ပဝမ်နဲ့တွေ့တဲ့အခါ……\nအဲ့အချိန်က ပါကစ္စတန်နဲ့အိန္ဒိယနှစ်နိုင်ငံက နိုင်ငံရေးအခြေအနေတင်းမာနေတဲ့အချိန်ပါ\n\nအဲ့လိုအခြေအနေမျိုးမှာ လူရိုးလူအကြီးပဝမ်က ပါကစ္စတန်ကို ရှာဟစ်လေးကိုဘယ်လိုပြန်ပို့မလဲ(ကလေးမလေးက တော်တော်ချစ်စရာလေး😁😁😁)\n\nဘယ်လိုအခက်အခဲတွေနဲ့ကြုံရမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်\n\nရိုးသားဖြောင့်မတ်မှုကအရာရာကိုအနိုင်ယူနိုင်တယ်ဆိုတာကိုသက်သေပြနိုင်တဲ့ဇာတ်ကားဖြစ်တာကြောင့် Moral ပိုင်းမှာလည်းသင်ယူလို့ရနိုင်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။","cover":"https://www.dropbox.com/s/46ukas260e452vu/Bajrangi%20Bhaijaan.jpg?raw=1"},{"title":"Commando 3 (2019)","id":"https://drive.google.com/file/d/11v56qRLb8MFghG6SF1gCioCeZyRqVUVs/view?usp=drivesdk","description":"အကြည် မဟုတ်သေးပါ...\n\nဇာတ်လမ်းအကျဉ်း :-\nBollywood ရုပ်ရှင်မင်းသားကြီး Vidyut Jammwal\n၏ စစ်မှန်သော အက်ရှင်ဇာတ်ကားကြီးဖြစ် ပါသည်။\nCommando 1 & 2 ကြည့်ထားသူများအတွက်တော့\nမင်းသားကြီး၏ ကိုယ်တိုင် စစ်စစ်သရုပ်ဆောင် ထား\nသော အက်ရှင်ကို သိရှိခဲ့ကြပြီးဖြစ်သည်။ ယခုထွက်\nရှိသော Commando 3 ဇာတ်ကားမှာ ယခင်ဇာတ်\nကားတွေထက်ပိုသာသောအက်ရှင်အသစ်များကို\nကြည့်ရူရမည်ဖြစ်သည်။\n\nဇာတ်လမ်းမှာ လူငယ်ကောင်လေးသုံးယောက် သင်\nတန်းတက်ရန် India သို့သွားခဲ့သည်။ သို့ သော် သူ\nတို့သုံးယောက်ကို အတုအယောင်ဆောင် အကြမ်း\nဖက်နှိမ်နင်းရေးအဖွဲ့က Passbook အတုကိုင်ဆောင်\nသည်ဟု စွပ်ဆွဲကာ ဖမ်းခေါ်¬သွားကြသည်။ဖမ်းသွား\nသူမှာဘယ်သူမှမသိပေ။ ထို အကြမ်းဖက် သမားသည်\nထိုကလေး ငယ် (3)ဦးကို သွေထိုးဖျားယောင်ပြီး India\nနိုင်ငံတွင် အကြမ်းဖက်ရန် စေခိုင်းတော့ သည်။ နိုင်ငံ\nတော်အနေနဲ့ ထိုအကြမ်းဖက်သမားသည် Londonတွင်\nနေ၍ ကြိုးကိုင်လှုပ်ရှားသည်ကိုသာ သိသည်။ Karan\nSingh Dogara (Vidut Jamwal)သည် ထိုအကြမ်းဖက်\nခေါင်းဆောင်ကို ဖမ်းရန် London ကိုသွားခဲ့သည်။ သူနဲ့\nအတူ British Intelligence ဌာနမှ Bhavnareddy,\nMalika Sood and Armaan Akhtar တို့ ပါ၀င်လှုပ်ရှား\nကြတော့သည်။ အကြမ်းဖက်ခေါင်းဆောင် ၏ အစီစဉ်မှာ\nIndia နိုင်ငံတွင် ဗုံးထောင်ဖောက်ခွဲ၍ အကြမ်းဖက်ရန်\nဖြစ်သည်။\n\n1.ဤအဖြစ် ပျက်များအားလုံးကို ကာကွယ်ရန် Vidyut Jammwal\nlနှင့်သူ့အဖွဲ့သားများ လုပ်ဆောင်နိုင်ကြမည်လား?\n\n2. ဗုံးထောင် သောနေရာနှင့် အချိန်ကိုသိနိုင်ကြမည်လား?\n\n3. ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသော လူငယ်သုံးယောက်\nတည်း ဟုတ်ရဲ့လား?\n\n4. တခြားဖမ်းဆီးခံရသော လူများလည်းရှိကြမည်လား?\nစသည့် ဇာတ်ကွက်မေးခွန်းများ၏အဖြေကို ရင်ခုန် စိတ်\nလှုပ်ရှားဖွယ်ကောင်းသော အက်ရှင်ဇာတ်ကွက် စစ်စစ်\nဖြင့် ကြည့်ရူရမည်ဖြစ်ပါသည်။","cover":"https://docs.google.com/uc?id=1WvLAmQWK3dkx0JFMZsPnD_GxIhTVYQx3"},{"title":"Student of The Year 2 (2019)","id":"https://drive.google.com/file/d/1wyhFuYzJuiQcvjQz43FP671d5apIUiLr/view?usp=drivesdk","description":"ဒီတစ်ပတ်အတွင်း bollywood ကားသစ်တွေ တွေ့ရတဲ့အထဲက ဒီဇာတ်ကားလည်း တောင်းဆိုထားကြတာမို့ အမြန်ဆုံးလေး တင်ဆက်ပေးလိုက်ပါတယ်။ အညွန်း.. Tiger Shroffကတော့ ပီရှိုရီကျောင်းမှာ ရိုဟန်ဟာ အားကစားဘက်မှာ အတော်ဆုံးပဲ။ အထူးသဖြင့် ကာဘာဒီကစားနည်းမှာ။ ပြိုင်ဖက်ကင်းတဲ့ လူတစ်ယောက်…. ဒီနယ်ကျောင်းတစ်ခုမှာ ရတဲ့ အောင်မြင်မှုကို သူ မကျေနပ်သေးပါဘူး။ သူတက်ချင်တဲ့ ကျောင်းက… စိန့်ထရီဇာ၊ စိန့်ထရီဇာမှာ ‘Student Of The Year’ ဆုကို ရဖို့၊ ဒီအပြင် အဲ့ကျောင်းမှာ တက်ချင်ရတဲ့ တခြား အကြောင်းရင်းလည်း ရှိပါတယ်။ သူ့ချစ်သူ အဲ့ကျောင်းကို ပြောင်းသွားလို့ပါ။ တစ်ဖက်က ချစ်သူအဖို့၊ တစ်ဖက်ကတော့ ဂုဏ်ဆောင်ကျောင်းသား ဆုရဖို့၊ တစ်နေ့မှာတော့ သူဟာ … အားကစားအထူးပြုပညာတော်သင်ခွင့်နဲ့ စိန့်ထရီဇာ ကျောင်းကို တက်ခွင့်ရခဲ့ပါတယ်။ ချစ်သူတစ်ဖက်၊ ဆုတစ်ဖက်နဲ့ သူ့အတွက် ပြိုင်ဖက်တွေက ဘယ်လိုတွေ ဖြစ်လာမလဲ။ ဘယ်အရာတွေက သူ့အတွက် ခက်ခဲလာမလဲ။ ဘယ်လို အဆိုးဆုံးတွေ ရလာမလဲ။ ‘Student Of The Year’ ဆုကိုရော တကယ် ရပါ့မလား ဆိုတာ ကိုယ်တိုင်ခံစားကြည့်ရှုကြပါဦးခင်ဗျ။\nCredit - cm","cover":"https://docs.google.com/uc?id=1Y4yqyG4S8G2oiWMP_SPjSA3Q0UVVroKF"},{"title":"Sarkar (2018)","id":"https://drive.google.com/file/d/149xl55ad8s0qMPrUUM4ZjNRA8LLCQXIO/view?usp=drivesdk","description":"\"သူက ထိပ်သီကုမ္ပဏီ GL ရဲ့ CEO ပါ\"\n\"သူက အမေရိကမှာနေတဲ့ တမေးလ်လူမျိုးပါ\"\n\"သူက ဒေါ်လာသန်းပေါင်းများစွာ လစာရသူပါ\"\n\n\"ဒီအပြင် သူဟာ ပြိုင်ဘက်ကုမ္ပဏီတိုင်းကို ဖြိုခွင်းတတ်တယ်\nသူကို ကုမ္ပဏီတော်တော်များများ ဖိမ့်ဖိမ့်တုန် ကြောက်ကြရတယ်\"\n\nခု သူ အိန္ဒိယကို ပြန်လာတာ ဘာအတွက်လဲ?\n\nအရင်လို ကုမ္ပဏီတချို့ကို ဖြိုခွင်းခဲ့ဦးမှာလား?\n\n\"ယုံတောင်မယုံနိုင်ပါဘူးဗျာ\nသူ အိန္ဒိယကို လေယာဉ်စင်းလုံးငှားပြီး ဘော်ဒီဂတ်တွေနဲ့ \nပြန်လာတာ သူပြည်နယ်ရွေးကောက်ပွဲမှာ\nမဲပေးဖို့ အတွက် သီးသန့်ပဲတဲ့။ \nသူမဲပေးပြီး ညနေ မိသားစုနဲ့ ထမင်းလက်ဆုံစား၊\nပြီးရင် အမေရိကကို ပြန်မှာပါတဲ့\"\n\nဒီလိုနဲ့ အမေရိကမှာနေတဲ့ တမေလ်နာဒူပြည်နယ်ဂုဏ်ဆောင်\nမစ္စတာ ဆွန်ဒါရာမဆွာမီဟာ မဲရုံဆီ သွားပြီး မဲပေးခဲ့ရမှာတော့\nသူ့အမည်နဲ့ မဲက ပေးပြီးသား ဖြစ်နေခဲ့တာပါ။\n\nသူတပါးကြောတာကို မခံချင်တဲ့ ဆွန်ဒါရာမဆွာမီဟာ\nငွေကုန်ကြေးကျ ခံပြီး မဲပေးဖို့ အဝေးကြီးက လာခဲ့ရတော့ သူ့မဲပေးခွင့်ကို ပြန်လည်တောင်းခံပါတော့မယ်။\n\nမဲပေးချိန်ကုန်လို့ မဲရုံသိမ်းသွားရင် \nသူ ဘာမှ မလုပ်နိုင်တော့ဘူးလို့ ထင်နေတဲ့သူတွေကို \nသူ ပညာပေးဖို့ အကြောင်းဖန်လာခဲ့ပါတယ်။\n\nဥပဒေရေးရာ ကျွမ်းကျင်ပညာရှင်တွေနဲ့\nမဲပေးခွင့် ပြန်လည်တောင်းခံခဲ့ရာမှာတော့ .....\n\nသူနဲ့အတူ မဲပေးခွင့်မရလိုက်တာ ဘယ်သူတွေ ရှိဦးမလဲ၊\nမဲပေးခွင့်ကို ဘယ်လိုတောင်းခံမလဲ၊\nရွေးကောက်ပွဲဥပဒေကို ဘယ်လို ကျွမ်းကျင်စွာသုံးမလဲ စတဲ့ စိတ်ဝင်စားစရာတွေနဲ့အတူ . . . \n\nဒီမိုကရေစီဆိုပြီး ကြွေးကြော်နေတဲ့ ပါတီတွေက\nဒီမိုကရေစီကို မှေးမှိန်အောင် လုပ်နေကြတဲ့လူတွေ၊\n\nမဲတစ်ပြားကို အလွဲသုံးစား တန်ဖိုးမထားတတ်တဲ့\nအထက်လူကြီးတွေ၊\nသူတို့တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ဖြစ်လာချိန်မှာတော့......\n\nဘယ်လိုတွေဆက်ဖြစ်လာမလဲ . . .???","cover":"https://docs.google.com/uc?id=1Yr7VvZrZT5IqYWC1pZP-aQv_fNiFVwc2"},{"title":"Missing (2018)","id":"https://drive.google.com/file/d/1emHd3nwP21NHHmM3quzu_iXancZjBE8i/view?usp=drivesdk","description":"ဒီတစ်ခါတော့ CN ပရိသတ်ကြီးအတွက် ဘောလိဝုကားကောင်းကောင်းလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်။\n\nဇာတ်လမ်းလေးနာမည်ကတော့ Missing (2018) ပါ။\n\nအချစ် ဟာသ ကားတွေနဲ့ငြီးငွေ့နေတဲ့ ပရိသတ်ကြီးအတွက် ဒီ Drama Thriller အမျိုးအစား ကားလေးကအကြိုက်တွေ့စေမှာပါ။\n\nRatingအနေနဲ့ကလဲ Imdb Rating 6.2/10 လောက်ရထားတာဆိုတော့ ကုလားကားတစ်ကားအနေနဲ့မဆိုးဘူးလို့ပဲ ဆိုရမှာပါ။\n\nဇာတ်လမ်းအကျဉ်းလေးကိုလဲ အားလုံးမြည်းစမ်းကြည့်ရအောင်တင်ဆက်ပေးချင်ပါသေးတယ်။\n\nအေးအေးလူလူ အပန်းဖြေခရီးထွက်လာတဲ့မိသားစုတစ်စု…\n\nဖခင်ဖြစ်သူ Sushantရယ် မိခင်ဖြစ်သူ Aparnaရယ် သုံးနှစ်အရွယ်သမီးလေး Titli တို့ကပင်လယ်ကမ်းခြေတစ်ခုကိုအလည်အပါတ်ရောက်ရှိနေတာပါ။\n\nအဲ့ဒီခရီးစဉ်မှာပဲ သမီးလေး Titli ကအပြင်းဖျားပါတော့တယ်။ဒီလိုနဲ့ နောက်တစ်နေ့မနက်မှာ အပြင်းဖျားနေတဲ့ကလေးလေး ပျောက်ချင်းမလှပျောက်ဆုံးသွားပါတော့တယ်။\n\nနယ်မြေရဲတွေကိုသတင်းပို့တိုင်ချက်ဖွင့်သော်ငြား အခြေအနေထူးမလာခဲ့ပါဘူး။\n\nအဲ့အချိန်မှာပဲ တစ်ယောက်နဲ့တစ်ယောက်သံသယတွေဝင်ကာအခြေအနေတွေက တစ်စတစ်စတင်းမာလာခဲ့ပါတယ်။\n\nဒီကလေးပျောက်ဆုံးသွားမှုအပေါ်ဘေးလူတွေဝိုင်းသုံးသပ်မှုတွေနဲ့ ဒီပျောက်ဆုံးမှုဟာသွေးရိုးသားရိုးရောဟုတ်ပါသလား?\n\nဘယ်သူ့ပယောဂကြောင့်များပျောက်ဆုံးသွားခဲ့တာလဲ?ပြန်ရောတွေ့ပါ့မလား?\n\nစတဲ့သို့လောသို့လောမေးခွန်းတွေနဲ့ အဆုံးအထိ စိတ်ဝင်တစားကြည့်ရှူသွားရမယ့်ကားလေးတစ်ကားပါ။\n\nဒီကားလေးရဲ့နာမည်ကတော့ Missing (2018)ဖြစ်ပြီး CMပရိသတ်ကြီးအတွကိတင်ဆက်ပေးလိုက်ရပါတယ်။","cover":"https://docs.google.com/uc?id=1_LQ3tzqua4BuOMMJG2jOhFskgGk0hG5W"},{"title":"Action (2019)","id":"https://drive.google.com/file/d/1oWO_UmssnhHYNSPX_yjbmVZlp_ltW4kN/view?usp=drivesdk","description":"တမီးလ်မင်းသားချော ဗီရှော(Vishal)ကို ရှားလော့ဟုမ်းဆန်ဆန် စုံထောက် ဇာတ်ကားတစ်ကားဖြစ်တဲ့ Thupparivaalan (2017) ဇာတ်ကားနဲ့မနှစ်ကထွက်ခဲ့တဲ့ ဘဏ်ဟက်ကာဇာတ်ကား Irumbu Thirai (2018) တို့မှာ တောင်ပိုင်းကားပရိတ်သတ်တွေ ရင်းနှီးပြီးသား ဖြစ်ပါလိမ့်မယ်။အရပ်မြင့်မြင့် ဘော်ဒီအချိုးအဆစ်ကျပုံကြောင့် အက်ရှင် ၊ စုံထောက် ၊ အကြမ်းဖက်နှိမ်နင်းရေး ဇာတ်ကားတွေနဲ့ ဗီရှောဟာ လိုက်ဖက်တယ်လို့ ဆိုရမှာပါ။ဒီကားကလည်း စုံထောက်ဆန်ဆန် ၊ အေးဂျင့်ကားဆန်ဆန်နဲ့ အကြမ်းဖက်နှိမ်နင်းရေးလုပ်ဆောင်တဲ့ ကာနယ်လ်ဆူဘာ့ရှ်အကြောင်းပါပဲ။ နိုင်ငံရေးနယ်ပယ်မှာ ကျင်လည်နေတဲ့ ဖခင်ကြီးနဲ့ ၊ သူ့အကိုဖြစ်သူတို့ နိုင်ငံရေးဟောပြောပွဲတစ်ခုရဲ့ စင်မြင့်ပေါ်မှာ မထင်မှတ်ပဲ ဗုံးဖောက်ခွဲ လုပ်ကြံခံရပြီးနောက်ပိုင်း. . .ကာနယ်လ်ဆူဘာ့ရှ်တစ်ယောက် လက်သည်တရားခံကို ဘယ်လိုလိုက်ရှာ ချေမှုန်းမလဲဆိုတာကို. . .ရိုက်ပြထားတာပါ။နိုင်ငံရေးလောကဆိုတာ အင်မတန်ရှုပ်ထွေးပွေလီလှပြီး ၊ အကြမ်းဖက်သမားတွေနဲ့ နိုင်ငံရေးသမားတွေ လက်ဝါးချင်းရိုက် ပူးပေါင်းသွားရင် ဘာတွေ ဖြစ်လာတတ်သလဲ. . .ပြိုင်ဘက်နိုင်ငံတွေ တစ်ဖက်နဲ့တစ်ဖက် အင်အားပြိုင်ကြတဲ့အခါ. . .ကြားမှာ မြေစာပြင်ဖြစ်ရသူတွေက ဘယ်သူတွေ ဖြစ်မလဲ. . .အိုဗာအက်ရှင်တွေ အတော့်ကို နည်းပါးတဲ့အတွက်. . .မည်သူမဆို ပေါ့ပေါ့ပါးပါး ကြည့်ရှုအားပေးနိုင်ပါတယ်။ဗီရှောနဲ့ တွဲဖက်ပြီး အားဖြည့်သရုပ်ဆောင်ထားသူက ဘာဟူဘာလီဇာတ်ကားထဲက မင်းသမီးချော တမန်နားဟ်(Tamannaah) ဖြစ်ပါတယ်။ဒါ့အပြင် 2020 မှာလည်း ဗီရှောရဲ့ Thupparivaalan 2 ဇာတ်ကား ထွက်ဦးမှာပါတဲ့ ခင်ဗျာ။\nCredit - cm","cover":"https://docs.google.com/uc?id=1aCcZn1eEfy__Y8VmSh3BRaf7hOo9raTB"},{"title":"Saaho (2019)","id":"https://drive.google.com/file/d/10N3qJ5DrwQCPJ_rpdBdFdX8uDNzDiF0B/view?usp=drivesdk","description":"၂၀၁၉ ထွက် ဘာဟုဗာလီမင်းသားကြီး Prabhasရဲ့ ရုံတင်ကား အကြည်ထွက်လာလို့ မြန်မြန်နဲ့ မှန်မှန် တင်ဆက်ပေးလိုက်ပါတယ်။\nဇာတ်လမ်းအကျဉ်း မင်းသားကြီးကို ဒီကားမှာတော့ အလွတ်တမ်း စုံထောက် တစ်ယောက်အနေနဲ့ မြင်ရမှာပါ။ဓားပြမှု တစ်ခုကို လိုက်ဖို့ ရဲတွေ ဖက်က ကမ်းလှမ်းတော့ ရဲအရာရှိမလေးရဲ့ ရွှန်းစိုတဲ့ မျက်ဝန်းတစ်စုံကြောင့် လက်ခံခဲ့ပါတယ်။ဒီကြားထဲ မွန်ဘိုင်းမြို့ထဲ ခြေရှုပ်နေကြတဲ့ ဂန်းစတားတွေလည်း ရှိနေသေးတယ်။အင်အားကြီး Roy Group ဂိုဏ်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေကြတယ်။အချင်းချင်းတွေ ကွဲနေကြတယ်။ပြီးတော့ Black Box လို့ ခေါ်တဲ့ Keyတစ်ခုကို လိုက်ရှာနေကြတယ်။မင်းသားကြီးဟာ ဓားပြမှုကို စတင် ဖော်ထုတ်ရာကနေ…ဂန်းစတားတွေရဲ့ ပြဿနာထဲ တစ်စိတ်တစ်ပိုင်း ဝင်ပါသွားခဲ့ရာမှာတော့…..မြှုပ်ကွက်တွေနဲ့အတူ ကြည့်ရှုခံစားပေးကြပါဦး။","cover":"https://docs.google.com/uc?id=1b61BCFlXjk2ksBACPXbAZA14fdHbfIQO"},{"title":"Mathu Vadalara (2019)","id":"https://drive.google.com/file/d/1xo1G37Nv2hHb0w15cVXDuXYpxeb5QquI/view?usp=drivesdk","description":"Mathu Vadalara (2019) သည် IMDb 8.4/10 Google users 97% ရထားသော ဒါရိုက်တာ Ritesh Rana ရိုက်ကူးထား၍ Ritesh Rana , Teja R တို့က ဇာတ်ညွှန်းရေးသားထားကာ သရုပ်ဆောင် Sri Simha Koduri, Satya, Naresh Agastya တို့ပါဝင်သရုပ်ဆောင်ထားသော Comedy, Crime, Thriller ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…..\n\nဒီရုပ်ရှင်ဟာ hypersomnia ဆိုတဲ့ စိတ်ကဆင့်ကလျားဖြစ်တဲ့ ရှားပါးတဲ့ ရောဂါကို ခံစားရသူ တစ်ဦးရဲ့ ဘဝ အဖြစ်အပျက်ကို ရိုက်ကူးထားပြီး ဒီရောဂါကြောင့် ဖြတ်တတ်တဲ့ ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုတွေကို ရှင်းပြထားပါတယ် ဘယ်လို ဟာသ ရာဇဝတ်မှု သည်းထတ်ရင်ဖိုတွေ တွေ့ရမလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုခံစားကြည့်ကြပါခင်ဗျာ။","cover":"https://docs.google.com/uc?id=1eA3e3egnVl7Wcff2seD8L23r0WnhgFHT"},{"title":"Irupathiyonnaam Noottaandu (2019)","id":"https://drive.google.com/file/d/12FENDojGh8rO07n6k7hzK45v0XkbyMpx/view?usp=drivesdk","description":"အချစ် မိသားစု ဒရာမာ နဲ့ အက်ရှင်ကားကောင်းကောင်းလေး တင်ဆက်ပေးလိုက်ပါတယ်။\n\nအာပူးရဲ့အဖေ ဘာဘာဟာ ပြဿနာတွေရှာလေ့ရှိပြီး အကြွေးတွေ ပတ်လည်ဝိုင်းနေသူပါ အကြွေးရှင်တွေ ဖမ်းသွားတဲ့အတွက် အာပူးဟာ အကြွေးပြန်ဆပ်မယ် အာမခံနဲ့ ပြန်ခေါ်ထုတ်လာခဲ့ရတယ်။\n\nဒီလိုနဲ့ နယူရီးယား ပါတီတစ်ခုမှာ အာပူးဟာ ဇာယာဆိုတဲ့ မိန်းကလေးနဲ့ တွေ့ဆုံခဲ့ပါတယ် ဇာယာဟာ ဒီမြို့ကမဟုတ်ဘဲ တစ်ခြားကနေ အလည်လာတဲ့သူဖြစ်ပါတယ်။\n\nအာပူးက ဇာယာကို သူတည်းတဲ့နေရာကို လိုက်ပို့ပေးရာမှာ ဇာယာဟာ အရမ်းမူးနေတဲ့အတွက် သူ့နေရာကို မမှတ်မိပါဘူး။\n\nဒီလိုနဲ့ အာပူးဟာ သူ့အိမ်ကို ခေါ်လာခဲ့ရပါတယ် အာပူးနဲ့ ဇာယာ ခင်မင်ရင်းနှီးသွားကြပြီးနောက် မြို့မှာ လည်ပတ်ကြရင်း အာပူးဟာ ဇာယာကို စိတ်ဝင်စားလာပါတယ်။\n\nဒါပေမယ့် ဇာယာက ရုတ်တရက် ပျောက်သွားခဲ့ပါတယ် အာပူးအဖေက အာပူးကို ဇာယာရှိတဲ့မြို့ကို လိုက်သွားပြီး သူ့ရဲ့သဘောထားကို မေးကြည့်ဖို့ အကြံပေးခဲ့ရာမှ အာပူးလည်း လိုက်သွားခဲ့ပါတယ်။\n\nဇာယာတို့အိမ်ကို ရောက်တော့ တစ်အိမ်လုံး စေ့စပ်ပွဲသွားကြတယ်ဆိုလို့ ဇာယာရဲ့စေ့စပ်ပွဲအမှတ်နဲ့ ဘုရားကျောင်းကို လိုက်သွားခဲ့ရာမှ ဇာယာအစ်မရဲ့ စေ့စပ်ပွဲသာဖြစ်ပြီး ဇာယာကိုတော့ ခရစ်ရှန် သီလရှင်တစ်ပါးအနေနဲ့ တွေ့လိုက်ရတဲ့အခါ…","cover":"https://docs.google.com/uc?id=1ebvgzJs5OVfBapoZhwlg9GWyJjo-l6V9"},{"title":"Dangal (2016)","id":"https://drive.google.com/file/d/1URcIMq9koC8jKTQ9ldGRCptEV-SNUHa2/view?usp=drivesdk","description":"အခု ဘောလိဝုဒ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Dangel လို့ပြောလိုက်တာနဲ့\nပရိသတ်အားလုံးသိပြီးသားဖြစ်မှာပါ။ မကြည့်ရသူတွေအတွက် ကြည့်သင့်ပြီး\nာကည့်ပြီးတဲ့သူတွေအတွက်လည်း မရိုးနိုင်တဲ့ ကားကောင်းလေးတစ်ကားပါ။\n\nဒီကားနဲ့ပတ်သက်ပြီး နာမည် အကြီးဆုံးကတော့ မင်းသားကြီး Aamir Khan ရဲ့ Body transformation ပါပဲ။\nနပန်း အားကစားဝါသနာပါလွန်းတဲ့ လူငယ်တစ်ယောက် ရွှေတံဆိပ်ရနိုင်ပါလျက်နဲ့ အထောက်အပံ့မရခဲ့တာကြောင့်\nနပန်းအားကစားဘ၀ကနေ အနားယူရတဲ့အထိ ဖြစ်ခဲ့တာပါ။ သူ့ရည်မှန်းချက်ကို သူ့သမီး ၂ယောက်အပေါ်ပုံအပ်ပြီး လေ့ကျင့်ပေးတဲ့အခါမှာတော့….\n\nအားကစား ရုပ်ရှင်ကားတွေထဲမှာ အကောင်းဆုံးရုပ်ရှင်ကား ဖြစ်ဆဲပါ။ ကြည့်သူတိုင်းလည်း ကြက်သီးမွှေးညင်းထစေလောက်အောင်ကို အားကစား စိတ်ဓာတ်ဘယ်လောက်ပြင်းထန်လည်းဆိုတာ\nကြည့်ရှုရမှာပါ။အများကြီးလည်း ညွှန်းမနေတော့ပါဘူး။\nကားကောင်းလေးမို့လို့ အမြန်လေး ကြည့်လိုက်ပါဦးလို့…","cover":"https://docs.google.com/uc?id=1fH2eykYbyqHUgoDlN98NKhKXhYOwOuMF"},{"title":"Rangoon (2017)","id":"https://drive.google.com/file/d/1YieyMd2LbiIY8gqWpn2SRf-j2lh_QJvX/view?usp=drivesdk","description":"မြန်မာပြည်ပေါက်အိန္ဒိယနွယ်ဖွားလေးဗန်ကတ်က ငယ်ဘဝမှာ အိန္ဒိယပြန်သွားရတာမို့ မြန်မာသူငယ်ချင်းတွေနဲ့ခွဲသွားပါတယ်။\n\nအဖေက အိန္ဒိယမှာငါးရောင်းရင်းကားတိုက်ခံရပါတယ်။\n\nအဖေမရှိတော်တဲ့သူတို့သားအမိကိုသူငယ်ချင်းအဖေက အစစကူညီခဲ့ပါတယ်။\nသူငယ်ချင်းအဖေစီးပွားကျတော့ ဗန်ကတ်ကို ရွှေမှောင်ခိုစီးပွားဦးဆောင်ခိုင်းပါတယ်။\nစင်ကာပူထိသွားလုပ်တာအဆင်ပြေပါတယ်။နောက်ဆုံးအချီမြန်မာနိုင်ငံကိုခိုးဝင်ပြီး ငယ်သူငယ်ချင်းအကူအညီနဲ့မြန်မာမှတိပုံတင်အတုလုပ်ပြီး နယ်စပ်ကခိုးဝင်လာခဲ့ကြပါတယ်။\n\nရွှေရောင်းဝယ်ပြီး ရန်ကုန်ထဲကားတရကြမ်းမောင်းနေစဉ် ——-\n\nကဲ ဇာတ်လမ်းကောင်းနေလို့ ဒါပဲ😁","cover":"https://docs.google.com/uc?id=1i7wSLSQYXH0JqkrrU0vvaPJ6F4BlKIKA"},{"title":"Commando 3 (2019)","id":"https://drive.google.com/file/d/1Wah2A0i38_Vbs9YXkOUntOvIxgr-sZ0M/view?usp=drivesdk","description":"Commando 3 အကြည်တက်လာလို့ အမြန်ဆုံး တင်ဆက်ပေးလိုက်ပါတယ်။\n\nအိန္ဒိယ လုံခြုံရေး အဖွဲ့ဝင် တပ်သား ကာရန်ဟာ တာဝန်တစ်ခုနဲ့ လန်ဒန်ကို စေလွှတ်ခံခဲ့ရတယ်။\n\nအိန္ဒိယမှာ အကြမ်းဖက်တိုက်ခိုက်မှု တစ်ခု ရှိလာတော့မယ်ဆိုတာကို ရဲဌာနက အတိအကျသိထားတယ်။\n\nဒါကို စုံစမ်းစစ်ဆေးလိုက်ရာမှာတော့ တရားခံဟာ လန်ဒန်မှာ အခြေချနေသူဖြစ်ကြောင်း ရိပ်စားမိတယ်။\n\nဒီအတွက် ကာရန်နဲ့အတူ အေးဂျင့်တစ်ယောက်ရယ်၊ လန်ဒန်အခြေစိုက် အေးဂျင့်နှစ်ယောက်ရယ် ဒီစစ်ဆင်ရေးကို အတုတကွ လုပ်ဆောင်ဖို့ ဖြစ်လာပါတယ်။\n\nအကြမ်းဖက်ခေါင်းဆောင်ကလည်း ပါးနပ်တယ်။\n\nခြေတစ်လှမ်းစီအသာစီးရဖို့ သူပြိုင်ကိုယ်ပြိုင် ကြိုးစားကြရမှာတော့.....\n\n---- -------------------- -- ---------\n\nဒီဇာတ်ကားဟာ ကြည့်ရှုရသူအဖို့ ပျင်းစရာ မကောင်းဘဲ တစ်ကွက်ချင်း စိတ်ဝင်စားစရာကောင်းနေတာတော့ အကြိုက်တွေ့မိပါတယ်။\n\nအကြမ်းဖက်သမားကို မျက်ဝါးထင်ထင် မြင်နေရပေမဲ့ အကြမ်းဖက်သမားရဲ့ လုပ်ရပ်တွေကလည်း ပိရိတယ်။\n\nကြည့်ရှုသူကို အားရစေမယ့် ဇာတ်သိမ်းခန်းကို သဘောအကျဆုံးပါပဲ။\n\nတစ်ခုပါပဲ။ ဘာသာပြန်ရတာ တော်တော် ဆိုးပါတယ်။ စာတွေက ဝေ့ဝိုက်တယ်လို့ခေါ်မလားပဲ။\n\nဒါကြောင့် ဝေါဟာရကို ရှာဖွေရေးသားရာမှာ အားမရတာမျိုး ဖြစ်သွားရင် ကြိုတင်တောင်းပန်ပါတယ်။\n\nဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူကတော့ Nyi Nyi Koe ပဲဖြစ်ပါတယ်။\nCrd - cm","cover":"https://docs.google.com/uc?id=1WvLAmQWK3dkx0JFMZsPnD_GxIhTVYQx3"},{"title":"Ankur Arora Murder Case (2013)","id":"https://drive.google.com/file/d/1IsBoT7koycCH3k0wGbt7qwHcoWu0kB1q/view?usp=drivesdk","description":"(Alert !!!!! Medical Negligence )\n\nအသက်မွေးကျောင်း ဆိုင်ရာ ပညာရပ်တစ်ခုကို ရိုက်ကူးရာ၌ အိန္ဒိယရုပ်ရှင်လောကသည် လွန်စွာပါးနပ်ကျွမ်းကျင်လှသည်။\n\nပေးချင်သည့် စိတ်ကူးရသတို့အား ထိမိချိတ်ဆက်ပုံကလည်း ရှင်းလင်းပေါ်လွင်လှသည်။\n\nဤ ဇာတ်ကား မှာလည်း \"ဆရာ၀န်\" ဟူသော အလုပ်အကိုင် တစ်ရပ်အား ဖော်ပြထားသည်။\n\nသို့သော် ဤဇာတ်ကား၏ ထူးခြားချက်မှာ \"ဆရာ၀န် \"ဟူသော အသုံးအနှုန်းအား ပြန်လည် သုံးသပ်ဆင်ခြင်မိစေသည်။\n\nဆရာ၀န်အလုပ် ဟူသည် အသက်မွေးကျောင်း ပညာတစ်ရပ်ဖြစ်သော်လည်း ဆရာ၀န်တစ်ဦးမကောင်းပါက ဆေးပညာလောကတစ်ခုလုံးအား ကိုယ်စားမပြုနိုင်။\n\nဤကဲ့သို့ပင်။ လူနာအပေါ် စေတနာ ထားသော ဆရာ၀န်သည်လည်း ဆေးလောကကို ကိုယ်စားပြုသည် မဟုတ်လှပါ။\n\nအဘယ်ကြောင့် ဆိုသော် ဆေးပညာနယ်ပယ်အရ စိတ်ဓာတ် နည်းနာများ ကောင်းမွန်စေရန် သင်ကြားပေးခဲ့သော်လည်း လိုက်နာအပ်သော စိတ်သဘောထား ကွာဟ မှုတို့ကြောင့် ဖြစ်ပေသည်။\n\nဤဇာတ်ကားတွင်လည်း ထိုသို့သော သဘောတရားအခြေခံအား အခြေပြုထားသည်။ ကောင်းမွန်သော ဆရာ၀န်ရှိသကဲ့သို့ ကိုယ်ကျိုးဆန်သော ဆရာ၀န်လည်း ရှိခဲ့သည်။\n\nဆရာ၀န်တိုင်း ကောင်းသည်မဟုတ်။ ဆိုးသည်မဟုတ်ပါချေ။ လူ့သဘာ၀ စိတ်ဓာတ်အနေအထားအရ ကွာခြားခဲ့သော်လည်း ဆေးပညာလောကသည် လူနာအသက် ဦးစားပေးရေး ပင် ဖြစ်ပေသည်။\n\nဇာတ်လမ်းအကျဉ်းအရ နာမည်ကြီးဆေးရုံ တစ်ခုသို့ ကလေးတစ်ယောက် ဗိုက်အောင့်ရင်း ဆေးရုံလာခဲ့သည်။ အကြောင်းရင်းမှာတော့ အူအတက်ရောင် ရောဂါ ကြောင့် ပင် ဖြစ်သည်။\n\nသို့နှင့် နောက်ရက်များမှာ တော့ ခွဲစိတ်ဖို့ စီမံထားခဲ့ကြသည်။ ခွဲစိတ်ပေးမည့် ဆရာ၀န်ကြီးကလည်း နိုင်ငံတွင်းကျော်ကြားသည့် ခွဲစိတ်ဆရာ၀န်ကြီးဖြစ်သည်။\n\nထို့နောက် ခွဲစိတ်မည့်နေ့ရက် ရောက်ရှိလာခဲ့သည်။သို့သော် ခွဲစိတ်မှုမလုပ်ခင် တစ်နာရီအလိုမှာတော့ ကလေး သည် ဘီစကွက်ခိုးစားလိုက်မိသည်။\nCredit - CM","cover":"https://docs.google.com/uc?id=1CKvQXAG1JpQNaWeVHng5ck60TUf5oVK0"},{"title":"Chhichhore (2019)","id":"https://drive.google.com/file/d/1XHkL04PlEmNXk54y1DmduMS1l3B_vjJy/view?usp=drivesdk","description":"ဒီဇာတ်ကားလေးကတော့ IMDb မှာ rating 8.3 ရရှိထားတဲ့ Comedy, Drama ကားလေးတစ်ကားဖြစ်ပါတယ်။\n\n ဒီကားလေးကတော့ သိပ်ကို လူသားဆန်စွာ\nရိုက်ကူးထားပါတယ်။ ကျွန်မတို့တွေ ဘဝမှာအမြဲတမ်းလိုလိုပဲ အရှုံးတွေ နဲ့ ကြုံတွေ့ရပါတယ် ။ တစ်စုံတစ်ခုကို ကျားကုပ်ကျားခဲ ကြိုးစားကြတယ်။\nဘာလို့လဲ အောင်မြင်မှု ကို ရယူချင်လို့။ ဒါပေမယ့် မဖြစ်လာခဲ့ရင်ကော ဆိုတဲ့ အရှုံးကို ကြိုတင်ပြင်ဆင်ချက် မရှိတဲ့အခါ ဘဝဟာ သေဆုံးသွားသလို\nဖြစ်တတ်ကြတယ်နော်။\n\nဒီဇာတ်ကားလေးဟာတော့ ဘဝဆိုတာ ရရှိလာခဲ့နောက်ပြီး ဘဝကို ဘယ်လိုနေထိုင် ရှူမြင်ရမယ်ဆိုတဲ့ အကြောင်းလေးကို မိသားစု သူငယ်ချင်း နဲ့\nမီးမောင်းထိုးပြထားပါတယ်။ ဒီကားလေးထဲမှာ နှလုံးသားထဲထိ ဝင်ရောက်သွားစေတာက ဖခင်တစ်ယောက်ရဲ့ သားအပေါ်ထားတဲ့ မေတ္တာ တုနှိုင်းမရအောင်ပါပဲ\nမျက်ရည်ကျရပါတယ်။ နောက်ပြီး သွေးထက်ပို နီးသော သူငယ်ချင်းဆိုတာထက်ပိုတဲ့ မိသားစု မိတ်ဆွေတွေ … သင်ဒုက္ခရောက်နေရင် သင့်နားကို\nအပြေးရောက်လာမယ့်သူတွေပေါ့…\n\nလူငယ်တွေရဲ့ ကျောင်းသားဘဝ အားမာန်ကို အပြုံးတစ်လှည့် အရယ်တစ်ချက် နဲ့ ခံစားနိုင်ရာ ရိုက်ပြထားတာကြောင့် တကယ့်ကို လက်မလွှတ်သင့်တဲ့\nဇာတ်ကားကောင်းလေးပါနော်။ တကယ်လည်း ကြည့်စေချင်ပါတယ်။ ကြည့်ပြီးရင်လည်း ရင်ထဲမှာ တစ်ခုခု ကျန်ခဲ့မှာပါ။ အခုပဲ အားပေးလိုက်ရအောင်။","cover":"https://docs.google.com/uc?id=1Cgw9lYFY2v_TRA-CyGRBhV-f9D8n8nlm"},{"title":"Guna 369 (2019)","id":"https://drive.google.com/file/d/1WKv5rGIZzxaItJ5MzZ8LAhQ4pNEvLsN_/view?usp=drivesdk","description":"Imdb Raing - 8.1 / 10\nကိုယ့်အမှားတွေက ကိုယ့်ဆီ ဒုက္ခတွေ သယ်လာတာက ပြဿနာသိပ်မဟုတ်ဘူး။\nဒါပေမယ့် ဒီအမှားတွေကြောင့် ကိုယ်ချစ်ရတဲ့သူတွေ ဒုက္ခရောက်တာမျိုးမဖြစ်စေသင့်ဘူး။\nကိုယ်ပိုင်ဆိုင်ထားတဲ့သူတွေကို ဒုက္ခရောက်စေမယ့် မှားယွင်းမှုဟာ ရာဇ၀တ်မှုပဲ ။\nအမှားဆိုတာ ခွင့်လွှတ်ပေးလို့ရတဲ့ အရာဆိုပေမယ့် ရာဇ၀တ်မှုဆိုရင်တော့ အပြစ်ခံယူရလိမ့်မယ် ။\n\nဒါကတော့ကျွန်တော်တို့ ဇာတ်လိုက်ကျော်ကြီးပြောသွားတဲ့ ဒိုင်ယာလော့ပေါ့ဗျာ ။\nကိုယ်နဲ့မသက်ဆိုင်တဲ့ ကိစ္စတွေမှာ ဝင်ပါမိခဲ့ရင် ကိုယ်တင်မဟုတ်ပဲ ကိုယ်ချစ်ရသူတွေအကုန် ဒုက္ခရောက်သွားနိုင်တဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပါ။\nအက်ရှင်ကြမ်းကြမ်းမှ ကြိုက်တယ်ဆိုတဲ့သူတွေ သဘောတွေ့မယ့် အကြမ်းစားအက်ရှင်ခန်းတွေ နဲ့\nအရမ်းမချောပေမယ့် တအားဆွဲဆောင်မှုရှိတဲ့ မင်းသမီးလေး Aangha လေးကို ရှုစားရင်း အားပေးလိုက်ကြစို့...","cover":"https://docs.google.com/uc?id=1jJECnPGjjo9fLMXqlgs6AUTNzjd8OYEW"},{"title":"Drive (2019)","id":"https://drive.google.com/file/d/1ZXj43WkxVKgJvkaX950TEyHf2LLS9bL6/view?usp=drivesdk","description":"ဇာတ်လမ်းအကျဉ်းလေးကတော့ အိန္ဒိယရုပ်ရှင်ကားတွေရဲ့ထုံးစံအတိုင်း နိုင်ငံရေးလေးတော့ နည်းနည်းပါမယ်ဗျ။\n\nအိန္ဒိယနိုင်ငံရဲ့စီးပွားရေးလုပ်ငန်းအများစုက တရားမဝင်ငွေမည်းတွေနဲ့ လည်ပတ်နေကြတယ်။\n\nဒီလိုလုပ်ငန်းရှင်တွေရဲ့ တရားမဝင်ငွေကြေးတွေကို ရှာဖွေစီစစ်ဖို့လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့တွေ အစိုးရကဖွဲ့စည်းထားတယ်။\n\nဆိုးတာက အဲဒီအဖွဲ့အစည်းတွေရဲ့ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်တဲ့ Vibha Singhဆိုတဲ့ အဖွားကြီးကိုယ်တိုင်က\n\nဒီလုပ်ငန်းရှင်တွေရဲ့ငွေမည်းတွေကို သူ့အတွက်ခွဲတမ်းယူပြီး ငွေမည်းခဝါချပေးနေတယ်။\n\nတ တစ်ဖက်မှာလည်း Kingလို့နာမည်ရတဲ့ စောရဝိဇ္ဇာတစ်ယောက်က အဲဒီလုပ်ငန်းရှင်ကြီးတွေရဲ့\n\nတရားမဝင်ပိုင်ဆိုင်မှုတွေကို ခိုးလိုက်၊ ဓားပြတိုက်လိုက်နဲ့ အမှည့်ခြွေနေပြန်ပါတယ်။\n\nKingရဲ့ ကစားကွက်တစ်ခုက သူအမှုကျူးလွန်ခဲ့တဲ့ နေရာမှာဘုရင်ပုံဖဲချပ်လေးတစ်ချက်ထားခဲ့ပြီး\n\nသူနောက်ထပ်အမှုကျူးလွန်မယ့်နေရာကို အတိအလင်းချပြပြီး စိန်ခေါ်သွားတတ်တာပါ။\n\nအဲဒီလိုနဲ့ Kingကျူးလွန်သွားတဲ့ ဓားပြမှုတစ်ခုမှာ သဲလွန်စအနေနဲ့ ပြိုင်ကားဘီးရာတစ်ခုကို ထောက်လှမ်းရေးအဖွဲ့က ရသွားတယ်။\n\nဒီကားတာယာအရ စုံစမ်းကြတဲ့အခါ Street Racingအဖွဲ့တစ်ခုက Taraလို့ခေါ်တဲ့\n\nစီးပွားရေးလုပ်ငန်းရှင်မိန်းကလေးတစ်ယောက်ရဲ့ ကားဖြစ်နေတယ်။\n\nနောက်ဆုံးကျူးလွန်ခဲ့တဲ့အမှုမှာ Kingကလည်း သူနောက်တစ်ခါဓားပြတိုက်မယ့်နေရာက နိုင်ငံတော်သမ္မတရုံးပါလို့ အတိအလင်းစိန်ခေါ်သွားလေတော့.....\n\nKingက ဘယ်သူလဲ၊ ပြိုင်ကားအဖွဲ့က မိန်းကလေးကရော Kingနဲ့ဘယ်လိုပတ်သတ်နေလဲ၊\n\nအဂတိလိုက်စားမှုကျူးလွန်နေကြတဲ့ အစိုးရအဖွဲ့ဝင်လူကြီးမင်းတွေကရော\n\nဒီအမှုနဲ့ ဘယ်လိုပတ်သတ်နေသလဲဆိုတာတွေကို Street Racingလောကရဲ့ ယှဉ်ပြိုင်မှုတွေနဲ့အတူ ခံစားကြည့်လိုက်ပါဦးဗျာ\n\nဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Kyaw Zaw Htet ပဲဖြစ်ပါတယ်…","cover":"https://docs.google.com/uc?id=1mVAwk_SfuZCpJrCzSO3fX9E1GG0O2VnG"},{"title":"Good Newwz (2019)","id":"https://drive.google.com/file/d/1-W3-zJAj6EnEMFmTCb2JXiFDhOCVSu-F/view?usp=drivesdk","description":"အားလုံးကို သတင်းကောင်းလေး ပေးချင်ပါတယ်။ ကျူပ်တို့ ဖက်က အာမခံနိုင်တာတစ်ခုကတော့ သတင်းကောင်းပါပဲ\n\nဒါက ဂျိုရှီဆေးရုံရဲ့ ကြော်ငြာ၊ နေ့စဉ် ကလေးမရတတ်တဲ့ ဇနီးမောင်နှံတို့ရဲ့ အားထားရတဲ့ နေရာ။\n\nကလေးလိုချင်ပေမဲ့ မရတတ်ကြတဲ့ ဗာရွန်တို့ ဗတ္တရားလင်မယားမှာ ညီမနဲ့ယောက်ဖရဲ့လမ်းညွှန်ချက်ကြောင့် ဒီဆေးရုံကို ရောက်လာခဲ့ပါတယ်။\n\nအဲ့ဒီမှာပဲ ဗာရွန်တို့ လင်မယားနဲ့ ဟန်နီးတို့ လင်မယားကို တွေ့ဆုံဖို့ ဖြစ်လာပါတယ်။\n\nသူတို့က နာမည်အဖျားတွေ တူနေကြတယ်။\n\nနှစ်တွဲလုံးက ဗတ္တရားတွေ၊ ဒီလိုနဲ့ ဆရာဝန်က ပြောလိုက်ပါတယ်။\n\nကျူပ်တို့ရဲ့ အတွေ့အကြုံရင့်ကျက်လှတဲ့ ပညာရှင်တွေဟာ သုက်နှစ်စုံကို နာမည်တူနေတော့ ရောထွေးမိသွားပါတယ်တဲ့။\n\nကဲ အဲ့ဒီမှာ ဇာတ်လမ်းက စပြီ။\n\nဟန်နီးရဲ့ သုက်က ဒီးပ်တီးဆီ ရောက်သွားပြီး ဗာရွန်ရဲ့ သုက်က မိုနီကားဆီ မှားပြီး ရောက်သွားပြီလို့ သိလိုက်ရတဲ့ အခါမှာတော့.....\n\nကဲ ကိုယ့်လူတို့.... ဟာသကားကောင်း နာမည်ကြီး တစ်ကားမို့ လက်မလွတ်တမ်းကြည့်သင့်ပါတယ်ဆိုတာ မပြောလည်း သိကြမယ်မဟုတ်လား။\n\nဒီကားမှာ ခင်ဗျားတို့တွေ ခွီလည်းခွီရမယ် မျက်ရည်လည်းကျရမယ်ဆိုတာ ရဲရဲကြီးအာမခံပါတယ်\n\nပေးရတဲ့အချိန်နဲ့တန်တဲ့ အိန္ဒိယကားကောင်းတစ်ကားကြည့်ချင်ရင်တော့ လက်မနှေးဘဲ အပြေးသာဒေါင်းလိုက်ကြပါတော့\n\nIMDbမှာတော့ 7.6/10 အထိရထားပြီး ဝါရင့်သရုပ်ဆောင်တို့ရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်မှုတွေကို ခံစားကြည့်ရှူကြပါဦးဗျာ။\n\nဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားကြသူတွေကတော့ စီအမ်ရဲ့အိန္ဒိယဇာတ်ကားဘာသာပြန်တွေဖြစ်ကြတဲ့ ဇော်ထူး၊ ညီကိုးနှင့် မြင့်သူတို့ပဲဖြစ်ပါတယ်။","cover":"https://docs.google.com/uc?id=1mt0Y17qPpRVx_Knz6ZpkrKp1CKVXHP_f"},{"title":"Bigil (2019)","id":"https://drive.google.com/file/d/1VbQbpMhJ2k6ozwL-rUG7bj7rQ9K4o782/view?usp=drivesdk","description":"တစ်နှစ်တစ်ကား ဆိုသလို တမီးလ်မင်းသား ဗီဂျေးရဲ့ ၂၀၁၉ထွက် ကားကောင်းတစ်ကားကို မြန်မြန်နဲ့ မှန်မှန် တင်ဆက်ပေးလိုက်ပါတယ်။\n\nIMDb – 7.5/10\nတစ်ရပ်ကွက်လုံးရဲ့ အာဏာရှိ လူမိုက် မိုက်ကယ်၊ မိန်းမလည်း မရှိ၊ ကျားလည်းမကိုက်၊ သောက်သောက်စားစား လူရမ်းကားလေး။\nတနေ့တော့ သူ့သူငယ်ချင်း ကာဒီးရ်ဟာ အမျိုးသမီးဘောလုံးအသင်းရဲ့ နည်းပြအဖြစ်နဲ့ အသင်းအတူ ဒေလီသွားဖို့ သူ့ဆီ ဝင်ပါတယ်။မမျှော်လင့်ဘဲ မိုက်ကယ်ရဲ့ ရန်ကြွေးတွေကြောင့် နည်းပြဆရာ ကာဒီးရ်ကို ဓားချက်ထိခဲ့ရတယ်။ကြယ်ပွင့်လေး ၁၅ပွင့်ရဲ့ တစ်ဦးတည်းသော ကယ်တင်ရှင် နည်းပြကာသီဟာ တစ်နှစ်တာ အနားယူရမယ်လို့ သိလိုက်ရစဉ်မှာတော့…..\n\nဒီဇာတ်ကားထဲမှာတော့ ဗီဂျေးကို ဘောလုံးသမား၊ လူမိုက်ကြီး၊ နည်းပြ စသဖြင့် ပုံစံမျိုးစုံ မြင်ရပြီး အဖေလိုတစ်မျိုး သားလိုတစ်ဖုံ တွေ့ရမှာပါ။\n\nအဖေ ပေးတဲ့ အိပ်မက်ကို သားမက်ခွင့်ရခဲ့ပေမဲ့… လွဲချော်ခဲ့ရတယ်။\n\nဒီအိပ်မက်တွေကို သူ ပြန်လည် အကောင်အထည်ဖော်ဖို့.. ကြိုးစားရင်း ထပ်လွဲချော်ခဲ့တယ်။\n\nသို့ပေမဲ့…. ‘တချို့အိပ်မက်တွေကို ကိုယ်မဖြစ်ခဲ့လို့ သူတပါးကို ဖြစ်စေချင်မိတာ လူတိုင်းရဲ့ ဆန္ဓပါ’ ‘ဒါပေမဲ့ ကိုယ့်အိပ်မက်ကိုတော့ ကိုယ်တိုင်ပဲ အကောင်အထည်ဖော်ရတာပဲမလား’","cover":"https://docs.google.com/uc?id=1pvdv1eGrjwy1qDSh-oZEPWq5uFHalGhD"},{"title":"Jabriya Jodi (2019)","id":"https://drive.google.com/file/d/15GjvW1acgZN-a7p1i4YJPyhAUuwZtv9D/view?usp=drivesdk","description":"ဟောဒီဘီဟားမှာ မင်္ဂလာသုံးမျိုးရှိတယ်\n\nသတ္တိရှိသူတွေအတွက် ပေးစားလို့ယူလိုက်ကြတဲ့ မင်္ဂလာ ……\n\nကံတရားကစီမံပေးတဲ့ ချစ်လို့ယူကြတဲ့ မင်္ဂလာနဲ့ …\n\nလက်ဖွဲ့ငွေကို လောဘတက်နေတဲ့ လောဘသားကောင်တွေအတွက် အတင်းပေးစားတဲ့ အဓမ္မမင်္ဂလာဆောင်\n\nအဓမ္မမင်္ဂလာဆောင်ဆိုတာဘာလဲ အိန္ဒိယမှာ မင်္ဂလာတစ်ခုဆောင်တော့မယ်ဆိုရင်\n\nမိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ကြီးပဲ အရည်ချင်းရှိရှိ ဘယ်လောက်ကြီးပဲပြည့်စုံနေပါစေ\n\nအဲ့ဒိမိန်းကလေးဘက်က ယောက်ျားလေးကို ပြန်တင်တောင်းရပါသတဲ့\n\nဒီကိစ္စကို အစိုးရက တရားမဝင်ဘူးဆိုပြီး တားမြစ်ထားပေမယ့် ယခုအချိန်ထိ ငွေကြေးမရှိရင်\n\nသမီးတွေအိမ်ထောင်မချပေးနိုင်တဲ့မိဘတွေအများကြီးပါ\n\nတစ်နှစ်တစ်နှစ် အဲ့ဒိသောကကြောင့် သက်သေသွားတဲ့အဖေတွေ မနည်းမနောပါပဲ\n\nအဲ့ဒိတော့ အဲ့ဒိလိုလက်ဖွဲ့ကို လောဘတက်ပြီး သားလိုချင်ရင် ပိုက်ဆံ သိန်း ၅၀ နဲ့ ကားတစ်စီး\n\nကျုပ်သားကတော့ ဆရာဝန်ဆို ဒီလောက်မှ အင်ဂျင်နီယာဆို ဒီဈေးပေါက်တယ်ဆိုပြီး နွားဈေး ဆောရီး သားဈေးသိပ်ကောင်းနေပါတယ်\n\nဘီဟားမှာတော့ ဒီလိုပြဿနာဖြစ်လာရင် ဒိုင်ခံဖြေရှင်းပေးတာ ဟူကွမ်ဒေ့ဗ်ဆင့်နဲ့ အဘေး(ဟ်)ဆင့်တို့သားဖပါပဲ\n\nသူတို့ဖြေရှင်းပုံက လက်ဖွဲ့လောဘသားကောင်တွေကို သူတို့တောင် မသိလိုက်ဘဲ\n\nစပ်ရိုက်မင်္ဂလာဆောင်တွေလုပ်ပေးပြီး မိန်းကလေးနဲ့ အတင်းပေးစားပစ်လိုက်တာပါ\n\nဒီတော့ လက်ဖွဲ့ကြေးပေးစရာမလိုဘဲ သမီးမိန်းကလေးတစ်ယောက်ကို အိမ်ထောင်ချပေးလို့ရသွားပါတယ်\n\nအဲ့ဒိလို ပြဿနာတွေကိုဖြေရှင်းပေးနေတဲ့ အဘေးဆင့်တစ်ယောက် တစ်နေ့မှာ\n\nသူ့ငယ်ချစ် ဘဘ်လီတစ်ယောက်ကိုလည်း ထိုပြဿနာကို ဖြေရှင်းဖို့အကြောင်းဖန်လာလေသောအခါ ….\n\nဘောလီဝုဒ်ကားတွေနဲ့ဝေးနေရတဲ့ ပရိသတ်ကြီးအတွက် မင်းသားချော ဆစ်ဒရာမဟိုသရာနဲ့\n\nမင်းသမီးချော ပရီနတီးချိုပရားတို့ပါဝင်ထားတဲ့ အချစ်ဟာသအက်ရှင်ကားကောင်းလေး တင်ဆက်ပေးထားတာဖြစ်ပါတယ်\n\nမိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ခံစားကြည့်လိုက်ပါဦး\n\nဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….","cover":"https://docs.google.com/uc?id=1q5jF9M2SQ6NrS9yeoOtvBBiag_ZrmRtY"},{"title":"Judgemental Hai Kya (2019)","id":"https://drive.google.com/file/d/19X-8x7tRTylxJw9VmuAehqLU4nWSpLTR/view?usp=drivesdk","description":"Kanganaကို ဇာတ်ရုပ်နဲ့ လိုက်ဖက်လွန်းလို့ အံ့မခန်းဖြစ်မိပါတယ်။\n\nဒီဇာတ်ကားထဲမှာတော့ ပုံရိပ်စစ်နဲ့ ပုံရိပ်ယောင် ကြား အမှန်အမှားခွဲခြားခက်နေတဲ့ မိန်းမတစ်ယောက် အနေနဲ့ မြင်ရမှာပါ။\n\nမင်းသားကတော့ အားလုံးသိတဲ့ Rajkummar Raoပါ။\n\nဇာတ်လမ်းအကျဉ်း \nဇာတ်လမ်းစစချင်းမှာ မိဘနှစ်ပါးရန်ဖြစ်နေတာကို ကွယ်ရာက ကြည့်နေတဲ့ ဘော်ဘီကို မြင်ရမှာပါ။\n\nဘော်ဘီဟာ အသက် ၈နှစ်ဝန်းကျင် မိန်းကလေးတစ်ယောက်။\n\nမိဘနှစ်ပါး ရန်ဖြစ်နေတာကို မနေနိုင်လို့ ကြားက ဝင်ဆွဲရင်း မတော်တဆမှု တစ်ခု ဖြစ်ခဲ့ရတယ်။\n\nဒါဟာ သူ့ဇာတ်ရုပ်အတွက် မြစ်ဖျားခံရာ တစ်ခုဖြစ်သလို လာမယ့်ဇာတ်လမ်းအတွက် နိမိတ်ပြခန်း တစ်ခုလည်း ဖြစ်နေပါတယ်။\n\nအရွယ်ရောက်လာတော့ သူဟာ အချစ်အကြောင်းမသိ၊ အလုပ်ထဲ စိတ်နှစ်နေတတ်သူ တစ်ယောက်၊ တခါတလေ စိတ်ဟာ ဖြစ်သင့်တာထက် ပိုလွန်ကဲသွားတတ်တယ်။\n\nသူ့အလုပ်က အိန္ဒိယ တောင်ပိုင်းဇာတ်ကားတွေကို ဟင်ဒီအသံသွင်းရာမှာ အသံနဲ့ သရုပ်ဆောင်သူပေါ့။\n\nအဲ့ဒီမှာ သူ့စိတ်ဟာ တစ်ခါတစ်လေ ဇာတ်ကောင်စရိုက်ဝင်သွားတတ်တယ်။\n\nဇာတ်ထဲ စိတ်နှစ်တတ်တာက တစ်ကြောင်းနဲ့ သူ့ရဲ့ ပုံမှန်စိတ် ချို့တဲ့တဲ့ ဝေဒနာတွေကြောင့်လည်း ဖြစ်တတ်တာပါ။\n\nဒီလိုနဲ့ တစ်နေ့မှာတော့ ကီရှော့ဗ်နဲ့ ရီမာဆိုတဲ့ အသစ်စက်စက် အိမ်ငှား လင်မယား ရောက်လာခဲ့ပါတယ်။\n\nကီရှော့ဗ်ကို တွေ့တိုင်း သူ ရင်ခုန်သံတွေ မြန်လာတယ်။\n\nကီရှော့ဗ်တို့ လင်မယားကို တိတ်တိတ်လေး ခိုးကြည့်တတ်တယ်။\n\nသူဟာ ကီရှော့ဗ်ကို စိတ်ကူးယဉ်ပြီး တခါမှ မဖြစ်ဖူးတဲ့ စိတ်ကူးယဉ်မှုတွေ ဖြစ်လာတယ်။\n\nဒီလိုနဲ့ပဲ…. ကာမပိုင်ယောကျ်ားကိုမှ စွဲလမ်းမိတဲ့ သူဟာ…. ဘာဆက်လုပ်မလဲ။\n\nဘာဆက်ဖြစ်ကြမလဲ။\n\nဒီကြားထဲ လူသေမှုတစ်ခုနဲ့ ချိတ်ဆက်ပြီး စိတ်ဝင်စားစရာ ပိုကောင်းလာခဲ့ပါတယ်။\n\nကြည့်တိုင်းလည်း မမြင်နိုင်၊ မြင်တဲ့အတိုင်းလည်း အမှန်မဖြစ်နိုင်တဲ့ ဇာတ်ကားမို့ ခံစားကြည့်ကြပါဦးဗျာ။","cover":"https://docs.google.com/uc?id=1qFgWryNW_wOYErdGquwWSACaNOfxMn90"},{"title":"Ethirmarai (2018)","id":"https://drive.google.com/file/d/138M1u1wtoQrYBb1dqepy3aVd48Cyg59W/view?usp=sharing","description":"လူတစ်ယောက်....\nသေနတ်တစ်လက်....\nလက်ထဲမှာ ဓာတ်ပုံတစ်ပုံ\n\nထိုလူဟာ တစ်အိမ်၀င်တစ်အိမ်ထွက်\nတစ်စုံတစ်ယောက်ကို လိုက်လံစုံစမ်းနေပုံပါပဲ\nဒါက ဇာတ်လမ်းရဲ ့စဖွင့်ပုံ...\n\n\"ဇာတ်လမ်းအကျဉ်း\"\n\nအိန္ဒိယနိုင်ငံ တောင်ပိုင်းမြို ့လေးတစ်မြို ့မှာ\nလူသတ်မှုတွေဖြစ်တယ်။\nဖြစ်တယ်ဆိုတာ ရိုးရိုးမဟုတ် ၊\nအစဉ်လိုက် လူသတ်မှုတွေ\nလေးငါးမှုလောက် ဆက်တိုက်ဖြစ်တယ်။\nဒီအမှုတွေအားလုံးမှာ ထူးခြားချက်တစ်ခုက\nသေဆုံးသူတွေရဲ ့ရင်ဘတ်ကနေ လည်ပင်းအထိ \nX (ကြက်ခြေခတ်)အမှတ်အသား\nတစ်စုံတစ်ခုနဲ့အထွင်းခံရတယ်။\n\nလက်သည်တရားခံကိုကျတော့လည်း \nအထွေအထူးရှာနေစရာမလိုဘူး။\nသေဆုံးသူနဲ့ နီးစပ်သူတစ်ယောက်ယောက်ပဲ ဖြစ်နေတတ်တယ်။\nအမှုတွေက ကျူးလွန်သူတရားခံကိုလည်း ဖမ်းမိတယ်။\nသက်သေအထောက်အထားတွေလည်း ပြည့်စုံပေမယ့်\nဘာကြောင့် သတ်မိကြတယ်ဆိုတာဟာ \nပဟေဠိဖြစ်နေတယ်။\nတစ်ခြားကားတွေမှာလို လူသတ်တရားခံကို \nဖော်ထုတ်မယ့် ဇာတ်ကားမျိုး မဟုတ်ပဲ\nဘာကြောင့် သတ်ရသလဲဆိုတဲ့ Motive (ရည်ရွယ်ချက်)ကို\nလိုက်လံစုံစမ်းဖို့အတွက် တာ၀န်ယူရတဲ့ \nရဲတစ်ယောက်ရဲ ့အကြောင်းကို\nလှလှပပ ရိုက်ပြသွားတဲ့ကားပါ။\n\nအမှုလိုက်မယ်..\nအပစ်အခတ်တွေပါမယ်\nရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့\nအက်ရှင် သည်းထိတ်ရင်ဖို \nဇာတ်ကားကောင်းတစ်ကားလို့သာ\nညွှန်းဆိုချင်ပါတော့တယ်....\n\n\"လူတစ်ယောက်ဟာ မိမိရဲ ့စိတ်ကို မိမိကိုယ်တိုင်\nထိန်းချုပ်ကန့်သတ်မှု မဲ့သွားတဲ့အခါ....\nထို့ထက်ပိုပြီး ထိုသူ့မှာ တစ်ခြားသူတွေကို \nကောင်းကောင်းကြီး ဒုက္ခပေးနိုင်တဲ့ အစွမ်းသတ္တိထူးတွေ\nရှိနေပြီဆိုတဲ့အခါ.....\"","cover":"https://docs.google.com/uc?id=1rOsAhQ74VYUYTYpJouVVgecxYWoJxArI"},{"title":"Deiva Thirumagal (2011)","id":"https://drive.google.com/file/d/1rQLkzG4WeJ0ubt1xcvb2rIHYJLZ9hCCe/view?usp=sharing","description":"ခါးကုန်းမင်းသားကြီး ဗစ်ကရမ်ရဲ့\nအကောင်းဆုံးကားတွေထဲက တကားကို\nပြပါဆိုရင် ဒီကားကို ညွှန်းချင်ပါတယ်။\nတမီးလ်ကားတွေ၊ တေလဂူကားတွေမှာ\nအိုဗာတွေပါလို့ဆိုပြီး စိတ်ပျက်နေရင်\nဒီကားကို ညွှန်းချင်ပါတယ်။\n\nဗစ်ကရမ်ဆိုတဲ့ မင်းသားကို\nကျွန်တော်က ခါးကုန်းကားနဲ့ စသိခဲ့တာပါ။\nနောက် ရာမ ၊ သီတာ ၊ ရာဝဏ္ဏတို့ရဲ့\nဇာတ်ကောင်တွေနဲ့ နှိုင်းယှဉ်ရိုက်ကူးထားတဲ့ \nRavanan(ရာဝဏ္ဏ) ဇာတ်ကားပေါ့။\n\nတမီးလ်မင်းသားတွေထဲက\nမေတ္တာဖွဲ့ ဇာတ်ကားတွေ ရိုက်တဲ့နေရာမှာ တခေတ်တည်း ပေါ်ထွက်လာသူချင်း အတူတူ ဗီဂျေး ၊ အာဂျိကူးမားတို့ထက်\nဗစ်ကရမ့်ကို ကျွန်တော် ပိုကြိုက်ပါတယ်။\n\nဘာကြောင့် ကြိုက်သလဲ၊\nဘာဖြစ်လို့ ဒီလောက်ပြောနေရသလဲဆိုတာကို\nဇာတ်လမ်းမှာ ခံစားလိုက်ပါ။\n\nကျွန်တော်ကတော့\nဒီကားကြည့်ပြီးတော့ မျက်ရည်ပေါက်ပေါက် ကျတဲ့အထိကို ခံစားရပြီး၊\nအတော်ကြီး စိတ်ထိခိုက်ပြီးပါပြီ။","cover":"https://docs.google.com/uc?id=1rpBSogFUIC8HLRQTG8-pfkA7Vjk9tSNP"},{"title":"Commando 2 (2017)","id":"https://drive.google.com/file/d/1OdR43QqVkYO8ODVfX6ti7rPZ0YOuozLT/view?usp=sharing","description":"Commando ဆိုတဲ့ စကားလုံးကိုမြင်လိုက်တာနဲ့ အထူးစစ်သားတိုက်ခိုက်ရေးသမားတွေကိုမြင်တွေ့ရပြီး ကြမ်းကြမ်းရမ်းရမ်းတိုက်ခိုက်မှုကတွေ Tv SCreen ပါတုန်သွားလောက်အောင် ကြမ်းရမ်းတဲ့ အက်ရှင်ခန်းတွေကို မြင်တွေ့ရမယ်လို့ တန်းသိနေမယ်ဆိုတာ ကျွန်တော်တို့ရိပ်မိပါတယ်.။ အခုဇာတ်ကားမှာတော့ Commando တွေအများကြီးမပါပါဘူး လေးယောက်တည်းကပဲ တပ်စုတစ်စုစာလောက်ကို ကြမ်းပြရမ်းပြသွားမယ့် အကြမ်းစားအက်ရှင်ခန်းတွေကိုမြင်တွေ့ရမှာပါ.။ \nဇာတ်လမ်းက..\nအိန္ဒိယနိုင်ငံမှာ အလိုရှိဆုံးလို့ဖမ်း၀ရမ်းထုတ်ထားတဲ့ ငွေကြေးခဝါချဂိုဏ်းခေါင်းဆောင် ဗစ်ကီ ချန်ဒါကို မလေးရှားနိုင်ငံမှ အာဏာပိုင်တွေမှ သူရဲ့ ဇနီးနဲ့အတူ ဖမ်းဆီးရမိထားပါတယ်.။ ငွေကြေးခဝါချဂိုဏ်းရဲ့ ဒုစရိုက်အင်အားဘယ်လောက်တောင်ကြီးမားသလဲဆိုရင် ဗစ်ကီကို ဖမ်းမိပြီဆိုပြီးမှတောင် သတင်းထုတ်ပြန်ကြေငြာနိုင်ခြင်းမရှိပါဘူး .။ ဘာလို့လဲဆိုတော့ အစိုးရအရာရှိပိုင်းတွေအပါ အခြားသော ဒုစရိုက်ဂိုဏ်းပေါင်းများစွာရဲ့ ငွေကြေးခဝါချထားတဲ့ မှတ်တမ်းတွေဟာ ဗစ်ကီထံမှာရှိနေလို့ပါ.။ ဗစ်ကီချန်ဒါကို လျှို့ဝှက်ပြီး မလေးရှားနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ အန္တရာယ်ကင်းကင်းခေါ်ထုတ်သွားနိုင်ဖို့အတွက် အိန္ဒိယအစိုးရမှ ကာရန် ခေါင်းဆောင်တဲ့ အထူးတပ်ဖွဲ့ လေးယောက်ကို မလေးရှားနိုင်ငံကို တိတ်တဆိတ်စေလွှတ်လိုက်ပါတယ်.။ \nကာရန်တို့ရောက်သွားတဲ့အခါမှာတေ့ာ ဗစ်ကီအဖမ်းခံရတဲ့ သတင်းဟာ ပြန့်နှံ့နေပြီဖြစ်ပြီး မလေးရှားအာဏာပိုင်တွေလက်မှ ဗစ်ကီကို ကယ်ထုတ်လိုတဲ့ ဒုစရိုက်ဂိုဏ်းတွေနဲ့ ကျားရဲတောထဲကို ကာရန်တို့ တပ်ဖွဲ့တိုးမိလျှက်သားဖြစ်နေပါတော့တယ်.။ \nအန္တရာယ်တွေတပြုတ်ကြီးနဲ့ ဗြမ္မာဦးခေါင်းရွက်ရတဲ့တာ၀န်ကို ထမ်းဆောင်မိတဲ့ ကာရန်တို့တပ်ဖွဲ့ဟာ ဗစ်ကီကိုလဲ အိန္ဒိယနိုင်ငံရောက်အောင် ကယ်ထုတ်ရင်း အသက်နဲ့ခေါင်းအိုးစားကွဲမသွားအောင် ကျားကုတ်ကျားခဲရုန်းကန်ရပါတော့တယ်...။\nဇာတ်အလှည့်အပြောင်းတွေ အများကြီးနဲ့ အပစ်အခတ်အသတ်အပုတ်သာမက ဥာဏ်ကစားရတဲ့ အကွက်တွေ လှလှပပနဲ့ အက်ရှင်အကြမ်းကားကောင်းကောင်းကို ကြည့်လိုတဲ့ ပရိတ်သတ်အတွက် ကြည့်ကို ကြည့်သင့်တဲ့စာရင်းထဲမှာပါတဲ့ ကားတစ်ကားဖြစ်ပါကြောင်း GC ပရိတ်သတ်ကြီးအတွက် မေတ္တာရှေ့ထားတင်ဆက်လိုက်ရပါတယ်.။","cover":"https://docs.google.com/uc?id=1sLsdnv8_D6uwK0RzEHCo5AqUj0EYWNxl"},{"title":"Bruce Lee (2017)","id":"https://drive.google.com/file/d/1v7VLdVDc2yao6FS4DIOpNbk5bPxo96F5/view?usp=sharing","description":"Bruce Lee is a 2017 Tamil action comedy film written and directed by Prasanth Pandiraj, starring G. V. Prakash Kumar and Kriti Kharbanda in the leading roles, while Bala Saravanan, Ramdoss, Rajendran, Mansoor Ali Khan, and Anandaraj play supporting roles. The film was produced by Kenaya Films. The music was composed by G. V. Prakash Kumar with cinematography by P. V. Shankar. The film began production during July 2015 and was released on 17 March 2017.","cover":"https://docs.google.com/uc?id=1IJg1sGmuOSjie1XJkHHhg2djMKSb1DKZ"},{"title":"Ghost (2019)","id":"https://drive.google.com/file/d/1VlZdlCP4SprA2wkkVUkr2d1KO28k13Zp/view?usp=sharing","description":"ကျွန်တော်တို့ အိန္ဒိယဇာတ်ကားတွေ ခုတလောတင်ဆက်ပေးတဲ့အထဲ အချစ်၊အကြမ်းတွေပဲ များနေခဲ့တာခုချိန်မှာတော့ အပြောင်းအလဲတစ်မျိုးနဲ့ သရဲကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။\nဇာတ်လမ်းအကျဉ်းအရ.\nရွေးကောက်ပွဲဝင် ကိုယ်စားလှည်လောင်းမစ္စတာ ကာရန်ခန်းနား ညဘက် အိမ်ပြန်မအိပ်နိုင်ဘဲမနက်စောစောမှ အိမ်ပြန်တဲ့အခါ သူ့ရဲ့ ဇနီးဟာသေဆုံးလျက်သား တွေ့ခဲ့ရပါတယ်။\nရဲတွေရရဲ့ စီစီတီဗီ မှတ်တမ်းတွေ တွေ့ရှိချက်အရမစ္စတာ ခန်းနားဟာ ညဘက် ၂နာရီဝန်းကျင်မှာအိမ်ပြန်လာပြီး သတ်သွားတယ်လို့ သိရတယ်။\nမစ္စတာ ခန်းနားကိုယ်တိုင်ကလည်း တစ်ညလုံးအိမ်ပြန်မအိပ်နိုင်ဘဲ ပါတီဝင်တွေနဲ့ အတူရှိနေကြောင်းပြောတယ်။\nဒါပေမဲ့ ရဲတွေဖက်က သက်သေခိုင်လုံနေတော့အသက်ငယ်ငယ်နဲ့ ဂုဏ်သရေရှိမစ္စတာ ခန်းနားဟာ အချုပ်ထဲ ရောက်နေခဲ့ရပါတယ်။\nဒါပေမဲ့ ရှေ့နေငှားခွင့်ရှိတဲ့ အလျောက်မစ္စတာခန်းနားရဲ့ စည်းရုံးရေးမန်နေဂျာ ဘော့ဘ်အာနန်းကို အတော်ဆုံးရှေ့နေတစ်ယောက် ငှားရမ်းခိုင်းခဲ့ပါတယ်။\nသူ ငှားရမ်းခဲ့တဲ့ ရှေ့နေမလေးကတော့ မစ်ဆင်းရ်ပါ။\nမစ်ဆင်းရ်ဟာ ဖခင်သေဆုံးမှု၊ အက်ဆီးဒန့်တွေဖြစ်ခဲ့တဲ့အတွက် လတ်တလောမှာ မော်ဖင်းတွေ စွဲနေသူ တစ်ဦးပါ။\nမစ္စတာ ခန်းနားရဲ့ အမှုကို ကိုင်တွယ်ပေးဖို့ လေ့လာတဲ့အခါကျွန်တော်တို့ အိမ်မှာ ဝိညာဉ်တစ်ကောင်ရှိနေတယ် ဒါကို ကျွန်တော်တို့ လင်မယားနှစ်ယောက်လုံး သိတယ်\nသူ ကျွန်တော့်မိန်းမကို သတ်တာ ဆိုပြီးထွက်ဆိုတယ်။\nဒါကို လက်မခံနိုင်တဲ့ မစ်ဆင်းရ်ဟာ အမှန်တရားကိုအမှုသည်နဲ့ အတူရှာဖွေရာမှာတော့.။\nဒီကားရဲ့ ဒါရိုက်တာကတော့ ၂၀၁၁ ခုနှစ်ထွက်ရှိခဲ့တဲ့နာမည်ကြီး Haunted ဆိုတဲ့ သရဲကားရဲ့ ဒါရိုက်တာ Vikram Bhatt ဖြစ်ပြီးRatingကလည်း 7.7/10 အထိရထားပါတယ်။\nခုံအောက်က လက်ထွက်လာတာတွေ၊သွေးကွက်တွေနဲ့ မျက်နှာ ရုတ်တရက်ပေါ်လာတာမျိုးတွေ ပါနေတဲ့အတွက် နားကြပ်တပ်ပြီးညဖက် ကြည့်တာမျိုးမှ ပိုပြီး ဖီးလ်ရှိမယ်လို့ ပြောလိုက်ပါစေ။\n\nဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။","cover":"https://docs.google.com/uc?id=1Ia51IvmTqEktNFFx6CUboPAKn_HGBZ0B"},{"title":"SanamTeriKasam (2016)","id":"https://drive.google.com/file/d/1JdvWmc-j7dbMbjLNxvjl5fvXJ-HuSjav/view?usp=sharing","description":"အရမ်းကို ဘာသာရေး လုပ်ပြီး ရှေးရိုးစွဲကြီးတဲ့ အိမ်မှာ\nဆာရူး ဆိုတဲ့ သမီးတစ်ယောက် ရှိတယ် သူက ပုံတုံးတယ်\nရိုးတယ် အ တယ် သူ့ကို လူတိုင်းက အသုံးချလဲ သူခံတယ်\nအမြဲတမ်း မျက်နှာလေးကို ပြုံးပြုံးထားတယ်…\n\nသူက ဥာဏ်ကောင်းပြီး တော်ပေမဲ့ အိမ်က ပေးစားတဲ့\nယောင်္ကျားကို ယူရဖို့ပဲ စောင့်နေရတဲ့ သမီးကြီးပေါ့\nသူ့အောက်က ညီမဖြစ်သူကတော့ ခေတ်ဆန်ပြီး\nရည်းစားရှိတယ် India တွေ ထုံးစံ အတိုင်း\nအကြီး မင်္ဂလာဆောင်မှ အငယ်က မင်္ဂလာဆောင်ရတယ်\n\nဒီတော့ ညီမ ဖြစ်သူကလဲ ယောင်္ကျားမရသေးတဲ့ ဆာရူး ကို\nအမြဲလိုလို နှိမ်နေခဲ့တယ်…\nဆာရူး အိမ်က သက်မှတ်ထားတာကလဲ နိုင်ငံခြား ဘွဲ့ ၂ ခုလောက်\nအနည်းဆုံးရထားပြီး မျိုးရိုးမြင့်တဲ့ မိသားစု ကို သားမက်တော်ချင်တာ\n\nဒါပေမဲ့ အတော်များများက ဆာရူးကို လာကြည့်ပြီး ပုံတုံးလွန်းလို့ခေါင်းခါထွက်သွားတာ ၁၀ ယောက်ထက် မနည်းတော့ဘူး… ဒီလိုကံဆိုးနေတာ ဆာရူး တစ်ယောက်ပဲ ရှိမယ် ထင်ရတယ်…\n\nဆာရူး တို့ ကွန်ဒိုတိုက်မှာ အခန်းငှားနေတဲ့ ဂျလေဘီ ဆန်ဆန်ကောင်လေး တစ်ယောက် ရှိတယ် တစ်ကိုယ်လုံး တက်တူးတွေနဲ့အမြဲတမ်း ဘီယာလေး တမြမြ နဲ့ မူးနေတဲ့သူ\nသူ့အခန်းဆိုရင်လဲ ညတိုင်း မိန်းမပျက်တွေ ၀င်ထွက်နေတဲ့နေရာနာမည်လေးကလဲ ဆိုးသေး လူသတ်မှုနဲ့ ထောင်က လွတ်လာသူ\n\nသူ့နာမည်က အင်ဒါ တဲ့\nရုပ်ချောပြီး ဗလ ခပ်တောင့်တောင့် နဲ့ ကောင်လေးပေါ့…\nတစ်ရက် ဆာရူး ရဲ့ အဖြစ်ကို အင်ဒါ မြင်သွားတယ် သနားသွားမိတယ်ဆာရူး အလုပ်လုပ်တဲ့ စာကြည့်တိုက်မယ် စာအုပ်တွေ သွားငှားပေါ့\n\nအင်ဒါ ရဲ့ လက်ရှိရည်းစားကလဲ နာမည်ကြီးဖက်ရှင်ဒီဇိုင်နာ တစ်ယောက်ဆိုတာ ဆာရူး သိတဲ့နောက်မှာ လူခြေတိတ်ချိန်လေး အင်ဒါ အခန်းကိုသွားအင်ဒါ ရည်းစားဆီမယ် သူမ ပုံစံကို ပြောင်းလဲပေးဖို့ အကူအညီတောင်းခဲ့တယ်အဲ့ဒီအချိန်မှာပဲ မူးနေတဲ့ အင်ဒါ ရည်းစားရောက်လာ ရန်တွေဖြစ်ကြအင်ဒါ ဒဏ်ရာ ရသွားလို့ ဆာရူးက ဆေးခန်းလိုက်ပို့ နဲ့\n\nတိုက်ခန်းက လူတွေကတော့ ဒီကောင်လေး နဲ့ ကောင်မလေးညားနေပြီဆိုပြီး ဆာရူးအဖေကြီးကို ချွန်တွန်းလုပ် ဟိုရှေးရိုးစွဲအဖေကြီးက ဆာရူး ကို အိမ်က နှင်ထုတ်လိုက်တယ်…\n\nဘ၀ မှာ မိသားစုကလွဲပြီး ဘယ်သူမှ မရှိဖူးတဲ့ ဆာရူး တစ်ယောက်လေလွင့်ရတော့မယ့် အခြေအနေမှာ အင်ဒါက ဘေးနားကကိုယ်ရံတော်လို မားမားမတ်မတ် ရပ်တည်ပေးပြီး\nအစွဲကြီးတဲ့ ဆာရူး တို့ အဖေ ဘယ်လို ပြန်ခွင့်လွှတ်လာအောင်\nကူညီမလဲ ဆာရူး ရဲ့ နဖူးစာ မှာပါတဲ့ ချစ်သူကရော အင်ဒါဖြစ်လာမှာလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါစို့…","cover":"https://docs.google.com/uc?id=1tjGJ0xWGAo_7atrLDduOxbLcwnRlTbZU"},{"title":"The Sky Is Pink(2019)","id":"https://drive.google.com/file/d/1JsTtiqz7MsNWS4-0CuIQAyp7VDVRCUgr/view?usp=drivesdk","description":"The Sky Is Pink (2019)\n\nIMDb 7.1/10\n\nRotten Tomatoes 70%\n\nIndieWire 3/5\n\n၂၀၁၉ ကားကောင်းတွေအထွက်နည်းတဲ့ ဘောလီဝုဒ်လောမှာ ဒီကားလေးကတော့ ကားကောင်တစ်ကားဆိုတာ အသေအချာကိုပြောရဲပါတယ်\n\nနိုင်ငံတကာရုပ်ရှင်အဆင့်သတ်မှတ်ချက်တွေလည်းကောင်းသလို ဝေဖန်ရေးသမားတွေလည်းအကြိုက်တွေကခဲ့တဲ့ကားပါ\n\nဒါ့အပြင် ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တိုင်းကလည်း အပိုအလိုမရှိကွက်တိတွေချည်းပါပဲ\n\nဇာတ်လမ်းကလည်း ဖြစ်ရပ်မှန်ဇာတ်လမ်းဆိုတော့ အဆွေးခံရှိသူတွေအတွက် ဝမ်းနည်းစရာဇာတ်လမ်းတစ်ပုဒ်ပါ\n\nသိပ်ကောင်းလွန်းလို့ အညွှန်းပေါ့သွားရင် မကြည့်ဘဲကျော်သွားမှာလည်းစိုးရိမ်မိပါတယ်\n\nဇာတ်လမ်းလေးကတော့ ချောင်ဒရီးမိသားစုရဲ့ လောကဓံကို အလျော့မပေးဘဲ ကြံ့ကြံ့ခံရင်ဆိုင်တာကို ရိုက်ပြထားတဲ့ မိသားစုဒရာမာဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်\n\nဆိုးရွားတဲ့ရောဂါကြီးနဲ့မွေးဖွားလာတဲ့ သမီးလေး အိုင်ယ်ရှားအတွက် ချောင်ဒရီးဇနီးမောင်နှံရဲ့ ကြိုးစားအားထုတ်မှုတွေကို\n\nနာမည်ကျော်သရုပ်ဆောင်တွေဖြစ်တဲ့ ပရီယမ်ကား ဖရန်အခ်သားနဲ့ Secret Superstart ထဲက အားလုံးအသည်းကျော်လေး ဇိုင်ယာဝဆင်းတို့နဲ့\n\nအကောင်းဆုံးတည်ဆောက်သရုပ်ဖေါ်ထားတဲ့ အိန္ဒိယကားကောင်းတစ်ကားဖြစ်ပါတယ်\n","cover":"https://docs.google.com/uc?id=1OK4-zau7ctmyLwoCOyduf4L2vVKKr3qi"},{"title":"Kick (2014)","id":"https://drive.google.com/file/d/15447VrvGZuAbbH4gdntxq3V9vCEa1uWA/view?usp=sharing","description":"ဒီကားလေးက bollywood မင်းသား\nဆလက်မန်ခမ်း ပါ၀င်ထားတဲ့ဇာတ်ကားကောင်းလေးပါ\n\nဇာတ်လမ်းအကျဉ်းမှာတော့\n\nရိုင်နာဆိုတဲ့ မင်းသမီးဟာ သူမအဖေ၏ စကားအရ\nလူတစ်ဦးနဲ့သွားရောက်ဖို့အကြောင်းဖန်လာပါတယ်\n\nထိုသူသည်ရဲအရာရှိတစ်ဦးဖြစ်၍ နာမည်ကျော် လူဆိုးဖမ်းအရာရှိတစ်ဦးလည်းဖြစ်သည်\n\nရှိုင်နာ နဲ့ ထိုရဲအရာရှိတွေ့ဆုံပြီး လက်ထပ်ဖို့ ကိစ္စ ဆွေးနွေးရမည်ဖြစ်သော်လည်း\nအတိတ်ဇာတ်လမ်းကိုသာ ပြောဖြစ်ခဲ့ကြသည်\n\nရိုင်နာ၏ အတိတ်မှာတော့ မေ့မရခဲ့တဲ့ချစ်သူ ရှိခဲ့ကြောင်း ပြောပြခဲ့သည်။\nသူ၏ အမည်မှာဒေးဗစ်ဆင်းဂ် ဖြစ်သည်။\nသူသည် လူအများအား စနောက်သန်သူဖြစ်၍ ကူညီတတ်သူလည်းဖြစ်သည်။ \nတစ်နေ့မှာ သူမ၏အဖေနှင့် တွေ့ပြီးအပြန်\nသူမက အလုပ်လုပ်ရန်တိုက်တွန်းလေသည်။\nထိုအခါ ပျော်စရာဘ၀နှင့် လူတို့အပြုံးသာလိုလားသော သူတစ်ပါးအားအောက်မကျို့သော ဒေးဗစ်ဆင်းဂ်တို့စကားအနည်းငယ်များပြီး ဒေဗစ်ဆင်းဂ်မှာ \nရှိုင်နာနှင့် အဆက်အသွယ်မရှိတော့ပေ။\n\nအရာရှိမှာလည်း သူ့ဘ၀တွင်မေ့မရတဲ့ လူတစ်ဦးရှိကြောင်း၊ထိုသူသည် ဒီးဗဲလ်သူခိုးတစ်ဦးဖြစ်၍\nထိုသူသည် ကြိုတင်အသိပေးပြီးမှခိုးယူသူဖြစ်ကြောင်း၊\nမျက်နှာဖုံးတစ်ခုအားကာဗာယူ ခိုးသူတစ်ဦးလည်းဖြစ်၍ ထိုသူအားလည်းမမြင်ဖူးကြောင်း\nမည်သို့ပင်ဆိုစေ\nထိုသူအား ဖမ်းမိရန်မိမိမှာ တာဂန်အပြည့်ရှိကြောင်း ရိုင်နာအားပြောပြခဲ့လေသည်။\n\nသူတို့နှစ်ဦး အိမ်ပြန်လမ်းလျှောက်ခရီး တွင်\nလူတစ်ဦးက သူသိလိုသော လိပ်စာအား\nရှိုင်နာအား လာမေးရာ\nထိုသူသည် ဒေးဗစ်ဆင်းဂ် ဖြစ်သော်လည်း\nရှိုင်နာအား မသိသလို\n\nတကယ်ပင် အတိတ်ပင်မေ့နေသလော\nဟန်ဆောင် နေသလော\nရှိုင်နာ၏ အိမ်တွင် နေ၍ မည်သို့အကွက်ရွေ့ မည်သို့\nခိုးယူခြင်းလုပ်မည်ကိုလည်းကောင်း\n\nရဲအရာရှိအားပင် ပခုံးဖက်၍ မိမိဒီးဗဲလ် အမည်ဝှက်ဖြင့် သူခိုးတစ်ဦးမှန်းမသိအောင်\nပိပိရိရိနေတတ်ခဲ့သည်\n\nထို့နောက် ဒေးဗစ်ဆင်းဂ် ခေါ် ဒီးဗဲလ် သည်\nမည်သို့သာအကြာင်းကြောင့် ခိုးယူခဲ့ခြင်းဖြစ်ကြာင်း\n\nအောက်မကျို့တတ်သော ဒေးဗစ်ဆင်းဂ်တစ်ယောက်\nမည်သို့သောအခြေအနေတို့နှင့် ရင်ဆိုင်ခဲ့ရ၍သူခိုးဖြစ်ခဲ့ရကြောင်းကိုလည်း\nရင်သပ်ရှုမောဖွယ် စောင့်ကြည့်ရမှာပါ\n\nထို့အပြင် ရဲအရာရှိ ကလည်း ဒေးဗစ်ဆင်းဂ် ခေါ်ဒီးဗဲလ်အား မည်သို့ကြိုးစား ဖမ်းဆီးမည်ကိုလည်း စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ\n\nရဲအရာရှိ ကပင် ဖမ်းမိမလား\nဒီးဗဲလ်ကပင် လွတ်မြောက်မလား\nဒီးဗဲလ်ဆိုသူမှာလည်း\nသာမန်သူခိုးမဟုတ်ပဲမည်သို့သောသူဖြစ်မည်ကိုလည်း စိတ်လှုပ်ရှားစွာ ကြည့်ရမှာပါ\n\nဒီကားလေးဟာ ဟာသတွေနဲ့ပြည့်သလို\nလူလူချင်း မည်သို့ကိုယ်ချင်းစာရမည်ကိုလည်းညွှန်းဆိုထားပါတယ်\nအချစ်အလွမ်းတွေနဲ့ ကြည်နူးရသလို\nအကြမ်း အတမ်းတွေနဲ့ ဖလန်းဖလန်းထ\nကစ်ကွက်ကလည်းအစုံမို့\nလက်မလွှတ်သင့်တဲ့ကားကောင်းလေးတစ်ခုပေါ့","cover":"https://docs.google.com/uc?id=1uS5X2eQU0_dohGN3lsa44t0BtFgUr9wh"},{"title":"Batla House(2019)","id":"https://drive.google.com/file/d/1qjKOPklNPPYoYU9wccBRdVpy0Ij4II5r/view?usp=sharing","description":"Batla House (2019) မြန်မာစာတန်းထိုး \n============================\nတကယ်တော့ ဒီဇာတ်လမ်းက ဖြစ်ရပ်မှန်ကို အခြေပြုပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားပါ။\n\n၂၀၀၈ ခုနှစ် စက်တင်ဘာလ ၁၃ရက်နေ့က ဒေလီမြို့မှာ ပေါက်ကွဲမှု ငါးကြိမ်ဖြစ်ပွားပြီးတဲ့ နောက်ပိုင်း စက်တင်ဘာလ ၁၉ရက်နေ့က\n\nဒေလီမြို့၊ ဂျမီယာနဂါးအရပ်မှာရှိတဲ့ ဖြစ်ပွားခဲ့တဲ့ Batla House encounter case (Batla House ပစ်ခတ်ဖမ်းဆီးမှု) သို့မဟုတ်\n\nOperation Batla House (Batla House စစ်ဆင်ရေး) ကို အခြေခံထားတာပါ။\n\nအဲ့ဒီစစ်ဆင်ရေးမှာ အကြမ်းဖက်သမားလို့ရဲတွေဘက်က ယူဆထားခဲ့တဲ့ Jamia Millia Islamia University (ဂျမီယာမီလ်လာအစ္စလာမ်မီယာတက္ကသိုလ်)က\n\nကျောင်းသားငါးယောက်ကို ပိတ်ဆို့ဖမ်းဆီးရင်း နှစ်ဦးနှစ်ဖက် ပစ်ခတ်တဲ့ အခြေအနေကို ရောက်သွားတယ်။\n\nဒီဖြစ်စဉ်မှာ ကျောင်းသား ၂ယောက်ကို အသေဖမ်းမိတယ် ၊ ၂ယောက်က လွတ်သွားပြီး ၊ ကျန် ၁ ယောက်ကို အရှင်ဖမ်းမိတယ် ။\n\nရဲတွေဘက်မှာလည်း စစ်ဆင်ရေးကို ဦးဆောင်တဲ့ အရာရှိတစ်ယောက် ကျဆုံးပြီး ၊ တစ်ယောက်က တရားအစွဲခံရတယ်။\n\nအဲ့ဒီအချိန်တုန်းက ဒေလီရဲတပ်ဖွဲ့ကို ပြည်သူက အယုံအကြည်ကင်းမဲ့နေချိန်မို့ ဒါဟာ ရဲတွေဘက်က နိုင်ငံရေးလှည့်ကွက်တစ်ခုကို ဖန်တီးပြီး \n\nပြည်သူတွေနဲ့နိုင်ငံရေးသမားတွေကို လှည့်ဖြားတယ်လို့ပဲ အားလုံးက ယူဆလိုက်ကြတယ်။\n\nဂျမီယာမီလ်လာအစ္စလာမ်မီယာတက္ကသိုလ်က ကျောင်းသားတွေ ၊ ကျောင်းဆရာတွေနဲ့ နိုင်ငံရေးသမားတွေ ဆူပူအုံကြွလာတယ်။\n\nအပြစ်မဲ့ ကျောင်းသားတွေကို သတ်ရပါ့မလားဆိုပြီး ဆန္ဒပြကြတယ်။မီဒီယာကနေ အော်ကြတယ်။\n\nအဖက်ဖက်က အစိုးရကို ဖိအားတွေ ပေးလာတဲ့အချိန်မှာ ဒီစစ်ဆင်ရေးကို ဦးဆောင်တဲ့ အရာရှိမိုဟန်ချန်းရှာမားတစ်ယောက် အပြစ်မဲ့ ကျောင်းသား၅ယောက်ကို\n\nသတ်ခဲ့တဲ့ စွပ်စွဲချက်ကြောင့် တရားရုံးမှာ တရားရင်ဆိုင်ရမယ့် အခြေအနေအထိ ဖြစ်လာခဲ့တော့တယ်။\n\nအဖြစ်အပျက်ကို အခြေခံပြီး ၊ ဒီစစ်ဆင်ရေးကို ဦးဆောင်ခဲ့တဲ့ အရာရှိ မိုဟန်ချန်းရှာမားနေရာကို\n\nမင်းသားကြီး ဂျွန်အေဗရာဟမ်က ဆန်ဂျေးကူးမားရ်ဆိုတဲ့ ဇာတ်ကောင်နာမည်နဲ့ ပါဝင် သရုပ်ဆောင်ထားပါတယ်။\n\nဖြစ်ရပ်မှန်ဇာတ်ကားဆိုတော့ အစပိုင်းမှာ ဟိုရောက်လိုက် ဒီရောက်လိုက် ဖြစ်နေသလို ခံစားရနိုင်ပေမယ့်\n\nဇာတ်လမ်းရဲ့ ဆွဲငင်နိုင်မှုက အတော်ကြီးကို အားကောင်းလှပါတယ်။\n\nအဆုံးသတ်အထိ ကြည့်ပြီးသွားရင်တော့ ရသတစ်ခုခုကို ခံစားရမယ်လို့ယုံကြည်မိပါတယ်။\n\n(အညွှန်းနဲ့ ဘာသာပြန်ပေးထားကြသူတွေကတော့ ညီညီကိုးနဲ့ မြင့်သူ ပါ။)\n","cover":"https://docs.google.com/uc?id=1_xp-gzjx9oImLUovOBlhhM4WBRuFwTyJ"},{"title":"Super 30 (2019)","id":"https://drive.google.com/file/d/1T0rVLOXJryxDcMznFyzX1P8naKnWaFA7/view?usp=sharing","description":"Super 30 (2019)\n=============\n\n2019 ခုနှစ်မှာ အောင်မြင်မှု တော်တော် ရခဲ့ပြီး 2017 ကတည်းက ပျောက်နေတဲ့ လက်ပွားမင်းသားခေါ် Hrithik Roshan ရဲ့ ရုံတင်ဇာတ်ကားကြီး အကြည်တက်ပြီမို့ တင်ဆက်ပေးလိုက်ပါတယ်။\n\nဒီကားကတော့ အိန္ဒိယနိုင်ငံရဲ့ သင်္ချာဆရာ အာနန်းကူးမားနဲ့ သူ့တပည့်တွေရဲ့ ဘဝကို ပြန်လည်ပုံဖော်ထားတဲ့ ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိ ရုပ်ရှင်ပါ။\n\nIMDb Rating - 8.5/10\n\nGoogle Users - 96%\n\nGenere - Drama\n\n---------------------------------------------------\n\nအညွှန်းမရေးခင် ကြိုပြောချင်ပါတယ်။ ‌အညွှန်းမဖတ်ဘဲ ကြည့်တာက ပိုပြီး သင့်တော်မယ်လို့ ထင်မိပါတယ်။\n\n‌တစ်ကွက်ချင်းစီက ဇာတ်လမ်းရဲ့ ဆွဲဆောင်မှု ဖြစ်နေတော့ ရှောင်နိုင်တာ အကောင်းဆုံးပါ။\n\nSpoiler တော့မပါပါဘူးခင်ဗျ။\n\n‌ ‌ ‌ကဲ့ ပထမပိုင်းအတွက် အညွန်းလေး စပြီ။\n\n‌ ‌နွမ်းပါးပြီး စာကြိုးစားတဲ့ လူငယ်လေး အာနန်းကူးမားဟာ သင်္ချာဘာသာရပ်မှာ အရမ်းထူးချွန်ပါတယ်။ ‌\n\nသူကိုယ်တိုင် သင်္ချာကို ဝါသနာပါတာမို့ ‌နိုင်ငံခြား ဂျာနယ်တွေအထိ သူ့ဆောင်းပါးကို ဖော်ပြခံရတယ်။ ‌ ‌\n\nဒီလို သူ့ရဲ့ အရည်အချင်းကြောင့် ‌သူ မျှော်လင့်ချက် အိပ်မက်တစ်ခု ဖြစ်တည်လာခဲ့ပါတယ်။ ‌\n\nကမ့်ဘရစ်ခ်ျ (Cambridge) ၊အောက်စ်ဖို့ဒ်(Oxford) စတဲ့ တက္ကသိုလ်တွေက ‌သင်္ချာအထူးပြုနဲ့ PhD ရဖို့ပေါ့။ ‌ ‌\n\nလူဆင်းရဲတစ်ယောက်အတွက် အိပ်မက်တွေဟာ ရောင်စုံခြယ်ဖို့ ဈေးကြီးလွန်းလှပါတယ်။ ‌ ‌\n\nဒီလိုနဲ့ မမျှော်လင့်ဘဲ ဒုက္ခမိုးတွေ သူ့ဆီရွာသွန်းခဲ့ရာမှာတော့....\n\nဒုတိယပိုင်း(နောက်ပိုင်း)အတွက် ထပ်ညွှန်းရရင်တော့... ကိုယ်ပိုင်ခံစားမှုလေး ထည့်ပါရစေ။\n\nပညာရေးကို စီးပွားရေးအဖြစ် အသုံးချလာကြတဲ့ လူအသိုင်းအဝိုင်း၊ ပညာရွှေအိုး လူမခိုး လို့ပဲ ဆိုရိုးရှိခဲ့တာပါ။\n\nရွှေအိုးရှိမှ ပညာရ ဆိုတဲ့ စကားပုံတော့ မတွင်ကျယ်ခဲ့ဘူး။\n\nပတ်ဝန်းကျင်မှာ ကျောင်းမနေနိုင်တဲ့ ကလေးတွေ မျးလာတယ်။\n\nကျောင်းနေရင် ကျူရှင်မယူရတဲ့ ကလေးတွေမှာ လကုန်တိုင်း ကျူရှင် ဆရာ မျက်နှာမဲ့မှာကို ကြောက်လာကြရတယ်။\n\nကျူရှင်စရိတ်(လခ)ပေးနိုင်ဖို့ အိမ်ကနေ အတင်းတောင်းရင်း ကျူရှင်ပျက်ရာက ကျောင်းထွက်သွားရတဲ့အထိ မြင်ဖူးခဲ့တယ်။\n\nအဲ့ဒီလို ကလေးတွေ ရှိကြတယ်။ ဒါတွေကို မြို့နယ်မှာ အတော်ဆုံး လူဆင်းရဲဘဝက ရုန်းကန်ခဲ့ရတဲ့ ဆရာအာနန်းကူးမား နားလည်ခဲ့ရာမှာတော့.....\n\nSuper 30 အိပ်မက်တစ်ခု ဖြစ်တည်လာခဲ့ပါတယ်။\n\n--------------------------------------------\n\nစာသင်ပြပုံတွေကို ရောထွေးပြီး ရိုးအီနေအောင်မထည့်ထားဘဲ အဓိက အထွတ်အထိပ်ရောက်မှ လိုအပ်သလို ဆွဲယူပြတာတွေက တော်တော်လေး အံ့မခန်းပါ။\n\nနောက်ခံတီးလုံးတွေလည်း သစ်တယ်။\n\nမျက်ရည်ကျလောက်တဲ့ ဘဝသရုပ်ဖော်တွေကို ပရိသတ်ကို ဆွဲခေါ်သွားနိုင်တာက လေးစားဖွယ်။\n\nအခက်အခဲတွေ မျိုးစုံကို ရင်ဆိုင်နေရတဲ့ ဆရာတစ်ယောက်အတွက် တပည့်တွေက အတူဖြေရှင်းကြပုံတွေက အတုယူဖွယ်။\n\nဒီဇာတ်ကားဟာ ပညာရေး(Education) ကို အခြေခံထားပြီး ဘဝသရုပ်ဖော်တွေ ကို ရင်ဘတ်ထဲ ထည့်တော့မှာမို့ ကိုယ်တိုင်သာ ခံစားကြည့်ဖို့ အောက်က မန့်ဘောစ်ထဲ ဒေါင်းလုဒ်လင့်ကို ကော်ပီယူပြီး ဒေါင်းယူနိုင်ပါပြီ။\n\n(စာအရေးအသား ဖတ်ရဆိုးတာမျိုးရှိရင် ကြိုတင် တောင်းပန်ပါတယ်။ စကားတွေ အများကြီး ပြောပေမဲ့ စာက နည်းနေတာမျိုးတွေ ရှိတတ်လို့ နားလည်လွယ်အောင် ကြိုးစားရေးရင်း ဖတ်ရတာ မပြေမပြစ်ဖြစ်နေတတ်လို့ပါ)\n\n(အညွှန်းနဲ့ ဘာသာပြန်ပေးထားကြသူတွေကတော့ ညီညီကိုးနဲ့ မြင့်သူ ပါ။)\n\nTranslated by Nyi Koe And Myint Thu\nEncoded by Thanhtike Zaw\n\nCredit - CM","cover":"https://docs.google.com/uc?id=1C2xsObLfI8ccr3ZfJAtdyYE2nOIQzUV6"},{"title":"Panipat (2019)","id":"https://drive.google.com/file/d/1Pn3giCVpW85acULSFEZXFzKJEauyhAds/view?usp=drivesdk","description":"ာရာသတိုင်းမှာရှိတဲ့ တိုင်းသူပြည်သားတွေ ရဲစွမ်းသတ္တိနဲ့ပြည့်စုံပြီး သူတို့တိုင်းပြည်ရဲ့လက်အောင်မှာ တိုင်းပြည်ငယ်တော်တော်များများရှိကြတယ်..သူတို့တိုင်းပြည်ကိုလည်း နှစ်စဉ် အခွန်ပေးဆောင်ကြရပါတယ်..ဒါပေမယ့်တစ်နေ့မှာတော့ တိုင်းပြည်ငယ်တစ်ခုကအခွန်မပေး ဆောင်တဲ့အပြင် ရာဇသံလာပေးတဲ့စစ်သူကြီးတစ်ဦးကိုပါ သတ်ဖြတ်ပစ်လိုက်တယ်..အဲ့ဒီမှာ ဇာတ်လမ်းကစတော့တာပဲ….ဒီတိုင်းပြည်ငယ်ဟာ အာခံရတဲ့အကြောင်းရင်းလည်းရှိပါတယ်…အဲ့ဒါက အာဖဂန်နစ္စတန်ဧကမရာဇ်မင်းတစ်ဦးနဲ့ပူးပေါင်းပြီး အင့်အားတောင့်တင်းလာတဲ့အပြင် အိန္ဒိယ တစ်ပြည်လုံးကိုသိမ်းပိုက်ဖို့အထိတောင် ရည်ရွယ်ထားပါတယ်….ဒီဇာတ်လမ်းဟာပြသချိန်သုံးနာရီနီးပါး ကြာမြင့်ပေမယ့် အစအဆုံးထိ ဇာတ်လမ်းဇာတ်ကွက်တိုင်းက ဆွဲဆောင်မှု ရှိပါတယ်..ဆာဒါးရှိဗ်ဟာ အာဖဂန်တပ်နဲ့စစ်ခင်းဖို့အတွက် သူ့လက်အောက်ခံတိုင်းပြည်တွေ နဲ့ပူးပေါင်းဖို့ ကြိုးစားအားထုတ်ပုံတွေ..စစ်နည်းဗျူဟာတွေ တွေ့မြင်ရသလို တိုက်ပွဲတွေ အက်ရှင်ခန်းတွေကိုလည်း များစွာကြည့်ရမှာပါ…. လက်အောက်ခံတိုင်းပြည်တွေကရော ဆာဒါးရှိဗ်မျှော်လင့်ထားသလို သူနဲ့အတူပူးပေါင်းပြီး အာဖဂန်တွေကို တိုက်ထုတ်ကြမှာလား..တိုက်တဲ့စစ်ပွဲတွေရော အောင်မြင်ပါ့မလား….ဆိုတာကိုတော့\nCredit -> cm","cover":"https://docs.google.com/uc?id=1vcXePncXEAnORZ-nTPXsIRJB-YXSOlCx"},{"title":"Bhaagamathie (2018)","id":"https://drive.google.com/file/d/1cehSHa-g5NeO4YY2hM6-DdS0HjqQaszi/view?usp=drivesdk","description":"၂၀၁၈ ခုနှစ်ထွက် အလန်းစား တမီလ်ကားလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် \n\nနိုင်ငံရေး ဇာတ်ရှုပ်တွေ အရမ်းခေတ်စားတဲ့ ဘောလီးဝု၊ သောလီးဝု ဇာတ်ကားတွေထဲမှာ\nရှုပ်ထွေးလှတဲ့ နိုင်ငံရေး လုပ်စားကွက်တွေကို ဟော်ရာ(horror) ထည့်ရိုက်ထားတဲ့၊\nနိုင်ငံရေးနဲ့ ဟော်ရာပေါင်းစပ်ရိုက်ကူးထားတဲ့၊ ဇာတ်ကားကောင်းတစ်ကားပါ...\n\nအခုခေတ် ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေ ကြားထဲမှာ အရင်ခေတ်က\nမိဘုရား တစ်ပါးက ဘယ်ကနေ ဘယ်လို ပါဝင်လာသလဲ?\n\nဘုရင်တစ်ပါးရဲ့ အင်အားသုံးခုဖြစ်တဲ့ ငွေရယ်၊ လူထုထောက်ခံမှုရယ်၊\nဦးဏှောက်ရယ်ကို ဘယ်လိုမျိုး ကစားသွားသလဲ?\n\nစတာတွေကို ကြည့်ရှုရမဲ့ ဇာတ်ကားကောင်း တစ်ကားပါ\nရိုက်ချက်ကောင်းကောင်း၊ ဇာတ်လမ်းကောင်းကောင်း ကြည့်ချင်တဲ့သူတွေအတွက်\nရည်ရွယ်ထားတဲ့ ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး","cover":"https://docs.google.com/uc?id=1vzKBF_3_VPWOBfh2AqujtllU-F0jwTAG"},{"title":"A Gentleman (2017)","id":"https://drive.google.com/file/d/1GShVtZ2foCcHFN08GEShRBIE-evBgdN4/view?usp=sharing","description":"​ဘောလိဝုဒ်​ကား​တွေရဲ့ထုံးစံအတိုင်းပရိသတ်​မထင်​ထား​လောက်​​အောင်​လှည့်ကွက်​​လေး​တွေကဆရာကျတတ်​ကြပါတယ်​။\n\nဇာတ်​​ကြောင်းဇာတ်​အိမ်​တည်​​ဆောက်​ပုံကလည်းတောင့်တင်းတယ်​ဆိုတာ ​ဘောလိဝုဒ်​ပရိသတ်​ကြီးလည်းသိပြီးသားပါ။\n\n​ဘောလိဝုဒ်​ကားအများစုဟာ ဟာသ/ အချစ်​ / အလွမ်း /ဇာတ်​ကြမ်း /လှည့်​ကွက်​ ​စတဲ့ ရသ​တွေထောင့်စေ့​အောင် ​တည်​​ဆောက်​ထား​လေ့ရှိပါတယ်​။\n\nဒီကား​လေးရဲ့အညွှန်းကိုမျှ​ဝေရမယ်​ဆိုရင်​ဖြင့် အိန္ဒိယနိုင်​ငံရဲ့လျှို့ဝှက်​​အေးဂျင့်အဖွဲ့တစ်​ခုဖြစ်​တဲ့ အဖွဲ့ X ​​အ​ကြောင်းလေးနဲ့ပဲစချင်​ပါတယ်​\n\n​​အဖွဲ့ X ရဲ့​ခေါင်​းဆောင်​ ကာနယ်​ဟာဆိုရင်​ဖြင့်​အာဏာကိုအလွဲသုံးစားလုပ်​ပြီး’ရ​လေလို​လေအိုတ​စေ ဆိုသလို’ကိုယ်​ကျိုးရှာ​လောဘသား​ခေါင်​းဆောင်​တစ်​​ယောက်​ပါအဖွဲ့ X ရဲ့​ခေါင်​းဆောင်​က​တော့ ရှရီဆိုတဲ့အရည်​အချင်းရှိ​အေးဂျင့်ပါ သူက​တော့ မတရားမှု​တွေလုပ်​​နေတဲ့​ခေါင်​းဆောင်​ရဲ့လက်​​အောက်​က​နေလွတ်​​မြောက်​ခွင့်ရဖို့ခက်​ခဲ​နေတဲ့သူတစ်​​ယောက်​ပါ ​\n\nသူ့သ​ဘောထားကိုသိသွားတဲ့ကာနယ်​က​နောက်​ဆုံးအ​နေနဲ့မစ်​ရှင်​တစ်​ခုလုပ်​​ပေးဖို့​တောင်းဆိုလိုက်​ပါတယ်​\n\nဒါကိုသ​ဘောတူပြီး​နောက်​ပိုင်းဘာ​တွေဖြစ်​လာမလဲ\n\nတစ်​ဖက်​မှာလည်းဒါရိုက်​တာပုံဖော်​ပြီးရိုက်​ပြထားတဲ့ ဂေါ်ရဗ်​ ဆိုတဲ့ဝန်​ထမ်းလေးတစ်​​ယောက်​အ​ကြောင်းလေးလည်းပြောချင်​ပါ​သေးတယ်​\nသူက​တော့ ဘဝကိုအရှုပ်​အရှင်းကင်းကင်းနဲ့ရိုးသားစွာဖြတ်​သန်းချင်​တဲ့သူပါ\n\nကုမ္ပဏီမှာအလုပ်​ကြိုးစားတယ်​\nအိမ်​​ကောင်းကောင်းတစ်​လုံးနဲ့​နေချင်​တယ်​\nသာမန်​​နေထိုင်​မှုလို့ပဲဆိုရမှာပါ\n\nမင်းသမီးကလည်းနာမည်​​ရေးပြစရာမလို​လောက်​​အောင်​ ​ဘောလိဝုဒ်​ပရိသတ်​​တွေအကြိုက်​ ဇာတ်​ကြမ်း/ အချစ်​/အလွမ်း /ဟာသ ဘက်​စုံရတဲ့သမီးတစ်​လက်​ပါ\n\nဒီ character ​တွေစု​ပေါင်းလိုက်​တဲ့ဇာတ်​လမ်းအသွားအလာဘယ်​လိုပီပြင်​လာမလဲဆိုတာ​တော့ ဇာတ်​ကားပြီးခါနီး​လေးမှပဲသိရမှာပါ\n\nဇာတ်​အိမ်​/ ဇာတ်​​ကြောင်း/ သရုပ်​​ဆောင်​/ ​နောက်​ခံသီချင်း အပြစ်​​ပြောရာမရှိ​အောင်​​ကောင်းတဲ့ ဇာတ်​ကား​လေးဖြစ်​​ပြီးဟာသ​လေး​တွေလည်းပါဝင်​ထားလို့ကြိုက်​နှစ်​သက်​ကြမယ်​လို့ ယူဆမိပါ​ကြောင်း…….","cover":"https://docs.google.com/uc?id=1w16SVogjNzDHZ0Tlr-YDrkWM2FmtFBnN"},{"title":"Ramaiya Vastavaiya (2013)","id":"https://drive.google.com/file/d/1A5R1DLus8oczoM3L-qCNKWwer1BindG7/view?usp=sharing","description":"အေးချမ်းလှတဲ့ ရွာလေးမှာ ရာဂူးဗိနဲ့ ဆိုနာဆိုတဲ့ တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြတဲ့ မောင်နှမနှစ်ယောက်ရှိတယ်။ ရိုးရိုးသားသား နဲ့ လယ်ယာမြေမှာ လယ်သမား တောသူတောင်သားဘဝနဲ့ ဘဝကို မောင်နှမနှစ်ယောက် အေးချမ်းစွာ ဖြတ်သန်း နေထိုင်လာရင်းနဲ့ပေါ့....\nတစ်နေ့ ညီမလုပ်သူရဲ့ သူငယ်ချင်း မင်္ဂလာဆောင်မှာ ညီမလုပ်သူကို မရမက မင်္ဂလာပွဲတက်ဖို့ ဖိတ်တာကြောင့် အကိုလုပ်သူမှာ ညီမငယ်ကို စိတ်မချလက်မချ ထည့်လိုက်ရတာပေါ့...အဲဒီတုန်းက သူ ထည့်ပေးလိုက်တာ ခဏ.. လို့ သူထင်ခဲ့ပေမယ့် ညီမငယ်ရဲ့ နှလုံးသားကို ခွဲဝေပေးရမယ့်သူနဲ့ တွေ့ခဲ့မယ်ဆိုတာ ...သူလည်း မသိနိုင်ခဲ့ဘူးလေ...\nမင်္ဂလာပွဲမှာ သူငယ်ချင်းရဲ့ အမျိုးတော်စပ်သူ ကိုလူချောရွှေမင်းသားလေး ရမ် ဟာ ချောမောလှပပြီး ရိုးသားအေးဆေးတဲ့ လယ်တောသူမလေး ဆိုနာကို အရူးအမူး စွဲလမ်းပါရောလား....ဂုဏ်တွေငွေကြေးတွေမြင့်တဲ့ ရွှေမင်းသားရဲ့မိဘတွေကတော့ လုံးဝ သဘောမတူပါဘူး...အဆင့်အတန်းမတူတဲ့ ရိုးသားဖြူစင်လှတဲ့ တောင်သူလယ်သမား မောင်နှမနှစ်ယောက် ကို အရှက်လှလှ ခွဲခဲ့ပြီး မောင်နှမနှစ်ယောက် နာကြည်းစွာနဲ့ ပြန်လာခဲ့ပါတယ်...\nအချစ်စစ်ကို လက်မလွှတ်နိုင်တဲ့ ရမ့် မှာတော့\nသူချစ်တဲ့ မိဘတွေကော..စည်းစိမ်ဥစ္စာတွေပါ စွန့်လွှတ်ထားခဲ့ပြီး သူချစ်မြတ်နိုးတဲ့ လယ်သူမိန်းကလေးဆီ အပြေးလာခဲ့ပါတော့တယ်...\nအရှက်ကောင်းကောင်းခွဲခံလိုက်ရတဲ့ အကိုတစ်ယောက်ရဲ့ ဒေါသကြောင့်\nချစ်သူနှစ်ဦး ဒုက္ခအခက်အခဲတွေကို ဘယ်လိုရင်ဆိုင် ဖြတ်ကျော်ခဲ့လဲဆိုတာရယ်..\nအချစ်စစ်တို့သွားရာလမ်းမှာ အခက်အခဲ အတားအဆီးတွေ များနေပေမယ့်လည်း နောက်ဆုံး တကယ်မေတ္တာမှန်ရင် မေတ္တာတရားသည်သာ အနိုင်ရစမြဲဆိုတာ ကြည့်ရှု့ရမှာပါ....\n\nကြည့်ပြီးရင်တော့ စိတ်ကူးလေးတွေယဉ်နေမိမှာပဲ လို့ ...","cover":"https://docs.google.com/uc?id=1wEcxQEn8ETbUSLF30Zm70B6r5ErkpmOM"},{"title":"Googly (2016)","id":"https://drive.google.com/file/d/1zbiioSMUBpWoFYAMViYb57St28lu-RxK/view?usp=sharing","description":"ဒီနေ့အတွက် ပွဲထုတ်ပေးလိုက်တာက\nGoogly ဆိုတဲ့ ကားလေးပဲ ဖြစ်ပါတယ်...\n\nဒီကားလေးက မင်းသားချောချောလေးနဲ့ မင်းသမီးချောချောလေးတို့ရဲ့ အချစ်၊အကြမ်းကားလေး...\n\nစာအရမ်းတော်တဲ့ မင်းသားပေါ့။ ဆော်လည်းရှုပ်၊ ပွေလည်းပွေ၊ တချို့မိန်းကလေးတွေဆို တစ်ဖက်သတ်ကြိတ်ခွက်ရ်ှကြတယ်။ \n(ကျနော့်လိုပဲ :3)\n\nတနေ့မှာတော့ ဘယ်မိန်းကလေးကိုမှ အတည်မချစ်ဘဲ တွဲလာခဲ့သမျှ \nမင်းသမီးဖြစ်တဲ့ အချောလေးကို ကြွေသွားရော (ကိုယ်တွေလို တူပြန်ပြီ) \n\nမာနကြီးတဲ့ကောင်မို့ ဖွင့်မပြောချင်၊\nအကြိမ်ကြိမ် ပြန်ဆန်းစစ်၊ ဒါပေမဲ့ သူဟာ တကယ်ချစ်တာပေါ့။\n\nဒီလိုနဲ့ သူတို့တွေအချင်းချင်း ရင်ဘတ်ထဲက ချစ်နေကြပေမဲ့ ဖွင့်မပြောတော့ ရည်းစားမမည်ဘူးပေါ့။\n\nတနေ့မှာ ကောင်မလေး ဆေးရုံတင်ထားရတော့ \nမင်းသား သတင်းလာ အမေးမှာ တခြားတစ်ယောက်နဲ့ တွေ့လိုက်ရတယ်။\n\nရန်ငြိုးတွေဖြစ်ပြီး ဖိုက်ကြရော။\nကောင်မလေး စိတ်ဆိုးပြီး မင်းသားကို ပါးရိုက်လိုက်တယ်။ \nမာနတွေ အချင်းချင်းနဲ့မို့က တစ်ကြောင်း၊\nရည်းစားမမည်တာက တစ်ကြောင်းရယ်နဲ့..\nအဆက်အသွယ် ဖြတ်သွားကြတယ်။\n\nသူတို့နှစ်ယောက် ပြတ်နေလိုက်ကြတာ\nမိန်းကလေးက ဆရာဝန်ဖြစ်ပြီး\nမင်းသားကတော့ ကမ္ဘာကျော်လုပ်ငန်းရှင် ဖြစ်နေကြပြီ။\n\nမထင်မှတ်ဘဲ မင်းသားဟာ အိန္ဒိယကို အပြန်မှာ\nရိုက်ခံလိုက်ရတယ်။\nဘာကြောင့်ရိုက်ခံရတာလဲ? ရန်ငြိုးတွေလား? \nဘယ်တုန်းက ရန်ငြိုးတွေလဲ? \n\nသူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းနဲ့အတူ\nအချစ်၊အလွမ်း၊ အက၊ အကြမ်းတွေကို ခံစားရမှာ ဖြစ်ပါတယ်လို့ ပြောရင်း....","cover":"https://docs.google.com/uc?id=1wRj-_sBAN07PH15qWUj7Cf2BSRPTs150"},{"title":"Guna 369 (2019)","id":"https://drive.google.com/file/d/1WKv5rGIZzxaItJ5MzZ8LAhQ4pNEvLsN_/view?usp=sharing","description":"ဒီမင်းသားကိုတော့ မှတ်မိကြမယ် ထင်ပါတယ်။\n\nအချစ်ကားလေးတွေ ရိုက်တတ်တဲ့ RX100 မင်းသားရဲ့ အသစ်စက်စက် တေလဂူးအချစ်ကားလေး တင်ပေးလိုက်ပါတယ်။\n\nအချစ်ဆိုရုံနဲ့ ဒီဇာတ်ကားက ပြီးမသွားသေးပါဘူး။\n\nဇာတ်လမ်းစစချင်းမှာ တမြို့လုံးရဲ့ နာမည်ကြီး လူမိုက် ရာဒါးဟာ တခြားရွာသားတစ်ယောက်ကို သွားရိုက်တယ်။\n\nရာဒါးဆိုတာကလည်း ဒီမြို့နယ်တစ်ဝိုက် မသိသူမရှိတဲ့ လူမိုက်ကြီး။\n\nဘာကြောင့်လဲ..... နောက်တစ်ခန်းမှာတော့ သမီးရည်းစားနှစ်ယောက်ကို မြင်ရတယ်။\n\nယောက်ျားလေးက ဆေးဆိုင်ဝင်ပြီး ကွန်ဒုံးဝယ်တယ်။\n\nဒါကို ဆေးဆိုင်ပိုင်ရှင်က သူ့သူငယ်ချင်းတွေဆီ အကြောင်းကြားလိုက်တယ်။\n\nအဲ့ဒီလူရွယ်တစ်စုလည်း လိုက်သွားပြီး ကောင်မလေးကို အုပ်စုဖွဲ့ အနိုင်ကျင့်တယ်။\n\nဒီနှစ်ခုလုံးနဲ့ မင်းသား'ဂုဏ'ဆက်စပ်ဖို့ အကြောင်းဖန်လာတာကတော့.... (ဂုဏ ဆိုတာက ဂုဏ်ပေါ့ဗျာ)ကိုယ့်အမှားကြောင့်ပဲ ကိုယ့်ဘဝ ပျက်စီးသွားကြရတယ်။\n\nအားလုံးဟာ ဝင်သက်နဲ့ ထွက်သက်ကြား တဒင်္ဂမျှသာ။\n\nအကောင်း၊အဆိုး အားလုံးဟာ အံဝင်ခွင်ကျနဲ့ တိုက်ဆိုင်လာပြီး ဘဝဆိုတဲ့ ခဏတာအချိန်ဟာ ကုန်ဆုံးသွားကြကြောင်း မြင်ရမှာပါ။\n\n#Crd\n#BollywoodMovie","cover":"https://docs.google.com/uc?id=12u3_Zf-yzVmvneD6G80jwhVgGf1YWgGs"},{"title":"Panipat(2019)","id":"https://drive.google.com/file/d/16DVkZUhyvoIMoLcYBNLz1AOXzgxvxKpA/view?usp=sharing","description":"Panipat(2019)\n***********\nမြန်မာစာတန်းထိုး (အကြည်)\n\nမာရာသတိုင်းမှာရှိတဲ့ တိုင်းသူပြည်သားတွေ\nရဲစွမ်းသတ္တိနဲ့ပြည့်စုံပြီး သူတို့တိုင်းပြည်ရဲ့လက်အောင်မှာ တိုင်းပြည်ငယ်တော်တော်များများရှိကြတယ်..သူတို့တိုင်းပြည်ကိုလည်း နှစ်စဉ်\nအခွန်ပေးဆောင်ကြရပါတယ်..\n\nဒါပေမယ့်တစ်နေ့မှာတော့ တိုင်းပြည်ငယ်တစ်ခုကအခွန်မပေးဆောင်တဲ့အပြင် ရာဇသံလာပေးတဲ့စစ်သူကြီးတစ်ဦးကိုပါ သတ်ဖြတ်ပစ်လိုက်တယ်..အဲ့ဒီမှာ ဇာတ်လမ်းကစတော့တာပဲ....ဒီတိုင်းပြည်ငယ်ဟာ အာခံရတဲ့အကြောင်းရင်းလည်းရှိပါတယ်...အဲ့ဒါက အာဖဂန်နစ္စတန်ဧကမရာဇ်မင်းတစ်ဦးနဲ့ပူးပေါင်းပြီး အင့်အားတောင့်တင်းလာတဲ့အပြင် အိန္ဒိယတစ်ပြည်လုံးကိုသိမ်းပိုက်ဖို့အထိတောင် ရည်ရွယ်ထားပါတယ်....\n\nဒီဇာတ်လမ်းဟာပြသချိန်သုံးနာရီနီးပါး\nကြာမြင့်ပေမယ့် အစအဆုံးထိ ဇာတ်လမ်းဇာတ်ကွက်တိုင်းက ဆွဲဆောင်မှု\nရှိပါတယ်..ဆာဒါးရှိဗ်ဟာ အာဖဂန်တပ်နဲ့စစ်ခင်းဖို့အတွက် သူ့လက်အောက်ခံတိုင်းပြည်တွေ\nနဲ့ပူးပေါင်းဖို့ ကြိုးစားအားထုတ်ပုံတွေ..စစ်နည်းဗျူဟာတွေ တွေ့မြင်ရသလို\nတိုက်ပွဲတွေ အက်ရှင်ခန်းတွေကိုလည်း များစွာကြည့်ရမှာပါ....\n\nလက်အောက်ခံတိုင်းပြည်တွေကရော ဆာဒါးရှိဗ်မျှော်လင့်ထားသလို သူနဲ့အတူပူးပေါင်းပြီး\nအာဖဂန်တွေကို တိုက်ထုတ်ကြမှာလား..\nတိုက်တဲ့စစ်ပွဲတွေရော အောင်မြင်ပါ့မလား....\nဆိုတာကိုတော့.....\n\nဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwe Zan Aung ပဲဖြစ်ပါတယ်...\n\nFile Size : (1.32G) and (452 MB)\nQuality : WEB-DL 720p\nFormat…mp4\nDuration…02:45:00\nGenre : Action, Drama, History\nSubtitle : Myanmar Subtitle (Hard Sub)\nTranslated by Zwe Zan Aung\nEncoded by Phyo Pyae\n\nCredit ","cover":"https://docs.google.com/uc?id=12xwqyxArYCOlxtO2xq_3qn3QPPTaHG1K"},{"title":"The Body (2019)","id":"https://drive.google.com/file/d/1BfZ6cbQBTztsqFW68iTUMmOK0kDuaG8U/view?usp=drivesdk","description":"ဒီတစ်ခါ ဘောလီဝုဒ်ဖန်တွေအတွက် ၂၀၁၉ ထွက် Crime, Mystery ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်\n\nပါဝင်ထားတဲ့သရုပ်ဆောင်တွေကလည်း နာမည်ကျော်တွေဖြစ်တဲ့ Emraan Hasmi နဲ့ Rishi Kapoor တို့ အပြိုင်သရုပ်ဆောင်ထားကြတာပါ\n\nအထူးသဖြင့် မင်းသမီးရဲ့အက်တင်တွေကလည်း အတော်လေးကို ကောင်းလှပါတယ်\n\nဇာတ်လမ်းလေးကတော့ စီပွားရေးလောကမှာ အောင်မြင်ပြီး သြဇာအာဏာကြီးမားတဲ့ အမျိုးသမီးငယ်တစ်ယောက်ဟာ နှလုံးရောဂါနဲ့ ဆုံးသွားခဲ့ပါတယ်\n\nအလောင်းခွဲစိတ်စစ်ဆေးဖို့ သူ့အလောင်းကို ရင်ခွဲရုံပို့ထားတဲ့အခါ ညဘက်ကျတော့ အလောင်းပျောက်သွားပါတယ်\n\nညစောင့်ပြောတာတော့ အလောင်းပြန်ရှင်လာပြီး ထသွားတာတဲ့\n\nဒါပေမဲ့ တာဝန်ကျရဲမှူးကြီးကတော့ သူ့ယောက်ျားဖြစ်သူ အဂျေးပူရီကိုပဲ သံသယဝင်နေပါတော့တယ်\n\nထိုညမှာ ရဲမှူးကြီးနဲ့ အဂျေးပူရီတို့ မာယာဗာရ်မားရဲ့အလောင်းကို ရှာတွေ့ပါ့မလား\n\nဘယ်လိုအလှည့်အပြောင်းတွေ ဖြစ်သွားမလဲဆိုတာကိုတော့ အားလုံးပဲ ကိုယ်တိုင်ကိုယ်ကျ ခံစားကြည့်လိုက်ကြပါ\n\nအထူးမေတ္တာရပ်ခံလိုတာက ဒီဇာတ်ကားဟာ ၂၀၁၂ ခုနှစ်ထွက် The Body ကို Remake ပြန်ရိုက်ထားတဲ့ဇာတ်ကားဖြစ်သည့်အတွက်\n\nမူရင်းဇာတ်ကားကြည့်ပြီးသူများ ဇာတ်လမ်းကို စပွိုင်းမလုပ်ကြဖို့ တောင်းဆိုပါရစေ\n\n(Netflix စာဖိုင်ကို ဘာသာပြန်ထားရသောကြောင့် အင်္ဂလိပ်လိုပြောတဲ့နေရာတွေမှာ စာတန်းမပါပါဘူး\n\nအတတ်နိုင်ဆုံး နားထောင်ပြီး ဖြည့်ပေးထားပါတယ် လိုအပ်ချက်ပါရှိပါက သည်းခံပေးကြပါခင်ဗျာ)\n\nဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….\n\n(Zawgyi)\n\nဒီတစ်ခါ ဘောလီဝုဒ်ဖန်တွေအတွက် ၂၀၁၉ ထွက် Crime, Mystery ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်\n\nပါဝင်ထားတဲ့သရုပ်ဆောင်တွေကလည်း နာမည်ကျော်တွေဖြစ်တဲ့ Emraan Hasmi နဲ့ Rishi Kapoor တို့ အပြိုင်သရုပ်ဆောင်ထားကြတာပါ\n\nအထူးသဖြင့် မင်းသမီးရဲ့အက်တင်တွေကလည်း အတော်လေးကို ကောင်းလှပါတယ်\n\nဇာတ်လမ်းလေးကတော့ စီပွားရေးလောကမှာ အောင်မြင်ပြီး သြဇာအာဏာကြီးမားတဲ့ အမျိုးသမီးငယ်တစ်ယောက်ဟာ နှလုံးရောဂါနဲ့ ဆုံးသွားခဲ့ပါတယ်\n\nအလောင်းခွဲစိတ်စစ်ဆေးဖို့ သူ့အလောင်းကို ရင်ခွဲရုံပို့ထားတဲ့အခါ ညဘက်ကျတော့ အလောင်းပျောက်သွားပါတယ်\n\nညစောင့်ပြောတာတော့ အလောင်းပြန်ရှင်လာပြီး ထသွားတာတဲ့\n\nဒါပေမဲ့ တာဝန်ကျရဲမှူးကြီးကတော့ သူ့ယောက်ျားဖြစ်သူ အဂျေးပူရီကိုပဲ သံသယဝင်နေပါတော့တယ်\n\nထိုညမှာ ရဲမှူးကြီးနဲ့ အဂျေးပူရီတို့ မာယာဗာရ်မားရဲ့အလောင်းကို ရှာတွေ့ပါ့မလား\n\nဘယ်လိုအလှည့်အပြောင်းတွေ ဖြစ်သွားမလဲဆိုတာကိုတော့ အားလုံးပဲ ကိုယ်တိုင်ကိုယ်ကျ ခံစားကြည့်လိုက်ကြပါ\n\nအထူးမေတ္တာရပ်ခံလိုတာက ဒီဇာတ်ကားဟာ ၂၀၁၂ ခုနှစ်ထွက် The Body ကို Remake ပြန်ရိုက်ထားတဲ့ဇာတ်ကားဖြစ်သည့်အတွက်\n\nမူရင်းဇာတ်ကားကြည့်ပြီးသူများ ဇာတ်လမ်းကို စပွိုင်းမလုပ်ကြဖို့ တောင်းဆိုပါရစေ\n\n(Netflix စာဖိုင်ကို ဘာသာပြန်ထားရသောကြောင့် အင်္ဂလိပ်လိုပြောတဲ့နေရာတွေမှာ စာတန်းမပါပါဘူး\n\nအတတ်နိုင်ဆုံး နားထောင်ပြီး ဖြည့်ပေးထားပါတယ် လိုအပ်ချက်ပါရှိပါက သည်းခံပေးကြပါခင်ဗျာ)\n\nဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….","cover":"https://docs.google.com/uc?id=1yatIqr1-0mRsrtPqjtkeCmm8Nr68F4QD"},{"title":"Sita (2019)","id":"https://drive.google.com/file/d/1ajNY9eEsHf0G_316uYXsEeJDH_1rrMGS/view?usp=sharing","description":"၄ နှစ်ပဲရှိသေးတဲ့ ရာမကို အာနန်မိုဟန်ဆိုတဲ့ဦးလေးက ဘုန်းကြီးကျောင်းမှာထားခဲ့ပြီး သီတာက လာစောင့်ရှောက်လိမ့်မယ်လို့ ယုံကြည်အောင်ပြောဆိုခဲ့ပါတယ်။ ရာမလေးကလည်း အပြစ်ကင်းပြီး ချစ်စရာကောင်းတော့ သူကလည်း သီတာ့ကို ပြန်စောင့်ရှောက်ပေးမယ်လို့ ကတိပြန်ပေးလိုက်ပါတယ်။ နှစ်ပေါင်း ၂၀ လောက်ကြာပြီးချိန်မှာတော့ သီတာနဲ့ရာမတို့ တွေ့ဆုံကြပါပြီ။\n\nဘုန်းကြီးကျောင်းသားလေး ရာမဟာ လုံးဝ ရိုးအလွန်းပြီး သီတာကတော့ စီးပွားရေးလောကမှာ ဂျင် ဖြစ်နေပါပြီ။ ရုပ်ကလေး စက်စက်ယိုအောင် လှပေမယ့် သူအောင်မြင်ဖို့ ဘယ်သူကိုပဲ ဖြစ်ဖြစ် ချနင်းဖို့ စတေးဖို့ ဝန်မလေးတတ်တဲ့ တစ်ကိုယ်ကောင်းသမား ဖြစ်လို့နေပါပြီ။\n\nတစ်နေ့မှာတော့ သီတာဟာ ငွေတွေ လျော်ရမယ့်ကိန်းဆိုက်လာပါတော့တယ်။\n\nကံကောင်းချင်တော့ အမွေရမယ့် အကြောင်းဖန်လာပါတယ်။ ကံဆိုးချင်တော့ အမွေတွေကို သီတာ့အဖေက သူ့ရဲ့တူ ရာမကို လွှဲပေးလိုက်ပါတယ်။\n\nဒါကို မကျေနပ်တဲ့ သီတာက သူ့အမွေတွေ ပြန်တောင်းဖို့ ရာမရှိရာ ဘုန်းကြီးကျောင်းကို လိုက်သွားပါတယ်။\n\nသူတို့ ပြန်တွေ့ကြတဲ့အခါ...\n\nနင်ကပဲ လှသလား\nငါကပဲ အ,သလား\nမေတ္တာ ရေစုံ မျောခဲ့တယ်...\nဆိုသလိုတွေ ဖြစ်ပြီး ရိုးအလွန်းတဲ့ ကောင်လေး ရာမနဲ့ အတ္တမယ်လေး မယ်သီတာတို့ရဲ့ ရင်ခုန်စရာ ဇာတ်လမ်းကို ကြည့်ရှုအားပေးလိုက်ကြပါဦး...","cover":"https://docs.google.com/uc?id=1zsutvfzkRkVUHIDwc2CacNL-ISV6Vpa0"},{"title":"Sarileru Neekevvaru (2020)","id":"https://drive.google.com/file/d/1MIpeJVar5IH9GAqJzCchpOKDW6iPFOJz/view?usp=sharing","description":"ရက်ပေါင်း၅၀လောက် ကြာပြီးတဲ့နောက်မှာတော့\nအားလုံးစောင့်မျှော်နေကြတဲ့ တေလဂူးမင်းသားချော Mahesh Babuနဲ့ ပရိသတ်တို့ရဲ့\nအချစ်တော် တောင်ပိုင်းမင်းသမီး Rashmika Mandanna တို့ရဲ့ အချစ်၊အကြမ်းကားကြီး အကြည်တက်လာခဲ့ပါပြီ။\n\nဇာတ်လမ်းအကျဉ်းအရ\n\nမင်းသားချောကတော့ စစ်ဗိုလ်တစ်ယောက်ပါ။\nစစ်ဆင်ရေးတွေမှာလည်း ခေါင်းဆောင်ကောင်းပီသပြီး \nအရမ်းတော်တဲ့ စစ်သားတစ်ယောက်ပါ။\n\nမိဘမဲ့တစ်ယောက်ဘဝနဲ့ စစ်တပ်ထဲမှာ \nအသက်ရင်းပြီး မိခင်မေတ္တာကို လိုချင်တောင့်တနေသူပါ။\n\nဒီလိုနဲ့ သူဦးဆောင်တဲ့ စစ်ဆင်ရေးတစ်ခုမှာ \nစစ်သားတစ်ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။\n\nလတ်တလောမှာ အဲ့ဒီစစ်သားဟာ\nဒီစစ်ဆင်ရေးပြီးရင် ညီမဖြစ်သူရဲ့ မင်္ဂလာပွဲအတွက်\nအိမ်ပြန်မှာပါ။ \nခွင့်လည်း တောင်းထားပြီးသား။\nခုလိုအခြေအနေကို မိသားစုကို အကြောင်းကြားဖို့ရာ \nမိသားစုတစ်ခုလုံး အခြေအနေတွေ\nကမောက်ကမဖြစ်မှာစိုးလို့\nတပ်ရင်းရဲ့ ကိုယ်စား စစ်သားတစ်ယောက် \nသွားရောက်ပြီး အေးဆေးစွာ ပြောပြနိုင်ရပါမယ်။\n\nဒီတာဝန်ကို တာဝန်ယူလိုက်တဲ့ သူကတော့...\nမင်းသားချောပါပဲ။\n\nကဲ သူ့ ခရီးတစ်လျှောက် ဘယ်လိုမျိုးတွေ \nတွေ့ကြုံရမလဲ\nအဲ့ဒီအိမ်ကို ရောက်သွားတဲ့အခါမှာရော\nသူထင်ထားသလို ဖြစ်နေမလား ဆိုတာကို\nကိုယ်တိုင် ခံစားကြည့်ကြပါဦးဗျာ။","cover":"https://docs.google.com/uc?id=1-S3WS60EgOOEn3gl1QYAJNZVm-qQQe_9"},{"title":"ASURAN (2019)","id":"https://drive.google.com/file/d/1YBiW8WFx5EKxt2SxQXpX981aZPDuuu29/view?usp=sharing","description":"IMDb ratings : 8.9/10\n\nဒီတစ်ခါတင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားကတော့ သုံးဘဝဇာတ်ကား (Anegan),\n\nVIP 1+2 တို့နဲ့ မြန်မာပြည်က အိန္ဒိယပရိတ်သတ်တွေကို ညှို့ယူဖမ်းစားနိုင်ခဲ့တဲ့ Tamil မင်းသား Dhanush ရဲ့ ဇာတ်ကား ဖြစ်ပါတယ်။\n\nယောက္ခမဖြစ်သူ Rajinikanth ရဲ့ ခြေရာကို နင်းတယ်လို့ ဆိုရအောင် Dhanush ဟာလည်း အောင်မြင်မှုတွေ ရရှိနေတဲ့ Tamil မင်းသားပါ။\n\n# အညွှန်း\n\nအိန္ဒိယနိုင်ငံဟာ ဗြိတိသျှလက်အောက်မှာ အချိန်ကြာမြင့်စွာ ရှိတဲ့ဖူးတဲ့အတွက် ဗြိတိသျှတွေ ထွက်ခွာသွားပြီးနောက်ပိုင်း ဆိုးမွေအဖြစ်နဲ့\n\nပြဿနာပေါင်း သောင်းခြောက်ထောင် ကျန်ရစ် ခံစားခဲ့ရတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။\n\nဒီလိုပြဿနာတွေကြားမှာမှ မြေရှင် ၊ အလုပ်သမားပြသနာတွေကလည်း ဖွံဖြိုးမှု နောက်ကျကျန်ရစ်တဲ့ ဒေသတွေမှာ အမြစ်စွဲနေပါတော့တယ်။\n\nငွေကြေးဥစ္စာ ကြွယ်ဝသူက မရှိဆင်းရဲသားတွေကို ကျွန်တွေ ၊ အခိုင်းအစေတွေလို့ သဘောထားတယ်။\n\nဇာတ်နိမ့်သူတွေအဖြစ် လူရာမသွင်းကြပါဘူး။\n\nဒီဇာတ်ကားမှာလည်း မြေယာပြဿနာကို အခြေခံပြီး ရွာတစ်ရွာမှာရှိတဲ့ မိသားစု နှစ်ခုကြားက ကြီးမားတဲ့\n\nလက်စားချေ ရန်ညှိုးဖွဲ့ သတ်ဖြတ်ကြပုံတွေကို တင်ဆက်ထားပါတယ်။\n\nအိုဗာ အက်ရှင်တွေ မပါပါဘူး။\n\nဓားချင်းယှဉ်ခုတ်တာ ၊ လှံချင်းယှဉ်ထိုးတာတွေဟာ အသည်းယားစရာ ကောင်းလှတာကြောင့်\n\nသွေးထွက်သံယိုပြကွက်တွေ ပေါပေါသီသီ ပါဝင်နေပါတယ်။\n\nအရွယ်မရောက်သေးသူများ ၊ ကလေးသူငယ်များ အုပ်ထိန်းသူနှင့်အတူ (သို့မဟုတ်)\n\nအုပ်ထိန်းသူ ခွင့်ပြုချက် ရမှ ကြည့်သင့်ပါတယ်။\n\n ","cover":"https://docs.google.com/uc?id=14kLW4MehLPX3NHHwiN49HV822CUu62wm"},{"title":"Chalk & Duster (2016)","id":"https://drive.google.com/file/d/1dw1LqXJK6-UVPcAZ1-sJMrVaTe7j6mQW/view?usp=sharing","description":"” Chalk N Duster ဇာတ်ကားမှ\nဖောက်ထွက်လာသော အတွေးများ “\n\n“ငါတို့တတွေဟာ\nပညာရေးရဲ့ လင်းရောင်တန်ဆာ\nဖြစ်ခဲ့တာမို့ ကမ္ဘာတစ်လွှမ်းလုံးထိ\nတိုင်အောင် တတ်စွမ်းသမျှလေး\nလင်းလက်ခဲ့ပါ့မယ် “\n\n[ Song lyrics]\n\nကျွန်မတို့က မြေဖြူတွေ။ ကျွန်မတို့က\nသင်ပုန်းဖျက် ပစ္စည်းတွေ။ မီးအိမ်ငယ်ငယ် ကို ကိုင်ဆောင်သူတွေ။ တစ်နည်းအားဖြင့် ခြင်းတောင်းလေး ကိုင်ရင်း\n၀ါသနာလမ်းပေါ် လျှောက်လှမ်းလာကြတဲ့သူတွေ။\n\n“ကျွန်မတို့က ဆရာမတွေ “\nအမှန်ပြောရရင် ဒီလို ဇာတ်ကားမျိုးက\nကြည့်ချင်လာအောင် ရေးပြရမယ့် Review မျိုးမဟုတ်ပါ။ ဇာတ်၀င်ခန်း\nတစ်ခန်းချင်း ကို ကိုယ့်ငယ်ဘ၀နဲ့ ပြန်တွေးရမယ့် ပုံပြင်ဆန်နေခြင်းမျိုးပါ။\n\nဒီပုံပြင်တွေထဲက သူရဲကောင်းတချို့ဟာ\nအပြင်လောကမှာ ရှိခဲ့ပါကြောင်း နားလည်ခဲ့ရမယ့် အတွေးမျိုးပါ။\n\nဒါပေမဲ့ ဇာတ်လမ်းအကျဉ်း ကို ပြောပါစို့ ။\n\nKB ဆိုတဲ့ ကျောင်းတစ်ကျောင်းမှာ အုပ်ချုပ်ရေးမှူး အသစ် ဖြစ်တည်လာတဲ့\nအချိန်ကစလို့ အုပ်ချုပ်သူနဲ့ ဆရာမတွေ\nကြား မသင့်မြတ်မှုလေးတွေက\nတစ်စ တစ်စ ကြီးထွားလာခဲ့တယ်။\n\nစာသင်ခန်းမှာ ဆရာမ ထိုင်ခုံတွေ\nမထားရှိမှုတွေ။ ဆရာမ ရဲ့ သားသမီးဖြစ်လင့်ကစား ကျောင်းလခ ပြန်လည်\nကောက်ခံမှုတွေက အချို့ဆရာမ များအား အခက်တွေ့စေခဲ့ပါတယ်။\n\nတစ်နေ့မှာတော့ ဆရာမ Vidya ဟာ\nကျောင်းသားတွေကို စာကူးခိုင်းနေတုန်း ခဏ နားနေမိခဲ့တယ်။ အဲ့ဒီနေ့က\nသူမဟာ နာမကျန်းဖြစ်နေသော်လည်း\nတကယ် စေတနာပါပါ သင်ကြားနေခဲ့တာပါ။\n\nဒါပေမဲ့ ကျောင်းအုပ်ချုပ်ရေးမှူး က\nVidya ကို အပြစ်ဆိုခဲ့ပါတယ်။ Vidya ရဲ့ မှတ်မိလွယ် သော သင်ကြားနည်းတွေက\nရှေးရိုးဆန် လှကြောင်း / အင်တာနေရှင်နယ် မဆန်ကြောင်း ပြစ်တင်ပါတော့တယ်။ ဒီလိုနဲ့ အချေအတင်ဖြစ်ပြီး မကြာမီ\nVidya ဆီ အလုပ်ထုတ်စာ ရောက်လာခဲ့တယ်။ အကြောင်းပြချက် က ဆရာမအရည်အသွေး မပြည့်မီတဲ့ အတွက်ပါတဲ့\n\nဒီစာဟာ Vidya အတွက် စိတ်ထိခိုက်စေခဲ့ပါတယ်။ ယခင်ကတည်းက နှလုံးရောဂါ အခံရှိသူမို့ Shock ပါရသွားခဲ့ပါတယ်။\n\nဒီလို အခြေအနေမှာတော့ ဆရာမ Jyoti ကပဲ ကူညီစောင့်ရှောက်ခဲ့ရပါတယ်။\nတစ်ဖက်မှာလဲ Vidya ရဲ့ သမီးငယ် ရယ် ခြေမသန်ခဲ့တဲ့ တွန်းလှည်းပေါ်က ခင်ပွန်းရယ် က ဆုတောင်းပေးရုံသာ တတ်နိုင်ခဲ့ကြပါတယ်။\n\nဒါတွေဟာ တချို့ဆရာမတွေရဲ့ အခြေခံ ဘဝတွေပါ။စာသင်လာကြတဲ့\nကလေးတွေကို ပြုံးပြတဲ့အခိုက်မှာမိသားစု ပြဿနာတွေကို သူတို့ခမျာ\nခေါက်ရိုးချိုး ထားတတ်ကြပါတယ်။\nအဆင်မပြေပေမယ့် အဆင်ပြေပြေ နေခဲ့ကြတယ်။\n\nဒါ့အတွက် ဆရာ / ဆရာမတွေ မည်သည်များ ပြန်လည် ရရှိခဲ့ပါသလဲ။\n\nချမ်းသာလောက်တဲ့ ငွေကြေးလား။\nတပည့်တွေ မမေ့ကြတဲ့\nပြန်လည်သတိရမှု မျိုးလား။\nလေးစားမှုတရားလား။\n\nဒီဇာတ်ကားဟာ အတွေးပေါင်းများစွာနဲ့ပါ။ ဆရာမတွေအတွက်ရော တပည့်\nဖြစ်ခဲ့ဖူးတဲ့ ကျွန်တော်တို့အားလုံး\nအတွက်တစ်ခါတည်းပစ်လိုက်တဲ့\nခဲလုံးလေးပါ။\n\nအခုလည်း ဆရာမ Vidya ရဲ့ အလုပ်ထုတ်ခံရမှုက မီဒီယာထက်မှာပဲ ဟိုးလေးတကျော် ဖြစ်ခဲ့ရပါပြီ။ 28 နှစ်ကျော်\nလုပ်သက်ရှိတဲ့ Vidya ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ နဲ့ တပည့်တွေက ဆရာမအပေါ် ပြန်သိတတ်ပုံတွေကလည်း တမျိုးလေး ချစ်စရာကောင်းနေပါတယ်။\n\nဒီလိုနဲ့ အိန္ဒိယပညာရေးအပေါ် မေးခွန်းထုတ်လာမှုတွေကြားမှာ\nVidya နဲ့ Jyoti တို့ အတူလက်တွဲပြီး\nဖြေရှင်းခဲ့ကြပါတယ်။ ဆရာမတစ်ယောက်ရဲ့ ပြင်ပ ဗဟုသုတ ပြည့်၀မှု / အရည်အချင်း ပြည့်စုံနေမှု ကို လည်း\nသက်သေပြဖို့ ကြိုးစားခဲ့ပါတယ်။\n\nဒီဇာတ်ကား ရဲ့ ပြင်ပဗဟုသုတ စမ်းသပ်ပုံတွေကလည်း စိတ်ကူးဆန်းလှပါတယ်။\n\n” ဒလိုင်းလားမား ရဲ့ နာမည်အဓိပ္ပါယ်”\n“Yahoo ရဲ့ အရှည်ကောက် “\n” လွတ်လပ်ရေး သီချင်းအကြောင်း “\nအစရှိတဲ့ မေးခွန်းတွေပါ။ဇာတ်ကားကြည့်ရင်း ဗဟုသုတလည်း ရခဲ့ပါတယ်။\n\nဒါ့အပြင် ဒိုင်ယာလော့တွေကလည်း\nရိုးရိုးရှင်းရှင်းလေးနဲ့ ထိမိစေခဲ့တာပါပဲ။\n\n” မင်းတို့ကို ABC သင်ပေးတဲ့ ဆရာမ\nနာမည်တွေ မှတ်မိကြပါရဲ့လား “\n\nဒီ ဒိုင်ယာလော့ဟာ အများကြီး တည်ဆောက်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့ အများကြီး တွေးမိစေခဲ့တယ်။\n\nမင်းသားဆိုလို့လည်း အဓိက မရှိ။ မင်းသမီးနေရာက ဆိုလို့လည်း နှင်းဆီပန်းနီနီနဲ့ ဆရာမ လည်း မဟုတ်ခဲ့။\n“ငွေသော်တာ ရောင်ခြည် ” သီချင်းဆိုမယ့် သူလည်း မရှိခဲ့။\n\nဒါဆို ဒီဇာတ်ကား ကြည့်ရင်း ဘာရမလဲ။\n\nအဓိက ကတော့\n“ကျင့်၀တ်နဲ့ လောဘတရားတွေ\nအကြောင်း ” ။\n\n” အိန္ဒိယ ကိုယ်ပိုင်ကျောင်း စနစ်တွေ “\n\n” ဆရာ တပည့် လေးစားမှုတွေ “\n\n” ဆရာစစ် ဆရာမှန်တစ်ယောက် ရဲ့\nဂုဏ်ဒြပ် တရား တွေ ” ကိုပဲ\nသိမြင်ရရှိစေမှာပါ။\n\nအကယ်၍\nဒါတွေမရခဲ့ရင်တောင် ငယ်စဉ်ဘ၀က\nဆရာ / ဆရာမ တစ်ယောက်ကို တော့\nသတိရစေမှာတော့ အမှန်ပင် ဖြစ်ပါကြောင်း ။","cover":"https://docs.google.com/uc?id=115P7xjeDMwtfXZDI9RHoAWQaUNwYFhpr"},{"title":"Rab Ne Bana Di Jodi (2008)","id":"https://drive.google.com/file/d/1RfhYEKIJILLmge-BD2yMcwpLaNCm8ioT/view?usp=sharing","description":"မင်းသားကြီး ရှာရွတ်ခန်း နဲ့ မင်းသမီး Anushka Sharma တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့\nဇာတ်ကားကောင်းဖြစ်ပါတယ်။\n\nဇတ်လမ်းအကျဉ်းက\nဆရာသမားရဲ့ကတိတောင်းခံမှုကြောင့် ကိုယ့်ထက်အသက်ငယ်\nတဲ့မိန်းကလေးတစ်ယောက်ကိုလက်ထက်လိုက်ရတဲ့ သက်လတ်ပိုင်းလူတစ်ယောက်\n\nမိန်းမဖြစ်သူရဲ့အကဝါသနာကိုဖြည့်ဆည်းပေးချင်တဲ့ ယောက်ကျာ်းတစ်ယောက်အကြောင်းနဲ့ အချစ်က အရာရာကို ပြောင်းလဲစေနိုင်တယ်ဆိုတာ မျက်ဝါးထင်ထင်မြင်ရမယ့်ဇာတ်ကားပါ။","cover":"https://docs.google.com/uc?id=1AOWFD31NZqFm4aXmpO6Xk-KKVuYzYRI7"},{"title":"Bhangra Paa Le (2020)","id":"https://drive.google.com/file/d/1AMTen2VspDFeCHqxy3IDvLKAH0HoklQE/view?usp=sharing","description":"ဇာတ်လမ်းလေးကတော့ ဂျဂ္ဂီဆိုတဲ့ပန်ဂျာဗီလူငယ်တစ်ယောက်ဆီမှာ အိပ်မက်တစ်ခုရှိပါတယ်အဲ့ဒါကတော့ သူတို့မျိုးရိုးအမွေတစ်ခုဖြစ်တဲ့ ပန်ဂျာဗီအက, ဘန်ဂရားကို လူသိကျော်ကြားစေချင်တာပါပဲသူ့အဖေ သူ့အဖိုးတို့ကို ဘယ်သူမှမသိခဲ့တာကြောင့် ဒီအကနဲ့ တကမ္ဘာလုံးကိုသိစေချင်တာပါပဲဒါပေမဲ့ အခက်အခဲတစ်ခုတော့ရှိနေပါတယ် အဲ့ဒါကတော့ ရှေ့ထွက်မိန်းကလေးအက,သမားမရှိတာပါပဲသူ့ကောလိပ်တစ်ခုလုံးမှာလည်း စိတ်တိုင်းကျတစ်ယောက်မှမတွေ့ခဲ့ပါဒါပေမဲ့ မင်္ဂလာဆောင်တစ်ခုမှာ အက,တော်သော စီမီးဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ဆုံခဲ့ပါတယ်အက,တော်တဲ့ဒီကောင်မလေးကို သူ့အသင်းမှာပါဖို့ စည်းရုံးတဲ့အခါမှာ ဒီကောင်မလေးဟာ သူ့ပြိုင်ဘက်ကောလိပ်ကဖြစ်နေပါတော့တယ်မြင်မြင်ချင်းသဘောကျမိတဲ့ကောင်မလေးနဲ့ သူ့အိပ်မက်ထိပ်တိုက်တွေ့လာလေသောအခါမှာတော့ …","cover":"https://docs.google.com/uc?id=1HeLeQCipg8o3ennLxRlRCMVJJdLwccrA"},{"title":"Darbar (2020)","id":"https://drive.google.com/file/d/1MnL1ykWt_M-snB_rps1fA0p4aIkAYdkT/view?usp=sharing","description":"ဘောလိဝုဒ်ဇာတ်ကားတွေပြီးတော့အခုတစ်ခါ တမီးလ်စူပါစတားကြီး Rajinikanth ရဲ့ ရုံတင်ဇာတ်ကားကြီးအလှည့်ပေါ့ဗျာ။\n\nဟောလိဝုဒ် ၊ ဘောလိဝုဒ်ပရိတ်သတ်တွေအဖို့အိုဗာအက်ရှင်တွေကို ညည်းငွေ့နေနိုင်ပေမယ့်\n\nအိန္ဒိယတောင်ပိုင်းရုပ်ရှင်တွေကို ကြိုက်တတ်သူအဖို့တော့ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပါပဲ။\n\nဘယ်လိုပဲ ဖြစ်ဖြစ် Rajinikanth ဟာလည်းတောင်ပိုင်းရုပ်ရှင်ထုတ်လုပ်ရေးတွေကြားသာကမဘောလိဝုဒ်ရုပ်ရှင်ထုတ်လုပ်ရေးတွေကြားမှာလည်း\n\nသြဇာရှိပြီး အနုပညာကြေးမြင့်တဲ့ မင်းသားကြီးမို့ပရိတ်သတ်တွေကတော့ ဒီဇာတ်ကားကို ကြည့်ရင်းလက်ခုပ်လက်ဝါးတီးပြီး အားပေးကြဦးမှာပါ။\n\nအညွှန်း\n\nအာဒိသယာဆိုတဲ့ ရဲအရာရှိတစ်ယောက်ဟာသမီးဖြစ်သူ ဗာလီနဲ့အတူ မွန်ဘိုင်းမြို့ကို ရဲမင်းကြီး(ရဲမှူးကြီးဟု သင့်တော်သလို ဘာသာပြန်ထားသည်)အဖြစ်နဲ့ရောက်ရှိလာပြီး\n\nမြို့ထဲမှာရှိတဲ့ ဆိုးသွမ်းသူတွေကို လိုက်လံနှိမ်နင်းရာကနေ ဇာတ်လမ်းကို စထားပြီး....\n\nဒီနောက်ပိုင်းမှာတော့ တမီးလ်ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်းအကအလှတွေ ၊ ဟာသခန်းလေးတွေ ညှပ်ထည့်ပြီးဇာတ်လမ်းကို အရှိန်တက်လာအောင် စွမ်းဆောင်ထားပါတယ်။\n\nဇာတ်လမ်းပုံစံက ရဲနဲ့လူဆိုး အားပြိုင်ကြတဲ့ မြင်နေကျ သာမာန်ဆိုပေမယ့်ရိုက်ကူးထားပုံက ဆန်းသစ်ပြီး Rajinikanthရဲ့ ဟိုးရုပ်ရှင်ခေတ်ဦးကတည်းကသုံးစွဲလာခဲ့တဲ့ \n\nသူ့ရဲ့ကိုယ်ပိုင်အမှတ်အသားဖြစ်တဲ့ တီးလုံးကို အက်ရှင်ခန်းတွေ ၊ Tempo မြှင့်တင်တဲ့အခန်းတွေမှာသင့်တော်သလို သုံးစွဲထားပုံက သပ်ရပ်ပြီး ပရိတ်သတ်ကို တစ်မျိုးတစ်မည် ဆွဲဆောင်ထားပါတယ်။\n\nကဲ...\n\nအိန္ဒိယတောင်ပိုင်းဇာတ်ကားပရိတ်သတ်တို့ရေ...ကျွန်တော်တို့ငယ်စဉ်ကတည်းက စွဲလမ်းခဲ့ရတဲ့Idol ကြီးရဲ့ အသစ်စက်စက် ရုံတင်ဇာတ်ကားကြီးကို လက်မနှေးပဲ အားပေးလိုက်ကြပါစို့။\n\nဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။","cover":"https://docs.google.com/uc?id=1IXFENtJ1JSuIx9X5etXLC9Q4hIDTBe7j"},{"title":"Kites (2010)","id":"https://drive.google.com/file/d/1JRNtGIuqKcEeqxNk1Zait7TpdU1SD4QG/view?usp=sharing","description":"လက်ပွားမင်းသား Hrithik Roshan နဲ့ မက်ဆီကန် ဥရုဂွေးမင်းသမီး Barbara Mori တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့\n\nAction, Drama, Romance အမျိုးအစား Bollywood ဇာတ်ကားပါ။\n\nIMDb Rating (6.1) နဲ့ Rotten Tomatoes (80%) ထိရရှိထားပါတယ်။\n\nဒီဇာတ်ကားကို စကားတစ်ခွန်းနဲ့ပဲ ညွှန်းခဲ့ပါရစေ။\n\n“ချစ်ခြင်းဟာ ရူးသွပ်ဖို့ လုံလောက်လွန်းပါတယ်”","cover":"https://docs.google.com/uc?id=19WofE_kfDZFPDxX_cDwcmufEbZ-PrTjX"},{"title":"Housefull 1 (2010)","id":"https://drive.google.com/file/d/120_HOguDFJK3ogGK-Hp9N9xby4AUCVIh/view?usp=sharing","description":"Housefull ဇာတ်ကားသည် အိန္ဒိယတွင် အောင်မြင်ခဲ့သည့် ဒါရိုက်တာ Sajid-Farhad က ရိုက်ကူးထားသည့် Comedy ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်\nဇာတ်လမ်းအစမှာတော့ ကာစီနိုမှာအလုပ်၀င်တဲ့ ကမ္ဘာကံအဆိုးဆုံးလူသားအာရွှတ်၊အချစ်ဆုံးသူငယ်ချင်းရှိတဲ့ လန်ဒန်ကို အာရွှတ်ရောက်သွားတဲ့အချိန်မှာတော့\nအလွဲလွဲအချော်ချော်တွေဖြစ်ပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ Channel Myanmar ပရိတ်သတ်ကြီးပဲ ကြည့်ရူလိုက်ကြပါတော့ဗျာ","cover":"https://docs.google.com/uc?id=1Kms8MBsLhLgqFSv2a7uRepGEPVSznB9K"},{"title":"Housefull 2(2012)","id":"https://drive.google.com/file/d/1uuHYzT1ogduHMlSpl0kyAu-rrQg8iKGI/view?usp=sharing","description":"Housefull 2 ဇာတ်ကားသည် အိန္ဒိယတွင် အောင်မြင်ခဲ့သည့် Housefull ဇာတ်ကား၏ နောက်ဆက်တွဲဖြစ်ပြီး ဒါရိုက်တာ Sajid-Farhad က ရိုက်ကူးထားသည်။\nHousefull 2 ဇာတ်ကားသည် ချမ်းသာတဲ့သမက် အပြိုင်အဆိုင်လိုချင်နေတဲ့ သမီးချော အဖေနှစ်ယောက်ဖြစ်တဲ့ Kapoor & Son ညီအစ်ကို ၂ ယောက်ရဲ.\nအဖက်ဖက်မှပြိုင်ဆိုင်မှု လက်စားချေခြင်းဇော ကြီးပြီး အရာရာ မှားယွင်းကုန်တဲ့ ညီအစ်ကို သူငယ်ချင်း ၄ယောက်\nဘာတွေဆက်ဖြစ်မလဲဆိုတာတော့ Channel Myanmar ပရိတ်သတ်ကြီးပဲ ကြည့်ရူလိုက်ကြပါတော့ဗျာ","cover":"https://docs.google.com/uc?id=1LynmeG4cjXfnGzzPIlIbysalU8cfWGij"},{"title":"Naa Peru Surya - Naa Illu India (2018)","id":"https://drive.google.com/file/d/10_UtMOR3YYXdFh9XcMcrXMyWCHDhDEkh/view?usp=sharing","description":"ဆူရာ့ ဟာ ရှေ့တန်း စစ်တပ် တစ်ခုရဲ့ \nအတော်ဆုံး စစ်သား တစ်ယောက်ပါ\nအတော်ဆုံးဖြစ်ပေမဲ့ သူဟာ ဒေါသ အင်မတန်ကြီးသူဖြစ်ပြီး \nမဟုတ်မခံစိတ်ရှိသူ\nတဇောက်ကန်း လုပ်သူ အထက်အရာရှိများကို \nပမာမခန့်လုပ်သူ စသဖြင့်\nအကြောင်းမျိုးစုံကြောင့် ရာထူးမတိုးသူ တစ်ယောက်ပေါ့\n\nဆူရာ့ဟာ နိုင်ငံချစ်စိတ် လူမျိုးချစ်စိတ် ပြင်းထန်သူတစ်ယောက်ပါ\nအကြမ်းဖက်သမားများကို မုန်းတီးသူ \nတစ်ယောက်ဖြစ်ပြီး အရှင်ဖမ်းရဖို့ထက်\nအသေပစ်သတ်ဖို့သာ စိတ်ရှိသူဖြစ်သောကြောင့်\nတက်နိုင်သ၍ အရာရှိများက ဆူရာ့ အား ရှေ့တန်း မပို့ပဲ\nနောက်တန်းတွင်သာ နေစေခဲ့ပါတယ်...\n\nဆူရာ့ဟာ မိမိ နိုင်ငံအတွင်းနေထိုင်တဲ့ ဘာသာ လူမျိုးမဆို\nနိုင်ငံချစ်စိတ် ရှိသူတိုင်းကို သနားညှာတာပြီး ရပ်တည်တက်သူ\nဖြစ်ပါတယ် အသားအရောင် မခွဲခြား လူမျိုး မခွဲခြား\nမတရားမှုကိုသာ ခွဲခြားပြီး လက်ပိုက်မကြည့်တက်သူပါ\n\nကြီးနိုင်ငယ်ညှင်းမှုများ ၀င်၀င်ပါလွန်းလို့ စစ်တပ်ရဲ့\nထုချေလွှာမှာ ဆူရာ့ နာမည်တွေပဲ ဖိုင်တစ်ထပ်လောက်\nရှိနေတက်ပါတယ်...\n\nတစ်ရက်သော အခါ ဆူရာ့ တစ်ယောက် ရှေ့တန်းစစ်မြေပြင်\nနယ်စပ်ကို သွားချင်လွန်းတဲ့အတွက် အရာရှိများကို ပူဆာရာ\nအရာရှိများက ဆူရာ့ ဒေါသ မထိန်းနိုင်လျင် ကမ္ဘာစစ်ကို\nအစပျိုးသလို ဖြစ်မည်ဆိုးသောကြောင့် India နိုင်ငံ၏\nအတော်ဆုံးသော စိတ်ပညာရှင်ဆရာ၀န်ထံမှ လက်မှတ်ရမှသာ\nနယ်စပ်သို့ လွှတ်မည်ဟု ပြောလာပါသည်\n\nဆူရာ့ လက်မှတ်ယူရမယ့် စိတ်ပညာရှင်မှာ\nဆူရာ့ အဖေ ဖြစ်နေသည့် အတွက် ကျားမှီးသာ\nပြေးဆွဲလိုက်ချင်သည့် ဆူရာ့ အဖြစ်က ဘယ်လိုဖြစ်မလဲ\n\nလက်မှတ်ရမှာလား နယ်စပ်ကိုမသွားရဘူးလား ဆိုတာတော့\nဆက်လက်ကြည့်ရှုလိုက်ကြပါ...","cover":"https://docs.google.com/uc?id=1Piz8NyYQ5qiz2xqsvxjrCOgjJA90HsLb"},{"title":"Chhapaak(2020)","id":"https://drive.google.com/file/d/1Qu4j4HNW9MOTMHk79V-gFSfn9kkTCx3f/view?usp=sharing","description":"“ဤဇာတ်ကားနှင့်ပက်သက်၍ ခံစားမိသမျှ. . .”လူတိုင်းရဲ့စိတ်ထဲမှာ မကောင်းဆိုးဝါးတစ်ကောင်(စိတ်ရိုင်းကိုယ်စီ) ရှိကြတယ်။ဘာကြောင့်များ လူတစ်ယောက်ဟာ ဒီလိုလုပ်ရပ်မျိုး လုပ်မိတဲ့အထိ ကိုယ့်စိတ်ရိုင်းကို ကိုယ်တိုင်အရှုံးပေးပြီး ဆင်ခြင်တုံတရားဆိုတဲ့ ချည်တိုင်ကနေ လွှတ်ပေးလိုက်ရတာလဲ?မနေ့က ဒီဇာတ်ကားကို ကြည့်မိတော့ ဇာတ်ကားရဲ့အစအလယ်အဆုံးမှာ ကျွန်တော်တွေးနေမိတာက “လူ့စိတ်ထဲက အမှောင်ဘက်ခြမ်း(Darkside)”အကြောင်းပါပဲ။တစ်ချို့လူတွေရဲ့လုပ်ရပ်တွေကို ကိုယ်တိုင်က နားမလည်နိုင်ပေမယ့် ကိုယ့်စိတ်ထဲမှာလည်း သူများနဲ့မတူတဲ့ စိတ်ရိုင်းတစ်မျိုးတော့ ရှိနေမှာ သေချာတယ်။ (ကိုယ်တိုင်လည်း သိတဲ့သူ သိကြမှာပါ)ဒီဇာတ်ကားအကြောင်း ပြောပါဆိုရင်တော့ လည်ပတ်အောင် ပြောပြနိုင်ဖို့က ခဲယဉ်းမယ်ထင်တယ်။ဇာတ်လမ်းက အက်ဆစ်နဲ့အပက်ခံခဲ့ရတဲ့ မိန်းကလေးတစ်ယောက် သူ့ဘဝကို ဘယ်လိုပြန်လည်တည်ဆောက်ယူသလဲသူ့လိုမျိုး နောက်ထပ်အတိုက်ခိုက်ခံရနိုင်တဲ့ မိန်းကလေးတွေအတွက် တရားရုံးအဆင့်ဆင့်ကို တက်ပြီး “အက်ဆစ်ရောင်းချမှုကို တားမြစ်ပိတ်ပင်”ဖို့ အယူခံဝင် ၊ အဆိုပြုလွှာတင်ကာ. . .နောက်ဆုံး ဥပဒေပြစ်ဒါဏ်တစ်ခုအနေနဲ့ ပေါ်ထွန်းလာစေဖို့အထိ ကြိုးစားပုံကို ရိုးရိုးလေး ရိုက်ပြထားတာပါပဲ။ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်လို့ ပရိတ်သတ်ကို မက်ဆေ့ပေးချင်တဲ့ အချက်တွေကို ဇာတ်ကားအစမှာရော အဆုံးမှာပါ ထည့်ပေးထားပါတယ်။ရင်ဖိုစရာ ၊ စိတ်လှုပ်ရှားစရာတွေထက်ကို ဆင်ခြင်စရာတွေ ၊ ပြင်ဆင်စရာတွေကို မြင်မိစေပါလိမ့်မယ်။ဒီဇာတ်ကားကို ရိုက်ဖို့အတွက် မင်းသားရယ်လို့ မယ်မယ်ရရ သုံးမထားပဲ မင်းသမီး Deepika Padukone တစ်ယောက်သာ သုံးထားတာမို့ ၊ ဘတ်ဂျက်လည်း အင်မတန်နည်းပါတယ်။ဇာတ်ကားရဲ့ တင်ပြချင်တဲ့ ရည်ရွယ်ချက်က ကောင်းမွန်တဲ့အတွက် အိန္ဒိယပြည်နယ်လေးခုမှာအခွန်ကင်းလွတ်ခွင့်နဲ့ ပြသခွင့်ရခဲ့သလို ဝေဖန်ရေးဆရာတွေကြားမှာလည်း အပြုသဘော ဝေဖန်ချက်တွေ ရခဲ့ပါတယ်။အညွှန်းအနေနဲ့ ရေးပေးထားတာမျိုး မဟုတ်ပဲ  ဘာသာပြန်တစ်ယောက်အနေနဲ့ ရုပ်ရှင်ချစ်သူတစ်ယောက်အနေနဲ့ ရေးသားပေးလိုက်တာမို့ဖော်ပြချင်တဲ့ အချက်တွေ ၊ ဘာသာပြန်ရာမှာ ဥပဒေဆိုင်ရာအသုံးအနှုန်းတွေနဲ့ ပတ်သက်ပြီး အားနည်းခဲ့ရင် ကြိုတင်တောင်းပန်ထားပါရစေ….။ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။\n(အညွှန်းကို CM မှ ကူးယူဖော်ပြပါသည်။)\n","cover":"https://docs.google.com/uc?id=1BEQ6J0T6g_ZDtHfBqrMSXLQLtnWUle1z"},{"title":"Tanhaji: The Unsung Warrior (2020)","id":"https://drive.google.com/file/d/18E547bntO_DDeqc2KTgw4EYtrxDsQjqQ/view?usp=sharing","description":"Shivaay, Raid ,နဲ့ ရုပ်ရှင်ကားကြည့်ပြီး လူသတ်တဲ့ Drishyam မင်းသား Ajay Devgnမင်းသား။ Kuch Kuch Hota Hai နဲ့ My name is Khan မှာ ရှရွတ်ခန်းနဲ့သရုပ်ဆောင်ခဲ့ပြီး Fanaa မှာ အမာခန်းနဲ့ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Kajol မင်းသမီး။\nKal ho naa ho မှာ ရှရွတ်ခန်းမင်းသားနဲ့ သရုပ်ဆောင်ခဲ့ပြီး Omkara မှာ ဇာတ်ကြမ်းပြခဲ့တဲ့ Saif Ali Khanမင်းသားတို့ ပါဝင်သရုပ်ဆောင်ထားပြီး Bollywood ဇာတ်ကားဟာ IMDB 8.3 နေရာမှာ ရပ်တည်နေတာ အံ့ဩစရာ ရလဒ်တစ်ခုပါ။ တကယ်လည်း\nအံ့ဩဖွယ်ကောင်းလောက်တဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပြီး ဇာတ်ကြမ်းကားတစ်ကားအဖြစ်ရော ရာဇဝင်ကားအဖြစ်ပါ မြင်တွေ့ရမယ့်ဇာတ်လမ်းတစ်ပုဒ်ပါ။\n\nဇာတ်လမ်းလေးအနေနဲ့ကတော့……..\nတန်ဟာဂျီ စစ်သူကြီး ဟာ မာရာသာရဲ့ ဘုရင်ဖြစ်တဲ့ ရှီဗာထံတွင်တာဝန်ထမ်းဆောင်နေတဲ့ ညာလက်ရုံးလည်းဖြစ် သူငယ်ချင်းလည်းဖြစ်တဲ့သူပါ။ ရှိဗာဘုရင်ဟာ ခံတပ် ၂၃ သုံးခုအား တစ်ဘက်နိုင်ငံထံသို့ ပေးအပ်လိုက်ရတဲ့အထဲမှာ အနစ်နာဆုံးခံတပ်ဟာ ကွန်ဟာနာ ခံတပ်ပင်ဖြစ်ပါတယ်။ အဲဒီကွန်ဟာနာ ခံတပ်ကို တစ်ဖက်နိုင်ငံကလည်း တန်ဖိုးထားတာကြောင့် အမြောက်ကြီးတစ်ခုနှင့်တကွ အတော်ဆုံးစစ်သူကြီးဖြစ်တဲ့ အူဒေဘန် ကို သွားရောက်ကာ စောင့်ကြည့်ဖို့စေလွတ်လိုက်ပါတယ်။ ထိုသို့ စေလွတ်တဲ့အချိန်တွင်လမ်းမှာ တန်ယာဂျီစစ်သူကြီးဟာ ကြားဖြတ်ဝင်တိုက်ခိုက်မှုလုပ်တဲ့အချိန်မှာတော့….\n\nအာဏာလုယူရင်းနဲ့ ကြုံတွေ့ရမယ့် သစ္စာဖောက်တွေက…..\nရှေးဟောင်းပိုင်းဆိုင်ရာ စစ်နည်းဗြူဟာတွေကိုလည်း…..\nဘာဟုဘာလီလိုတော့မဟုတ်ပေမဲ့ ကောင်းမွန်တဲ့ရိုက်ချက်တွေ ကောင်းမွန်တဲ့မြုပ်ကွက်တွေနဲ့ ဒီအိန္ဒိယ ဇာတ်ကားလေးကို တင်ဆက်လိုက်ပါတယ်။\n(အညွှန်းကို GC မှ ကူးယူဖော်ပြပါသည်။)","cover":"https://docs.google.com/uc?id=1Cg1lTNRI9XhjvVaEMIWak-54puP3gHnZ"},{"title":"Tholi Prema (2018)","id":"https://drive.google.com/file/d/15Wx95gYOq5fjPr_5m85hz7ND5w09LPNl/view?usp\u003ddrivesdk","description":"IMDb Rating - 7.4/10Google Users - 94 %ဒီတစ်ပတ်မှာတော့ တေလဂူး အချစ်ကားလေးတွေ ကြည့်ပြီး ရိုချင်ကြတယ်ဆိုတဲ့ တေလဂူးပရိသတ်တွေအတွက် အချစ်ဟာသ ဖန်စီကားလေး တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားဟာ ၂၀၁၈ လောက်ကတည်းက အကြည်တက်ခဲ့ပေမဲ့ စာတန်းထိုးဖိုင် မပါခဲ့ဘဲ ခု တမီးလ်ဗားရှင်းတက်တော့မှ စာဖိုင်မှန် ရခဲ့ပါတယ်။ခု ကျွန်တော်တို့ တင်ပေးလိုက်တာကတော့ မူရင်း အသံဖြစ်တဲ့ တေလဂူးအသံနဲ့ပါ။မင်းသားကတော့ တောင်ပိုင်းပရိသတ်တွေ အကြိုက်တွေ့ကြတဲ့ မင်းသားချော ဗာရွန် ပါ။မင်းသမီးကတော့ ကျွန်တော့်ရည်းစားသစ် ရာရှီခန်းနားပါ။ရိုမန့်စ်ကားတွေ ကြည့်ရင် မင်းသားမင်းသမီးချောဖို့လည်း လိုသေးတယ်မလား။ဇာတ်ကားနာမည်က မြန်မာလို အချစ်ဦးပါတဲ့ဗျာ။အချစ်ဦးဆိုတာကလည်း... ဘယ်အချိန်၊ဘယ်အခြေအနေဖြစ်ဖြစ် .. သတိရနေတတ်တာမျိုး မဟုတ်လား။ယောက်ျားလေးတစ်ယောက် အရမ်းကို စိတ်ညစ်နေပြီး သောက်စားမူးယစ်နေပြီဆိုရင် သေချာပါတယ်။သူ အလုပ်အကိုင် ဆုံးရှုံးမှုဖြစ်ရင်ဖြစ်၊ အချစ်ရေးမှာ ဆုံးရှုံးမှုဖြစ်ရင်ဖြစ် ဒီနှစ်ခုပဲ ရှိတယ် ဆိုရင် မှားမလား။ မင်းသားနဲ့ မင်းသမီးတွေ့ဖို့ အကြောင်းဖန်လာတာက ရထားပေါ်မှာပါ။လျှပ်တစ်ပြတ် တွေ့ခဲ့တာမျိုးမဟုတ်ဘဲ လျှပ်တစ်ပြတ် ပျောက်ဆုံးသွားတဲ့အခါ လိုက်ရှာရခက်ပါတယ်။ပျောက်သွားရတဲ့ အကြောင်းကလည်း မင်းသမီးမှာ အရမ်းကို စိုးရိမ်တတ်တဲ့ အရင်းခံစိတ်လေး ရှိပါတယ်။ဒါကလည်း နောက်ထပ် အလွဲကြီး လွဲကြဦးမယ့် သူတို့နှစ်ယောက်ရဲ့ အချစ်ခရီးမှာ အဲ့ဒီသူ့ရဲ့စိတ်က အကြောင်းဖန်လာပါလိမ့်မယ်။မိန်းကလေးတွေ စိတ်ဆိုတာလည်း သပွတ်အူလို ရှုပ်ထွေးပြီး ခန့်မှန်းရခက်တာမျိုး၊ယောက်ျားလေးဆိုတော့လည်း အချစ်အတွက်ဆို ဘာပဲ ပေးဆပ်ရပေးဆပ်ရ၊တစ်ဖက်က နှလုံးသားနဲ့ တစ်ဖက်က ဦးဏှောက်ယှဉ်ထိုးလာကြတဲ့အခါ မထင်မှတ်ထားတဲ့ ပြဿနာတွေ ပေါ်လာခဲ့ရတယ်။(အညွှန်းရေးသူအနေနဲ့ ဇာလမ်းအကျဉ်းကို ပြောပြဖို့ တော်တော်ခက်ခဲနေတာကို သတိထားမိမယ် ထင်ပါရဲ့ဗျာ)တွေ့တွေ့ချင်း ချစ်မိသွားပြီး စွဲစွဲလန်းလန်းဖြစ်ခဲ့ရတဲ့ ယောက်ျားလေးတစ်ယောက်နဲ့အချစ်ကို ဦးဏှောက်နဲ့ စဉ်းစားတတ်တဲ့ မိန်းကလေးတို့ ရဲ့ အချစ်ဇာတ်လမ်းတစ်ခုဆိုရင် ပိုမှန်မယ်ဗျ။ကဲ ဒီလောက်ပဲ ရေးပြပါရစေဗျာ။ ------------------------------------------------ချစ်လှစွာသော ပရိသတ်ကြီးရေ... ဒီဇာတ်ကားလေးကို ကြည့်တဲ့အခါ လူမမြင်စေနဲ့ဗျ။ကြည်နူးစရာတွေနဲ့မို့ ကိုယ့်မျက်နှာကြီး ပြုံးပြီး ကြည့်နေတော့ ဘေးလူမြင်မှာ တော်တော်ကို ရှက်မိလိမ့်မယ်။ထပ်ပြီး ပြောရမယ်ဆိုရင် အချစ်ဇာတ်လမ်းလေးမို့ သီချင်းလေးတွေပါပေမဲ့ သီချင်းစာသားတွေ မူရင်းမှာ မပါတော့ ထည့်မရေးဖြစ်ခဲ့ပါဘူးခင်ဗျာ။ဒါကလည်း သီချင်းမပါတာတောင် စာတော်တော်များနေတာမို့ မူရင်းမှာ ထည့်မပေးခဲ့တာဖြစ်ပါလိမ့်မယ်။အထူးသတိပေးချက်လတ်တလောမှာ ကလေးငယ်လေးတွေ အတုယူမှားတာတွေ တွေ့ကြုံနေရပါတယ်။နုနယ်လှတဲ့ ကလေးငယ်များအဖို့ အတုယူမှားစေနိုင်တဲ့ ဇာတ်ဝင်ခန်းတစ်ခု ပါဝင်တာမို့ ကလေးတွေကို ပြမယ်ဆိုရင် အုပ်ထိန်းသူများက ကြီးကြပ်ပေးကြဖို့ တောင်းဆိုချင်ပါတယ်။အညွှန်းနဲ့ မြန်မာမှု ပြုထားကြသူတွေကတော့ ညီညီကိုးနဲ့ မြင့်သူတို့ ညီအစ်ကိုပါ။Translated by Nyi Koe And Myint ThuEncoded by THZcredit cm","cover":"https://docs.google.com/uc?id\u003d1i07EFjz5JfSdPUU-WUf1d6a9l6Hs9rqd"},{"title":"Mardaani 1 (2014)","id":"https://drive.google.com/file/d/1k19wxJ5ZKEYxCt0k8cs_KO2rwS4VA-61/view?usp\u003ddrivesdk","description":"အိန္ဒိယဟာ ကလေးသူငယ်လိင်ပိုင်းဆိုင်ရာလူကုန်ကူးမှုတွေရဲ့ အချက်အချာဖြစ်ပါတယ်တစ်နှစ်ကို ကလေးပေါင်း ၄၀၀၀၀ လောက်လူကုန်ကူးခံနေရပြီး ၈ မိနစ်တိုင်းမှာ မိန်းကလေးတစ်ယောက်ပျောက်ဆုံးနေပါတယ်မှုခင်းဌာနရဲတပ်ဖွဲ့က ရဲတစ်ယောက်ဖြစ်တဲ့ Shivani Shivaji Roy ( rani) မွေးစားသမီး pyaari အဖမ်းခံခဲ့ရတဲ့နောက်ဒီအဖွဲ့အစည်းရဲ့ အစအနကို ခြေရာခံမိလာပါတယ်။ သူ့သမီးကိုပြန်ရလာပေမယ့် အဖွဲ့ကိုတော့ တစ်ချိန်လုံးစောင့်ကြည့်နေခဲ့တယ်။အဲ့ဒါကို ရိပ်မိသွားတဲ့ ဂိုဏ်းခေါင်းဆောင်ဟာ သူ့အပေါ် ခြိမ်းခြောက်မှုတွေလုပ်လာပါတယ်အမျိုးသမီး ရဲ တစ်ယောက်ဖြစ်တဲ့ shivani ဟာ လူအင်အားတောင့်တင်းပြီးလက်တံရှည်လှတဲ့ လူကုန်ကူးဂိုဏ်းကိုရင်ဆို်င်နိုင်ပါ့မလား။အားလုံးချစ်ကြတဲ့ rani mukherji ခေါင်းဆောင်ပါ၀င်ထားပြီး IIFA Awards,Filmfare Awards တွေမှာအကောင်းဆုံးမင်းသမီးဆန်ကာတင်၀င်ခဲ့သလို Stardust Awards မှာတော့ အကောင်းဆုံးမင်းသမီးဆုရခဲ့ပါတယ်။Mardaani ဟာ ဘောလိဝုဒ်မှာမြင်ရခဲတဲ့ Thriller ကားကောင်းတစ်ကားပါ။(အညွှန်းကို ကိုဝေဟံလင်းထင်မှ ရေးသားပေးတာဖြစ်ပါတယ်)","cover":"https://docs.google.com/uc?id\u003d1iYbparmlPvuSnp-ugPjmt7dgbOEV8mWa"},{"title":"Kal Ho Na Ho (2013)","id":"https://drive.google.com/file/d/1g2Z0DCfNr5e3GpZ1ig32ixhj65tDpMEB/view?usp\u003ddrivesdk","description":"အချစ်ဆိုတာ…အသက်အရွယ် မခွဲခြားပါဘူးလေ…နှလုံးသားသာရှိဖို့ပဲ လိုတာပေါ့…ကျောင်းသားလေးတစ်ယောက်ဟာ ကိုယ့်ရဲ့အိမ်နီးချင်း ကောင်မလေးကို ချစ်မိသွားတယ်…ဒါအပြစ်လား… ချစ်မိတာ အပြစ်ဖြစ်မလားဘယ်ဟုတ်ပါ့မလဲ…ကိုယ့်သူငယ်ချင်း အဆင်ပြေဖို့အတွက်နဲ့ကိုယ် တစ်ဖက်သက်ချစ်နေရတဲ့ ကောင်မလေးကိုအောင်သွယ်ပေးခဲ့ရတဲ့ အချစ်ဆုံးသူငယ်ချင်းရဲ့ဒုက္ခကိုလည်း ဆင်ခြင်ပေးသင့် စာနာပေးသင့်တာပေါ့လေ…ဒီဇာတ်လမ်းက ရိုးရိုးလေးပဲရယ်…ဒါပေမယ့် ဘောလိဝုဒ်ကားတွေရဲ့ ထုံးစံအတိုင်းပဲဒရာမာကို ပီပြင်အောင် သရုပ်ဖော်ခဲ့မှုကြောင့်Rotten Tomatoes ကြီးရဲ့ အဖွဲ့ဝင်တွေက၇၇ ရာခိုင်နှုန်းပေးခဲ့ပြီး ကြည့်ရှုသူတွေက ၉၁ရာခိုင်နှုန်းတဲ့…IMDB က 8/10, Netflix ကလည်း 8/10 တဲ့Rating တွေ ဒီလောက် ကောင်းနေရတာ အလကားမှ မဟုတ်ခဲ့တာပဲဟာ…ရိုက်ကူးခဲ့ရာမှာ သန်းနဲ့ချီသုံးခဲ့တဲ့ တန်ကြေးဟာကြည့်ရှုသူတွေရဲ့ အကောင်းဘက်နွယ်တဲ့မှတ်ချက်တွေကို ရခဲ့တယ်…ဒါတင်ပဲလား မဟုတ်ပါဘူး နဂိုထဲက နာမည် တစ်ရိပ်ရိပ်တက်နေတဲ့ မင်းသား ရှာရွတ်ခန်းကိုနာမည် အရှိန်တင်ပေးတဲ့ ဇာတ်ကားလည်းဖြစ်ခဲ့တာပေါ့ဟောလိဝုဒ်ရဲ့ အကောင်းဆုံး ဒရာမာကားတွေထဲတစ်ကားအပါအဝင်ဖြစ်တဲ့ Kal Ho Naa Ho ကိုမျက်ရည်ချူတဲ့ကားတွေထဲမှာ တစ်ကား အပါအဝင်အဖြစ်လည်း အဖြစ်လည်းသတ်မှတ်လို့ရသေးတယ်အခုလို အကောင်းဆုံးကားတစ်ကားကို ပရိသတ်ကြီးဆီ အရောက်ပို့လိုက်ရတာ ဂုဏ်ယူလို့မဆုံးပါကြောင်း……(ဇာတ်လမ်းအညွန်းကို တဖွဲ.