Cartoon

{"movies":[{"title":"ONE PIECE Flim: Z (2012)","id":"https://drive.google.com/file/d/1xAUaMUhVQ0H8kJv_w8ldDHoJK3uQQXiA/view?usp=drivesdk","description":"ဒီကားလေးကတော့ 12ကားမြောက် one piece movieဖစ်ပီး imdb 7.9အထိကိုရရှိထားပါတယ်..\nဒီ Movieလေးက Luffy တို့ Fish man islandကနေ ကမ္ဘာသစ်ကြီးထဲ စဝင်တဲ့ နေရာကို ဇာတ်ကြောင်းတည်ထားတာပါ...\n\nReview : ဟိုးအရင်ထဲက ကမ္ဘာသစ်ကြီးထဲမှာ End Pointကြီး ၃ခုရှိခဲ့ပါတယ် End Pointဆိုတာ ရေအောက်ထဲအထိပါ တခုနဲ့တခုချိတ်ဆက်နေတဲ့\nမီးတောင်ကြီး ၃ခုကို‌ပြောတာ\nပါ..\n\nအာ့End Point ကြီး ၃ခုကိုသာဖျက်ဆီးလိုက်ရင် ကမ္ဘာသစ်ကြီးတခုလုံးမီးလောင် ပျက်စီးသွားမှာပါ...ဒါကိုသိတဲ့ အစိုးရဟာ ပင်လယ်ဓားပြတွေ End Pointကိုဖျက်ဆီးမှာစိုးလို့ ဒဏ္ဌာရီလာ End Pointတွေက တကယ်မရှိပါဖူး ဆိုပီး တကမ္ဘာလုံးကို လိမ်ထားခဲ့တယ်..အာ့အကြောင်းကိုလဲ အစိုးရနဲ့ရေတပ်က ရာထူးအကြီးအကဲတချို့ဖဲသိတယ်..ဒီအကြောင်းတွေကိုသိနေတဲ့ အရင်က ဗိုလ်ချုပ်ဟောင်း Zဟာ\nရေတပ်က ထွက်ပီးတဲ့နောက်မှာ... ကမ္ဘာသစ်ကြီးတခုလုံးကိုပျက်စီးစေချင်တဲ့ရည်ရွယ်ချက်နဲ့ End Pointတွေကိုလိုက်ဖျက်ဆီးပါတော့တယ်...\n\nZဆိုတာကလဲခေသူမဟုတ်ပါဖူး... Akainu,aokiji,kizaru တို့smokerတို့လိုရေတပ်က နာမည်ကျော် တွေကို လေ့ကျင့်ပေးခဲ့တဲ့ဆရာကြီးပါ..သူက Gold Rogerတို့ မုတ်ဆိတ်ဖြူတို့လက်ထက်ထဲက luffy အဖိုးတို့နဲ့တန်းတူ ယှဉ်နိုင်ခဲ့တဲ့သူတယောက်ပါ‌...Zနဲ့ အမှတ်မထင် ပတ်သတ်မိသွားတဲ့ ကောက်ရိုးဦးထုတ်အဖွဲ့သားတွေကကော ..ကမ္ဘာသစ်ကြီးကို Zရန်ကနေကာကွယ်နိုင်မှာလား?Zကကော ကမ္ဘာသစ်ကြီးတခုလုံးကိုဘာကြောင့်ဖျက်ဆီးချင်နေရတာလဲ?ဆိုတာကွကိုယ်ဆက်သာကြည့်ကြပါ...","cover":"https://docs.google.com/uc?id=11N50Ruq7gS3jIwfLUu3x5OjMYXMcdEEP"},{"title":"Super Furball (2019)","id":"https://drive.google.com/file/d/1zL6LUAm5FnFLpBBfenWXJHfolHoCdozk/view?usp=drivesdk","description":"Emmillia လို့ခေါ်တဲ့ ဆယ်ကျော်သက်ကောင်မလေးမှာ Simon လို့ခေါ်တဲ့ သူငယ်ချင်းကောင်လေး တစ်ယောက်ရှိပါတယ်\n\nသူတို့နှစ်ယောက်က အခင်ဆုံး သူငယ်ချင်းတွေလည်း ဖြစ်ပါတယ် Simon က ပင်လယ်နားမှာ နေထိုင်ပါတယ်\n\nတစ်နေ့မှာ စက်ရုံတွေကနေ ပင်လယ်ထဲကို စွန့်ပစ်တဲ့ အဆိပ်အတောက်တွေကြောင့် herrings လို့ခေါ်တဲ့ ပင်လယ်ငါးတွေက အဆိပ်မိပြီး ပင်လယ်နားမှာ နေတဲ့သူတွေကို လိုက်လံပြီး ဒုက္ခပေးပါတော့တယ်\n\nအဲ့ဒါကြောင့် Simon လည်း Emmillia နဲ့ခွဲပြီး အိမ်ပြောင်းရဖို့ ဖြစ်လာပါတယ် Emmillia မှာ furball လို့ခေါ်တဲ့ အမွေးလုံးကောင်လေး တစ်ကောင် မွေးထားပါတယ်\n\nအဲ့ဒီ့ အမွေးလုံးကောင်လေးရဲ့ စနက်တစ်ခုကြောင့် Emmillia က Simon အိမ်မပြောင်းရအောင် ဘယ်လိုကူညီဖြစ်မလဲ Super furball ဆိုတာကရော ဘယ်သူဖြစ်လာမလဲ ဆိုတာကိုတော့ စိတ်ဝင်စားဖွယ် ဆက်လက် ကြည့်ရှုကြရမှာဖြစ်ပါတယ်","cover":"https://docs.google.com/uc?id=1dXEizmPpGEPmQmoSS1wIoyEgziW7jpv7"},{"title":"Smurfs: The Lost Village (2017)","id":"https://drive.google.com/file/d/11n_QTtTtuCuVstAeoCnLUSMRqiDUAk0t/view?usp=drivesdk","description":"ပါပါစမက်ဖ်အုပ်ချုပ်တဲ့ စ မက်ဖ်ရွာလေးမှာ စမက်ဖက်တီ၊ ဘရိန်နီ၊ ကလမ်ဆီနဲ့ ဟက်ဖ်တီ တို့က အခင်ဆုံးသူငယ်ချင်းတွေ ပါ။\n\nတစ်ရက်မှာတော့ စမက်ဖက် တီဟာ မြေပုံထဲမှာ တားမြစ်ကန့် သတ်ထားတဲ့ တောကြီးနဲ့ပတ် သက်ပြီး ရှာဖွေတွေ့ရှိခဲ့တာ ကြောင့်ပါပါစမက်ဖ်နဲ့ သူ့သူငယ် ချင်းတွေကို ပြောပြခဲ့ပါတယ်။\n\nစည်းကမ်းတင်းကျပ်လွန်းပြီး အ စိုးရိမ်ကြီးတဲ့ ပါပါစမက်ဖ်က အဲဒီ တောကိုရှာဖို့ ခွင့်မပြုခဲ့ပါဘူး။\n\nဒါပေမဲ့လည်း တစ်ညမှာ တော့ စမက်ဖက်တီဟာ သူ အရမ်းစူးစမ်း ရှာဖွေချင်နေတဲ့ တောကြီးဆီကိုသွားဖို့စမက်ဖ် ရွာ ထဲကနေ ညဘက် တိတ်တဆိတ် ထွက်ခွာခဲ့ပါတယ်။\n\nသူ့ သူငယ် ချင်းတွေဖြစ်တဲ့ ဘရိန်နီတို့လည်း အတူလိုက်လာတဲ့အတွက်လေး ဦးသား စွန့်စားခန်းခရီးစဉ်ကို ချီ တက်ခဲ့ကြပါတော့တယ်။\n\nစမက်ဖ်တွေရဲ့ ရန်သူဖြစ်တဲ့ အကျင့်မကောင်းတဲ့ စုန်းကြီးဂါဂါ မဲကလည်း ထူးဆန်းတဲ့ စမက်ဖ် ရွာ ကို ရှာဖွေနေတာပါ။\n\nဂါဂါမဲက စမက်ဖ်လေးတွေကို အကုန်ဖမ်း ပြီး သူ့ရဲ့မှော်အတတ်တစ်ဖက် ကမ်းခပ်ဖို့အတွက် အသုံးချဖို့ ကြံစည်နေတာဖြစ်ပါတယ်။\n\nစမက်ဖက်တီတို့ သူငယ် ချင်းတစ်သိုက်ဟာ မြေပုံအတိုင်း ထူးဆန်းတဲ့တောကြီးကို ရှာဖွေ တဲ့အခါမှာလမ်းခရီးတစ်လျှောက် ဒုက္ခသုက္ခတွေ၊ အန္တရာယ်တွေနဲ့ ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပြီး နောက် ဆုံးမှာတော့\n\nအံ့သြစရာတွေနဲ့ ပြည့်နှက်နေတဲ့ ထူးဆန်းတဲ့ တော ကြီးဆီကို ရောက်သွားခဲ့ပါတယ်။\n\nအဲဒီတောထဲမှာ လူရိုင်းတွေ ရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး နောက်ဆုံးမှာတော့လူရိုင်းတွေ ဆိုတာကလည်း စမက်ဖက်တီတို့ လို စမက်ဖ်လေးတွေဆိုတာ သိခဲ့ ကာအချင်းချင်း ပြေလည်သွားခဲ့ ကြပါတယ်။\n\nထူးဆန်းတဲ့ တောဆီ ကို ဂါဂါမဲနဲ့ သူ့ကြောင်ကလည်း လိုက်လာတဲ့အတွက်စမက်ဖက် တီတို့ရယ်၊ တောထဲက စမက်ဖ် လေးတွေရယ် အတူတူတိုက်ခိုက် ကြပါတော့တယ်။\n\nပါပါစမက်ဖ်က ထူးဆန်းတဲ့ တောနဲ့ပတ်သက်ပြီး ဘာကြောင့် ဖုံးကွယ်ထားချင်တာလဲ၊\n\nစမက် ဖက်တီတို့တွေ ထူးဆန်းတဲ့တော ကို ဂါဂါမဲရန်က ဘယ်လို ကာ ကွယ်ကြမှာလဲဆိုတာဆက်ကြည့် ဖို့ အမြည်းလေးပေး လိုက်တယ် နော်။\n\nဒီဇာတ်ကားလေးမှာ အသံ သရုပ်ဆောင်ထားသူတွေက တော့ဒီမီလိုဗာတို၊ ရိန်းဝီလ်ဆင်၊ ဂျိုးမန်ဂန်နယ်လို၊ ဂျက်မက်ဘရေ ရာ၊ ဒန်နီပူဒီ၊ မန်ဒီပါတင်ကင် စသူတွေပဲ ဖြစ်ပါတယ်။","cover":"https://docs.google.com/uc?id=1dPxe9IR07G19o4u_hckpD6FWIAudEp-F"},{"title":"To your last death (2019)","id":"https://drive.google.com/file/d/1zyQvza9JwpeDV2dMcsoPSTVGFAXglWoc/view?usp=drivesdk","description":"ဒီတစ်ခေါက်တင်ဆက်မဲ့ ကားလေးကတော့ psycho_thriller ကိုမှ ကြိုက်တဲ့သူတွေအတွက် ကားကောင်းလေးပါပဲ။\n\nဆိုင်ရပ်ဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင်ဟာ သူ့သားသမီးတွေကို အကြမ်းဖက်ပြီး နှိပ်စက်ခဲ့ပါတယ်။ ဒါတွေကို သူ့သားသမီးတွေက သူရွေးကောက်ပွဲဝင်နေစဥ် ပြည်သူတွေကို ပြောပြခဲ့ပါတယ်။\nအဲ့ဒီဖြစ်ရပ်ကြောင့် ဆိုင်ရပ်ဟာ ရွေးကောက်ပွဲ ရှုံးခဲ့ရပါတယ်။ အဲ့ဒီအတွက် မကျေနပ်နိုင်တဲ့ ဆိုင်ရပ်ဟာ လက်စားချေဖို့ ကြံစည်ခဲ့ပါတယ်။ သူဟာ ရောဂါရှိဟန်ဆောင်ပြီး သားသမီးလေးယောက်ကို ခေါ်ခဲ့ပါတယ်။ သူ့အစီအစဥ်ကတော့ သူတို့လေးယောက်ကို ​ထောင်ချောက်ဆင်ပြီး သတ်ဖို့ပါပဲ။ အဲ့ဒီအဖြစ်ဆိုးကနေ သမီးအကြီးဆုံး မီရီယမ်ပဲ ရှင်သန်ခဲ့ပါတယ်။ အဲ့အချိန်မှာ မီရီယမ်ဟာ ထူးဆန်းတဲ့အဖြစ်ကို ကြုံတွေခဲ့ရပါတယ်။ အဲ့တာကတော့ သူမက အဲ့ဒီနေ့က အဖြစ်တွေကို ခဏခဏပြန်ရောက်သွားတာပါပဲ။\n\nအဲ့လိုပြန်ရောက်သွားချိန်မှာ မီရီယမ်တစ်ယောက် သူမရဲ့ မောင်နှမတွေကို ကယ်နိုင်ပါ့မလား။ အနိုင်ရပါ့မလား ဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်မြင်ရမှာပါ။","cover":"https://docs.google.com/uc?id=1dQJ_nB3vV8occMQ3o-aDa8p7-jYyhGxK"},{"title":"Ferdinand (2017)","id":"https://drive.google.com/file/d/1spw2DIE8_1AfOp1SJMveJrJ4uJQekwHY/view?usp=drivesdk","description":"ဖာဒီနန်ဟာ နွားရိုင်းသတ်ပွဲ ဝင်ဖို့ စပိန်နိုင်ငံ မြို့စွန့်က လေ့ ကျင့်ရေးစခန်းမှာ မွေးမြူထားတဲ့ နွားလေးဖြစ်ပြီး သူ့အဖေဟာ နွား ရိုင်းသတ်သမားတစ်ယောက်နဲ့ မက်ဒရစ်ကိုပါသွားပြီး ပြန်ရောက် မလာတော့တဲ့နောက်မှာတော့ လေ့ကျင့်ရေးစခန်းကနေ ထွက်ပြေးခဲ့ပါတယ်။ ဖာဒီနန်ကို နီနာဆိုတဲ့ မိန်းကလေးက သူ့ယာတောမှာခေါ် မွေးထားခဲ့တာမို့ ဖာဒီနန်လေးဟာ ယာတောက သူငယ်ချင်းတွေနဲ့အတူ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းခဲ့ပါတယ်။ အနီရောင် အဝတ်စမြင်လိုက်တာနဲ့ ဒေါသ တဝင်းဝင်းနဲ့ လိုက်လံခတ်ချင်တဲ့ နွားရိုင်းစိတ်မျိုး လုံးဝမရှိဘဲ ပန်း ပွင့်လေးတွေကို တယုတယ ထွေးပွေ့နမ်းရတာကိုပဲ ဖာဒီနန် သဘောကျတာပါ။ဒီလိုနဲ့ ဖာဒီနန်လေး အရွယ် ရောက်လာတဲ့အခါမှာတော့ သာ မန်နွားတွေထက် အရွယ်အစား ကြီးမား တောင့်တင်းတာမို့ တွေ့ တဲ့သူတိုင်း အံ့ဩဘနန်းဖြစ်ကြရ ပါတယ်။နောက်တော့ ဖာဒီနန်ကို အရင်နွားရိုင်း လေ့ကျင့်ရေးစခန်း က လူတွေတွေ့သွားပြီး မျက်စိ ကျကာ ပြန်ခေါ်သွားတဲ့အတွက် အေးချမ်းနေတဲ့ ဖာဒီနန်ရဲ့ဘဝ လေး ပျက်သုဉ်းခဲ့ရပါတယ်။နွားရိုင်းနဲ့ အလှပြကစားရာ မှာ နာမည်ကြီး အယ်လ်ပရိုင်မီယိုက သူပြိုင်ပွဲက အနားမယူခင်မှာ ဖာဒီနန်နဲ့ အလှပြကစားချင်တာမို့ ပန်းခင်းထဲပျော်မွေ့သူလေးဟာ နွားရိုင်းသတ်ပွဲကွင်းထဲ အတင်းပို့ဆောင်ခံရပါတော့တယ်။ကြမ်းတမ်းရက်စက်မှုတွေကို မလုပ်ချင်တဲ့ ဖာဒီနန်ကြီးဟာ တိုက်ခိုက်ရေးကျွဲအဖြစ်ကနေ သူ့စိတ်တိုင်းကျ လွတ်လပ်တဲ့ ယာတောကဘဝကို ပြန်ရဖို့အတွက် ယာတောက သူငယ်ချင်းတွေရဲ့ အကူအညီနဲ့ ကြိုးပမ်းပုံကို အလွဲလေးတွေ၊ရယ်စရာလေးတွေနဲ့ ကြည့်ရမှာမို့ ပရိသတ်တွေအကြိုက်တွေ့ကြမှာပါ။\nဒီဇာတ်ကားမှာ အသံသရုပ်ဆောင်ထားသူတွေကဂျွန်ဆီနာ၊ ကိတ်မက်ကင်နွန်၊ ဒေးဗစ်တန်းနန်၊ ဘော်ဘီကန်နာဗေးလ်၊ အန်သိုနီအန်ဒါဆန် စသူတွေပဲ ဖြစ်ပါ တယ်။","cover":"https://docs.google.com/uc?id=1dGyHxl8qBHmCkeQLt2yW7qlDbhEVwaqS"},{"title":"The Boss Baby(2017)","id":"https://drive.google.com/file/d/1RrpbYfMK5Giss4iv8aguyuURKLMuPDVm/view?usp=sharing","description":"ဘဝ နှစ်ပါးရဲ့ အလိုလိုက်ချင်းကိုခံထားရတဲ့ တင်ဆိုတဲ့ကလေးလေးဘဝထဲကို ညီလေးတစ်ယောက် ယောက်လာခဲ့တယ်။အဲဒီကလေးပေါက်စကို မနာလိုလည်းဖြစ် မသင်္ကာတဲ့အစ်ကိုဖြစ်သူ တင်မ် ဟာ လျို့ဝှက်ထောက်လှမ်းရင်း\nဘော့စ်ဘေဘီလေးရဲ့ လျိုှုဝှက်ချက်ကို သိသွားခဲ့ပါတယ်။သူ့ညီမြန်မြန်ထွက်သွားစေဖို့အတွက် သူ့ညီရဲ့လျို့ဝှက်စစ်ဆင်ရေးကို လိုက်ကူညီရင်း ကမ္ဘာပေါ်က ကလေးတွေရဲ့ချစ်ခြင်းကို လုယူမယ့် ဗီလိန်ကြီးတစ်ယောက်နဲ့ ရင်ဆိုင်လာရတဲ့အခါ…..။ဒါရိုက်တာ Tom McGrath က ရိုက်ကူးပြီးဇာတ်ညွှန်းရေးသူကတော့ Michael McCullers ပါ။ကာတွန်းဇာတ်ကောင်တွေရဲ့ နောက်ခံစကားပြောသူတွေအနေနဲ့ကတော့ Boss Baby အဖြစ်Alec Baldwin နဲ့ Older Tim အဖြစ်Patton Wswalt တို့က အဓိကပါဝင်အားဖြည့်ပေးထားပါတယ်။20th Century Foxကုမ္ပဏီက ရိုက်ကူးပြီး မတ် ၃၁ ရက်မှာ ထွက်ရှိထားတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။","cover":"https://docs.google.com/uc?id=10UYOboar1QXwAUmjy1Ic8vQHt8A1LtxQ"},{"title":"Onward (2020)","id":"https://drive.google.com/file/d/1W9vyYxQ2BHYwPIdHr69Of-9Zn9mcmn2X/view?usp=drivesdk","description":"ကာတွန်းရုပ်ရှင်ကား ကောင်းကောင်းလေး\n\nတစ်ကားလောက် ကြည့်ရအောင်။\n\nရုံတင်ကတည်းက လူကြိုက်များခဲ့တဲ့ ရုပ်ရှင်လေးပါပဲ။\n\nဇာတ်လမ်းအကျဉ်း….\n\nဟိုးရှေးရှေးတုန်းက ကမ္ဘာပေါ်မှာ မှော်ပညာ တည်ရှိခဲ့ပေမယ့်\n\nအချိန်ကြာလာတာနဲ့အမျှ လူတွေ၊နတ်သူငယ်တွေ၊ \n\nမှော်ဝင်သတ္တဝါတွေဟာ\n\nခေတ်မီလာကြပြီး မှော်ပညာကို မေ့ပျောက်သွားပါတော့တယ်။\n\nအီယန် နဲ့ ဘာလေ ဆိုတဲ့ နတ်သူငယ် ညီအစ်ကိုနှစ်ယောက်ဟာလည်း\n\nငယ်ငယ်ကတည်းက အဖေဆုံးသွားလို့\n\nမိခင်နဲ့ပဲ အတူနေကြတဲ့ သူတွေပါ။\n\nညီဖြစ်သူ အီယန်၁၆ နှစ်ပြည့်မွေးနေ့မှာတော့ သူတို့အဖေထားခဲ့တဲ့\n\nမှော်တောင်ဝှေးနဲ့ ဂါထာတစ်ခုကို တွေ့ရှိသွားပါတယ်။\n\nဂါထာရဲ့ အစွမ်းကတော့ သေဆုံးသွားတဲ့ အဖေဖြစ်သူကို တစ်ရက်တိတိ\n\nပြန်ရှင်သန်လာစေပြီး တွေ့ခွင့်ရမှာပါပဲ။\n\nဒါပေမယ့် ဒီဂါထာကိုသုံးဖို့ စွမ်းအားကြီးတဲ့ ရတနာတစ်ခုလိုအပ်ပြီး\n\nအဲဒီရတနာ မလုံလောက်တာကြောင့် သူတို့အဖေဟာ\n\nခန္ဓာကိုယ် အောက်ပိုင်းပဲ ကွက်ပြီး ရှင်လာခဲ့တယ်။\n\nဒီလိုနဲ့ပဲ ညီအစ်ကို ၂ ယောက်ဟာ သူ့တို့အဖေရဲ့\n\nခန္ဓာကိုယ်အောက်ပိုင်းကို သယ်ပြီး တစ်ရက်မပြည့်ခင်\n\nအဖေကို နောက်ဆုံးတွေ့နိုင်ဖို့\n\nမှော်ဝင်ရတနာကို အရှာထွက်ရပါတော့တယ်….\n\nဒစ္စနေးရဲ့ ထုံးစံအတိုင်း ပျော်စရာတွေ ရယ်စရာတွေနဲ့\n\nဝမ်းနည်းစရာတွေ ခံစားမှုတွေကို ရောယှက်ပေးထားမယ့်\n\nကာတွန်းရုပ်ရှင်အသစ်မို့ ကြည့်တဲ့သူတွေ\n\nသဘောကျကြမယ်ထင်ပါတယ်။\n\nဘာသာပြန်ပေးထားတာကတော့ Little Neo ဖြစ်ပြီး\n\nThit San Khant မှ တင်ဆက်ပေးထားပါတယ်","cover":"https://docs.google.com/uc?id=1v5oYmxXy-5rY0uy-TY7DP64CGurtYdzK"},{"title":"Constantine: City of Demons (2018)","id":"https://drive.google.com/file/d/1hItPmfQeOTMD-QkCdAkTLe0yGuhFcGR2/view?usp=sharing","description":"ကျနော်တို့ ရဲ့ အသဲကျော်ကြီး DC ရဲ့ အကျော်ကြားဆုံး မှော်ဆရာ\nJohn Constantine ရဲ့ Solo Animated Movie လေးပါ ...