EngMovie 2

{"movies":[{"title":"El Gringo (2012)","id":"https://drive.google.com/file/d/1-tGcLeNHWt2x_dlidgnyG3BN6TSX2wzM/view?usp=drivesdk","description":"ယူရီဘွိုင်ကာ လို့လူသိများတဲ့ Undisputed မင်းသားကြီး စကော့အက်ဒ်ကင်စ် ရဲ့အက်ရှင်ကားလေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်...\n\nဒေါ်လာ ၂ သန်းပါတဲ့ ခရီးဆောင်အိတ်တစ်လုံးကိုလွယ်ပြီး လူတစ်ယောက် မက္ကဆီကိုနိုင်ငံထဲကိုရောက်လာတယ် ဒီလူကဘယ်သူလဲ ဒီပိုက်ဆံတွေကကော ဘယ်ကရလာတာလဲ ဒုစရိုက်မှုတွေများပြားလှတဲ့ မက္ကဆီကိုမှာ ငွေထုပ်ကြီးတကားကားနဲ့ ဘယ်လိုဒုက္ခတွေရောက်မှာလဲ ကြည့်ရှုလိုက်ကြပါဦး","cover":"https://docs.google.com/uc?id=1Sop1Ptb-ZwJq25ezr7mDfS9wvGxlxJeO"},{"title":"Inside Man (2006)","id":"https://drive.google.com/file/d/1JpcnvobZJFzsCTKMARHAD1t9FefYTQOi/view?usp=drivesdk","description":"ခရစ်စမတ်ကာလမှာ လူ ၄ယောက်ဟာ နယူးယောက်မြို့လယ်ကောင်ရဲ့ဘဏ်တစ်ခု ကိုဓားပြဝင်တိုက်တယ် …\n\nဒါကြောင့် ရဲတွေလည်း ဘေးပတ်လည်မှာ ဝိုင်းထားတယ်…. တီဗွီသတင်းတွေ သတင်းစာတွေအတွက်ဏ်ဓားပြမှုအကြောင်းဟာ ခေါင်းစဉ်ကြီးဖြစ်သွားတယ် .\n\n..ဓားပြ ၄ယောက်ဟာ ဘဏ်အတွင်းမှာရှိတဲ့ ဝန်ထမ်းနဲ့ ငွေကိစ္စဖြင့်လာရောက်သူတိုင်းရဲ့ဖုန်းတွေကို ပိတ်တယ်…. ကားသော့တွေသိမ်းတယ်..\n\n. ပြီးတော့ သူတို့အားလုံးရဲ့အဝတ်တွေလဲခိုင်းတယ်..ဘဏ်ဓားပြတွေဟာ အသင့်ချုပ်ထားတဲ့ ဝတ်စုံကို ဓားစာခံတွေကို ပေးဝတ်လိုက်တယ်…\n\nဒီတော့ ဓားပြတိုက်သူနဲ့ ဓားစာခံက သေနတ်ကိုင်ထားတာနဲ့မကိုင်တာပဲကွာတော့တယ်…. ရဲတွေက cctv ကနေစလိုက်တယ် …\n\nဒါပေမဲ့ ဓားပြ မတိုက်ခင်၂မိနစ်လောက်အလိုထိပဲ ကြည့်လို့ရတယ် infard bulbက စီစီတီဗွီကင်မရာကို ပိတ်လိုက်နိုင်တယ်…\n\nဓားစာခံတွေကို အခန်းထဲထည့်အလုံပိတ်ထားတယ် သူတို့ကအပြင်မှာနေတယ် ဓားပြတွေဟာ စကားဝှက်အနေနဲ့ Steve Q လို့သုံးတာရှိသလို Steve 0လို့လည်းသုံးတယ် .\n\n…ဒီဓားပြမှုကို ကိုင်တွယ်တဲ့ စုံထောက်ရဲ့ လုပ်ကွက်တွေကလည်း ပညာရှင်ဆန်တယ်….သို့ပေမယ့်လည်……..\n\nဒီကားက အဓိကမင်းသားကြီး (၂)လက်ဖြစ်တဲ့  Denzel Washingtonနဲ့ Clive Owen ကိုတော့ တော်တော်များများသိကြမယ်ထင်တယ်….\n\n၂၀၀၆ ခုနှစ်ကား ဆိုပေမယ့် ဒီဘက်ခေတ်ကားတွေကို ကောင်းကောင်းယှဉ်လို့ရတယ်…ဒီကားဇာတ်လမ်းအစ စာတန်းထိုးကထဲကနည်းနည်းထူးဆန်းတဲ့ နောက်ခံတေးသွား…\n\n.နောက်ပြီးတော့ ဓားပြခေါင်းဆောင်နဲ့ စုံထောက်ရဲ့အားပြိုင်မှု….မြှုတ်ကွက်တွေလည်း မထင်မှတ်တဲ့ရှုထောင့်က ပေါ်လာတတ်တယ်..\n\nခင်ဗျားဟာ ဇာတ်လမ်းအစ ကထဲက ဓားပြခေါင်းဆောင်နေရာမှာ သူခင်းတဲ့အကွက်တွေကို အံအားတစ်သင့်ငေးမောလိုက် ..\n\nစုံထောက်ကြီးဘယ်လိုများ ဓားပြတွေကိုဖမ်းမလဲ စဉ်းစားလိုက်….ဓားပြတွေရဲ့အဓိကရည်ရွယ်ချက်က ဘာလဲတွေးလိုက်နဲ့..\n\n.သေချာတယ် ခင်ဗျားဟာဒီကားကိုကြည့်ပြီးရင်  တော်တော်လန်းတဲ့ကားလို့မှတ်ချက်ချမိလိမ့်မယ်…..