တနွဲ.ရေးပေးခဲ့သူကတော. ရဲခန်.မင်းဖြစ်ပြီး ဘာသာပြန်သူကတော့ စည်သူအောင်ပဲဖြစ်ပါတယ်)Crd cm","cover":"https://docs.google.com/uc?id\u003d1jyqGAO2OXqZMj-56Uh-C_Mnz4k_L9qg0"},{"title":"Dil To Pagal Hai (1997)","id":"https://drive.google.com/file/d/1gvWKpI4rteYg5sF1qzTTiRZ9sxg7vrQC/view?usp\u003ddrivesdk","description":"ရာဟူး(လ်)ပါ၊ နာမည်တော့ကြားဖူးမှာပေါ့။ဒီဒိုင်ယာလော့ဟာ ဒီဇာတ်ကားကြည့်ဖူးသူတိုင်း မမေ့နိုင်စရာပါအချစ်ဆိုတာဘာလဲအချစ်လား၊ ဘာများလဲဗျအချစ်ဆိုတာ ဘဝပါပဲဘုရားဟာ နှလုံးသားတိုင်းရဲ့ ဖူးစာဖက်တွေကို ဟိုးအစကတည်းကစီမံထားပြီးသားပါတစ်ယောက်ကိုတစ်ယောက် ရှာဖွေ့ဖို့ပဲလိုအပ်တာပါတနေနေရာရာမှာ တစ်ယောက်ယောက်ဟာ သင့်ဘဝလက်တွဲဖေါ်အဖြစ်ရှိနေပါတယ်။ဆုပေါင်းများစွာသိမ်းပိိုက်ထားပြီး ယခုချိန်ထိနာမည်ကျော်လူကြိုက်များနေစဲဖြစ်တဲ့King Khanရဲ့ အကောင်းဆုံးဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်IMDb 7.1 / 10 အထိရရှိထားပြီး အချိန်ပြည့်နားထဲစွဲနေစေမယ့်သီချင်းတွေဒရာမာစစ်စစ်တွေမှကြိုက်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက်ကတော့ လုံးဝလက်လွတ်မခံသင့်ပါဘူးSRK ဟာ Romance King ဖြစ်သလို သူ့ Romance ကားတွေဟာလည်းအခုချိန်ထိ လူကြိုက်များစဲ အောင်မြင်နေစဲပါပဲMadhuri Dixit Karisma Kapoor တို့၏ ငယ်ဘဝကအလှအပများ သူမတူလွန်းတဲ့ နောက်ခံသီချင်းများ၊ ယခုအချိန်ထိ နာမည်ကျော်နေတဲ့ သီချင်းများနဲ့ဘယ်အချိန်ပြန်ကြည့်ကြည့် မရိုးစေနိုင်ပါဘူးဇာတ်လမ်းလေးကတော့ရာဟူး(လ်)၊ နီရှား၊ ပူဂျားနဲ့ အဂျေးတို့ကြားထဲကစိတ်ဝင်စားဖွယ်အချစ်ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်ဒီဇာတ်ကားကောင်းမကောင်းဆိုတာ အများစုသိပြီးသားဆိုတော့ ထပ်မညွှန်းတော့ပါဘူးလုံးဝမကြည့်ရသေးဘူးဆိုရင်တော့ သေချာပေါက်ကြည့်လိုက်ပါတကယ်သဘောကျလိမ့်မယ်ဆိုတာ အာမခံပါတယ်(သီချင်းတွေအားလုံးဟာ အမှန်အကန်တွေမို့လို့ အားလုံးကို ဘာသာပြန်ပေးထားပါတယ်)(အညွန်းနဲ့ ဘာသာပြန်ကေတော့ ကိုဇော်ထူး ပါ)Crd cm","cover":"https://docs.google.com/uc?id\u003d1lbhi_ArPQWURf7RvdgAxXiD0scFQV262"},{"title":"Dilwale (2015)","id":"https://drive.google.com/file/d/1KJs_B9qj3XgC_OR6PBOPteggIQiKHhQr/view?usp=sharing","description":"ဘောလိဝုဒ်မင်းသားကြီး ရှာရွတ်ခန်း နဲ့ မင်းသမီး Kajol တို့ တကြော့ပြန် ပြန်လည်လက်တွဲထားတဲ့ ဇာတ်ကားပါ။ဇာတ်လမ်းအကြောင်းမပြောခင်..ပြောချင်တဲ့အချက်တစ်ချက်ရှိပါတယ်။အဲဒါကတော့ ဒီဇာတ်ကားမှာ ရှုခင်းနဲ့ ဆက်တင်ကိုအထူးဂရုပြုပြီး ဖျော်ဖြေရေးဆန်ဆန် အရောင်အသွေးစုံလင်အောင်ဖန်တီးထားတဲ့အကြောင်းပါ။ အရောင်အသွေးစုံခင်မှုအပိုင်းမှာ တစ်နေရာမှ မလစ်ဟင်းအောင် ဂရုပြုထားပြီးပန်းချီကားတစ်ချပ်လို ဖန်တီးတင်ဆက်ထားတာ လှပလွန်းပါတယ်။ဇာတ်လမ်းပုံစံကတော့မိသားစုတွေရဲ့ ရန်ငြိုးကြောင့် ချစ်ရက်နဲ့ ကွဲကွာနေကြတဲ့ ချစ်သူနှစ်ဦးကံကြမ္မာအလှည့်အပြောင်းတစ်ချိုးမှာ ပြန်လည်တွေ့ဆုံဖို့ ဖြစ်လာတဲ့အခါ………။ဇာတ်လမ်းကို သွက်သွက်လက်လက်တစ်နည်း…လွမ်းလွမ်းဆွေးဆွေးတဖုံ….ရယ်ရယ်မောမောတစ်သွယ်…ပုံစံမျိုးစုံ တင်ဆက်ရာမှာ သီချင်းတွေနဲ့ နောက်ခံ သံစဉ်တီးလုံးတွေကအတော်လေးလိုက်ဖက်ညီပြီး ဇာတ်လမ်းကို အကောင်းမွန်ဆုံးထောက်ပ့ံပေးသွားတာတွေ့ရပါတယ်။ဖျော်ဖြေရေးဆန်လွန်းတဲ့ ဇာတ်ကားဖြစ်ပြီး ဇာတ်ကားကြာမြင့်ချိန်ကလဲ ၂ နာရီခွဲလောက်ရှိတဲ့အတွက်အေးအေးဆေးဆေး အနားယူ… အချိန်ယူ ခံစားကြည့်ရှုသင့်တဲ့ဇာတ်ကားပါ။(ဒီဇာတ်ကားကို Tariq L Walker မှဘာသာပြန်ထားတာဖြစ်ပြီး ဇာတ်ဝင်တေးသီချင်းတွေကိုပါ မြန်မာပြန်ဆိုပေးထားပါတယ်။)Crd cm","cover":"https://docs.google.com/uc?id\u003d1m6rtAszAU2YkjzA4yVzmxwP21jiMr2x9"},{"title":"iSmart Shankar(2019)","id":"https://drive.google.com/file/d/17X8tJknYz-cyz9SyfS_4zYukdmlyFSMo/view?usp\u003dsharing","description":"ရှန်ခါဟာလက်မရွံကြေးစားလူမိုက်တစ်ယောက်ဖြစ်ပြီး သူ့ဦးလေးခိုင်းသမျှအကုန်\nမျက်စိစုံမှိတ်လုပ်တဲ့လူတစ်ယောက်…သူ့မှာသူနဲ့စရိုက်ချင်းတူတဲ့ချစ်သူကောင်မလေး\nချန်ဒီနီရှိတယ်…တစ်နေ့မှသူ့ဦးလေးဖြစ်သူကလူတစ်ယောက်ကိုသတ်ခိုင်းတယ်…အဲ့ဒီ\nအချိန်မှာ ရှန်ခါမသိတဲ့အချက်တစ်ခုရှိတယ်..အဲ့ဒါက လုပ်ကြံမှုပြီးရင်ဦးလေးဖြစ်သူက\nရှန်ခါနဲ့ သူ့ကောင်မလေးကို လက်စဖျောက်ဖို့ အဖွဲ့တစ်ဖွဲ့ နဲ့ သီးခြားစေခိုင်းထားတာပါပဲ…\nရှန်ခါတစ်ယောက် ဦးလေးဖြစ်သူရဲ့ အစီအစဉ်အတိုင်း သူပါ အသတ်ခံရမလား..\nသူ့ချစ်သူရော လွတ်မြောက်ပါ့မလား… ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါ…ဒီကားက အိန္ဒိယ အက်ရှင်ဦးစားပေးကားဖြစ်ပြီး ရဲတွေနဲ့ လူဆိုးတွေ များစွာကို အပီအပြင် ဗျင်းတဲ့အခန်းပေါင်းများစွာ ပါဝင်ပါတယ်….မင်းသားဖြစ်သူဟာ မမျှော်လင့်ထားတဲ့ ကိစ္စတွေကြောင့် ကျားနာတစ်ကောင်လိုဖြစ်ပြီး ရှယ်ဗျင်းတာတွေကို အားရပါးရ\nမြင်ရပါလိမ့်မယ်…ခံစားကြည့်ကြပါဦး…\nဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwe Zan Aung ပဲဖြစ်ပါတယ်…\nCrd cm","cover":"https://docs.google.com/uc?id\u003d1mnjn2NbDMdKyO6qkcQLYZo_j3yWSZnfI"},{"title":"Housefull 4 (2019)","id":"https://drive.google.com/file/d/1oBdtbPHkJ3urlV9Ui6h0JKnr4c9wWdvs/view?usp\u003ddrivesdk","description":"Akshay Kumar ရဲ့ 2019မှာ ထွက်လာခဲ့တဲ့ ဟာသကားတစ်ကားဆိုတာတော့ မိတ်ဆက်စရာ လိုမယ်မထင်ပါ။\nဇာတ်လမ်းအကျဉ်းကို ပြောပြရရင် အရှေးကူးမား(ဟယ်ရီ)ဟာ အမြဲ အိပ်မက်ဆိုးတွေနဲ့ တွေ့ကြုံနေရသူပေါ့။\nအတိတ်ဘဝတစ်ခု လို့ ပြောလို့ရမယ့် နန်းတွင်း ရာဇဝင် ဇာတ်လမ်းတစ်ခုကို အမြဲလိုလို မြင်ယောင်နေတယ်။\nလတ်တလောမှာလည်း ငွေကြေး အရမ်းလိုနေတော့ ညီအစ်ကို ၃ယောက်ဟာ လန်ဒန်ရဲ့ လူကုံထံကြီးရဲ့ သမီး၃ယောက်ကို ကြံနေကြသူတွေ။\nအဲ့ဒီမိန်းကလေး၃ယောက်ကို လက်ထပ်နိုင်ရင် သူတို့အတွက် ငွေကြေးပြေလည်သွားမယ်ဆိုတာ သူတို့ ကြံဆထားပြီးသား။\nဒီလိုနဲ့ သူတို့ ၃တွဲ အပျော်ခရီး တစ်ခု ထွက်ရာမှာ သူရဲ့ အိပ်မက်တွေဟာ…. အတိတ်ဘဝတစ်ခုရဲ့ ပုံရိပ်တွေဆိုတာ အခါအားလျှော်စွာ သိလိုက်ရချိန်မှာတော့…..။\n————————————————-\nဒီဇာတ်ကားထဲမှာ ရှေ့ခေတ် နောက်ခေတ်တွေ သရော်တာမျိုးတွေ၊\nဘာဟူဘာလီ သီချင်းတွေကို အပျော်အပျက်လုပ်ပြီး ထည့်တာမျိုးတွေ၊\nခုခေတ် အကမင်းသားကို ရှေးခေတ်က အကနတ်ဘုရားအဖြစ် ထည့်ထားတာမျိုး၊\nဘူဟူဘာလီတူအဖြစ် ဘာဟူဘာလီဇာတ်ကားထဲ သရုပ်ဆောင်ခဲ့သူကို မင်းက ဘာဟူဘာလီ တူလား\nဆိုပြီး မေးတာမျိုး၊ (ပြဇာတ်ဆန်ဆန် ဟာသနှောတာမျိုးတွေ) ပါဝင်နေပါတယ်။\nဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။\nCrd cm","cover":"https://docs.google.com/uc?id\u003d1nmG0Eh-OR-77WuCjk6l0upskNs0d_lYV"},{"title":"Raees (2017)","id":"https://drive.google.com/file/d/1c7xiU53GcSt33uVTzn4k8jG0jlsh3XQj/view?usp=drivesdk","description":"ဂူဂျာရတ်ပြည်နယ်က လူ ဆိုးခေါင်းဆောင် အက်ဘ်ဒူလ် လာတစ်ဖ်ရဲ့အကြောင်းကို အခြေ ခံပြီး ဇာတ်အိမ်တည်ထားတယ်လို့ ဆိုကြပေမယ့်လည်း ရုပ်ရှင်ထုတ် လုပ်သူတွေကတော့ စိတ်ကူးယဉ် ဇာတ်လမ်းတစ်ခုကိုသာ ပုံဖော် ထားတာလို့ ငြင်းဆိုထားပါတယ်။၁၉၈၀ နဲ့ ၁၉၉၀ ကြား ကာလ အိန္ဒိယနိုင်ငံ ဂူဂျာရတ် ပြည်နယ်က ရာအီးစ်ဆိုတဲ့ ဒုစရိုက်သမားတစ်ယောက်ရဲ့ ပုံရိပ်ကို ရှုစားရမှာပါ။ ရာအီးစ်ဟာ ဒုစရိုက်သမားဖြစ်လာတာမပြောနဲ့ ငယ် ငယ်ကတည်းက မကောင်းမှုအ တော်များများနဲ့ ယဉ်ပါးနေပြီး သားမို့လည်း ဖြစ်ပါတယ်။ငယ်ငယ်ကတည်းက မှောင် ခိုလောကနဲ့ ရင်းနှီးပြီး ရာအီးစ်ဟာ အရွယ်ရောက်လာတဲ့အခါမှာ လည်း မှောင်ခိုလောကမှာ လုပ် ငန်းအကြီးအကျယ်လုပ်ကိုင်သူ တစ်ယောက်ဖြစ်ပြီး သူဘယ် လောက်ပဲဆိုးသွမ်းပါစေ သူ့ဒေသခံတွေကတော့ သူ့ကို သဘောကျ ကြပါတယ်။ ဘာကြောင့်လဲဆိုရင် သူက သူမွေးရပ်မြေကို ထောက်ပံ့ ကူညီမှုတွေပေးထားလို့ပဲ ဖြစ်ပါ တယ်။ရာအီးစ်ရဲ့ လုပ်ရပ်တွေကို ဖော်ထုတ်မယ့်သူကတော့ ရဲအရာရှိ ဂျိုင်ဒီးပ်အမ်ဘာလာမက်မူဒါ ဖြစ်ပြီး သူကတော့ အမှုမှန်ပေါ် ပေါက်ရေးအတွက် လူဆိုးဂိုဏ်း သားတွေကို အမှန်အကန်ဖော် ထုတ်ဖမ်းဆီးသူ ဖြစ်ပါတယ်။ မှောင်ခိုရာဇာ ရာအီးစ်က ပြည် နယ်အုပ်ချုပ်မှုပိုင်းမှာပါ ဝင်ဖို့ကြိုး ပမ်းလာတဲ့အခါမှာ ရဲအရာရှိဂျိုင် ဒီးပ်နဲ့ ရာအီးစ်တို့ ထိပ်တိုက်တွေ့ ဖို့ ဖြစ်လာပါတော့တယ်။ ရာအီးစ်ရဲ့ လုပ်ရပ်တွေကို ဖော်ထုတ်မယ့် ရဲအရာရှိရဲ့လက် က ရာအီးစ်လွတ်မြောက်နိုင်ပါ့ မလား၊ ဒေသခံတွေ ချစ်ကြတဲ့ ရာအီးစ်ရဲ့ အနာဂတ်က ဘယ်လို ဇာတ်သိမ်းရမှာလဲ၊ မှောင်ခိုလော ကထဲက ရာအီးစ်ရဲ့ ငယ်စဉ်က နေ အရွယ်ရောက်သည်အထိ ဖြတ်သန်းခဲ့ရတဲ့ အနေအထားတွေကို ကိုယ်တိုင်ကြည့်ရှုဖို့ ညွှန်းပေးလိုက်တယ်နော်။ဒီဇာတ်ကားထဲမှာ အမှန်အကန် အက်ရှင်ဇာတ်ကွက်တွေနဲ့အတူ မင်းသားရှရွတ်ခန်းရဲ့ ဗီလိန်ဇာတ်ရုပ်ကိုပါ တစ်မူထူးပြီး ရှုစားရမှာမို့ ပရိသတ်တွေ သဘောကျမှာ သေချာပါတယ်။ဒါတင်မက အိန္ဒိယဇာတ်လမ်းတွေရဲ့ ထုံးစံမပျက် သီဆိုကခုန်မှုတွေပါ ကြည့်ရမယ့် ဒီဇာတ်ကားမှာ ရာအီးစ်အဖြစ် ရှရွတ်ခန်း၊ အစီရာအဖြစ် မဟီရာခန်း၊ ရဲအရာရှိဂျိုင်ဒီးပ်အမ်ဘာလာမက်မူဒါအဖြစ် နာဝါဇူဒင်ဆင်ဒီကွီ စတဲ့သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။(ဇာတ်လမ်းအညွှန်းကိုတော့ (http://www.7daydaily.com/) Website မှကူးယူဖော်ပြထားတာဖြစ်ပါတယ်)\nCredit -\u003e cm","cover":"https://docs.google.com/uc?id\u003d1oSFlhbHbtAi75MVkwsn--496NODEB011"},{"title":"Pati Patni Aur Woh (2019)","id":"https://drive.google.com/file/d/1UfTWHmjZN6QsSy0RLaDnH6AYLbscp8ta/view?usp\u003ddrivesdk","description":"၂၀၁၉ ထွက် အောင်မြင်ခဲ့တဲ့ ဟာသ ဒရာမာကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်\nဇာတ်လမ်းလည်း ကောင်းသလို သရုပ်ဆောင်တွေလည်း အမှန်အကန်တွေချည်းပဲမို့ ဘောလီဝုဒ်ဖန်တွေ အကြိုက်တွေ့မှာပါ\nချင်တူးတေယာဂီဆိုတဲ့ လူငယ်တစ်ယောက်ဟာ မိဘတွေစီစဉ်ပေးတဲ့ ဂွတ်ဒီးဆိုတဲ့ကောင်မလေးနဲ့ လက်ထပ်လိုက်ရပါတယ်\nအိမ်ထောင်သက် ၃ နှစ်ကြာသွားတဲ့အခါ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးမှာ ပျော်ရွှင်မှုတွေ တစတစကုန်ဆုံးလာပါတော့တယ်\nဒီတော့ ပျော်ရွှင်မှုငတ်မွတ်နေတဲ့ ချင်တူးတစ်ယောက် အလုပ်ကိစ္စတစ်ခုနဲ့ တပက်စ်ယားဆင့်ဆိုတဲ့ မိန်းကလေးနဲ့ ဆုံခဲ့ပါတယ်\nပျောက်ဆုံးနေတဲ့အပျော်ရွှင်ကို ပြန်ရှာရင်း ချင်တူး ဂွတ်ဒီးနဲ့ တပက်စ်ယားတို့ကြားမှာ လင်၊ မယားနဲ့ ထိုအရာ(သူ/သူမ) ဆိုတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပေါ်လာပါတော့တယ်\nFamily Comedy ဇာတ်ကားကောင်းတစ်ကားမို့လို့ တခွီခွီနဲ့ မိသားစုနဲ့အတူ ခံစားကြည့်လိုက်ပါဦး\nဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….","cover":"https://docs.google.com/uc?id\u003d1oy8vO5rBjpeaDk6xJ09XRlvwV5HGQN0O"},{"title":"Thackeray (2019)","id":"https://drive.google.com/file/d/1orBD8zV8z_I69cfM_MN9viLf5L-7umu4/view?usp\u003ddrivesdk","description":"ဒီရုပ်ရှင်ကား ဟာ အိန္ဒိယ နိုင်ငံရဲ့ လူမျိုးရေးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဘခရိုထခရေး ရဲ့ ဘဝဇတ်ကြောင်းပဲ ဖြစ်ပါတယ်။ ထခရေး ဟာ မဟာရက်ချ်တာ လူမျိုး ဖြစ်ပြီး နိုင်ငံရေး သမားတွေ ရဲ့ လူလည်ကျမှုတွေ ဘာသာရေး သမားတွေ ရဲ့ အမြတ်ထုတ်မှုတွေကို သူတက်နိုင်တဲ့ ကာတွန်းတွေ ရေးဆွဲပြီး သတင်းစာတိုက်ကနေ တိုက်ခိုက်နေသူပဲ ဖြစ်ပါတယ်… ဒါပေမဲ့ သတင်းစာတိုက် ပိုင်ရှင် နဲ့ ပြသနာဖြစ်ပြီး ကာတွန်းဆရာ အလုပ်ကနေ ထခရေး ထွက်ခဲ့ရတယ် ဒီတစ်လျှောက်မှာ နိုင်ငံအတွင်း ရွှေ့ပြောင်းနေထိုင် (ခိုးဝင်) အလုပ်လုပ်သူတွေ ရဲ့ ဗိုလ်ကျမှုတွေ ခံလာရတဲ့ မြို့သူ မြို့သားတွေ အတွက် ရပ်တည်ပေးဖို့ အကြောင်းဖန်လာပါတယ်… မရှိမဲ့ ရှိမဲ့ ပိုက်ဆံလေးတွေ ပေါင်း အပြင်ကနေ ပိုက်ဆံချေးပြီး နိုင်ငံရေး သတင်းဂျာနယ်တိုက် စတင် တည်ထောင်ခဲ့ပြီး… တစ်ဖြေးဖြေး နဲ့ ခြေလှမ်းသွတ်လာကာ နိုင်ငံရေးခေါင်းဆောင် တစ်ဦးအဖြစ်သို့ လှမ်းပါတော့တယ်… ထခရေး ဟာ အမှန်တရားဘက်တော်သားလို့လဲ ပုံသေချီးကျူးလို့ မရပြန်ပါဘူး သူ့စိတ်ထဲ မှန်တာထင်ရင် သတ်လဲ သတ်တယ် ရိုက်လဲရိုက်မယ် ဘာမဆို လုပ်ဖို့ အဆင်သင့်ဖြစ်နေသူပါ… ပြောရရင် အစွန်းရောက် မျိုးချစ်ပုံစံမျိုးလဲ သူ့ဆီမှာ တွေ့ရသလို ဘာသာခြားတွေကို သနားကြင်နာမှု လဲ သူ့ဆီမှာတွေ့ရတယ် မှန်းဆရ ခက်ပေမဲ့ သူကတော့ အမျိုးဘာသာ သာသနာအတွက် နိုင်ငံတော် အစိုးရ နဲ့ အာဏာရှင်တွေကို လုံး၀ မကြောက်ရွံ့ခဲ့သူပါ နိုင်ငံတော်ဆူပူမှု ဖြစ်အောင် မီးမွှေးနိုင်သူ ဖြစ်သလို နိုင်ငံတော် ငြိမ်ဝပ်ပိပြားအောင် ပြန်ထိန်းနိုင်သူလဲ ဖြစ်ပြန်တယ် ထခရေး က မျိုးချစ်နိုင်ငံရေး ခေါင်းဆောင် ဖြစ်ပေမဲ့ တိုင်းပြည်ရဲ့ အာဏာရှင် စနစ်ကို အတော်ကြီး လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့သူပါပဲ…. ဇတ်လမ်းတစ်ခုလုံးမှာ သီချင်းဆိုပြီး အားအားယားယား ခုန်ပေါက်ကနေတာမျိုး မပါတဲ့ အတွက် ကြည့်ရတာ ပိုကောင်းနေသလိုပါပဲ… နိုင်ငံရေး လှည့်ကွက်တွေ မျိုးချစ် နဲ့ ဘာသာရေး ပြသနာတွေက အသက်မရှုရဲလောက်အောင် ဇတ်လမ်းရဲ့ အစကနေ အဆုံးထိ ဆွဲခေါ်သွားမှာပါ\nCredit -\u003e cm","cover":"https://docs.google.com/uc?id\u003d1pBXlZeg327vqFRm731kANvZWmCzwp9gZ"},{"title":"De De Pyar De (2019)","id":"https://drive.google.com/file/d/1gCsVGv6fB3jGg6ySWO3ReoI1Hft88evN/view?usp=drivesdk","description":"ဒီတစ်ခါတော့ ဘောလီဝုဒ်ပရိသတ်ကြီးအတွက် Rom-Com ဇာတ်ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ ၂၀၁၉ ဝင်ငွေအကောင်းဆုံး ၁၀ ကား စာရင်းဝင်တစ်ကားဖြစ်သလို အချစ်ဟာသဇာတ်မြူးတွေသာရိုက်လေ့ရှိတဲ့ ဒါရိုက်တာ Akiv Ali ရဲ့ ကားကောင်းတစ်ကားဆိုလည်း မမှားပါဘူး ပိုစတာပေါ်မှာ Romantic Comedy Movie ဆိုပြီးရေးရေးထားပြီးပေါပေါလောလောတွေ တင်ဆက်နေတဲ့ ကိုယ်တွေဆီက မြန်မာကားတွေအနေနဲ့ ဒီလိုကားတွေကနေ ပညာယူသင့်ပါတယ် Rom-Com ဆိုတာဘာလဲ ဟာသဇာတ်ကားကောင်းတစ်ကားဖြစ်ဖို့ အိုကြီးအိုမတွေက ပေါတောတောတွေ လုပ်ပြစရာမလိုသလိုဗလတောင့်တောင့် အစ်ကိုကြီးတွေကလည်း ခြောက်ပြစရာမလိုပါဘူး သေခါနီးဘွားတော်ကြီးတွေ ရွပြဖို့မလိုသလိုချာတိတ်တွေက လူကြီးသူမတွေကို သောက်ပေါတွေပါလို့ အမြင်မှားအောင် ရိုက်ပြစရာမလိုပါဘူး ကုန်ကုန်ပြောရရင် ကလိထိုးပြီး မရယ်ရဖို့အရေးကြီးပါတယ် ဒီဇာတ်ကားထဲမှာ Rom-Com ဆိုတဲ့အတိုင်းRomance အခန်းတွေမှာလည်း ကြည်နူးစရာတွေဖြစ်စေသလိုComedy အခန်းတွေမှာလည်း တွေးတွေးပြီးရယ်ချင်စိတ်တွေဖြစ်စေပါတယ် ဒီတော့ မိသားစုနဲ့အတူ ပျော်ပျော်ပါးပါးနဲ့ ဇာတ်ကားကောင်းတစ်ကားကို ခံစားကြည့်လိုက်ပါပေးလိုက်ရတဲ့အချိန် ၃ နာရီဝန်းကျင် အလကားမဖြစ်စေရဘူးလို့ အာမခံပါတယ် ဇာတ်လမ်းလေးပြောပြရရင် … အသက် ၅၀ အရွယ် အိမ်ထောင်ကွဲအမျိုးသားတစ်ဦးဖြစ်တဲ့ အာရှစ်(ရှ်)ဟာ အသက် ၂၆ အရွယ် အိုင်(ယ်)ရှားဆိုတဲ့ကောင်မလေးနဲ့ ချစ်ကျွမ်းဝင်သွားခဲ့ပါတယ် ၁၄ နှစ်အသက်ကွာခြားမှုကြောင့် ပတ်ဝန်းကျင်မှာ သူတို့နှစ်ယောက်ကြားထိုးနှက်မှုပေါင်းများစွားလည်း ရှိနေပါတယ်။ အဲ့ဒိအချိန်မှာ အာရှစ်တစ်ယောက် အိုင်(ယ်)ရှားကို သူ့မိသားစုနဲ့တွေ့ပေးဖို့ခေါ်သွားတဲ့အခါမှာတော့ … (ဒီဇာတ်ကားဟာ အကြည်ထွက်တာကြာပြီဆိုပေမယ့် စာဖိုင်အမှန်မထွက်သေးလို့ဘာသာပြန်မရဘဲဖြစ်နေတာပါ အနီးစပ်ဆုံးစာဖိုင်ကို နားထောင်ပြီး အမှန်ဆုံးဖြစ်အောင် ဘာသာပြန်ပေးထားပါတယ်၊ လိုအပ်ချက်တစ်စုံတစ်ရာပါရှိပါက သည်းခံပေးကြပါကုန်)\nCredit -\u003e cm","cover":"https://docs.google.com/uc?id\u003d1pwy2K26rDeTDQBdkFMUl18u1GJ8gZ6uq"},{"title":"Padi Padi Leche Manasu (2018)","id":"https://drive.google.com/file/d/10da-7TKe9Zzvd-K4kYa0drD1Fk102bCM/view?usp\u003ddrivesdk","description":"အသစ်ထွက် Telugu ဇာတ်ကားလေးဖြစ်ပါတယ်။ Romance/Dramaဇာတ်ကားလေးဖြစ်ပြီး ဟာသနှောရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။\nCastတွေကတော့ ဆူရီရာအဖြစ် Sharvanand ၊ ဗေရှာလီအဖြစ် မင်းသမီးချော Sai Pallavi တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ IMDb rating 6.5 ထိရထားပါတယ်။\nဇာတ်လမ်းလေးကတော့ ဘဝနောက်ခံအခြေအနေမတူ၊ စရိုက်ချင်းမတူ၊ တွေးခေါ်ပုံချင်းမတူတဲ့ လူနှစ်ယောက်ရဲ့ကြားက ချစ်ခြင်းမေတ္တာ၊\nအဆင်မပြေမှု၊ သဘောထားကွဲလွဲမှုတွေကိုပြသွားပြီး အပြင်လက်တွေ့သမီးရည်စားအတွဲကြားဖြစ်တတ်တဲ့အခြေအနေတွေ၊\nအိမ်ထောင်ရေးပြသနာတွေကို ရိုက်ကူးပြသွားတာပဲဖြစ်ပါတယ်။ ဟာသနှောပြီး အလွမ်းအဆွေးတွေကိုရိုက်ကူးပြထားတဲ့အတွက်\nအရသာတစ်မျိုးတော့ရမှာပါ။ ဇာတ်ဆောင်မင်းသားရဲ့ ဂျစ်ကန်ကန်သရုပ်ဆောင်ပုံစံ၊ ပေါ့ပေါ့ပါးပါးနေဟန်တွေကိုလည်းတွေ့မြင်ရမှာပါ။\nဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thura Zarni Aung ပဲဖြစ်ပါတယ်…\ncrd cm","cover":"https://docs.google.com/uc?id\u003d1qKd3zEdRhSZn340E_DnpUaGRfW3CtnGT"},{"title":"Aravindha Sametha Veera Raghava (2018)","id":"https://drive.google.com/file/d/19nCZZS_Z5kgZynAEghgDq2MXSq-ZIiOO/view?usp\u003ddrivesdk","description":"IMDb ratings:8.1/10\nGoogle Users:91%\nAravinda Sametha Veera Raghava(သို့မဟုတ်)၅ရူပီးရန်ကြွေးရှင်းတမ်း။\nဒီတစ်ခါတော့ တောင်ပိုင်းရုပ်ရှင်တွေနဲ့ရင်းနှီးပြီးသားသူတွေသိမယ့် Jr.N.T.R Rama Rao ရဲ့ အက်ရှင်၊ဒရမ်မာ ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။\nဇာတ်လမ်းက ရိုးရိုးလေးနဲ့ ဖိုက်တင်တွေကို လိုအပ်သလောက်ပဲ သုံးပြီးပြောသွားတဲ့ ဒိုင်ယာလော့တွေ၊ကြည့်ရှုသူကို ပေးချင်တဲ့ မက်ဆေ့တွေကကောင်းလွန်းလို့ပါ။\nရာဂါးဗားဟာ နိုင်ငံခြားမှာ ပညာသင်ပြီး အိမ်ကို ပြန်လာတဲ့အခါမသင့်မမြတ် ဖြစ်နေတဲ့ ရွာနှစ်ရွာရဲ့ ရန်ကြွေးတွေအရရာဂါးဗားနဲ့ သူ့အဖေရဲ့ လူယုံတော်တွေ လမ်းမှာ လုပ်ကြံခံရပါတယ်။\nသူ့ကိုပါ ဒီရန်ကြွေးတွေကြားထဲ ဝင်ပါဖို့ခေါ်နေသလိုပါပဲ။\nဒါပေမဲ့ ခေတ်ပညာတတ် ရာဂါးဗားဟာပညာတတ်တစ်ယောက် ပီသစွာ တုန့်ပြန်ခဲ့ပါတယ်။\nပြီးတော့ အချစ်နဲ့ တွေ့တဲ့အခါလူတိုင်းက သတ္တိခဲဖြစ်လာတတ်ကြသလိုအချစ်ကြောင့်ပဲ ကြည်နူးပျော်ရွှင်သွားတတ်တာကိုလည်းဖော်ပြထားပါတယ်။\nသူ့ကြောင့်ပဲ ငါဟာ ပထမဦးဆုံးပြုံးဖူးတာပါတဲ့ ။ဒါပေမဲ့ ကံကြောင်းမလှချင်တော့…..\nတည်ငြိမ်သွေးအေးတဲ့ ဇာတ်ရုပ်မှာပီပြင်သလို ရက်စက်ပြီဟေ့ဆိုရင်နှစ်ယောက်မရှိတဲ့ ဗီရား ရာဂါးဗားဆိုတဲ့ဇာတ်ရုပ်ကို Jr.N.T.R Ramarao ကအံဝင်ခွင်ကျဖြစ်အောင် သရုပ်ဆောင်ထားသလိုသူနဲ့ တွဲဖက် သရုပ်ဆောင်တဲ့ မင်းသမီးကနာမည်ကျော်ဇာတ်ကားတွေဖြစ်တဲ့Hritik Roshan ရဲ့Mohenjo Daro နဲ့Allu Arjun ရဲ့ DJ ဇာတ်ကားတွေမှာ ပါဝင်ခဲ့ဖူးတဲ့မင်းသမီးချော Pooja Hegde ဖြစ်ပြီးနောက်ထပ်ထွက်ရှိလာမယ့်Akshay Kumar ရဲ့ Housefull 4 နဲ့Mahesh Babu ရဲ့ Maharshi ဇာတ်ကားတို့မှာလည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။\nဘက်ဂျက် 95 crore အသုံးပြုပြီးရိုက်ကူးခဲ့တဲ့ ဒီကားက Box Office မှာ 158 crore ပြန်လည်ရရှိခဲ့တာမို့ အထိုက်အလျောက် အောင်မြင်မှု ရခဲ့တယ်လို့ ဆိုရမှာပါ။\nတစ်ခုပြောချင်တာက ဒီမင်းသားရဲ့ နာမည်တစ်ခုရှိပါသေးတယ်။Young Tigerပါ။\nနာမည်နဲ့လိုက်အောင် သွက်လက်မြန်ဆန်မှုကို မြင်တွေ့ရပါလိမ့်မယ်။\nအိန္ဒိယတောင်ပိုင်းကားဖြစ်လို့အိုဗာအက်ရှင်တွေကို မကြိုက်ဘူးဆိုရင်တောင် ဒီကားကို ကြိုက်မိပါလိမ့်မယ်။\nမြင်ဖူးနေကျ တောင်ပိုင်းကားတွေမှာလိုသတ်ဖြတ်နေရုံနဲ့ ဇာတ်လမ်းအဆုံးမသတ်ဘဲဒီကားမှာတော့ ထူးခြားနေပါတယ်။\n(အညွန်းနဲ့ ဘာသာပြန်ကတော့ Myin Thu နဲ့ Nyi Nyi Koe တို့ ညီအစ်ကိုပါ)\ncrd cm","cover":"https://docs.google.com/uc?id\u003d1qr-jfMGEZ0cH8Y95-HBnePzjPHg7njmF"},{"title":"Hate Story IV (2018)","id":"https://drive.google.com/file/d/1zG0SAfzlsl0t98hCV7IpeBgTNdRtkbW9/view?usp\u003ddrivesdk","description":"အားလုံးစောင့်မျော်နေကြတဲ့ Hate Story-4လာပါပြီခင်ဗျ။Hate Storyရဲ့ထုံးစံအတိုင်းဇာတ်လမ်းရဲ့မြုပ်ကွက်တွေလှည့်ကွက်တွေနဲ့ ရင်မောစွာကြည့်ရှု့ရဦးမှာပါ။Hate Story ပရိတ်သတ်ကြီးအတွက်တော့ အကြိုက်တွေ့ဦးမယ့်ဇာတ်ကားပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ အိန္ဒိယမှာသြဇာကြီးမားပြီး မြို့တော်ဝန်ရာထူးအတွက်ပါရွေးကောက်ပွဲဝင်ရောက်ပြိုင်နေတဲ့ ‘ကူးယားနား’မှာ သားယောကျာ်းလေးနှစ်ယောက်ပိုင်ဆိုင်ခဲ့ပါတယ်။သူ့ရဲ့သားနှစ်ယောက်ဟာ အပျော်ရှာရင်းတစ်နေ့မှာတော့ ကောင်လေးတစ်ယောက်ကို လူသတ်မှုကျူးလွန်မိခဲ့ပါတော့တယ်။ လူသတ်မှုကျူးလွန်ခဲ့ပေမယ့် တရားဥပဒေကိုငွေနဲ့ကိုင်ပေါက်နိုင်ခဲ့အတွက် သူ့ရဲ့သားနှစ်ယောက်ဟာ ရာဇဝတ်မှုမသင့်ခဲ့ပါဘူး။ဒါပေမယ့် အသတ်ခဲ့ရတဲ့ကောင်လေးရဲ့ညီမ ဖြစ်သူက အငြိုးထားကာ လက်စားချေဖို့ကြိုးစားပါတော့တယ်။သေဆုံးသွားခဲ့တဲ့သူ့ရဲ့အကိုအတွက် ဘယ်လိုအကွက်တွေချပြီးလက်စားချေမလဲ၊ဘယ်လိုလှည့်ကွက်တွေအသုံးချမလဲ၊အငြိုးဇာတ်လမ်းတွေဖွဲ့ပြီး လက်စားချေမှုမှာ အောင်မြင်မှုရသွားမလားဒါမှမဟုတ် သြဇာကြီးမားတဲ့ ကူယားနားမိသားစုကပဲ ငွေနဲ့ကိုင်ပေါက်ပြီးကိုင်တွယ်ဖြေရှင်းသွားမလား…….တစ်ယောက်နဲ့တစ်ယောက်အငြိုးတွေဖွဲ့တဲ့ Hate Storyထဲမှာ ဘယ်သူကအနိုင်ရရှိသွားမလဲဆိုတာကိုတော့…..Hate Story-4ထဲမှာပဲ ရင်သပ်ရှုမောစွာ ခံစားလိုက်ပါဦး။18+ အခန်းတစ်ချို.နဲ့ မလုံ့တလုံ အဝတ်အစားတွေနဲ့ လန်ထွက်နေတဲ့ဘာလိဝုမင်းသမီးအလန်းလေးတွေပါတာကြောင့် မိသားစုနဲ့ကြည့်ဖို့မသင့်တော်ပါဘူး\nCredit -\u003e cm","cover":"https://docs.google.com/uc?id\u003d1rBP9CMj2DhEVQauTLdTNGdB48HSS-Dw4"},{"title":"Hate Story 3 (2015)","id":"https://drive.google.com/file/d/1MhsZJy2ykb4bqEk78vlqLBnfBXydFh74/view?usp\u003ddrivesdk","description":"Hate Story 3 က ရှေ့က Hate Story (1,2) နဲ့ဘာမှမပတ်သက်ထားပါဘူး။ဇာတ်ကားနာမည်တူတာနဲ့ အမုန်းတစ်ခုကို ကလဲ့စားချေတာပဲ တူပါတယ်။မင်းသားနှစ်လက် မင်းသမီးနှစ်လက်နဲ့ အမုန်းတစ်ခုကိုဖြေရှင်းကြမှာပါ။\nCredit -\u003e cm","cover":"https://docs.google.com/uc?id\u003d1red-wu9gfTUVlYuwL8E500UUxjktBfvo"},{"title":"Thambi (2019)","id":"https://drive.google.com/file/d/1Y6UNWA12i7w7vTL75rVjb_aZPA_syRNq/view?usp\u003ddrivesdk","description":"ဒီတစ်ခါတော့ နာမည်ကြီးလူသိများတဲ့ တမီးလ်(Tamil)မင်းသားKarthiနဲ့ ကျောင်းအုပ်ဆရာမကြီးအဖြစ်သိကြတဲ့ မင်းသမီးJyotikaတို့ရဲ့ ‘မောင်လေး’ အမည်ရဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။\nနည်းနည်းလေး အာရုံပေးချင်ပါတယ်…. လှည့်စားချင်ပါတယ်….\nဇာတ်လမ်းအကျဉ်းအရ ပထမဦးဆုံး မြင်ရတာတော့… ဆေးသမား လူငယ်တစ်ယောက် ကားပေါ်မှာ သူငယ်ချင်း အချင်းချင်း စကားများရာကနေ သံတုတ်နဲ့ ရိုက်ခံလိုက်ရတယ်။\nသေသလား၊သတိလစ်သွားသလာတော့ အတိအကျမသိနိုင်။\nဒုတိယအနေနဲ့ မြင်ရမှာတော့ မောင်တစ်ယောက်ကို သတိရနေတဲ့ အစ်မတစ်ယောက်ရဲ့ ပူဆွေးသောကကို မြင်ရတယ်။\nမိသားစု လေးယောက် ရှိတယ်။ အဖေရယ်၊အမေရယ်၊မောင်လေးရယ်၊ အစ်မရယ်။\nအဖေဟာ ဝန်ကြီးတစ်ယောက်ပဲ။ ပျောက်နေတဲ့သား၊ အိမ်ထောင်မကျသေးတဲ့ သမီးဆိုတဲ့ နာမည်ဆိုးနဲ့ အတိုက်အခံပါတီက တိုက်ခိုက်တယ်။\nပျောက်နေတဲ့သားကိုတောင် မရှာနိုင်၊မထိန်းသိမ်းနိုင်တာ ပြည်သူကို ဘယ်လို စောင့်ရှောက်မလဲဆိုတဲ့ မေးခွန်းတွေနဲ့ သူရဲ့ ဂုဏ်ပုဒ်ကို ထိခိုက်လာတယ်။\nပြီးတော့ အိမ်ထောင်မကျသေးတဲ့ သမီးရှိနေတာလည်း အိန္ဒိယယဉ်ကျေးမှုအရ အားနည်းချက်တစ်ခု ဖြစ်နေတယ်။\nလတ်တလောမှာ အတိုက်အခံပါတီက တောမြေတွေကို ဆောက်လုပ်ရေးလုပ်ဖို့ ကြံစည်နေတယ်။\nဒီတောမြေမှာ နေထိုင်သူတွေ ဒုက္ခရောက်မှာစိုးလို့ ဝန်ကြီးက တားရာကနေ သူတို့ကြားက ရန်ငြှိုးတွေဟာ ကြီးမားလာနေခဲ့တယ်။\nတစ်နေ့မှာ သားပျောက်ဝန်ကြီးဟာ ဖုန်းအဝင်တစ်ခု လက်ခံရခဲ့ပါတယ်။\nသူ့သားကို တွေ့ပြီတဲ့၊ ခုလိုက်ဖမ်းရာမှာ ရတဲ့ ဒဏ်ရာကြောင့် ၁၅နှစ်ကာလ ပျောက်နေတဲ့ သားကို ဆေးရုံမှာ ခေါ်နိုင်ပါပြီဆိုပြီး ပြောတယ်။\nဒီကောင်က လူလိမ်၊အမျိုးမျိုးဟန်ဆောင်ကောင်းတဲ့ အကောင်၊ ကလေးကအစ နိုင်ငံခြားသားတွေအထိ ကလိမ်ကကျစ် ကျတတ်တယ်။\nဒါပေမဲ့ ဒီလူလိမ်လို့ပြောနေကြတဲ့သူဟာ သူတို့ရဲ့သားဆာရာဗနန် ဖြစ်ကြောင်း ဝန်ကြီးတို့မိသားစုက အတည်ပြုကြတယ်။\nမင်းသားကလည်း…. အဖေအမေဆိုပြီး ခေါ်ခဲ့တယ်။ ဒါပေမဲ့ မထင်မှတ်ပဲ ပေါ်ပေါက်လာတဲ့ အကြောင်းရင်းကတော့…..\nCredit - cm","cover":"https://docs.google.com/uc?id\u003d1tc50MMblHJ_sTnID1rYO3zDCO1XTcfvb"},{"title":"Srinivasa Kalyanam (2018)","id":"https://drive.google.com/file/d/1-hBsb_c-ZSMSp9FNnaBYSRqptkuh8ap-/view?usp\u003ddrivesdk","description":"Adminကတော့ ဒီကားကြည့်ပြီး မိန်းမတောင် ယူချင်စိတ်ပေါက်လာတယ်\nနင်… အိမ်ထောင်ရေးကို ဘယ်လိုထင်ထားလဲ…?\n ပျော်စရာဆိုတာ ယောက်ျား မိန်းမ\nတူတူရှိနေနိူင်မှ ရလာတာ…\n မိဘတွေက ငါတို့ကို အသက်ပေးတယ်\nသူငယ်ချင်းတွေက ပျော်ရွှင်မှုကိုပေးတယ်…\n ဒါပေမဲ့ ဘဝလက်တွဲဖော်ကတော့\nဘဝကြီးတစ်ခုလုံးကို ဖြည့်ဆည်းပေးတယ်…\nရိုးရာဓလေ့ ကိုအလေးထားဖို့နဲ့ …\nငွေနောက်သည်းကြီးမဲကြီးလိုက် အချိန်က တန်ဖိုးရှိဆုံးဆိုတဲ့လူတွေကို \nမိသားစု ကိုတန်ဖိုးထားတက်အောင် ရိုးရာဓလေ့တွေကိုအလေးထားတက်အောင် အလင်းပြသွားပါလိမ့်။\nအိန္ဒိယဇာတ်ကား အကြမ်းတွေမကြိုက်ဘူး Drama မှ ကြည့်ချင်တဲ့လူတွေအတွက် ကြည့်လိုက်ပါလို့ပြောပါရစေ","cover":"https://docs.google.com/uc?id\u003d1vBZW8Z1a2L44r0V3ZM1Eq5LIwcn3TkKJ"},{"title":"Majili (2019)","id":"https://drive.google.com/file/d/1-trYt3DaKDjUBXqZZxZT0lmOfB6_v_T0/view?usp\u003ddrivesdk","description":"Drama. Romance. 2h 34m.\nIMDb 7.5/10\nအိန္ဒိယမင်းသားချော Naga Chaitanya နဲ့\nမင်းသမီးချော Samantha Akkineni တို့ရဲ့ အိန္ဒိယ Drama…\nဇာတ်ကားကောင်းလေးကို တင်ပေးပါရစေ…\nImdb 7.5 ဆိုတော့ ဘာမှ ပြောစရာမလိုအောင်ကောင်း..တဲ့.ကားလေးပါ.","cover":"https://docs.google.com/uc?id\u003d1vZKB9Bez0sDYMwnDoK0j90gX6HeCYqHE"},{"title":"Son of Satyamurthy 2:Hyper (2017)","id":"https://drive.google.com/file/d/10pYPCC6GqLBCSy67yOjQDsO3Xv3XNxje/view?usp\u003ddrivesdk","description":"ဆရာမူသီရဲ့သား\n---------------------------------\n အက်ရှင် ဒရမ်မာ မိသားစုအချစ် အကုန်မိုက်တယ်…\n အဖေကိုအရမ်းမှချစ်တက်တဲ့သား…အမေကပါမနာလိုတောင်ဖြစ်လာပီတဲ့…\n ဆရာမူသီ ဆိုတဲ့အစိုးရဝန်ထမ်းကောင်းတစ်ယောက်ဖြစ်ပီး\nလဒ်မစားဘူး ရိုးသားစွာတာဝန်ထမ်းဆောင်ရင်း ပင်စင်ယူဖို့သိပ်မလိုတော့တဲ့အချိန်…ခတိုနီ တသိုက်ရဲ့ စျေးဆောက်ဖို့တင်တာကို ဆရာမူသီလက်မှတ်ကအရေးကြီးတယ်ပေါ့ …\nသူတို့ကို ဒီနေရာစျေးဆောက်ခွင့်ရဖို့ လဒ်စားတော့ ဆရာမူသီကလက်မခံတော့ အသက်အန္တရယ်ပါချိန်းခြောက်နေတယ်…သားဖြစ်သူကဘယ်လိုတွေဖြေရှင်မလဲ ဆိုတာတော့ ဆက်လက်ရှုစားလိုက်ပါအုံး…\n ဂုဏ်ယူစွာစီစဉ်တင်ဆက်ထားတာမို့ အားပေးကြပါဦးနော်။","cover":"https://docs.google.com/uc?id\u003d1vdvLDVarLvhZDO_PmHNQ3C0pQL_fqKTI"},{"title":"Arya 2 (2009)","id":"https://drive.google.com/file/d/1OSZaS3WUY8Q8vGpyA8w-4V7N1aYDQstT/view?usp\u003ddrivesdk","description":"IMDb 7.3/10\nGoogle users 92%\nမိဘမဲ့ကျောင်းမှာ ငယ်ငယ်ကလေးကတည်းက ခင်လာခဲ့တဲ့ငယ်သူချင်း အာရာနဲ့အာဂျေ အာဂျေမှ မွေးစားခံရပြီး ထွက်သွားလေသည်။ကြီးလာတော့ အာရာက အာဂျေကိုချစ်လွန်းလို့ သူ့သူငယ်ချင်းအာဂျေရှိရာ လာခဲ့ပါတယ်။အာရာကတော့ မိုက်မိုက်ကန်းကန်းပါပဲ။ အာဂျေက အာရာကိုသူ့ရုံးမှာ သူရည်မွန်တစ်ယောက်အနေနဲ့ အလုပ်လုပ်ခိုင်းပြီး မိုက်မိုက်ကန်းကန်းတစ်ခုခု လုပ်ရင် အလုပ်ထုတ်ပစ်မယ်ဟု ပြောသည်။တစ်နေ့ ဂီသားဆိုတဲ့မိန်းကလေးကို နှစ်ယောက်လုံး ချစ်မိသောအခါ ...အာရာအနေနဲ့ သူငယ်ချင်းကိုချစ်သောစိတ် မိန်းကလေးတစ်ယောက်ကိုမြတ်နိုးမိတဲ့စိတ် ဘယ်စိတ်က အနိုင်ရသွားမလဲဆိုတာကတော့...","cover":"https://docs.google.com/uc?id\u003d1vwzqcUY_2h4EF7DC6l-xo_ekJll4fhQG"},{"title":"Pantham (2018)","id":"https://drive.google.com/file/d/1-wi9rudO-sFXCtFuzhOcJYT4qH1i5yF4/view?usp\u003ddrivesdk","description":"IMDb . 7.0/10\nလုံခြုံရေးတွေအထူးတင်းကျပ်ထားပြီး တရားရုံးတော်မှာ\nပြည်သူတွေနဲ့မီဒီယာတွေ စုဝေးလျက်ရှိပါတယ်။\nအကြောင်းကတော့ ၀န်ကြီးတွေအားလုံး တရားရုံးမှာ\nလာရောက်ဖြေရှင်းရမယ့် ကိစ္စတစ်ခုရှိနေလို့ပါပဲ။ \nလွှတ်တော်အစည်းအဝေးကိုပါဖျက်သိမ်းပြီး ၀န်ကြီးအားလုံး\nတရားရုံးကိုလာရအောင် ဘယ်လောက်ကြီးကျယ်တဲ့ကိစ္စဖြစ်မလဲ....\nလူတစ်ယောက်ဟာ ပြည်ထဲရေး၀န်ကြီးအပါအ၀င်ပြည်နယ်၀န်ကြီးအားလုံးရဲ့\nတရားမ၀င်ငွေမည်းတွေကို အကွက်ကျကျခိုးယူပြီး တစ်ဖက်လှည့်နဲ့\nပြည်နယ်တိုးတက်ရေးလုပ်ငန်းတွေမှာ ထောက်ပံ့ပေးထာပါတယ်။ \nနာကျင်ခံခက်ဖြစ်နေတဲ့ ပြည်ထဲရေး၀န်ကြီးဟာ ရဲတပ်ဖွဲ့ကိုညွှန်ကြားပြီး\nအကြောင်းရင်းကိုစုံစမ်းစေပါတယ်။ ဒီအခါမှာ ငွေမည်းတွေခိုးတဲ့လူဟာ\nဗစ်ခ်ရန့်သ်ဖြစ်နေပြီး ဘယ်လိုရည်ရွက်ချက်ကြောင့် ဒါတွေလုပ်နေလဲဆိုတာကတော့...\nနိုင်ငံရေးပါးဝနေသူတွေရဲ့ တစ်ဖက်လှည့်နိုင်ငံရေးကစားကွက်တွေကြားမှာ\nပြည်သူတွေဘ၀နစ်မွန်းနေပြီး မိမိတို့ကောင်းစားရေးကိုသာအာရုံစိုက်နေကြတဲ့\nနိုင်ငံရေးသမားတွေအကြောင်းထင်ထင်ရှားရှားရိုက်ပြထားပါတယ်။ \nလူအချင်းချင်းသာတူညီမျှ သဘောထားသင့်ပုံ၊ စာနာကူညီပေးသင့်ကြောင်းတွေကို\nပေါ်လွင်အောင်ရိုက်ပြထားတဲ့ အက်ရှင်ဇာတ်ကားကောင်းတစ်လက်ဖြစ်တယ်လို့\nညွှန်းလိုက်ပါရစေ။","cover":"https://docs.google.com/uc?id\u003d1w8jvYwJU9R6_krFbVzhaGPkF_bJXU6Xd"},{"title":"Hate Story 2 (2014)","id":"https://drive.google.com/file/d/1JLbLFSIjcIiDmvHjWJrlgm72wfW3bRyU/view?usp\u003ddrivesdk","description":"မင်းသမီးအသစ်နဲ့ ထပ်ရိုက်ကူးထားတဲ့ ဇာတ်ကားပါ။ပထမဇာတ်ကားနဲ့ အဆက်အစပ်မရှိပါဘူး။ ဆက်စပ်တာကတော့ ဇာတ်နာနေတဲ့ မိန်းကလေးတစ်ယောက်က ပြန်လည်လက်စားချေတဲ့ ဇာတ်လမ်းပုံစံတူတာပါပဲ။\nCredit - cm","cover":"https://docs.google.com/uc?id\u003d1wfcHLYMXsmkSm_4MrbULBKA3HB9OU_In"},{"title":"Street Dancer 3D (2020)","id":"https://drive.google.com/open?id\u003d1Z6iS92-mSHZtv-ZE8nrJeAHj0uruqxY9","description":"IMDb rating : : 3.2\nအခုတစ်ခေါက်ညွှန်းပေးချင်တဲ့ ဇာတ်ကားလေးကတော့ . . .\nဟင်ဒီစကားပြောဇာတ်ကားတစ်ကားဖြစ်ပီး . . .\n လူငယ်တွေ အကပြိုင်ပွဲမှာ နိုင်ငံချစ်တဲ့စိတ် ၊နိုင်လိုစိတ်ထက်သန်မှုတွေနှင့်အတူ တက်ညီလက်ညီ . . .\nအပြိုင်အဆိုင် ကြိုးစားကြသည့် အဖြစ်အပျက်လေးကို \nအခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားသစ်တစ်ကားပါ . . .\nအမှန်တကယ်တော့ ဒီဇတ်ကားဟာ \nABCD(2015) အကကားရဲ့\nSequel ဇာတ်ကားအဖြစ်ထွက်ရှိဖို့ လျာထားပေမဲ့ . . .\n Disney Company နဲ့ အကြောင်းမညီညွတ်တာကြောင့် \nStreet Dancer ဆိုပီး သီးခြားနံမည်နဲ့ထွက်လာတာဖြစ်ပါတယ် . . .\nလန်ဒန်မှာနေတဲ့ အင်နာယာဆိုတဲ့ ပါကိစ္စတန်သူလေးနဲ့ ဆဟဂ်ျဆိုတဲ့ပန်ဂျာပ်နိုင်ငံသားလေးတို့က မတူညီတဲ့အမြင်နဲ့ဝါသနာတစ်ခုတည်းကိုစိုက်စိုက်မတ်မတ်လုပ်ကြတယ် . . .\nတစ်နေ့မှာအင်နာယတ်ဟာ အိန္ဒိယနဲ့ပါကိစ္စတန်ကနေရွှေ့ပြောင်းလုပ်သားအနေနဲ့လာတဲ့ ဒုက္ခသည်တွေကို သူတို့နိုင်ငံပြန်ပို့ပေးဖို့ လန်ဒန်ရဲ့ အကြီးမားဆုံး အခန်းနားဆုံး ပြိုင်ပွဲကိုဝင်ပြိုင်ဖု့်လုပ်ရင်း ကိုယ့်အတွက်ကိုယ်ကြည့်တဲ့ဆဟဂ်ျနဲ့ သူများအတွက်တွေးပေးတဲ့မေတ္တာရှင်မလေးအင်နာယာတို့ပူးပေါင်းပြီး လူသားချင်းစာနာမှုအတွက်ဘယ်လို့ကြိုးစားယှဉ်ပြိုင်မလဲဆိုတာ . . .\nဘောလိဝုဒ် နာမည်ကျော်မင်းသား၊မင်းသမီးတွေဖြစ်တဲ့ . . \nVarun Dhawan, Nora Fatehi , \nShraddha Kapoor တို့\nအဓိကခေါင်းဆောင်ပါ၀င်ထားပီး အကအလှဝေ၀ဆာဆာနဲ့\nကြည့်ရှုခံစားရမဲ့ နာမည်ကြီး ရုံတင်ဇာတ်ကားကောင်းတစ်ကားမို့\nမလွတ်တမ်ခံစားကြည့်ရှုသင့်တဲ့ . . .\nဇာတ်ကားတစ်ကားဖြစ်ပါကြောင်း . . .