Bollywood 2

{"movies":[{"title":"Krazzy 4 (2008)","id":"https://drive.google.com/file/d/1tAVd_xDTbPUcd2BnX431bKc-P2v1j8ee/view?usp=drivesdk","description":"၂၀၀၈ ခုနှစ်တွင် မင်းသား ဟရီတစ်ရော်ရှန်ရဲ့အဖေ ရာကစ်ခ်ျရော်ရှန်ရဲ့ ဖန်တီးသော ရယ်စရာဟာသ ကား တစ်ကားပါဘဲ...\n\nKrazzy ဆိုတဲ့ အတိုင်း အရူးလေးကောင်ရဲ့ ရယ်စရာဟာသကားလေး တစ်ကားပါဘဲ နောက်ပြီး cameo သီချင်း တစ်ပုဒ် မှာ ပရိသတ်အချစ်တော် SRK ကလည် ပါဝင် ပေးထားတာ ဆိုတော့ ....","cover":"https://docs.google.com/uc?id=1WaJcWaY2JbG3ZE5dBbWz-2bKwQlm0hwI"},{"title":"Knock out (2010)","id":"https://drive.google.com/file/d/11YNtGg8MDgI8aQGzKXXhalr7g0259UTz/view?usp=drivesdk","description":"ဒီတစ်ခါမှာတော့ အိန္ဒိယ ရုပ်ရှင်လောက မှာ ဆန်းသစ်တဲ့ ပုံစံနဲ့ လှုတ်လှုတ်ခတ်ခတ် ဖြစ်သွားစေတဲ့ ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ နာမည်က knock outတဲ့ မနက် ၁၁ နာရီ ကနေ နေ့ခင်း၁နာရီ အတွင်း ဖြစ်ပျက်သွားတာတွေကို စိတ်လှုပ်ရှား ဖွယ်ရာ ရိုက်ကူးတင်ဆက် ထားတာ တွေ့ရပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့…. Sanjayy Dutt က ဘယ်သူ့ကိုမှ အယုံအကြည်မရှိတဲ့ တိတ်တဆိတ် လုပ်ကြံသူ။ ခေတ်မီ လက်နက်တွေ ကိုင်လေ့ ရှိပြီး သူ့ပစ်မှတ် ကို အခက်အခဲ မရှိ သွေးအေးအေး လုပ်ကြံနိုင်သူ။ စနိုက်ပါ လက်ဖြောင့် ဆရာကြီး သူ့ ပစ်မှတ်က Irrfan. Irrfanကလည်း ခေသူမဟုတ်။ ဘဏ် လုပ်ငန်းရှင် တစ်ယောက်ဖြစ်ပြီး နိုင်ငံရေး ဘက်မှာပါ သြဇာ အတန်ငယ် ရှိထားသူ။ ခရိုနီ တွေ နဲ့လည်း ရင်းနှီး ကျွမ်းဝင်သူတစ်ယောက်။ကောက်ကျစ်ပြီး ဉာဏ်များသူ။ Irrfanရဲ့ သူများတွေအပေါ် အနိုင်ကျင့်မှုတွေကို မကျေနပ်တဲ့ Sanjayyဟာ အကွက်ကျကျ စီမံ ပြီး သာယာ တဲ့နေ့တစ်နေ့ မနက် ၁၁ နာရီလောက်မှာ Irrfanကို ဖုန်းရုံဆီ လာစေပြီး ခေါင်မိုးပေါ်ကနေ စနိုက်ပါနဲ့ချိန်ကာ………….. ဘာတွေဆက်ဖြစ်မယ်ဆိုတာကတော့ ရင်သပ်ရှုမော ဖွယ်ကောင်းလှပါတယ်။ ရဲတွေ သတင်းထောက်တွေ နဲ့ ပါ Sanjayyတစ်ယောက်အားပြိုင်ရပြီး Irrfanရဲ့ မကောင်းမှုတွေကို Irrfanကိုယ်တိုင်လူသိရှင်ကြား ထုတ်ဖော် ပြောဆိုဖို့ ဖိအားပေးစီစဉ်တာဟာ အောင်မြင်မလား ဆိုတာကတော့….","cover":"https://docs.google.com/uc?id=1WbcU0C7sCtkcf4_5UsD8AEKwoUd8B4CJ"},{"title":"Billu Barber (2009)","id":"https://drive.google.com/file/d/1u31xKKLn_Dh_xAnIPMKcD5a1Fp5yjbNX/view?usp=drivesdk","description":"ဆတ္တာသည် Billu ကိုတော့ ရှရွတ်ခန်ကို ကြည့်ချင်လို့ ကျတော်တို့သွားခဲ့တာ။ \n\nပထမ မင်းသားနေရာမှာ ခပ်တည်တည်နဲ့ သရုပ်ဆောင် နေတဲ့၊ ကျတော် တခါမှ မမြင်ဖူးသေးတဲ့၊ မင်းသားရုပ်မပေါက်တဲ့ သူ့ကိုကြည့်ပြီး \n\nဇာတ်အရ ဒုတိယနေရာက ဝင်ရိုက်ပေးတဲ့ King Khan ကိုလေးစားမိသလို \n\nBollywood မင်းသားတွေနဲ့ ရုပ်ရည်ရော ဘော်ဒီရော သရုပ်ဆောင်ပုံပါ ကွဲပြားနေတဲ့ ရိုးရိုးလေးနဲ့လေးလေးစားစား သရုပ်ဆောင်နေတဲ့ သူ့ကို ကျတော် အံ့ဩမိတယ်။ \n\nဇာတ်လမ်းကြည့်ရင်းနဲ့ မင်းသား ၂ ယောက်မှာ တယောက်က ရုပ်ရှင်မင်းသား၊ တယောက်က တောက ဘာဘာ လုပ်ရတယ် ဆိုမှ အင်း ဒီလူက မင်းသားရုပ်မပေါက်လို့ main character ဆတ္တာသည် နေရာက နေရတာလို့ သ​ဘောပေါက်မိတယ်။\n\nရယ်စရာလည်း ကောင်းတယ် တကယ့်ဘဝမှာ မင်းသားမဖြစ်နိုင်တဲ့ လူတွေ၊ အဆိုတော် မဖြစ်နိုင်တဲ့ လူတွေက ရုပ်ရှင်ထဲမှာ ဖြစ်လို့ရတယ်။ \n\nသူ့ကြမှ အပြင်မှာမိုလို့ မင်းသားဖြစ်တာ၊ ရုပ်ရှင်ထဲမှာဆို မင်းသား မဖြစ်နိုင်ဘူးလို့ ကောက်ချက်ချယူရတယ်။\n\nသူဟာ ဘောလုံးသမား ပီယာလို လိုပဲ ကျတော် ရင်ထဲ စိတ်ထဲကို တစိမ့်စိမ့်နဲ့ ဘယ်အချိန်ကတည်းက ဝင်ရောက်နေမှန်း မသိစေရဘဲ ကျတော့်ကို သူ့ပရိသတ်ဖြစ်စေခဲ့တယ်။ \n\nဇနပုဒ်က လူမဝင်တဲ့ ဆံသဆရာလေး Billu ဟာ သူတို့ဒေသဆီကို ရုပ်ရှင်လာရိုက်”မယ့်” ( မဲ့ မဟုတ်ပါ) \n\nနာမည်ကြီးမင်းသားနဲ့ ရင်းနှီးတယ်ဆိုတဲ့ သတင်းကြောင့်\nတရွာလုံးတနယ်လုံးရဲ့ အရေးပေးခြင်းကို ခံလာရတယ်၊ သူဘယ်လိုငြင်းငြင်း လူတွေက မယုံဘဲ အတင်း တံစိုးလက်ဆောင်တွေ ပေးကြတယ်။ \n\nတကယ် ရုပ်ရှင်လာရိုက်ချိန်မှာ သူဟာ မင်းသားနဲ့တွေ့ခွင့် မရတဲ့အတွက်ရော၊ သူကိုယ်တိုင်က တွေ့ဖို့ ရှောင်ဖယ်ဖယ် လုပ်နေတဲ့အတွက်ရော ရွာသားတွေက ရိုက်ကွင်းကို အတင်းခေါ်သွားရင်းနဲ့ ပြဿနာ တက်ပြီး ရဲစခန်း ရောက်ကြရပါတယ်။ \n\nအဲဒီအခန်းမှာ ကျတော် စကားတခု မှတ်သားမိပါတယ်။ ရွာသားတွေက ရဲကိုပြောတယ် ၊ ကျတော်တို့ ရိုက်ကွင်းကို အတင်းဝင်ခဲ့ရတဲ့ အကြောင်းကတော့ မင်းသား သူငယ်ချင်း ဘီလု ကို လိုက်ပို့တာပါတဲ့။\n\nဘီလု က မင်းသားသူငယ်ချင်းလို့ ဘယ်သူပြောလဲ ဆိုတော့ တရွာလုံး ပြောနေကြတာပဲ တဲ့ ။\n\nဟုတ်ပြီ တရွာလုံးကိုရော ဘယ်သူကပြောလဲ တဲ့။ သူတို့မှာ ဖြေစရာ မရှိတော့ပါဘူး။ \n\nအဲဒီလိုနဲ့ ဘီလုဟာ လူလိမ်တယောက်ဖြစ်ခဲ့ရပြီး \n\nမင်းသားနဲ့ မိတ်ဆက်ပေးဖို့ မျှော်ကိုးလို့ ပေးထားခဲ့တဲ့ ဆံပင်ညှပ်ဆိုင် ပစ္စည်းတွေကို သူများကလာပြန်ယူတဲ့အခါ \n\nဘီလုဟာ အမှိုက်ပုံမှာ စွန့်ထားတဲ့ သူရဲ့ ထိုင်ခုံအကျိုးနဲ့ မှန်အဟောင်းလေးကို သွားပြန်သယ်တဲ့ အခန်းမှာ ကျတော့်နှလုံးသားပါ သူ့ဆီပါသွားတာပါပဲ။ \n\nလူမဝင်တဲ့ သူ့ဆိုင်လေးမှာပဲ သူဟာ ပုံမှန်အတိုင်း အလုပ်လုပ်တယ်၊ ပုံမှန်အတိုင်း နေထိုင်တယ်၊ ပုံမှန်အတိုင်း သရုပ်ဆောင်တယ်။\n\nသနားစရာကောင်းပါစေ ဆိုတဲ့ စိတ်နဲ့ အမူအရာတွေ မလုပ်ခဲ့ပေမယ့် တကားလုံးမှာ သူ့သိမ်ငယ်စိတ်တွေကို ထင်းထင်းကြီး ခံစားရတယ်။ \n\nဒီလိုနဲ့ မင်းသားရှရွတ်ဟာ ရပ်ရွာဆန္ဒကို အလေးထားပြီး ဘီလုရဲ့ကလေးတွေ တက်တဲ့ မူလတန်းကျောင်းမှာ နယ်ခံတွေနဲ့ တွေ့ဆုံပွဲလုပ်တယ်။\n\nသူ့သား၊ သမီးနဲ့ မိန်းမက တွေ့ဆုံပွဲကိုသွားကြတယ်၊ တရွာလုံးနဲ့ သူ့မိသားစုကပါ လူလိမ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဘီလုကတော့ အိမ်မှာပဲ ချန်နေပြီးမှ တိတ်တဆိတ် လိုက်လို့ ချောင်တခုမှာ ရပ်ကြည့်နေတယ်။\n\nရယ်စရာတွေပဲ ပြနေတဲ့အခန်းမှာ ရုပ်ရှင်မင်းသားက နှုတ်ဆက်စကားဆိုတယ်။ \n\nကျောင်းသား ကလေးငယ်လေးတွေကို ရည်ညွှန်းပြီးတော့\nကလေးတို့ ဒီအရွယ်မှာ ဘယ်လောက်ကံဆိုးတယ် ဆိုဦး အကောင်းဆုံးသော သူငယ်ချင်းကို ဒီအချိန်မှာပဲ ရနိုင်တဲ့အတွက် တန်ဖိုးထားဖို့ ပြောဆိုတယ်။ \n\nကိုယ်ရဲ့နိမ့်ကျမှု ၊ မှားယွင်းမှု၊ အားနည်းချက်တွေကို လက်ခံပြီးတဲ့ ဟန်ဆောင်မှုကင်းတဲ့ ပကတိဘဝကို ပေါင်းတဲ့၊ မျှော်လင့်ခြင်းမဲ့ ကူညီပေါင်းသင်းတဲ့ သူငယ်ချင်း ဆိုတာ ဒီအရွယ်မှာပဲ ရတတ်တာမျိုး မဟုတ်လား။ \n\nဒီလိုနဲ့ မင်းသားဟာ သူ့အပေါ် ဖြည့်ဆည်းပေးခဲ့တဲ့ သူ့သူငယ်ချင်း ဘီလုအကြောင်းကို ပြောပါတယ်။\n\nနာမည်ကြီး မင်းသား တယောက်အနေနဲ့ ဒီနေ့ ဘယ်နေရာရောက်ရောက် သူ့နာမည်ကိုအော်ခေါ်နေတဲ့ အသံပေါင်းများစွာကို နားက ကြားရပေမယ့် \n\nသူနှလုံးသားက မျှော်လင့်နေတာဟာ သူ့သူငယ်ချင်း ဘီလုဆီက အသံတခုပဲ ဖြစ်ကြောင်းပြောကြားနေချိန်မှာတော့\n\nဘီလုဟာ တရွေ့ရွေ့နဲ့ သူ့အိမ်ဆီကို ပြန်နေခဲ့ပါပြီ။\n\nသူငယ်ချင်းက သူ့ကိုမှတ်မိသေးတယ် ဆိုတဲ့အသိဟာ သူ့ရဲ့ အဆုံးစွန်သော မျှော်လင့်ချက်နဲ့ အဆုံးစွန်သော လောဘပဲ။ \n\nကျတော့်အပေါ် ကောင်းခဲ့တဲ့ သူတွေရဲ့ ကျေးဇူးကို ဒီကားက သတိရစေပြီး ကျေးဇူးတုံ့ပြန်ဖို့ အသိကိုလည်း ပေးခဲ့ပါတယ်။\nအခုအထိ မတုံ့ပြန်နိုင်သေးတဲ့အတွက်လည်း ရှက်ရွံ့အားနာမိပါတယ်။\n\nIrrfan Khan ဟာ ဘီလုကို ကျတော်စိတ်ထဲမှာ သေချာစွာ နေရာချပေးခဲ့ပါတယ်။\n\nဘီလုဟာ ဘုရားကို နားပူနားဆာ လုပ်တဲ့လူမျိုး၊ လောကကို အပြစ်တင်နေမယ့် လူမျိုးမဟုတ်ပါဘူး၊\nရလာသမျှ၊ ဖြစ်လာသမျှကို ကျေနပ်စွာ လက်ခံပြီး၊ နှိမ့်ချစွာနဲ့ ကိုယ့်အလုပ်ကို ကြိုးကြိုးစားစားလုပ်ရင်း ဘုရားကို လက်အုပ်ချီထားတဲ့ လူတယောက်ပါ။ \n\nနောက်ထပ်အမှန်တရားကတော့ ကျတော့်ရင်ထဲကို Irrfan ထည့်ပေးခဲ့တဲ့ ဘီလုဟာ Irrfan ကိုယ်တိုင်ပဲ ဖြစ်တယ်ဆိုတာပါပဲ။\n\nတမလွန် ခရီးမှာ ငြိမ်းချမ်းပါစေ။","cover":"https://docs.google.com/uc?id=1WXBsKE-qWOcSlL1dMV_3l0hAktEp-mA_"},{"title":"Acid Factory (2009)","id":"https://drive.google.com/file/d/1AQCW8XEPkvnld62eG_d2pWB5bVb-XOCZ/view?usp=sharing","description":"ဒီကားမှာ မင်းသားချည်းပဲ ငါးယောက်လောက် ပါဝင်ထားပြီး\nအဲ့ဒီထဲက မင်းသား Irrfan Khan ဟာဆိုရင် ဟောလိဝုဒ်ထိ\nပေါက်ရောက်တဲ့ ဒိတ်ဒိတ်ကြဲ မင်းသားကြီးပါ။ \n\nဇာတ်ကားလေးက အက်ရှင်ကားဆိုတာထက် လျှို့ဝှက်ဆန်းကြယ်ပုံစံလေးပါ။\nဇာတ်လမ်းအစမှာ လူငါးယောက် အက်ဆစ်စက်ရုံတစ်ခုမှာ နိုးလာတယ်...။\nသူတို့ကိုယ်သူတို့ ဘယ်သူဘယ်ဝါ ဆိုတာလဲ မမှတ်မိကြဘူး....။\nဘာလို့ ဒီထဲကိုရောက်နေတာလဲဆိုတာလဲ မသိကြဘူး....။\n\nဇာတ်ကားလေးက တရားခံဘယ်သူလဲ ဆိုတဲ့ ပဟေဌိဆန်တဲ့ကားမျိုး ဖြစ်လို့\nအများကြီး ညွှန်းနေရင် ကြည့်ရှုသူ ပေါ့ပြတ်ပြတ် ဖြစ်သွားပါလိမ့်မယ်။\n\nသေချာတာကတော့ ဒီဇာတ်ကားလေးဟာ ကြည့်တဲ့သူကို အဆုံးထိ\nမထချင်လောက်အောင် ဖြည်းဖြည်းချင်း ဆွဲခေါ်သွားမှာဖြစ်လို့\nဇာတ်ကားကောင်းကြိုက်သူတွေအတွက် အချိန်ပေးရတာ\nတန်တဲ့ကားလေးဖြစ်မယ်ဆိုတာ အသေအချာပါပဲ...