\n\nသူ့အရင်ကတော့ မိနစ်ပိုင်းစာ TV Series အဖြစ် ထွက်ခဲ့ပြီး\n\nMovie အဖြစ် ပြန်ပေါင်းထုတ်လိုက်တာပါ....\n\nအသံသရုပ်ဆောင်ပေးထားတာကလဲ မူလ \nTV Series မှာ Constantine အဖြစ်\nသရုပ်ဆောင်ခဲ့တဲ့ မင်းသား Matt Ryan ကိုယ်တိုင်ပါပဲ\n\nဒီရုပ်ရှင်မှာတော့ ဂျွန် ဟာ သူ့ထုံးစံအတိုင်းပဲ\nပေမြဲ နေမြဲ ဆိုးဆဲ ဖြစ်ပါတယ်\n\nတစ်ရက်မှာတော့ သူ့အချစ်ဆုံး သူငယ်ချင်းဖြစ်သူ ချက်စ် တစ်ယောက် ဗြုန်းစားကြီး ရောက်လာခဲ့ပြီး\n\nသူ့သမီးလေး ကိုမာ ၀င်နေရာက ပြန်မနိုးလာတဲ့အတွက် အားကိုးတကြီး လာအကူအညီတောင်းတာပါ\n\nဂျွန် လိုက်သွားပြီး စစ်ကြည့်တဲ့ အခါမှာတော့ အဆိုးရွားဆုံး\nနတ်ဆိုး တစ်ကောင်က သူ့၀မ်းဗိုက်ထဲမှာ ချုပ်နှောင်ထားတာပါ\n\nဂျွန် နတ်ဆိုးဆီ လိုက်သွားတဲ့ အခါမှာတော့ ချက်စ် ရဲ့ သမီးက\nငါးစာ သက်သက် ဖြစ်ပြီး ဂျွန် ရဲ့ မှော်အစွမ်းကို အသုံးချ သိမ်းသွင်းပြီး\nခိုင်းချင်တဲ့ ကိစ္စ တစ်ခုအတွက် ဂွင်ဆင်ခဲ့ကြောင်း သိခဲ့ရတယ်...\n\nကျန်တာတွေကတော့ ဇတ်ရှိန်မပျက်အောင် \nကိုယ်တိုင်ပဲ ကြည့်လိုက်ကြပါ\n\nဂျွန် ကို လွမ်းနေတဲ့ Fan တွေ အတွက် အလွမ်းပြေ \nAnimated Movie လေးက\nနည်းနည်းတော့ အလွမ်းပြေစေမှာပါ...\n\nဒီ Animated Movie ကို ဘာသာပြန်ပေးထားတာကတော့\nHein Thet Naing ဖြစ်ပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ်","cover":"https://docs.google.com/uc?id=1smPmlGDqvNhQS-mvufJgDRyJ3jjU-OmT"},{"title":"The Croods(2013)","id":"https://drive.google.com/file/d/1mV3dC9kMxEs5VWVzbJsaTljPtKJiERYg/view?usp=sharing","description":"ဂရုစ် ဆိုတဲ့ ဂူအောင်းလူသားကြီးကသူ့မိသားစု ၆ ယောက်ကို ဘေးရန်တွေကကာကွယ်ပေးပြီး စောင့်ရှောက်လာတာ နှစ်တွေကြာခဲ့ပြီး\nသမီးလေး အိဗ်တောင် အရွယ်ရောက်ခဲ့ပြီပေါ့…ဒီအချိန်မှာပဲ ဂိုင်း ဆိုတဲ့ ကျောက်ခေတ်လူသားကောင်လေး တစ်ယောက်က ပေါက်ချလာပြီးကမ္ဘာကြီး ပျက်မယ့် အကြောင်းတွေ ပြောပြပြီးမီးကို စတင် ဖန်တီးပြတော့တာပဲဂိုင်း က သူတို့ နဲ့ မတူတဲ့ အချက် ရှိတယ်သူက မကြောက်တက်သလို တီထွင်ဖန်တီးတက်တယ်ဂရုစ် တို့ အုပ်စု ကြ တစ်ခုခုဆို ဂူထဲ ပဲ ပြေးအောင်းတက်ကြတာဒီမှာပဲ ဂရုစ် သဘောမကျပေမဲ့ သူ့မိသားစု က ဂိုင်း ရဲ့ လမ်းပြမှုနဲ့ကမ္ဘာပျက်ဘေးက လွတ်မယ့်နေရာကို စတင် ထွက်ကြတော့တာပဲဒီဇတ်လမ်းမှာ ဘာတွေ တွေ့ရလဲ ဆိုတော့ မိသားစု စိတ်ဓါတ်ရယ်အဖေတစ်ယောက် ရဲ့ စိုးရိမ်မှုတွေ ပူပန်မှုတွေ အပြင်အသက်ရှင်နေထိုင်ဖို့ ဘာက အရေးကြီးလဲ ဆိုတဲ့ သော့ချက်ကိုပြသွားတာ အကြိုက်ဆုံးပါပဲ….