စကားမစပ် ဒီကားက 2006ခုနှစ်ရဲ့ Movie of the Year ဆုရခဲ့တယ်…","cover":"https://docs.google.com/uc?id=1Sq0zYvgPl6TZ6nLm9bimps7VXPCI24fh"},{"title":"Immortals (2011)","id":"https://drive.google.com/file/d/1XF8uKMenyp7yI9n8cUcAvQAOe5vM8DYw/view?usp=drivesdk","description":"ဂရိ နတ်ဘုရားကောင်းတွေကြိုက်နှစ်သက်သူရှိပါသလား။ Immortal ဆိုတဲ့ကားကောင်းလေးနဲ့မိတ်ဆက်ပေးပါရစေ ။\n\nဒီကားလေးက သီးဆီးယပ်စ် လို့အမည်ရတဲ့ နတ်ဘုရားအကြောင်းလေးပါ။ များသောအားဖြင့်တော့ ဂရိ နတ်ဘုရားတချို့က\nဇုဇ် နတ်မင်းကြီးနဲ့လူသားအကြား ပေါင်းဖက်ပြီးဖြစ်လာတတ်ပေမဲ့ သီးဆီးယပ်စ် ကတော့ လူသားစစ်စစ်တစ်ယောက်ပါ။\n\nဟေပရီယွန် ဆိုတဲ့ လူသားမကောင်းဆိုးဝါးကြီးက နတ်ဘုရားတွေကို မုန်းနေတဲ့သူမို့ နတ်ဘုရားကို တိုက်ခိုက်ဖို့\nတိုင်တန် ဆိုတဲ့ ငရဲသားတွေကို လွှတ်ပေးဖို့ကြံစည်ပါတယ်။ ဒါကို တားဆီးဖို့ သီးဆီးယပ်စ် ကအသက်နဲ့လဲပြီး\nလူသားမျိုးနွယ်တွေကို ကာကွယ်နိုင်ခဲ့ပါတယ်။ ထို့အတွက်ကြောင့်လည်း သူက နတ်ဘုရားအဖြစ် ချီးမြောက်ခြင်းခံခဲ့ရပါတယ်။\n\nရှေးဟောင်းနတ်ဘုရားကို စိတ်ဝင်စားသူတွေအတွက် ကားကောင်းလေးတစ်ကားပါလို့ ညွှန်းပေးပါရစေ။\n(နတ်ဘုရားနာမည်များ မြန်မာမှုပြုထားတဲ့အတွက် အမှားအယွင်းရှိပါကသည်းခံပေးကြပါ ခင်ဗျာ )","cover":"https://docs.google.com/uc?id=1SqfN2jvbrohNEfSpDLaplg8x0PU6crNe"},{"title":"Twelve Monkeys (1995)","id":"https://drive.google.com/file/d/1JtXIjuGPIFI4YhcwaQsvlykmZSxs4ELU/view?usp=drivesdk","description":"ဒီရုပ်ရှင်က ဘယ်လိုရုပ်ရှင်မျိုးလဲဆိုတာ ဥပမာပေးရရင်\nဟိုးတုန်းက ကြက်ဥနဲ့ကြက်မ ဘယ်ဟာ အရင်ဖြစ်သလဲဆိုတဲ့Paradoxလိုပါပဲ။\nဒါပေမယ့် သိပ္ပံပညာရှင်တွေက ကြက်ဥခွံမှာပါတဲ့ ဒြပ်တစ်မျိုးကို ကြက်မကသာထုတ်နိုင်တယ်ဆိုတာ အတည်ပြုပြီးစီးခဲ့တဲ့အတွက် တခြား ဥပမာတစ်ခုပြောင်းသုံးပါမယ်။\nဘုရားသခင်သာ အရာအားလုံး လုပ်နိုင်တယ်ဆိုရင်သူမ နိုင်စွမ်းမရှိတဲ့ တောင်တစ်လုံးကို ဖန်ဆင်းနိုင်ပါသလားဆိုတဲ့ Omnipotence paradoxပါ။\n\nဘုရားသခင်က သူမနိုင်စွမ်းမရှိတဲ့ တောင်တစ်လုံးကို ဖန်ဆင်းလိုက်တယ်ဆိုရင်လည်း သူအရာအားလုံး မလုပ်နိုင်တော့ပါဘူး။\nမဖန်ဆင်းဘူးဆိုရင်လည်း သူ အရာအားလုံး မလုပ်နိုင်သေးပြန်ပါဘူး။\n\nဒီရုပ်ရှင်ကလည်း ဒီလိုပါပဲ\nကိုယ့်အမြှီး ကိုယ်ပြန်မြိုထားတဲ့ မြွေတစ်ကောင်ပါပဲ။1996မှာစပြီး လေထုထဲ ဗိုင်းရပ်စ်တစ်မျိုး ပျံ့နှံ့ခဲ့တာကြောင့် ကမ္ဘာမြေမျက်နှာပေါ်မှာ လူတွေနေလို့မရတော့ပါဘူး။\nလူသားတွေဟာ မြေအောက်ထဲမှာ မြေကြွက်တွေလို ရှင်သန်နေရပါတယ်။ \n\n2035မှာ‌တော့သိပ္ပံပညာတိုးတက်လာတာနဲ့ တစ်ပြိုင်နက် အချိန်ယန္တရားကို တီထွင်နိုင်ခဲ့ပါပြီ။\nသိပ္ပံပညာရှင်တွေဟာ ကမ္ဘာကြီးကိုကယ်တင်ဖို့ ကမ္ဘာ့လေထုထဲ ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်ရဲ့ mutation ဖြစ်မသွားခင်\nမူလပုံစံရဲ့ အချက်အလက်တွေကို အတိတ်ကနေ ပြန်စုံစမ်းဖို့ အခွင့်အရေးရလာပါတယ်။\nကောက်ချက်တွေအရတော့ 12monkeysလို့ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုက ဗိုင်းရပ်စ်ကို ဖြန့်ခဲ့တာ သိထားပါပြီ။\n12monkeysကို စုံစမ်းဖို့ လွှတ်ရမယ့် အန္တရယ်များတဲ့ အချိန်ခရီးရှည်ကြီးကိုတော့ လူကောင်းသူကောင်းတွေကိုသူတို့လွှတ်လို့ အဆင်မပြေပါဘူး။\n\nဆိုတော့ကာ\nထောင်သားတွေကို လုပ်အားပေးအနေနဲ့သုံးပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို မက်လုံးပေး ခိုင်းစေခဲ့ပါတယ်။\nဒီစုံစမ်းမှုအတွက် အပြစ်သားအတော်အသုံးချခဲ့ပေမယ့် အချိန်လွဲချော်မှုအစရှိတဲ့ ကယောက်ဂယက်တွေကြောင့် အတော်များများ ရူးသွားခဲ့တာပါပဲ။\n\nသိပ္ပံပညာရှင်တွေဟာ စူးစမ်းရှာဖွေမှုကောင်းတဲ့ ဂျိမ်းစ်ကိုးလ်ကို လုပ်အားပေးအလှည့်ကျအဖြစ် ဗိုင်းရပ်စ်ဖြစ်ခဲ့တဲ့ ၁၉၉၆ကိုလွှတ်လိုက်ပါတယ်။\nကံဆိုးချင်တော့ ကိုးလ်ရောက်သွားတာ ၁၉၉၀ပါ။\nလမ်းမပေါ် ပလတ်စတစ်အကြည်သား ဝတ်စုံကြီးဝတ် အတွင်းခံကလွဲအထင်းသားမြင်နေရတဲ့ ကိုးလ်ကို\n၁၉၉၀က လူတွေ ပို့လိုက်တဲ့တစ်ခုတည်းသောနေရာက အရူးထောင်ပါပဲ။\nဒီရုပ်ရှင်မှာ အရာအားလုံးက အကျိူးအကြောင်းတစ်ခုနဲ့ ဖြစ်‌နေကြတာပါ။\nဒီလိုနဲ့ 12monkeysရှိတောင်မရှိသေးတဲ့ ကာလကို ရောက်လာတဲ့ ကိုးလ်ဟာ\nသူတွေ့သင့်လား ‌မတွေ့သင့်လား ကျွန်တော်တို့တောင် မရေရာတဲ့ လူတွေနဲ့ တွေ့ခဲ့ရပါတယ်။အနာဂတ်ကလာတယ်ပြောပေမယ့် သက်သေပြစရာမရှိတဲ့ ကိုးလ်ဟာ\nဆေးရုံကနေ ထွက်ပြေးဖို့ကြိုးစားတဲ့အတွက် တိုက်ပိတ်ခံလိုက်ရပါတယ်။ \nဆရာဝန်တွေလာစစ်တဲ့ အခါမှာတော့ လေဝင်ပေါက်ကလေးလွဲ ဘာမှမရှိတဲ့အခန်းကနေ ကိုးလ်ဟာ ထူးဆန်းစွာပဲ ပျောက်ဆုံးသွားပါတယ်။ \nသူ့ကို ဘယ်သူမှလည်း မတွေ့တော့ပါဘူး။\n\nခြောက်နှစ်အကြာ 1996မှာတော့ ပေါင်မှာ သေနတ်ဒဏ်ရာကြီးနဲ့ ကိုးလ် ပြန်ပေါ်လာပြီး\nစိတ်ရောဂါကုဆရာဝန် ဒေါက်တာ ကတ်သရင်းရေလ်လီကို ပြန်ပေးဆွဲခဲ့ပါတယ်။\n‌ဗိုင်းရပ်စ်ဖြစ်လာဖို့ အချိန်အရမ်းနီးနေပါပြီ။\n12Monkeysနောက်ကို ကိုးလ်လိုက်နေပေမယ့် လိုက်လေဝေးလေဖြစ်နေပါပြီ။\nသူ့ကို ယုံကြည်တဲ့လူလည်း တစ်ဦးတစ်ယောက်မှ မရှိပါဘူး။\nရဲတွေလိုက်ရှာနေတဲ့ကြားကနေ ကိုးလ်ထပ်ပျောက်သွားပေမယ့် ကတ်သရင်းကတော့ ကိုးလ်ပေါင်ထဲက သူထုတ်ခဲ့တဲ့ကျည်ဆန်ဟာ ပထမကမ္ဘာစစ်ကဆိုတာ သိလိုက်ပြီ\nပထမကမ္ဘာစစ်အတွင်းက ကိုးလ်လို့ယူဆရတဲ့လူတစ်‌ယောက်ဓာတ်ပုံကိုတွေ့လိုက်တဲ့အခါမှာတော့…\n\nTime Travleကား တစ်ခုပေမယ့် ပြချင်တဲ့ Conceptကတော့ အတော်များပါတယ်။\nတိရိစ္ဆာန်အခွင့်အရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ရဲ့\nအစွန်းနှစ်ဖက်၊ Alfred Hitchcock ရုပ်ရှင်၊ အိုမာခယမ်ကဗျာ၊ နာမည်ကျော်သမိုင်းဖြစ်ရပ်တွေကို Refယူထားပြီး ဖြစ်ရပ်တွေ Dialougeတွေရဲ့ အချိတ်အဆက်က သေသပ်ပါတယ်။\n\nဒီရုပ်ရှင်နဲ့ Brad Pittပထမဆုံး အော်စကာ ဆန်ခါတင် ဝင်ထားပြီး \nSound Trackတွေထဲ WOLFGANG AMADEUS MOEZARTရဲ့ Piano Concertoတောင်ပါပါတယ်။\n\n( အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ် )","cover":"https://docs.google.com/uc?id=1Sr4yXLAsOR6nuHPigFysLo4pcOYMI74L"},{"title":"1. The Four (2012)","id":"https://drive.google.com/file/d/1y-BhukljYNSMMPajFDLHDnLsOlUxkH71/view?usp=drivesdk","description":"ပရိတ်သတ်တွေရဲ့ အသည်းကျော် ဂူဂူးလေးရဲ့ The Four ကားလေးကို စာအမှန် ရုပ်ထွက်အကြည် နဲ့ ပြန်တင်ဆက်\nပေးလိုက်ပါတယ်ဗျာ။ဇာတ်လမ်းအကျဉ်းလေးကတော့ …..