😊","cover":"https://docs.google.com/uc?id\u003d1xVSSgQZg1IUMTz1GQkiYLKrSFrQXKXUK"},{"title":"Anjaam (1994)","id":"https://drive.google.com/file/d/1jKcqZddImIfK_6ufUVc8Dc1zKM3Mt0TW/view?usp\u003ddrivesdk","description":"\" တကြိမ်လောက်ပဲ ဖြစ်ဖြစ် မင်းလည်း ကိုယ့်ကို ချစ်ပါတယ်လို့ ပြောလိုက်\"\nဒီစကားက ဘယ်သူမဆိုပေါ့ ကိုယ်သိပ်ချစ်တဲ့ သူဆီက အလိုချင်ဆုံးစကားပဲ\nချစ်တယ်လို့ အပြောခံရဖို့ နှစ်တွေ အလီလီ အချိန်တွေ အကြာကြီးရင်းနှီးပေးဆပ်ကြရတယ်။\nအချစ်ဆိုတာ လွယ်မယောင်နဲ့ ခက်သလို ခက်ခဲမယ် ထင်ရပေမယ့် လွယ်သွားတာတွေလည်း အများသား။\nဘယ်လိုကြိုးစားရင်ဖြင့် ချစ်လာပ်လိမ့်မယ်\nဘယ်လိုနည်းလမ်းသုံး \nဘယ်လို ချည်းကပ် ဆရာများစွာ သင်ကြားပေးနေပေမယ့် ဒီကိစ္စက မေးခွန်းမသိနိုင်တဲ့ စာမေးပွဲလိုပဲတဲ့။\nဒါကြောင့်လည်း လူတွေပြောကြတာ အချစ်ကိစ္စမှာတော့ ဟိုလူ့ကို အတုယူ \nဟိုလူ့လို မလုပ်နဲ့ဆိုပြီး သင်ကြားပေးလို့မှမရပဲ ။\nတကယ်လို သင်ကြားပေးလို့ရတောင် အချစ်သင်ရိုးညွှန်းတန်းက အမြဲပြောင်းလဲနေမှာပဲ။\nတကယ်တော့ အချစ်ဆိုတာ အချစ်ပါပဲ နည်းလမ်း မှန်မှန် ချစ်တတ်ဖို့ပါပဲ။\nအခုပြောပြချင်တာကတော့ မိန်းကလေးတစ်ယောက် နည်းလမ်း ကျကျပဲ ချစ်မိတာလား \nသူချစ်ပုံချစ်နည်း မှားတာလား ဒါပေမဲ့ ချစ်တာတော့ ချစ်တာပဲ။\nအဲ့ဒီ အချစ်တွေရဲ့ အကျိုးဆက်တွေပဲပေါ့။","cover":"https://docs.google.com/uc?id\u003d1xbmIgMufo9Ux1peSLF9N7WOx7ljKmwjm"},{"title":"Dilwale Dulhania Le Jayenge (1995)","id":"https://drive.google.com/file/d/1jIh-v9OEK5IoKsifIK2q7H-U3yAMZ_Xx/view?usp=sharing","description":"တကယ့်အချစ်စစ် အချစ်မှန်ဖြစ်တဲ့ ဇတ်ကားကောင်းမှ ကြည့်လိုသူတွေ အတွက် လာပါပြီ\nရှာရွတ်နဲ့ကာဂျိူလ် တို့ရဲ့ အမိုက်စား အိုက်တင်တွေနဲ့ ကြည့်ရှု့သူတွေကို ဆွဲဆောင်သွားမဲ့ကား မျက်ရည်လွယ်သူတွေအတွက် တစ်ရှူ း လေးဆောင်ပြီးမှ ကြည့်သင့်သော အချစ်ကားကောင်းလေး တစ်ကားပါပဲ 😇😉👍\nတောင်ဆိုသူများနေလို့ ပြန်တင်ပေးလိုက်ပါတယ်\nIMdb 8.2 အထိ အောင်မြင်မှုရခဲ့တဲ့ ရှာရွတ်ခန်းရဲ. Drama ကားကောင်းလေးတစ်ကားပါ ဇာတ်လမ်းအစမှာတော့ ဗြိတိန်မှာ မွေးတဲ့ မင်းသားနဲ့ မင်းသမီးဟာ ဆွန်ဇာလန်နိူင်ငံသွားရင်း ချစ်ကြိုက်ကြပါတော့တယ် အချစ်စစ်ဆိုတာ မဖြောင့်ဖြူးဘူးဆိုတဲ့ အတိုင်း မင်းသမီးရဲ့ အဖေက အိန္ဒိယကို ပြန်လာခိုင်းပြီး တစ်ခြားတစ်ယောက်နဲ့ လက်ထပ်ခိုင်းတဲ့ အခါမှာတော့ …………. ဘာတွေဆက်ဖြစ်ကြမှာလဲဆိုတာ ပရိသတ်တွေ ကိုယ်တိုင်ပဲ ခံစား ကြည့်ရှုလိုက်ကြပါ။","cover":"https://docs.google.com/uc?id\u003d1xq4_ZDyNe9ItGM9gNcLV6W9oehQeAsmT"},{"title":"Darr (1993)","id":"https://drive.google.com/file/d/1aXuJCuPLgbmAN-WMlkD7OctPd5FBIEYv/view?usp\u003ddrivesdk","description":"Bollywood ရဲ့ King Khan လို့ လူသိများတဲ့ ရှာရွတ်ခန်း(SRK) ရဲ့ အကောင်းဆုံး ဇာတ်ရုပ်ကို ပြောပါဆိုရင်ဗီလိန်ဇာတ်ရုပ်ပဲ ပြောရလိမ့်မယ်။\n အိန္ဒိယမှာ SRK နှင့် အမီတာဘချမ်း တို့ဟာ ပရိတ်သတ်အပေါ် လွှမ်းမိုးနိုင်လွန်းလို့သူတို့ တော်ရုံ ဗီလိန် ဇာတ်ရုပ် သိပ်မရိုက်ကြဘူး ပရိတ်သတ် အတုယူ မှားမှာ ကြောက်လို့။\nဒီဇာတ်ကားမှာဆိုလည်း SRK က ရည်စား အိမ်ထောင် ရှိပြီးသား မိန်းကလေး တစ်ယောက်ကို စိတ္တဇ ဆန်ဆန်တဖက်သတ် ချစ်ရတဲ့ ဗီလိန် နေရာက သရုပ်ဆောင်ရပေမယ့် သူ့ သရုပ်ဆောင်ချက်တွေက ပရိတ်သတ် အမြင်မှာဗီလိန် မဟုတ်ပဲ ဟီးရိုးဖြစ်စေခဲ့ပါတယ်။\n\"မင်းခံစားနေရတာတွေကို တစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်ရင် မင်းရင်ထဲက ဝန်ထုပ်ဝန်ပိုးတွေ လျော့သွားမှာပေါ့\"\n\"ဝန်ထုပ်ဝန်ပိုး\" \"သူ့ အမှတ်တရတွေက ဝန်ထုပ်ဝန်ပိုး မဟုတ်ဘူးဗျ\nသူ ယုံကြည် စိတ်ချပြီး အပ်နှံထားတဲ့ အပ်နှံမှုတွေ အရမ်းကို ချစ်ဖို့ ကောင်းပြီး အမြတ်တနိုးထားအပ်တဲ့ အပ်နှံမှုတွေဗျ\nဒါကို ဝေမျှဖို့ မပြောနဲ့ သူ့ကိုတောင် တခြားတစ်ယောက် ချစ်တာကို ခွင့်မပြုနိုင်ဘူး\"\n\nဇာတ်လမ်းအကျဉ်း\n ရေတပ် အရာရှိ စူနီးလ် မဟိုသရာ ဟာ မြို့တော်ဝန် သမီးလေးကို ပြန်ပေးဆွဲထားတဲ့လူဆိုးတွေ လက်ကနေ ကယ်တင် နိုင်ခဲ့လို့ သူနဲ့ သူ့အဖွဲ့သားတွေကို အစိုးရက ခွင့်တစ်လ ပေးလိုက်ပါတယ်။\nစူနီးလ် တစ်ယောက် ခွင့်ရတော့ သိပ်ချစ်တဲ့ ချစ်သူစီပဲ အပြေးပြန်ခဲ့ရှာတာပေါ့\nသူမက ကီရန်ပါ ကီရန် နှင့် စူနီးလ် အချစ်ရေးဟာ ဖြောင့်ဖြူးပြီး နှစ်ယောက် တစ်အိပ်မက် မက်ဖို့ အထိ အနာဂတ်ဟာလှပနေကြတာ ကီရန် တစ်ယောက် စူနီးလ် နှင့် လျှောက်လည်ပြီး အပြန် ညတစ်ညမှာအိမ်တံခါး ဖွင့်နေတုန်း အမှောင်ထဲကနေ သူ့မျက်နှာကို ဓါတ်မီးနဲ့ ထိုးပြီး \"ကိုယ် မင်းကို ချစ်တယ် ကီ ကီ ကီ ကီရန် \" ဆိုတဲ့စကားသံကို ကြားလိုက်ရတယ်။ \nမ်ိန်းကလေး တစ်ယောက် အနေနဲ့ ချစ်တဲ့လို့ အပြောခံရတာဟာ သိပ်စိုးရွံစရာမဟုတ်ပေမယ့် အမှောင်ထဲကနေ သရဲလို ချစ်ပါတယ်လို့ လာပြောတာဟာ ကီရန့်အတွက် သွေးပျက်စရာ တစ်ခုပါပဲ။\nဆက်တိုက်ဆိုသလိုပဲ ဖုန်းလာလို့ ကိုင်လိုက်သမျှဟာ အသံလေးလေးပင်ပင် နဲ့ \"ကိုယ် မင်းကို ချစ်တယ် ကီ ကီ ကီ ကီရန်\"ဆိုတာပါပဲ ကီရန်တစ်ယောက် ဖုန်းလာရင် ကြောက်တတ်နေပါပြီ။\nဒီလိုမျိုး မိန်းကလေးတစ်ယောက်ကို ချစ်စကား ပြောနေတဲ့သူကတော့ ရာဟူးလ် ဆိုတဲ့ လူငယ် တစ်ယောက်ပါ။\nရာဟူးလ် ဆိုတာ ငယ်စဉ်ကတည်းက မိခင်ကြီး ကားအက်ဆီဒန့် နဲ့ သေဆုံးသွားလို့ စိတ်ဝေဒနာ ရနေတဲ့အပေါင်းအသင်း နည်းပြီး အခန်းထဲမှာ အောင်းနေတတ်တဲ့ လူကြောက်လေး\nအရှက်အကြောက်ကြီးပြီး ကောလိပ်ကျောင်း အတူတူ တက်ခွင့်ရခဲ့ပေမယ့်\nအသည်းအသန် ချစ်နေရသူကို ဖွင့်မပြောနိုင်ခဲ့သူ ....\nသူမအတွက် စာတွေ အလီလီရေးခဲ့ပေမယ့် ဒီစာတွေကို ရေးတဲ့ လက်တွေက သူ့စီ မပေးနိုင်ခဲ့ဘူး ...\nသူ့ ဓါတ်ပုံလေးတွေကို ငေးကြည့်နေရင်း ဘဝကို အသက်ဆက်နေရတဲ့သူ ...\nဖွင့်ပြောမယ်လို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် သူ့အရှေ့ ရောက်ရင် ဆွံ့အ သွားခဲ့သူ ...\nကိုယ် ချစ်တဲ့သူ တစ်ခြားတစ်ယောက် ရင်ခွင်ထဲမှာ ပျော်ရွှင်နေတာကို ကြည့်နေရတဲ့ ဘဝ ....\nဒီလို တဖက်နဲ့ ချစ်လာခဲ့သူမှာ ချစ်သူရပြီး လက်ထပ်တော့မယ့် အချိန်ရောက်မှ ....\nရာဟူးလ် နှင့် စူနီးလ် တို့ ကီရန် အတွက် ထိပ်တိုက် တွေ့ဖို့ ကံဖန်လာပါတော့တယ်။\n( #ဇာတ်လမ်းက ကောင်းတယ်ဆိုတာထက် ပိုနေလို့ ထပ်မညွှန်းချင်တော့ပါဘူးဗျာ\nအထူးသဖြင့် SRK ရဲ့ သရုပ်ဆောင်မှုတွေက ကျေနပ်မှု အပြည့်ပေးစေမယ်ဆိုတာ အာမခံပါတယ်\nဒီဇာတ်ကားကို #FA တွေကြည့်ပြီး ဖီးလ် လိုက်ကြပါ)","cover":"https://docs.google.com/uc?id\u003d1y4TBgzDh-a-RG-CHLXO_1eVw361TA7Hs"},{"title":"Zero (2018)","id":"https://drive.google.com/file/d/1Vk4L_dbkVEcS2bTka1H9QEgvDVbDSeqt/view?usp\u003ddrivesdk","description":"ဒီဇာတ်ကားလေးကတော့ တော်တော်များများသိနှင့်ပြီးသားဖြစ်မှာပါ။လူပြောသူပြောများကြီး ဝေဖန်မှုအမျိုးမျိုးရရှိထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။နာမည်ကြီး cast တွေအသုံးပြုထားတာဖြစ်ပြီး မင်းသားကြီး Shah Rukh Khan,မင်းသမီးချော Anushka Sharma, Karina Kaif စသည်တို့အပြင်နာမည်ကြီးသရုပ်ဆောင်တွေကိုဘဧည့်သရုပ်ဆောင်အဖြစ်ထည့်သွင်းထားပြီး ငွေကြေးများစွာအကုန်အကျခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။\nRating အမျိုးမျိုး Review အမျိုးမျိုးတွေရှိနေတာကြောင့် ကိုယ်တိုင်ပဲကြည့်ရှုခံစားကြည့်လိုက်ပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ သက်ကြီးပုဖြစ်တဲ့ SRK တစ်ယောက်အသက်၄၀နားငပ်သည်အထိ မိဘအိမ်မှာ ဘာမှမယ်မယ်ရရမလုပ်ဘာပညာမှမတတ်လုပ်ချင်ရာလုပ်နေလာပြီးနောက် သိပ္ပံပညာရှင်မလည်းနဲ့တွေ့ပြီးနောက်မမျှော်လင့်ထားတဲ့ကံကြမ္မာအလှည့်အပြောင်းတွေကြား နီးစပ်သွားကြပြီ ပြောင်းလဲသွားပုံလေးကို ရိုက်ကူးထားတာပါ။Romance/ Drama ဇာတ်ကားလေးဖြစ်ပြီး SRK ပရိသတ်တွေလည်း စောင့်မျှော်နေကြမယ့် ဇာတ်ကားလေးလည်းဖြစ်မယ်ထင်ပါတယ်။","cover":"https://docs.google.com/uc?id\u003d1180zMIsdmV39zEY8rJQxiXIth_CnUTWT"},{"title":"Savyasachi (2018)","id":"https://drive.google.com/file/d/1d5RhoRwyuhScxgxRZSxbZEtBEJ4Cf9BI/view?usp\u003ddrivesdk","description":"အာရွန် ဟာမွေးဖွားလာကတည်းက ထူးခြားတဲ့သူပါ\nမိခင် ၀မ်းဗိုက်ထဲတွင် စတင် လွယ်စဉ်ကတည်းက\nအမွှာပူးဖြစ်ခဲ့သော်လဲ မွေးဖွားလာခဲ့သောအခါ\nအာရွန် တစ်ယောက်ထဲသာ ဖြစ်ခဲ့ပါတယ်\nဆေးပညာလောကတွင် ဖြစ်ခဲသော\nဖြစ်တက်သော အစဉ်အလာ တစ်ခုဖြစ်ပြီး\nတစ်ခြား အမွှာတစ်ယောက်အား တစ်ယောက်က\nစုပ်ယူသွားတာ ဖြစ်ပြီး ၂ ကိုယ် တစ်စိတ် နဲ့ အသက် ၂ခု\nရှိတဲ့ သူ ဖြစ်ကြောင်း ငယ်စဉ်က ဆရာ၀န်တွေက\nအာရွန်ရဲ့ မိဘတွေကို ရှင်းပြခဲ့ပါတယ်...\nအာရွန် ဟာ ဆိုးလဲ ဆိုးသူ တော်လဲ တော်တဲ့သူ လို့\nအာရွန် နဲ့ ပတ်သက်မိသူတွေက ပြောဆိုကြပါတယ်\nတစ်ရက်မှာတော့ အာရွန် နဲ့ ပက်သက်ခဲ့မိသူတွေ\nခရီးသွား ကားတစ်စီးပေါ်တွင် ဆုံမိရာကနေ\nစကားစပ်မိရင်း တစ်ချိန်ထဲ တစ်နေရာထဲမှာ\nအာရွန် ကို သိတဲ့သူတွေ ဘာကြောင့်ဆုံမိခဲ့သလဲ\nဆိုတာ အထူးအဆန်းဖြစ်နေပါတယ်...\nဒီလိုနဲ့ လမ်းတစ်နေရာမှာ ကားက ဘရိတ်ပေါက်ပြီး\nချောက်ထဲသို့ ကျသွားသော အခါမှာတော့....\nရုပ်ရှင်ကားကို Hein Thet Naing မှ ဘာသာပြန်ပေးထားပါတယ်","cover":"https://docs.google.com/uc?id\u003d12X1ewBIqCQrGjtMV34yFvWNeSrWWV8cl"},{"title":"Ganesh (2009)","id":"https://drive.google.com/file/d/1ZlI-Z41uGLxXuf7_eQfoiJa7AbQW_2Qu/view?usp\u003ddrivesdk","description":"Ganesh (Ram) is an orphan who always pitches in to help needy people. In one such strange situation, he is forced to act with Divya (Kajal Agarwal) that he loves her. But later on, she comes to know that he is loving her to fulfill some other ambition and his love is an act of fabrication. By then, Ganesh genuinely falls in love with her. The rest of the story is all about how he convinces her about his true love.","cover":"https://docs.google.com/uc?id\u003d14UeSl96j5DdWanp7R1NK48cGQkCL8abr"},{"title":"Main Hoon Na (2004)","id":"https://drive.google.com/file/d/1r-GH7Thqr9KnWmMGr9ncG_wBctqfoZ2x/view","description":"Main Hoon Na 2004 ခုနှစ်က အင်မတန်လူကြိုက်များခဲ့တဲ့ ဘောလိဝုဒ်ဇာတ်ကားလေးဖြစ်ပါတယ်။ ရှရွတ်ခန်ခေါင်းဆောင်ပါ၀င်ထားပြီး အိန္ဒိယနဲ့ ပါကစ္စတန်ကြားကနိုင်ငံရေးအခြေအနေတွေကို အခြေပြုပြီး နှစ်နိုင်ငံချစ်ကြည်ရေးအတွက်ကြိုးပမ်းနေရင်းကတောင် ပြသနာတွေ အခက်အခဲတွေနဲ့ ကြုံတွေ့ကြရတဲ့ ပကတိနိုင်ငံရေးလောကအကြောင်းထိထိမိမိပြသထားတဲ့ ဇာတ်ကားကောင်း တစ်ကားပါ။ ဒီနှစ်နိုင်ငံပေါင်းပြီး Project Milaap ဆိုတဲ့ ပရောဂျက်တစ်ခုကို အကောင်အထည်ဖော်ရာမှာ Major Taghavan ဆိုသူကတော့ နှစ်နိုင်ငံငြိမ်းချမ်းရေးပျက်ပြားအောင်လုပ်ပြီး စစ်ဖြစ်အောင် အကြံအစည်ပေါင်းများစွာနဲ့ ကြံဆောင်တာကို ဗိုလ်ကြီး ရမ် တစ်ယောက် ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ ကာကွယ်ရပုံတွေ သူနဲ့သာမက သူချစ်ရသူတွေကိုပါ အန္တရာယ်ကျရောက်လာတဲ့အခါ အားလုံးအတွက် အနစ်နာခံ ရုန်းကန် တိုက်ပွဲ၀င်ရပုံတွေကို နောက်ပိုင်း အင်မတန်ကြည့်ကောင်းလာတဲ့ ဘောလိဝုဒ်ကားတွေထုံးစံအတိုင်း ပျင်းစရာတစ်ကွက်မှ မပါပဲ ဇာတ်ကားတလျှောက်လုံး ထိုင်ရာကမထအောင် အနိမ့်အမြင့်အတက်အကျတွေနဲ့ ဆွဲဆောင်မယ့် ဇာတ်လမ်းကောင်းတစ်ကားဖြစ်ပါတယ်။","cover":"https://docs.google.com/uc?id\u003d15BpRftk3X3_HcBxqX_7xCj_CZBxc8vLt"},{"title":"Besharam (2013)","id":"https://drive.google.com/file/d/16R-b7uz3xUxPI3ADCTE8kuGr3YnVYhKw/view?usp\u003ddrivesdk","description":"Besharam (2013) သည် Google users 71% ဒါရိုက်တာ Abhinav Kashyap ရိုက်ကူးထား၍ Abhinav Kashyap က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ သရုပ်ဆောင် Ranbir Kapoor, Pallavi Sharda, Rishi Kapoor တို့ ပါဝင်သရုပ်ဆောင်ထားသော Action, Comedy, Romance ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…\nကားသူခိုးတစ်ယောက်က သူခိုးမိတဲ့ ကားပိုင်ရှင် ကောင်မလေးကို ချစ်မိသွားတဲ့အခါ ဘယ်လို အက်ရှင် ဟာသ အချစ်ဇာတ်လမ်းတွေ ဖြစ်လာမလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုခံစားကြည့်ကြပါခင်ဗျာ….","cover":"https://docs.google.com/uc?id\u003d15KWP_Qw-FDgE61A1Kbqw_D-ECtIlF5Ly"},{"title":"Aashiqui 2 (2013 )","id":"https://drive.google.com/file/d/1unl8AHf5_NKOo-dhi46vN15UsPfxpcpy/view?usp\u003ddrivesdk","description":"Rahul ဆိုတာ အလွန်အောင်မြင်နေတဲ့ တက်သစ်စအဆိုတော်ကောင်လေးတယောက်ပါ အောင်မြင်လာပြီဆိုရင် ထုံးစံအတိုင်း ပျက်စီးတတ်တဲ့လူငယ်တွေရဲ့ သဘာဝအရ Rahul ကလဲ မူးယစ်ဆေးတွေ အရက်တွေသောက်ပြီး ပျက်စီးလာတဲ့အခါ ပရိတ်သတ်တွေရဲ့အားပေးမှုက အလိုလိုလျော့သွားပါတော့တယ် တညမှာတော့ အရက်ဆိုင်တဆိုင်မှာ Rahul အရက်သောက်နေတုန်း Aarohi ဆိုတဲ့ စင်တင်အဆိုတော် ကောင်မလေးတယောက်က Rahul ရဲ့သီချင်းကိုဆိုနေတာကို Rahul ကြားသွားပြီး ကောင်မလေးရဲ့အသံကိုအတော်လေးသဘောကျသွားပါတယ် နောက်ပိုင်း Rahul က ကောင်မလေးကိုမွန်ဘိုင်းခေါ်သွားပြီး နာမည်ကြီးအဆိုတော်တယောက်ဖြစ်အောင် အစစအရာရာကူညီပေးလိုက်တဲ့အခါ နဂိုပါရမီအခံရှိထားတဲ့ Aarohi က အချိန်ခဏလေးအတွင်းမှာ အောင်မြင်သွားပါတော့တယ် အနေနီးတာကြာလာတဲ့အခါ သူတို့နှစ်ဦးက သိပ်ချစ်ကြတဲ့ချစ်သူတွေ ဖြစ်သွားခဲ့ကြတယ် ဒါပေမဲ့ Rahul ရဲ့ အရက်သောက်တတ်တဲ့အကျင့်ကြောင့် Aahori ခဏခဏစိတ်အနှောင့်ယှက်ဖြစ်လာရတဲ့အခါ သူတို့နှစ်ရဲ့အချစ်ခရီးက အောင်မြင်ပျော်ရွှင်စွာနဲ့အဆုံးသတ်နိုင်မှာလား ဒါမှမဟုတ် ကိုယ်စီမာနတွေကြားမှာပဲ အချစ်ဆိုတာ အခိုးအငွေ့သက်သက်ဖြစ်သွားမှာလား?","cover":"https://docs.google.com/uc?id\u003d15_zEdjaWdosXcQvP5A_rejAdS9YpUHwR"},{"title":"Laal Kaptaan (2019)","id":"https://drive.google.com/file/d/1QTQZuW_rpecSWDkniqLaCzUPhUw-apqx/view?usp\u003ddrivesdk","description":"ဒီတစ်ခါ ဘောလိဝုဒ်ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။Saif Ali Khan , Sonakshi Sinha တို့ ပါ၀င်သရုပ်ဆောင်ထားတဲ့ ကြည့်ပျော်ရှုပျော် ဇာတ်ကားတစ်ကားပါ။\nဒီကားအညွှန်းရေးရမှာက ကျွန်တော့်အဖို့ တော်တော့်ကို ခက်ခဲပါတယ်။အိန္ဒိယနိုင်ငံမှာ ဇာတ်အနိမ့်အမြင့်နာမည်တွေ ၊ မျိုးနွယ်နာမည်တွေနဲ့ ကိုးကွယ်တဲ့ဘာသာပေါင်းများစွာရှိတဲ့အတွက် လက်လှမ်းမမီတာကြောင့်ပေါ့။ဇာတ်လမ်းစစချင်းကတည်းက သတ်တာဖြတ်တာတွေ ၊ သွေးထွက်သံယို ပြကွက်တွေနဲ့ စထားတာမို့၊ အရွယ်မရောက်သေးသူ ကလေးသူငယ်များ အုပ်ထိန်းသူနဲ့ကြည့်သင့်ပါတယ်။၁၈ ရာစု၀န်းကျင်ကို အခြေခံပြီး ဇာတ်အိမ်တည်ထားတဲ့ ဒီကားက ဟောလိ၀ုဒ်က ရိုက်ပြခဲ့တဲ့ Bounty Hunter ကားတွေနဲ့ တော်တော်လေး တူပါတယ်။အဓိက ဇာတ်ကောင်က ဆုကြေးအထုတ်ခံထားတဲ့သူတွေကို လိုက်သတ်မယ်။ပြီးရင် သတ်ထားတဲ့သူရဲ့ခေါင်းကို ဖြတ်ယူပြီး ထုတ်ထားတဲ့သူဆီ ငွေသွားတောင်းမယ်။နောက် သားကောင်တစ်ကောင်ကို ထပ်ရှာမယ်ပေါ့။ဒါပေမယ့် ဒီကားမှာတော့ ထင်မှတ်မထားတဲ့ လှည့်ကွက်တစ်ခု ထည့်ထားတယ်။Bounty Hunter ဟာ အိန္ဒိယ နာဂဆာဒူး(တပသီ – ချိုးခြံသော အကျင့်ရှိသူများ)တစ်ယောက် ဖြစ်နေတယ်။သူများကို လိုက်ကယ်ရမယ့်အစား သူက လိုက်သတ်တယ်။သူတော်စင်ဖြစ်နေပါရက်နဲ့ ဘာကြောင့် လူလိုက်သတ်ရသလဲဆိုတဲ့အချက်ကတော့ ဒီကားရဲ့လှပတဲ့လှည့်ကွက်မို့ ကိုယ်တိုင်သာ ကြည့်လိုက်ပါ။အညွှန်းရေးရတာ ကျွန်တော့်အတွက် ခက်ခဲနေတဲ့အတွက် ဒီလောက်ပဲ ရေးလိုက်ပါရစေ…..","cover":"https://docs.google.com/uc?id\u003d16Z2A4cc7iSa0aFY35w7oi9ms52s97SdI"},{"title":"Secret Superstar (2017)","id":"https://drive.google.com/file/d/12pd9emYMb_8jH2sqUtWdnQpRhmAjw4qi/view?usp\u003ddrivesdk","description":"အဆိုတော်တစ်ယောက်ဖြစ် ချင်တဲ့ (၁၄)နှစ်အရွယ် မွတ်စလင်မိန်းကလေးတစ်ယောက်အ ကြောင်းကို ဇာတ်အိမ်တည်ထား ပြီး Aamir Khan၊ Zaira Wasim၊Meher Vij၊ Raj Arjun စတဲ့ သရုပ်ဆောင်တွေ အဓိကပါ၀င် ထားတာပါ။\nအထက်တန်းကျောင်းသူလေးအင်ဆူဟာ စည်းကမ်းတင်းကျပ်လွန်းပြီး အကြင်နာတရားမရှိ တဲ့ ဖခင်ရဲ့ အုပ်ထိန်းမှုအောက် မှာ နေရသူဖြစ်ပြီး သမီးကြီးဆိုပေ မယ့်လို့ မိန်းကလေးတွေကို ဖိနှိပ်တဲ့ အသိုင်းအဝိုင်းကဖြစ်တဲ့အ တွက် မျက်နှာသာအပေးမခံရပါ ဘူး။\nသီချင်းဆိုဝါသနာပါပြီး အ ဆိုတစ်ယောက်ဖြစ်ချင်တဲ့ အင် ဆူရဲ့စိတ်ကူးအိပ်မက်ကို သူ့အမေက နားလည်သဘောပေါက်ပြီး သီချင်းတွေနဲ့ ထိတွေ့ခွင့်ပြုပေမယ့်လို့ သူ့အဖေသိသွားတဲ့အခါ မှာ ဆူဟောက်မာန်မဲခံရသလို အင်ဆူရဲ့ ဂစ်တာလေးပါ ဖျက်ဆီးခံရပြီး သီချင်းဆိုဖို့ကိုလည်း တား မြစ်ပိတ်ပင်ခံရပါတော့တယ်။\nအဆိုဝါသနာရှင်လေး အင် ဆူဟာ သူ့အဖေဘယ်လောက်ပဲ မာန်မဲရိုက်နှက်ပါစေ သူ့အိပ်မက် ကို အကောင်အထည်ဖော်ဖို့ လုံး၀လက်မလျှော့ခဲ့ပါဘူး။ အိမ်ကနေ မွမ်ဘိုင်းကို တိတ်တဆိတ်ထွက် ခွာပြီး အောင်မြင်နေတဲ့ တေးရေး ဆရာ အဆိုတော်ရှက်တီကူးမားနဲ့ တွေ့ပြီး သူ့အိပ်မက်တက် ပိုပြီးအကောင်အထည်ဖော်ကာ အိမ် မှာ ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ သူ့အမေနဲ့မောင်လေးကို ကယ်ထုတ် နိုင်ဖို့ စိတ်ကူးထားတာပါ။\nသူ့အဖေက မြို့ပြင်မှာအ လုပ်ထွက်လုပ်တဲ့အတွက် တစ် ပတ်မှာ တစ်ရက်လောက်ပဲ အိမ်ပြန်လာနိုင်တဲ့ အခြေအနေကို အင်ဆူတစ်ယောက် ကောင်းကောင်း အသုံးချပြီး အဆိုပြိုင်ပွဲ၀င်ဖို့ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့အဖေသိ သွားပြီး လုံး၀ခွင့်မပြုခဲ့ပါဘူး။\nဒါပေမဲ့လည်း ဇွဲမလျှော့တဲ့ အင်ဆူဟာ သီချင်းဆိုနေတဲ့ဂီတ ဗီဒီယိုတစ်ခုကို Youtube မှာတင် တဲ့အခါမှာ ၀င်ကြည့်တဲ့သူတွေ ညတွင်းချင်းတက်လာသလို သူ တွေ့ချင်နေတဲ့ တေးရေးဆရာ၊ အဆိုတော် ရှက်တီကူးမားက လည်း အင်ဆူကို သတိထားမိ သွားပါတော့တယ်။\nဖိနှိပ်ခံ အင်ဆူတစ်ယောက် အတားအဆီးတွေ၊ အခက်အခဲ တွေ၊ အတိုက်အခံတွေကြားက သူဖြစ်ချင်တဲ့ အဆိုတော်တစ် ယောက်ဖြစ်ခွင့်ရမှာလားဆိုတာ တော့.... ။","cover":"https://docs.google.com/uc?id\u003d16icmtH9O51Ka4sTGZF9r0XEDgYCqOeXE"},{"title":"Jab Tak Hai Jaan (2012)","id":"https://drive.google.com/file/d/1aMPW0UPkMRGVsND-d7t_tUBqRv8QBX8C/view?usp\u003ddrivesdk","description":"Samar မျက်နှာ စူပုတ်ပုတ်နဲ့ ရဲ့ရင်တဲ့ ဗုံးရှင်းသမား၊ ဗုံးတစ်လုံး ဖြုတ်ပြီးတိုင်း အေးဆေးတဲ့ နေရာမှာ တစ်ယောက်ထဲ အနားယူ တတ်တယ်။ သူ့ဘဝရဲ့ ၉၈ လုံးမြောက် ဗုံးကို ဖြုတ်ပြီး ကမ်းခြေဘက်မှာ တစ်ယောက်ထဲ အနားယူနေတဲ့ အချိန် Akira ဆိုတဲ့ မိန်းမလှလေး ရေနစ်လို့ ဆင်းကယ်ပြီး အနွေး ဓါတ်ရဖို့ Samar ရဲ့ အပေါ် အနွေးထည်ကို ပေးလိုက် မိရာမှာ မထင်မှတ်ပဲ Samar ရဲ့ Diary ကို Akira ရသွားပြီး Samar ရဲ့ လွမ်းစရာ ကောင်းတဲ့ London က အချစ် ဇာတ်လမ်းကို သိခဲ့ရပြီး Samar ကို Akira တစ်ယောက် စိတ်ဝင်စားခဲ့ပါတယ်။ Akira ဆိုတာ Discovery Channel မှာ မှတ်တမ်းရုပ်ရှင် ရိုက်ရဖို့ ကြိုးစားနေတဲ့ ၂၁ နှစ်အရွယ် ဆွဲဆောင်မှု အပြည့်ရှိတဲ့ မိန်းမလှလေးပါ။ Akira တွက် အခွင့် အရေး တစ်ခု ရောက်ရှိ လာပါတယ်။ ၃ ပါတ်အတွင်း Samar ရဲ့ ဗုံးဖြုတ် တပ်သား တစ်ယောက် အကြောင်း မှတ်တမ်း ရုပ်ရှင် ရိုက်ပေး ရမယ့် အခွင့်အရေးပါ။ Samar က Akira ကို တပ်ဖွဲ့ထဲ မလိုက်ခဲ့ စေချင်ပေမယ့် Samar ရဲ့ နိုင်ကွက်ကို သိထားတဲ့ Akira တစ်ယောက်က Samar ရဲ့ အတိတ်နဲ့ ယှဉ်ယှဉ်ပြီး ပြောလို့ Samar က Akira ကို လိုက်ခွင့် ပြုခဲ့ပါတယ်။ အခက် အခဲ အချို့ ရှိခဲ့ပေမယ့် Akira တစ်ယောက် Samar ဆိုတဲ့ ဗုံးဖြုတ် တပ်သား တစ်ယောက် အကြောင်း မှတ်တမ်း ရုပ်ရှင် ပြီးမြောက်အောင် ရိုက်နိုင် ခဲ့ပါတယ်။ Samar ရဲ့ ဇာတ်လမ်းကို Discovery Channel မှာ ပြဖို့ ဒါတွေဟာ Samar ရဲ့ ဇာတ်လမ်း တကယ်ဖြစ်ကြောင်း ထောက်ခံဖို့ ၁၀နှစ်ကျော် ခြေဦး မချခဲ့တဲ့ London မြေကို ပြန်လည် ခြေချခဲ့ရပါတယ်။ ခါးသီးတဲ့ အတိတ်တွေ ရှိခဲ့တဲ့ London မြေကို Samar တစ်ယောက် ပြန်လည် ခြေချတဲ့ နေ့မှာပဲ…။ ဒါရိုက်တာ Yash Chopra ရဲ့ ရိုက်ချက် ကောင်းတွေနဲ့ 176 မိနစ် ကြည့်ရမယ့် Drama Romance ဇာတ်ကား ဖြစ်ပါတယ်။ Jab Tak Hai Jaan ဆိုတဲ့ အဓိပ္ပါယ်ကတော့ Till my last breath ဖြစ်ပါတယ်။ ဖြစ်ပါတယ်။ Bollywood Star တွေဖြစ်တဲ့ Shah Rukh Khan, Katrina Kaif, Anushka Sharma တို့ရဲ့ သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းကို moviereview.ygn.me မှကူးယူဖော်ပြပါသည်။)IMDb Rating(6.8/10) နဲ့ Rotten Tomatoes 88% ထိရရှိထားလို့ကြည့်သင့်တဲ့ဇာတ်ကားပါ။1080p BluRay DTS 5.1 Quality နဲ့ပြန်လည်တင်ဆက်လိုက်ပါတယ်။\nCredit - cm","cover":"https://docs.google.com/uc?id\u003d17QN_59KLNtancL9E45zTpXeMzSPkpR2M"},{"title":"Andhadhun (2018)","id":"https://drive.google.com/file/d/1foWBqEgDAAqlQN1m7uu8mxBI8JHh2yfp/view?usp\u003ddrivesdk","description":"ဇာတ်လမ်းက မျက်စိ မမြင်ချင်ယောင်ဆောင်ပြီးသွားလာနေတဲ့ စန္ဒယားတီးတဲ့ဂီတသမားတစ်ယောက် တစ်ရက်မှာ မင်္ဂလာနှစ်ပတ်လည်အတွက်တီးပေးဖို့ဆိုပြီး လူတစ်ယောက်က ခေါ်ထားတဲ့ဆီ အသွားမှာ မထင်မှတ်ထားဘဲ လူသတ်မှုတစ်ခုကို ကြုံလိုက်ရပြီးနောက် ရဲတိုင်ဖို့သွားပေမယ့် လူသတ်မှုမှာပါ၀င်တဲ့သူဟာ ရဲစခန်းမှုးဖြစ်နေတဲ့အခါ ....\nဇာတ်လမ်းက အစောပိုင်း အတော်စိတ်၀င်စားဖို့ကောင်းတယ်၊ အလှည့်အပြောင်းများတယ်၊ ဘာဖြစ်မယ်မှန်းကြည့် လုံး၀ မမှန်စေရဘူး၊ အဲ့လောက်အလှည့်အပြောင်းများလွန်းတော့ တစ်ချို့အကွက်လေးတွေတော့ မလိုအပ်ဘဲ နည်းနည်း ပိုသွားတယ် 😁😁\nအစအဆုံးခြုံကြည့်ရင်တော့ မဆိုးပေမယ့် လက်ရှိရနေတဲ့ IMDB - 8.6 , Top Movie #136 ဆိုတာကြီးကတော့ များလွန်တယ်။ အနောက်ပိုင်းမှာ အလှည့်အပြောင်းများလွန်းပြီး ဇာတ်ညွှန်းနည်းနည်းချာသွားတာ။\nပြင်သစ်ဇာတ်လမ်းတိုတစ်ခုကို မှီငြမ်းထားတယ်ဆိုတာ စာတန်းထိုးသွားတယ်။\nအစအဆုံးခြုံကြည့်ရင်တော့ အတော်ကိုစိတ်၀င်စားဖို့ကောင်းတဲ့ သည်းထိတ်ရင်ဖို ဒုစရိုက်ကားလို့ပြောရမှာပဲ၊ နာမည်ကြည့်ရင်တော့ ဘာကားမှန်းကို သိမှာမဟုတ်ဘူး ၊ Andhadhun ဆိုတာ Blindly တဲ့ အဓိပ္ပါယ်က...","cover":"https://docs.google.com/uc?id\u003d18YdiZF_Bd1jjBvzUwfTxBx50tsXxhyYZ"},{"title":"Sonu Ke Titu Ki Sweety (2018)","id":"https://drive.google.com/file/d/10S30PwOwHu4FRXE9mmxQrZrIu63MnDwj/view?usp\u003ddrivesdk","description":"ဒီတစ်ခါတော့အိန္ဒိယလူငယ်ဟာသကားပေါ့ပေါ့ပါးပါးလေးတင်ပေးချင်ပါတယ်။\nဒီဇာတ်ကားဟာ Rating ကောင်းကောင်းရရှိထားရုံသာမက ပေါ့ပေါ့ပါးပါးနဲ့ရယ်ရယ်မောမောကြည့်ရမယ့် ဇာတ်ကားကောင်းလေးပါ။\nဇာတ်လမ်းအကျဉ်းကတော့ တီတူးနဲ့ဆွန်နူးတို့ဆိုတာက မူကြိုအရွယ်လောက်ကတည်းက ပေါင်းလာတဲ့သူငယ်ချင်းတွေဖြစ်ပြီး တီတူးတို့အိမ်နဲ့ ဆွန်နူးတို့အိမ်ဆိုတာကလည်း အလွန်ရင်းနှီးကြပါတယ်။\nငယ်ကတည်းတစ်ပူးတွဲတွဲ လည်ပင်းဖက်ပေါင်းလာကြတဲ့ သူငယ်ချင်း၂ယောက်မှာ တစ်ယောက်ကတော့ လည်လည်၀ယ်၀ယ် သွက်သွက်လက်လက်ရှိသလောက် နောက်တစ်ယောက်က အူတူတူ ရိုးရိုးစင်းစင်းနေတတ်တဲ့သူဖြစ်နေပါတယ်။\nဒါပေမယ့် နှစ်ဦးသားအရမ်းချစ်ကြတဲ့သူငယ်ချင်းတွေဖြစ်ပြီး အမြဲဘာလုပ်လုပ် တပူးတွဲတွဲပါပဲ။\nတီတူးဟာ အမြဲရည်းစားထားရင် အဆင်မပြောတာတွေပဲဖြစ်တတ်ပြီး ဆွန်နူးကတော့ အမြဲနောက်ကနေလိုက်ရှင်းပေးရတတ်ပါတယ်။\nတစ်နေ့ အိမ်က လက်ထပ်ပေးဖို့စီစဉ်ပေးတဲ့အခါမှာ တီတူးတစ်ယောက် ဆွီတီဆိုတဲ့မိန်းကလေးသဘောကျပြီးနောက် ဆွန်နူးအလုပ်ရှုပ်ရပြန်ပါပြီ။\nဒါပေမယ့် ဒီတစ်ခါသူရှင်းရမယ့်ကိစ္စက အရင်တစ်ခေါက်တွေလိုလွယ်ကူပါ့မလား။\nဘယ်လိုကမောက်ကမလေးတွေဖြစ်လာမလဲ ဆိုတာကိုဟာသလေးတွေနဲ့ အူနှိပ်ပြီးကြည့်ရမယ့်ဇာတ်ကားလည်းဖြစ်ပါတယ်။\nအိန္ဒိယကားကြိုက်တဲ့သူတွေရော မကြည့်ဖြစ်တဲ့သူတွေအတွက်ပါ Comdey ဇာတ်ကားကောင်းဖြစ်တာကြောင့် ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။\nRating အနေနဲ့ 7. 6 ထိရှိပြီး ၀င်ငွေအရလည်းအောင်မြင်တဲ့ဇာတ်ကားလေးပါ။\n(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ)","cover":"https://docs.google.com/uc?id\u003d197gcNM0BSYC1DSAhhHvHZ_k2OB2ThEi6"},{"title":"Ghajini (2008)","id":"https://drive.google.com/file/d/1UDOKFHhILniOhc6JQXK5ei1Fa06JptLK/view?usp\u003ddrivesdk","description":"Singhania Group of Industries ရဲ့ပိုင်ရှင် Sanjay Singhania(Aimar Khan) ဟာ စိတ်သဘောထားပြည့်ဝြပီး အလွန်ချမ်းသာတဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါတယ်။\nပြီးတော့ \nသူ့မှာ ချောမောလှပတဲ့ ရုပ်ရှင်မင်းသမီး Kalpana ဆိုတဲ့ချစ်သူတစ်ယောက်လည်း\nရှိပါတယ်။ တစ်နေ့မှာတော့ Ghajini လို့ခေါ်တဲ့လူတစ်ယောက်ကြောင့် ဘ၀ပျက်ခဲ့ရပါတယ်။\nအဲဒီလူဟာ သူ့ချစ်သူကိုသတ်ခဲ့သလို သူကိုယ်တိုင်လည်း ဒဏ်ရာရရှိခဲ့ပြီး ၂ နှစ်လောက် သေလုမြောပါးဖြစ်ခဲ့ရပါတယ်။\nဒါပေမယ့် သူဟာ သေမင်းကိုအံတုနိုင်ခဲ့ပြီး အသက်ဆက် ရှင်နိုင်ခဲ့ပါတယ်။\nသူ့ရဲ့ဦးနှောက်ကတော့ ဒဏ်ရာကြောင့် အကောင်းပကတိပြန်မဖြစ်ပဲ မှတ်ဥာဏ်ပျောက်ဆုံးတဲ့ရောဂါကို ခံစားခံရပါတယ်။ \nဒါကြောင့် သူဟာ မှတ်စုရေးခြင်း၊ ဓါတ်ပုံရိုက်ခြင်း၊ ကိုယ်ပေါ်မှာ ဆေးမှင်ကြောင်ထိုးရင်းနဲ့ သူဘာလုပ်ခဲ့တယ်ဆိုတာကို မှတ်သားထားရတဲ့သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။\nနောက်ပိုင်းမှာတော့ သူဟာ အဲဒီအထောက်အထားတွေကို ပြန်အသုံးချပြီး Ghajini လို့ခေါ်တဲ့သူကို လက်စားချေဖို့ ကြိုးစားခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။\nအမေရိကန်ဒေါ်လာ ၇.၁ မီလီယံအသုံးပြုပြီး ရိုက်ကူးထားတာဖြစ်သလို ပြန်ရတာကလည်း ၃၀ မီလီယံဖြစ်တာကြောင့် အလွန်အောင်မြင်တဲ့ကားလို့ဆိုရမှာပါ။\n3 Idiots မတိုင်ခင် Aimar Khan ဇာတ်ကားတွေထဲမှာ အအောင်မြင်ဆုံးလို့ ဆိုရမယ်လို့ ညွှန်းထားပါတယ်။\nIMDb rating (7.3/10) ထိရရှိထားပါတယ်။\n(ရုပ်ရှင်အညွှန်းကို Ko Nyi Nyi Kyaw Myint မှရေးသားပေးထားပါသည်။)","cover":"https://docs.google.com/uc?id\u003d19WXT0dIBBc-u5dUxBROfNlANHAHdn8q3"},{"title":"Dedh Ishqiya (2014)","id":"https://drive.google.com/file/d/1wzBgJogSI-mj8qxkx5y8KG-ybHIHrTO0/view?usp\u003ddrivesdk","description":"Bollywood legends Naseeruddin Shah and Madhuri Dixit shine in this sparkling sequel to 2010\u0027s \u0027Ishqiya.\u0027\n\nThe exhilarating “Dedh Ishqiya” is the young writer-director Abhishek Chaubey’s worthy sequel to one of the sharpest Bollywood comedies of recent years. In contrast to the usual clobbering  slapstick, Chaubey’s 2010 “Ishqiya” was more like a droll mid-period Elmore Leonard tale transplanted to India. The gloriously gifted comic actors Naseeruddin Shah and Arshad Warsi were a squabbling uncle-and-nephew team of only moderately gifted thieves, handed a sobering lesson in the realities of life and love by a seductive widow (Vidya Balan). This second installment is less astringent. In fact, it has the structure of a fairy tale, the kind in which suitors from across a kingdom vie for the hand of a princess in marriage.","cover":"https://docs.google.com/uc?id\u003d19mAJipjj1Iyww0UoOIawoFL8sIbMSO5r"},{"title":"Dor (2006)","id":"https://drive.google.com/file/d/1_yrPPMQ16wUw7e0YGiN0ehNmrN3UhfHf/view?usp\u003ddrivesdk","description":"ရုပ်ရှင်ဆိုတာ ဒီလိုပါလားလို့ အတည်ငြိမ်ဆုံးခံစားရမယ့်\nBollywood ရဲ့ ဇာတ်ကားကောင်းလေးတစ်ကား။\n အချစ်ရဆုံး ခင်ပွန်းကိုမှ သတ်ရက်ခဲ့သူလွတ်မြောက်ဖို့ ခွင့်လွှတ်မှုကို တောင်းခံ ခံရသူ မုဆိုးမလေးတစ်ယောက်ရဲ့ ခံစားချက်၊ခင်ပွန်းသေဆုံးသွားရင် အကျဉ်းချခံ ကျွန်တစ်ယောက်လို ဘာသာတရားနဲ့ ရိုးရာဓလေ့အရ ဘဝကိုအဆုံးသတ်ရဖို့ရှိလာတဲ့အခါ ဒါတွေကို ဘယ်လိုရင်ဆိုင်ဖြတ်ကျော်မလဲ။\n မတော်တဆ လူသတ်မိတဲ့ခင်ပွန်း သေဒဏ်ကလွတ်မြောက်ရေး သေဆုံးသူရဲ့ဇနီးဆီက ခွင့်လွှတ်ကြောင်းလက်မှတ်ကလေးရဖို့ ဘဝနဲ့ရင်းပြီး တာဝန်ကျေလွန်းတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ကြိုးစားမှု အောင်မြင်ပါ့လား\n ဒီအမျိုးသမီး၂ယောက်ရဲ့ကြားက နာကြီးမုန်းတီးမှု၊မာနတရား၊ခွင့်လွှတ်သည်းခံမှု၊မေတ္တာတရား တွေကို အရိုးရှင်းဆုံးနဲ့ ဆွဲဆောင်မှုအရှိဆုံး ရင်ထဲအထိအရောက်ပို့ပေးမယ့် ဇာတ်ကားကောင်းလေးတစ်ကား။အရုပ် အသံကောင်းကောင်းလေးနဲ့ ခံစားကြည့်ကြပါဦး.....","cover":"https://docs.google.com/uc?id\u003d19x72txSLVzoIiiRKg4vbYOOvVn7pn_JU"},{"title":"Thugs of Hindostan (2018)","id":"https://drive.google.com/file/d/1A-7YWa6bI54faPJnpqC_ReDIW-D4EtY5/view?usp\u003ddrivesdk","description":"အာမင်ခန်း နှင့် အမီတာဘာချမ်း တို့\nခေါင်းဆောင်ပါ၀င် သရုပ်ဆောင်ထားတဲ့ Thugs Of Hindostan ကို\nFan တွေ အတွက် အမြန်ဆုံး တင်ဆက်ပေးလိုက်ပါတယ်\nဇတ်လမ်းပုံစံကတော့ အန္ဒိယ နိုင်ငံကို အင်္ဂလိပ်လူဖြူတွေက\nကျွန်အရောင်းအ၀ယ် ကုန်သွယ်မှုတွေ\nအပြင် တစ်ဖြေးဖြေး စီးနင်းလာတဲ့အခါ\nမျိုးချစ်စိတ် ရှိတဲ့ ဘုရင့်အမျိုးအနွယ်တွေက ပုန်ကန်ဖို့ လုပ်ကြပါတယ်\nဒါပေမဲ့ အရမ်းလည်လွန်းတဲ့ လူဖြူ အရာရှိ\nကလိုက်ဖ် က အတော်များများကို\nသတ်ပစ်ခဲ့ပါတယ်...\nအဲ့ဒီထဲကမှ ဘုရင်ကြီး တစ်ပါးရဲ့ သမီးဖြစ်သူ ဇာဖီရာ ဟာ\nလူယုံတော်ကြီး အာဇတ် နဲ့ အတူ လွတ်မြောက်သွားခဲ့ပါတယ်..\nနှစ်ပေါင်းအတော်ကြာတဲ့ အခါ ပင်လယ်ဓါးမြကြီး\nပုန်ကန်သူ အာဇတ် နဲ့\nအဖွဲ့ဖြစ်ပေါ်လာပြီး အင်္ဂလိပ်အစိုးရကို သွေးလန့်စေခဲ့ပါတော့တယ်...\nအင်္ဂလိပ်အစိုးရကလဲ သူတို့ အချုပ်အခြာ\nအာဏာ တည်မြဲရေးအတွက်\nအာဇတ် ကို ဖမ်းမိရဖို့အတွက် အတော်ဆုံးလူ\nလိုက်ရှာတဲ့အခါမှာတော့\nပိုက်ဆံကလွဲပြီး ဘာမှ မသိ ပိုက်ဆံသာ ဘုရားသခင် လို့ မှတ်ယူထားတဲ့\nဖီရန်ဂီ နဲ့ စတင် တွေ့တော့တာပါပဲ...\nဖီရန်ဂီ ရဲ့ ပလန် နဲ့ အာဇတ် ကို\nဖမ်းမိဖို့ ကြိုးစားကြတဲ့အခါမှာတော့....\nဒီဇတ်လမ်းကို NyiNyi Koe က ဘာသာပြန်ပေးထားပါတယ်။","cover":"https://docs.google.com/uc?id\u003d1Afv8buK-jjKDOMnVvLFfWgM0zBx0GO2Z"},{"title":"Prem Ratan Dhan Payo (2015)","id":"https://drive.google.com/file/d/1f8pe6Nqb4-xSmyX07QrjPhcGOr065X1I/view?usp\u003ddrivesdk","description":"Prem Dilwala ( Salman khan) ဟာ Ramleela ပြဇာတ်နဲ့ အသက်မွေးနေတဲ့ ရိုးရှင်းတဲ့ဘ၀ကိုပိုင်ဆိုင်ထားပြီး\nပျော်ပျော်နေတတ်တဲ့သူ တစ်ယောက်ပါပဲ။ သူရှာတွေ့သမျှ ငွေတွေကို မိုင်သလီမင်းသမီး (Sonam Kapoor) တည်ထောင်ထားတဲ့\nကုသိုလ်ဖြစ် အဖွဲ့အစည်းကို လှူဒါန်းတတ်ပြီး မိုင်သလီ မင်းသမီးလေးကိုလဲ အရူးအမူးစွဲလန်းနေခဲ့ပြီး တွေ့ချင်နေပါတယ်။\nအဲ့ဒီလိုပဲ တစ်ဘက်မှာလဲ တော်၀င်မင်းသား ဗီဂျေး (Salman khan)ဟာလဲ မွေးကတည်းက စည်းစိမ်းချမ်းသာ\nသြဇာတွေနဲ့ပြည့်စုံခဲ့သူပါ။ သူ့ရဲ့ အရိုက်အရာကို သူ့ ညီတွေက အမြဲလုယူဖို့ ကြံစည်နေပါတယ်။\nပြဇာတ်မင်းသားလေး Prem ဟာ သူစွဲလန်းနေတဲ့ မင်းသမီးလေးကိုတွေ့ဖို့ ထွက်လာတဲ့ခရီးမှာ သူနဲ့ ရုပ်ချင်း တစ်ထေရာတည်းတူနေတဲ့\nတော်၀င်မင်းသားနဲ့သူ့ မိသားစု၀င်တွေရဲ့ နန်းလုပြိုင်ပွဲမှာ ဘယ်လိုတွေ ပတ်သက်ဖို့ဖြစ်လာမလဲ? သူတစ်ဘက်သက်စွဲလန်းခဲ့တဲ့\nမင်းသမီးလေးရဲ့ အချစ်ကိုရော သူရရှိနိုင်မှာလားဆိုတာကတော့..။\nPrem Ratan Dhan Payo ဟာ Maine Pyar Kiya, Hum Aapke Hain Koun..!,Hum Saath-Saath Hain တို့နောက်ပိုင်း ဒါရိုက်တာ\nSooraj R. Barjatya နဲ့ Sallu တို့ရဲ့ လေးကြိမ်မြောက်လက်တွဲမှုဖြစ်ပြီး အရင်ကားတွေလိုပဲ စံချိန်တင်၀င်ငွေကောင်းခဲ့ပါတယ်။\nနားထဲမှာစွဲနေစရာ သီချင်းကောင်းကောင်းတွေ ရှုခင်းလှလှတွေ ခမ်းနားတဲ့အပြင်အဆင်တွေနဲ့ ဒီဇာတ်ကားကို မိသားစုရုပ်ရှင်ကောင်း\nတစ်ကားအဖြစ်ညွှန်းလို့ရပါတယ်။ ထွက်ရှိခဲ့တဲ့နှစ်တုန်းကလဲ အဲ့ဒီနှစ်အတွက် အဖွင့်၀င်ငွေဇာတ်ကားအဖြစ် ပထမ Bajrangi Bhaijaan တင်ထားတဲ့ စံချိန်ကို ချိုးဖျက်ခဲ့ပါသတဲ့။\n(အညွှန်းနဲ့ဘာသာပြန်တင်ဆက်သူကတော့ ကိုဝေဟံလင်းထင်ပဲဖြစ်ပါတယ်)","cover":"https://docs.google.com/uc?id\u003d1B3oKSKvoMCKPOigen-M_Q1M6RjGZlDIm"},{"title":"Dabangg 3 (2019)","id":"https://drive.google.com/file/d/16eV00HY2d6W_d371-0Qj4IDkZfeGB7NA/view?usp\u003ddrivesdk","description":"ရဲမေကြီး ပြီးသွားတော့ ရဲသားကြီး အလှည့်ရောက်လာပါပြီ။\n၂၀၁၉ခုနှစ်ထွက် မင်းသားကြီး ဆယ်လ်မန်ခန်း(Salman Khan)ရဲ့ ဟာသ၊အက်ရှင် ဇာတ်ကားကြီးပါ။\nလူဆိုးလူမိုက်တွေ ဖမ်းဆီးရာမှာ ဒီအင်စပက်တာကြီးကတော့ ထိတ်ထိတ်ကြဲပဲဗျ။\nလူကုန်ကူးဂိုဏ်းတစ်ခုကို ဖမ်းဆီးရင်း ဂိုဏ်းခေါင်းဆောင်က အတိတ်က ရန်ကြွေးရှိဖူးသူ ဖြစ်နေတယ်ဆိုတာကို သိလိုက်ရတဲ့ အခါမှာတော့....။\nအင်စပက်တာကြီးဆိုတာ ဒီလူမိုက်ကြီးကြောင့် ဖြစ်လာရတာ၊ ဒီလူမိုက်ကြီးကြောင့် ဘဝပျက်ခဲ့ရတာ၊\nအချစ်အတွက် အကြွေး၊ ပျက်စီးခံဘဝအတွက် အကြွေးတွေကို လူမိုက်ကြီးဆီ ပြန်ပြီး လက်စားချေဖို့ ဖြစ်လာပါတော့တယ်။\nလူမိုက်ကြီးကတော့ ရင်းနှီးပြီးသား ခန်နာဒါးမင်းသား Sudeep ပါပဲ။\nကဲရှေ့ဆက် ဘယ်လို ဖြစ်မလဲဆိုတာကို ကြည့်ရှုပေးကြပါဦးဗျ။\nဟာသလည်း ပါနေတော့ အက်ရှင်ပိုင်းမှာ အိုဗာတွေ ပါနေပါတယ်။ ဒါကိုတော့ သည်းခံရမယ်ဗျာ။\nဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။","cover":"https://docs.google.com/uc?id\u003d1Bh37i5Wu_ea4PC_Y3I20pxhyDZb58rgn"},{"title":"Masala (2013)","id":"https://drive.google.com/file/d/12fhmsENkKJUuV58iPrKpEMx-XPz_1e7Y/view?usp\u003ddrivesdk","description":"Balaram (Venkatesh) is a good hearted strongman of the village of Bheemarajapuram. He treats everyone with fairness and takes care of their needs. But there is one thing that Balaram cannot tolerate and that is lying. If he catches someone lying, Balaram metes out a severe punishment to the offender.\n\nInto this scenario comes in Rahman (Ram). Along with his sister Sania (Anjali), Rahman comes to the village in search of a job. With a brave deed, he falls into the good books of Balaram but circumstances force him to change his name to Ram. He soon becomes a trusted aide of Balaram and all is well for a while.\n\nHowever, Balaram catches Rahman while he is offering Namaz and asks him for an explanation. Out of desperation, Rahman reveals that he has a younger brother named Rahman. (He says the brother’s name is Rahman, since Balaram knows the original guy as Ram). This Rahman character is portrayed as a gay and Balaram tasks him with teaching his sister (Shazahn Padamsee) the art of dance.\n\nRahman struggles to manage the roles of Ram and Rahman and a confusion drama ensues. As can be expected, the truth comes out in the end and Balaram is outraged. Will he forgive Rahman? That forms the story of ‘Masala’","cover":"https://docs.google.com/uc?id\u003d1Blg7VRwWngaWT-Evv3bm32f3XeZfbq-z"},{"title":"Bogda (2018)","id":"https://drive.google.com/file/d/1Wf2v3pRoLpRWbyEmuUT8ba0-uSGFirch/view?usp\u003ddrivesdk","description":"IMDb 7.3/10 Google users 89%  ရထားသော ဒါရိုက်တာ Nisheeta Keni\n\nရိုက်ကူးထား၍  Omkar Mangesh Dutt, Nisheeta Keni တို့က ဇာတ်ညွှန်းရေးသားထားကာ သရုပ်ဆောင်  Mrinmayee Deshpande, Jayant Gadekar, Rohit Kokate တို့ပါဝင်သရုပ်ဆောင်ထားသော Drama ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…..