။","cover":"https://docs.google.com/uc?id=1WUo2aUX-hhFeyw2S4A5W5NeumWdBLuWc"},{"title":"Thaandavam (2012)","id":"https://drive.google.com/file/d/1mRU3ea2H-Iw3anY4kXK8rS40AuwMQfmR/view?usp=drivesdk","description":"ကန်နီဆိုတဲ့Tamilလူမျိုးမျက်မမြင်တစ်ယောက်ဟာ သူ့ဘဝဝမ်းရေးအတွက် ချာ့ခ်ျကျောင်းတစ်ခုမှာ စန္ဒယားတီးရင်းနဲ့ အသက်မွေးနေရပါတယ်။ တစ်နေ့ ဆာရာဆိုတဲ့ Miss London နဲ့ ကန်နီတို့တွေ မတော်တဆတွေ့ဆုံသွားတဲ့အခါ ဆာရာက ကန်နီ့ကိ သနားချစ်ခင်သွားမိပါတော့တယ်။ ဒီလိုနဲ့ တစ်နေ့မှာ ဆာရာတစ်ယောက် ကန်နီရဲ့ဘဝအမှန်ကိုသိရှိသွားတဲ့အခါမှာ … \n\nLondon အပါအဝင် အင်္ဂလန်နိုင်ငံတစ်ဝှမ်းမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားပြီးတဲ့နောက် လူချမ်းသာအများစုဟာ လူတစ်ယောက်ရဲ့သတ်ဖြတ်ခြင်းကို ခံရပါတော့တယ်။ ဒီလူသတ်မှုတွေဟာ ဘယ်လိုကြောင့်ဖြစ်တာလဲ ဘာဖြစ်လို့အသတ်ခံရတာလဲ။ သတ်တဲ့သူကဘယ်သူလဲ ဗုံးပေါက်ကွဲမှုရဲ့နောက်ကွယ်မှာ ဘာတွေရှိသလဲ ဘာကြောင့်ဒီလိုတွေဖြစ်ရတာလဲ။ ဒီပေါက်ကွဲမှုတွေကြောင့် ဘယ်လိုတွေထိခိုက်နစ်နာခဲ့ရသလဲ အစရှိတဲ့ သည်းထိတ်ရင်ဖိုဖြစ်ရပ်တွေကို တစ်ခုပြီးတစ်ခု အချိတ်အဆက်မိမိ ရိုက်ကူးပြသထားတဲ့ တမီလ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။","cover":"https://docs.google.com/uc?id=1VdAfX57Vy_HrvgbPDrL1acC4YYSAL27P"},{"title":"Iru Mugan (2016)","id":"https://drive.google.com/file/d/1WYLyFWsDIb62LxV9EKLiEoy8KGHTBVU8/view?usp=drivesdk","description":"အထင်ကရ Bollywoodကားကောင်းကောင်းကြိုက်သူများအတွက် \nနာမည်ကျော် Vikram ရဲ့ ပထမဆုံး နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားတဲ့ Action Thriller တစ်ကားထက် တစ်ကား ပိုမိုပြီး ထူးခြားဆန်းသစ်အောင် ရိုက်ကူးလာတဲ့ Bollywood ရဲ့ ထုံးစံအတိုင်း .....\n\nဇါတ်အိမ်ကိုအဆင့်မြင့်မြင့် နဲ့ အာဏာရှင် ဟစ်တလာရဲ့ တပ်တွေဆီမှာ စိတ်ကူးယဉ် မြစ်ဖျားခံထားတာကို တွေ့ရှိရပါတယ်ခင်ဗျ။ မလေးရှားနိုင်ငံမှာ ရိုက်ကွင်းအခြေတည်ရိုက်ကူးထားတဲ့အတွက် မြင်နေကျ bollywood ရဲ့ အသွင်အပြင်နဲ့ ကွဲပြားနေတာတော့ အမှန်ပါပဲခင်ဗျာ။.....\n\nပြင်ပ အထူး အေးဂျင့် အကီလန် ဟာ (Code name) LOVE လို့ခေါ်တဲ့ ရာဇ၀တ်ကောင်တစ်ယောက် ပြန်ပေါ်လာတဲ့အတွက် ရာထူးချထားရာကနေ ပြန်လည်ခေါ်ယူခဲ့ပါတယ်။ ပြန်လည်ဖော်ထုတ်အသုံးပြုရောင်းချဖို့ကြိုးစားခဲ့တဲ့ အကြမ်းဖက်ဒုစရိုက်ခေါင်းဆောင် LOVE ဟာ.....\n\nလေးနှစ်ကြာ မလေးရှားနိုင်ငံမှာ ဇါတ်မြှုပ်နေခဲ့ပြီးနောက် အာဏာရှင်ဟစ်တလာရဲ့ စစ်သားတွေအပေါ်မှာ စမ်းသပ်သုံးစွဲခဲ့တဲ့ စိတ်ကြွဆေး တစ်မျိုးကိုဖြန့်ဖြူးဖို့ ကြိုးစားလာတာကို စုံစမ်းသိရှိရတဲ့အခါ ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးတဲ့ အေးဂျင့် အကီလန်နဲ့....\n\nLOVE ဆိုတဲ့.. သွေးအေး မူးယစ်ရာဇာတို့ရဲ့ အကြားက ရင်သပ်ရှုမောဖွယ် Action ခန်းတွေကို ရင်တသိမ့်သိမ့်နဲ ရှုစားကြရမှာဖြစ်ပါတယ်ခင်ဗျ။ အထက်က ဆိုခဲ့သလို Vikram ဟာ ဒုစရိုက်ခေါင်းဆောင် အချစ် အနေနဲ့ရော ပြင်ပ အထူးအေးဂျင့်တစ်ယောက်အနေနဲ့ရော ပီပြင်စွာ....\n\nသရုပ်ဆောင်ထားတဲ့အတွက် အထူးပြုလုပ်ချက်တွေကို ပိရိသေသပ်စွာ ဖန်တီးထားပါတယ်။ ထို့အတွက် ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း. ဇါတ်လမ်းတွေစောင့်မျှော်နေကြတဲ့ Bollywood ချစ်ပရိသတ်များအနေနဲ့ ဇါတ်ကြမ်းကြီးကို လွယ်လင့်တကူ. စီးမျော ခံစားနိုင်ကြစေဖို့ ...","cover":"https://docs.google.com/uc?id=1V__vXMqkQslT_E2lKgUg0DleGXv397ug"},{"title":"David (2013)","id":"https://drive.google.com/file/d/1gTZ2EQxRACtdstTQ-jZH7lqhcK_A1u_2/view?usp=drivesdk","description":"နာမည်တူ လူနှစ်ဦး၏ အဖြစ်အပျက်နှစ်ခုကို ရိုက်ပြထားသော \n\nAction/ Crime/ Drama ရသစုံ အိန္ဒိယ တမီးလ် ဇာတ်ကားပါ။\n\nဒေးဗစ် တစ်ယောက်မှာ အဖေက အရက်သောက်လွန်ကာ\n\nသေဆုံးခဲ့ပြီး အမေ နဲ့ အတူနေရသည်။ \n\nမိန်းမနဲ့ ပတ်သက်လာလျှင် ကံဆိုးလွန်းသော ဒေးဗစ်ဖြစ်သည်။\n\nဒေးဗစ် နောက်တစ်ယောက်မှာ အဖေ ခရစ်ယန်ဘုန်းတော်ကြီးနှင့် \n\nဘာသာရေးနဲ့ပတ်သက်ပြီး အမြဲတမ်း အမြင်မတူ ဂီတကို ဝါသနာပါ \n\nမုဆိုးမတစ်ဦးနဲ့ ချစ်ကြိုက်၍ အောင်မြင်ခါနီးတွင် ဖခင်အား လူရှေ့သူရှေ့ \n\nအစော်ကားခံရသောအခါ ဖခင် အတွက် လက်စားချေရန် ကြိုးစားရင်း \n\nအသိတရားရသွားပုံတွေကို ဇာတ်ကားမှာ ရှုစားရမှာပါ။\n\nဒေးဗစ်နှစ်ယောက် နောက်ဆုံး ဘယ်လိုဘယ်ပုံ ဆုံကြမလဲ.?\n\nဇာတ်လမ်းလေးမှာ ဆက်လက် ကြည့်ရှုကြပါကုန်.....","cover":"https://docs.google.com/uc?id=1V_1DU96rHcQCghlSXdRx9SY8zBXjFiOk"},{"title":"Bajirao Mastani (2015)","id":"https://drive.google.com/file/d/1a3lE_rmyHVe_OK9tY-CKoiBlKlTUxVK7/view?usp=drivesdk","description":"အိန္ဒိယ သမိုင်းထဲက စစ်သူကြီးတဦးရဲ့ အချစ်နဲ့ စစ်ပွဲတွေကိုတွေမြင်ရမှာပါ..။\n\nဘာသာမတူ အယူအဆမတူ နေရာဒေသမတူတဲ့ Bajirao( ဘာဂျီရောင်ဝ်) နဲ့ Mastani(မက်စ်တာနီး) တိုရဲ့ အချစ်ဇာလမ်းဟာဘယ်လိုတွေဖြစ်လာမလဲ..... \n\nBajirao မိခင်ရဲ့ဒုက္ခပေးမှု့တွေ.....\n\nဒုတိယနေရာသာရပေမယ့် Bajirao ကိုချစ်တဲ့ အချစ်မလျော့မှု့တွေကို ခံစားရမှာပါ...\n\nပြတ်သားတဲ့ စစ်သူကြီတယောက်ရဲ့ ဆုံးဖြတ်မှု့တွေ တိုက်ပွဲအလီအလီကို အနိုင်တိုက်ပီး အိန္ဒိယ အင်ပါယာကို ကြီးမားအောင်ကြိုးစားအားထုတ်မှု့တွေ.....\n\nမေတ္တာတွေ သစ္စာတရားတွေ ဂရုဏာတရားတွေကို ဖော်ကြူးရိုက်ကူးထားတယ့် အိန္ဒိယဇာတ်ကားကောင်းတခုဖြစ်ပါတယ်\n\nဒီကားထဲမှာတော့ မင်းသားကြီး အိန်ဖန်းခန်းက ဇာတ်လမ်းရဲ့ နောက်ကြောင်းပြောသူအနေနဲ့ဘဲ ပါဝင်ထားပါတယ်\n\nဇာတ်လမ်းစစချင်း နောက်ခံက သူပြောတဲ့အသံကို နားထောင်ကြည့်ကြည့်နော်","cover":"https://docs.google.com/uc?id=1Tggm7vi8g5SM2_k6mX7gXzPoL8ORBKuG"},{"title":"Qayamat Se Qayamat Tak (1988)","id":"https://drive.google.com/file/d/15cXZK1-6WjoEUVViGJY1FBhSq9Zc8SrH/view?usp=drivesdk","description":"ရိုမီယိုနဲ့ ဂျူးလီယက်\n\nရှင်မွေးနွန်းနဲ့ မင်းနန္ဒာတို့လို အချစ်မျိုး\n\nရာ့ဂ်ျနဲ့ ရက်ရ်ှမီတို့ရဲ့ ရင်နင့်ဖွယ် အချစ်ဇာတ်လမ်း...\n\nမျက်ရည်မခိုင် အသည်းနုသူများ မကြည့်ရ....\n\nQayamat Se Qayamat Tak (From Doom Till Doom )(1988) ဟာ IMDb 7.5/10 Google users 85% ရထားသော ဒါရိုက်တာ Mansoor Khan ရိုက်ကူးထား၍ Nasir Hussain က ဇာတ်ညွှန်းရေးသားထားကာ သရုပ်ဆောင် Aamir Khan, Juhi Chawla, Goga Kapoor တို့ပါဝင်သရုပ်ဆောင်ထားသော Drama, Musical, Romance ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ...\n\nရာ့ဂ်ျရဲ့ ရက်ရ်ှမီတို့ဟာ နှစ်ဖက် မိဘတွေက ခါးသီးတဲ့ ကမ္ဘာရန်သူတွေ ဖြစ်ကြပေမယ့် ချစ်ကြိုက်မိသွားကြပြီး ခိုးပြေးဖို့ ဆုံးဖြတ်လိုက်ကြတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်မလဲ ဇာတ်ကားမှာ ဆက်လက်ခံစားကြည့်ရှုကြည့်ကြပါခင်ဗျာ....","cover":"https://docs.google.com/uc?id=1Tl3f1NAzkGmR-BpUngoDH4p42cEklCk7"},{"title":"Birbal Trilogy (2019)","id":"https://drive.google.com/file/d/1ElVR0y7aye8L3l7S8P9QRCSATOYOVCeO/view?usp=drivesdk","description":"Birbal Trilogy (2019) ဟာ IMDb 8.1/10 ရထားသော ဒါရိုက်တာ M.G. Srinivas ရိုက်ကူးထား၍  သရုပ်ဆောင်  Abraham Marett, M.G. Srinivas, Rukmini Vasanth တို့ပါဝင်သရုပ်ဆောင်ထားသော Thriller  ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…\n\nBirbal  ဟာ တကယ် Trilogy thriller ဇာတ်လမ်းတွဲတစ်ခုဖြစ်တယ် Saurabh Lokhande က ဒီရုပ်ရှင်ရဲ့ ဂီတပိုင်းကို လက်စွမ်းပြထားပြီး Bharath Parashuram ဓါတ်ပုံပိုင်းဆိုင်ရာ Srikanth Shroff က တည်းဖြတ်ထားတာ MG Srinivas က ဒီဇာတ်လမ်းတွဲရဲ့ Advocate Mahesh Das ရဲ့ အတကယ့် အခန်းကဏ္ဍကို သရုပ်ဆောင်းထားက ပထမပိုင်းနေနဲ့ Vajramuni ကို ရှာဖွေခြင်းဖြစ်ရာ ဘယ်လို သည်းထိတ်ရင်ဖိုတွေ တွေ့ရမလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုကြည့်ကြပါခင်ဗျာ…","cover":"https://docs.google.com/uc?id=1TldvQ1YFkCRVCldXD2D2Ikfd2FD-foKC"},{"title":"Koi Mil Gaya (2003)","id":"https://drive.google.com/file/d/1kXJTBKYMAP9W4tlmzhXS9-XD1SwfKLvc/view?usp=drivesdk","description":"IMDb (7.1/10)….Rotten Tomatoes(75%)မင်းသား Hrithik Roshan ရဲ့နာမည်ကျော် ဘောလိဝုဒ်ဇာတ်ကားဖြစ်ပါတယ်။Koi….Mil Gaya (2003)အဓိပ္ပါယ် ကတော့ I…found someone ဖြစ်ပါတယ်။ဒီဇာတ်ကား မှာ တော့ အိန္ဒိယ နိုင်ငံ Kasauli မြို့လေးမှာ Rohit (ရိုဟစ်) ဆိုတဲ့ ဉာဏ်ရည် မမီတဲ့ ကလေးစိတ်မပျောက်သေးတဲ့\nကောင်လေးတစ်ယောက် နဲ့ သူ့ဖခင် Dr.Sanjay Mehra တီထွင်ထားတဲ့ computer က အာကသ ထဲကိုလွှတ်လိုက်တဲ့ ရေဒီယို လှိုင်းတွေ\nကြောင့် ရောက်လာတဲ့ ဂြိုလ်သား လေး jadoo (ဂျာဒူး) တို့ ရဲ့အကြောင်းပါ ။ နောက်ပိုင်းတွေ မှာ jadoo ရဲ့ အကူအညီနဲ့ သူချစ်နေတဲ့\nကောင်မလေး Nisha (နီရှာ) ကို ကြိုးစားပုံ တွေ jadoo ရဲ့ စွမ်းအားတွေ လက်ခံ အပြီး အရင်ပုံ စံနဲ့ ဆန့်ကျင်ဖက် လုံးလုံး ဖြစ်သွားပုံ တွေ\nကိုတွေ့မြင်ရမှာပါ။ ဒီဇာတ်လမ်းကျောရိုး ဟာ 1982 က Hollywood နာမည်ကျော်ဇာတ်ကား E.T , the Extra-Terrestrial ရဲ့ လွှမ်းမိုး\nမှုတွေ အများကြီး ရှိတယ် လို့ ဝေဖန်ခြင်းတွေ ခံခဲ့ရပေမယ့် လူစွမ်းကောင်း Krrish မွေးဖွားဖို့ ဒီဇာတ်ကားပအစပြုထားနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းဇာတ်ကွက်လဲ အတော်ကောင်းမွန်ပြီး Rating