\nရဲချုပ် လျှို လူကြီးမင်းဦးဆောင်နေတဲ့ ဌာန ၆ ဆိုတဲ့ အထူးစုံစမ်းထောက်လှမ်းရေး အဖွဲ့တစ်ခုရှိတယ် ။\nခက်ခဲနက်နဲတဲ့ အမှုတော်တော်များများကို ဖော်ထုတ်နိုင်လို့ မင်းနေပြည်တော်မှာ အထူးနာမည်ရပြီး အာဏာရနေတဲ့အဖွဲ့ပေါ့ ။\nတစ်နေ့မှာ ရွှေဒင်္ဂံါးပြားအတု ထုတ်တဲ့ ဘလောက်တုံး ပျောက်ဆုံးမှု အမှုတစ်ခုကို ဌာန ၆ က ရဲချုပ်ကိုယ်တိုင်\nဆင်းဖမ်းရင်း ဆန်ဟုန်ဖူး ဆိုတဲ့ အဖွဲ့တစ်ခုနဲ့ သွားဆုံမိတယ် ။\nဆန်ဟုန်ဖူး အဖွဲ့ဆိုတာနန်းတွင်းဘုရင့်အမိန့်တော်နဲ့ ကျူကယ်ကျုံး ဦးဆောင်ဖွဲ့စည်းထားတဲ့ အထူးလျှို့ဝှက်ထောက်လှမ်းရေး အဖွဲ့ဖြစ်နေတယ် ။\nကျူကယ်ကျုံးဆိုတာ အရင်တုန်းက ဘုရင့်ကိုယ်ရံတော် ။ စည်းစိမ်ဥစ္စာပြည့်စုံတဲ့ ကိုယ်ရံတော် ရာထူးကို\nကျူကယ်ကျုံးက ချိုင်လူကြီးမင်းနဲ့ ပြသနာရှိတယ် ဆိုပြီး စွန့်လွှတ်ခဲ့ပြီး ဆန်ဟုန်ဖူးဆိုပြီး အဖွဲ့တစ်ခုကို ထူထောင်ထားခဲ့တယ် ။\nဆန်ဟုန်ဖူး အဖွဲ့ကိုဌာန ၆ ရဲချုပ် လျှိုလူကြီးမင်းက မယုံဘူး ။ ဒါကြောင့် သူ ယုံကြည်စိတ်ချရတဲ့ ဌာန ၆ က သူ့တပည့် လန်လင်ချီကို\nအဖွဲ့က ထုတ်ပစ်ပြီး ဆန်ဟုန်ဖူးအဖွဲ့ကို စုံစမ်းစေတယ် ၊ တစ်ဘက်လှည့်နဲ့ ပျက်ဆီးအောင်လည်း ကြံဆောင်စေပါတယ် ။\nတိုင်းပြည်တစ်ဝန်းလုံးမှာလည်းငွေဒင်္ဂံါးအတုတွေက အစစ်မနဲ့မခြား ပေါများနေတုန်းပဲ ဘဏ်တွေက အတုကို\nလက်မခံတော့ အောက်ခြေလူတန်းစားတွေပဲ ဒုက္ခဖြစ်နေကြတယ် ။ ဒဂါႍးပြားအတု နောက်ကွယ်မှာ ဘယ်လို ရာထူးရာခံ ပုဂ္ဂိုလ်တွေ\nရှိနေပြီး ဘယ်လိုလူတွေက နောက်ကွယ် စီမံနေတယ်ဆိုတာကို ဌာန ၆ နဲ့ အတူ ဟုန်ဆန်ဖူး အဖွဲ့သားတွေက ဖော်ထုတ်နို\nင့်ပါ့လား ။ ဌာန ၆ ရဲ့ ခြေထိုးခံမှုတွေကိုရော ဆန်ဟုန်ဖူးတွေ တွန်းလှန်နိုင်ပါ့မလား ……..စည်းစိမ်ဥစ္စာ ၊ရာထူးအာဏာကြားက မေတ္တာတရားတွေ ၊\nအမြီးကျက် အမြီးစားပြီး ကြီးပွားချင်သူတွေ ၊ ခေါင်းကျက် ခေါင်းစားပြီး ကောင်းစားချင်သူတွေနဲ့ သပွတ်အူလို ရှုပ်ထွေးလှတဲ့\nနန်တွင်းအရှုပ်တော်ပုံနဲ့ နိုင်ငံရေးတွေ ရာထူးလုပွဲတွေကို ခံစားကြပါစေကုန်………(အညွန်းက တော့ ကိုဝေလင်းကျော်မှတင်ဆက်ပေးထားတာ ဖြစ်ပါတယ်)","cover":"https://docs.google.com/uc?id=1QNb_c5-3oldn9_coC62k0t5PhOArPFkA"},{"title":"2. The Four 2 (2013)","id":"https://drive.google.com/file/d/1H_xhuY8bnW9w0F_ID5jwY8HaEn0JFQaq/view?usp=drivesdk","description":"ဒီဇာတ်ကားကတော့ The Four 1 ရဲ့ အဆက်ဖြစ်ပါတယ်။ပထမပိုင်း ကြည့်ဖူးမှ ကောင်းကောင်း\nနားလည် သဘောပေါက်မယ်လို့ ထင်ပါတယ်။မင်းသမီးချော ဂူဂူး ပါဝင်ထားတာဖြစ်လို့ ပရိတ်သတ်\nတွေ အကြိုက် တွေ့ခဲ့တဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရရင်တော့\nပထမကားမှာ ငွေအတု ကိစ္စ ကို နောက်ကွယ်က ကြိုးကိုင်နေတဲ့ အန်ရှီကျန်းကို