\n\nဘဝမှာ တကယ့်အမှတ်တရာတွေကို ဖြစ်စေတဲ့ မိခင်ရဲ့ နောက်ဆုံးနေ့ရက်များကို ဘယ်လိုဖြတ်သန်းခဲ့ရလဲဆိုတာကို ရင်နင့်အောင် ရိုက်ပြသွားတဲ့ အမေ နဲ့ သမီးရဲ့ မေတ္တာသံယောဇဉ် ဆက်နွှယ်မှု ဇာတ်လမ်းကို ဘယ်လိုတွေ တွေ့ရမလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုခံစားကြည့်ကြပါခင်ဗျာ…","cover":"https://docs.google.com/uc?id\u003d1CXG9TUAEl_FASq2aosyewbuDWNthV9Cf"},{"title":"Agent Sai Srinivasa Athreya (2019)","id":"https://drive.google.com/file/d/1cmGB3OqQUrHbM7Y42pK8h71qOK1jCQV2/view?usp\u003ddrivesdk","description":"ဒီကား​လေးက​တော့ ​စုံ​ထောက်ဇာတ်လမ်း​ကောင်း​လေးတစ်ကားပါသာမာန်စုံ​ထောက်ကား​တွေနဲ့မတူပဲထူးခြားတဲ့ရသကိုခံစားရတဲ့ကား​လေးတစ်ကားပါဇာတ်လမ်းမှာ​တော့ မင်းသားကစုံ​ထောက်ရူးတပည့်မ​လေးတစ်​ယောက်နဲ့ ​စျေးထဲမှာဆိုင်ခန်းငှားပြီးရုံးဖွင့်ထားတယ် သူ့သူ​တော့ FBI စုံ​ထောက်​ပေါ့\nတစ်​နေ့ သူအမှုတစ်ခုအ​ကြာင်းသတင်းကြားလို့ အမှုဖြစ်တဲ့​နေရာလည်းအ​ရောက်သူ့ကိုရဲ​တွေက တရားခံဆိုပြီးဖမ်းသွားကြတယ် ပြန်လွတ်လာတာနဲ့သူဒီအမှုကိုသူဆက်စုံစမ်းရင်းအမှုရဲ့​နောက်ကွယ်ကဖြစ်ရပ်ကြီးကြီးတစ်ခုကို သိသွားတဲ့အခါမှာ​တော့….ဇာတ်လမ်းက ကြည့်​လေ ဇာတ်ရှိန်တက်​​​လေပါပဲမင်းသားရဲ့ ဆက်စပ်​တွေး​ခေါ်မှု​တွေက​တော်လွန်း​တာကိုအခုပဲ down ပြီးကြည့်လိုက်​တော့​နော်ရုပ်ရှင်ကားကို ဘာသာပြန်ပေးထားတာကတော့Dolly Dolly ဖြစ်ပြီး XCode မှ တင်ဆက်ပေးထားပါတယ်","cover":"https://docs.google.com/uc?id\u003d1ET22vNEl9gyp4XZzCGBk1YHbR6w-W5KK"},{"title":"Prati Roju Pandage (2019)","id":"https://drive.google.com/file/d/1IPZlEhLP2szZtqTlLSgvPhOoxc46C5JD/view?usp\u003ddrivesdk","description":"ဒီတစ်ပတ်မှာတော့ တေလဂူး(Telugu) မိသားစုကားလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။မင်းသားနဲ့ မင်းသမီးကတော့ တေလဂူးပရိသတ်တွေ ရင်းနှီးပြီးသားမို့ အထူးတလည်မိတ်ဆက်စရာမလိုပါဘူး။ဇာတ်လမ်းအကျဉ်းကို တစ်ချက်လောက် ချပြရရင် အမေရိကမှာ အခြေချနေတဲ့ မင်းသားတို့မိသားစုရယ်၊ အိန္ဒိယမှာပဲ အလုပ်အကျွေးပြုစုသူ တစ်ယောက်နဲ့ အတူနေတဲ့ မင်းသားရဲ့ အဘိုးရယ်ပေါ့။တစ်နေ့မှာတော့ အဘိုးဟာ ကျန်းမာရေးအရ ဆေးစစ်ချက်သွားယူရာကနေ သူ့မှာ အဆုတ်ကင်ဆာ ရှိနေတယ်ဆိုတဲ့အကြောင်းကို သိလိုက်ရပါတယ်။\nသားသမီးတွေနဲ့ ဝေးရာမှာ နေရာသူဖြစ်တော့ သားသမီးတွေဆီ ဖုန်းဆက်အကြောင်းကြားတယ်။အဘိုးမှာ ရောဂါအဆင့်က ကျွမ်းနေပြီမို့ အချိန်က ၅ပတ်ကာလပဲ ရှိတော့တယ်။တစ်ဖက်မှာလည်း အလုပ်၊ တစ်ဖက်မှာလည်း မိဘဖြစ်တော့ အလုပ်ကို ဦးစားပေးတတ်ကြတဲ့ သားသမီးတွေဟာ အဖေဖြစ်သူဆီ ပြုစုစောင့်ရှောက်ဖို့ လောလောဆယ် မသွားနိုင်ကြပါဘူး။ဒါပေမဲ့ အဘိုးကို အရမ်းချစ်တဲ့ မြေး(မင်းသား)ကတော့ ဒီသတင်းကို ကြားကြားချင်း လိုက်သွားခဲ့ပါတယ်။အိန္ဒိယကိုရောက်ပြီး အဘိုးဖြစ်သူကို ကတိပေးလိုက်တာကတော့ “အချိန်၅ပတ်အတွင်း အဘိုး လုပ်ချင်ပေမဲ့ မစဖြစ်တဲ့အရာတွေ၊ စနေပေမဲ့ မပြီးသေးတဲ့ အရာတွေကို ဖြည့်ဆည်းပေးဖို့ပါ”ကျွန်နော်တို့ရဲ့ အချစ်တော် Raashi Khanna ကတော့ တစ်ဖက်သတ်ကြိတ်ကြွေသူတွေ ဝိုင်းဝိုင်းလည်နေပြီး Tik-Tok Cele တစ်ဦးအဖြစ် မြင်ရမှာပါ။ကဲ ဒီမှာ တင်ဇာတ်လမ်းက စပြီ။ အဘိုးဖြစ်သူရဲ့ ဆန္ဒတွေမှာ အဘိုးရဲ့ အချစ်ရေးတွေ ပါနေသလို မြေးဖြစ်သူအတွက် အချစ်ရေးတွေကလည်း ပါလာပါတော့တယ်။ကဲ.. ကျွန်တော်တို့ဒီအထိ ပြောပြပြီးပြီမို့ မိသားစု၊အချစ်၊ဒရာမာကားကို ကြည့်ရှုမယ့်ပရိသတ်တွေကပဲ ခံစားကြည့်ကြပါဦးဗျ။","cover":"https://docs.google.com/uc?id\u003d1EnfQzVSt-RjevmXMDBS6ZHhU0HFiWT1_"},{"title":"Devarattam (2019)","id":"https://drive.google.com/file/d/1IPjThHn_eiVJXWWEC0BJ3X7ig2B0C_HF/view?usp\u003ddrivesdk","description":"ဒီတစ်ခေါက် တင်ဆက်ပေးမယ့် ရုပ်ရှင်ဇာတ်ကားက ခုတ်မယ် ထစ်မယ် လက်စားချေမယ် သမမယ် ဆိုတာမျိုးတွေ ကြည့်ချင်သူတွေအတွက် အတော်လေး စိတ်ကျေနပ်စေမယ့် 2019 ထွက်ဇာတ်ကားလေးပါ။မိသားစုကိုထိရင်၊အမျိုးသမီးတွေကို ထိရင် မခံတတ်တဲ့ လူငယ်တယောက်နဲ့ သားကိုမော်ကြည့်ရင်ကို လူသတ်ပစ်ဖို့ လက်မရွံ့တဲ့ လူမိုက်ကြီးနဲ့ထိတိုက်ဆုံကြတဲ့အခါ...\nဆက်ပြောရင် Spoil ဖြစ်နိုင်တာမို့ ကိုယ်တိုင်သာကြည့်ကြပါ သေချာတာက Tamil movie တွေရဲ့ထုံးစံအတိုင်း over လေးနည်းနည်းကလွဲရင်ကြည့်ရလုံး၀တန်တဲ့ ဇာတ်ကားဆိုတာကိုတော့ အာမခံပါလေရဲ့ဗျာ။","cover":"https://docs.google.com/uc?id\u003d1IFMx4q09aNoi2L34lCPgPl0GfkKLS1li"},{"title":"Hello... I hate you","id":"150933845820638","description":"Real Love❤❤❤\nအရမ်း ကောင်းတဲ့ \nကုလားကားလေးပါ \nဘေလ်ကုန်ရကျိုးနပ်စေမယ့် \nHello... I hate you","cover":"https://www.dropbox.com/s/qtlpxqmj2xrlamb/i_hate_you.jpg?raw\u003d1"},{"title":"Courage","id":"358920998329826","description":"\nဇာတ်လမ်းအညွှန်း\n\nမတွေ့သေးပါ။","cover":"https://www.dropbox.com/s/ncy35k95fq7fvsp/courage.jpg?raw\u003d1"},{"title":"Junglee (2019)","id":"634563403728318","description":"#Channel_Myanmarမှဘာသာပြန်တင်ဆက်သည်\n\nဖိုက်တင်အက်ရှင်တွေမှာ လန်းတဲ့ ကွန်မန်ဒို၁,၂တို့ရဲ့မင်းသား Vidyut ကို ပရိသတ်များ ရင်းနှီးပြီးသားဖြစ်မှာပါ။\n\nကဲ အညွန်းလေး စလိုက်ရအောင်ပါ။\n\nရာ့ချ်ဟာ တိရစ္ဆာန်ဆရာဝန်တစ်ယောက်ပါ\n\n။တိရစ္ဆာန်တွေအကြောင်းကို ကောင်းကောင်းသိပြီးတိရစ္ဆာန်တွေကို ချစ်မြတ်နိုးသူပေါ့။\n\nတနေ့မှာ ဖခင်ဆီက ဖုန်းဝင်ခဲ့ပါတယ်။\n\nမကိုင်တဲ့ကြားက ဆင်စခန်းကို ပွဲတော်အမီပြန်ခဲ့ဖို့ ဖခင်ဖက်မှ အသံသတင်းစကားလေး ပို့ထားခဲ့တယ်။\n\nအဲ့ဒီမှာ ဖခင်ကို သူစိတ်နာကြောင်း စပြီးမြင်လိုက်ရပါတယ်။\n\nဖခင်နဲ့သူ့ကြား ဘယ်အကြောင်းတွေများ ရှိနေခဲ့တာလဲ။\n\nဖခင်ရှိတဲ့ မွေးရပ်မြေ ချန်ဒရီကာ ဆင်စခန်းကိုသူသွားသင့်ကြောင်းဆုံးဖြတ်ပြီး လိုက်သွားရာမှာနယ်မြို့ကျဉ်းလေး ကားဂိတ်တစ်ဝန်းမှာမုဆိုးတွေနဲ့ အတူ မျက်နှာဖြူတစ်ချို့သေနတ်တွေနဲ့ မြင်ရမှာပါ။မုဆိုးတွေဟာ နိုင်ငံခြားသားတွေနဲ့ ပေါင်းပြီးမှောင်ခိုလုပ်ငန်းတစ်ခုကို လုပ်ကိုင်နေကြပါတယ်။\n\nဟုတ်ပါတယ်။\n\nဆင်စွယ်တွေ ရောင်းဝယ်ဖောက်ကားခြင်းပါ။\n\nဒီအဖွဲ့ဟာ ချန်ဒရီကာ ဆင်စခန်းမှဆင်တစ်ကောင်ရဲ့ အစွယ်ကို ပြစ်မှတ်ထား လိုက်ရာမှာတော့....\n\nမင်းသားဟာ ဒုစရိုက်သမားတွေဆီကဆင်လေးကို ဘယ်လိုကယ်တင်မလဲဆိုတာကိုအက်ရှင်ကောင်းတွေနဲ့အတူကိုယ်တိုင် ခံစားကြည့်ရှုကြပါဦးဗျာ။\n\n(အညွန်းနဲ့ ဘာသာပြန်ကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ညီအစ်မပါ)᠌","cover":"https://www.dropbox.com/s/io42l8t6ihjn1h6/jungle.jpg?raw\u003d1"},{"title":"Baaghi 1","id":"107762789727745","description":"\nဇာတ်လမ်းအညွှန်း\n\nမတွေ့သေးပါ။","cover":"https://www.dropbox.com/s/zgt4cjbfn3hilx5/baaghi1.jpg?raw\u003d1"},{"title":"Baaghi 2","id":"https://drive.google.com/file/d/1e4IZshfQEjW0tQObFbDwuWiT0GLn54q1/view?usp\u003ddrivesdk","description":"Baaghi 2 (2018) မြန်မာစာတန်းထိုး\n\u003d\u003d\u003d\u003d\u003d\u003d\u003d\u003d\u003d\u003d\u003d\u003d\u003d\u003d\u003d\u003d\u003d\u003d\u003d\u003d\u003d\n\nဒီတခါဘောလီဝုဒ်ပရိတ်သတ်ကြီးအတွက် အက်ရှင်ခပ်ကြမ်းကြမ်းကားတစ်ကား\n\nတင်ဆက်ပေးလိုက်ပါတယ် ရုပ်ရှင်ကားကထွက်တာကြာပြီဆိုပေမယ့်\n\nစာဖိုင်အမှန်မထွက်သေးလို့ မတင်ပေးနိုင်ဖြစ်နေတာပါ အခုဟာကလည်း\n\nအမှန်ဆုံးလို့ထင်ရတဲ့ အင်္ဂလိပ်စာဖိုင်ကို နားထောင်ကြည့်ပြီး\n\nအမှန်ဆုံးဖြစ်အောင်ရေးပေထားပါတယ် ဟန္ဒီ/အူရ်ဒူစကေးသိပ်မကောင်းတော့\n\nအမှားတွေလိုအပ်ချက်တွေပါရင် သည်းခံပေးကြဖို့ မေတ္တာရပ်ခံထားပါရစေ။\n\n—————————————————————————-\n\nဇာတ်လမ်းကတော့ နီဟာဆိုတဲ့မိန်းကလေးတစ်ဦးဟာ သူ့သမီးလေးကို ကျောင်းသွားပို့ရင်း\n\nကလေးကို ပြန်ပေးဆွဲခံလိုက်ရပါတယ်။ အချိန်အတော်ကြာအောင် နည်းလမ်းမျိုးစုံနဲ့ကြိုးစားခဲ့ပေမယ့်\n\nသူ့သမီးကို လုံးဝရှာမတွေ့ခဲ့ပါဘူး အဲ့ဒီအချိန်မှာ လွန်ခဲ့တဲ့ ၄နှစ်ကျော်ကရည်းစားဟောင်း ရောနီဆီကို\n\nအကူအညီတောင်းခဲ့ပါတယ် ရော်နီတစ်ယောက် ကလေးလေးကို ရှာတွေ့မလား နီဟာဘာကြောင့်\n\nရော်နီကို အကူအညီတောင်းခဲ့တာလဲ နောက်ကွယ်မှာ ဘာပြသနာတွေရှိနေမလဲဆိုတာ\n\nပရိတ်သတ်ကြီးကပဲ ဆက်လက်ကြည့်ရှု့လိုက်ကြပါဦး\n\n#အက်ရှင်ခပ်ကြမ်းကြမ်းမှကြိုက်တဲ့လူတွေ\n\nလုံးဝကို လက်အလွတ်မခံသင့်ပါဘူး\n\n#Crd_Video;\n\n#link_cn","cover":"https://www.dropbox.com/s/dlhp62yopypror8/baaghi2.jpg?raw\u003d1"},{"title":"The Lunchbox","id":"116413153218749","description":"IMDb......7.8\n\n(unicode)\n\nဒီအိန္ဒိယ ဇာတ်ကားကတော့ စတင်ပြသစဉ်မှာ တော်တော်လေး ဝေဖန်ခံရတယ်လို့ဆိုတယ်.... သူတို့ နိုင်ငံရဲ့ လူနေမှု အဆင့်အတန်းကို ပြသရင်း\nအိမ်မှုရေးရာတွေလုပ်နေပေမယ့် ခေါင်းစဉ်သာ သိပ်မခမ်းနားတာ ..\nသူတို့ အတွက်စိတ်ဖိစီးမှုတွေနဲ့ ပင်ပန်းရတဲ့ ခံစားချက်တွေကတော့\nယောင်္ကျားသားများ ထက်ပိုပါတယ်...\nဒီအကြောင်းတွေကို နေ့လယ်စာ ထမင်းချိုင့်လေး တစ်ခုနဲ့ အကြောင်းပြုပြီးရိုက်ကူး ထားတဲ့ ဒီဇာတ်ကားဟာ အဆုံးသတ်မှာတော့ ချီးကျူးမှုများစွာရရှိခဲ့သလို ဆုပေါင်း (၂ဂ)ဆုတောင် ရရှိခဲ့ပါတယ်...\nအဓိက မင်းသားကြီး Irrfan Khan သရုပ်ဆောင်ထားပြီးတော့\nတွေးစရာလေးတွေများစွာပေးတဲ့ ဇာတ်ကားမို့ ခံစားကြည့်ကြပါဦး...\nဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ RK Moe ပဲဖြစ်ပါတယ်...\n\nFile Size : (900 MB) and (356 MB)\nQuality : Blu-Ray 720p\nFormat…mp4\nDuration…01:44:00\nGenre : Romance, Drama\nSubtitle : Myanmar Subtitle (Hard Sub)\nTranslated by RK Moe\nEncoded by Phyo Pyae\n\n#credit.. cm","cover":"https://www.dropbox.com/s/qpgrfffoovvqc2d/lunch_box.jpg?raw\u003d1"},{"title":"Prashna Parihara Shala","id":"123683445634592","description":"အိန္ဒိယဇတ်ကြမ်း (2019)မြန်မာစာတန်းထိုး\nPrashna Parihara Shala (2019) သည် ဒါရိုက်တာ Shabeer Yena က ရိုက်ကူးထား၍ Dileep Kottayam, Rishi Mamankara တို့က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ သရုပ်ဆောင် Akhil Prabhakar, Sarath Babu, Suryalal Sivaji တို့ ပါဝင်သရုပ်ဆောင်ထားသော Action, Drama ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ….\n\nPrashna Parihara Shala ဆိုတာ မလေယာလမ် ရုပ်ရှင်ကားတစ်ကားပါ သရုပ်ဆောင် Akhil Prabhakar, Sarath Babu နဲ့ Suryalal Sivaji တို့ အဓိကအခန်း နေရာတွေမှာ သရုပ်ဆောင်ထားပါတယ် ဒါရိုက်တာ Shabeer Yena ရိုက်ထားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ဇာတ်လမ်းမှာ ဘယ်လို အက်ရှင်တွေနဲ့ ရောမွှေရိုက်ထားမလဲ ခံစားကြည့်လိုက်ကြစို့လားဗျာ….\nTranslated by Lynn","cover":"https://www.dropbox.com/s/6hj3nf9fd7tf4vv/Prashna%20Parihara%20Shala.jpg?raw\u003d1"},{"title":"Makkhi Eega","id":"118755986127338","description":"IMDb 7.8/10 \nအိန္ဒိယ ဘောလိဝုဒ်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် နာနီဆိုတဲ့ကောင်လေးတစ်ယောက်ဟာ မိန်းကလေးတစ်ယောက်ကိုချစ်မိတဲ့အတွက်အသက်ဆုံးရှုံးရတဲ့ဇာတ်ကြောင်းအပေါ်မူတည်ပြီး ဇာတ်အိမ်တည်ထားခြင်းဖြစ်ပါတယ်.အဲ့မိန်းကလေးကလည်းသူ့ကိုပြန်ချစ်ပါတယ်\nသူတို့ကြားထဲမှာအကြီးမားဆုံးအနှောက်အယှက်ကတော့ သူတို့မြို့ရဲ့နာမည်ကြီးလုပ်ငန်းရှင်သူဌေးတစ်ဦးက သူ့ကိုချစ်နေခြင်းသာဖြစ်ပါတယ် အဲ့ဒီသူဌေးရဲ့မနာလိုမှုကနေတဆင့် နာနီကိုဝိုင်းရိုက်ရာကနေ လက်လွန်ပြီး နာနီသေဆုံးခဲ့ရပါတယ် ဒီအကြောင်းတွေကိုမိန်းကလေးကမသိပါဘူးနောက်ပိုင်းမှာတော့ နာနီဟာ ယင်ကောင်တစ်ကောင်အဖြစ်ပြန်လည်မွေးဖွားလာပြီး သူ့ကိုသတ်တဲ့လူကိုဘယ်လိုလက်စားချေမလဲ..သူချစ်တဲ့မိန်းကလေးကိုဘယ်လိုကာကွယ်မလဲဆိုတာတွေနဲ့အတူ ဇာတ်လမ်းအရသာကိုကောင်းကောင်းခံစားလိုက်ပါ….ဘောလိဝုဒ်ထုံးစံအတိုင်းအကအခုန်သီချင်းတွေခံစားရမှာဖြစ်ပေမယ့် အနည်းငယ်သာပါ၀င်ပါတယ်..တချို့နေရာလေးတွေဟာသဆန်လို့သဘောကျမိမှာဖြစ်သလို ရင်နင့်သွားစေမယ့်ဇာတ်၀င်ခန်းလေးတွေလည်းပါ၀င်ပါတယ်..ရသမျိုးစုံပေးပြီး ဆွဲဆောင်မှုရှိရှိရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းလေးတစ်ကားဖြစ်ကြောင်းအသိပေးလိုက်ပါတယ် Myanmar Subtitle ( Hardsub )\nEncoded By LK","cover":"https://www.dropbox.com/s/465sv571eo4ls7t/Makkhi%20Eega.jpg?raw\u003d1"},{"title":"Bullet Rani","id":"100212884737400","description":"2019 . Action, Crime\n\nအညွှန်း\n\nအများလေးစားရတဲ့ ဘာသာရေးဆရာကြီးတစ်ဦးပျောက်ဆုံးသွားခဲ့တဲ့အမှု\nသမီးဖြစ်သူယာဉ်မတော်တဆမှုနဲ့ဆုံးပါးသွားပြီး ခမည်းမခက်ဖြစ်သူအိမ်ကို\nအကျိုးအကြောင်းသွားပြောရာမှ ပျောက်ဆုံးသွားခဲ့တာပါ....။\n\nလက်သည်ဘယ်သူလဲဆိုတာ အားလုံးသိနေကြပေမယ့် အာဏာပါဝါကြီးလွန်းတာကြောင့်\nဘယ်အဖွဲ့အစည်း ဘယ်ရဲဌာနမှ မကိုင်တွယ်ရဲတဲ့အမှု...\n\nသို့ပေမယ့် ဂျာစီဆိုတဲ့ရဲမေလေးကတော့ မိန်းကလေးတန်မဲ့ အကြောက်အရွံ့ကင်းစွာနဲ့\nဒီအမှုကိုလက်ခံဖို့ရဲရဲတင်းတင်းပဲဆုံးဖြတ်လိုက်တယ်....\n\nသွေးရိုးသားရိုးမဟုတ်ပဲ ယုတ်ယုတ်မာမာကြိုတင်ကြံစည်ထားတဲ့ဒီအမှုကို\nရဲမေလေးဂျာစီတစ်ယောက် ဘယ်လိုအကွက်ချဖော်ထုတ်မလဲဆိုတာ....","cover":"https://www.dropbox.com/s/87tuhx3hqrm5ky7/Bullet%20Rani.jpg?raw\u003d1"},{"title":"Don-2","id":"201679743906989","description":"shahrukh khan\n\nငါ့ကြောင်ရိုင်းမလေး","cover":"https://www.dropbox.com/s/ofmvah836pckv43/don2.jpg?raw\u003d1"},{"title":"Shivaay","id":"148818582339191","description":"အရမ်းကြည့်လို့ကောင်းတယ်ဇာတ်ကားပါ့\nသမီးဖြစ်သူကိုပြန်ပေးဆွဲတယ်ကား\nအသစ်၂၀၁၇ထွက်","cover":"https://www.dropbox.com/s/uje7ffqm4r6bi7y/shivaay.jpg?raw\u003d1"},{"title":"Bharat ane nenu","id":"602440603836878","description":"မြန်မာစာတန်းထိုး \nCast - Mahesh Babu - Kiara Advani 😍\n#Kiara #KiaraAdvani #Kiaraislove #KiaraAdvaniFC #KiaraAdvanifanclub #KiaraAdvaniForeverMyanmar #KiaraIsLove_KiaraAdvaniMyanmarFans💕","cover":"https://www.dropbox.com/s/7t18yiqgh1vrovb/Bharat%20ane%20nenu.jpg?raw\u003d1"},{"title":"Super 30","id":"899227760443202","description":"လက်ပွားမင်းသား ကုလားကား \n\nအရမ်းကောင်း fbက မဖြတ်ခင် ကြည့်ထားပါ","cover":"https://www.dropbox.com/s/pger4v8g3c1hs52/super300.jpg?raw\u003d1"},{"title":"Bhoothnath","id":"2217312181712465","description":"ငယ်ငယ်ကအရမ်းကြိုက်ခဏခဏကြည့်ဖြစ်တဲ့ကားလေး\n\u0027I believe an angle\u0027 အမီတာဘဂျမ်း ရဲ့ ဝိညာဉ်ကား","cover":"https://www.dropbox.com/s/sqma2hcst0l4y6i/bhoothnath.jpg?raw\u003d1"},{"title":"Veer","id":"602114456818995","description":"AK ကုလားကား\n\nမိုက်တယ် တစ်ကားလုံးကြမ်း","cover":"https://www.dropbox.com/s/rfmf3d0vhl5ghy3/veer.jpg?raw\u003d1"},{"title":"အမည်မသိ","id":"347269715792248","description":"ဇတ်ကားကောင်းလေးပါ \n\nCrd# .fof","cover":"https://www.dropbox.com/s/7cf9huxjqdanlgi/noname.jpg?raw\u003d1"},{"title":"အမည် မသိ","id":"983543742046196","description":"ကုလားကား\n\nအရမ်းမိုက်😇","cover":"https://www.dropbox.com/s/sjydjezzwi15rqi/no_name2.jpg?raw\u003d1"},{"title":"Pulimurugan: The Wild Hunter","id":"1916719035276469","description":"မြန်မာစာတန်းထိုး\nHi မင်္ဂလာရှိသောနေ့လေးပါ အကိုတို့အမတို့ အရမ်းကောင်းတဲ့ကားလေးမို့ အင်တာနက်သုံးတဲ့သူတွေကြည့်စေချင်လို့ တင်ပေးလိုက်ပါတယ်နော်..။ \u003c3\nIMDB 7.4 \n\nPulimurugan ဆိုတာကတော့ ၂၀၁၆ ခုနှစ် က အိန္ဒိယတောင်ပိုင်း တစ်ပိုင်းလုံးမှာ တစ်နှစ်တာ တတိယမြောက်ဝင်ငွေအကောင်းဆုံးဖြစ်ခဲ့တဲ့ အချစ် အကြမ်း အလွမ်း အရမ်း စုံလင်တဲ့ Action, Drama, Romantic, Adventure, Comedy ဇာတ်ကားကြီးပါ အိန္ဒ်ိယတောင်ပိုင်းအခြေစိုက် Malayalam Film Industry ရဲ့ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီးတော့ Bollywood ကားတွေနဲ့ မတူကွဲပြားပြီး သဘာဝကျတဲ့ သရုပ်ဆောင်ဟန်တွေကို တွေ့ရပါတယ် (ပြီးတော့ အားတိုင်း ယားတိုင်း ထကမနေသလို ဇာတ်ဝင်တေးတွေနဲ့ ရှုခင်း အမိုက်စား ရိုက်ချက် အလန်းစားတွေကြောင့် မြန်မာနိုင်ငံမှာသာဆို ရုပ်ရှင်တေးဂီတဆုတွေရော ရုပ်ရှင်ဓာတ်ပုံဆုတွေပါ ပုံအောပေးကြမှာ သေချာပါတယ်) ကျေးလက်ဆန်တဲ့ တေးဂီတ သီချင်းတွေနဲ့ ခေတ်ပေါ် DJ ပါမကျန်အောင် သူ့နေရာနဲ့သူ အံဝင်ဂွင်ကျ ဖြစ်နေတာကတော့ ချီးကျူးလောက်စရာပါ အချို့သော ဇာတ်ဝင်ခန်းတွေမှာ action ခန်းတွေဟာ နည်းနည်း အိုဗာတင်းကျနေပေမယ့် ပီပြင်လွန်းတဲ့အတွက် Bahubali 2 ထဲကလိုပဲ ပါးစပ်အဟောင်းသား ဖြစ်နေရမှာတော့ သေချာပါတယ် ကဲ ဇာတ်လမ်း အကျဉ်း နည်းနည်းပြောပြမယ်နော် (spoiler လုံးဝ မပါစေရဘူး) ကျော်တို့ရဲ့ ဇာတ်လိုက်ကြီး မူရူဂန်တစ်ယောက် ဇာတ်လမ်းအစမှာ ငယ်ငယ်လေးပဲရှိပါသေးတယ် သူတို့ရွာကတော့ ပူလီယာ၊ သူတို့ ဘာသာစကားအရ ပူလီက ကျားဆိုတော့ ကျားပေါတဲ့ရွာပေါ့၊ မူရူဂန် ငယ်ဘဝမှာပဲ အမေဖြစ်သူက ညီငယ်လေး မာနီကူတန်ကို မွေးဖွားရင်း ဆုံးပါတယ်၊ အဲ့ဒီ ညီငယ်လေးကို သဲသဲလှုပ်ချစ်တာကတော့ မူရူဂန်ပါ၊ အမေဆုံးလို့မှ မကြာသေးခင် အဖေဖြစ်သူကလည်း သူနဲ့ သူ့ညီလေးကို ကယ်ရင်း ကျားဆွဲခံရပါတယ်၊ အဲဒီ့ကျားကို ကလေးဆိုပေမယ့် မကြောက်မရွံ့ ဖခင်ဖြစ်သူအတွက် အသက်စွန့် လက်စားချေ ဇီဝိန်ချွေပြီးနောက်မှာတော့ မူရူဂန်တစ်ယောက် လူသားစားကျားတွေကို လိုက်နှိမ်နင်းတဲ့ ကျားမုဆိုးကြီး လုံးလုံးဖြစ်လာပါတယ်။ ကျားမုဆိုးမူရူဂန် (ပူလီမူရူဂန်) ဆိုပြီး ဘိုးဘေးစဉ်ဆက် ကျားကြောက်ခဲ့ရတဲ့ အနီးအနား ရွာတွေကပါ နတ်ဘုရားသဖွယ် ကိုးကွယ်အားထားခံလာရပါတော့တယ် ကျားမုဆိုးဆိုပေမယ့် သူ့ရဲ့ ကမ္ဘာငယ်လေးဖြစ်တဲ့ မိသားစုရှေ့မှာတော့ ကျားကြီးမူရူဂန်ဟာ ကြောင်သာသာမျှသာ ဖြစ်သွားစမြဲပါ သူ့အပေါ် ဖခင်လိုတစ်ဖုံ သူငယ်ချင်းလို တစ်ဖန် ချစ်ခင်ကြင်နာခဲ့တဲ့ ဦးလေးဖြစ်သူ ဘာလာရာမန်၊ နှစ်ယောက်မရှိတဲ့ သွေးရင်းချာ ညီငယ်လေး မာနီကူတန်၊ ချစ်ခင်မြတ်နိုးရတဲ့ အိမ်သူ မိုင်နာ၊ ရှုမငြီးတဲ့ ချစ်သမီးလေး ချက်ကီတို့ အတွက်ဆို ကျားကြီးမူရူဂန်ရဲ့ သံချောင်းလို စိတ်ထားဟာ ဖယောင်းလိုပျော့ပျောင်းသွားရစမြဲပါ ရိုးသားဖြူစင်တဲ့ မိသားစုလေးကောင်းဖို့ ဒုက္ခမရောက်ဖို့အတွက် ကြိုးစားရင်း ကျားထက်ဆိုးတဲ့ မနုဿလူသားများစွာရဲ့ အကောက်ကြံမှု၊ မနာလိုမှု၊ အမြတ်ထုတ်လိုမှု အစရှိတဲ့ အန္တရာယ်တောနက်ကြီးထဲကို မူရူဂန်တစ်ယောက် တဖြည်းဖြည်း တိုးဝင်လာမိချိန်မှာတော့…….. မကောင်းသူပယ် ကောင်းသူကယ်မယ့် မူရူဂန်၊ မိသားစုလေးအတွက် ဘာမဆိုလုပ်မယ့် မူရူဂန်၊ တောကိုချစ်ပြီး တောရဲ့ ဥပဒေဿ ကို လိုက်နာတဲ့ မူရူဂန် မြို့ပြကြီးရဲ့ ယဉ်ကျေးစွာ အကောက်ကြံ ရိုင်းစိုင်းပြန်တဲ့ လူ့သားရဲတွေအကြားမှာ ရှင်သန်ဖို့ ရုန်းကန် တိုက်ခိုက်နိုင်စွမ်းရှိပါ့မလားဆိုတာကိုတော့……… ရုပ်ရှင်ကားကောင်းကိုမှ လက်မလွတ်တမ်းကြည့့်ရှုခံစားလိုသော၊ GC ကိုချစ်သော၊ GC ကချစ်သော ပရိသတ်ကြီးအတွက် အကောင်းဆုံးသော အရည်အသွေးဖြင့် အထူးကြိုးစား တင်ဆက်ပေးလိုက်ပါတယ် ခင်ဗျာ\nCredit .... GC","cover":"https://www.dropbox.com/s/mp9nk25z0oto8rm/Pulimurugan.jpg?raw\u003d1"},{"title":"Teffa In Trouble","id":"744352529279090","description":"ဇာတ်လမ်းအညွှန်း\n\nမတွေ့ပါ။","cover":"https://www.dropbox.com/s/j1gigna3xrrxux3/Teffa%20In%20Trouble.jpg?raw\u003d1"},{"title":"Maharshi","id":"663018994174206","description":"(India Myanmar sub)\n\nCopy Right from Channel Myanmar","cover":"https://www.dropbox.com/s/q9k71uc2fmqffnu/Maharshi%28India.jpg?raw\u003d1"},{"title":"Ankur Arora Murder Case","id":"123245755816658","description":"(Alert !!!!! Medical Negligence )\n\nအသက်မွေးကျောင်း ဆိုင်ရာ ပညာရပ်တစ်ခုကို ရိုက်ကူးရာ၌ အိန္ဒိယရုပ်ရှင်လောကသည် လွန်စွာပါးနပ်ကျွမ်းကျင်လှသည်။\n\nပေးချင်သည့် စိတ်ကူးရသတို့အား ထိမိချိတ်ဆက်ပုံကလည်း ရှင်းလင်းပေါ်လွင်လှသည်။\n\nဤ ဇာတ်ကား မှာလည်း \"ဆရာဝန်\" ဟူသော အလုပ်အကိုင် တစ်ရပ်အား ဖော်ပြထားသည်။\n\nသို့သော် ဤဇာတ်ကား၏ ထူးခြားချက်မှာ \"ဆရာဝန် \"ဟူသော အသုံးအနှုန်းအား ပြန်လည် သုံးသပ်ဆင်ခြင်မိစေသည်။\n\nဆရာဝန်အလုပ် ဟူသည် အသက်မွေးကျောင်း ပညာတစ်ရပ်ဖြစ်သော်လည်း ဆရာဝန်တစ်ဦးမကောင်းပါက ဆေးပညာလောကတစ်ခုလုံးအား ကိုယ်စားမပြုနိုင်။\n\nဤကဲ့သို့ပင်။ လူနာအပေါ် စေတနာ ထားသော ဆရာဝန်သည်လည်း ဆေးလောကကို ကိုယ်စားပြုသည် မဟုတ်လှပါ။\n\nအဘယ်ကြောင့် ဆိုသော် ဆေးပညာနယ်ပယ်အရ စိတ်ဓာတ် နည်းနာများ ကောင်းမွန်စေရန် သင်ကြားပေးခဲ့သော်လည်း လိုက်နာအပ်သော စိတ်သဘောထား ကွာဟ မှုတို့ကြောင့် ဖြစ်ပေသည်။\n\nဤဇာတ်ကားတွင်လည်း ထိုသို့သော သဘောတရားအခြေခံအား အခြေပြုထားသည်။ ကောင်းမွန်သော ဆရာဝန်ရှိသကဲ့သို့ ကိုယ်ကျိုးဆန်သော ဆရာဝန်လည်း ရှိခဲ့သည်။\n\nဆရာဝန်တိုင်း ကောင်းသည်မဟုတ်။ ဆိုးသည်မဟုတ်ပါချေ။ လူ့သဘာ၀ စိတ်ဓာတ်အနေအထားအရ ကွာခြားခဲ့သော်လည်း ဆေးပညာလောကသည် လူနာအသက် ဦးစားပေးရေး ပင် ဖြစ်ပေသည်။\n\nဇာတ်လမ်းအကျဉ်းအရ နာမည်ကြီးဆေးရုံ တစ်ခုသို့ ကလေးတစ်ယောက် ဗိုက်အောင့်ရင်း ဆေးရုံလာခဲ့သည်။ အကြောင်းရင်းမှာတော့ အူအတက်ရောင် ရောဂါ ကြောင့် ပင် ဖြစ်သည်။\n\nသို့နှင့် နောက်ရက်များမှာ တော့ ခွဲစိတ်ဖို့ စီမံထားခဲ့ကြသည်။ ခွဲစိတ်ပေးမည့် ဆရာဝန်ကြီးကလည်း နိုင်ငံတွင်းကျော်ကြားသည့် ခွဲစိတ်ဆရာဝန်ကြီးဖြစ်သည်။\n\nထို့နောက် ခွဲစိတ်မည့်နေ့ရက် ရောက်ရှိလာခဲ့သည်။သို့သော် ခွဲစိတ်မှုမလုပ်ခင် တစ်နာရီအလိုမှာတော့ ကလေး သည် ဘီစကွက်ခိုးစားလိုက်မိသည်။\n\nဤသည်ကို သူနာပြု မှတဆင့် ဆရာဝန်ကြီးအား အကြောင်းကြားခဲ့သော်လည်း ဆရာဝန်ကြီး၏ သဘောအတိုင်း ခွဲစိတ်မှု ပြုလုပ်ရန်သာ စီစဉ်ခဲ့ကြသည်။\n\nအဲ့ဒီနောက် ခွဲစိတ်မှု စတင်ပြုလုပ်ခဲ့ရာ အူအတက်အား ဖြတ်ထုတ် နိုင်ခဲ့သော်လည်း ကလေး ၏ အခြေအနေမှာ မကောင်းလှချေ။\n\nစားခဲ့သောအစာ ကြောင့် အလွန်အမင်း အန်လာပြီး အစာ လေပြွန်အတွင်း ဝင်ရောက်ခဲ့သည်။ Oxygen Level ကျဆင်းလာပြီး ဦးနှောက်သို့ သွေးပို့ဆောင်မှုလည်း နည်းလာသည်။\n\nထို့နောက် ကံဆိုးစွာဖြင့် ကလေးမှာ Coma ရခဲ့လေသည်။ နောက်နှစ်ရက် မှာတော့ ကလေးငယ်မှာ သေဆုံးခဲ့လေတော့သည်။\n\nယခု ဖြစ်စဉ်သည် အစာကြောင့် ဟု ဆိုအပ်ပါလျှင် ခွဲစိတ်မှု မပြုလုပ်ခင် အစာအိမ် ရှင်းလင်းနိုင်ရေး မပြုခဲ့သည့် ပေါ့ဆမှုကြောင့် ကလေးသေဆုံးမှု ဖြစ်ခဲ့ရခြင်းဖြစ်သည်။\n( ဤနေရာတွင် ဆရာဝန်ပေါ့ဆမှု ဟုသာ တရားရုံး၌ ထင်ရှားပါက ထောင်ဒဏ်ကျခံရဖွယ်ရှိသည် )\n\nဆရာဝန်ကြီးကလည်း နိုင်ငံတွင်း ကျော်ကြားသူတစ်ဦး ဖြစ်သောကြောင့် ဤသေဆုံးမှု၏အကြောင်းရင်းဖြစ်ရပ်မှန် အား ဖုံးကွယ်ထားခဲ့သည်။\n\nသက်သေ အားလုံးကိုလည်း ဖျောက်ဖျက်ခဲ့သည်။ မိဘများအား အဆုတ် အလုပ်လုပ်မှု ဖြစ်စဉ် မူမမှန်ကြောင့် သေဆုံးရသည် ဟု သာ ရှင်းပြထားခဲ့သည်။ ။\n\nသို့သော်လည်း ဤသေဆုံးအား သံသယရှိသူ တစ်ဦးပေါ်လာခဲ့သည်။ နာမည်က Romesh ။ Romesh မှာ ဤဆေးရုံမှ ဆရာဝန်ငယ်တစ်ဦး ဖြစ်သည်။\n\nကလေးငယ် အသက်ထင်ရှားရှိစဉ်က ကလေးငယ်အား အသက်အန္တရယ် မရှိ ကုသပေးနိုင်မည်ဟု ကတိပေးထားခဲ့သူဖြစ်သည်။ ဤနေရာတွင် ဇာတ်ကား၏ ဆွဲဆောင်မှုသည် မြင့်မားလာသည်။\n\nဂုဏ် ပကာသန တို့နှင့် မူးယစ်ရင်း တာဝန်ခံလိုမှု မရှိစွမ်းသော ဆရာဝန်ကြီး နှင့် တာဝန်ယူလိုမှုရှိ စေချင်သော ဆရာဝန်ငယ်တို့ အားပြိုင်မှုမှာလည်း ပြင်းထန်လာသည်။\n\nကလေး ကို ဆုံးရှုံးခဲ့ရသော မိခင်တစ်ဦး၏ အမှန်တရား ငတ်မွတ်မှုမှာလည်း ပြင်းပြလာခဲ့သည်။ ဤသို့နှင့် အမှုမှန် တစ်ခု ပေါ်ပေါက်လာရန် တင်ဆက်ပုံတို့ကလည်း ဇာတ်အိမ်ကို ပိုခိုင်မာလာစေသည်။\n\nဤဇာတ်ကားတွင် Profession တစ်ခုအောက် အလုပ်လုပ်ကြသော်လည်း တာဝန်ခံလိုမှုသဘောတရား ကို ဖွင့်ဟထားပေးနိုင်ခဲ့သည်။\n\nဆရာဝန်များ ပေါ့ဆအပ်သော သတိပေးခေါင်းလောင်း( Medical Negligence ) ကိုလည်း မီးမောင်းထိုးပြပေးခဲ့သည်။\n\nကိုယ်ချင်းစာနာတတ်မှု / အားပြိုင်မှု / အမှန်တရား တိုက်ပွဲ တို့ကလည်း ဇာတ်လမ်း ၏ အနှစ်သာရကို ပိုမိုရသပေါ်လွင်စေသည်။\n\nထို့ပြင် စကားလုံး အသုံးအနှုန်း နှင့် ဇာတ်ကွက် အလှည့်တို့ကလည်း စိတ်အံ့အား သင့်စေ မည် ဖြစ်တာမို့ ပေးရသည့် အချိန်နဲ့ ထိုက်တန်အပ်သည့် ဇာတ်ကားဖြစ်ခဲ့ပါတော့သည်။\n\nအထက်ပါအကြောင်းအရာများကို ကိုလင်းခံယံ၏ ခွင့်ပြုချက်နှင့် ကူးယူဖော်ပြထားပါတယ်။\n\nဒီဇာတ်ကားက ဆေးပညာပိုင်း ဖြစ်တဲ့အလျောက် ဘာသာပြန်ဆိုသူများအနေဖြင့် တစ်ချို့ဝေါဟာရတွေ မြန်မာမှုပြုဖို့ရာ ခဲယဉ်းခြင်းရှိသလို နယ်ပယ် ကျွမ်းကျင်မှု မရှိသည့်အတွက် အခက်အခဲတွေ ရှိထားပါတယ်။\nဒါပေမဲ့ အနီးစပ်ဆုံးဖြစ်အောင် ဆရာဝန်၃ယောက်ဆီမှ အကူအညီယူထားပါတယ်။\nဂရုစိုက်သည့်ကြားမှ လိုအပ်ချက်တစ်စုံတစ်ရာရှိပါက သည်းခံပေးပါရန် တောင်းဆိုချင်ပါတယ်။\n\nဘာသာပြန်ပေးထားသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။","cover":"https://www.dropbox.com/s/lsfaewplsplynbd/ankur.jpg?raw\u003d1"},{"title":"A Aa(2016)","id":"112280366887126","description":".\n.\n#link(DVD WORLD MDY)","cover":"https://www.dropbox.com/s/a42dh6v8lu9osu5/aaa.jpg?raw\u003d1"},{"title":"Khamoshiyan","id":"105809740868383","description":"Bollywood \nမြန်မာစာတန်းထိုး","cover":"https://www.dropbox.com/s/z0gj5p30jta3w4w/Khamoshiyan.jpg?raw\u003d1"},{"title":"chudham","id":"129622995089830","description":".\n.\n.","cover":"https://www.dropbox.com/s/4ti568m6hrgjth3/Rarandoi%20Veduka.jpg?raw\u003d1"},{"title":"Music Teacher","id":"2227462044009468","description":"Indiaက Shimlaဆိုတဲ့ တောမြို့လေးတစ်မြို့က Beniဆိုတဲ့ Music Teacherတစ်ယောက်ဟာ မွန်ဘိုင်းကို သွားပြီတော့ အောင်မြင်တဲ့ \"ဇာတ်ကားနောက်ခံ အဆိုတော်(Playback Singer)\"ဖြစ်ချင်တာပါ.........\n\nဒါပေမယ့် မှန်းချက်နဲ့နှမ်းထွက်မကိုက်ဘဲ ဒီတောမြို့လေးမှာပဲ သောင်တင်နေပြီး သီချင်းသင်လိုက်, ကလပ်တွေမှာ လိုက်ဆိုလိုက်နဲ့ သူ့ဘဝကို အလိုမကျစွာ ဖြတ်သန်းနေတာပါ.....\n\nအခုBollywoodအဆိုတော်တစ်ယောက် အရင်ကသူ့တပည့်ဟောင်းဖြစ်ခဲ့တဲ့ Jyotsna(ဂျိုစနာ)ဟာ ၈နှစ်ကြာပြီးမှ ဒီမြို့ကိုပြန်လာတဲ့အခါ Beniရဲ့ အတိတ်ဟောင်းတွေ ပြန်ပေါ်လာခဲ့ပါတယ်...\n\nBeniနဲ့ Jyostna ကြားမှာ ဘာတွေဖြစ်ခဲ့ကြတာလဲ? ဘယ်လိုနာကျင်စရာ အတိတ်တွေရှိခဲ့ကြသလဲ?ဆိုတာ....\n\nကြည်နူးစရာတွေ နာကျင်စရာလေးတွေကို ကြည့်ရှုခံစားရမယ့် Netflixက Indian Movie လေးပါ.\n🌟သီချင်းကောင်းလေးတွေလည်း ပါတယ်နော်🌟","cover":"https://www.dropbox.com/s/70s7jk8hagcb10l/Music%20Teacher.jpg?raw\u003d1"},{"title":"Aashiqui","id":"2067040743563488","description":"#Aashiqui \u003c3 \u003c3\n#Tum_Hi_Ho \u003c3 \u003c3","cover":"https://www.dropbox.com/s/tjyg141se3op6x7/aashiqui2.jpg?raw\u003d1"},{"title":"Saaho","id":"1809050135905096","description":"၂၀၁၉ ထွက် ဘာဟုဗာလီမင်းသားကြီး Prabhasရဲ့ ရုံတင်ကား အကြည်ထွက်လာလို့ မြန်မြန်နဲ့ မှန်မှန် တင်ဆက်ပေးလိုက်ပါတယ်။\nဇာတ်လမ်းအကျဉ်း မင်းသားကြီးကို ဒီကားမှာတော့ အလွတ်တမ်း စုံထောက် တစ်ယောက်အနေနဲ့ မြင်ရမှာပါ။\nဓားပြမှု တစ်ခုကို လိုက်ဖို့ ရဲတွေ ဖက်က ကမ်းလှမ်းတော့ ရဲအရာရှိမလေးရဲ့ ရွှန်းစိုတဲ့ မျက်ဝန်းတစ်စုံကြောင့် လက်ခံခဲ့ပါတယ်။\nဒီကြားထဲ မွန်ဘိုင်းမြို့ထဲ ခြေရှုပ်နေကြတဲ့ ဂန်းစတားတွေလည်း ရှိနေသေးတယ်။\nအင်အားကြီး Roy Group ဂိုဏ်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေကြတယ်။\nအချင်းချင်းတွေ ကွဲနေကြတယ်။\nပြီးတော့ Black Box လို့ ခေါ်တဲ့ Keyတစ်ခုကို လိုက်ရှာနေကြတယ်။\nမင်းသားကြီးဟာ ဓားပြမှုကို စတင် ဖော်ထုတ်ရာကနေ...\nဂန်းစတားတွေရဲ့ ပြဿနာထဲ တစ်စိတ်တစ်ပိုင်း ဝင်ပါသွားခဲ့ရာမှာတော့.....\nမြှုပ်ကွက်တွေနဲ့အတူ ကြည့်ရှုခံစားပေးကြပါဦး။\n--------------------------------\nရုံတင်ကာလမှာတော့ ဝေဖန်မှုတွေရှိခဲ့ပါတယ်။\nဒါပေမဲ့လည်း နာမည်ကြီးမင်းသားဆိုတော့ သိပ်ပြီး ဆိုးဆိုးရွားရွား မဖြစ်ခဲ့ဘူး။\nဝင်ငွေအရ အောင်မြင်မှု အတိုင်းအတာ တစ်ခု ရရှိခဲ့ပါတယ်။\nမင်းသားကြီးရဲ့ ပရိသတ်တွေ၊ ဘာဟုဗာလီပြီးကတည်းက ပျောက်နေတာမို့\nတောင်းဆိုထားတဲ့ သူတွေ အတွက်ရော ကျွန်တော်တို့အနေနဲ့ တာဝန်ကျေအောင် အကောင်းဆုံး ကြိုးစားပေးလိုက်ပါပြီ။","cover":"https://www.dropbox.com/s/yxctzcjopa4huoy/Saaho-2019.jpg?raw\u003d1"},{"title":"Geetha Govindam","id":"103434341209471","description":"တောင်းဆိုထားတဲ့သူငယ်ချင်းတွေအတွက်ပါ ဘယ်အချိန်ကြည့်ကြည့်မရိုးနိုင်တဲ့ကားကောင်းလေးပါ\n\nအိန္ဒိယကားကောင်းကောင်းလေးတွေ တောင်းတနေတဲ့ ပရိသတ်တွေအတွက်အလန်းစား တောင်ပိုင်းကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်\n\nHello (2017), Hello Guru Prema Kosame (2018) တို့လို Drama, Romance ကားကောင်းတစ်ကားဆိုလည်း မမှားပါဘူး\n\nမင်းသားကလည်း လောလောလတ်လတ် CM ကတင်ပေးထားတဲ့ Taxiwaala ထဲကမင်းသားချော Vijay Deverakona ပဲဖြစ်ပါတယ်\n\nကြည့်ဖူးနေကျ တောင်ပိုင်းကားတွေလိုမဟုတ်ဘဲ အိုဗာအက်တင်တွေ လုံးဝကင်းတဲ့ ဇာတ်ကားကောင်းတစ်ကားပါ\n\nဇာတ်လမ်းလေးကတော့ ငယ်ငယ်ကတည်းက မိခင်ဆုံးပါးသွားလို့ အဖေတစ်ယောက်တည်းရဲ့ အုပ်ထိန်းမှုဖြင့်ကြီးပင်းခဲ့တဲ့ ဗီဂျေး အသက်ရွယ် ၂၅ နှစ်အရွယ်လူပျိုတစ်ယောက်\n\nမိန်းကလေးတွေနဲ့ပတ်သတ်ရင် ဘာအတွေ့အကြုံမှမရှိဘဲ ရည်းစားရဖို့နေနေသာသာမိန်းကလေးတစ်ယောက်ကိုတောင် မပိုးမပမ်းတတ်သူ\n\nတခြားသူတွေနဲ့မတူဘဲ အိမ်ထောင်ရေးနဲ့ပတ်သတ်လို့အချစ်ရေးနဲ့ပတ်သတ်လို့ဇနီးမယားဆိုတဲ့အရာနဲ့ပတ်သတ်လို့ စိတ်ကူးယာဉ်ဆန်လွန်းသူ\n\nငါသာ ရည်းစားထားရင် ဘယ်မိန်းကလေးမျိုးနဲ့မှအိမ်ထောင်ပြုရင် ဘယ်လိုမိန်းကလေးကိုပဲ အိမ်ထောင်ပြုမှာ စဖြင့်\n\nရှေးဆန်တဲ့အတွေးအခေါ်တွေ တပြုံတပိုက်နဲ့ဘယ်လောက်ထိ မိန်းကလေးတွေနဲ့ပတ်သတ်ပြီး အတွေ့ကြုံနည်းလဲဆိုရင်\n\nစိတ်ဝင်စားလို့ ၆ လလောက်ပတ်လိုက်ခဲ့တဲ့ မိန်းကလေးက အိမ်ထောင်သည်ဖြစ်နေမှန်း မသိရှာဘူး\n\nအဲ့လောက်ထိ\n\nအဲ့ဒိလို ဗီဂျေးတစ်ယောက် တနေ့မှာ အင်မတန်ချစ်ရမယ့် ဂီသားဆုတဲ့မိန်းကလေးနဲ့ဆုံစည်းခဲ့ပါတယ်\n\nသူ့ရဲ့အလွဲလွဲအချော်ချော်တွေနဲ့ အယူအဆတွေနဲ့ ဂီသားနဲ့ ဗီဂျေး ပေါင်းစည်းခွင့်ရမလားဆိုတာကိုတော့ .....\n\n(အမှန်အကန် Comedy, Drama ကားကောင်းတစ်ကားဖြစ်လို့ ပေးရတဲ့အချိန်ရုပ်ရှင် ကျေနပ်စေရမယ်လို့ ရဲရဲကြီး အာမခံပါတယ်)","cover":"https://www.dropbox.com/s/gdk3v42ie67dlqf/Geetha%20Govindam.jpg?raw\u003d1"},{"title":"Marjaavaan (2019)","id":"3233239546692541","description":"မကြာသေးခင်က ရုံတင်ခဲ့ပြီး CM ပရိသတ်တွေ တော်တော်များများ တောင်းဆိုကြတဲ့ ၂၀၁၉နှောင်းပိုင်းထွက် ဘောလိဝုဒ်ကားတစ်ကားကို ဒီနေ့ထွက်ထွက်ချင်း တင်ဆက်ပေးလိုက်ပါတယ်။\nဇာတ်လမ်းအကျဉ်းကတော့ လူဆိုးလူမိုက် ရာဂူးနဲ့ စကားမပြောတတ်တဲ့ ဇိုယာတို့ ၂ယောက်ရဲ့ အချစ်ဇာတ်လမ်းပေါ့။\nရာဂူးကတော့ အန်နာဘိုင်ရဲ့ မွေးစားသားတစ်ယောက်၊ အန်နာဘိုင်ရဲ့ လက်ရုံးဆိုရင် ပိုမှန်တယ်။\nတစ်ဖက်မှာတော့ အန်နာဘိုင်ရဲ့ သားအရင်ဖြစ်သူကလည်း ရာဂူးနဲ့ မျက်နှာကြောမတည့်ဘူး။\nအခွင့်အရေးရရင် ရသလို လုပ်ကြံဖို့ အဆင်သင့်ဖြစ်နေတယ်။\nတစ်ဖက်ကလည်း လူသတ်မှုတွေအတွက် ရဲတွေဟာ အန်နာဘိုင်နဲ့ ရာဂူးကို ဖမ်းဖို့အဆင်သင့်စောင့်တယ်။\nဒီလိုအဖြစ်အပျက်တွေကြားမှာ ဘဝကြမ်းကြမ်းနဲ့ နူးညံ့တဲ့ချစ်ခရီးလမ်း ဖြောင့်ဖြူးကြမလား၊\nဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ကြမလဲဆိုတာကိုတော့ CM ပရိသတ်တွေကိုယ်တိုင် ခံစားကြည့်ကြပါဦး။\nဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။","cover":"https://www.dropbox.com/s/05lh40y069wf024/Marjaavaan%20%282019%29.jpg?raw\u003d1"},{"title":"SATELLITE SHANKAR","id":"https://drive.google.com/file/d/1O1PyLQduZsBAHLvolLB3FgxUDkLiPC3s/view?usp=drivesdk","description":"မိတ်ဆွေများအတွက်ဘောလိဝုဒ်HEROဇာတ်ကား\nထဲကမင်းသားချောဆူရာဂ်ျပန်ချိုလီရဲ့(နှလုံးသား\nလှတဲ့စစ်သား)အမည်ရတဲ့ ဇာတ်ကားကောင်းတင်\nဆက်ပေးလိုက်ပါတယ်ဗျ","cover":"https://www.dropbox.com/s/amdt40e6xab649b/SATELLITE%20SHANKAR.jpg?raw\u003d1"},{"title":"Bhawani","id":"171573366756478","description":"#ပျက်လွယ်သည်မြန်မြန်ဒေါင်းပါ","cover":"https://www.dropbox.com/s/572fokkliuysep6/Bhawani.jpg?raw\u003d1"},{"title":"Maharshi (2019)","id":"https://drive.google.com/file/d/13O66FRKtQNx1oY4cOpLHr_B50DxXOyWd/view?usp\u003ddrivesdk","description":"ဝန်ကြီးချုပ်ဇာတ်ရုပ်နဲ့ မြင်တွေ့ခဲ့ရတဲ့မာဟေ့ရှ်ဘာဘူကို Maharahi-2019မှာတော့ ဇာတ်ရုပ်အမျိုးမျိုးနဲ့ တွေ့မြင်ရမှာပါ။ မင်းသမီးချောကတော့ တေလဂူးအချစ်ဇာတ်လမ်းကြိုက်သူတွေ သိပြီးသားဖြစ်မှာပါ။ ဇာတ်ရုပ်အမျိုးမျိုးနဲ့ အတူ ခွန်အားတွေ၊ရသတွေကိုလည်းပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဆိုရင်မမှားပါဘူး။ ဇာတ်လမ်းက ရှည်လျားပေမဲ့ဘယ်နေရာမှာမှ ပိုနေတဲ့ ဇာတ်ဝင်ခန်း မတွေ့မိပါဘူး။ ကဲ အဆင်ပြေရင် အညွန်းလေး တစ်ချက် လာမယ်။ --------------------------------------------------- မာဟေ့ရှ်ကို ဇာတ်လမ်းရဲ့ စစချင်းမှာနာမည်ကြီး ကုမ္ပဏီတစ်ခုရဲ့စီအီးအိုအဖြစ်ရွေးချယ်ခံရတယ်ဆိုတာတွေကို ရှေးဦးစွာမြင်ရမှာပါ။ သူဟာ ဒီလို ဘဝရောက်ခဲ့ဖို့ ကြိုးစားခဲ့ရတဲ့အခြေခံဘဝကလည်း ဆိုးရွားခဲ့ပါတယ်။ ဒါကြောင့်လည်း သူ ဖြစ်ချင်ခဲ့တာကို ကြိုးစားပြီးဖြစ်ခွင့်ရခဲ့တာပါ။ ကျောင်းသားဘဝမှာ လွမ်းဆွေးစရာတွေ၊ပြန်မရနိုင်တဲ့ သူငယ်ချင်းကောင်းတွေ၊အချစ်ရေးတွေနဲ့။ကူညီပေးခဲ့တဲ့ ဆရာတွေနဲ့။ မိသားစုဖက်မှာဆိုရင် ပြန်တောင်းလို့မရနိုင်တော့တဲ့ နောင်တတွေနဲ့။ ဒါပေမဲ့ သူ.. အောင်မြင်မှုတစ်ခုတည်း အတွက်ဘဝကို ရုန်းကန်လာတဲ့အခါလက်လွှတ်ခဲ့ရတာတွေလည်း အများသား။ အောင်မြင်တယ်ဆိုတာကို ငွေတစ်ခုနဲ့ပဲ ဆုံးဖြတ်ကြတာလား ... ။ အဖက်ဖက်မှာ အောင်မြင်ဖို့ဆိုတာလည်းသူ့အတွက် မလွယ်လှ။ မိဘ...