မြင့် ဘောလိဝုဒ်ဇာတ်ကားပါ။\n(ရုပ်ရှင်အညွှန်းကို Channel D မှကူးယူဖော်ပြပါသည်။)","cover":"https://docs.google.com/uc?id=1TnS4ibHBTZu0NdDI8XKAs_yvCS_SdJct"},{"title":"Airlift (2016)","id":"https://drive.google.com/file/d/1joAR0hauJEuojsAuRCNKcyN4B1Stplpt/view?usp=drivesdk","description":"၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်မှာထွက်ရှိခဲ့တဲ့ ဒီကားဟာ ထူးထူးခြားခြားဘဲ IMdb rating မှာ 9.1/10 ရှိထားတာကိုတွေ့ရပါတယ်။ ဒီဇာတ်ကားဟာ ၁၉၉၀ မှာ အီရတ်တွေ ကူဝိတ်ကို ကျူးကျော်ဝင်ရောက်ချိန်မှာ\nအိန္ဒိယနိုင်ငံသားတွေကို ကူဝိတ်မှာ ရှင်းလင်းသတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။\nဒီဇာတ်ကားဟာဆိုရင်ဖြင့် သာမန်တွေ့မြင်နေကြ ဘောလိဝုဒ်ကားတွေနဲ့ မတူတာတခုကတော့ ရုပ်ရှင်ဒါရိုက်တာ ၂ယောက်က ရိုက်ကူးထားခြင်းဖြစ်ပြီး ပုံမှန်ကြည့်နေကြ ဘောလိဝုဒ် ဇာတ်ကားတွေနဲ့\nမတူဘဲ တမူထူးခြားကွဲထွက်နေတာကိုတွေ့ရမှာပါ။\n၂၀၁၄ ခုနှစ် က စာရင်းကောက်ယူချက်များအရဆို အိန္ဒိယ အစိုးရဟာ ဆန္ဒဟူဆိန်ရဲ့ တပ်များကျူးကျေ်ာမှုကြောင့် ကူဝိတ်နိုင်ငံမှ အိန္ဒိယနိုင်ငံသားများကို Air India လေကြောင်းလိုင်းဖြင့် ၅၉ရက်အတွင်း ပျံသန်းမှုပေါင်း၄၈၈ကြိမ်ပြုလုပ်ခဲ့ပြီး လူပေါင်း တသိန်းတသောင်းတထောင်ခုနှစ်ရာခုနှစ်ဆယ့်နှ်စ့်ယောက် ကိုရွေ့ပြောင်းပေးခဲ့ရပါတယ်။\nဒီဇာတ်ကားက သမိုင်းကြောင်းတခုတည်းကိုသာမကဘဲ စစ်အတွင်း ငွေကြေးအာဏာတွေရဲ့ အရေးပါပုံ\nလူ့စရိုက် သဘောသဘာဝတွေကိုပါ မီးမောင်းထိုးရိုက်ကူးပြသပေးထားလို့ အများကြီးမညွှန်းတော့ပါဘူးဗျာ။ဘောလိဝုတ်ပရိတ်သက်တွေကတော့ အကြိုက်တွေ့မယ်ဇာတ်ကားကောင်းတကာားပါ။","cover":"https://docs.google.com/uc?id=1TtYJk9G3_fDwpS-iL1HFGuvIKwzKrjTa"},{"title":"Duplicate (1998)","id":"https://drive.google.com/file/d/1NR5QpOhMxr-5yW4LhafdISm-3YxieEMk/view?usp=drivesdk","description":"သရုပ်ဆောင် Shah Rukh Khan နှစ်ကိုယ်ခွဲပါဝင်ထားပြီး \nမင်းသမီး Juhi Chawla ၊ \nSonali Bendre တို့ပါဝင်တဲ့ ဇတ်ကားကောင်း တစ်ကားကို HD အကြည်နဲ့ စေသနာဖြင့် တင်ဆက်ပေးလိုက်ပါတယ်\n\nဇတ်လမ်းအကျဉ်\n============\nအမေကိုအရမ်းချစ်တဲ့ သားတစ်ယောက် ယောက်ျားလေးတစ်ယောက်\nဖြစ်ပေမယ့် ကမ္ဘာကျော် စားဖိုမှူးတစ်ယောက် ဖြစ်ချင်နေတဲ့ Bablu ကို အမေကလည်း သားဆိုမှသား..\nဒါပေမယ့် သူတို့ရဲ့မျိုးရိုးစဉ်ဆက်ဖြစ်တဲ့ နပန်းမျိုးဆက်ကို သူ့သားကို ဖြစ်စေချင်နေတဲ့မိခင်တစ်ယောက် သားဖြစ်သူကတော့ ချက်တာပြုတ်တာကိုပဲ စိတ်ဝင်စားပြီး သတ်ရပုတ်ရတာကို စိတ်နဲ့တောင်မကူးဘူး အမေဖြစ်သူကလည်းသားကိုချစ်လွန်းတော့ သားဖြစ်စေချင်တဲ့အတိုင်း ထားထားလိုက်တယ်..\nတစ်ရက် အလုပ်အင်တာဗျုး\nဖြေဖို့နောက်ကျသွားတဲ့ Babluတစ်ယောက် Taxiငှားဖို့ကြိုးစားရင်း Soniaဆိုတဲ့မိန်းကလေးနဲ့သိကျွမ်းခွင့်ရခဲ့တယ် တကယ်တော့ Soniaက သူအလုပ်လျှောက်မယ့်ဟိုတယ်မှာ မန်နေဂျာဖြစ်နေတာကို Babluတစ်ယောက်မသိခဲ့ပါဘူး\n Babluရဲ့ရိုးသားမှုကြိုးစားမှုကိုသဘောကျသွားတဲ့ Sonia ဟာ Babluကို အလုပ်ခန့်လိုက်ပါတော့တယ်\nတစ်ရက်မှာတော့ရိုးသားကြိုးစားတဲ့\nBabluတစ်ယောက်ကို \nရာဇဝတ်သား တစ်ယောက်ဆိုပြီ အဖမ်းခံလိုက်ရပါတယ် \nဘာကြောင့်လဲဆိုတာကိုတော့ ဇာတ်ကားထဲမှာစိတ်ဝင်စားဖွယ်တွေ့ရမှာဖြစ်ပါတယ်.....","cover":"https://docs.google.com/uc?id=1SaOSvF3NkRa8XOaonXWYpLvIUd02lLru"},{"title":"OK Jaanu (2017)","id":"https://drive.google.com/file/d/1QQuzKcJcFZVNBv4JWXswOYFdfm59PGQk/view?usp=drivesdk","description":"ဂိမ်းတီထွင်တဲ့ကောင်လေး\"အာဒီ\"ရဲ့ ရည်ရွယ်ချက်က အမေရိကန်ကိုပြောင်းပြီ နေထိုင်ဖို့ပါ..\n\n\"တာရာ\"ဆိုတဲ့ကောင်မလေးကတော့ ဗိသုကာကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ မကြာသေးခင်ကမှ ဗိသုကာဘွဲ့ကိုရထားတဲ့သူလေးပေါ့...\nသူမရဲ့အိမ်မက်က ပဲရစ်ကိုသွားပြီ ပိုအဆင့်မြင့်တဲ့ပညာတွေကိုဆည်းပူးဖို့ပါ...\n\nတနေ့မှာ သူငယ်ချင်းရဲ့ မင်္ဂလာပွဲမှာ အာဒီနဲ့ တာရာဆုံကြရင်း မိတ်ဆွေတွေဖြစ်ခဲ့ကြတယ်...\n \nသူတို့နှစ်ယောက်စကားစမြည်ပြောရင်း လက်ထပ်ခြင်းဟာသူတို့အတွက် မဟုတ်ဖူးလို့ခံယူထားကြတယ်..\n\nသူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက်က အရမ်းကိုချစ်ကြတဲ့ ချစ်သူတွေဖြစ်သွားကြတယ်...\n\nဒါပေမယ့် သူတို့ရဲ့ အိမ်မက်တွေကိုလဲ လက်လွှတ်အဆုံးရှုံးမခံချင်ကြဘူး..\n \nအာဒီနဲ့ တာရာဟာ သူတို့ရဲ့ အိမ်မက်တွေဆီကိုပဲဆက်လျှောက်မလား??\n\nအရမ်းချစ်ကြတဲ့ ချစ်သူနှစ်ယောက်ပေါင်းဖက်ပြီး Happy Endingပဲဖြစ်မလားဆိုတာကိုတော့ ဒီကားလေးမှာဆက်လက်ကြည့်ရှုလိုက်နော်..","cover":"https://docs.google.com/uc?id=1SevmoYer6lPGK1RSVoaFg8ZfHkKvpOBf"},{"title":"Madaari (2016)","id":"https://drive.google.com/file/d/1XeKqlacC5RQ1jL__pCXNit1_sBPyTlCI/view?usp=drivesdk","description":"သည်းထိတ်ရင်ဖိုကြည့်ရမယ့် ဘောလိဝုဒ်ဇာတ်ကားသစ်လေး အကြိုခံစားကြည့်ရအောင်လို့ ဖော်ပြပေးလိုက်ပါတယ်။\n\n(၁၀)နှစ်အရွယ် ရိုဟန်ဟာ ကျောင်းဘော်ဒါဆောင်ကနေ ပြန်ပေးဆွဲခံခဲ့ရပြီး သူက ပြည်ထဲရေးဝန်ကြီးရဲ့ တစ်ဦးတည်းသောသားလည်းဖြစ်ပါတယ်။ ဝန်ကြီးသား ပြန်ပေးဆွဲခံရတာနဲ့ပတ်သက်ပြီး စစ်တပ်နဲ့ အထူးစုံစမ်းရေးအဖွဲ့တွေ အသည်းအသန် ပိုက်စိပ်တိုက် ရှာဖွေခဲ့ကြပါတယ်။ အထူး စုံစမ်းရေးအဖွဲ့အရာရှိ နာချီကက်ဗာမာဟာ အမှုကို ဦးဆောင်ကိုင်တွယ်ဖြေရှင်းနေတာဖြစ်ပြီး ပြန်ပေးသမားက ရိုဟန်ကို ညှဉ်းပန်းနှိပ်စက်တာတို့၊ သတ်ဖြတ်တာတို့ မဖြစ်ဖို့အတွက် အခြားလုံခြုံရေး အဖွဲ့တွေရဲ့ အကူအညီယူခဲ့ပါ တယ်။ ပြန်ပေးသမားဟာ တကယ်တော့ ရိုဟန်ရဲ့ သူငယ်ချင်းချီကူကို ပြန်ပေးဆွဲမှာဖြစ်ပေမယ့် ရိုဟန်ကို မှားပြီးခေါ်သွားမိခဲ့တာ ဖြစ်ပါတယ်။\n\nပြန်ပေးသမားက နီရာမယ်ဆိုသူဖြစ်ပြီး ရိုဟန်က သူ့ကိုကလန်ကဆန်လုပ်တဲ့အတွက် သူခိုင်းတဲ့အတိုင်း လိုက်မလုပ်ရင် ချီကူကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် ရိုဟန်တစ်ယောက် နီရာမယ်နဲ့အတူ လိုက်သွားခဲ့ရပါတယ်။ တစ်ရက်မှာတော့ ပြန်ပေးသမားက ချီကူရဲ့ အဖေဆီကို ဆက်သွယ်ပြီး ရိုဟန်ကို အကြောင်းရှိလို့ ပြန်ပေးဆွဲရတဲ့အကြောင်း ပြည်ထဲရေးဝန်ကြီးဆီကို အသိပေးခိုင်းခဲ့ပါတယ်။ နီရာမယ်ဟာ ဇနီးဖြစ်သူနဲ့ လမ်းခွဲပြီးနောက်ပိုင်း သံယောဇဉ်တွယ်စရာ အပုဆိုတဲ့ သားလေးနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်ခဲ့ပေမယ့် ဝမ်းနည်းစရာဖြစ်ရပ်ဆိုးကြီးကြောင့် သား အဖနှစ်ယောက် သေကွဲကွဲခဲ့ရပါတယ်။\n\nအဲဒါကတော့ ကျောင်းသွားတဲ့လမ်းမှာ တံတားကျိုးကျပြီး အပုသေဆုံးသွားခဲ့ရတာ ဖြစ်ပါတယ်။ အစိုးရက ဘာမှ တာဝန် မယူတာကို ဝမ်းနည်းဒေါသထွက်နေတဲ့ နီရာမယ်ဟာ နိုင်ငံရေးသမားတွေနဲ့ သက်ဆိုင်ရာအဖွဲ့တွေဆီကနေ သားသေဆုံးမှုအတွက် တာဝန်ယူမှုတစ်ခုခုရအောင်လုပ်ဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။\n\nပြည်ထဲရေးဝန်ကြီးသားရဲ့ ပြန်ပေး သတင်းဟာ မီဒီယာအ သားပေး သတင်းတစ်ခုဖြစ်ခဲ့ပြီး နောက်မှာ နီရာမယ်ဟာ ရိုဟန်ကို မွမ်ဘိုင်းက သူ့အိမ်ကို ခေါ်သွားခဲ့ ပါတယ်။ နောက်တော့ ရုပ်သံ သတင်းဌာနကို ဆက်သွယ်ခဲ့ပြီး သူဟာ ရိုဟန်နဲ့အတူ အိမ်မှာရှိနေ ပြီး တံတားကျိုးကျလို့ အသက် သေဆုံးမှုအတွက် ပါဝင်ပတ်သက်သူတွေအကုန်လုံး ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။\n\nအဲဒီနောက် ပြည်ထဲရေးဝန် ကြီး၊ တံတားကန်ထရိုက်တာနဲ့ ပါတီငွေတွေ အလွဲသုံးစားလုပ်သူ တွေရဲ့ အကျင့်ပျက်ခြစားမှု၊ ငွေ အလွဲသုံးစားမှုတွေကို .....\n\nဆက်လက်ကြည့်ရှုပါကုန်....","cover":"https://docs.google.com/uc?id=1SfhOm0gDvFwbT4weBOeGDi8SXhou5k6P"},{"title":"Piku (2015)","id":"https://drive.google.com/file/d/1QUdEHFdJ4OOKgqz-WS3vLL8wmskPNCVz/view?usp=drivesdk","description":"Bollywood ရဲ့မျိုးဆက် ၃ဆက်က သရုပ်ဆောင် ၃ယောက်အတွဲညီညီသရုပ်ဆောင်ထားတဲ့ရုပ်ရှင်ပါ။ Bollywood ဂန္ထဝင်မင်းသားကြီး Amitabh Bachchan နဲ့ Deepika Padukone တို့ကမတည့်အတူနေသားအဖ။ သူတို့ ၂ယောက် Delhi ကနေ Calcutta ကိုခရီးထွက်ကြတော့ Irrfan Khan ကသူ့ကားနဲ့လိုက်ပို့ပေးတယ်။ \n\nBachchan ရဲ့ဇာတ်ကောင်ကဝမ်းခဏခဏချုပ်လေ့ရှိပြီး ဘာပြဿနာပဲဖြစ်ဖြစ် ဝမ်းချုပ်တာကိုပဲအကြောင်းရှာညည်းညူနေတတ်တယ်။ သမီးဖြစ်သူကအဖေ့ကိုချစ်ပေမယ့် တခါတလေသူ့အဖေတဗျစ်တောက်တောက်ပြောတာတွေကိုနားမခံသာဘဲ ပြန်ပြောရင်းမကြာခဏစကားများလေ့ရှိပါတယ်။\n\nသူတို့ ၂ယောက်တကျက်ကျက်စကားများနေတာကိုကြည့်ပြီးရယ်ရသလို သားအဖ ၂ယောက်ရဲ့ချစ်ခြင်းမေတ္တာကိုလည်းခံစားရပါတယ်။ တချို့က Khan ကိုဒီကားမှာဇာတ်ပို့လို့ပြောကြပေမယ့် သူ့မှာလည်းကိုယ်ပိုင်ဇာတ်လမ်းနဲ့ဇာတ်ကောင်စရိုက်ရှိတာမို့ ဇာတ်ဆောင် ၃ယောက်ပါတဲ့ရုပ်ရှင်လို့ပဲမြင်ပါတယ်။","cover":"https://docs.google.com/uc?id=1SiRJ3J9x-FGJBIquq228EfCSq6q3ABIT"},{"title":"Puzzle (2018)","id":"https://drive.google.com/file/d/13z2QADxs5cHD97dUI7T_wdhUcl1riMge/view?usp=drivesdk","description":"Blockbuster ရုပ်ရှင်တွေရဲ့ missing piece လို့တောင် ပြောလို့ရတဲ့ ဒီဇာတ်ကားလေးက အမေ့ခံဘ၀တစ်ခုအကြောင်း ပြောပြပါလိမ့်မယ်။ပရိသတ်တွေထဲမှာ မိသားစု စားရေးသောက်ရေး၊ အိမ်သန့်ရှင်းရေး၊ လျှော်ရေးဖွတ်ရေး အိမ်မှုကိစ္စအရေးပေါ်များစွာကို