ကျနော် ရုပ်ရှင်တွေ ကြည့်ဖြစ်ရင် ဒီရုပ်ရှင်က ဘာပေးလဲ ဆိုတဲ့ဟာကို ရှာမနေပဲ စိတ်အပန်းဖြေဖို့ အတွက်ပဲ ကြည့်လေ့ ရှိပါတယ်ဒီ Croods ကတော့ စိတ်အပန်းဖြေဖို့ အပြင် လူရဲ့ စိတ်အဟာရကိုဖြည့်ဆည်းပေးလို့ ကလေးရော လူကြီးပါ ကြည့်သင့်ပါတယ်ရုပ်ရှင်ကားကို Esther Van Sui Par က ဘာသာပြန်ပေးထားပြီးThit San Khant မှ Review ရေးပေးထားပါတယ်။\n(အညွှန်းကို CM မှကူးယူဖော်ပြပါသည်။)","cover":"https://docs.google.com/uc?id=1IsCUWN3ErSDM2gooAcSp4dnf7ZjUD3x4"},{"title":"Sherlock Gnomes(2018)","id":"https://drive.google.com/file/d/1b4ohkXQHoaJefzmhL6SWbyphK76kVEux/view?usp=sharing","description":"2011 တုန်းက ထွက်ရှိခဲ့တဲ့ Gnomeo & Juliet ဇာတ်လမ်းရဲ့အဆက်ပါ …\n\nယခုဇာတ်လမ်းလေးထဲမှာတော့ ကျွန်တော်တို့ရဲ့အချစ်တော်တွေဖြစ်ကြတဲ့ ဥယျာဉ်စောင့်နုမ်းလေးတွေဟာလန်ဒန်ကိုပြောင်းရွေ့ခဲ့ကြပါတယ် ..ဒီအချိန်မှာပဲ လန်ဒန်မှာထူးဆန်းတဲ့အမှုတစ်ခုဖြစ်ပွားခဲ့တယ်…\n\nအဲ့ဒါကတော့ ဥယျာဉ်စောင့်နုမ်းတွေ ထူးဆန်းစွာပျောက်ဆုံးသွားခြင်းပါ …\n\nလန်ဒန်ရဲ့အကျော်ကြားဆုံးစုံထောက်ကြီးရှားလော့ခ်နုမ်းစ်နဲ့ သူ့မိတ်ဆွေဒေါက်တာဝက်ဆန်ဟာ\n\nနုမ်းတွေပျောက်ဆုံးမှုကို စုံစမ်းရင်း နိုမီယို ဂျူးလိယက်တို့နဲ့ဆုံတွေ့ခဲ့ကြပါတယ်…\n\nလျို့ဝှက်မှုတွေနဲ့ပြည့်နှက်နေတဲ့ နုမ်းတွေရဲ့ပျောက်ဆုံးမှုကို သူတို့လေးယောက်ဘယ်လိုဖြေရှင်းကြမလဲ …\n\nဘယ်လိုထူးဆန်းမှုတွေနဲ့တွေ့ကြုံရမလဲဆိုတာကို ဆက်လက်ရှူ့စားရမှာပဲဖြစ်ပါတယ် …\n\nဒါ့အပြင်ရှားလော့ခ်နုမ်းစ်ဇာတ်ကောင်ရဲ့ အသံသရုပ်ဆောင်ကလည်း မင်းသားကြီး\n\nJohnny Depp ဆိုတော့ အထူးပြောနေစရာမလိုတော့ပါဘူး အချိန်ပေးရကျိုးနပ်မဲ့\n\nကာတွန်းကားကောင်းတစ်ကားပါပဲလို့ ပြောချင်ပါတယ်..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Lyric Lynn Khant ဖြစ်ပါတယ်….\n\n(အညွှန်း ကို CM မှ ကူးယူဖော်ပြပါသည်။)","cover":"https://docs.google.com/uc?id=1Iw8LR2tdWCVhLcMVwN64naHiIu6FdBhE"},{"title":"Kung Fu Panda 1 (2008)","id":"https://drive.google.com/file/d/1_qmQP1j2LH2kPAfK1xwbOFIB9YN1EeEe/view?usp=sharing","description":"DreamWorks ရဲ့ အအောင်မြင်ဆုံးရုပ်ရှင်ကားတွေထဲက\n\nတစ်ကားဖြစ်တဲ့ ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ…\n\nလူကြီးလူငယ်မရွေး အားပေးခဲ့ကြတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ…\n\nဆုပေါင်းများစွာကိုလည်းရယူထားနိုင်ခဲ့ပါတယ်…\n\nဇာတ်လမ်းအကျဉ်းလေးဆီသွားကြရအောင် တစ်ခါတုန်းက အေးချမ်းတဲ့မြို့လေးတစ်မြို့မှာ\n\nအပျင်းကြီးပြီး အစားပုတ်တဲ့ ပန်ဒါဝက်ဝံလေးတစ်ကောင်ရှိပါတယ်…\n\nသူ့နာမည်ကတော့ ‘ပို’ လို့ခေါ်ပြီး ဝတုတ်ကြီးဖြစ်နေပါတယ်..\n\nအဖေဖြစ်သူနဲ့ ခေါက်ဆွဲရောင်းနေရတဲ့သူလည်းဖြစ်ပါတယ်…\n\nဒါပေမယ့် သူဟာ ကွန်ဖူးသိုင်းပညာရှင်အရမ်းဖြစ်ချင်နေပြီး\n\nကွန်းဖူးသိုင်းသမားတွေကိုလည်း အားကျနေသူတစ်ယောက်ဖြစ်ပါတယ်…\n\nသူတို့မြို့လေးမှာ ကွန်ဖူးသိုင်းသင်တန်းကျောင်းတစ်ခုရှိပြီး\n\nသင်တန်းသားတွေ ဖြစ်တဲ့ နာမည်ကြီး ကွန်ဖူးသိုင်းသမား\n\nငါးယောက်လည်းရှိပါတယ်…\n\nသူတို့ကတော့ Tigress, Crane, Mantis, Viper နဲ့ Monkey တို့ပဲဖြစ်ပါတယ်….