၊ ချစ်သူ...၊ သူငယ်ချင်း..၊ အောင်မြင်မှုဘာတွေဟာ အရေးပါခဲ့လဲ သူမသိခဲ့။ အတိတ်ကို ပြန်တွေးရင် တွေးလေ ဆွေးစရာတွေနဲ့ပဲပြည့်နေတဲ့ သူ့ရဲ့ အောင်မြင်မှု၊ ဖြစ်သင့်တာကို ဦးစားပေးရင်ဖြစ်ချင်တာကိုလည်း လုပ်ရဦးမယ်မလား။ နှလုံးသားရဲ့ လိုအင်ကို ချိုချဉ်ကျွေးပြီးလျှိုထားချင်လို့မှ မရဘဲ။ ကဲ ရီရှီဆိုတဲ့ ကမ်ဘာ့ထိပ်သီးကုမ္ပဏီ အော်ရီဂျင်ရဲ့စီအီးအို... ခရီးဆက်ပါပြီ။ ------------------------------------------------------ ဒီဇာတ်ကားထဲမှာတော့ မိဘနဲ့ သားသမီး၊သူငယ်ချင်းကောင်းစိတ်ဓာတ်၊အချစ်ရေးတွေအပြင်အိန္ဒိယနိုင်ငံရဲ့ အခြေခံလူတန်းစားတွေရဲ့ဘဝကိုပါ နိုင်ငံရေးနဲ့တွဲပြီး မြင်ရမှာပါ။ ဇာတ်လမ်းထဲ အကြောင်းအရာများပြီးအကြောင်းရင်းတစ်ခုစီမှာရသတစ်ခု ပေးထားတယ်လို့ မြင်မိပါတယ်။ တေလဂူး ပြည်နယ်ဇာတ်ကားမို့ သူတို့ရဲ့ သဘာဝအတိုင်း အချစ်၊ ဘဝသရုပ်ဖော် စတာတွေနဲ့ပြည့်နှက်နေပြီး အက်ရှင်၊အကတွေလည်း ပါပါသေးတယ်။ အက်ရှင်တွေမှာ အိုဗာတွေပါတာတော့သူတို့ရဲ့ သဘာဝမို့ နားလည်ကြည့်ရမှာပါ။ ဒီဇာတ်ကားဟာ အိန္ဒိယဇာတ်ကားအများစုအားရစရာမရှိတဲ့ 2019ခုနှစ်မှာတော့ကျေနပ်စရာ ဇာတ်ကားတစ်ကား အဖြစ် မြင်မိပါတယ်။","cover":"https://www.dropbox.com/s/zvqiqdi7uwf8kni/Maharshi.jpg?raw\u003d1"},{"title":"Hello _2017","id":"3235120336504462","description":"( ကြည့်ဖူးသူတိုင်းကြိုက်ကြတဲ့ ဇာတ်ကားဖြစ်ကြောင်း) \u003d\u003d\u003d\u003d\u003d\u003d\u003d\u003d\u003d\u003d\u003d\u003d\u003d\u003d\u003d\u003d\u003d\u003d\u003d\u003d\u003d\u003d\u003d\u003d\u003d\u003d\u003d\u003d\u003d\u003d Action,Thrillor သင်ဟာ လူငယ်ဆန်ဆန်နဲ့ အချစ်အလွမ်း အကြမ်း ရသစုံ ကြိုက်တတ်တဲ့သူဆိုရင် ဒီကားလေးကို ကြည့်သင့်ပါတယ် ဒီနှစ်ပိုင်းထွက်ရှိတဲ့ South Indian Action ကားတွေထဲမှာ ဒီကားလေးကို ကျွန်တော်အကြိုက်ဆုံးပါ. . . ကောင်လေးတစ်ယောက် ကရစ်ရ်ှနားမီးပွိုင့်နားက ခုံတန်းလေးမှာ မနက် 7:30 အချိန်တိုင်း လာထိုင်တတ်တယ်. သူ့မျက်နှာဟာ လွမ်းရိပ်သန်းနေတယ် တစ်စုံတစ်ခုကိုဖွေရှာနေတဲ့ ရီဝေဝေမျက်ဝန်းတစ်စုံနဲ့. . . ရုတ်တရတ် သူ့ဆီကို ဖုန်းဝင်လာလို့ ကောက်ကိုင်လိုက်တယ် Call Taxi လို့ခေါ်တဲ့ ဖုန်းဆက်ခေါ်လို့ရတဲ့ တက္ကစီဒရိုင်ဘာတစ်ယောက်ဆီက. . . တက်ကစီသမားက သူတက္ကစီခေါ်ထားလို့ ဖုန်းဆက်တဲ့အကြောင်း ပြောတယ် သူကလည်း သူမခေါ်ထားကြောင်း ပြန်ရှင်းပြတယ်. . . ရုတ်တရတ်. . . အဲ့ဒ်ီရုတ်တရတ် ခဏလေးမှာ. . . ဖုန်းပြောနေရင်း ဖုန်းထဲက တစ်စုံတစ်ခုကို သူကြားလိုက်တယ်. . . သူဟိုးငယ်စဉ်ကတည်းက စွဲလန်းတသ ဖြစ်ခဲ့ရတဲ့ အသံလေး. . . ရိုးသားဖြူစင်လွန်းလှတဲ့ ကလေးဘဝမှာ သူကြားဖူးခဲ့တဲ့ အသံလေး. . . သူကိုယ်တိုင် ဖန်တီးထားတဲ့ သံစဉ်တစ်ခု. . . တစ်စုံတစ်ယောက်ရဲ့ တယောကနေ လှလှပပလေး ခုန်ပေါက်ဆတ်ဆော့ပြီး ဖြည်းဖြည်းညင်းညင်းနဲ့ ငြိမ့်ငြိမ့်လေး ထွက်ပေါ်လာနေတဲ့ တယောသံလေး. . . ဒီအသံလေးနားစွင့်ရင်း သူဟာ အတိတ်ကို တဒင်္ဂပြန်ရောက်သွားတယ်. . . ကြာခဲ့ပြီ တိတိကျကျဆိုရရင် 14 နှစ်ရှိခဲ့ပြီ. . . သူ့နှလုံးသားထဲက တစ်စုံတစ်ယောက်ကို မျှော်လင့်တောင့်တရင်းနဲ့ ရှင်သန်နေခဲ့ရတာ 14 နှစ်တောင် ရှိခဲ့ပြီပဲ. . . . . . ဇာတ်လမ်းသွားကိုတော့ အဲ့ဒီလိုလေး စထားတယ်. . . ဟိုးအထက်မှာ ပြောခဲ့သလိုပဲ. . . ရသစုံပါဝင်ပြီး တေမ့တေမာခံစားရေလာက္တဲ့အထိကို ဇာတ်လမ်းဟာ ညှို့ယူဖမ်းစားနိုင်လွန်းပါတယ်. . . အချစ်ကား အကြည့်နည်းတဲ့ကိုယ်တောင် ဇာတ်လမ်းဆုံးတော့ ကြည်နူးတာလား ဝမ်းနည်းတာလား အမျိုးအမည်မသိတဲ့ ခံစားချက်နဲ့ ကိုယ့်ကိုကိုယ် သတိထားမိချိန် ပါးပြင်မှာ မျက်ရည်တွေ စီးကျနေပါပြီ. . ","cover":"https://www.dropbox.com/s/gzei99886r8ee1v/Hello%20_2017.jpg?raw\u003d1"},{"title":"Hero 2019","id":"756804298139768","description":"ရပါပြီဗျာကားသစ်လေး\nHero 2019\nမြန်မာစာတန်းထိုး","cover":"https://www.dropbox.com/s/8udkvpa5wrtyw4f/hero.jpg?raw\u003d1"},{"title":"Tholi Prema","id":"106043257615246","description":"ဇာတ်လမ်းအကျဉ်း\nဇာတ်ကားနာမည်က မြန်မာလို \u0027အချစ်ဦး\u0027ပါတဲ့ဗျာ။\nအချစ်ဦးဆိုတာကလည်း... ဘယ်အချိန်၊ဘယ်အခြေအနေဖြစ်ဖြစ် .. သတိရနေတတ်တာမျိုး မဟုတ်လား။\nယောက်ျားလေးတစ်ယောက် အရမ်းကို စိတ်ညစ်နေပြီး သောက်စားမူးယစ်နေပြီဆိုရင် သေချာပါတယ်။\nသူ အလုပ်အကိုင် ဆုံးရှုံးမှုဖြစ်ရင်ဖြစ်၊ အချစ်ရေးမှာ ဆုံးရှုံးမှုဖြစ်ရင်ဖြစ် ဒီနှစ်ခုပဲ ရှိတယ် ဆိုရင် မှားမလား။ မ\nင်းသားနဲ့ မင်းသမီးတွေ့ဖို့ အကြောင်းဖန်လာတာက ရထားပေါ်မှာပါ။\nလျှပ်တစ်ပြတ် တွေ့ခဲ့တာမျိုးမဟုတ်ဘဲ လျှပ်တစ်ပြတ် ပျောက်ဆုံးသွားတဲ့အခါ လိုက်ရှာရခက်ပါတယ်။\nပျောက်သွားရတဲ့ အကြောင်းကလည်း မင်းသမီးမှာ အရမ်းကို စိုးရိမ်တတ်တဲ့ အရင်းခံစိတ်လေး ရှိပါတယ်။\nဒါကလည်း နောက်ထပ် အလွဲကြီး လွဲကြဦးမယ့် သူတို့နှစ်ယောက်ရဲ့ အချစ်ခရီးမှာ အဲ့ဒီသူ့ရဲ့စိတ်က အကြောင်းဖန်လာပါလိမ့်မယ်။\nမိန်းကလေးတွေ စိတ်ဆိုတာလည်း သပွတ်အူလို ရှုပ်ထွေးပြီး ခန့်မှန်းရခက်တာမျိုး၊\nယောက်ျားလေးဆိုတော့လည်း အချစ်အတွက်ဆို ဘာပဲ ပေးဆပ်ရပေးဆပ်ရ၊\nတစ်ဖက်က နှလုံးသားနဲ့ တစ်ဖက်က ဦးဏှောက်ယှဉ်ထိုးလာကြတဲ့အခါ မထင်မှတ်ထားတဲ့ ပြဿနာတွေ ပေါ်လာခဲ့ရတယ်။\n(အညွှန်းရေးသူအနေနဲ့ ဇာလမ်းအကျဉ်းကို ပြောပြဖို့ တော်တော်ခက်ခဲနေတာကို သတိထားမိမယ် ထင်ပါရဲ့ဗျာ)\nတွေ့တွေ့ချင်း ချစ်မိသွားပြီး စွဲစွဲလန်းလန်းဖြစ်ခဲ့ရတဲ့ ယောက်ျားလေးတစ်ယောက်နဲ့\nအချစ်ကို ဦးဏှောက်နဲ့ စဉ်းစားတတ်တဲ့ မိန်းကလေးတို့ ရဲ့ အချစ်ဇာတ်လမ်းတစ်ခုဆိုရင် ပိုမှန်မယ်ဗျ။\nကဲ ဒီလောက်ပဲ ရေးပြပါရစေဗျာ။","cover":"https://www.dropbox.com/s/rew6un0fzdkk8i5/Tholi%20Prema.jpg?raw\u003d1"},{"title":"Gaddalakondo Ganesh","id":"107221604059669","description":"အိန္ဒိယား\nမြန်မာ စာတန်းထိုး\n...","cover":"https://www.dropbox.com/s/kxw7gbennxltxm3/Gaddalakondo%20Ganesh.jpg?raw\u003d1"},{"title":"Boy","id":"454759905389887","description":"အိန္ဒိယား\nမြန်မာ စာတန်းထိုး\n...","cover":"https://www.dropbox.com/s/8asr86vu2vfuk1s/boy.jpg?raw\u003d1"},{"title":"Gotro","id":"https://drive.google.com/file/d/1KEZFFsdpMTcjGUSwgWBszjrfjspv6s78/view?usp\u003dsharing","description":"IMDb 7.0/10 Google users 93% ရထားသော ဒါရိုက်တာ Shiboprosad Mukherjee, Nandita Roy တို့က ကိုယ်တိုင်းရေသား ရိုက်ကူးထား၍ သရုပ်ဆောင် Nigel Akkara, Ambarish Bhattacharya, Saheb Chatterjee တို့ပါဝင်သရုပ်ဆောင်ထားသော Drama ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ.....\nဇာတ်လမ်းလေးကတော့ သားအရ်းက နိုင်ငံခြားမှာ သူ့မိသားစုနဲ့ အခြေချနေတော့ တစ်ယောက်တည်း နေရတဲ့ အမျိုးသမီးတစ်ယောက် ယုံကြည်မှု အချစ် မေတ္တာတရားကို ဖော်ကြူးရိုက်ူထားတာ သူ့သားက အဝေးရောက်နေချိန်မှာ ဂျမ်မားဆိုတဲ့ မိန်းကလေးကို သူ့သမီးအရင်းလို သဘောထားက စောင့်ရှောက်ပျော်ရွှင်နေပါတယ် အဲ့ဒီအချိန် ဧည့်သည် အသစ်ရောက်လာတဲ့က အဲ့ဒီသူကိုရော တခြားသူတွေလို သူ လက်ခံနိုင်ပါ့မလား သဘောကျပါ့မလားဆိုတာကတော့ ဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုခံစားကြည့်ကြပါခင်ဗျာ..","cover":"https://www.dropbox.com/s/t0dxcmhf78n1spu/gotro.jpg?raw\u003d1"},{"title":"Masterpiece (2015)","id":"102989584501805","description":"ယူအာဆိုတာ ဟိုးငယ်စဉ်တောင်ကြေး\nကလေးဘဝကတည်းက ဇ,ပြင်းတဲ့လူဆိုးလေးပေါ့. . .\nဖတဆိုးလေး ယူအာ့ကို မိခင်ဖြစ်သူက\nအိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးခေါင်းဆောင်ကြီးတွေလို\nပြည်သူတွေ စံထားရလောက်လောက်တဲ့သူမျိုး\nဖြစ်စေချင်ခဲ့ပေမယ့် ယူအာကတော့ \nကောလိပ်တက်တဲ့အထိ ဆိုးနေပေနေ တုန်းပါပဲ. . .\nကျောင်းမှာကျင်းပတဲ့ King or Queen ရွေးပွဲတွေမှာ ယူအာက သူ့ပြိုင်ဘက်တွေကို ဂျင်းထည့်နေကျ. . .\nတဖြည်းဖြည်းနဲ့ နာမည်ကြီးလာတော့\nနိုင်ငံရေးနယ်ပယ်ထဲကို \nတစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတစ်ယောက်ရဲ့\nမဲဆွယ်မှုကြောင့် သူလည်း \nနိုင်ငံရေးသမားတစ်ယောက်ရဲ့ မှီခိုရာဖြစ်လာတယ်\nကျောင်းကတည်းက \nရန်ပွဲတွေနဲ့ ရင်းနှီးခဲ့တဲ့သူ ဖြစ်တာကြောင့်\nအကြမ်းနည်း အနုနည်းအစုံသုံးပြီး\nသူ့ကိုအားကိုးတဲ့ အမတ်လောင်းကို\nနိုင်ငံရေးနယ်ပယ်မှာ အောင်မြင်ပြီး\nပြည့်သူ့မေတ္တာရအောင် လုပ်ပေးနိုင်ခဲ့တယ်\nဒီလိုထင်ရာစိုင်းနေရင်း ကာနာတားကားပြည်နယ်ရဲ့ \nထိပ်သီးမူးယစ်ရာဇာကြီး ဘော့စ်နဲ့ \nသွားပက်သက်မိတော့. . .\nအတောမသတ်နိုင်တဲ့ ရန်ပွဲတွေ. . .\nဥာဏ်ရည်းချင်း အားပြိုင်မှုတွေပါ ပါလာပြီး \nဇာတ်လမ်းအရှိန်တက်လာပြီပေါ့. . .","cover":"https://www.dropbox.com/s/wj794nchhbstlnb/Masterpiece.jpg?raw\u003d1"},{"title":"SyeRaa Narasimha Reddy","id":"243104206672899","description":"၂၀၁၉ ခုနှစ်မှာ ဘာသာစကား၅မျိုးနဲ့ရုံတင်ပြီး ထွက်လာခဲ့တဲ့ တေလဂူး အက်ရှင်၊ ဒရာမာ၊ သမိုင်းဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားကြီး တင်ဆက်ပေးလိုက်ပါတယ်။\nတေလဂူးမင်းသားချော ဘိုင်ရာဘာလို့ အများခေါ်တဲ့ ရမ်ချရန်(Ram Charan)ကိုယ်တိုင် ပရိုဂျူဆာလုပ်ပြီး ရမ်ချရန်ရဲ့ ဖခင် Chiranjeevi ကို မင်းသားအဖြစ် တွေ့မြင်ရမှာပါ။\nမင်းသမီးမင်းသားတွေကတော့ အိန္ဒိယပရိသတ်တွေအဖို့ အထူးတလည် မိတ်ဆက်စရာ လိုမယ်မထင်ပါဘူး။\nမင်းသမီး နှစ်ယောက်ပါဝင်ပြီး Baahubaliကားထဲက မင်းသမီးချော Tamannah Bhatia၊ Viswasamထဲက နာမည်ကြီး မင်းသမီးချော Nayanthara၊\nနောက်ထပ် မင်းသား၃ယောက်ကတော့ ဟင်ဒီမင်းသားကြီး Amitabh Bachchan၊\nလူသိများတဲ့ 96 တမီးလ် မင်းသား Vijay Sethupathi၊\nတစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ ယင်ကောင်ကားထဲက ဗီလိန်ကြီး Sudeep တို့အပြင် နောက်ထပ် တောင်ပိုင်းစတားတွေ များစွာပါဝင်ပါတယ်။\n၁၈၄၆ခုနှစ်ဝန်းကျင် အိန္ဒိယရဲ့ လွတ်လပ်ရေးမီးရှုးတန်ဆောင်ဖြစ်ခဲ့တဲ့ နရဆင်းမဟာရက်ဒီရဲ့ အတ္ထုပတ္တိကို ပြန်လည်ရိုက်ကူးထားတာပါ။\nဇာတ်ကားထဲမှာတော့ အင်္ဂလိပ်တွေ သိမ်းပြီးစ အိန္ဒိယအခြေအနေကို မြင်ရပြီး အခွန်တွေ တင်းကြပ်ကောက်ခံရမှ ဘုရားပေးဆုလာဘ်ဖြစ်တဲ့\nနရဆင်းမဟာရက်ဒီဟာ စတင် ပုန်ကန်ခဲ့ပြီး လွတ်လပ်ရေးတိုက်ပွဲ ဆင်နွှဲခဲ့ပုံတွေကို မြင်ရမှာပါ။\nပထမဦးစွာ မြင်ရတဲ့ စစ်တပ်ကတော့ ဘုရင်မ မာနီကာနီကာရဲ့ ဂျန်စီစစ်တပ်ပါ။\nဂျန်စီတပ်တစ်ခုလုံး အင်အားနည်းလာတဲ့အခါ စိတ်ပျက် အားလျော့နေချိန်တစ်ခုပေါ့။","cover":"https://www.dropbox.com/s/akjmwg9vs1dsq4s/Syeraa.jpg?raw\u003d1"},{"title":"ABCD","id":"374339016257667","description":"Any body can dance \nအကြိုက်ဆုံးထဲက တစ်ကား \n#credit original owner","cover":"https://www.dropbox.com/s/iune3ndolw67pgu/abcd.jpg?raw\u003d1"},{"title":"Magadheera","id":"650229802040799","description":"ဘိုင်ရာဘာ \nနှစ်ဘ၀ဂလဲ့စား ပေါ့ဗျာ","cover":"https://www.dropbox.com/s/aez1yrftqtbdqim/Magadheera.jpg?raw\u003d1"},{"title":"The Real Hero","id":"347269715792248","description":"The Real Hero(Rey) 2015 ဇာတ်ကားလေးသည် လူငယ်တွေရဲ့အတွေး လူငယ်တွေရဲ့သဘာ ဝါသနာ အချစ် အလွမ်း သီချင်းလေးတွေ အကလေးတွေ တစ်ဝကြီးကြည့်ရှုရမယ့် IMDb 5.1 ရထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်… အမ်ရီတာဆိုကောင်မလေးသည် ဂျမေကာကောလိပ်ကို တင်ကနေရင်း ကမ္ဘာအကောင်းဆုံး အကပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့လေသည် သူမ ဒေသခံကောင်လေး ရော့ခ်တိုအဖွဲ့နှင့် ပူးပေါင်း၍ သူမ၏ ပန်းတိုင်ကို ရအောင်ကြိုးစားလေသည် သို့သော် ထိုဆုကိုနှစ်ကြိမ်ရဖူးသော ဂျန်ာက ထိုဆုကို တတိယအကြိမ်ရရန်ကြိုးပန်းလေသည် ဂျန်နာ၏ ကောက်ကျစ်စဉ်းလဲမှု တရားမ၀င် ရှင်ပြိုင်မှုကြောင့် သူမသည် မတရားနည်းနဲ့ သူမ၏ပြိုင်ပွဲကို အနိုင်ယူလေသောအခါ တရားသူနဲ့ မတရားသူ ဘယ်သူအနိုင်ရမလဲ ဇာတ်ကားမှာ စောင်ကြည့်ပေးကြပါလို့\n#credit.💜💜💜","cover":"https://www.dropbox.com/s/wsrxf01piav6h0m/The%20Real%20Hero.jpg?raw\u003d1"},{"title":"Total Dhamaal (2019)","id":"108979480586530","description":"ရယ်မော ပျော်ရွှင်လိုသူများအတွက် ….အက်ရှင် စွန့်စားခန်းနဲ့အတူ အူလှိုက်သည်းလှိုက်ရယ်မောရမယ့် ကားကောင်းလေးတစ်ကားပါ…\nTotal Dhamaal (2019) သည် IMDb 4.6/10 Times of India 2.1/5 Google users 85% ဒါရိုက်တာ Indra Kumar ရိုက်ကူးထား၍ Paritosh Painter, Ved Prakash က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ သရုပ်ဆောင် Ajay Devgn, Madhuri Dixit, Anil Kapoor တို့ ပါဝင်သရုပ်ဆောင်ထားသော Action, Adventure, Comedy ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…\nလူအုပ်စုတစ်ဖွဲ့ဟာ ပျောက်ဆုံးနေတဲ့ ရတနာတွေကို ရှာဖို့ အပြိုင်အဆိုင် ရောက်အောင်သွားကြရင်းနဲ့ ဘယ်လိုအခက်အခဲတွေ သည်းထိတ်ရင်ဖိုတွေ ဟာသခန်းတွေတွေ့ရမလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုကြည့်ကြပါခင်ဗျာ…..","cover":"https://www.dropbox.com/s/nhshdi6zxd10o5j/Total%20Dhamaal.jpg?raw\u003d1"},{"title":"Fitoor","id":"2196865567024438","description":"ဆင်းရဲပေမဲ့အရည်အချင်းရှိတဲ့ကောင်လေး Noor ကို မြင်းတင်းကုပ်စောင့်ဖို့ Begum ဆိုတဲ့အမျိုးသမီးက အလုပ်ပေးခဲ့ပါတယ်။\nNoor က သူမရဲ့သမီး Firdaus နဲ့ချစ်ကျွမ်းဝင်နေတာကို သိသွားတဲ့အခါ သမီးကိုလန်ဒန်ပို့ပစ်လိုက်ပါတယ်။\nသူ့သမီးကိုလိုချင်ရင် ဘဝကိုအောင်မြင်အောင်အရင်ကြိုးစားဖို့ Noor ကိုမှာလိုက်ပါသေးတယ်။\nNoor အရွယ်ရောက်လာတဲ့အခါ အိန္ဒိယမှာအောင်မြင်မှုအရဆုံးအနုပညာရှင်တယောက်ဖြစ်သွားပါတယ်။\nသို့သော် သူ့ရဲ့ဆန္ဒတွေကိုဖျက်ဆီးဖို့ Begum မှာယုတ်မာတဲ့အကြံအစည်တွေ ရှိနေလေသောအခါ…….","cover":"https://www.dropbox.com/s/97gwesiazzd1lam/Fitoor.jpg?raw\u003d1"},{"title":"Motichoor Chaknachoor","id":"115421766674075","description":"ဘောလီဝုဒ်ပရိသတ်ကြီးအတွက် သဘာဝမင်းသားကြီး Nawazuddin Siddiqui ရဲ့ ကားသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ်\nဇာတ်လမ်းလေးကလည်း ဟာသဒရာလေးဖြစ်လို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ကောင်းတဲ့ကားတစ်ကားပါပဲ\nဇာတ်လမ်းအညွှန်းပြောရရင်တော့ အန္နီးဆိုတဲ့ချာတိတ်မဆီမှာ အိပ်မက်တစ်ခုပဲရှိပါတယ်\nအဲ့ဒါကတော့ နိုင်ငံခြားမှာ အခြေချဖို့ပါပဲ\nသူ့မိဘကလည်း မပြည့်စုံတော့ သူ့ကိုသာနိုင်ငံခြားခေါ်သွားနိုင်မယ်ဆိုရင် အဲ့ဒိလူနဲ့လက်ထပ်ပြီး နိုင်ငံခြားလိုက်သွားမယ့်လူပါ\nနောက်တစ်ဖက်ကတော့ ကျွန်တော်တို့ဇာတ်လိုက်ကျော်ကြီး နဝါးဇ်ဘိုင်ပါပဲ\nသူကတော့ အသက် ၃၆ နှစ်အရွယ် လူပျိုသိုးကြီးပါ\nသူကလည်း ဒူဘိုင်းပြန်တစ်ယောက်ဖြစ်သလို မိန်းမမှန်ရင် ဘယ်လိုမိန်းမရရ ယူမယ်ဆိုတဲ့လူပါ\nကံတရားက ဒီနှစ်ယောက်ကို စုံစည်းပေးလိုက်တဲ့အခါမှာတော့ ပေါ့ပေါ့ပါးပါး မိသားစု ဟာသ ဒရာမာဇာတ်ကားလေးကို ခံစားကြည့်လိုက်ကြပါဦး","cover":"https://www.dropbox.com/s/5xyfo3az8qi4y3b/Motichoor%20Chaknachoor.jpg?raw\u003d1"},{"title":"House Full 2","id":"132434461557317","description":"Housefull 2 ဇာတ်ကားသည် အိန္ဒိယတွင် အောင်မြင်ခဲ့သည့် Housefull ဇာတ်ကား၏ နောက်ဆက်တွဲဖြစ်ပြီး ဒါရိုက်တာ Sajid-Farhad က ရိုက်ကူးထားသည်။\nHousefull 2 ဇာတ်ကားသည် ချမ်းသာတဲ့သမက် အပြိုင်အဆိုင်လိုချင်နေတဲ့ သမီးချော အဖေနှစ်ယောက်ဖြစ်တဲ့ Kapoor \u0026 Son ညီအစ်ကို ၂ ယောက်ရဲ.\nအဖက်ဖက်မှပြိုင်ဆိုင်မှု လက်စားချေခြင်းဇော ကြီးပြီး အရာရာ မှားယွင်းကုန်တဲ့ ညီအစ်ကို သူငယ်ချင်း ၄ယောက်\nဘာတွေဆက်ဖြစ်မလဲဆိုတာတော့ Channel Myanmar ပရိတ်သတ်ကြီးပဲ ကြည့်ရူလိုက်ကြပါတော့ဗျာ","cover":"https://www.dropbox.com/s/vtj8mek361ktrki/House%20Full%202.jpg?raw\u003d1"},{"title":"Imaikkaa Nodigal","id":"104996514282178","description":"ရဲနဲ့ ရာဇဝတ်ကောင်နဲ့ကြား ဉာဏ်ကစားတဲ့\nစုံထောက်ကားကောင်းကြိုက်သူ ပရိတ်သတ်တွေအတွက်\nဂျင်းမဟုတ်တဲ့ အမှန်အကန်ကားပါ plot twist တွေ\nအများကြီးနဲ့ကြည့်နေရင်း ဟာတွေ ဟင်တွေ ဟုတ်တယ်ဟတွေ\nဘာတွေ ညာတွေ ဖြစ်ကုန်မယ် ဒီဇာတ်လမ်း ဟာ\nဖြစ်ရပ်နှစ်ခုကို အခြေခံထားပါတယ်\nရူဒရာဆိုတဲ့ လူသတ်သမားဟာ လူသုံးယောက်ကိုပြန်ပေးဆွဲတယ်\nငွေသန်း၂၀ ဆီတောင်းပြီး ငွေရပြီးတာနဲ့ ပြန်ပေးဆွဲခံထားရသူတွေကို\nသွေးကြောတွေဖြတ် သွေးထွက်လွန်ပြီး သေအောင်သတ်တယ်\nအလောင်းတွေကို မိဘတွေဆီပြန်ပို့ ခဲ့ပါတယ် \nဒီအမှုကို အန်ဂျလီ လို့ခေါ်တဲ့ CBI အရာရှိတစ်ယောက်ကဖော်ထုတ်ခဲ့ပြီး\nရူဒရာကို အသေပစ်ခတ် ဖမ်းဆီးနိုင်ခဲ့ပါတယ်\nဒါကတစ်ပိုင်း ဒီလိုနဲ့နောက် ငါးနှစ်ကြာတဲ့အခါ ရူဒရာ\nနံမည် နဲ့ပုံစံတူ လူသတ်မှုတွေ ထပ်ဖြစ်လာပြန်ပါတယ်\nဒီအခါမှာလည်း အန်ဂျလီ ဦးဆောင်ပြီး ရူဒရာ ဆိုသူကို\nဖမ်းဖို့ကြိုးစားခဲ့ပေမယ့် ဒီတစ်ခေါက် ရူဒရာ ဟာအရမ်းဉာဏ်များပြီး\nစေ့စပ်သေချာလွန်းတဲ့အစီအစဉ်တွေကြောင့်\nဖမ်းဖို့ကြိုးစားတိုင်း ရဲတွေ အရူးလုပ်ခံရပြီး\nမီဒီယာတွေရှေ့မှာ အရှက်ကွဲရပါတော့တယ်\nဒီလို ဉာဏ်များလွန်းတဲ့ ရူဒရာ ကို ဘယ်လိုဖမ်းမလဲ\nရူဒရာက ရဲတွေကိုဘယ်လိုတစ်ပါတ်ရိုက်လဲ\nရူဒရာဆိုတာ.ဘယ်သူလဲ လွန်ခဲ့တဲ့ ငါးနှစ်က ရူူဒရာ နဲ့\nအတူတူပဲလား ဆိုတာတွေကို\nဒီဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ်ကြည့်ရမှာပါ\n………………………………………………………….\nဇာတ်လမ်းက BBC Sherlock ရဲ့ Richenbech Fall နဲ့နဲနဲ\nဆင်တာလေးတွေရှိတယ်\n(ကော်ပီလို့ပြောတာမဟုတ် မတူပါ)\nပြီးတော့ မှာချင်တာက သီချင်းသံကြားတာနဲ့ ရစ်တာမျိုး\nမလုပ်ပါနဲ့ သီချင်းတိုတိုလေးတွေပါ\nကြားထဲကအရေးကြီးတဲ့\nဇာတ်ကွက်လေးတွေ လွတ်သွားမှာစိုးလို့ပါ\nရုပ်ရှင်ကားကို Chanyein Soe မှ ဘာသာပြန်ပေးထားပြီး\nအညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်","cover":"https://www.dropbox.com/s/xds5sa23dz24bv4/Imaikkaa%20Nodigal.jpg?raw\u003d1"},{"title":"Luka Chuppi","id":"https://drive.google.com/file/d/18GRSdP9DnPuLQ5zH5IMy7YMUi5qOLaTT/view?usp\u003ddrivesdk","description":"ယခုနှစ် မတ်လကမှ ထွက်ရှိထားတဲ့ဒီဟင်ဒီစကားပြော Romance Comedy ကားလေးဟာ ရုံစတင်တင်ချင်း ရက်မှာပဲ ရူပီး ရှစ်ကုဋေကျော် ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်အတွက် ရုံ\nဖွင့်ဖွင့်ချင်း ဝင်ငွေအများဆုံး နံပါတ်လေးနေရာကို ချိတ်ခဲ့ပါတယ်ကြော်ငြာခအပါအဝင် စုစုပေါင်း ၂၅ ကုဋေခန့်သာ ကုန်ကျခဲ့တဲ့ ဒီဇာတ်ကား\nလေးဟာဝင်ငွေ စုစုပေါင်း ၁၂၆ ကုဋေကျော် ပြန်လည်ရရှိထားတာမို့လို့ ဝင်ငွေအ\nရတော့ အောင်မြင်မှုရတဲ့ကားတကားလို့ ဆိုရမှာပဲ ဖြစ်ပါတယ်အိန္ဒိယဆိုတာ ဇာတ်နိမ့်ဇာတ်မြင့်ယဉ်ကျေးမှုတွေ\nနဲ့ ဘာသာတရားမျိုးစုံရှိတဲ့ ယဉ်ကျေးမှုအစဉ်အလာမြင့်မားတဲ့နိုင်ငံတခုပါဒီလိုနိုင်ငံမျိုးမှာ သတင်းထောက်အလုပ်လုပ် လုပ်\nနေကြတဲ့ ခေတ်ပညာတတ် လူငယ် ချစ်သူနှစ်ဦး ရှိကြတယ်….\nခေတ်လူငယ်တွေပီပီ သူတို့ရှေ့ဆက်ရမယ့် အနာဂတ်အတွက်\nခပ်ဆန်းဆန်း ပုံစံတစ်ခုလုပ်ရင်း ရှေ့ဆက်ကြဖို့ စီစဉ်ကြတယ်…\nသူတို့အစီအစဉ်က ဘယ်လိုမျိုးလဲ….\nဒီလိုလုပ်လို့ရော အဆင်ပြေကြမှာလား…..\nဘယ်လို အလွဲတွေနဲ့ ကြုံကြမလဲ…\nပတ်ဝန်းကျင်ကရော သူတို့ကိုဘယ်လိုမြင်ကြမလဲဆိုတာတွေကို\nဟာသလေးတွေနှောပြီး ရိုက်ကူးထားတဲ့ အချစ် ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်…\nခံစားကြည့်လိုက်ပါဦး..ဒီရုပ်ရှင်ကားလေးကိုတော့Dear Zindagi ရဲ့ Cinematographer ဖြစ်တဲ့Laxman Utekar က ပုံေ\nဖာ်ရိုက်ကူးထားပြီးKartik Aaryan နဲ့ Kriti Sanon တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်….","cover":"https://www.dropbox.com/s/wxm1c12mnvgpc03/Luka%20Chuppi.jpg?raw\u003d1"},{"title":"Baar Baar Dekho","id":"1266580260147872","description":"မိတ်ဆွေ မိန်းကလေးတယောက်နဲ့ လက်ထပ်တော့မယ်\nစိတ်ကူးထားလား ဒါဆို မြန်မြန်သာ လက်ထပ်လိုက်ပေတော့\nနောက်အနာဂတ်မှာ ဘာတွေလုပ်ရမလဲ မနက်ဖြန် ဘာစီစဉ်ရမလဲ\nမစဉ်းစားနေနဲ့တော့ လက်ရှိကိုပဲကြည့်ပြီး ရဲရဲကြီးသာ ဆုံးဖြတ်လိုက်”\nဒီဇာတ်လမ်းလေးကလည်း ဒီလိုပါပဲ သင်္ချာပညာမှာ သိပ်တောတဲ့#ဂျေးဟာ\nသူ့ငယ်ချစ် ဒီယားနဲ့လက်ထပ်ချင်ပေမဲ့ သူ့ဘဝတတ်လမ်းအတွက်လည်း\nအင်္ဂလန်နိုင်ငံက ကမ်းဘရိချ်တက္ကသိုလ်ကို ပြောင်းချင်နေခဲ့ပါတယ်။\nဒါပေမဲ့ ဒီယားက မသွားချင်တော့ ဒီမင်္ဂလာပွဲကို\nစိတ်ပျက်နေတဲ့ ဂျေးတယောက် သူ့ဘဝမှာ အပြောင်းလဲကြီးတခု ဝင်လာပါတော့တယ်\nဒီအပြောင်းလဲက ဘာဖြစ်မလဲ ဒီယားကို သူလက်ထပ်ဖြစ်လိုက်လား\nရှေ့လျောက် သူတို့နှစ်ယောက်ဘဝကို\nဘယ်လိုဖြတ်သန်းသွားကြမလဲဆိုတာကိုတော့\nပရိတ်သတ်ကြီးပဲ ဆက်လက်ခံစားလိုက်ပါဦး\nBollywood Drama ကောင်းကောင်းလေးတွေ ကြည့်ချင်တယ်ဆိုရင်တော့\nဒီကားလေးကို လက်အလွတ်မခံပါနဲ့ဗျာ့\nရုပ်ရှင်ကားလေးက ပညာသားပါပါနဲ့ ကျနော်တို့ဘဝတွေမှာ\nဘယ်အရာက အရေးကြီဆုံးလည်းဆိုတာ တွေးသွားစေနိုင်လောက်တဲ့\nမက်ဆေ့ချ်လေးတော့ ချန်ခဲ့ပါတယ့်\n“ကိုယ်ချစ်တဲ့သူတွေဟာ တနေ့ကျရင်\nကိုယ့်ကို ခွဲသွားကြမှာပဲ့\n့ဒီအချိန်မရောက်ခင်တော့ ကိုယ်ချစ်တဲ့သူတွေနဲ့\nအချိန်ကြာကြာလေး ပိုရှိနေပေးခဲ့ရင် ကျနော်တို့ သိပ်ဝမ်းနည်းမိမှာ\nမဟုတ်ပါဘူး ”","cover":"https://www.dropbox.com/s/b8e3p2o0rhywwqn/Baar%20Baar%20Dekho.jpg?raw\u003d1"},{"title":"Dear Comrade","id":"https://drive.google.com/file/d/19pqxC_I3qmQuKFaQvKDZ41Js4VT5wMzV/view?usp\u003ddrivesdk","description":"၂၀၁၉ထွက် တေလဂူး (telugu)အချစ်၊အက်ရှင် ဇာတ်လမ်းကောင်းလေး အကြည်ထွက်လာလို့ တင်ဆက်ပေးလိုက်ပါတယ်။\nမင်းသားနဲ့မင်းသမီးကတော့ Geetha Govindam က မင်းသား Vijay Devarakonda နဲ့မင်းသမီး Rashmika Mandannaပါပဲ။ (မင်းသမီးကတော့ ယွန်းဝတီလွှင်မိုးပါပဲ)\nအညွန်း.. ဇာတ်ကားနာမည်ကတော့ အားလုံးသိတဲ့အတိုင်း ချစ်လှစွာသော သွေးသောက်ရဲဘော်တဲ့။\n“သွေးသောက်ရဲဘော်ဆိုတာ ကိုယ့်လုပ်ရပ်တွေကို ဝန်းရံပေးပြီး တစ်ဖက်တစ်လမ်းက ကူညီပေးတဲ့လူ”ပဲမဟုတ်လား။\nဇာတ်လမ်းစစချင်းမှာဘော်ဘီဆိုတဲ့ လူငယ်တစ်ယောက် မူးရူးသောက်စားပြီး မျက်ရည်တွေနဲ့ လီလီဆီ ဖုန်းခေါ်ဖို့ အတင်းကြိုးစားနေတယ်။\nလီလီ… တစ်ချိန်က သူ့ဘဝထဲ လှလှပပ ဝင်ရောက်ခိုနားခဲ့ပြီး ဝမ်းနည်းမှုတွေပေးပြီးမှ ထွက်ခွာသွားခဲ့သူ။\nလီလီဟာ ဘာကြောင့်များ ဒီလို ထွက်သွားရက်တာလဲ။\nဘော်ဘီဟာ စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့လူတစ်ယောက်။\nကျောင်းမှာဆိုရင်လည်း “ကျောင်းသားသမဂ္ဂ” ဆိုတဲ့ နာမည်တစ်ခုနဲ့ ထင်ရာစိုင်းတဲ့ကောင်လို့ အများမြင်ကြတယ်။\nခဏခဏ ရန်တွေဖြစ်တယ်။ သောက်စားတယ်။\nဒါပေမဲ့ မိန်းကလေးတွေကို ရိုသေမှုထားတတ်တာလည်း သူ့စရိုက်ပဲ။\n“သူ ပြောခဲ့တဲ့ စကားတွေထက် ကျွန်တော် ဘာမှ ခွန်းတုန့်မပြန်နိုင်ခဲ့တာကို ပိုရင်နာရပါတယ်” တဲ့။\nလီလီမှာ သူ့ကြောင့် တစ်စုံတစ်ခု ဖြစ်ခဲ့ရတယ်ဆိုတာတော့ သူ မသိခဲ့ပေ။\nလီလီနဲ့ ပြန်တွေ့မှာလား….။ လီလီ ဘာဖြစ်ခဲ့တာလဲ။ ဘော်ဘီနဲ့ ရန်ဖက် ဘူလီရဲ့ ညီတို့ ပြဿနာကော…. ပြီးခဲ့ပြီလား….။\n“ကျွန်တော်သူ့ကို ဒီအချိန်မှာ နောက်ဆုံး တွေ့ခဲ့ရတာပါ”\nအချစ်စစ်လို့ ပြောလိုက်ရင် ထားခဲ့တဲ့ အချစ်ဦးကိုပဲ ပြေးမြင်တတ်ကြတာ လူတိုင်းဖြစ်မှာပါ။\nထားခဲ့တဲ့ သူကိုတော့ ဘယ်လို မေ့မလဲ။\nအချစ်ကြောင့်လည်း ရူးသွပ်ဖူး၊ အချစ်ကြောင့်လည်းငိုကြွေးဖူး၊ အချစ်ကြောင့်ပဲ ပျော်ရွှင်ဖူးတယ်။","cover":"https://www.dropbox.com/s/welm6cinfnnppaw/dear-comrade.jpg?raw\u003d1"},{"title":"Chekka Chivantha Vaanam\n","id":"https://drive.google.com/file/d/1Cq-isFcJVDrGHMIQSs7jt6k6sQvBVxNY/view?usp\u003ddrivesdk","description":"ဆယ်နာပသီ ဆိုတဲ့ ဩဇာကြီးတဲ့ ဒုစရိုက်သမားကြီးဟာဘုရားက အပြန်မှာ လူမိုက်တချို့ရဲ့ လုပ်ကြံခြင်းကိုခံလိုက်ရပါတယ်။\nဒီသတင်းကို ကြားတော့…သားသုံးယောက်ဖြစ်တဲ့ချန်နိုင်းရာဇာ “ဗာရာဒန် “၊ဒူဘိုင်းမှာ အခြေချနေကြတဲ့ သားလတ် “သီယာဂူ”၊သားငယ် “အီသီ”တို့ ရောက်လာကြပါတယ်။\nဖခင်ကို လုပ်ကြံသူအား လက်စားချေဖို့ပါ။ ဖခင်ဆုံးသွားရင် နေရာဆက်ခံဖို့လည်း ပါတာပေါ့။ ဖခင်ကတော့ ဘယ်သူလက်ချက်လဲဆိုတာသိတယ်တဲ့။ ဒါပေမဲ့ မပြောပြခဲ့ပါဘူး။\nတနေ့မှာတော့ ဖခင်ဟာ အကြောင်းမဲ့ သေဆုံးသွားခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲ သားတွေရဲ့ ဇနီးမယားတွေလည်းလုပ်ကြံခံရတယ်။\nတရားခံက ဘယ်သူလဲ?\nဒုစရိုက်လောက တစ်ခုလုံး ကြောက်ရတဲ့သူတို့ကို ဘယ်အဖွဲ့က လုပ်ကြံသလဲ?\nဘာကြောင့်လုပ်ကြံလဲ ဆိုတာကို ကြည့်ရှုခံစားကြပါဦးဗျာ….။","cover":"https://www.dropbox.com/s/rqc31r3jm02fvn0/Chekka-Chivantha-Vaanam.jpg?raw\u003d1"},{"title":"Chandni Chowk to China","id":"https://drive.google.com/file/d/1IADKYInjl6L8QbJXXN8c7MGUDr0LgFGV/view?fbclid\u003dIwAR22XOPSKkBiOEY0MMK2xsjHL6obkt8o2WwJNV_UHRv4L96rO3osCZEFuzM","description":"မင်းသား Akshay Kumar နဲ့ မင်းသမီးချော Deepika Padukone တို့ အဓိကပါဝင်ထားတဲ့\nAction, Adventure, Comedy အမျိုးအစား ဘောလိဝုဒ်ဇာတ်ကားဖြစ်ပါတယ်။\n\"ချန်တနီချော့ ဆိုနေရာလေးတွင် ကျက်စားသော ဆစ်ဒူး ဟာ ယခင်ဘဝက တရုတ်ပြည်သူရဲကောင်း လူရှိန်း ဝင်စားတယ် ဆိုပြီး တရုတ်ပြည်ရွာသူရွာသားများက ခေါ်ခဲ့ကြကာ\n သူရဲကောင်းလူရှိန်ကို သတ်ဖြတ်ခဲ့ပြီး ရွာသားများအား နှိပ်စက်မူ့တွေလုပ်ဆောင်တဲ့ လူဆိုးကြီး ဟိုချို ကို တိုက်ထုတ်ပေးဖို့ တရုတ် ရွာသူရွာသားများက ဆစ်ဒူးကို ဆင့်ခေါ်က ( ဆစ်ဒူးက ရော တကယ်ပဲ လူရှိန် ဟုတ်-မဟုတ် ) ဆစ်ဒူး နဲ့ ဟိုချို တို့ ရဲ့ အဆုံးသတ် တိုက်ပွဲကို ကြည့်ရှု့လို့ ကောင်းအောင် ရိုက်ကူထားတာဖြစ်ပါတယ်","cover":"https://www.dropbox.com/s/yf9p4mhir336phj/Chandni%20Chowk%20to%20China.jpg?raw\u003d1"},{"title":"Hala (2019)","id":"https://drive.google.com/file/d/1hlczJWXmfJb7NZWn-4Cfz92wZ2ZAY2Oe/view?usp\u003dsharing","description":"Drama ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။\nဇာတ်လမ်းလေးနာမည်က Hala (2019)ပါ။\nအမေရိကန်ပြည်ထောင်စုကို ပြောင်းရွေ့အခြေချနေထိုင်နေတဲ့\nမွတ်ဆလင်မိသားစုတစ်ခုမှာ ဟာလာ ဆိုတဲ့သမီးလေးတစ်ယောက်ရှိပါတယ်။\nမိဘရဲ့ကြပ်မတ်တဲ့အုပ်ထိန်းမှုအောက်မှာ ဟာလာဟာ\nကျောင်းစာမှာလဲထူးချွန်တဲ့ မိန်းကလေးတစ်ယောက်ပါ။\nဒါပေမယ့် လွတ်လပ်တဲ့ပါတ်ဝန်းကျင်မှာနေရတဲ့ဆယ်ကျော်သက်တစ်ယောက်အဖို့\nအစဉ်အလာ ထုံးစံတွေအတိုင်းချုပ်ချယ်တဲ့\nမိဘအုပ်ထိန်းမှုအောက်မှာနေရတာစိတ်ပျက်စရာဖြစ်လာတာပါပဲ။\nအရာရာစူးစမ်းချင်သေးတဲ့အရွယ်မလို့ဘာသာမတူ လူမျိုးမတူတဲ့\nဂျက်စီဆိုတဲ့ကောင်လေးကိုလဲ တိတ်တိတ်လေးစိတ်ဝင်စားနေမိတာပါ။\nဒါပေမယ့်မိဘတွေကလဲ သူမအပေါ်ဖိအားတွေပေးလာတဲ့အခါ\nသူမဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ?\nသူမဘဝကိုဘယ်လိုဆက်လျှောက်လှမ်းမလဲဆိုတာစိတ်ဝင်စားစရာပါ။\nImdb Rating 5.6/10 ရရှိထားတဲ့ ဒီကားလေးပါ။","cover":"https://www.dropbox.com/s/06gzticzzgw5d35/Hala.jpg?raw\u003d1"},{"title":"Safe (2019)","id":"https://drive.google.com/file/d/1iGCaucNmTbTWkux3aNYXC-TS7W5Y2br6/view?usp\u003dsharing","description":"Safe ဆိုတဲ့ အိန္ဒိယဇာတ်ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ နိုင်ငံရေးကိစ္စတွေ ပဟေဠိတွေနဲ့ စုပေါင်းထားတဲ့ ဇာတ်ကားတစ်ကားဖြစ်တဲ့အတွက် အရမ်းကြည့်ကောင်းမယ့် ဇာတ်ကားတစ်ကားလို့ ညွှန်းချင်ပါတယ်.....\nဇာတ်လမ်းကတော့.......\nစရီရာဆိုတဲ့ ရဲမေဟာအမဖြစ်သူပျောက်ဆုံးနေခဲ့ပါတယ်။အဲ့ဒီအတွက် ရဲဋ္ဌာနထဲဝင်ပြီးတော့ သူ့အမရဲ့အမှုကို စုံစမ်းနေတဲ့သူပါ။ တစ်ဖက်မှာလဲ ရွှေးကောက်ပွဲနီးလာပြီဖြစ်တဲ့အတွက် ပါတီတွေရဲ့အားပြိုင်မှုတွေ လဲ ရှိလာပါတယ်။\nအိန္ဒိယက အမျိုးသမီးတွေကလဲ မကြာခဏဆိုသလို လိင်အကြမ်းဖက်မှုတွေနဲ့ ကြူံတွေ့နေရပါတယ်။ဒါကို ရဲဋ္ဌာနကလဲ မတားဆီးနိုင်တဲ့အတွက် အမျိုးသမီးတွေဟာ လုံခြူံမှုမရှိဘူးဖြစ်နေပါတယ်။\nဒါပေမဲ့ အရမ်ဒသီဆိုတဲ့ အမျိုးသမီးက လုံခြုံရေးအတွက် ချက်ချင်းအသိပေးနိုင်တဲ့ appတစ်ခုကို ထုတ်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အချက်ပြစာရရုံနဲ့တော့ ကာကွယ်ပေးဖို့ဆိုတာ မလွယ်တဲ့ကိစ္စပါ။ ဒီတော့ သူတို့ကကော ဘယ်လိုဖြေရှင်းမလဲ။စရီရာကကော သူ့အမကို ရှာနိုင်ပါ့မလား။ အခြားနိုင်ငံရေးပြသာနာတွေကကော ဘယ်လိုဖြစ်သွားမလဲဆိုတာ ကြည့်ရှုလိုက်ကြပါအုံး။\nIMDB -- 8.6","cover":"https://www.dropbox.com/s/tebitpzcmhtsxna/safe.jpg?raw\u003d1"},{"title":"Bajrangi Bhaijaan","id":"https://drive.google.com/file/d/1n34PjL275HTJ42JW3XmuoFk4oKwjfRyG/view?usp\u003dsharing","description":"အိန္ဒိယနိုင်ငံဒေလီမြို့မှာတော့ ပွဲတော်ကြီးကျင်းပချိန်ပေါ့။ ပ၀န်(ဆလက်မန်ခန်း)ဟာလည်းပါ၀င်ဆင်နွှဲပြီး စားသောက်ဖွယ်ရာတွေကို မြိန်မြိန်စားနေသည်။ ထိုအချိန်၌ ပ၀န်သတိထားမိသည်က သူ့အားစိုက်ကြည့်နေသော ၆နှစ်အရွယ်ကလေးမ။ ပ၀န်ဟာ ကရုဏာသက်မိရင်း ကလေးမလေးကို အစားအစာတွေကျွေးမွေးခဲ့တယ်။\nပ၀န်အိမ်ပြန်တော့လည်း ကလေးမလေးဟာ နောက်ကတကောက်ကောက်လိုက်နေခဲ့သည်။ ဒီလိုနဲ့နာမည်လည်းမေးမရစကားလည်း မပြောတတ်သောကလေးအား ထားမရစ်နိုင်သည့်အဆုံး ပ၀န်ဟာ သူ့ယောက္ခမဆီခေါ်လာခဲ့တော့သည်။\nပ၀န်ဟာကလေးမလေးရဲ့ နေရပ်လည်းမသိ သူ့့မိဘလည်းမသိပေမဲ့ စိတ်ထားဖြူစင်မှုအရင်းခံနဲ့ ကလေးမလေးကို သူ့မိဘဆီပြန်ပို့နိုင်ရန်ဆုံးဖြတ်ထားခဲ့သည်။ ကလေးမလေးကိုတော့ မူနီလို့အမည်မှည့်ပေးခဲ့သည်။ \nတစ်နေ့မှာတော့ ဖန်သားပြင်ထက်ကခရစ်ကတ်ကစားပွဲမှာ အိန္ဒိယနဲ့ပါကစ္စတန်တို့အပြိုင်အဆိုင် ကစားနေခဲ့ကြသည်။ အိန္ဒိယအမှတ်သာလျှင် မူနီလေးမှာမပျော်၍ ပါကစ္စတန်နိုင်လျှင် ၀မ်းသာလျက်ရှိနေသည်။ \nထိုအချိန်အခါ၌ အိန္ဒိယနဲ့ပါကစ္စတန်တို့သည် စစ်ရေးအရ တစ်ဖက်နဲ့တစ်ဖက်မတည့်ကြချေ။ ပ၀န်တို့မိသားစုတို့ကလည်း ဘာသာရေးအရ ဘုန်းကြီးမျိုးနွယ်၀င်ဖြစ်၍ မူနီအားလက်မခံသင့်ကြောင်း၊ ပါကစ္စတန်နိုင်ငံသို့ပြန်ပို့သင့်ကြောင်း ပ၀န်ကို တိုက်တွန်းခဲ့ကြသည်...\nပ၀န်ဟာ ပါကစ္စတန်သံရုံးထံသွားရောက်ပို့ခဲ့သော်လည်း ထိုအချိန်၌ သံရုံးအားအိန္ဒိယနိုင်ငံသားတို့ဆန္ဒပြစဉ်နဲ့ ကြုံတွေ့ခဲ့ရသည်။ ထိုစဉ်သံရုံးရဲ့ စာရင်းသမားလေးနဲ့တွေ့ခဲ့ပြီး မှောင်ခိုလမ်းမှပြန်ပို့ရန် ပ၀န်အားအကြံပြုခဲ့သည်။\nပ၀န်ဟာလည်း ယုံစားမိပြီး မူနီအားချန်ထားခဲ့လေသည်။ လမ်းတစ်၀က်မှာတော့ ကစားစရာ၀ယ်ရင်း မူနီအားပေးရန်ပြန်အလှည့်မှာတော့ မူနီလေးရောင်းစားခံရမှန်းသိခဲ့ရသည်...\nအဲ့ဒီနောက်မှာတော့ ပ၀န်ဟာ ပါကစ္စတန်သွားရောက်ပြီး မူနီ့မိဘတွေကို ရှာဖွေခန်းဖွင့်ပြီး ပြန်လည်ဆုံတွေ့နိုင်စေဖို့ ဆုံးဖြတ်လိုက်တော့သည်။ \nတကယ်တမ်းတော့ ဇာတ်ကားလေးဟာ အညွှန်းနဲ့ အဓိပ္ပါယ်ဖော်နိုင်စွမ်းမရှိလှတဲ့ မေတ္တာဖွဲ့ဇာတ်အိမ်လေးပါ။ \nပ၀န်တစ်ယောက်ပါ ကစ္စတန်နိုင်ငံတွင်း ၀င်ရောက်ခဲ့ပုံ၊ မိဘရှာတော်ပုံတွေနဲ့အတူ မူနီလေးတစ်ယောက်သူ့မိဘနဲ့ ပြန်လည်ဆုံစည်းနိုင်မလားဆိုတာကလည်း ရင်ခုန်စိတ်လှုပ်ရှားစေခဲ့ပါတယ်။\nပ၀န်ရဲ့ ဘ၀နဲ့ အချစ်ရေးသာမက စိတ်ထားမြင်မြတ်မှုတွေကလည်း အတုယူစရာကောင်းလှပါတယ်။ ဒီဇာတ်ကားလေးမှာတော့ ပ၀န်တစ်ယောက်ရဲ့ ကရုဏာကြီးမားမှုတွေ၊ ပါကစ္စတန်နိုင်ငံသို့ ၀င်ရောက်ဖြတ်သန်းမှုတွေ၊ သွေးသားမတော်စပ်သူတစ်ဦးအတွက်\nဒုက္ခပေါင်းများစွာ ဖြတ်သန်းခဲ့ပုံတွေကတော့ မျက်ရည်မခိုင်သူအဖို့ ပင်လယ်ထွန်းမယ့်ဇာတ်ကားမျိုးပါ။ \nဒါ့ပြင် အမြင်မတူ အသွင်မတူ ဘာသာမတူ နိုင်ငံသားချင်းမတူကြပေမဲ့ မေတ္တာတရားဟာ ကမ္ဘာ့လူသားတရားတော်ဆိုတာကို ဒီဇာတ်ကားလေးကညွှန်းဆိုနေဦးမှာပါ။\nကဲမလွတ်စတမ်းကြည့်စေဖို့ ဒီဇာတ်ကားကိုအားပေးစို့ လားခင်ဗျာ","cover":"https://www.dropbox.com/s/4n0r5da29tw76cq/Bajrangi%20Bhaijaan.jpg?raw\u003d1"},{"title":"Sweater (2019)","id":"https://drive.google.com/file/d/1RA0KNIE999aaMNFc7YT1_p323f4uLjEp/view?usp\u003ddrive_open","description":"မင်းသမီးက သူ့ကိုယ်သူဘာမှမတတ်ဘူးလို့ သူအမြဲထင်ခဲ့တယ်။မင်းသမီးအဖေက မင်းသမီးကို လက်ထပ်စေချင်ပေမဲ့ မင်းသမီးကအမြဲအငြင်းခံရတယ်။နောက်ဆုံးသော ကိုးကတ္တာမှာရှိတဲ့မိသားစုတစ်စုက မင်းသမီးကိုလက်ထပ်ဖို့သဘောတူတယ် ဒါပေမဲ့ သိုးမွှေးထိုးတတ်ရမယ်လို့ တောင်းဆိုထားတယ်။အဲကြောင့် မင်းသမီးက သိုးမွှေးထိုးသင်ဖို့ ​ဆွေမျိုးအိမ်မှာနေရင်း ရှန်မိုဆိုတဲ့ကောင်လေးနဲ့ ခင်သွား​​ပြီးတော့ ပြောင်းလဲသွားတယ်။ ပြောင်းလဲသွားသော မင်းသမီးက သူ့ကိုယ်သူ ရပ်တည်ရဖို့ လုံလောက်သောယုံကြည်မှုဖြစ်လာမှာလား ။","cover":"https://www.dropbox.com/s/5uwap22kckvz4ko/Sweater-Saha.jpg?raw\u003d1"},{"title":"Bala(2019)","id":"https://drive.google.com/file/d/137plrbzSoXLWB1uZNwds4YE-8z2Zd6gF/view?usp\u003ddrive_open","description":"ယခုတစ်ခေါက်တင်ဆက်ပေးသွားမယ့်ဇာတ်ကားကတော့2019 Novemberမှာထွက်ရှိထားတဲ့ Balaဆိုတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။\nဒီဇာတ်ကားကတော့Social Problem Comedyအမျိုးအစားဖြစ်ပြီးBalaဆိုတဲ့ဇာတ်ကောင်ရဲ့အရွယ်မတိုင်ခင်ထိပ်ပြောင်းခြင်းအတွက်လူ့\nပတ်ဝန်းကျင်းရဲ့အပြောအဆိုခံရခြင်းယုံကြည်မှုပျောက်ဆုံးနေခြင်းအစရှိတဲ့လူမှုရေးပြသနာများနဲ့ကြုံတွေ့နေရတဲ့အမျိုးသားတစ်ယောက်အကြောင်းရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။\nတနေ့မှာတော့Tiktokပေါ်မှမော်ဒယ်တစ်ဦးဖြစ်တဲ့\nPariကိုနှစ်သက်သောကြောင့်Balaတစ်ယောက်ဆံပင်တုဝတ်ပြီးချဉ်းကပ်ခဲ့ပါတယ်။\nမင်္ဂလာဆောင်ပြီးနောက်တစ်ရက်မှာပဲPariတစ်ယောက်Balaထိပ်ပြောင်ခြင်းကိုသိရှိခဲ့ပြီးဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့\nလက်တွေ့ဘဝထဲက အလွဲလေးတွေနဲ့ ဟာသလေးနှောပြီးရိုက်ကူးထားတာကို မပျင်းရမှာ သေချာတာကြောင့်\nဇာတ်လမ်းအားဆက်လက်ကြည့်ရှုပေးကြပါဦး။","cover":"https://www.dropbox.com/s/schcj60dkrzzrkd/Bala.jpg?raw\u003d1"},{"title":"Mamangam (2019)","id":"https://drive.google.com/file/d/1BBLnnCfzJVDtUsTZkOPXoaFa3iwwtjVf/view?usp\u003dsharing","description":"IMDb 7.6/10 Facebook 4.8/5 Google users 81%  ရထားသော ဒါရိုက်တာ M. Padmakumar ရိုက်ကူးထား၍  Sajeev Pillai, Shankar Ramakrishnan တို့က ဇာတ်ညွှန်းရေးသားထားကာ သရုပ်ဆောင်  Mammootty, Unni Mukundan, Achuthan B. Nair တို့ပါဝင်သရုပ်ဆောင်ထားသော Action, Drama, History ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…..