ဒိုင်ခံတာ၀န်ယူထားရတဲ့ အိမ်ရှင်မ ဘယ်နှယောက်ပါပါသလဲ။\n\nသင်ကိုယ်တိုင်က အိမ်ရှင်မမဟုတ်ရင်တောင် သင့်မိသားစုထဲမှာ မိုးလင်းမိုးချုပ် အိမ်ထဲကအိမ်ပြင်မထွက်နိုင်ဘဲ အလုပ်နဲ့လက်နဲ့မပြတ်အောင် တာ၀န်ယူထားရသူ တစ်ယောက်တော့ ရှိမှာသေချာပါတယ်။ အိမ်ထောင်တစ်ခု၊ မိသားစုတစ်စုမှာ အိမ်ရှင်မတစ်ယောက်ရဲ့ အခန်းကဏ္႑က ဘယ်လောက်အရေးပါတယ်ဆိုတာ အထူးတလည်ပြောနေဖို့တောင် လိုမယ်မထင်ပါဘူး။\n\nဒါပေမယ့် ၀မ်းနည်းစရာကောင်းတဲ့အချက်က ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀တွေမှာ အိမ်ရှင်မတွေက အမေ့လျော့ခံလူတန်းစားတစ်ရပ် ဖြစ်မှန်းမသိ ဖြစ်နေခဲ့တာပါပဲ။  အိမ်ထောင်သာယာဖို့အတွက် သူတို့ရင်းနှီးလိုက်ရတဲ့ အချိန်တွေ၊ ပျိုရွယ်မှုတွေ၊ စိတ်ကူးအိပ်မက်တွေဟာ ထိုက်သင့်သလောက် အသိအမှတ်အပြုမခံကြရပါဘူး။\n\nPuzzle လို့ အမည်ပေးထားတဲ့ ဒီဇာတ်ကားလေးက ကျွန်တော်တို့ လျစ်လျူရှုထားတဲ့ အိမ်ရှင်မတစ်ယောက်ရဲ့ ကိုယ်ပိုင်ဘ၀ကို လက်တွေ့ကျကျ ထင်ဟပ်ပုံဖော်ထားတဲ့ အမေရိကန်ဒရာမာတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းအရာကတော့ တကယ့်ကို ရိုးရိုးလေးမှ ရိုးရိုးလေးပါပဲ။\n\nမိသားစုအတွက် ဘ၀ကို ရာနှုန်းပြည့်ရင်းနှီးမြုပ်နှံထားတဲ့ အိမ်ရှင်မတစ်ယောက်ဟာ jigsaw puzzle တစ်ခု မွေးနေ့လက်ဆောင်ရခဲ့ပြီး သူဘယ်တုန်းကမှမသိခဲ့တဲ့ ပင်ကိုယ်အစွမ်းအစတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီ့ jigsaw ကောင်းမှု အကြောင်းပြုလို့ မိသားစု၀င်တွေမသိအောင် သူနေထိုင်ရာ ဆင်ခြေဖုံးမြို့လေးကနေ နယူးယော့ခ်မြို့ဆီ တိတ်တဆိတ်ထွက်ခွာလာတဲ့လမ်းမှာ jigsaw ဝါသနာပါတဲ့ အမျိုးသားတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပြီး အတ္တလန်တစ်စီးတီးမှာ ကျင်းပမယ့် jigsaw ပြိုင်ပွဲကို ၀င်ပြိုင်ဖို့ဖြစ်လာခဲ့ပါတယ်။\n\nအိမ်တွင်းပုန်း အိမ်ရှင်မတစ်ယောက်ရဲ့ တစ်ကိုယ်တော်စွန့်စားခန်းက ဘယ်လိုထူးခြားဆန်းသစ်တဲ့ အတွေ့အကြုံတွေ ဖန်တီးပေးမလဲ\n\nသူမရဲ့ ဘ၀အမြင်တွေကို ဘယ်လိုပြောင်းလဲပေးမလဲ\n\nဘယ်လိုအခွင့်အလမ်းတွေ ဖန်တီးပေးမလဲဆိုတာ အတူတူစီးမျောခံစားလိုက်ကြရအောင်လား\n\nReviewed by May Myat Thu","cover":"https://docs.google.com/uc?id=1SkX6csb-6FKJ3wseNxrC6ecu8OB1HDJi"},{"title":"Mrs. Serial Killer (2020)","id":"https://drive.google.com/file/d/1MWYfUh98fq0sofpboqc58SatVy1qUq7Y/view?usp=drivesdk","description":"သည်းထိပ်ရင်ဖို လျှို့ဝှက်သည်းဖို ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် Netflix ကထွက်တဲ့ ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။\nရှိုးနား(ဆိုနား)မူခါဂျီဟာ ခင်ပွန်းဖြစ်သူ ဒေါက်တာမူခါဂျီနဲ့ ဘဝကို အေးဆေးစွာဖြတ်သန်းနေသူပါ။\nတစ်နေ့မှာတော့ သူတို့မြို့လေးကို ဆိုနားရဲ့ ရည်းစားဟောင်း ရဲအရာရှိ အင်ရမ်ဆာဟစ်ဒ် ပြောင်းရွှေ့လာပါတယ်။\nတစ်ချိန်တည်းမှာပဲ မြို့လေးမှာ ကွင်းဆက်လူသတ်မှုတွေ ဆက်တိုက်ပေါ်လာခဲ့ပါတယ်။\nအသတ်ခံရသူတွေဟာ လက်မထပ်ရသေးတဲ့ ကိုယ်ဝန်​ဆောင်အမျိုးသမီးတွေပါ။ အသတ်မခံရခင် ကိုယ်ဝန်ဖျက်ချခံထားရပါတယ်။\nအလောင်းတွေကို ရဲအရာရှိအင်ရမ်ဆာဟစ်ဒ် ဟာ သားဖွားမီးယပ်အထူးကုမူခါဂျီပိုင်တဲ့ ခြံဝင်းမှာတွေ့ရှိခဲ့ပါတယ်။\nအဲ့တာကြောင့်ပဲ သက်သေအစုံအလင်နဲ့ ဒေါက်တာမူခါဂျီကို ဖမ်းဆီးခဲ့ပါတယ်။\nသူမယောက်ျားအပြစ်မရှိကြောင်းကို ဆိုနားက ယုံကြည်နေပြီး ရည်းစားဟောင်းက ကလဲ့စားချေဖို့ လုပ်တာလို့ ယုံကြည်ထားပါတယ်။\nခင်ပွန်းဖြစ်သူရဲ့ အပြစ်ကင်းမှုကို ဆိုနားရှာဖွေနိုင်ပါ့မလား။\nလူသတ်မှုအောက်မှာဖုံးကွယ်ထားတဲ့အမှန်တရားတွေအပြင် လူသတ်မှုရဲ့ လက်သည်ကရော ဘယ်သူလဲဆိုတာကို ရင်တမမနဲ့ စောင့်ကြည့်ကြရအောင်ပါ။\nTranslated and review by YM","cover":"https://docs.google.com/uc?id=1RRY83kaZqe0V3fWB8zBeeW5hNcCInFE5"},{"title":"Hindi Medium (2017)","id":"https://drive.google.com/file/d/18Trd6qcpZ7f6-y-HlAh2Crl2KYkSLGlp/view?usp=drivesdk","description":"“မိဘတိုင်းက သူတို့ သားသမီးတွေကို\nကိုယ်ရည်ကိုဟ်သွေး တောက်ပြောင် စေချင်တယ်။”“အထူးသဖြင့် သူတို့ထက်ပိုသာစေချင်ကြတယ်။”\n\nBollywood မှာ ဒိတ်ဒိတ်ကြဲ မင်းသားတွေ အများကြီး ရှိတဲ့ ကြားကနေ Irrfan Khan ကလည်း နမည်ကြီး အောင်မြင်တဲ့ မင်းသား တစ်ယောက်ပါပဲ။Bollywood တင်မက Hollywood ထိအောင်မြင်တဲ့ မင်းသားတစ်ယောက်။အထူးသဖြင့် The Lunchbox (2013) မှာလည်း ပရိတ်သတ် အကြိုက်တွေ့ခဲ့ပါတယ်။ဒီဇာတ်ကားဆိုရင်လည်း IMDB 8/10 ထိရရှိထားပါတယ်။#Hindi Medium ဆိုတော့ မြန်မာလိုဆိုရင် ဟန္ဒီလူလတ်တန်းစားပေါ့...\n\nဟုတ်ပါတယ် ကိုယ်တိုင် ပညာရေးမှာ မထူးချွန်ခဲ့တော့ ကိုယ်တွေလို သမီးလေးကို ပညာရေးမှာ မထူးချွန်မှာ စိုးရိမ်လွန်နေတဲ့ ရာဂျ် ဘတ်တရာ နှင့် မီတား ဘတ်တရာ\nတို့ဟာ သူတို့ သမီး ပညာရေး အတွက် ပေါင်းစုံကြိုးစားခဲ့ပါတယ်။ဒေလီမြို့ရဲ့ ထိပ်တန်းကျောင်းတွေမှာ ကျောင်းအပ်ခွင့်ရဖို့ နေရပ်ကနေ လူ့အထက်တန်းစားတွေကြားထဲကို ပြောင်းရွှေ့ နေထိုင်ကြတယ်။\n\nလူလတ်တန်းစား နဲ့ အထက်တန်းစား ကြားက ကွာဟ မှုကို အံဝင်ခွင်ကျ အောင် ကလေးပညာရေးအတွက် အမျိုးမျိုး ကြိုးစားခဲ့ကြတယ်။\n\nကိုယ်တိုင် ပညာအရည်အချင်း နည်းပါတော့ ကလေးအတွက် ကျောင်းတွေမှာ ကျောင်းအပ်ခွင့် မရခဲ့ပါဘူး။ဒီတော့ ကျောင်းတိုင်းမှာ ဆင်းရဲသားတွေ အတွက် ကြိုတင်ချန်ထားတဲ့ RTE စနစ်နဲ့ ကျောင်းအပ်ခွင့်ရဖို့ ထပ်ကြိုးစားပါတော့တယ်။လူကုံထန်တွေကြားထဲမှာ အသားမကျတဲ့ ရာဂျ်တို့ဟာ\nလူ့ဆင်းရဲ ရပ်ကွပ်မှာ ဆင်းရဲသား ပုံစံ ဟန်ဆောင်ပြီး နေခဲ့ပါတယ်။\n\nအခြေခံ လူတန်းစား နှင့် လူလတ်တန်းစား\nလူလတ် တန်းစား နှင့် အထက်တန်းစား ကြားက ကွာဟမှုတွေကို ဒီဇာတ်လမ်းမှာ ဒါရိုက်တာ သေသေချာချာ ရိုက်ပြထားပါတယ်။ဇာတ်ဝင်ခန်း တစ်ခန်းချင်းစီကို စကားလုံးနဲ့ ထည့်မပြောသွားပဲ လက်တွေ့ပြသွားတာတွေက ပီပြင်လှတယ်။ရိုးရိုးရှင်းရှင်းလေးနဲ့ ဟာသ နှင့် ဒရာမာကို ကောင်းကောင်းကြီး ခံစားလိုက်ကြပါစို့...\n\nဇာတ်လမ်းက ကောင်းလွန်းလို့ ထပ်မညွှန်းချင်တော့ပါဘူး...လက်အလွတ်မခံပဲ ကြည့်လိုက်ပါတော့။\n\n(ဒီဇာတ်ကားကို လက်ရှိ မိဘဖြစ်နေသူများ နောက်နောင် ဖြစ်လာမယ့် မိဘ အလျောင်းအလျှာများ ကြည့်ရှု့သင့်ပါတယ်။\n\nFA ကြီးတွေလည်း ကြည့်ထားပေါ့ တူလေး တူမလေးတွေကို မြေတောင်မြှောက်ပေးလို့ ရတာပေါ့ ???? ) \n\n(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန် သူကတော့ ကိုဇော်ထူး ပါ)","cover":"https://docs.google.com/uc?id=1R0nVd5nz92xpH-FPC3Py9eUWXwoBtzQm"},{"title":"Qarib Qarib Singlle (2017)","id":"https://drive.google.com/file/d/1EAIr95aMfPJWqd-l04xmSC7PXfqFQydG/view?usp=drivesdk","description":"“ချစ်ခြင်းတရားဆိုသည်မှာ”\n\nမင်းသား အီရာဖန် နဲ့ မင်းသမီးချော ပါရာဗသီတို့ရိုက်ကူးထားတဲ့ဆွတ်ပျံ့ကြည်နူးဖွယ် ဘောလိ၀ုဒ်ဇာတ်လမ်းတစ်ပုဒ်ပါ။\n\n“ပါရာဗသီ”က ငယ်ငယ်ရွယ်ရွယ်နဲ့ လင်ယောက်ျားသေဆုံးခဲ့ပြီးအရွယ်ကောင်းမုဆိုးမလေးတစ်ယောက်ဖြစ်ကာ”တစ်ပင်လဲမူ တစ်ပင်ထူ”ဖို့ မဝံ့မရဲဖြစ်နေရှာသူ “ဂျာယား”ဆိုတဲ့ သက်လတ်ပိုင်း ရုံး၀န်ထမ်းအမျိုးသမီးတစ်ဦး အဖြစ်သရုပ်ဆောင်ထားပါတယ်။\n\n“အီရာဖန်”ကိုတော့ ဘ၀မှာငယ်ချစ်ဦးတွေနဲ့ လွဲခဲ့ပြီးနောက်ပိုင်းမှာတော့ တစ်ကိုယ်တည်းဧကစာရီကျင့်နေရရှာတဲ့ ကဗျာဆရာ “ဗီယောဂီ”အဖြစ်နဲ့ဘ၀ကြင်ဖော်ရှာဖွေနေသူ သနားစရာ တစ်ပင်တိုင်မင်းသားကြီးအဖြစ်တွေ့မြင်ရမှာပါ။\n\nတစ်နေ့မှာတော့ ဂျာယားဟာ အွန်လိုင်းပေါ်ကနေ ဖူးစာရှင်ရှာဖွေရေး ၀ဘ်ဆိုက်ပေါ်မှာ လူစိမ်းတစ်ဦးနဲ့ စကားစမည်ပြောဆိုအပြီးမှာတော့ ထိုသူနဲ့ အပြင်မှာတွေ့ဖို့ဆုံးဖြတ်လိုက်ပါတယ်။\n\nအဲဒီလူစိမ်းကတော့ ဇာတ်လိုက်ကျော်ကြီး ဗီယောဂီပါပဲ။\n\nနှစ်ယောက်စလုံးက ၁၉၈၀ ခုနှစ်မတိုင်ခင်မှာ မွေးဖွားခဲ့သူတွေပီပီ အချစ်ရေးနဲ့ပတ်သက်ပြီးတော့ အရှက်အကြောက်ကြီးကြပုံချင်းတူပါတယ်။\n\nတစ်ယောက်ရင်ထဲက တစ်ယောက်ရဲ့ခံစားချက်ကို တစ်ယောက်က ဖွင့်ပြောဖို့ ဆိုတာက သူတို့အတွက်တော့ အပြစ်ကြီးတစ်ခုကို ကျူးလွန်မိမယ့်အတိုင်းနှစ်ယောက်စလုံးက မဝံ့မရဲသူတွေပါ။\n\n“သူ့ရည်းစားဟောင်း သုံးဦးက ဗီယောဂီကို အခုထိစွဲလန်းနေကြတုန်းပဲ”လို့ ဗီယောဂီက ထုတ်ပြောမိတဲ့အခါ ဂျာယားက မယုံမကြည်ဖြစ်တဲ့အကြောင်း ငြင်းခုန်ကြရင်းနဲ့ ဗီယောဂီ ကသူ့ရီးစားဟောင်းတွေနဲ့ဂျာယားကို မိတ်ဆက်ပေးဖို့ အစီအစဉ်ဖြစ်လာခဲ့ပြီးတော့ နှစ်ယောက်သားခရီးရှည်ထွက်ခဲ့ကြဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။\n\nသမားရိုးကျ အိနိ္ဒယအက်ရှင်ကားတွေနဲ့မတူဘဲ ထူးခြားဆန်းသစ်တဲ့ ခရီးသွားအတွေ့အကြုံတွေ၊လူသားတွေရဲ့ ပင်ကိုယ်ရှိစမြဲဖြစ်တဲ့ အတ္တဝါဒအခြေပြု စဉ်းစားပုံတွေရယ်၊ ၁၉၈၀-၁၉၉၀ ခုနှစ်၂၀ ရာစုလူသားတွေရဲ့ အချစ်ရေးနဲ့ပတ်သက်တဲ့အခါ အရှက်အကြောက်ကြီးစွာတုန့်ပြန်ပုံတွေကိုပါမြင်တွေ့ရမယ့် မြန်မာဆန်တဲ့ အိန္ဒိယဇာတ်လမ်းတစ်ပုဒ်ဖြစ်တယ်ဆိုရင် မှားမယ်မထင်ပါဘူး။\n\n***ရွှင်လန်းချမ်းမြေ့ကြပါစေ***","cover":"https://docs.google.com/uc?id=1R35MroJslsFPfojBCQmZd_ZXIXCCeo1O"},{"title":"Paan Singh Tomar (2010)","id":"https://drive.google.com/file/d/1GhGx0W5YAmpXOn-wP5a8KVJJ2d4mj0Da/view?usp=drivesdk","description":"ဇာတ်လမ်းကတော့\n\nအိန္ဒိယစစ်တပ်က အပြေးသမားတစ်ယောက်အကြောင်းကို