နှိမ်နှင်းပြီးတဲ့ နောက်မှာ\nတော့ ဆန်ဟုန်ဖူ(ဒီဗိုင်းအဖွဲ့) ဟာဆိုရင် နေပြည်တော် တစ်ဝိုက်မှာ ဋ္ဌာန ခြောက် ထက်ကို ပိုပြီး အလေးပေး\nခြင်းကို ခံလာရပါပြီ။ ပြည်သူတွေက လည်း အားကို တကြီးပေါ့။ဒီလိုအချိန်မှာပဲ ပထမကားက ဗီလိန်\nအန်ရှီကျန်းက မသေသေးပဲ သစ်ပင်တစ်ခုကို ကပ်ပါး ဘဝနဲ့ မှီခို နေရပါတယ်။သူ့သားဒီလို ဘဝကို\nရောက်သွားလို့ မကျေမနပ်နိုင်ဖြစ်နေသူကတော့ လူကြီမင်း အန်းပါ။သူက ဆန်ဟန်ဖူ နဲ့ ဋ္ဌာန ခြောက်တို့ကို\nလက်စားချေဖို့ အကွက်ကျကျ စီစဉ် ပါတော့တယ်။တစ်ဖက်မှာလည်း ဆန်ဟုန်ဖူ မှာ အကွဲအပြဲတွေ ဖြစ်ဖို့\nအကြောင်းဖန်လာပါတော့တယ်။လူသတ်မှု့ ကို စုံစမ်းရင်း လွန်ခဲ့တဲ့ ၁၂ နှစ်က မိသားစု တစ်ခု အသတ်ခံရတဲ့\nအကြောင်း အရင်ပေါ်ပေါက်လာပါတယ်။အဲ့မိသားစုက သူတို့ အဖွဲ့ထဲက တစ်ယောက်ရဲ့ မိသားစုဖြစ်နေတဲ့အခါ။\nရှီ လူကြီမင်းက သူ့သားအတွက် ဘယ်လို အကွက်ကျကျ လက်စားချေမလဲ …..ဆန်ဟုန်ဖူ အဖွဲ့ ကကော ဘယ်လို\nဆက်ဖြစ် မှာလဲ ဆိုတာတွေ ကို စိတ် ဝင်စားဖွယ် ကြည့်ရှု့ရမှာပါ။","cover":"https://docs.google.com/uc?id=1QQPSnbY1unb1rOT5IleSmSHgHezrxUFU"},{"title":"3. The Four 3 (2014)","id":"https://drive.google.com/file/d/1j6fxmnYHzzTK50zcG8QysIOJ2idHhE-r/view?usp=drivesdk","description":"ဒီကားကတော့ The Four သုံးကားထဲမှာ နောက်ဆုံး ကားပဲ ဖြစ်ပါတယ်။ပထမကားနဲ့ ဒုတိယကားကို မကြည့်ဖူး\nရင် သိပ်သဘောပေါက်လောက်မှာ မဟုတ်လို့ ပထမ နှစ်ကားကို ကြည့်ဖို့ အကြံပြုချင်ပါတယ်။ဇာတ်လမ်းကို နည်းနည်း\nပြန် မိတ်ဆက်ပေးရမယ်ဆိုရင်တော့ ဒုတိယကားထဲမှာ မိသားစုအကြောင်း အမှန်တရားကို ရှောင်ယွယဲ့ (Yifei Liu)\nက သိရှိသွားခဲ့ပြီး ကျူးကယ်ကျုံး နဲ့ သံလက်တို့ကို စိတ်ပျက်သွားခဲ့ပါတယ်။လန်လင်ကျီး လဲထို့အတူပါပဲ ဒါပေမဲ့ သူက\nရှေင်ယွယဲ့ အပြင် ဋ္ဌာနခြောက် က ကျိယောင်ဟွာတို့နဲ့လဲ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းဖြစ်နေပြန်ပါတယ်။ကျိယောင်ဟွာ\nတစ်ယောက်ကတော့ သခင်အန်းဆိုတဲ့ လူရဲ့ အမိန့်ကို မလွန်ဆန်နိုင်ဖြစ်နေတာပါ။ သခင်အန်းတစ်ယောက်ကတော့\nသူ့သားအတွက် လက်စားချေဖို့ အတွက် ဋ္ဌာနခြောက် ဆန်ဟုန်ဖူတို့ အပြင် မင်းကြီး အရိုက်အရာကိုပါရယူချင်နေတာပါ။\nဒီလိုနဲ့ တစ်ရက်မှာ မင်းကြီးတစ်ယောက် သာမန်အဝတ်အစားနဲ့ တိုင်ခန်းလှည့်လည်ရင်း အဖမ်းဆီးခံလိုက်ရပါတယ်။\nဒီအချိန်မှာပဲ သခင်အန်းက ထီးနန်း ရယူဖို့ ကြိုးစားပါတော့တယ်။ စွမ်းအင် ကြီးမားလှတဲ့ သူ့ကို The Four လေးယောက်\nဘယ်လိုများအနိုင်ယူမလဲဆိုတာကို စိတ်ဝင်မစားကြည့်ရှု့ရမှာဖြစ်ပါတယ်။","cover":"https://docs.google.com/uc?id=1QRwIY91ExD8SVwo9Bix_oceSGhix7JC1"},{"title":"Clash of the Titans (2010)","id":"https://drive.google.com/file/d/1yeIcqo70-K-YH6korvH84EP8WJqyeBcA/view?usp=drivesdk","description":"လူတွေပြောနေကြတဲ့ အစောဆုံးပုံပြင်တွေက ကြယ်တွေထဲမှာ ဖြစ်ပေါ်ခဲ့တာပါ .. လူနဲ့ နတ်ဘုရားတွေမပေါ်ခင် ကမ္ဘာကြီးကို တိုင်တန်တွေအုပ်ချုပ်တဲ့အချိန်ပေါ့တိုင်တန်တွေက တန်ခိုးကြီးတယ်… ဒါပေမယ့် တိုက်တန်တွေဟာ သူတို့ရဲ့သားတွေကြောင့်ပဲ အဆုံးသတ်သွားခဲ့တယ်.