\n\nတီရူနာဗာယာရှိ ဘာရတ်တာပူဇာ ကမ်းခြေမှာ ကျင်းပတဲ့ မာမန်ခန်ပွဲတော်အတွင်း နေရာပေါင်းစုံက စစ်သားများက စစ်ပွဲဆင်နွှဲကြဖို့ လာတဲ့အခါ ဘယ်လို အက်ရှင် ဒရာမာ သမိုင်းကြောင်းတွေကို တွေ့ရမလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုခံစားကြည့်ကြပါခင်ဗျ","cover":"https://www.dropbox.com/s/2pqyaxakb36fct8/mamangam.jpg?raw\u003d1"},{"title":"Munna Michael (2017)","id":"https://drive.google.com/file/d/1Px37HAPXNQcAJEMGvLo4uIikeMSwdjFa/view?usp\u003dsharing","description":"Rotten Tomatoes 50% CSFD 78% Google users 82%  ဒါရိုက်တာ  Sabir Khan ရိုက်ကူးထား၍  Vimi Datta က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ သရုပ်ဆောင် Tiger Shroff, Nidhhi Agerwal, Nawazuddin Siddiqui တို့ ပါဝင်သရုပ်ဆောင်ထားသော Action, Drama, Musical ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…\nပေါ့ဘုရင် မိုက်ကယ်ဂျက်ဆင်ကို အားကျပြီး သူ့အားကျမိသူရဲ့ ခြေရာကို နင်းဖို့ ကြိုးစားနေတဲ့ လူငယ်လေးတစ်ယောက်အကြောင်း အက်ရှင် ဒရာမာ ဂီတ မွှေထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားမို့ ခံစားကြည့်လိုက်ကြပါဦးခင်ဗျာ…","cover":"https://www.dropbox.com/s/5q9m8l5azs14ha6/Munna-Michae.jpg?raw\u003d1"},{"title":"Evaru (2019)","id":"https://drive.google.com/file/d/1p2gYVqDMxwQ2OLrNb7wL2eA3KOMm0y27/view?usp\u003ddrivesdk","description":"၂၀၁၈ ခုနှစ်မှာ တေလဂူးအက်ရှင်ကားကောင်းတစ်ကားကို မှတ်မိကြမှာပါ။\nဘာအိုဗာအက်ရှင်မှ မပါတဲ့ Goodachari ပါ။\nဒီမင်းသားကို ထပ်ပြီးပြောပြရမယ်ဆို ဟင်ဒီမင်းသားချော တိုက်ဂါး နှစ်ကြိမ်နှစ်ခါ ပြန်ရိုက်ခဲ့ပြီး Remakeများစွာပြုခဲ့ကြတဲ့ Baaghi ရဲ့ မူရင်း သရုပ်ဆောင်ပါ။\n\nIMDb Rating - 8.6/10\nGoogle Users - 96%\nအညွန်း\n-----------\nဒီမင်းသားနာမည်က Adivi Seshတဲ့။\nဒီဇာတ်ကားထဲမှာတော့ ရဲအရာရှိဗစ်ကရမ်နေရာက မြင်တွေ့ရမှာပါ။\nရဲအရာရှိ ဗစ်ကရမ် အဖြစ်မြင်ရမယ့် မင်းသားဟာ ငွေအတွက်ဆို ဘာမဆို လုပ်မယ့်သူမျိုး၊\nရှေ့နေတစ်ယောက် မဟုတ်ပေမဲ့ လူသတ်သမားကိုလည်း သူ အကြံကောင်းတစ်ချို့နဲ့ ကာကွယ်ပေးနိုင်တဲ့ ရဲအရှိမျိုး။\nအတွေးဉာဏ်၊ဖြတ်ထိုးဉာဏ် ကောင်းကောင်းနဲ့ သူဟာ လူသတ်သမား ဆမ်မီရာဖက်က သူဟာ အကြံပေးအဖြစ် ရှိနေမှာပါ။\nအသတ်ခံရတဲ့ ရဲအရာရှိ(တရားလို)ဖက်ကတော့ သက်သေတွေ၊သဲလွန်စတွေကို လုပ်ကြံတတ်တဲ့ ရှေ့နေနဲ့ပါ။\nနှစ်ပေါင်း၂၀အတွင်း အိန္ဒိယတောင်ပိုင်းမှာ သူလိုက်ခဲ့ဖူးတဲ့ အမှု မှန်သမျှ ရှုံးနိမ့်ဖူးတာမရှိသေးဘူး။\nတရားခံဖက်ကလည်း လူသတ်မှုကို ဥပဒေကို ချိုးဖောက်တဲ့ ရဲအရာရှိရဲ့မုဒိမ်းမှုအဖြစ် ပြောချင်နေတယ်။\nမုဒိမ်းမှုကောင်ရဲအရှိတစ်ယောက်ကို သတ်ပစ်လိုက်တဲ့ မိန်းမတစ်ယောက်ရဲ့ အမှုကို ပုံဖော်ထားပြီး ဒီအမှုဟာ မှန်ကန်မှုရှိမရှိကို ရဲအရာရှိ ဗစ်ခရမ်က စုံစမ်းရာမှာတော့.....\nအမှုကွင်းဆက်တွေနဲ့အတူ.... ကဲ အပြောင်းအလဲလေးတွေရှိလာနိုင်သေးတော့ ဒီအညွန်းကို ဒီလောက်ပဲ ဖြတ်မယ်ဗျို့။\n\n-------------------------------------\n\nဒီဇာတ်ကားကို ဒီလောက်ထိ မမျှော်လင့်ခဲ့တာတော့ အမှန်ပါ။\nဒီမင်းသားဟာ ဇာတ်လမ်းရွေးတဲ့ နေရာမှာ တော်တယ်လို့ဆိုရမယ်။\nဒီဇာတ်ကားမှာ မင်းသမီးရွေးထားတာလည်း အရမ်းတော်ပါတယ်။အလိုက်ဖက်ဆုံးပဲ။\nလှည့်ကွက်တွေ၊မြှုပ်ကွက်တွေကို ထည့်ထားပြီး မုဒိမ်းကျင့်လို့ သတ်ပစ်ပါတယ်လို့ စစချင်းမှာ ဖော်ပြထားတော့ \u0027တခြားဘာကိုများ ဖော်ပြနေဦးမလဲ၊\nရှေ့ဆက် ဘယ်လိုဖြစ်မလဲ\u0027ဆိုတဲ့ အသိက ဇာတ်လမ်းကို အဆုံးထိ ဆွဲခေါ်သွားခဲ့တယ်။\nအဆုံးပြောချင်တာကတော့ ဒီမင်းသားဟာ ဇာတ်လမ်းရွေးတာ တော်သလို ကျွန်တော်တို့လည်း ဇာတ်ကားရွေးတာ မှန်တယ်လို့ ပြောလိုပါတယ်။\nဘော်ဒါတို့လည်း ဇာတ်ကားကောင်းကြိုက်သူ၊ အိန္ဒိယဇာတ်ကားကောင်းတွေကို ကြိုက်သူသာဆိုရင် ဒီဇာတ်ကားကြည့်လို့ နောင်တမရစေရဘူးလို့ အာမခံပါတယ်။","cover":"https://www.dropbox.com/s/k3oottk4gfx6j2k/Evaru.jpg?raw\u003d1"},{"title":"Saand Ki Aankh","id":"https://drive.google.com/file/d/17Qc8WsCIbMiVBfNDHQmgukt75ATEuC4v/view?usp\u003dsharing","description":"ဒီဇာတ်လမ်းလေးကတော့ နိုင်ငံတကာသေနတ်ပစ်ပြိုင်ပွဲမှာ\nအိန္ဒိယကိုယ်စားပြု ပထမဆုံးဆုတံဆိပ်ရယူနိုင်ပေးခဲ့တဲ့\nအားကစားမယ်တစ်ယောက်ရဲ့ ဖြစ်ရပ်မှန်အကြောင်းရိုက်ကူးထားတာပါ\nဇာတ်လမ်းထဲမှာ ဒီဆုကိုဆွတ်ခူးနိုင်ခဲ့တဲ့အမျိုးသမီးက ရှေးရိုးဆန်ပြီး\nမိန်းမတွေကိုဖိနှိပ်လေ့ရှိတဲရွာကဖြစ်ပြီး\nသူ့အဖွားရဲ့ အခက်အခဲအမျိုးမျိုးကိုကျော်ဖြတ်ပြီးတော့\nအားကစားသမားတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ပုံကို မြင်တွေ့ရမှာပါ\nမိန်းကလေးတွေဆိုရင် အိမ်အလုပ်တွေလုပ် အိမ်ထောင်ပြုအိမ်ထောင်ကို ထိန်းသိမ်းရင်း\nဘဝကိုဖြတ်သန်းကုန်ဆုံးကြတဲ့ အလေ့အထကို အဘွားတွေက\nသူတို့သမီးတွေမှာမဖြစ်အောင်\nဘယ်လိုတွန်းလှန်ပြီး နိုင်ငံအတွက်ဆုတံဆိပ်တွေ ရယူပေးနိုင်ခဲ့တဲ့အထိ\nကြံဖန်ရုန်းကန်ခဲ့ရပုံတွေကိုမြင်တွေ့ရမှာပါ\nဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ အိန္ဒိယဇာတ်ကားကောင်းဖြစ်တဲ့အတွက်ကြောင့် အတွေးအခေါ်တစ်ခုခုရသွားမယ်ဆိုတာ\nရဲရဲကြီးအာမခံပါတယ်ဗျာ","cover":"https://www.dropbox.com/s/jya08wj4ib7ww5b/Saand%20Ki%20Aankh.jpeg?raw\u003d1"},{"title":"Venky Mama (2019)","id":"https://drive.google.com/file/d/1MLOFWE7xYjfozI1URfrTPAM3811xFZoM/view?usp\u003dsharing","description":"IMDb 5.8/10 Google users 91%  ရထားသော ဒါရိုက်တာ Bobby Kolli\nရိုက်ကူးထား၍  Janardhan Maharshi, Srikanth Vissa တို့က ဇာတ်ညွှန်းရေးသားထားကာ သရုပ်ဆောင်  Payal Rajput, Raashi Khanna, Naga Chaitanya Akkineni တို့ပါဝင်သရုပ်ဆောင်ထားသော Action, Comedy, Drama ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…..\nစိတ်ထင်သလို လျှောက်သွားလာနေကြတဲ့ တူ နဲ့ သားတစ်ယောက်ရဲ့ ဇာတ်လမ်း ရွာဇာတ်လမ်း စစ်တပ်အခြေခံဇာတ်လမ်းလေးကို ဘယ်လို အက်ရှင် ဟာသ ဒရမာတွေ တွေ့ရမလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုခံစားကြည့်လိုက်ကြစို့လားဗျာ…","cover":"https://www.dropbox.com/s/hz6xu8ea7il02ys/venkymama.jpg?raw\u003d1"},{"title":"Rangasthalam (2018)","id":"https://drive.google.com/file/d/13SSB9ZHpYBBXu8iVFSB_dBH0-MuLOiC7/view?usp\u003ddrivesdk","description":"ဘိုင်ရာဘာမင်းသားလို့ လူသိများတဲ့ ရမ်ချရန်းရဲ့ နောက်ဆုံးထွက် ဇာတ်ကားတစ်ကားကို တင်ပေးလိုက်ပါတယ်IMDb 9.1/10ထိရရှိထားတာဆိုတော့ ကောင်းမကောင်း သိပ်ပြောနေစရာ မလိုလောက်ပါဘူး\nသာမန်ကြည့်ဖူးနေကျ Talguကားတွေလို Overတွေမပါဘဲ\nသဘာဝကျကျ အက်ရှင်အလန်းစားတွေ၊ သီချင်းတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်ထားပါတယ်။ဇာတ်လမ်းလေးကတော့\n၁၉၈၀ခုနှစ်တွေက ရန်ဂက်(စ်)တလန်ဆိုတဲ့ ကျေးရွာလေးက ဇာတ်လမ်းတပုဒ်ပဲ ဖြစ်ပါတယ်။\nရွာထဲမှာ လယ်တွေကိုရေသွင်းတဲ့အလုပ်ကိုလုပ်တဲ့ ချစ်တီးဘာဘူဟာ မွေးရာပါနားလေးတဲ့ ချို့ယွင်းချက်ရှိပြီး\nမဟုတ်မခံ လူစားမျိုးပါ၊ သူ့အရှေ့မှာ မတရားတာတွေ့ရင် ဝင်ချဖို့ နှစ်ခါမစဉ်းစားတတ်ပါဘူးရွာထဲမှာ အဖွဲ့အစည်းဆိုတဲ့နာမည်နဲ့ ရွာသားတွေကို ချေးငွေတွေထုတ်ချေးထားပြီး အမြတ်ကြီးစား ခေါင်းပုံဖြတ်နေတဲ့ အဖွဲ့တဖွဲ့လည်းရှိပါတယ်\nဒီအဖွဲ့ကို အဓိကချုပ်ကိုင်ထားတာက နှစ်(၃၀)ဆက်တိုက် သူကြီးဖြစ်နေတဲ့ ရွာသူကြီးပါ\nလူတွေက သူ့ကို ကြောက်ရွံ့ကြသလို၊ ရင်မဆိုင်ရဲကြပါဘူး\nသူနဲ့ထိပ်တိုက်တွေ့တဲ့သူမှန်သမျှ မရှု့မလှသေပွဲဝင်ကြရစမြဲပါ။ဒီလို ဂုတ်သွေးဆုပ်အမြတ်ထုတ်နေတဲ့ အဖွဲ့ကို ရင်ဆိုင်ပြီး သူကြီးနေရာက ဝင်ပြိုင်မယ်လို့ စိန်ခေါ်လိုက်တဲ့သူ တစ်ယောက်ရှိပါတယ်။\nသူနာမည်က ကူမာရ် ဘာဘူပါ\nကူမာရ်ဟာ ချစ်တီးဘာဘူရဲ့ အစ်ကိုဖြစ်ပြီး၊ ဒူဘိုင်းမှပြန်လာတဲ့ ပညာတတ် တစ်ယောက်လည်း ဖြစ်ပါတယ်။\nမတရားမှုကို ရင်ဆိုင်ဖို့ သူကြီးအဖွဲ့နဲ့ထိပ်တိုက်တွေ့နေတဲ့ အစ်ကိုဖြစ်သူကို ချစ်တီးဘာဘူတစ်ယောက် ဘယ်လိုတွေ ကာကွယ်စောင့်ရှောက်သွားမလဲဆိုတာကတော့.....","cover":"https://www.dropbox.com/s/sm0swq1udgstww6/Rangasthalam.jpg?raw\u003d1"},{"title":"House Arrest(2019)","id":"https://drive.google.com/file/d/1xRq_GE1vND3WwywL5MaKRhu8QHaOvSpJ/view?usp\u003ddrivesdk","description":"IMDb....6.0\nအိန္ဒိယ ကားတွေမှ သဘောကျတဲ့သူတွေအဖို့ အချစ် ဟာသ ကားကောင်းလေး\nလာပါပြီဗျာ...\nကာရန်ဆိုတဲ့ သတ်လတ်ပိုင်းလူငယ်တစ်ယောက် သူ့မိန်းမနဲ့ခွာပြဲပြီးနောက်ပိုင်း\nအိမ်ထဲကအိမ်ပြင်မထွက်ရဲတဲ့ Psycho ၀င်လာပါတယ် အဲ့ psycho ကို ဂျပန်လူငယ်တွေအဖြစ်များ\nပါတယ် ဂျပန်လို ဟီကီကိုမိုရီလို့ခေါ်သဗျ အိမ်ထဲမှာပဲနှစ်ရှည်လများအာင်းပြီး online သုံးတယ် game\nဆော့တယ် လူထုအသိုင်းဝိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုလုံး၀မရှိတဲ့ psycho တစ်မျိုးပေါ့\nဒါပေမယ့်အဲ့လို psycho မျိုးတွေကနောက်ပိုင်းခေတ်စားလာပါတယ် ဟီကီကိုမိုရီလိုမဟုတ်တောင်\nအပူပင်မရှိလောကကြီးကိုတစ်ယောက်တည်းဖြတ်သန်းလာကြတာပေါ့ ဂျပန်မှာပဲအများဆုံး\nခေတ်စားတာပါ FA တွေလို့ပြောတာမဟုတ်ဘူးနော် ကိစ္စတော်တော်များများကိုတစ်ယောက်တည်းလုပ်\nလာကြတာ မွေးနေ့ပွဲတစ်ယောက်တည်းဆင်နွှဲတယ်ခရီးတစ်ယောက်ထဲထွက်တယ် ရုပ်ရှင်\nတစ်ယောက်တည်းကြည့်တယ် ဘာလို့ဆို တိုတောင်းတဲ့လူ့ဘ၀လေးကိုအခြားသူတွေအတွက်\nအချိန်ကုန်မခံချင်တော့လို့ပါပဲ ဒီကားထဲက ဇာတ်​ကောင် ကာရန်လဲအဲ့တိုင်းပဲ တစ်ယောက်တည်းအိမ်\nမှာသန့်ရှင်းရေးလုပ်တယ် ပစ္စည်းအတိုအထွာလေးတွေနဲ့အခန်းကိုအလှဆင်တယ် ကောင်မလေးလဲမ\nထားဘူးအိမ်တံခါးကနေအပြင်ဖက်ကိုခြေလှမ်းတစ်လှမ်းတောင်မလှမ်းတာဒီကားကြည့်ရင်သိရမှာပါ\nသူငယ်ချင်းဖြစ်သူဂျေဒီတစ်ယောက်ကောင်းမှု နဲ့ကောင်မလေးတစ်ယောက်သူ့အိမ်ရာက်လာပြီး\nနောက်ပိုင်းဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာတော့ ဒီမှာမပြောတော့ဘူး သိချင်ရင်ကြည့်ကြပါ...\nဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing ပဲဖြစ်ပါတယ်...","cover":"https://www.dropbox.com/s/ovrnyzyvvw5nnic/House%20Arrest.jpg?raw\u003d1"},{"title":"Kabir Singh (2019)","id":"https://drive.google.com/file/d/1naCZJdywnNglxqF4xwwjQUlYuR8eWKVb/view?usp\u003ddrivesdk","description":"IMDb- 7.5/10\n၂၀၁၉ ခုနှစ် ဘောလီဝုဒ် Box Office မှာ အောင်ပွဲခံသွားခဲ့တဲ့\nKabir Singh အကြည်ထွက်လာလို့ အမြန်ဆုံးပဲတင်ဆက်ပေးလိုက်ပါတယ်\nဇာတ်လမ်းကတော့ အိန္ဒိယကားတွေနဲ့မစိမ်းတဲ့လူတိုင်းလိုလိုသိပြီးသားပါပဲ\n၂၀၁၇ မှာ နာမည်ကြီးအောင်မြင်ခဲ့တဲ့ Telugu ဇာတ်ကား Arjun Reddy ရဲ့\nRemake ဖြစ်ပါတယ်\nအဲ့ဒိတော့ Arjun Redddy မကြည့်ရသေးသူတွေအတွက်\nဇာတ်လမ်းလေးနည်းနည်းလောက်ပြောပြပါမယ်\nဒေါက်တာ ကဗီး(ရ်) ရာဂ်ျဒီးဆင့်ဟာ ဒေလီဆေးသိပ္ပံရဲ့\nဘက်စုံထူးချွန်တဲ့ အလုပ်သင်ဆရာဝန်ဆိုးလေးပေါ့\nနေရာတကာလည်း ဒေါသကြီးသလုိ ထင့်ကနဲ့ဆို လက်ပါမယ်ဆိုတာချည်း\nဒါပေမဲ့ တစ်ခုတည်းသော သူ့အားနည်းချက်ကတော့\nပရီသီးဆိုတဲ့ကောင်မလေးပါပဲ\n\"သဘာဝတရားတွေ ဖွံ့ဖြိုးတိုးတက်နေတဲ့လောကကြီးထဲမှာ ငါတို့နေထိုင်ကြတယ်\nအဲ့ဒိထဲမှာ ငါသဘောပေါက် နားလည်လာတာတစ်ခုကတော့\nငါတို့တစ်ခုခုဖြစ်ခဲ့ရင် အထိခိုက်နာကျင်ရဆုံးလူတစ်ယောက်ရှိတယ်\nငါ့အတွက်ကတော့ ဒီကောင်မလေးပဲ\nသူသာတစ်ခုခုဖြစ်ရင် အခံစားရဆုံးဖြစ်မယ့်သူက ငါပဲ\nအဲ့ဒိတော့ သူ့ကို ထိခိုက်အောင်မလုပ်ကြပါနဲ့\"\nအဲ့ဒိလို အသည်းသန်ချစ်ရတဲ့ ပရီသီးနဲ့ ကဗီး(ရ်)ဟာ မထင်မှတ်ထားဘဲ\nကွဲကွာသွားတဲ့အခါမှာတော့....","cover":"https://www.dropbox.com/s/hvx0wgxlodvhjzo/Kabir%20Singh.jpg?raw\u003d1"},{"title":"Ek Villain (2014)","id":"https://drive.google.com/file/d/15r-atOX5K_s2Srf8DxbyqHF9eszstGuj/view?usp\u003dsharing","description":"ဒီဇာတ်လမ်းလေးကတော့ ကြမ်းတမ်းတဲ့ ဗီလိန်တစ်ယောက်ရဲ့\nအချစ်ကိုဖော်ကြူးထားတဲ့ဇာတ်လမ်းလေးပါ။ ဂုရုက မရိုးသားတဲ့\nနိုင်ငံရေးသမားဆီဆာ အတွက် အလုပ်လုပ်ပေးနေတဲ့ ကြမ်းတမ်း ပြီး\nအကြင်နာမဲ့တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ မကြာခင်မှာပဲ သူဟာ\nအီရှားလို့ခေါ်တဲ့ ကောင်မလေးနဲ့ဆုံခဲ့ပြီးတော့ သူ့ဘဝက ပြောင်းလဲ\nသွားခဲ့ရပါတယ်။ ဒီထူးဆန်းတဲ့ ဘဝဆန္ဒတွေနဲ့ပြည့်နှက်နေတဲ့\nကောင်မလေးတစ်ယောက် က သူ့ဘဝကို လုံးဝပြောင်းလဲစေခဲ့ပါတယ်\nဒီလိုနဲ့ သူက ကောင်မလေးဖြစ်ချင်တဲ့ ဆန္ဒလေးတွေကို ဖြည့်ဆည်းပေးရင်းနဲ့\nကောင်မလေးဖြစ်ချင်တဲ့ ပုံစံကိုပြောင်းလဲခဲ့ပါတယ် ဒါပေမဲ့ သူချစ်တဲ့ကောင်မလေးက\nမမျှော်လင့်ပဲ စိတ္တဇ လူသတ်သမားတစ်ယောက် ရဲ့ သားကောင်ဖြစ်သွားတဲ့အခါ..\nသူ့လိုပဲ ကြမ်းတမ်းတဲ့ အကြင်နာမဲ့တဲ့ ဗီလိန်တစ်ယောက်ကို ဘယ်လို\nအနိုင်ယူမလဲဆိုတာတွေကို ကြည့်ရှုရမှာပါ။လူသတ်သမားကိုလဲ သမာရိုးကျ\nလိုက်သတ်နေရတဲ့ လူသတ်သမား မဟုတ်ပဲ တစ်ဖက်ကမှာ မိသားစုနဲ့\nအိမ်ထောင်ရေးအဆင်မပြေတဲ့ပုံစံတွေနဲ့ ပြထားလို့ ကြည့်ရတာ တစ်မျိုး\nဆန်းသစ်စေပါတယ်။","cover":"https://www.dropbox.com/s/0ae04p7mmciot7j/ek-villain-.jpg?raw\u003d1"},{"title":"Mission Mangal (2019)","id":"https://drive.google.com/file/d/1lAOfw91MmcXxKWtjOpRwnm_rnl2DDZea/view?usp\u003ddrivesdk","description":"မိုဘိုင်းဖုန်းဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်တစ်ခုကို ကျွန်တော်တို့ ပြန်သွားကြည့်ရအောင်..\n. အဲ့လိုအချိန်တစ်ခုရဲ့ စကားဝိုင်းတစ်ခုမှာ “နောင်ကျရင် လူတွေက ရန်ကုန်နဲ့ မန်းလေး ဆက်သွယ်စကားပြောဖို့ကို\nငါးလက်မလောက်ပဲရှိတဲ့ ပစ္စည်းလေးရှိရုံနဲ့ စကားပြောလို့ရတော့မှာ” လို့ ကျွန်တော် ပြောလိုက်ရင်\nခင်ဗျားတို့အကုန်လုံး ဝိုင်းလှောင် ဝိုင်းဟားကြမှာပါ “သိပ္ပံအောင်မြင်မှုဆိုတာ တစ်ချိန်တုန်းကတော့ ဟာသတစ်ပုဒ်လိုပါပဲ” တဲ့\nISRO ဆိုတဲ့ အိန္ဒိယအာကာသ သုတေသနအဖွဲ့က သိပ္ပံပညာရှင် ရာကိရှ်ဒါဝမ်မှ သူ့ကို ဝေဖန်လာတဲ့သူကို ပြန်ချေပလိုက်တဲ့စကားပါ…\nဒါဆို သူက ဘယ်လိုဟာသတွေ ပြောလိုက်တာပါလိမ့် မားစ်ဂြိုဟ်ကိုလေ့လာဖို့ ဂြိုဟ်တုလွှတ်တင်မယ်လို့ ပြောလိုက်တာပါ..\n. အဲ့ဒီအချိန်တုန်းက မားစ်ကိုသွားဖို့ ကြိုးစားရာမှာ ကမ္ဘာ့ထိပ်သီးနိုင်ငံတွေဖြစ်တဲ့ ရုရှားနဲ့ အမေရိကန်လည်း ပါဝင်ပါတယ်..\n.သူတို့တွေ အောင်မြင်ခဲ့လားဆိုတော့ မအောင်မြင်ခဲ့ပါဘူး…ရုရှားဟာ ရှစ်ကြိမ်တိုင်တိုင် ကျရှုံးခဲ့ပြီး အမေရိကန်ဟာလည်း လေးကြိမ်တိုင်အောင် ကျရှုံးထားတာပါ..\n. ဒါကို အိန္ဒိယသိပ္ပံပညာရှင် ရာကိက ဘာပြောလဲဆိုတော့ “ပထမဆုံးအကြိမ်မှာကို အောင်မြင်အောင် လုပ်ပြမယ်” တဲ့\nဒီလိုစကားပြောရအောင်သူ့မှာ ဘယ်လိုယုံကြည်ချက်တွေ ဘယ်လိုအရည်အချင်းတွေရှိလို့များပါလိမ့်…\nသူဘယ်လိုတွေဆက်လုပ်ပြမလဲဆိုတာကိုတော့ ဖြစ်ရပ်မှန် အိန္ဒိယသိပ္ပံကားလေးမှာပဲ ကြည့်ကြည့်လိုက်ကြပါ…\nဇာတ်ကားကောင်းမို့ လက်မလွှတ်စေချင်ပါကြောင်း….\nဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်…..","cover":"https://www.dropbox.com/s/rq9c4vs7xndbnh8/Mission%20Mangal.jpg?raw\u003d1 "},{"title":"Pagalpanti (2019)","id":"https://drive.google.com/file/d/1W66wEkjfNF79i3r0opNbqa6tQID8oJLw/view?usp\u003ddrivesdk","description":"၂၀၁၉ ခုနှစ်ထွက် John Abraham ရဲ့ ဟာသစစ်စစ် ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။\nဇာတ်လမ်းထဲမှာတော့ ရာ့ချ်ကီရှော၊ဂျန်ကီ၊ချန်ဒူးဆိုတဲ့ ဂြိုလ်ဆိုးစုန်းပြူး သုံးကောင်ပေါ့။\nကံဆိုးတာကတော့ ရာ့ချ်ကီရှောရဲ့ ဇာတာပါ။ သူ အလုပ်လုပ်သမျှ အရှုံးပေါ်တယ်။\nဘဏ်မှာ အလုပ်လုပ်ရင် ဘဏ်အရှုံးပေါ်တယ်။ အဲ့လို ကံဆိုးမှုက အရိပ်လို လိုက်ခံနေရတဲ့ ကောင်။ ပိုက်ဆံတွေ လိမ်ပြီး ကုန်ပို့လုပ်ငန်းတစ်ခုလုပ်ခဲ့ပါတယ်။\nသူတို့ ပထမဆုံးပို့ပေးရမှာက လန်ဒန်မြို့ရဲ့ အိန္ဒိယဂန်းစတား သမီးယောက်ဖနှစ်ရဲ့ သမီး မွေးနေ့အတွက်ပါ။\nမမျှော်လင့်ဘဲ သွားပို့တဲ့ ပစ္စည်းက ပျက်စီးသွားတဲ့အခါမှာ သူတို့ သုံးကောင်ဟာ အဲ့ဒီဂန်းစတားအိမ်မှာ အစေခံလုပ်ဖို့ ဖြစ်လာခဲ့ပါတယ်။\nဂြိုလ်ဆိုးသုံးကောင်နဲ့ ဂန်းစတား သူဌေးကြီးတို့ကြား ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ။\nသူဌေးကြီးရဲ့ သမီးအချောလေးနဲ့လည်း သံယောဇဉ်တွေ ဖြစ်လာရင်း ချစ်ကြိုက်မိလာတဲ့အခါ သူဌေးကြီး ဘာလုပ်မလဲ။\nသူတို့ သုံးယောက် ရှိနေတဲ့ အိမ်မို့ ဘယ်လောက်ထိ ကံဆိုးမှုတွေ ရောက်ရှိလာဦးမလဲဆိုတာကို ကိုယ်တိုင် ခံစားကြည့်ကြပါဦးခင်ဗျာ။\nထပ်နေတဲ့ဟာသမျိုးမဟုတ်ဘဲ တကယ့်ရယ်ရတဲ့ ဟာသတွေကို သုံးထားတာ မြင်ရပါတယ်။\nIMDb Rating ကို မြင်ပြီး အားမရဖြစ်မိမှာ မှန်ပေမဲ့ ဟာသတွေနဲ့တော့ ကြည့်ပျော်စေမယ်လို့ အာမခံပါတယ်ခင်ဗျာ။\nဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။","cover":"https://www.dropbox.com/s/4h3zhadm1na1uxj/Pagalpanti.jpg?raw\u003d1 "},{"title":"War (2019)","id":"https://drive.google.com/file/d/19CZrt6enHimJNak47D6WWqdshr81mav3/view?usp\u003ddrivesdk","description":"ကားသစ်တွေ ကားကောင်းတွေ ဆက်တိုက်ထွက်နေတဲ့ကြားက ယနေ့ထွက် ဘောလိဝုဒ်ကားသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။\nနာမည်ကြီး မင်းသားနှစ်ယောက် အားပြိုင်ထားတဲ့ ဒီဇာတ်ကားကြီးဟာဆိုရင်…. ဘတ်ဂျက်ငွေရဲ့ ၃ဆကျော်ကျော် အောင်ပွဲခံခဲ့ပါတယ်။\nဇာတ်လမ်းအကျဉ်းလေး ချရင်လည်း မဖတ်ဘဲ ဒေါင်းကြမှာမို့ သိပ်ပြီး မရေးတော့ပါဘူး။\nတိုက်ဂါးနဲ့ ရီသိတ်ဟာ တပ်မတော်သားတွေဖြစ်ပြီး တိုက်ဂါးကတော့ ရီသိတ်ရဲ့ တပည့်အဖြစ် မြင်ရပါမယ်။\nရီသိတ်ဟာ လတ်တလောမှာ မစ်ရှင်တစ်ခုကို လုပ်ရင်း တရားခံကို မပစ်ဘဲ ကိုယ့်ဖက်က အရာရှိကို ပစ်သတ်သွားခဲ့တယ်။\nသူ ဘာကြောင့် ပစ်ခဲ့တာလဲ….\nဘာကြောင့် သစ္စာဖောက်သွားခဲ့တာလဲ…\nသူ့လို တည်ကြည်ဖြောင့်မတ်ပြီး သစ္စာရှိတဲ့ လူတစ်ယောက် သစ္စာဖောက်သွားတာကို စုံစမ်းဖို့နဲ့ ရှင်းပစ်ဖို့ တာဝန်ပေးခံရသူကတော့… တိုက်ဂါးပါ။\nကဲ…. ဆရာနဲ့ တပည့်…. ရန်သူနဲ့ တပ်မတော်ဘက်တော်သား…. ဘယ်လို ဆက်ဖြစ်ကြမလဲ…..\nအမှန်တရားကို ဘယ်လို ဖော်ထုတ်ကြမလဲ…. ဆိုတာကို ကိုယ်တိုင်သာ ခံစားကြည့်ကြပါဦးဗျာ။\n(စာအနည်းငယ်လိုအပ်ချက်ရှိရင် ခွင့်လွှတ်ပေးပါဗျာ)\nဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။","cover":"https://www.dropbox.com/s/geepu8ksm464bh5/war.jpg?raw\u003d1 "},{"title":"Hichki (2018)","id":"https://drive.google.com/file/d/1pr-7oQk3NncI_7gXZnEPzum2to85mfn3/view?usp\u003ddrivesdk","description":"\" ၀င်ရိုးစွန်းကြယ်လေးဟာ သဘောင်္တွေကို လမ်းပြပေးခဲ့တယ် ဆိုရင် ကျွန်တော်တို့အတွက် ဆရာမ ဟာ ၀င်ရိုးစွန်ကြယ်လေး \" ပါပဲ။\nဒါကတော့ St.Nokler\u0027s ကျောင်းရဲ့ အညံ့ဆုံးစာရင်း၀င် 9F အတန်းသားတွေက သူတို့ရဲ့ ဆရာမ Naina ကို ပြောခဲ့ကြတဲ့ စကားလေးတွေပါ။\nဒီတော့ ဆရာမ Naina အကြောင်း စပြောရအောင်။ ဆရာမ Naina ဆိုတဲ့ မိန်းမပျိုလေးဟာ Tourette syndrome လို့ခေါ်တဲ့ ဝေဒနာ ခံစားနေရသူပါ။\nဒီဝေဒနာ ကဦးနှောက်ရဲ့ လုပ်ဆောင်ချက် စည်းချက်မကျမှုတွေကြောင့် စိတ်လှုပ်ရှားတိုင်း ကြို့ထိုးနေတဲ့ ခံစားမှု မျိုးဖြစ်ပါတယ်။ ဒီဝေဒနာဟာ ဥာဏ်ရည်ဥာဏ်သွေးကိုတော့ မထိခိုက်ပါဘူး။\nဒါပေမဲ့ ဒီဝေဒနာကြောင့်ပဲ Naina ဟာ ငယ်စဉ်ကတည်းက ရယ်ပြောင်ခံခဲ့ရတယ်။ ကျောင်း များစွာမှ ထုတ်ပယ်ခံရပြီး မိသားစုဆက်ဆံရေး မှာလည်း ပျော်ရွှင်မှုမရှိခဲ့ဘူး။\n\" ကျွန်မ ကို သာမန်ကလေးတွေလို တန်းတူ ဆက်ဆံပေးကြပါလား ရှင် \"\nသို့ပင် Naina ဟာ ပြင်မရတဲ့ အားနည်းချက်ကို သိမ်ငယ်မနေခဲ့ပါဘူး။ ဒီတစ်ချက်ဟာ ဇာတ်ကားရဲ့ Message တစ်ခုပါပဲ။\nဘ၀လူသားတွေဆီမှာ အားနည်းချက်ကိုယ်စီ ရှိတတ်ကြပြီး ပြင်မရတဲ့အားနည်းချက်တွေမှာပဲ စိတ်ဓာတ်ကျရပါတယ်။ ဒါပေမဲ့ Naina ရဲ့ စရိုက် က ဒီစိတ်ဓာတ်ကို\nရိုက်ချိုး ပြနိုင်ခဲ့ပါတယ်။\nNaina အနေနဲ့ ဆရာမ အလုပ်အကိုင် လျှောက်တော့လည်း ကျောင်းပေါင်းများစွာက ငြင်းပယ်ခဲ့တယ်။ နောက်ဆုံးမှာတော့ St.Nokler\u0027s ကျောင်းရဲ့ အညံ့ဆုံး အဆိုးဆုံး အတန်းကို သင်ပေးဖို့ ဖြစ်ခဲ့ပါတယ်။\n9F ဆိုတဲ့အတန်းကလည်း တကယ့်အဆိုးလေးတွေချည်း။ ဆရာမ တွေကိုတောင် ထွက်ပြေးအောင် ကြံဖန်ကြတဲ့ကလေးတွေ။\nကျောင်းတစ်ခုလုံးမှာ ရတဲ့ \"Perfect \" တံဆိပ်လေးတွေ တပ်ခွင့်မရှိတဲ့ကလေးတွေ။ ကျောင်းသန့်ရှင်းရေးသမား တွေရဲ့ ကလေးတွေ။\nဒီတော့ 9F ကလေးတွေကို ပညာရေးစိတ်၀င်စားအောင် Naina တစ်ယောက် စီစဉ်ရပါတော့တယ်။\nဒီဇာတ်ကားရဲ့ ပညာရေးတည်ဆောက်ပုံက တကယ် လက်တွေ့ဆန်တယ်။ စူးစမ်းချင်စိတ်ကို တည်ဆောက်တယ်။ ကျွန်တော်ကတော့ ဒီဇာတ်၀င်ခန်းတွေ သိပ်ကြွေခဲ့တာပဲ။\n\" ကလေးတို့ နားထောင်။ မင်းတို့ကြောက်ရတဲ့ အလုပ်တွေ စာရွက်တွေပေါ်ရေးပါ။ ပြီးရင် လေယာဉ်လေးခေါက်ပြီး လွှင့်ပစ်လိုက်ကြပါ။\nမင်းတို့ကြောက် တာ မင်းတို့ အားနည်းချက် အစစ်အမှန်မဟုတ်ဘူး \"\nဒီလို တည်ဆောက်ခဲ့တဲ့ Naina ။ တကယ့် ဆရာစစ် တစ်ယောက်ရဲ့ အသွင်အပြင်တွေ။ တကယ် ချစ်မြတ်နိုးရတဲ့ စိတ်ထားတွေ မြင်ခဲ့တယ်။\nကျွန်တော်တို့ ဖြတ်သန်းရာမှာလည်း ကြယ်စင်တွေ မြင်ခဲ့ဖူးကြတယ်မဟုတ်လား။\nဒီဇာတ်ကားလေး ကို ကြည့်ရင်း ကျွန်တော်တို့ရဲ့ ဆရာသမား များကိုပြန်မြင်ယောင်လာမိတယ် ။\nဘယ်လောက် အချိန်ပေးရကောင်းတဲ့\nဇာတ်ကားကောင်းပါလဲ။\n- ဘ၀ မှာ နေရောင်ခြည် ရှိရုံနဲ့ ပန်းလေးတွေ မသန်မာတတ်သေးပါဘူး။ ပျိုးထောင် တတ်ဖို့ လိုအပ်ပါသေးတယ်။\nဒီဇာတ်ကားလေးမှာလည်း ဒီလိုပါပဲ။\nဒီကလေးတွေ ဘာကြောင့် ဆိုးသွမ်းရလဲ။ အညံ့ဆုံးဖြစ်နေရတာလဲ ဆိုတာ Naina တစ်ယောက် အဖြေရှာခဲ့တယ်။\nဇာတ် အိမ်အနေနဲ့ လည်း အပန်းပြေစေဖို့ သက်သက်မဟုတ်ဘဲ နိုင်ငံ့ပညာရေး ကိုပါ မီးမောင်းထိုးပြနေခဲ့တယ်။\nလူမှုရေး နဲ့ ပညာရေးကို နှီးနွယ်နေမှု / ဖြတ်သန်းရာ ဘဝတွေနဲ့ မိသားစုနွေးထွေးမှုကိုပါ ထည့်သွင်းရိုက်ကူးထားတာမို့ အတော် ကြည်နူးရတဲ့ ပန်းချီ တစ်ချပ်လိုပါ။\nဒီဇာတ်ကားလေး ဟာ ကျွန်တော် ပြောပြရုံနဲ့ မပြီးပြည့်စုံပါဘူး။\nဝေဒနာ ခံစားနေရတဲ့ Naina တစ်ယောက်\nဆရာမ အလုပ်ကို ဘာကြောင့် အသည်းအသန် လုပ်ချင်ခဲ့တာလဲ။\n9F အတန်းက ကလေးတွေကရော ဘယ်လို ဖြတ်သန်းရမလဲ ဆိုတာ ကတော့…………………။","cover":"https://www.dropbox.com/s/3co83of4ymq7lk7/HICHKI.jpg?raw\u003d1 "},{"title":"Avane Srimannarayana (2019)","id":"https://drive.google.com/file/d/1R7h0J1WfTJyC8shHlidB52e4SwbBTQjR/view?usp\u003ddrivesdk","description":"Avane Srimannarayana (2019) သည် IMDb 8.2/10 BookMyShow 86% Google users 96% ရထားသော ဒါရိုက်တာ Sachin ရိုက်ကူးထား၍ Chandrajith, Abhijit Mahesh တို့က ဇာတ်ညွှန်းရေးသားထားကာ သရုပ်ဆောင် Rakshit Shetty, Shanvi Srivastava, Achyuth Kumar တို့ပါဝင်သရုပ်ဆောင်ထားသော Action, Comedy ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ.....နှစ်ပေါင်းများစွာ ပျောက်ဆုံးနေတဲ့ ရတနာသိုက်ကို ပြန်လည်ထူထောင်ဖို့ အကျင့်ပျက် ခြစားနေတဲ့ ရဲတစ်ဦးနဲ့ ဓါးပြခေါင်းဆောင်နဲ့ ထိပ်တိုက်တွေ့ကြတဲ့အခါ ဘယ်လို အက်ရှင် ဟာသတွေ တွေ့ကြမလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုခံစားကြည့်ကြပါခင်ဗျာ...","cover":"https://docs.google.com/uc?id\u003d12Ud3YYl_zWJogT5g9rJ2jCWj0pg6Csm2"},{"title":"Note Book (2019)","id":"https://drive.google.com/file/d/1-ROSgMYpL9GhhygkYSEyCtzvs0iJ6nMy/view?usp\u003ddrivesdk","description":"ရေပြင်ပေါ်က ကျောင်းအိုလေးတစ်ကျောင်းမှာ ဆရာရယ်၊ဆရာမရယ်၊ ကျောင်းသားအနည်းငယ်ရယ်နဲ့ ထွေလာတစ်ခုကို ကြည့်ဖူးကြမယ်ထင်ပါတယ်။ခုချိန်မှာတော့ အကြည်တက်တက်ချင်းအမြန်ဆုံးလေး တင်ဆက်ပေးလိုက်ပါပြီ။အညွန်းလေး ရေးပြရမယ်ဆိုရင် ခံစားချက် တစ်ချို့ ထည့်ရေးပါရစေ။———————————————--ကျောင်းဆရာ၊ ကျောင်းဆရာမ တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ရတဲ့အခါဝါသနာအရင်းခံပြီး စွန့်လွှတ်စရာတွေများစွာုကြုံလာတဲ့အခါ ရင်ဆိုင်ရဲပါ့မလား။တပည့်လေးတွေက ကိုယ့်စကားကို နားမထောင်ကြတဲ့အခါ၊အရင်ဆရာမနဲ့ပဲ ပြန်သင်ချင်ပါတယ်လို့ ကိုယ့်ရှေ့မှာ ညည်းညူတဲ့အခါ ကိုယ်ဘယ်လို ခံစားရမလဲ။ဆရာ၊ဆရာမတစ်ယောက် လိုချင်တာကကိုယ့်အိမ်နဲ့ အနီးဆုံးမှာ တာဝန်ထမ်းဆောင်ဖို့၊ရာထူးကြီးကြီးမားမား တစ်ခုရဖို့ပဲလား။ဒီထက် ပိုကောင်းတဲ့ ကလေးတွေအတွက်ရည်ရွယ်ချက်တွေ ဆရာ၊ဆရာမတို့ရဲ့ ရင်ထဲမှာ ရှိတယ်ဆိုရင် ယုံမလား။ကလေးတွေအတွက်ဆိုပြီး စွန့်လွှတ်ခဲ့ရတဲ့အထဲချစ်သူရည်းစားလည်း ပါမယ်ဆိုရင် မလွဲလောက်ပါဘူး ဆိုတာ လက်ခံပါရဲ့လား။မဖွံ့ဖြိုးတဲ့ ဒေသတစ်ခု၊ ဝေးလံခေါင်သီတဲ့ ဒေသတစ်ခုကိုတာဝန်ထမ်းဆောင်ဖို့ သွားရတဲ့အခါကိုယ့်ပညာအစွမ်းတွေကို မြို့ပြကျောင်းတွေမှာထက်ပို ဒီလိုနေရာမျိုးမှာ ပိုပြီး ထုတ်ပြခွင့်ရတယ်ဆိုရင် လက်ခံမလား။လှပြီးသား ပန်းခင်းကိုပေါင်းသင်မြက်နှုတ်ရုံလောက်နဲ့ ဥယျာဉ်မှူးဘွဲ့ခံယူတတ်တာဆရာ ဆရာမတွေရဲ့ စရိုက်မဟုတ်ဘူးလေ။ဒါတွေဟာ ဆရာ ဆရာမတွေရဲ့မပြောဖြစ်တဲ့ ခံစားချက်တွေပါ။သူတို့ရဲ့ ရင်ဘတ်ကနေ ဒိုင်ယာရီ၊ မှတ်စုစာအုပ်လေးပေါ် ချရေးရုံကလွဲဘယ်သူမှ မသိတဲ့ခံစားချက်တွေဆိုတာဒီဇာတ်ကားလေး ကြည့်ရင်း နားလည်မိမှာပါ။တောရွာလေး တစ်ခုကိုပြောင်းရွှေ့ခံလိုက်ရတဲ့ဆရာမတစ်ယောက်နဲ့စေတနာတစ်ခုတည်းနဲ့ အရင်းခံပြီး ရောက်လာခဲ့တဲ့ ဆရာလေးတို့ရဲ့ဒီဇာတ်လမ်းလေးဟာ အချစ်၊ ပညာရေး၊ဘာသာရေးတွေ ရောယှက်ပြီးဝေဆာနေပါတော့တယ်။","cover":"https://docs.google.com/uc?id\u003d1aN9XvJVBYT2j6nrOBgOzyvJFpMVI1uXQ"},{"title":"Amaanat (2019)","id":"https://drive.google.com/file/d/1npYV1wgT6NerCBziwNCdq9u3RLU03IyA/view?usp\u003ddrivesdk","description":"IMDb 5.2/101h 47min | Drama | 13 December 2019 (India)Sharan ဟာသူမရဲ့ကလေးပျောက်ဆုံးသွားမူကြောင့် လိုက်လံရှာဖွေရင်း အန္တရာယ်တွေနဲ့တွေ့တဲ့အချိန်မှာ Sonaဆိုတဲ့ကောင်လေး ဆီကအကူညီတွေရခဲ့ပါတယ်သူတို့နှစ်ယောက်အတူ ကလေးကိုလိုက်ရှာကြရင်း တစ်ယောက်နဲ့တစ်ယောက်ခံစားမူတွေတိုးလာခဲ့ကြပါတယ်နောက်ဆုံးမှာ Sharanတစ်ယောက် သူမရဲ့ကလေးကိုရှာတွေ့ပါ့မလားSonaနဲ့သူမရဲ့ဇာတ်လမ်းကရော ဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ရူကြပါအုံးခင်ဗျာ","cover":"https://docs.google.com/uc?id\u003d1anj4AGAQ6BnIdAnmKugoYvD7vgzBHhfo"},{"title":"Taana (2020)","id":"https://drive.google.com/file/d/12z_W_Mg2r-suNj3NZ1rj2h3vDiKenMGx/view?usp\u003ddrivesdk","description":"Taana (2020) သည် ရထားသော ဒါရိုက်တာ Yuvaraj Subram ရိုက်ကူးထား၍  ဇာတ်ညွှန်းရေးသားထားကာ သရုပ်ဆောင်  Vaibhav Reddy, Yogi Babu တို့ပါဝင်သရုပ်ဆောင်ထားသော Comedy, Horrorဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…..မိဘတွေက သူ့ကို ရဲတစ်ယောက်အဖြစ် မြင်ချင်တယ် သူ့မှာ အားနည်းချက်ရှိနေတဲ့အတွက် မလွယ်ကူ ဒါပေမယ့် မိဘတွေအတွက် အိပ်မက်ကို သူ အကောင်အထည် ဖော်နိုင်မည်လား ထိပ်ဆုံးရောက်အောင် ချီတက်နိုင်မည်လား ဘယ်လိုဟာသ ဘယ်လို ကြောက်စရာတွေ တွေ့ရမလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုခံစားကြည့်ကြပါခင်ဗျာ….","cover":"https://docs.google.com/uc?id\u003d17jaS2q_oCDMK-9ibBsyCCNPo12VXN0Vk"},{"title":"Geetha Govindam (2018)","id":"https://drive.google.com/file/d/14NoVUDrQ_0Aaico2XzrISr2W6DgB0Tua/view?usp\u003ddrivesdk","description":"အိန္ဒိယကားကောင်းကောင်းလေးတွေ တောင်းတနေတဲ့ ပရိသတ်တွေအတွက်အလန်းစား တောင်ပိုင်းကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်Hello (2017), Hello Guru Prema Kosame (2018) တို့လို Drama, Romance ကားကောင်းတစ်ကားဆိုလည်း မမှားပါဘူးမင်းသားကလည်း လောလောလတ်လတ် CM ကတင်ပေးထားတဲ့ Taxiwaala ထဲကမင်းသားချော Vijay Deverakona ပဲဖြစ်ပါတယ်ကြည့်ဖူးနေကျ တောင်ပိုင်းကားတွေလိုမဟုတ်ဘဲ အိုဗာအက်တင်တွေ လုံးဝကင်းတဲ့ ဇာတ်ကားကောင်းတစ်ကားပါဇာတ်လမ်းလေးကတော့ ငယ်ငယ်ကတည်းက မိခင်ဆုံးပါးသွားလို့ အဖေတစ်ယောက်တည်းရဲ့ အုပ်ထိန်းမှုဖြင့်ကြီးပင်းခဲ့တဲ့ ဗီဂျေး အသက်ရွယ် ၂၅ နှစ်အရွယ်လူပျိုတစ်ယောက်မိန်းကလေးတွေနဲ့ပတ်သတ်ရင် ဘာအတွေ့အကြုံမှမရှိဘဲ ရည်းစားရဖို့နေနေသာသာမိန်းကလေးတစ်ယောက်ကိုတောင် မပိုးမပမ်းတတ်သူတခြားသူတွေနဲ့မတူဘဲ အိမ်ထောင်ရေးနဲ့ပတ်သတ်လို့အချစ်ရေးနဲ့ပတ်သတ်လို့ဇနီးမယားဆိုတဲ့အရာနဲ့ပတ်သတ်လို့ စိတ်ကူးယာဉ်ဆန်လွန်းသူငါသာ ရည်းစားထားရင် ဘယ်မိန်းကလေးမျိုးနဲ့မှအိမ်ထောင်ပြုရင် ဘယ်လိုမိန်းကလေးကိုပဲ အိမ်ထောင်ပြုမှာ စဖြင့်ရှေးဆန်တဲ့အတွေးအခေါ်တွေ တပြုံတပိုက်နဲ့ဘယ်လောက်ထိ မိန်းကလေးတွေနဲ့ပတ်သတ်ပြီး အတွေ့ကြုံနည်းလဲဆိုရင်စိတ်ဝင်စားလို့ ၆ လလောက်ပတ်လိုက်ခဲ့တဲ့ မိန်းကလေးက အိမ်ထောင်သည်ဖြစ်နေမှန်း မသိရှာဘူးအဲ့လောက်ထိ။အဲ့ဒိလို ဗီဂျေးတစ်ယောက် တနေ့မှာ အင်မတန်ချစ်ရမယ့် ဂီသားဆုတဲ့မိန်းကလေးနဲ့ဆုံစည်းခဲ့ပါတယ်သူ့ရဲ့အလွဲလွဲအချော်ချော်တွေနဲ့ အယူအဆတွေနဲ့ ဂီသားနဲ့ ဗီဂျေး ပေါင်းစည်းခွင့်ရမလားဆိုတာကိုတော့ …..(အမှန်အကန် Comedy, Drama ကားကောင်းတစ်ကားဖြစ်လို့ ပေးရတဲ့အချိန်ရုပ်ရှင် ဒေါင်းရကြိုးနပ်စေရမယ်လို့ ရဲရဲကြီး အာမခံပါတယ်)","cover":"https://docs.google.com/uc?id\u003d1BC5mX2epR_IxkVydy0VDa8uzjUu-8-aL"},{"title":"Chalo (2018)","id":"https://drive.google.com/file/d/1doewrKQtMseCbOQ_1qmOUj4LS5srsNsn/view","description":"ဟာရီဆိုတဲ့ ခပ်ဆိုးဆိုးကောင်လေးကိုမိဘနှစ်ပါးက အဘိုးအဘွားတွေရှိရာနယ်က ​တေလဂူရွာလေးတစ်ရွာဆီကို လွှတ်လိုက်တယ်။အဲ့ဒီရွာနဲ့ ဘေးရွာက နှစ်ပေါင်းများစွာရန်ဖက်ဖြစ်လာခဲ့ကြတယ်။ဖြစ်ချင်တော့ ဟာရီဟာ တဖက်က တမီးလ်ရွာသူကြီရဲ့သမီးဖြစ်သူကို ကြိုက်မိတယ်။ငယ်ငယ်ကလိုပဲ တိုက်ခိုက်ပြီး ရန်သူ့သမီးကို ရအောင်ယူမလားရွာနှစ်ရွာကြားက အမုန်းတွေရဲ့အစကို မြေလှန်ပြီး ပညာသားပါပါနဲ့ ချစ်သူကို ရအောင် ယူမလားသိတယ်မလားဒီကားထဲကမင်းသမီးလေး Rashmika Mandannaကို ကြည့်ရတာနဲ့တင် ဒီကားလေးက တန်မှာပါ။မင်းသား Naga Shaurya ကလည်း ဖြောင့်တော့ ပျိုမေတို့ သည်းခြေခိုက်ဖြစ်ကြဦးမှာ သေချာပါတယ်။","cover":"https://docs.google.com/uc?id\u003d1f5FPDNP5thOm_A6mFLs9FgFqtGaAbx15"},{"title":"Satellite Shankar (2019)","id":"https://drive.google.com/file/d/15Xd7OUwAgppDYVokAjLxQtI14ytQFH0o/view?usp\u003ddrivesdk","description":"ဒီကားက စစ်သားတွေရဲ့ ဘ၀ နဲ့ အခုခေတ်မှာ တဖြည်းဖြည်း ပျောက်လာတဲ့ လူသားဆန်မှုတွေကို အသားပေး ဖော်ပြထားတာပါ ။ဇာတ်လမ်းအကျဉ်းကရှန်ကာလို့ ခေါ်တဲ့ စစ်သားက နယ်စပ်မှာ တာ၀န် ထမ်းဆောင်ရင်း တိုက်ပွဲတစ်ခုမှာ ဒဏ်ရာရခဲ့ပါတယ်။ အဲ့ အတွက် သူ့ကို ဆရာ၀န်က ၈ ရက် အနား‌ယူခိုင်းတာကို သူက သူ့အမေဆီ အဲ့ ၈ ရက် အတွင်း ပြန်ပါရစေ ဆိုပြီး တပ်ကြပ်ဆီ ခွင့်ယူပါတယ် ။ သူ့အမေကလဲ မျက်လုံး တိမ်စွဲနေပြီး မခွဲရင် ပိုဆိုးလာမှာ ဖြစ်တဲ့ အတွက် ခွင့်တောင်းတယ် ၊ သူ့ အိမ်ကို သွားဖို့ ၃ ရက်လောက် ကြာမှာ ဖြစ်ပြီး အသွား ၃ ရက် အပြန် ၃ ရက်နဲ့ အိမ်မှာ နေဖို့ ၂ ရက်ပဲ ပျမ်းမျှ ရှိပါတယ် ၊ ဒါပေမယ့် သူတို့ တပ်မှာ သူက လွဲပြီး ဘယ်သူမှ ခွင့် မရပါဘူး ၊ အဲ့တာကြောင့် သူ့ကို သူ့ လုပ်ဖော်ကိုင်ဖက်တွေက သူတို့ မိသားစုနဲ့ လမ်းကြုံ ၀င်တွေ့ပေးဖို့ အကူအညီတောင်းပါတယ် ၊ အကုန်လူးက အခက်အခဲ တွေ ရှိနေကြပြီး သူ ရမယ့် ၈ ရက် ထဲမှာ သူ့စခန်းကို ပြန်ရောက်အောင်လာတာတွေ ၈ ရက်အတွင်းမှာ ပြဿနာတွေ လူသား မဆန်မှုတွေ အနိုင်ကျင့်မှုတွေ နိုင်ငံရဲ့ အကျင့်ပျက် ခြစားမှုတွေကိုပါ ပါအောင် ရိုက်ထားနိုင်တဲ့ ကားကောင်းလေးပါ ။#credit goldchannel","cover":"https://docs.google.com/uc?id\u003d1ColNVozWIGwQPJAEmB3v7DaAr4tctI9r"},{"title":"Mardaani 2 (2019)","id":"https://drive.google.com/file/d/16-pWBXR__vKdCG1cS455YkHYJxCrRtI1/view?usp\u003ddrivesdk","description":"၂၀၁၉ခုနှစ်မှာ အဆင့်သတ်မှတ်ချက်တွေ ကောင်းကောင်းရထားတဲ့ နာမည်ကြီးရုပ်ရှင် ဇာတ်ကားကြီး အောင်ပွဲခံအပြီး အကြည်ထွက်လာလို့ တင်ဆက်ပေးလိုက်ပါတယ်။\nအိန္ဒိယတစ်နိုင်ငံလုံး မုဒိမ်းကျင့်သတ်ဖြတ်မှုတွေ၊ အမျိုးသမီးငယ်တွေ ပျောက်ဆုံးမှုတွေနဲ့ ပြည့်နှက်နေချိန် ကိုတာရဲစခန်းကို အက်စ်ပီရွိုင်ဆိုတဲ့ ရဲမေတစ်ဦးရောက်ရှိလာခဲ့တယ်။\nမုဒိမ်းကျင့်ပြီး ရက်ရက်စက်စက်သတ်ဖြတ်ခံရတဲ့ အမျိုးသမီးတစ်ဦးအလောင်းကို အဆောက်အဦးပျက်တစ်ခုရဲ့ ကန်စပ် တစ်ခုမှာ ရုပ်ပျက်ဆင်းပျက် တွေ့ရတယ်။\nအက်စ်ပီရဲမေကတော့ မီဒီယာနဲ့ တွေ့ဆုံပွဲမှာ \"အဲ့ဒီအောက်တန်းစားရာဇဝတ်ကောင်ရဲ့ ကော်လံကို ဆွဲပြီး တရားရုံးကို ခေါ်ခဲ့မယ်\"လို့ ကတိပေးထားတယ်။\nဒါကို ကြားသွားတဲ့ တရားခံဟာ မာနခဲ မိန်းမတွေကိုမှ ခံတွင်းတွေ့တတ်သူဆိုတော့ ရဲမေကို စိန်ခေါ်မှုတွေ ပြုလုပ်လာပါတော့တယ်\nလူသတ်မှုတွေ တစ်ခုနဲ့တစ်ခုကို ချိတ်ဆက်ပြီး သတ်ဖြတ်လာတယ်။\nလူသတ်သမားဟာ အကျိုးစီးပွားမရရင်တောင် လူသတ်မှုနဲ့နာမည်ကြီးချင်လာတယ်။ ရဲမေရဲ့ အနီးကပ်အထိလူသတ်မှုတွေ လုပ်လာတယ်။\nအင်မတန်မှ ပါးနပ်တဲ့ လူသတ်သမားဗီလိန်နဲ့ အထက်က ဖိအားပေးသလို\nပြည်သူတွေရဲ့ ဆန့်ကျင်မှုတွေကိုပါ ခံလာရတဲ့ ရဲမေတို့ရဲ့ ကစားပွဲကို ကိုယ်တိုင်ခံစားကြည့်ကြပါဦး။\nဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။\n#credit cm","cover":"https://docs.google.com/uc?id\u003d1geT-wHPucJawaYIQYQp5PeTxm39mkY42"}]}

Comments

Popular posts from this blog

Privacy MSub Yote Shin

EngMovie 2

Bollywood 2