အခြေတည်ထားတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပါတယ်။ \n\nဇာတ်ဆောင်ဖြစ်သူဟာ\n\n၁၉၅၈ ခုနှစ် အာရှ အားကစားပြိုင်ပွဲရဲ့ မီတာ ၃၀၀၀ ပထမဆုရှင် \"ပန်ဆင်း တိုမာ\" ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ ဒရမ်မာ စစ်ကားပဲ ဖြစ်ပါတယ် ။\n\nပန်ဆင်း တိုမာဟာ \nအိန္ဒိယလူမျိုး အားကစားသမားတစ်ယောက်ဖြစ်ပြီး အမျိုးသားပြေးခုန်ပစ်ချန်ပီယံ ၇ကြိမ်ဖြစ်ခဲ့ပါတယ်။ ကစားသမားဘ၀ကနေ အနားယူပြီးနောက်မှာတော့ ချမ်ဘဲလ်တောင်ကြားက ကြောက်စရာအကောင်းဆုံးလက်နက်ကိုင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။\n\nအပြေးချန်ပီယံ တစ်ယောက်ပြောတဲ့ စကားက\n\"ကျုပ် အမုန်းတရားတွေနဲ့ ဒီလျှိုတွေထဲမှာ ပတ်ပြေးနေရတယ် ၊ ဘယ်တော့မှ ဒီရန်ကြွေးတွေ ကျေမှာလဲ\" တဲ့ ........","cover":"https://docs.google.com/uc?id=1R7os-xyxF6T4v7WlsxrWKafq97FPezK4"},{"title":"Karwaan (2018)","id":"https://drive.google.com/file/d/1mC8dYc_gC7yeojZYPeySiPUrw6bGqbi_/view?usp=drivesdk","description":"Bollywood ပရိသတ်တွေအတွက် မင်းသားကြီး အစ်ဖန်းခန်း(မ်)ရဲ့ ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်IMDb 8/10 နှင့် Rotten 71%ထိရရှိထားပြီး အမှန်အကန် ဟာသ, ဒရာမာ ဇာတ်လမ်းကောင်း တစ်ပုဒ်လည်းဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ …အဗီနက်(ရှ်)\n=========\nလောကမှာ ဆန္ဒနဲ့ဘဝတစ်ထပ်တည်းကျတယ်ဆိုတာ အင်မတန်ပြီးပြည့်ဆုံတဲ့ တောင်းဆုတစ်ခုမဟုတ်လားဒါပေမဲ့ ကံကြမ္မာမျက်နှာသာမပေးတဲ့အခါတွေမှာ ကိုယ့်ဆန္ဒတွေ ဝါသနာတွေကို ဘေးချထားပြီး ပျော်ရာမနေ တော်ရာမှာနေရတဲ့သူတွေ ဒုနဲ့ဒေးပါ\nဝါသနာပါရာကိုလျှောက်လှမ်းခွင့်မပြုခဲ့တဲ့အဖေကြောင့်စိတ်မပါတဲ့အလုပ်တစ်ကိုလုပ်လူသာရှင်ပြီး ဘဝသေဆုံးသူတစ်ယောက် မျက်နှာအပျော်အပြုံးဆိုတာ မမြင်ရသလောက်ပဲတနေ့အလုပ်ကအပြန်မှာ ဖုန်းတစ်ခုဝင်လာခဲ့တယ်သူ့အဖေ ဘုရားဖူးသွားရင်း ယာဉ်မတော်တဆမှုကြောင့် ဆုံးသွားပြီတဲ့အလောင်းကို နီးစပ်ရာလေယာဉ်ကွင်းကာဂိုမှာ သွားထုတ်လိုက်ပါဆိုပြီး လှမ်းပြောခဲ့တယ် …—————————————————————————–ရှောကတ်\n=======\nပျော်ပျော်နေတတ်ပြီး ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေသူ အဗီနက်(ရှ်)ရဲ့ သူငယ်ချင်းသူ့အဖေသတင်းကို ရှောကတ်ကိုပြောပြပြီး ဗန်ကားလာဌားတဲ့ အဗီနက်(ရှ်)ကို မင်းအဖေက ငါ့အဖေပါပဲဆိုပြီး ကိုယ်တိုင် အလောင်းသယ်ဖို့ နှစ်ယောက်သား သွားခဲ့ကြတယ်——————————————————————————အဲဒီမှာပြဿနာတစ်ခုတက်တော့တာပဲအလောင်းသွားထုတ်တဲ့အချိန်မှာ အဗီနက်(ရှ်)အဖေရဲ့ အလောင်းမဟုတ်ဘဲ အမျိုးသမီးအလောင်းကြီး တစ်ခုဖြစ်နေတယ်အဗီနက်(ရှ်)အဖေရဲ့အလောင်းကမှားပြီး ကိုချီကိုရောက်သွားပြီး ကိုချီကအဖွားကြီးတစ်ယောက်\n\nက သူ့ဆီရောက်လာတယ်မှားသွားတဲ့အလောင်းအတွက် အလောင်းလဲလှယ်ရေးလုပ်ဖို့ အဗီနက်(ရှ်)နဲ့ ရှောကတ်တို့ ခရီးထွက်ခဲ့ကြတဲ့အခါမှာတော့ဘယ်လို အခက်အခဲတွေ၊ အလွဲလွဲတွေနဲ့ ကြုံတွေ့ရဦးမလဲဆိုတာကိုတော့ ဆက်လက်ရှု့စားလိုက်ကြပါခင်ဗျတမူထူးခြားတဲ့ဇာတ်လမ်းလေးကို ဟာသ၊ ဒရာမာ အချိုးကျကျပေါင်းစပ်ထားတဲ့ ဘောလီဝုဒ်ကားကောင်း တစ်ကားဖြစ်ကြောင်း ပြောကြားရင်းနဲ့ပဲ … \n\n(ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့ ကိုဇော်ထူးပါ)","cover":"https://docs.google.com/uc?id=1R9Aftyo4nPU99kIv_ayIfsSuBKgliC9j"},{"title":"Blackmail (2018)","id":"https://drive.google.com/file/d/1esemBg-KoNcVooGSaanCBdKlwF5L4awX/view?usp=drivesdk","description":"ဒီကားကတော့အိန္ဒိယကားတွေကိုစောင့်မျှော်နေသူများအတွက် Comedy/Drama ဇာတ်ကားသစ်လေးဖြစ်ပါတယ်။\n\nRating လည်း7.2 အထိရရှိထားပြီးစိတ်၀င်စားစရာကောင်းတဲ့ဇာတ်ကားလေးပါ။\n\nဇာတ်လမ်းအကျဉ်းလေးကတော့ သာမန်ရုံးလုပ်ငန်းမှာလုပ်ကိုင်ရင်း အကြွေးတွေပတ်ချာလည်နေတဲ့ လင်ယောကျာ်းတစ်ယောက်\n\nမိသားစုအတွက် ရုန်းကန်ကြိုးစားနေတဲ့ လင်ယောကျာ်းတစ်ယောက်၊\n\nအိမ်ထောင်ရေးမသာယာလင်ယောကျာ်းတစ်ယောက်၊\n\nသူများမစားတဲ့အသီးကို ထိုးကျေွးခံလိုက်ရပြီးကိုယ့်အတွက်လည်းဘာမှအကျိုးမရှိဘဲ ၀ဋ်ခံနေရတဲ့လင်ယောကျာ်းတစ်ယောက်ကို ဦးတည်ရိုက်ကူးထားတာပါ။\n\nအိမ်ထောင်ရေးမသာယာတာကြောင့် အိမ်ကိုစောစောမပြန်ဖြစ်ပဲ ရုံးမှာအနေများတဲ့ Dav တစ်ယောက် ကိုယ့်မိန်းမနောက်မီးလင်းနေမှန်းသိရတော့ တော်တော်စိတ်ထိခိုက်သွားပါတယ်။\n\nဒီတော့ ဇာတ်ကားနာမည်အတိုင်းဒေးဗ်တစ်ယောက်လက်စားပြန်ချေဖို့ကြိုးစားပါတော့တယ်။\n\nဟာသလေးတွေနှောပြီး ရိုက်ကူးထားတဲ့အတွက် ရယ်လည်းရယ်ရပါတယ်။\n\nဇာတ်လိုက်မင်းသားရဲ့ထုံပေပေမျက်နှာပေးဟာလည်း ဇာတ်ရုပ်နဲ့အရမ်းပလဲနံသင့်ပါတယ်။\n\nအားလပ်ချိန် ပေါ့ပေါ့ပါးပါးကြည့်လို့ရတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။\n\nDev တစ်ယောက် ဘယ်လိုအကွက်ချမလဲဆိုတာ ကြည့်လိုက်ကြပါဦး။\n\n(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ)","cover":"https://docs.google.com/uc?id=1R9HlKRfJBqCm2_uqKfIfmZ0lIWlsh-_8"},{"title":"Nannaku Prematho (2016)","id":"https://drive.google.com/file/d/1F6k0oMCpgXEa3qKIAIHLnFJbT2vepvlY/view?usp=drivesdk","description":"\"ခံစားချက်ဆိုတာ ချက်ချင်းထုတ် ဖော်ပြသရတဲ့အရာလို့ထင်ခဲ့ဖူးတယ် ဒါပေမဲ့တစ်ချို့ခံစားချက်တွေက​တော့ ဖုံးကွယ်ထားဖ်ို့လ်ိုတာပေါ့ ဒီခံစားချက်တွေကိုဆက်သိမ်းထားမှ ဒီ နာကျည်မှူကြီးက ကျနော်တို့နဲ့တူတူ တစ်သက်လုံးရှိနေမှာလေ \"\n\nရိုးရိုးရှင်းရှင်းလေးနဲ့ လှည့်ကွက်တွေထည့်သုံးသွားတဲ့ဒီကားလေးက ကြည့်ရတာ အရမ်းတန်ပါတယ်နော် \n.......\nUKနိုင်ငံမှာရှိတဲ့ India လူမျိုးတွေထဲမှာ အချမ်းသာဆုံးလုပ်ငန်းရှင်ဖြစ်တဲ့ ရမေချန် ဒရာပါရဆတ် တစ်ယောက် ဂိမ်းတစ်ခုကစားပြီးလှည့်ဖျားတက်တဲ့ ခရစ်ရှနာမာတီရဲ့ လိမ်လည်ခြင်းခံလိုက်ရပြီး လုပ်ငန်းတွေဒေဝါလီ ခံလိုက်ရတဲ့ ရမေချန်ဒရာပါရာဆတ် တစ်ယောက် သား ၃ယောက် အတွက် အရှုံး သမား ဆူပရာမန်နီရမ် အဖြစ် ဘဝကိုခက်ခဲစွာရပ်တည်ခဲ့တယ်နောက်ဆုံးထွက်သက်တွက် ရက် ၃၀အလိုမှာ ရင်ထဲက နာကျည်မှုတွေထုတ်ပြတဲ့ချိန် သား​ငယ်ဆုံးဖြစ်သူ အာဘီရမ် တစ်ယောက် သူ့အ​ဖေရဲ့နောက်ဆုံး ဆန္ဒကို ဘယ်လို ဖြည့်ဆည်းပေးမလည်း....\nကြားထဲ အာဘီရမ် နဲ့ ခရစ်ရှနာမာတီရဲ့ အချစ်ဆုံးသမီးလေး ဒေဗရာ ရဲ့အချစ်ရေးဘယ်လိုရှိမလည်း......\nအာဘီရမ် ကရော ခရစ်ရှနာမာတီရဲ့ ဘီလယံ 35000 ကြွယ်ဝမှုတွေကို ရက် 30နဲ့ 0 ဖြစ်အောင် လုပ်နိုင်မလား................ကဲ အာဘီရမ် ရဲ့လှည့်ကွက်တွေ ရှုစားဖို့ ဒီကားလေးကို ညွန်းဆိုလိုက်ပါတယ်... \n\nအညွန်းကိုတော့ Hay Mar Hnin က ရေးပေးထားပါတယ်။","cover":"https://docs.google.com/uc?id=1Qb1iiY4O_2TSP95yqJH9L-Y819b0wXXD"},{"title":"Thappad (2020)","id":"https://drive.google.com/file/d/1uZFADBzb85il3aDxLBzevYKkw_UVCTBn/view?usp=drivesdk","description":"Q – ညီမယောက်ျားနဲ့ ဘာဖြစ်လို့ ကွာရှင်းပြတ်စဲချင်တာလဲ\nA – သူ ပါးတစ်ချက်ရိုက်လိုက်လို့ပါ\n\nQ – ပါးရိုက်တာ အကြောင်းပြချက်မဟုတ်ပါဘူး တခြားကိစ္စရှိဦးမှာပေါ့\nဘာလဲ သူ့မိသားစုကြောင့်လား\nA – ဟင့်အင်း\n\nQ – သူ ညီမအပေါ် ဖေါက်ပြန်နေလို့လား\nA – ဟင့်အင်း\n\nQ – ညီမက သူ့အပေါ်မှာ ဖေါက်ပြန်နေလို့လား\nA – ဟင့်အင်း\n\nQ – လိင်မှုကိစ္စကြောင့်လား\nA – ဟင့်အင်း\n\nQ – ဒါဆို ပါးတစ်ချက်ရိုက်လိုက်ရုံပဲပေါ့\n\nအမျိုးသမီးတစ်ယောက်က သူ့ယောက်ျား သူ့ကို ပါးတစ်ချက်ရိုက်လိုက်တဲ့အပေါ်\nကွာရှင်းပြတ်စဲချင်ပါတယ်တဲ့...ဒီစကားအတွက် အတွေးပေါင်းစုံ မေးခွန်းပေါင်းစုံထွက်ကျလာပေလိမ့်မယ်...လင်နဲ့မယား လျှာနဲ့သွားပဲ... ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဟာကို...\n\nရှိပါသေးတယ် အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်တာတဲ့...ဘာတဲ့အတွေးအခေါ်ပေါင်းစုံ... ဒီတော့ ဒီကားကို ယောက်ျားလေးမိန်းကလေး လူပျိုအပျို အိမ်ထောင်သည်အားလုံးကို ကြည့်စေချင်ပါတယ်...တစ်ယောက်အမြင်တစ်မျိုးစီရလိမ့်မယ်လို့ မျှော်လင့်ပါတယ်... \n\nကျွန်တော် ဇာတ်လမ်းကို မညွှန်းပေးတော့ဘူး...\n\nBollywood ကားကြည့်ချင်ပေမယ့် အယောက် ၁၀၀ နဲ့ တစ်ယောက်တည်းဖိုက်လို့ စိတ်ပျက်နေတဲ့သူတွေ … ဒီကားကိုကြည့်ပါ...\n\nBollywood ကားကြည့်ချင်ပေမယ့် ၁၀ မိနစ်တစ်ခါ သီချင်းဆိုပြီး က,ခုန်နေတာကို စိတ်ပျက်နေတယ်ဆိုတဲ့သူတွေ … ဒီကားကိုကြည့်ပါ...\n\nBollywood ကား ကြည့်ချင်ပေမယ့် အိုဗာဒရာမာခင်းတာတွေကို စိတ်ပျက်နေတဲ့သူတွေ … ဒီကားကိုကြည့်ပါ...\n\nဒီကားထဲမှာ မင်းသား ငယ်ငယ်ချောချောမပါ,ပါဘူး  မင်းသမီးလည်း အချောကြီးမဟုတ် (ကျွန်တော့်အတွက်တော့ အချစ်ဆုံး :P)\nဘာဖိုက်တင်မှလည်းမပါဘူးခင်ဗျား...\n\nဘာကြည့်ရမှာလဲ relationship နဲ့ပတ်သတ်တဲ့ ရပိုင်ခွင့်တွေ ခင်ဗျားသိရမယ်..RS ဆိုတဲ့အထဲမှာ အိမ်ထောင်ရေး၊ သမီးရည်းစားရေး ဆက်ဆံရေးအားလုံးပါဝင်ပတ်သတ်နေပါတယ်...ဒီလိုပြဿနာတွေကို ထိထိမိမိတင်ဆက်ပြနိုင်တဲ့ ဒါရိုက်တာကြီး Anubhav Sinha ကငါယောက်ျားပါကွလို့လက်မထောင်နေတဲ့သူတွေကို ဒီဇာတ်ကားနဲ့ ပါးပိတ်ရိုက်လိုက်သလိုပါပဲ...\n\nMulk (2018), Article 15 (2019) တို့ကိုကြည့်ဖူးရင်ဒီဒါရိုက်တာရဲ့အရည်အချင်းကို သိကြမှာပါ...ဇာတ်လမ်းကောင်း/မကောင်းကတော့ နိုင်ငံတကာ အရုပ်ရှင်အဆင့်သတ်မှတ်ချက်တွေကိုကြည့်ပြီး ဆုံးဖြတ်လိုက်ကြပါတော့...