\nသူတို့ကတော့ ဇူးစ် ပဆိုက်ဒန် နဲ့ ဟေဒီစ် တို့ပါ ဇူးစ် ကသူ့မိဘတွေကို ပြန်တိုက်ခိုက်နိုင်တဲ့ အလွန်သန်မာတဲ့ သားရဲတစ်ကောင်\nသူ့ညီ ဟေဒီစ် ကို ဖန်ဆင်းခိုင်းတယ်..ဟေဒီစ် က သူ့ရဲ့အသွေးအသားနဲ့ စကားမပြောနိုင်တဲ့ ကြောက်မက်ဖွယ်ခရာတန် ကို မွေးဖွားခဲ့တယ်..\nဇူးစ်က ကောင်းကင်ဘုံရဲ့ ဘုရင်ဖြစ်သွားတယ်.. ပဆိုက်ဒန်က ပင်လယ်တွေရဲ့ ဘုရင်..ဟေဒီစ် ကတော့ ဇူးစ်ရဲ့ လှည့်စားမှုကိုခံရပြီး..\nအမှောင်(အပ)လောက ကိုသာ အုပ်ချုပ်ခဲ့ရတယ်.. လူတွေကို ဖန်ဆင်းသူက ဇူးစ် ဖြစ်ပြီး လူတွေက နတ်တွေ ထာ၀ရ ရှင်သန်ဖို့ ပူဇော်ပသ ရပါတယ်.. ဒါပေမယ့် လူသားမျိုးနွယ်က အရှိန်အဟုန်နဲ့ ကြီးထွားလာပြီး.. နတ်ဘုရားတွေကို မေးခွန်းထုတ်လာကြတယ်..နောက်ဆုံးမှာတော့ နတ်ဘုရားတွေကို တိုက်ခိုက်တဲ့အထိအင်အားကြီးလာပါတယ်.. ဒီကမ္ဘာကြီးမှာ ကလေးလေးတစ်ယောက်မွေးဖွားလာတယ်.. အရာရာကို ပြောင်းလဲပေးမယ့် ကလေးလေးတစ်ယောက်ပေါ့ သူ့နာမည်က…ပါစီးယက်စ် နတ်ဘုရားတွေကို ပုန်ကန်မှုကိုအကြောင်းပြုပြီး ဟေဒီစ် ကလူတွေကိုဒဏ်ခတ်ဖို့ ဇူးစ် ဆီမှာခွင့်တောင်းတော့ ဇူးစ် ကခွင့်ပြုခဲ့တယ်။နတ်ဘုရားတွေကို ပုန်ကန်တဲ့ အာဂိုဘုရင်ကို နတ်ဘုရားတွေ အမျက်ပြေဖို့ ဘုရင့်သမီးကို\nခရာတန် ဆီမှာ ယစ်ပူဇော်ဖို့ အမိန့်ပေးခဲ့တယ်..။ အဲဒီမှာ ဟေဒီစ် နဲ့ ပါစီးယက်စ် တွေ့ကြတယ်..။ဟေဒီစ် က ပါစီးယက်စ် ဟာ လူနတ်ဘုရားဆိုတာသိသွားသလို ပါစီးယက်စ် ဟာလည်း သူ့ကိုသူ နတ်ဘုရားရဲ့သားတော်ဆိုတာ သိသွားခဲ့တယ်။ ပါစီးယက်စ် ဟာသူ့မွေးစားမိဘတွေနဲ့ ညီမလေးကို သတ်သွားတဲ့ ဟေဒီစ် ကိုလက်စားချေဖို့ ဆုံဖြတ်ပြီး အာဂိုစစ်သားပူပေါင်းပြီး ခရာတန် ကိုသတ်နိုင်တဲ့ အဖြေသိရဖို့ …… ဒီဇာတ်ကားက ရေးမယ်ဆိုရင် တော်တော်များများကိုရေးချင်စရာတွေပါပဲ.. ရုပ်ရှင်သမားတွေ အရသာပျက်မှာစိုးလို့ ဒီလောက်ပါပဲ..။ ငယ်ငယ်က စာထဲမှာရင်းနှီးခဲ့ရတဲ့ ပါစီးယက်စ် ကို ရုပ်ရှင်ကြည့်တော့လည်း မရိုးနိုင်အောင်ကောင်းပြန်ပါတယ်..။ မကြည့်ရသေးတဲ့ သူငယ်ချင်းတွေ ကြည့်ဖြစ်အောင်ကြည့်ကြပါလို့ တိုက်တွန်းသလို ကြည့်ပြီးသူတွေလည်းထက်ကြည့်ဖြစ်ဦးမယ်လို့ ယုံကြည်ပါတယ်..။မကြည့်ရသေးတဲ့သူတွေကြည့်ရအောင်ပြန်လည်မျှေ၀ပေးလိုက်ပါတယ် Credit Review","cover":"https://docs.google.com/uc?id=1QC5KCm-tBtEZR6Hex2BVYi48gjDTCPSx"},{"title":"Courage Under Fire [1996]","id":"https://drive.google.com/file/d/1FJf_gfU1uDaGI-nY1JvXJDBzQhFZDx-1/view?usp=drivesdk","description":"Patrick Sheane Duncan က ဇာတ်ညွှန်းရေးသားပေးခဲ့သည့် Courage Under Fire ဇာတ်ကားကို Director Eward Zwick က ရိုက်ကူးထားပြီး Fox 2000 Picture ၏ ပွဲဦးထွက်ရုပ်ရှင်ကားလည်းဖြစ်သည်။ အမေရိကန်ဒေါ်လာ ၄၆ သန်း အကုန်အကျခံရိုက်ကူးထားသည့် Courage Under fire သည် ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိခဲ့သည့်ဇာတ်လမ်းလည်းဖြစ်သည်။\n\nဇာတ်လမ်းအား အီရတ်တို့ကူဝိတ်ကိုကျူးကျော်ထားစဉ်တွင် အီရတ်တပ်များအား အမေရိကန်တပ်များက ဝင်ရောက်မောင်းထုတ်ပေးခဲ့သည့် ပင်လယ်ကွေ့စစ်ပွဲအပေါ် အခြေခံထားသည်။ \n\nဇာတ်လမ်းအကျဉ်းမှာ ဒုတိယဗိုလ်မှူးကြီး နသန်နီရယ် ဆာလင်း (Denzel Washington) သည် အမေရိကန်အမှတ်(၂)တင့်ကားတပ်ရင်း၏ တပ်ရင်းမှူးဖြစ်ပြီး အယ်ဘက်သရာမြို့တွင်တိုက်ခိုက်ခဲ့သည့် ညတိုက်ပွဲတခုတွင် မိမိတပ်အား တပ်ချင်းမှားယွင်းပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ အမေရိကန်စစ်တပ်သည် ၎င်းဖြစ်စဉ်အား ဖုံးကွယ်ထားခဲ့ပြီး စစ်ပွဲအပြီးတွင် ဒုမှူးကြီးဆာလင်းအား သူရဲကောင်းစွမ်းရည်ဘွဲ့အပ်နှင်းပြီး တိုက်ခိုက်ရေးတာဝန်မှ ရုံးတာဝန်သို့ပြောင်းလဲတာဝန်ထမ်းဆောင်စေခဲ့သည်။ ထိုသို့တာဝန်ထမ်းဆောင်စဉ်အတွင်း ၎င်းပင်လယ်ကွေ့စစ်ပွဲအတွင်းတွင် ရဲရင့်စွာတာဝန်ထမ်းဆောင်ခဲ့သည့် ဟျူဝီရဟတ်ယာဉ်မောင်း ဗိုလ်ကြီးကာရမ်အမ်မာဝဲလ်ဒန် (Meg Ryan)ဆိုသည့်အမျိုးသမီးအား သူရဲကောင်းဘွဲ့ပေးရန် ဖြစ်စဉ်အားစုံစမ်းရန် တာဝန်ပေးအပ်ခံခဲ့ရသည်။\n\nစစ်သားကောင်းပီသလွန်းလှသည့် ဆာလင်းအနေဖြင့် သူ၏သူရဲကောင်းဘွဲ့အား သံသယဝင်လျက်ရှိပြီး စွမ်းရည်ဘွဲ့ပေးအပ်မှုအားစိစစ်ရန် တာဝန်ပေးအပ်လာခဲ့ရာ ယခုအကြိမ်တွင် အမှန်အတိုင်းဖြစ်စေလိုသည့် ဆန္ဒလည်းပြင်းပြလျက်ရှိရာ ၎င်းဖြစ်စဉ်အား စိတ်နှစ်ပြီး စုံစမ်းခဲ့သည်။ ကပ္ပတိန်ဝဲလ်ဒန်သည် အရေးပေါ်ကယ်ဆယ်ရေးတပ်ဖွဲ့မှ ဟျူဝီရဟတ်ယာဉ်မောင်းဖြစ်ပြီး အမေရိကန်စစ်တပ်မှ ဘလက်ဟော့ခ်ရဟတ်ယာဉ်တစီးပျက်ကျရာသို့ သွားရောက်ကယ်ဆယ်ရန်တာဝန်ပေးအပ်ခံခဲ့ရသည်။ သူမ၏ယာဉ်တွင် အထူးသူနာပြု အီလာရီယို(Matt Damon)၊ အကူရဟတ်ယာဉ်မောင်း ရေဒီ(Tim Guinee)၊ လက်နက်ကိုင်စစ်သည် အော်လ်တာမိုင်ယာ(Seth Gilliam) နှင့် မန်းဖရစ်ဇ်(Lou Diamond Phillips) တို့လိုက်ပါခဲ့ကြပြီး သူတို့တပ်ဖွဲ့ ပျက်ကျနေသည့် ဘလက်ဟော့ခ်သို့ရောက်သောအခါ မိမိတို့၏စစ်သည်များအား ရန်သူအီရတ်များက မြေပြင်တပ်များနှင့်သာမက T-54 တင့်ကားတစီးနှင့်ပါ ဝိုင်းဝန်းတိုက်ခိုက်လျက်ရှိသည်ကိုတွေ့ရှိရပြီး မိမိမှာလည်း အခြားတိုက်ပွဲနေရာမှထွက်လာရခြင်းဖြစ်ရာ ဒုံးကျည်မပါတော့သဖြင့် ရဟတ်ယာဉ်၏အရံဆီပုံအား ဖြုတ်ချ၍ ရန်သူ့တင့်ကားပေါက်ကွဲအောင် ချေမှုန်းနိုင်ခဲ့သည်။ \n\nသို့ရာတွင် သူမ၏ရဟတ်ယာဉ်မှာလည်း ရန်သူ့ပစ်ခတ်မှုကြောင့် ပျက်ကျခဲ့ရပြီး ရန်သူအား တညနှင့်တမနက် ရင်ဆိုင်ခဲ့ရပြီး နောက် ကယ်ဆယ်ရေးယာဉ်များရောက်ရှိလာချိန်တွင် ကပ္ပတိန်မှာ ကျဆုံးသွားပြီဟု သတင်းပို့ခြင်းခံခဲ့ရသည်။ ၎င်းဖြစ်စဉ်အား ဆာလင်းမှ စစ်ဆေးရာ ကပ္ပတိန်ဝဲလ်ဒန်၏စစ်သည်များ နှင့် ပျက်ကျသည့်ဘလက်ဟော့ခ်မှစစ်သည်များ ထွက်ဆိုချက်ပေးရာတွင် ကွဲလွဲချက်များရှေ့နောက်မညီမှုများတွေ့ရှိရသဖြင့် အဆင့်ဆင့်ဆက်လက်စုံစမ်းပုံကို ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။ Courage under fire ဇာတ်ကားသည် စစ်သားတယောက်၏ အနှစ်သာရ ၊ စစ်သားတယောက်၏သန့်စင်သောစိတ်၊ အချင်းချင်းထားရှိသော ရဲဘော်ရဲဘက်စိတ်တို့ကို လှပစွာခြယ်မှုန်းထားပြီး