ပေးရတဲ့အချိန် အကျိုးရှိစေရမယ်ဆိုတာ ကျွန်တော် အာမခံပါတယ်။","cover":"https://docs.google.com/uc?id=1QJndSwXhw0vKOnY3JVEwph-57LSjtTe2"},{"title":"Baaghi 3 ( 2020 ) အကြည်","id":"https://drive.google.com/file/d/1V-KGsmeqsqc9S5tBKXDr5OkC_LrCCedt/view?usp=drivesdk","description":"မင်းသားချော တိုက်ဂါးရဲ့ ၂၀၂၀ထွက်\nအက်ရှင်ကြမ်းကြမ်းကားကြီး တင်ဆက်ပေးလိုက်ပါတယ်။\n\nBaaghi ဆိုတဲ့အတိုင်းပဲ လက်စားချေတဲ့ ဇာတ်လမ်းပေါ့။\nအရင် Baaghi 1,2 ကတော့ ဇာတ်လမ်းချင်းတူပေမဲ့\nBaaghiမှာတော့ မတူပါဘူး။\n\nဇာတ်လမ်းအကျဉ်းအရ\nဖခင်ဆုံးပြီး နောက်ပိုင်း ညီအစ်ကို နှစ်ယောက် ကျန်နေခဲ့ပါတယ်။\n\nအစ်ကိုကတော့ နုံနုံအအ ကြောက်တတ်တဲ့ ဗစ်ကရမ်၊\nညီကတော့ အစ်ကိုကို ထိရင် ငြိမ်မနေတတ်တဲ့ ရွန်နီ၊\n\nသူတို့အဖေ ၊သူတို့အဘိုးဟာ\nရဲအရာရှိတွေ၊ စံပြရဲသားကြီးတွေ။\n\nဒါကြောင့် အစ်ကိုဖြစ်သူ ဗစ်ကရမ်ကိုလည်း\nညီဖြစ်တဲ့ ရွန်နီက ရဲအရာရှိလုပ်ခိုင်းခဲ့ပါတယ်။\n\nဒီလိုနဲ့ ရဲအရာရှိဖြစ်လာတော့\nမြို့နယ်အတွင်း ပြန်ပေးဆွဲဂိုဏ်းတစ်ခုကို\nဝင်စီးရာကနေ ဗစ်ကရမ်ဟာ ပြန်ပေးဆွဲဂိုဏ်းရဲ့\nရန်သူဖြစ်လာပါတယ်။\n\nကြောက်တတ်တဲ့ နုံအအ ရဲသားတစ်ယောက်ဖြစ်တဲ့\nညီကိုအားကိုးနေရသူ ဗစ်ကရမ်ဟာ \nဒီဂုဏ်းသမားတွေနဲ့ ဘယ်လို ရင်ဆိုင်လာရမလဲ။\n\nရွန်နီကရော ဘယ်အတိုင်းအတာထိ\nကယ်တင်ပေးနိုင်မလဲဆိုတာကို\nအက်ရှင်အလန်းအစားတွေနဲ့အတူ မင်းသမီးချောချောလေးနဲ့ ကြည့်ရှုခံစားရမှာပါ။\n\nကဲ... အားလုံးပဲ .... \n\"Get Ready To Fight”\n\ncrd Review","cover":"https://docs.google.com/uc?id=1Q8gt7as-4RXqRZ7brTKG06vvrdZi836V"},{"title":"Varaudu (2010)","id":"https://drive.google.com/file/d/1fM8yakBE_yWX0lssw8UzQRPIY1rzFuyk/view?usp=drivesdk","description":"ဒီဇာတ်ကားမှာတော့ အာလူးအာဂျွန်တစ်ယောက် သူ့ရဲ့မင်္ဂလာဆောင်မှာ ပြန်ပေးဆွဲခံလိုက်ရတဲ့ ချစ်သူ သူတို့သမီးလေးကို ဂိုဏ်းစတားတွေ လက်ကနေ ပြန်ကယ်တင်ဖို့ ကြမ်းကြမ်းရမ်းရမ်း ပွကြမ်းထားတာကို အဓိက မြင်တွေ့ရမှာပါ။","cover":"https://docs.google.com/uc?id=1P0GJLBWj7MnlS79vJzn_OOToNU7sXfx3"},{"title":"Bruce Lee: The Fighter (2015)","id":"https://drive.google.com/file/d/1B26r9hk-drsWND99dMXe0VXAN_TTdXun/view?usp=drivesdk","description":"ဒီတစ်ခါ ဘိုင်ရာဘာမင်းသား\nRam Charan,မင်းသမီး Rakul Preet Singh နဲ့ Kriti Kharbandaတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်. . .\n\nမိမိကိုယ်တိုင် အရာရှိဖြစ်ချင်နေပေမယ့် မိဘတွေငွေကြေး မတတ်နိုင်လို့အမဖြစ်သူ ကာဗယာ ကိုပဲ အရာရှိဖြစ်စေချင်ခဲ့တဲ့\nနှလုံးသားလှတဲ့ကောင်လေး ကာသစ်. . .\n\nဘရုစ်လီကို အားကျရူးသွပ်သူဖြစ်တဲ့သူဟာ ရုပ်ရှင်တွေမှာ စတန့်သမားအဖြစ် ဝင်ရောက်လုပ်ကိုင်းရင်း\nမိသားစုနဲ့ အမဖြစ်သူကို ထောက်ပံ့ပေးနေသူလေးပေါ့. . .\n\nတစ်နေ့တော့ ရိုက်ကွင်းလုပ်နေရင်း သူ့သူငယ်ချင်းရဲ့ ညီမလေး ပြန်ပေးအဆွဲခံရတာကို သွားကယ်တင်လိုက်တယ်. . .\n\nကောင်မလေး နာမည်က ရီယာတဲ့(ကျွန်တော်အရမ်းကြွေတဲ့ မင်းသမီးလေး ေိေိ)\nရီယာဟာ ရဲတစ်ယောက်နဲ့ အိမ်ထောင်ပြုဖို့ လာခဲ့ပေမယ့် \nသူ့ကို လာကယ်တဲ့အချိန် ကာသစ်ဝတ်ထားတဲ့ ရဲဝတ်စုံကြောင့်\nကာသစ်ခေါ် ဘရုစ်လီကို တကယ့်သတ္တိကောင်းပြီး ရဲရင့်တဲ့ ရဲတစ်ယောက်လို့ထင်သွားတယ်. . .\n\nရီယာက ကာသစ်ကို အထင်ကြီးလေးစားပြီး မိမိရဲ့ ပရော်ဖက်ရှင်ဖြစ်တဲ့ ဂိမ်းဒီဇိုင်းဆွဲတဲ့နေရာမှာ ကာသစ်ကို အခြေခံပြီး SuperCop Gameကို ရေးနေသူဖြစ်တယ်. . .\n\nကာသစ်ရဲ့ လူဆိုးတွေနဲ့ ဖိုက်နေတဲ့ ဗီဒီယိုတစ်ခုကိုလည်းFacebook ပေါ် တင်လိုက်သေးတယ်. . .\n\nကာသစ်တစ်ယောက် ရီယာ့ကို ချစ်မိသွားပေမယ့် သူဟာရဲမဟုတ်မှန်း ရီယာသိသွားမှာလဲ စိုးတယ်. . .\n\nဒီလိုနဲ့\nတစ်နေ့မှာ သူတို့မြို့က ဟော်တယ်တစ်ခုမှ အကြမ်းဖက်မှုတစ်ခုဖြစ်သွားတယ်. . .\n\nရဲတွေက ဒါဟာ အကြမ်းဖက်မှုလို့ ယူဆပေမယ့်\nကာသစ် သိလာရတာက\nဒါဟာ စီးပွားရေးသမားနှစ်ယောက် ကိုသတ်ဖို့ ကြိုးစားရင်းဖြစ်လာတဲ့ အကျိုးဆက်ဖြစ်နေတယ်. . .\n\nနောက်ပြီး\nသူတို့မြို့ရဲ့ စီးပွားရေးသမား အရေချုံ မစ္စတာ ဒီပါရာ့ဂ်ျဆိုသူပါ\nပါဝင်ပက်သက်ပြီး ဒီကိစ္စကို ကြိုးကိုင်နေမှန်း တစ်စတစ်စ သိလာရတဲ့အခါ. . .\n\nဇာတ်လမ်းကတော့ ဘိုင်ရာဘာမင်းသားရဲ့ ထုံးစံအတိုင်း Action,Romance ကို ရောမွှေထားတဲ့ကားလေး ဖြစ်လို့\nဆက်လက်အားပေးကြပါဦး ဗျာ","cover":"https://docs.google.com/uc?id=1P5j7ind8qaXlnMTd2M7RRmUmMBzMjjSP"},{"title":"DJ: Duvvada Jagannadham (2017)","id":"https://drive.google.com/file/d/17uK8gCpT1mOOJezfxFR1zq6NGRYU0uIA/view?usp=drivesdk","description":"အာလူးကို Dangerous မှာကတည်းက သဘောကျတယ် ဒါပေမဲ့ စာတန်းထိုး မရှိတော့ သေချာ မကြည့်လိုက်ရဘူး... နောက် ရူဒ ဒေဝီ အဲမှာ ပို သဘောကျသွားတယ်... နောက်တော့ Yevadu မှာ ရန်ချရမ်ရဲ့ အရင် မျက်နှာအနေနဲ့ သရုပ်ဆောင်တော့ အရမ်းသဘောကျသွားတယ်... မျက်နှာပေါက်က အထာကျတယ်... ဒါကိုမှ ရုပ်ကို တည်ချင် တည်လိုက် ဟာသလုပ်ချင်လဲ လုပ်လိုက်နဲ့ အမျိုးစုံကို ရတော့ ပိုပိုပြီး သဘောကျလာတာပါပဲ... အခု ဒီကားထဲမှာလဲ မျက်နှာနှစ်ဖက်ကို အပြောင်းအလဲလုပ်တာ အရမ်းသေသပ်လွန်းလို့ ကြည့်ဖူးသမျှထဲ ဒီကားအကြိုက်ဆုံးပဲ ပြောရမယ်...\n\nခတ္တိယဆိုတာ သူရဲကောင်းမျိုးရိုး\nဗြဟ္မဏဆိုတာ သူတော်စင်မျိုးရိုး\nသူအတွကတော့ မျိုးရိုး နှစ်ခု ကြားကို ရူဒြပ် ဆွဲကြိုးပဲ ခြားတယ်...\n\nဘုရားသခင်က ပုံစံအမျိုးမျိုး အသွင်အမျိုးမျိုးသာ ဖြစ်မယ် ကောင်းတာလုပ်တာတော့ အတူတူပဲလို့ အဘိုးက သင်ထားတယ်...\n\nပြစ်မှုတခုကို စစ်ဆေးကြားနာပြီး ပြစ်ဒဏ်ခတ်ဖို့ဆို ၃လကနေ ၆လထိကြာတတ်တယ်... သူတို့ အသက်ရှင်နေသရွေ့ အမှုတွေက ဆက်ရှိနေဦးမှာပဲ... ဒီတော့ ကိုယ့်ဥပဒေနဲ့ ကိုယ် တရားစီရင်ခဲ့တယ်... ဒါကို ထောက်ပံ့ပေးတာက ရဲ... \n\nအဖေလိုချစ်ရတဲ့သူက ရုတ်တရက် သတ်သေသွားတယ်... လူလတ်တန်းစားတွေရဲ့ အိမ်မက်ကို လှည့်ဖြားခံလိုက်ရလို့...\n\nပြီးတော့ ဘယ်လို မင်းသမီးနဲ့ တွေ့မလဲ... ဇာတ်လမ်းတွေ ဘယ်လို ဖြစ်မလဲကိုတော့ ကြည့်ရှုရင်း ရယ်မောရင်း ရင်သပ်လိုက်ရအောင်ဗျာ...\n\nပထမက ဒီကားမှာ ခေါင်းဆောင် မင်းသမီး အနေနဲ့ ကာဂျယ်ကို သုံးမလို့ပါပဲ နောက်မှ ပူးဂျာကို သုံးဖြစ်သွားပါတယ်... ထွက်ထွက်ချင်း ၁ ပတ်တည်းမှာတင် ကုဋေ တရာကျော် ရရှိထားတဲ့ ကားပါ... IMDb Rate ကလဲ 5.4/10 ရထားတဲ့ ကားတကားပါ... မိသားစုနဲ့ လာကြည့်ဖြစ်တဲ့ သူ့ရဲ့ ပုံတွေလဲ တင်ပေးထားပါတယ်...","cover":"https://docs.google.com/uc?id=1OyU8f8Bi-yV_JQpX95oQTj9lz3gHzY4F"},{"title":"Shivamani (2003)","id":"https://drive.google.com/file/d/1QdzHfDpyyhsueuHRz2jV__xQScOfYL9i/view?usp=drivesdk","description":"ရဲအရာရှိ မန်နီတစ်ယောက် လူမိုက်ဒတ်တူးရဲ့ အမှုကို ဖော်ထုတ်ဖို့လုပ်ချိန်မှာ မန်နီ့ကိုလက်စားချေဖို့အတွက် ဒတ်တူးက မန်နီရဲ့ချစ်သူ ဗက်ဆန်တာကို ပြန်ပေးဆွဲသွားပါတယ်။ မန်နီဟာ သတင်းစာတိုက်က အက်ဒီတာတစ်ယောက်ရဲ့အကူအညီနဲ့ ချစ်သူ ဗက်ဆန်တာကိုပြန်ကယ်ဖို့ ကြိုးစားပုံတွေကို အက်ရှင်ဆန်ဆန်ကြည့်ရှုရမယ့် Shivamani (ရေမျောကမ်းတင် ချစ်ပုံပြင်) ကို အခုပဲ Group မှာ အခုပဲကြည့်ရှုလိုက်ပါ။","cover":"https://docs.google.com/uc?id=1P04s-SnybhiYTMZoHxS87P4QG2VQrh_p"},{"title":"Race Gurram (2014)","id":"https://drive.google.com/file/d/1XWya2tOfy1ChkY_OauK9z1Q3l3ZMIl2t/view?usp=drivesdk","description":"ရမ်နဲ့ လက်ကီးတို့က ညီအကိုတွေဆိုပေမယ့် စရိုက်မတူတဲ့သူတွေပါ..။\n\nရမ်က အေးဆေးတည်ငြိမ်တယ် ရဲအလုပ်ကိုလုပ်ရင်း စည်းတွေ ဘောင်တွေနဲ့ နေတတ်တဲ့သူ..\n\nလက်ကီးကတော့ လူငယ်ဆန်ဆန်နဲ့ ခေတ်ရှေ့ပြေးပြီး ဗရုတ်ကျတယ် ...\n\nအမေရိကကိုသွားပြီး အခြေချဖို့ အိပ်မက်မက်နေတဲ့သူ...\n\nသူငယ်ချင်း ဆမီးရ်အသတ်ခံရတဲ့ ကိစ္စနဲ့ ပက်သက်ပြီးတော့ ရမ်က နိုင်ငံရေးသမား \n\nရှီဗာရက်ဒီကို အခဲမကြေဘူး...။\n\nရှီဗာရက်ဒီ ကျူးလွန်ထားတဲ့ အမှုတွေရဲ့ သက်သေအထောက်အထားတွေ စုပြီး\n\nထောင်ထဲထည့်ဖို့ ကြံစည်နေတယ်.... \n\nဆမီးရ်ရဲ့ ဖခင်ကြီးနဲ့ ပူးပေါင်းပြီး ရှီဗာရက်ဒီရဲ့ သက်သေအထောက် အထားတွေ \n\nသွားပို့မလို့ စီစဉ်ချိန်မှာပဲ ညီဖြစ်သူ လက်ကီးက သူ့ကားကို ခိုးပြီး သူငယ်ချင်းတွေနဲ့\n\nပျော်ပါးနေလို့ မအောင်မြင်ခဲ့ဘူး...။\n\nရမ်ရဲ့ အစီအစဉ်ကို ရှီဗာသိသွားတော့ ရမ့်အပေါ်မှာ အငြှိုးထားတာပေါ့...။\n\nဝန်ကြီးဖြစ်လာတော့ ရမ်တို့ မိသားစုကို လက်စားချေဖို့ ကြံစည်ပါတော့တယ်...။\n\nအာလူးအာဂျွန်းရဲ့ ဖိုက်တင်အလန်းစားတွေနဲ့ မင်းသမီးလေး ရှရူတီဟာဆန်းရဲ့ \n\nချစ်စဖွယ် သရုပ်ဆောင်ဟန်ကို ရှုစားလိုက်ကြရအောင်.....","cover":"https://docs.google.com/uc?id=1Ozs2us1sR9nRcovOHOC536RkgUuC_oqJ"},{"title":"English Vinglish (2012)","id":"https://drive.google.com/file/d/1-6ykT00oFGaXxfyg93Op7eLARDwxz7Kz/view?usp=drivesdk","description":"ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Gauri Shinde က ရိုက်ကူးထားပြီး ၊ သာမန်အိမ်ရှင်မတစ်ဦး (Sridevi) ဟာ စားသောက်ဆိုင်တစ်ခုမှာ ရိုးရှင်းတဲ့ အစားအသောက်လေး မှာတာတောင်မှ အဆင်မပြေဖြစ်ပြီး အင်္ဂလိပ်စာသင်မှ ဖြစ်မယ်ဆိုပြီး သင်ယူတဲ့အကြောင်း ရိုက်ကူးထားတာပါ ။ ဒီဇာတ်ကားဟာ မင်းသမီးကြီး Sridevi ရုပ်ရှင်လောကနဲ့ ၁၅ နှစ်လောက် အဆက်ပြတ်နေပြီးမှ ပြန်ရိုက်တဲ့ဇာတ်ကားလို. ဆိုနိုင်ပါတယ်။ ဒီဇာတ်ကားထွက်ရှိပြီးနောက်မှာ Sridevi ကို ဂျပန်မှာ female Rajinikanth အိန္ဒိယမှာ Meryl Streep လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ဒီဇာတ်ကားကနေ ဘယ်အရွယ်ပဲ ရောက်နေ ရောက်နေ ပညာတစ်ခုသင်ကြားဖို့အတွက် အသက်အရွယ်က အရေးမကြီးဘူးဆိုတာကို အကောင်းဆုံးဖော်ပြသွားနိူင်ခဲ့ပါတယ်။IMDB Ratingကလဲ 7.8 တောင်ဆိုတော့ ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားထဲမှာ ပါ ပါတယ်။ဒီဇာတ်ကားတင်ဖြစ်တာဖို့ စာတန်းထိုး အကူအညီပေးတဲ့ လင်းခယံကိုရော၊ FB ပေါ်မှာ ကြည့်ကို ကြည့်သင့်တဲ့ Bollywood ၁၀ ကားဆိုပြီး ညွန်းပေးတဲ့ Myanmar Portalဆိုက်ကိုရော အထူးပင်ကျေးဇူးတင်ရှိပါတယ်","cover":"https://docs.google.com/uc?id=1M_x73eSKVVy52IrBFpSCA2yAsyRy2Ilg"},{"title":"Talvar (2015)","id":"https://drive.google.com/file/d/1qrG0x6Rz5FN4Fixu88M5x7Rbp3cHrHxA/view?usp=drivesdk","description":"မိဘနှစ်ပါးရဲ့ တစ်ဦးတည်းသောသမီးလေး နှင့် အစေခံအလုပ်သမား စုစုပေါင်း မိသားစုလေးဦး သာယာချမ်းမြေ့သောမိသားစုရိပ်မြုံလေး တစ်ခုသောမနက်ခင်းလေးနိုးထချိန်မှာတော့ အရာအားလုံးဟာကမ္ဘာပျက်သလိုဖြစ်ခဲ့သည် တစ်ဦးတည်းသောသမီးလေးဟာ ရက်ရက်စက်စက်လည်ပင်းလှီးကာ အသတ်ခံခဲ့ရခြင်းဖြစ်သည် တဆက်ထဲမှာပင် အစေခံအလုပ်သမားပျောက်နေသောကြောင့်လူသတ်သမားဟုယူဆကာလိုက်လံရှာဖွေရသဖြင့်အိန္ဒိယရဲတွေအလုပ်ရှုတ်ကုန်သည် သို့သော် လူသတ်သမားဟုယူဆထားသူအစေခံအလုပ်သမားမှာ အပေါ်ထပ်အခန်းထဲတွင်လည်လှီးခံရပြီးသေနေသည်ကိုထပ်မံတွေ့ရသဖြင့်\nရဲတွေ ဦးဏှောက်ခြောက်ကုန်သည် ရဲတွေ၏စစ်ဆေးချက် တရားခံပေါ်ထွက်လာရာ ဝန်ကြီးဌာနမှ ကျေနပ်မှုမရှိသဖြင့် စီဒီအိုင်ဌာနရော အမှုအတွက်ပါဝင်လာရသည် စီဒီအိုင်ပထမလွှတ်သောအဖွဲ့၏ရလဒ်မှာလည်း သက်သေမလုံလောက်ဟုဆိုက ဒုတိယအဖွဲ့ထပ်မံလွှတ်ပြန်သည်လူသတ်မှုတစ်ခုကိုအဖွဲ့၃ဖွဲ့တောင်စုံစမ်းခဲ့ရပြီဆိုကထဲကသို့လော သို့လော ဒွိဟပွားစရာတွေနဲ့ ခက်ခဲနက်နဲသိမ်မွေ့တယ်ဆိုတာ မှန်းလို့ရလောက်ပါပြီ ဒီကားထဲကမင်းသားကြီးကိုတော့ ပရိတ်သတ်ကြီးရင်းနှီးပြီးသားဖြစ်မှာပါ ဒီဇာတ်ကားကိုကြည့်ခြင်းဖြင့်ကိုယ်တိုင်စုံထောက်တစ်ယောက်လိုခံစားရမှာဖြစ်ပါတယ် အသေးအဖွဲလေးဟုသဘောထားသည့် ကိစ္စများကပင် အပြစ်မဲ့လူတစ်ချို့ကိုဒုက္ခရောက်သွားစေနိုင်ကြောင်းလည်းတွေ့မြင်ရမှာဖြစ်ပါတယ် ယခုဇတ်ကားသည် ၂၀၀၈ခုနှစ်တွင် ဖြစ်ပျက်ခဲ့သောလူသတ်မှုအားအခြေခံကာ ရိုက်ကူးထားသောဖြစ်ရပ်မှန်ဇာတ်ကားဖြစ်ပါသည်","cover":"https://docs.google.com/uc?id=1MZBVcuMt99zU0tQAfqyWNdDui7cBp1xG"},{"title":"Rangoon (2017)","id":"https://drive.google.com/file/d/1zYm8H8X-zWs9RL_hbH5gE1Cu3eRToEhW/view?usp=drivesdk","description":"ဇာတ်ကားနာမည်လေးနဲ့တင်စိတ်ဝင်စားဖို့ကောင်းသွားပြီဆိုတာသိကြမှာပါ။\nဒီကားလေးကဒီနှစ်၂၀၁၇ခုနှစ်ထုတ်အိန္ဒိယကားလေးဖြစ်ပါတယ်။\nဇာတ်အိမ်ကိုဒုတိယကမ္ဘာစစ်နောက်ခံထားပြီးမင်းသမီးအသားပေးကားလေးဖြစ်ပါတယ်။\n၁၉၄၃ခုနှစ် ဒုတိယကမ္ဘာစစ်မီးတောက်နေတဲ့အချိန်မှာအိန္ဒိယနိုင်ငံဟာလည်းကိုယ့်နိုင်ငံလွတ်လပ်ရေးအတွက်ကြိုးပ်းနေတဲ့အချိန်ဖြစ်ပါတယ်။\nအိနိယအမျိုးသားတပ်မတော်ခေါင်းဆောင်ဟာလည်းမဟတ္တမဂန္ဒီရဲ့အကြမ်းဖက်ဝါဒကိုသဘောမတွေ့ဖြစ်နေတာပါ။\nသူကတုတ်တုတ်ချင်းလှံလှံချင်းရှင်းချင်သူပါ။\nအဲဒီအချိန်အင်ဒိုချိုင်းနားဒေသမှာဂျပန်အင်ပါယာတန်ခိုးထွားလာတာနဲ့အတူအိန္ဒိယတပ်မတော်ဟာဂျပန်တွေနဲ့မဟာမိတ်ဖွဲ့လိုက်ပါတယ်\nဗြိတိသျှတပ်မတော်အတွင်းကအိန္ဒိယတပ်သားတွေအနေနဲ့အိန္ဒိယတပ်မတော်နဲ့ရောဂျပန်တပ်မတော်နဲ့ပါတိုက်ပွဲဝင်ရတော့တယ်။\nအဲဒီအချိန်မှာပဲအိန္ဒိယကသဘင်သည်မင်းသမီးလေးဂျူလီကလည်းရုပ်ရှင်လောကမှာအောင်မြင်လာသူဖြစ်ပါတယ်။\nအင်ဒို-မြန်မာနယ်စပ်မှာစစ်ရေးတင်းမာလာတာနဲ့အမျှအင်္ဂလိပ်တပ်ကနေပြီးတော့တိုက်ပွဲဝင်နေတဲ့\nသူ့တပ်သားတွေစိတ်ဓာတ်မြင့်လာအောင်အားပေးတဲ့အနေနဲ့ဂျူလီကိုသွားရောက်ဖျော်ဖြေဖို့လွတ်လိုက်ပါတယ်။\nခရီးစဉ်အတွင်းမှာပဲစစ်ပွဲသုံ့ပန်းအဖြစ်လွတ်လာတဲ့မာလိတ်ရဲ့အစောင့်အရှောက်နဲ့သွားရောက်ကြပါတယ်။\nဒါပေမယ့်မြစ်တခုကိုအဖြတ်မှာ ဂျပန်လေယာဉ်တွေရဲ့တိုက်ခိုက်မှုကြောင့်ရထားလည်းပျက်စီးသွားပါတယ်။\nအင်္ဂလိပ်တပ်နေနဲ့ဂျူလီတယောက်သေဆုံးသွားပြီလို့ထင်ထားခဲ့ပေမယ့်မာလိတ်ရဲ့ကယ်ဆယ်မှုနဲ့အတူလွတ်မြောက်လာခဲ့ပါတယ်။\nဒီလိုစစ်ပွဲအရှုပ်အထွေးတွေကြားမှာပဲမင်းသမီးတယောက်ပြည်တော်ပြန်နိုင်မလား။\nဘယ်လိုအခက်အခဲတွေတွေ့ပြီးဘယ်လိုကျော်လွားခဲ့ရလဲဘာတွေဆက်ဖြစ်မလဲ\nရန်ကုန်မှာဘယ်လိုဇာတ်လမ်းလေးတွေရှိမလဲဆိုတာကိုတော့စိတ်ဝင်စားဖွယ်ကြည့်လိုက်ရအောင်ဗျာ။\nအဲဒီခေတ်ရန်ကုန်မြို့ရဲ့အခြေအနေအငွေ့အသက်လေးတွေကိုပါခံစားရမှာဖြစ်ပါတယ်။\nဇာတ်ကားကလည်း၃နာရီနီးပါးတောင်ဆိုတော့ဇာတ်လမ်းအလှည့်အကွက်လေးတွေကိုအားရပါးရခံစားရမှာပါ။\nကဲမြန်မာနိုင်ငံရဲ့ကိုလိုနီခေတ်အငွေ့အသက်လေးတွေကိုခံစားရင်းဇာတ်ကားလေးကိုဘယ်လိုအဆုံးသတ်မလဲဆိုတာကြည့်လိုက်ရအောင်ဗျာ။(ဘာသာပြန်သူကတော့ Tariq L Walker ပဲဖြစ်ပါတယ်)","cover":"https://docs.google.com/uc?id=1M_-0zVC0h5yosjn-4uxANQp9ofJemYP4"},{"title":"Mary Kom (2014)","id":"https://drive.google.com/file/d/18yUuytA85gOWl5bxXcImrCtU_bMZUm2H/view?usp=drivesdk","description":"ဒီရုပ်ရှင်ကားကတော့ India လက်ဝှေ့မယ် မယ်ရီကွမ်း အကြောင်းကိုရုပ်ရှင်အဖြစ် ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇတ်လမ်းပါ…India နိုင်ငံရဲ့ မထင်မရှား နယ်စပ်မြို့လေးကနေနိုင်ငံတကာ သိအောင်ထိ India နိုင်ငံကို အားကစားကနေ\nမြင့်တင်ပေးခဲ့တဲ့ အမ်စီ မယ်ရီကွမ်း အကြောင်း အတိုချုံးပြီးရိုက်ကူးထားပါတယ်…သူမ ဘ၀ ငယ်ငယ်ထဲက ဘယ်လို ကြမ်းတမ်းခဲ့တယ်လက်ဝှေ့ထိုးဖို့ အတွက် မိသားစု ဘ၀ နဲ့ အလဲအလှယ်တွေလုပ်ခဲ့ရတဲ့ အထိ ဆုံးဖြတ်ချက်တွေ ခိုင်မာခဲ့တဲ့သူပေါ့…မယ်ရီကွမ်း အဖြစ် ဒီရုပ်ရှင်မှာ သရုပ်ဆောင်ပေးထားသူကတော့မင်းသမီးချောလေး Priyanka Chopra ပဲ ဖြစ်ပါတယ်…ဒီ မှတ်တမ်းရုပ်ရှင်ဟာ ဆုကြီးလေးခု ကို သိမ်းပိုက်နိုင်ခဲ့တဲ့အပြင်ဇကာတင် စာရင်း ၁၄ ကြိမ် လောက် ပါဝင်ခဲ့ပါတယ်…ရုပ်ရှင်အစကနေ အဆုံးထိ အသက်မရှုစတမ်း ကြည့်ရှုခံစားနိုင်အောင်သီချင်းတွေက အစ ဘာသာပြန်ပေးထားပါတယ်…ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ ThinZar Htet ဖြစ်ပြီးThit San Khant မှ Encode ပေးထားပါတယ်….","cover":"https://docs.google.com/uc?id=1MduAD84nAlKvx8ObhSPTHV5hdZWKxsY0"},{"title":"The Launchbox (2013)","id":"https://drive.google.com/file/d/1q6JckSfxEX3Agwl-6u_l9Bav-3ulKJle/view?usp=drivesdk","description":"ဒီအိန္ဒိယ ဇာတ်ကားကတော့ စတင်ပြသစဉ်မှာ တော်တော်လေး ဝေဖန်ခံရတယ်လို့ဆိုတယ်…. သူတို့ နိုင်ငံရဲ့ လူနေမှု အဆင့်အတန်းကို ပြသရင်း\nအိမ်မှုရေးရာတွေလုပ်နေပေမယ့် ခေါင်းစဉ်သာ သိပ်မခမ်းနားတာ ..\nသူတို့ အတွက်စိတ်ဖိစီးမှုတွေနဲ့ ပင်ပန်းရတဲ့ ခံစားချက်တွေကတော့\nယောင်္ကျားသားများ ထက်ပိုပါတယ်…\nဒီအကြောင်းတွေကို နေ့လယ်စာ ထမင်းချိုင့်လေး တစ်ခုနဲ့ အကြောင်းပြုပြီးရိုက်ကူး ထားတဲ့ ဒီဇာတ်ကားဟာ အဆုံးသတ်မှာတော့ ချီးကျူးမှုများစွာရရှိခဲ့သလို ဆုပေါင်း (၂ဂ)ဆုတောင် ရရှိခဲ့ပါတယ်…\nအဓိက မင်းသားကြီး Irrfan Khan သရုပ်ဆောင်ထားပြီးတော့\nတွေးစရာလေးတွေများစွာပေးတဲ့ ဇာတ်ကားမို့ ခံစားကြည့်ကြပါဦး…\nဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ RK Moe ပဲဖြစ်ပါတယ်…","cover":"https://docs.google.com/uc?id=1MgAjh-d_IiOSepxociTKsVpS2_AWEghX"},{"title":"Love Aaj Kal (2020)","id":"https://drive.google.com/file/d/1yNB3GJ8-Ne0Q1HxI3V66fSjSyMNHLQrT/view?usp=drivesdk","description":"ဒီတစ်ခါ ဘောလီဝုဒ်ဖန်တွေအတွက် ရုံတင် အချစ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်\n\nမင်းသား/မင်းသမီး နှစ်ယောက်စလုံးကလည်း ပရိသတ်အကြိုက် လူငယ် ခပ်ချောချောတွေချည်းပါပဲ\n\nမိန်းကေလးပရိသတ်တွေအကြိုက် Kartik Aaryan နဲ့ ယောက်ျားလေး ပရိသတ်တွေအကြိုက် Sara Ali Khan တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်\n\nနောက်ထပ်မင်းသမီးချောလေးတစ်ယောက်လည်း ထပ်ပါသေးတယ်ဗျ\n\nအသစ်လေးဆိုပေမယ့် သူလည်း အချောလေးပါပဲ\n\nဒီကားအကြောင်းမပြောခင် အဓိက ပြောရမှာက ဒါရိုက်တာပဲဗျ ဒါရိုက်တာကတော့ တခြားသူမဟုတ်ပါဘူး\n\nဘောလီဝုဒ်မှာ ကိုယ်ပိုင်ဟန်တစ်ခု တည်ထောင်ထားနိုင်တဲ့ Imtiaz Ali ပဲဖြစ်ပါတယ်\n\nအချစ်ကားများစွာကို ပုံဖေါ်ထားသူပီပီ အခုဇာတ်ကားလည်း Drama, Romance ကားကောင်းတစ်ကားပါပဲ\n\nဇာတ်လမ်းလေးကတော့ ၁၉၉၀ ခုနှစ်က လူငယ်တစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းနဲ့\n\nယခု ၂၀၂၀ က လူငယ်တစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းနှစ်ပုဒ်ကို စိတ်ဝင်စားဖွယ်အကြောင်းအရာနဲ့ ချိတ်ဆက်ပြသသွားတာပါ\n\nအချစ်နဲ့ အလုပ်ကြားက ပြဿနာတွေ မိသားစုအခက်အခဲတွေ ပတ်ဝန်းကျင် ရိုက်ခတ်မှုတွေ ရိုးရာဓလေ့တွေနဲ့ အခြေနေပေါင်းများစွာကြားက\n\nဖြတ်ကျော်လာခဲ့တဲ့ ယနေ့ခေတ် အချစ်ဇာတ်တစ်ပုဒ်ပါပဲ ခံစားကြည့်လိုက်ကြပါဦး\n\n………..