တကယ့်အကြပ်အတည်းတိုက်ပွဲအခြေအနေတွင် သူရဲဘောကြောင်သူနှင့် သူရဲကောင်းဆန်သူ ၊ သူရဲကောင်းဟူသည် တိုက်ပွဲမှာတိုက်ခိုက်ရဲသည့် လက်ရုံရည်စွမ်းရည်သာမက အမှန်ကိုဝန်ခံရဲသည့် နှလုံးရည်ပြည့်ဝခြင်းပါ ရှိရမည့် အကြောင်းတို့ကိုပါ ဖော်ကျူးထားပြီး ဇာတ်လမ်းအား လှည့်ပတ်ဆွဲဆောင်တန်ဆာဆင်ထားမှုများကြောင့် ရင်တမမနှင့်ကြည့်ရှုရမည့် ဇာတ်ကားကောင်းလည်းဖြစ်သည်။ ၁၉၉၆ ခုနှစ်ထုတ်ဇာတ်ကားဖြစ်သော်လည်း ယခုတိုင်ခေတ်မီနေဆဲ အသက်ဝင်နေဆဲဇာတ်လမ်းတပုဒ်လည်းဖြစ်ရာ စစ်ကားကြိုက်သူများသာမက ဒရာမာဇာတ်လမ်းကြိုက်သူများပါ လက်မလွှတ်သင့်သည့် ဇာတ်လမ်းလည်း ဖြစ်သည်။ ဇာတ်ကားရိုက်ကူးရာတွင် ထူးခြားခဲ့သည့်ဖြစ်စဉ်များမှာ(၁) ဇာတ်လမ်းတွင် အသုံးပြုထားသည့် M1A1 Abram တင့်ကားများအား အမေရိကန်စစ်ဘက်မှ မူလကကူညီမည့်အစီအစဉ်ပျက်ပြားသွားပြီးနောက် အင်္ဂလန်၏ Centuions တင့်များကို သံပြားများဖြင့် ပုံစံတူပြန်လည်ဖန်တီးတည်ဆောက်ထားခြင်းဖြစ်သည်။ ၎င်း တင့်ကားများအား ( Craddle to Grave 2) ဇာတ်ကားတွင် လည်း ပြန်လည်အသုံးပြုခဲ့သည်။(၂.) Matt Damon သည် ဤ ဇာတ်ကား၏ နောက်ပိုင်းဇာတ်ဝင်ခန်းအားရိုက်ကူးရာတွင် ပေါင်ချိန်လျော့ကျသွားသည့် ဆေးသမားအဖြစ်သရုပ်ဆောင်ထားရာ ၎င်းဇာတ်ဝင်ခန်းအတွက် ပေါင်ချိန်(၄၀) အထိ ချပစ်ခဲ့ရာ ကျန်းမာရေးစိုးရိမ်ရသည်အထိဖြစ်ခဲ့ပြီး ဒါရိုက်တာကပါ ဝိတ်မချရန်တားယူရသည်အထိဖြစ်ခဲ့သည်။ ၎င်းအချိန်က matt Damon မှာ နာမည်ကြီးသရုပ်ဆောင်မဟုတ်သေးပါ။ သို့ရာတွင် သူ၏ကြိုးပမ်းမှုကြောင့်ပင် ဒါရိုက်တာစတီဗင်စပီးဘတ်က Private Ryan ဇာတ်ကားတွင် အဓိကဇာတ်ကောင်အဖြစ် သူ့အားယုံကြည်စွာအပ်နှင်းခဲ့ခြင်းဖြစ်သည်။\n(၃). Denzel washington သည် ၎င်းဇာတ်ကားတွင် ပြတ်သားရမည့်နေရာတွင် ပြတ်သားလှသကဲ့သို့ မျက်ရည်ဝဲလောက်စရာနေရာများတွင် ကြည့်ရှုသူကိုပါ မျက်ရည်ဝဲလောက်အောင် သရုပ်ဆောင်ကောင်းမွန်လှသည့်အတွက် ဟောလိဝုဒ်အော်စကာ ဆန်ခါတင်စာရင်းဝင်ခဲ့သည်။ ၄. နသန်နီယယ်ဆာလင်း နေရာအတွက် Herrison Ford နှင့် Tom Hanks တို့အား မူလက လျာထားခဲ့သေးသည်။(၄.) သူရဲကောင်းဘွဲ့အပ်နှင်းသည့် အိမ်ဖြူတော်မှ နှင်းဆီဥယျာဉ်ပုံစံဆက်တင်မှာ မုန်တိုင်းကြောင့် နှစ်ကြိမ်တိုင်တိုင်ပျက်စီးခဲ့ရသည်။(၅). ၎င်းဇာတ်လမ်းအား ၁၉၅၀ ခုနှစ်ထုတ် Rushomon မှ ဇာတ်ကျောယူထားခြင်းဖြစ်သည်။(၆). အယ်ဘက်သရာတိုက်ပွဲနေရာအား တက္ကဆက်ပြည်နယ် အယ်ပါဆိုလ်မြို့ပြင်တွင် ရိုက်ကွင်းယူခဲ့ပြီး ၎င်းနေရာသည် ယခုအခါ ကမ္ဘာလှည့်ခရီးသည်များအားဆွဲဆောင်သည့်နေရာတနေရာဖြစ်နေပြီဖြစ်သည်။(၇). IMBD (6.6) ရရှိထားပြီး Rotten Tomato(85) ရရှိထားပြီး ၎င်းတို့အပါအဝင် အခြား Rating Site ၅၄ ခု၏ review အရ (7.8/10)ရရှိထားသော ဇာတ်ကားလည်းဖြစ်သည်။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကို Chan Myae Thu Aung ဖြစ်ပါတယ်…..","cover":"https://docs.google.com/uc?id=1QJSuAnbO_q2ttfPDaaJD-92EjSqYvD1z"},]}

Comments

Popular posts from this blog

Privacy MSub Yote Shin

Bollywood 2