\n\nဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….\n\nTranslated by Zaw Htoo\nEncoded by Thanhtike Zaw","cover":"https://docs.google.com/uc?id=1M3a5RyQ8giDlLIOv_pG1cz6Rszrljm_t"},{"title":"Sketch (2018)","id":"https://drive.google.com/file/d/1O2c74sfbtP6Eeln8TXEyn4Dp4PjZ1U4S/view?usp=drivesdk","description":"ဒီကားက \nလောလောလတ်လတ် Saamy II ဆိုတဲ့\nရဲကားထွက်ထားတဲ့ \nမင်းသားကြီး ဗစ်ကရမ်ရဲ့ပညာပေးကားပါ။\n\nပညာရေးရဲ့ အခန်းကဏ္ဍ ဘယ်လောက်အရေးပါသလဲ။\nလူငယ်တစ်ယောက် လမ်းမှားရောက်တဲ့အခါ\nဘယ်လိုအကျိုးဆက်တွေ ဖြစ်လာသလဲဆိုတာကို\nပညာပေးထားတဲ့ကားပါ။\nအက်ရှင်ဇာတ်ကားကြီးဆိုလဲမမွားပါဘူးဗ်\n\nအကြမ်းကြိုက်သူတွေ လာကြည့်ပါဗျ.....\nအကြမ်းမကြိုက်သူတွေလည်း ကြည့်နိူင်ပါသည်....","cover":"https://docs.google.com/uc?id=1LWEG0E0qVXugivQG6XeCPNCRgqwnMUdf"},{"title":"Iddarammayilatho (2013)","id":"https://drive.google.com/file/d/19kfL2vrL68ftX1qBp_8V2kGOhtGIWuL9/view?usp=drivesdk","description":"Iddarammayilatho (2013) ကားလေးကတော့\nDrama/Action လေးဖြစ်ပါတယ်။2h 25mကြာမြင့်ပြီး ratingsအနေနဲ့ကတော့10 IMDBမှာ 5.6ရှိထားပါတယ်။ 87%လောက်က ဒီကားလေးကို ကြိုက်နှစ်သက်ကြပါတယ်။\n\nဇာတ်လမ်းအကျဉ်းလေးကတော့ အာကာရှာဆိုတဲ့\nကောင်မလေးရဲ့အဖေဟာ နိုင်ငံရေးမှာ သြဇာကြီးတဲ့သူတစ်ယောက်ပါ။\n\nအာကာရှာတစ်ယောက် စပိန်ကိုစိတ်ပညာသင်ဖို့သွားခဲ့ရာက သူနေတဲ့အခန်းကနေ ဒိုင်ယာရီစာအုပ်လေးတစ်အုပ်တွေ့ရာကနေ ဒိုင်ယာရီထဲကဆန်ဂျူနဲ့ကိုမလီတို့ရဲ့အချစ်ဇာတ်လမ်းကိုဖတ်မိပြီး အာကာရှာတစ်ယောက်အပြင်မှာဆန်ဂျူကိုတွေ့တဲ့အခါချစ်မိသွားပါတော့တယ်။\n\nဒါပေမဲ့ ဆန်ဂျူနဲ့တွေ့ဆုံခဲ့တာတွေ ဒိုင်ယာရီတွေဟာ အာကာရှာအတွက် ထောင်ချောက်တွေဖြစ်နေမှန်း သိလိုက်ရတဲ့အချိန် ဘာကြောင့် ထောင်ချောက်တွေကို ဆန်ဂျူကဖန်တီးခဲ့တာလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမဲ့ အက်ရှင်ကားလေးတစ်ကားဖြစ်ပါတယ်။","cover":"https://docs.google.com/uc?id=1LRGuiJS2W-jjMgCZpk3seR3nQZg-AVwu"},{"title":"Mirchi (2013)","id":"https://drive.google.com/file/d/1XF86q8cT0XJWFAt8KbTUPjHaWFdyjmaV/view?usp=drivesdk","description":"ဒီဇာတ်ကားကို အထူးတလည် ညွှန်းစရာလိုမယ် မထင်ပါ..။\n\n\"ဖြစ်နိုင်ရင် မေတ္တာာထားလိုက်ပါ... ဘာများ ဆုံးရှူံးသွားမှာမို့လို့လဲ\"\n\nဆိုတဲ့ ဒီစကားနဲ့ မင်းသား Prabhas ကို လူသိများစေခဲ့တဲ့\n\nဇာတ်ကားလို့ဆိုရင် ငြင်းလို့ရမယ် မထင်ပါ...။\n\n( ဘာဟူဗလီဇာတ်ကားကတော့ Prabhas ကို ပို၍အောင်မြင်စေသော\n\nမင်းသားတစ်ယောက်ဖြစ်စေခဲ့တယ်လို့ မြင်ပါတယ်..)\n\nIMDb 7.2/10 ရရှိထားတဲ့ ဒီကားမှာ\n\nလက်ရုံးရည်ထက် နှလုံးရည်ကို ဖော်ကျူးထားပြီး\n\nမေတ္တာတရားနဲ့ သည်းခံခြင်းသည်သာ အရာရာကို\n\nအောင်မြင်ကျော်လွှားနိုင်မယ်ဆိုတာကို ဇာတ်လမ်း ဇာတ်အိမ်ခိုင်မာစွာနဲ့\n\nကြည့်ရှူရမှာပါ...။ မပြီးဆုံးနိုင်တဲ့ အမုန်းတရားတွေအတွက်\n\n\"ဂျေး\" တစ်ဖြစ်လဲ မင်းသား Prabhas တစ်ယောက်\n\nဘယ်လို ငြိမ်းသတ်စေမလဲ...?","cover":"https://docs.google.com/uc?id=1LUoaIUtECkNydr66h2S5K09MMB7-7Yqs"},{"title":"Darling (2010)","id":"https://drive.google.com/file/d/1O5NEwIfwOCyMdHqgJevopoJS7IyGkgqH/view?usp=drivesdk","description":"လူသတ်သမား၏သမီးနှင့်လက်မထပ်လိုသောလက်ထပ်ခြင်းမှမိမိကိုယ်ကိုကယ်တင်ရန်အတွက်အမျိုးသားတစ် ဦး သည်ဆွစ်ဇာလန်နိုင်ငံရှိကလေးဘဝရည်းစားနှင့်ပြန်လည်ဆုံစည်းခြင်းအကြောင်းပြောပြသည်။\n\nဂန်းစတားကြီးရဲ့ သမီးတစ်ယောက်နဲ့ လက်ထပ်ဖို့ အတင်းတိုက်တွန်း ဖိအားပေးခံနေရတဲ့ ကောင်လေးတစ်ယောက် ရှိတယ်။\nလပ်မထပ်လိုတဲ့ ကောင်လေးမှာ အသက်အန္တရာယ် ချိန်းခြောက်ခံရတဲ့အတွက် ထွက်ပြေးတိမ်းရှောင်ရင်း ဆွစ်ဇာလန်မှာရှိတဲ့ ငယ်ဘဝချစ်သူလေးနဲ့ ဆုံတွေ့ကြရင်း ဘယ်လိုတွေ ဆက်ဖြစ်လေမလဲ ဆက်လက်ကြည့်ရှုကြပါနော်...","cover":"https://docs.google.com/uc?id=1KBiBhFA5jFmrZJAmjNZhAgig5kURq9Pk"},{"title":"India vs England (2020)","id":"https://drive.google.com/file/d/1viF86xX4gcZbb3K2T8lvGO4pEadJsZf3/view?usp=drivesdk","description":"အားလုံးပဲမင်္ဂလာပါ ..\nဒီတစ်ခါတင်ဆက်ပေးမယ့် ရုပ်ရှင်ကတော့ India VS England ဆိုတဲ့ Bollywood Drama ဇာတ်ကားလေးပါ။ ဒီဇာတ်ကားလေးထဲမှာဆိုရင် အိန္ဒိယနဲ့ အင်္ဂလန်ရဲ့ မတူညီမှုတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။အင်္ဂလန်မှာကြီးပြင်းခဲ့တဲ့ အိန္ဒိယမိသားစုကနေ ပေါက်ဖွားလာတဲ့ ကောင်လေးနဲ့ အိန္ဒိယမှာမွေး အိန္ဒိယမှာပဲ ကြီးပြင်းခဲ့ရတဲ့ ကောင်မလေး ထူးထူးဆန်းဆန်း ဘယ်လိုတွေ့ဆုံကြမလဲ…\n\nခေတ်ကာလတော်တော်ကြာအောင် မှားယွင်းတဲ့အယူအဆတွေနဲ့ မှတ်ယူထားခဲ့ကြတဲ့ သမိုင်းထဲက တန်ဖိုးကြီးပစ္စည်းတစ်ခုဟာ ဘာမှမဆိုင်နဲ့ သူတို့နှစ်ယောက်နဲ့ ဘယ်လိုပက်သက် ဆက်နွယ်လာမလဲ၊ တိုင်းတစ်ပါးကိုသာ အထင်ကြီးနေတဲ့ ကောင်လေးနဲ့ မျိုးချစ်စိတ်အပြည့်ရှိတဲ့ ကောင်မလေးတို့ဟာ ရှေ့ဆက်ပြီး ဘယ်လိုပြသနာတွေနဲ့တွေ့လာကြမလဲ..\n\nအချစ် အလွမ်း ဟာသ စိတ်လှုပ်ရှားစရာအပြင် အိန္ဒိယနိုင်ငံရဲ့ သမိုင်းကြောင်းကိုပါ သိရှိခွင့်ရမယ့် စိတ်ဝင်စားဖွယ်ရသအဖုံဖုံနဲ့ ပြည့်ဝနေတဲ့ ဇာတ်ကားလေးဖြစ်လို့ ကြည့်ရှုလိုက်ကြပါဦးနော် ….","cover":"https://docs.google.com/uc?id=1KEimKyRSes3NXxtFyIewDYEQOmo2Ybvi"},{"title":"Lakshya (2004)","id":"https://drive.google.com/file/d/1ZWz1NM2-hBkx8dLac8kSP0vez19gMw_t/view?usp=drivesdk","description":"ကိုယ့်ဘဝမှာ ကိုယ်အဖြစ်ချင်ဆုံးအရာက ဘာဖြစ်မလဲ ။\nဆရာဝန်ကြီးလား ။ အင်ဂျင်နီယာကြီးလား ။ သိပ္ပံပညာရှင်ကြီးလား ။\nကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကြီးကတော့ ဘာဖြစ်ချင်မှန်းရေရေရာရာမသိတဲ့ လူငယ်လေးတစ်ယောက်ပေါ့ ။\nသူ့ပတ်ဝန်းကျင် အဖေနဲ့ အမေကပါ သူ့ကိုပြောဆိုလာတဲ့အခါ မခံချင်စိတ်နဲ့ စစ်ထဲဝင်ပစ်လိုက်တယ် ။\nစစ်သားတစ်ယောက်ဖြစ်လာတဲ့အခါမှ သူ့ဘဝရဲ့ရည်မှန်းချက်ကို သူမြင်လာတယ် ။\nရီသိတ်ကတော့ ရည်ရွယ်ချက်မဲ့နေတဲ့ကောင်လေးနေရာကသရုပ်ဆောင်ထားပြီး\nအမီတာဘဂျမ်းကတော့ ဗျူဟာမှူးနေရာကနေ သရုပ်ဆောင်ထားပါတယ်။\nသူတို့ အိန္ဒိယ နဲ့ ပါက္ကစ္စတန် နယ်စပ်ကအခြေအနေကိုလည်း ဒီကားထဲမှာ သေချာရိုက်ပြထားပါတယ် ။\nစစ်ကားကြိုက်တဲ့သူတွေအတွက်တော့ ဇာတ်ကားကောင်းတစ်ကားဖြစ်လိမ့်မယ်လို့ ညွှန်းချင်ပါတယ်။","cover":"https://docs.google.com/uc?id=1JO2_Pn9ezc3m-ipOew9TXJiOyHZTnZSj"},{"title":"Trataka (2019)","id":"https://drive.google.com/file/d/1H1oWTkmDUnBFQtnja-TDI724yHDbPec4/view?usp=drivesdk","description":"ရဲတပ်ဖွဲ့ရဲ့ အားအထားရဆုံး ရဲအရှာရှိ ဒေ့ဗ်...ဒါပေမယ့် သူ့မှာရောဂါတစ်ခုရှိတယ် ။ \nသူဟာ စိတ်ကစဉ့်ကလျားရောဂါတစ်မျိုးကိုခံစားနေရပြီးသူကိုယ်တိုင်မသိပဲ လူတွေကို သတ်နေမိတာ..\nဒီအကြောင်းကို ဆရာဝန်မ ချောချောလေးသိသွားအချိန်မှာ ဒေ့ဗ်ကို သူကယ်နိုင်ပါဦးမလား ...\nစိတ်လွတ်တိုင်း လူသတ်နေမိတဲ့ ဒေ့ဗ်ကရော ဆရာဝန်မလေးကို သတ်မိသွားဦးမလား...\nကိုယ့်ညီအပါအဝင် လူတော်တော်များများကို သတ်မိနေပြီလို့ သုံးသပ်မိတဲ့ ဒေ့ဗစ်တစ်ယောက် ဒီအရှုပ်တော်ပုံထဲက ဘယ်လိုထွက်မလဲ...\nအက်ရှင်ခန်းတွေ ၊ စိတ်ဝင်စားစရာ ဇာတ်ဝင်ခန်းတွေနဲ့ ရင်ဖိုအောင်ကြည့်ရမယ့်ဇာတ်ကားတစ်ကားလို့ ညွှန်းဆိုရင်း...","cover":"https://docs.google.com/uc?id=1JNkkWgBKw5MWgN1FttaBxTZQyK2f4uEM"},{"title":"Omkara (2006)","id":"https://drive.google.com/file/d/1PLdsD_ITy6YzbUkfFdR1bvV6xOiZTYd9/view?usp=drivesdk","description":"Dollyဆိုတဲ့ကောင်မလေးဟာ ချစ်သူမျက်နှာတစ်ကမ္ဘာထင်ပြီး မိဘပေးစားတဲ့သူနဲ့မင်္ဂလာဆောင်မယ့်နေ့မှာပဲ ချစ်သူနောက်လိုက်ပြေးသွားခဲ့ပါတယ်...\n\nသူ့ချစ်သူကလူဆိုးတစ်ယောက်ဖြစ်လို့ အဖေလုပ်သူက\nသဘောမတူတဲ့ကြားကပဲ ချစ်သူကောင်လေးနေတဲ့ရွာကို\nလိုက်သွားခဲ့ပါတယ်။\n\n စရောက်ရောက်ချင်းမှာတော့ ချစ်သူကလဲ အရမ်းချစ်ပြီး\n ယောင်းမနဲ့ တခြားသူတွေကလဲအရမ်းချစ်ပေးခဲ့ပါတယ်။ \n\nဒါပေမယ့် သိပ်မကြာခင်မှာတော့ သူ့ချစ်သူလူဆိုး ခေါင်းဆောင်ကိုမကျေနပ်တဲ့ နောက်လိုက်တစ်ချို့က Dollyကိုအသုံးချပြီး ချောက်တွန်းခဲ့ပါလေရော...\n\nမင်္ဂလာမဆောင်ခင်မှာပဲ ချစ်သူရဲ့ယုံကြည်မှုကို\nဆုံးရှုံးခံလိုက်ရပြီး သံသယတွေပြည့်နေတဲ့\nနေ့ရက်တွေကို ဖြတ်သန်းနေရပါတော့တယ်။\n \nသူ့ချစ်သူရဲ့မယုံကြည်မှုတွေ\nကြားကနေပဲ ရိုးသားတဲ့\nDollyတစ်ယောက် ချစ်ခြင်းတရားတြွေပန်လည်\nရရှိနိုင်ပါ့မလား ?\nကံဆိုးမှုတွေနဲ့ပဲ\nဇာတ်သိမ်းရမလားဆိုတာကိုတော့ ပရိတ်သတ်ကြီးက\nကြည့်ရှူ့အားပေးလိုက်ကြပါဦး။\n\n(ဇတ်လမ်းအညွန်းနှင့်\nဘာသာပြန်သူကတော့ ယမုံလင်းလက် ဖြစ်ပြီး အန်ကုဒ်ပြုလုပ်သူကတော့ ပေ့ခ်ျအက်ဒ်မင် ဒွေး (BMS) ဖြစ်ပါတယ်)\n\n⛔️ ဒီဇတ်ကားဟာ စရိုက် အမျိုးစားကားမျိုးဖြစ်ပြီ စကားလုံးအသုံးနှုန်းဟာလဲ အနည်းငယ် ကြမ်းတမ်းတဲ့ အောက်လုံးများ ပါဝင်ထားတဲ့အတွက် အဓိပ္ပါယ်လိုအပ်ချက် တစ်စုံတစ်ရာပါရှိပါက\nသည်းခံပေးပါရန်။","cover":"https://docs.google.com/uc?id=1IGCibcYPEIAMJqt1xnGkhBIxBWXlveLR"}]}

Comments

Popular posts from this blog

Privacy MSub Yote Shin

EngMovie 2