\n\nတစ်နေ့မှာတော့ သင်တန်းကျောင်းကနေ နဂါးသူရဲကောင်းရွေးချယ်ပွဲကြီး\n\nကျင်းပပါတော့တယ်…\n\nဒီရွေးချယ်ပွဲကြီးဟာ သင်တန်းသားတွေထဲကအတော်ဆုံးတစ်ယောက်ကို\n\nရွေးချယ်မှာဖြစ်ပါတယ်…\n\n‘ပို’ တစ်ယောက်လည်း ရွေးချယ်ပွဲကြီးကို အရမ်းကြည့်ချင်နေခဲ့ပေမယ့်\n\nသူ့အဖေကတော့ ပွဲမှာ ခေါက်သာဆွဲရောင်းခိုင်းပါတယ်…\n\n‘ပို’ တစ်ယောက် ပွဲကိုရောက်အောင်သွားခဲ့ပေမယ့် နောက်ကျသွားတဲ့အတွက်\n\nဂိတ်တံခါးပိတ်နေတာကို တွေ့လိုက်ရပါတယ်…\n\nဒီအချိန်မှာ ရွေးချယ်ပွဲလည်း စနေပါပြီ…\n\n‘ပို’ လည်း အရမ်းကြည့်ချင်နေတာနဲ့\n\nအထဲဝင်လို့ရအောင် ကြံစည်ပါတော့တယ်…\n\nဒီလိုနဲ့ ရွေးချယ်ပွဲဟာ နဂါးသူရဲကောင်းကို ကြေငြာမယ့်အချိန်ကိုရောက်လာပါပြီ…\n\nဒီအချိန်မှာ ‘ပို’ ဟာ အထဲဝင်ဖို့ကြိုးစားရင်းနဲ့ အလွဲလွဲအချော်ျေချာ်တွေဖြစ်ပြီး\n\nမမျှော်လင့်ပဲ နဂါးသူရဲကောင်းအဖြစ် ရွေးချယ်ခြင်းခံလိုက်ရတဲ့ အခါမှာတော့…..\n\nဇာတ်လမ်းရဲ့အရသာကို အပြည့်အဝခံစားနိုင်ဖို့အတွက်\n\nဒီလောက်ပဲညွှန်းလိုက်ပါတော့တယ်…\n\n‘ပို’ တစ်ယောက်ဘာတွေဆက်ဖြစ်ဦးမှာလဲ\n\nဆိုတာကိုတော့ ကြည့်ရှုခံစားပေးကြပါဦး…..\n\nIMDb rating 7.6/10 အထိရထားတဲ့\n\nကားကောင်းတစ်ကားဖြစ်ပြီး အသံသရုပ်ဆောင်သူများထဲမှာလည်း\n\nနာမည်ကြီး သရုပ်ဆောင်များဖြစ်ကြတဲ့\n\nဂျက်ကီချန်း ၊ အင်ဂျလီနာဂျိုလီ စသဖြင့်\n\nပါဝင်သရုပ်ဆောင်ထားပါတယ်…\n\nမလွတ်တမ်းကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါကြောင်း\n\nပြောကြားရင်းနဲ့ ခံစားကြည့်ရှုပေးကြပါဦးလို့…..\n\n(အညွှန်းကို CM မှကူးယူဖော်ပြခြင်းဖြစ်ပါတယ်)\n","cover":"https://docs.google.com/uc?id=1IbnILM2m6Amn_G57Q0JydRi9rprZg-EV"},{"title":"Kung Fu Panda 2 (2011)","id":"https://drive.google.com/file/d/1DdJffPYq_eDUa4CWH5DvJYjoSRo1Hlhl/view?usp=sharing","description":"Kung Fu Panda 2 မှာတော့ ‘ပို’ ရဲ့ ဘဝဇာတ်ကြောင်းကို ကြည့်ရှုရမှာပါ…. ‘ပို’ ရဲ့အဖေဖြစ်သူဟာ မွေးစားအဖေဖြစ်နေပါတယ်… ‘\n\nပို’ လသားအရွယ်မှာ သူတို့ရဲ့ရွာလေးကို တပ်ဖွဲ့တစ်ခုက ဝင်ရောက်တိုက်ခိုက်ဖျက်စီးတာကို ခံလိုက်ရပါတယ်…\n\nပို ရဲ့မိဘတွေဟာ ထွက်ပြေးရင်းနဲ့ ပို့ ကို စွန့်ပစ်ခဲ့ရပါတော့တယ်…ဒါက ပို ရဲ့ ဘသ ဇာတ်ကြောင်းပါ…\n\nအခုချိန်မှာတော့ ဒေါင်းမင်းသားတစ်ယောက်ဟာ လက်နက်ဆန်းတစ်ခုကို တီထွင်ပြီးတော့ တရုတ်ပြည်ကြီးကို သိမ်းပိုက်ဖို့ ကြံစည်နေပါပြီ…\n\nဒါကို ပို နဲ့ သူ့အဖွဲ့က တားဆီးဖို့အတွက် တာဝန်ကျလာပါပြီ…ဒီတော့ ပို တို့တွေ ဒေါင်းမင်းသားကို ဘယ်လိုတားဆီးကြမှာလဲ ဘာတွေဆက်ဖြစ်ကြဦးမလဲ\nဆိုတာကိုတော့ ထုံးစံအတိုင်း ကြည့်ရှုခံစားပေးကြပါဦး။\nဒီဇာတ်ကားဟာလည်း ပထမကားလိုပဲ rating ကောင်းကောင်းရထားတဲ့ကားတစ်ကားဖြစ်ပါတယ် ။","cover":"https://docs.google.com/uc?id=1IdsAe3EyKqjR6ROOszOmOC7hqC1-EzvB"},{"title":"Kung Fu Panda 3(2016)","id":"https://drive.google.com/file/d/12aEbOnNfXuDHc2-Ms4z7VnkQKxMHyrB_/view?usp=sharing","description":"Kung Fu Panda ဆိုရင် မသိတဲ့လူမရှိသလောက်ပဲ\n\nကမ္ဘာမှာအောင်မြင်ခဲ့တဲ့ဒီ Animation ကားလေးဟာ\n\nMovie လောကမှာသာမက Game လောကမှာရော ဒိတ်ဒိတ်ကြဲကိုအောင်မြင်ခဲ့ပါတယ်။\n\n1 နဲ့ 2 ကို ကြည့်ရှုခဲ့ကြပြီး ဇာတ်လမ်းဆုံးသွားပြီထင်နေခဲ့တုန်းမှာပဲ\n\n2015 ခုနှစ်ရဲ့ Movie review တွေမှာ စတင်ကြော်ငြာပါလာခဲ့တော့\n\nအရမ်းကိုမျှော်လင့်ပျော်ရွှင်စောင့်စားခဲ့ရတယ်။\n\nအခုတော့ ကျွန်တော်တို့အချိန် CM အချိန်ရောက်ခဲ့ပြီ။\n\nဒီဇာတ်ကားဟာ အရင်ကားတွေထက်ပိုအောင်မြင်ခဲ့ပြီး\n\nIMDb rating 7.8/10 ထိရရှိအောင်မြင်ခဲ့ပါတယ်။\n\nဇာတ်လမ်းအကျဉ်းလေးကိုအနည်းငယ်ပဲပြောပြချင်ပါတယ်။\n\nပိုရဲ့ ဆရာဖိုးဖိုးလိပ် ရဲ့ တိုက်ဖော်တိုက်ဖက် ကိုင် ဟာ ဝိညာဉ်ကမ္ဘာက\n\nသိုင်းဆရာတွေအားလုံးရဲ့ စွမ်းအင်တွေကို သိမ်းပိုက်ပြီး\n\nလူ့ပြည်ကိုပြန်ဝင်ရောက်လာပါတယ်။ ပြီးတော့ လူ့ပြည်က\n\nဆရာတွေအားလုံးရဲ့ စွမ်းအင် ချီ တွေကိုပါ သိမ်းပိုက်လိုက်ပါတယ်။\n\nဒါကို တားဆီးနိုင်ဖို့အတွက် ပို တစ်ယောက်လက်ရှိအင်အားနဲ့မဖြစ်နိုင်တော့ပါဘူး။\n\nသူကိုယ်တိုင် ချီရဲ့ အရှင်သခင် ဖြစ်အောင်လုပ်ရပါတော့မယ်။\n\nဒီအဆင့်ကိုရောက်ဖို့ ဆရာလိပ်က နှစ် ၃၀ လောက် တရားထိုင်ခဲ့ရပြီး\n\nဆရာရှီဖူမှာလဲ အဲ့အစွမ်းတောင် မရှိသေးတဲ့အတွက် ပိုတစ်ယောက်\n\nလမ်းစပျောက်နေချိန်မှာ သူ့ရဲ့ပျောက်ဆုံးနေတဲ့ ဖခင်က\n\nသူ့ကို ချီရဲ့လျို့ဝှက်ချက်တွေ သင်ပေးဖို့ဆိုပြီး\n\nပန်ဒါရွာကို ပြန်ခေါ်သွားပါတော့တယ်။\n\nဘာတွေဆက်ဖြစ်လဲဆိုတာတော့ဒီMovie ကို\n\nDownload ဆွဲပြီးသာဆက်ကြည့်ကြပါတော့။\n(အညွှန်းကို CM မှကူးယူဖော်ပြခြင်းဖြစ်ပါတယ်)","cover":"https://docs.google.com/uc?id=1IhZh3ifZyvy1CZoddw-_m8Zpo0sEkbRB"},{"title":"Frozen (2013)","id":"https://drive.google.com/file/d/1jc3jyiV3CCWjQLoMggUdIVrEMTcNEKnG/view?usp=sharing","description":"Arendelle နိုင်ငံက မင်းသမီးငယ်လေး Anna ဟာ သူ့အစ်မ Elsa ကို ညဘက်ကစားဖို့ သွားနှိုးပါတယ်။\n\nဒါပေမယ့် မင်းသမီး Elsa မှာ ထူးဆန်းတဲ့ စွမ်းအားတစ်ခု ရှိနေပါတယ်။\n\nနှင်းတွေ၊ ရေခဲတွေကို လိုသလိုဖန်တီးနိုင်တဲ့\n\nElsa ဟာ သူ့ညီမလေးကို မတော်တဆ ရိုက်မိသွားပါတယ်။\n\nElsa မှာ ရှိနေတဲ့ စွမ်းအားတွေအကြောင်း\n\nဘယ်သူမှမသိအောင် မိဘတွေက ဖုံးကွယ်ထားပြီး\n\nElsa ရဲ့ စွမ်းအားတွေအကြောင်း Anna ရဲ့ မှတ်ဉာဏ်ထဲက ပျောက်သွားအောင်\n\nTroll ခေါင်းဆောင်ကြီး Grand Pabbie ထံ သွားပြီး\n\nအကူအညီတောင်းရပါတယ်။\n\nအကယ်၍ Elsa သာ Anna ရဲ့\n\nနှလုံးသားနေရာကို ရိုက်မိသွားရင် နှလုံးခဲပြီး သေသွားနိုင်တယ်လို့\n\nGrand Pabbie က သတိပေးလိုက်ပါတယ်။\n\nအဲဒီအဖြစ်အပျက်ကြောင့် သူတို့ရဲ့ မိဘတွေဟာ Elsa နဲ့ Anna ကို သပ်သပ်ဆီခွဲထားလိုက်ပါတယ်။\n\nကံကြမ္မာဆိုးတွေဆိုတာ ဒီလိုနဲ့ ရပ်မနေပါဘူး။\n\nသူတို့လေးတွေ အရွယ်မရောက်ခင်မှာပဲ\n\nသူတို့ရဲ့ မိဘတွေဟာ ပင်လယ်ထဲမှာ မုန်တိုင်းမိပြီး ဆုံးပါးသွားကြပါတယ်။\n\nသူတို့မိဘတွေ ဆုံးပါးသွားပြီးတဲ့နောက် ၃နှစ်အကြာမှာ အရွယ်ရောက်လာပြီ\n\nဖြစ်တဲ့ Elsa ကို Arendelle နိုင်ငံရဲ့ ဘုရင်မအဖြစ် ဘိသက်သွန်းဖို့ စီစဉ်ကြပါတယ်။\n\nအဓိက စီစဉ်သူကတော့ Weselton နယ်စားကြီး ဖြစ်ပြီး Arendelle\n\nနိုင်ငံကနေ အကျိုးအမြတ်တွေ မျှော်ကိုးနေတဲ့သူပါ။\n\nနန်းတော်ကြီးကို အများပြည်သူအတွက် ဖွင့်လှစ်ပေးလိုက်တဲ့\n\nအချိန်မှာ Anna တစ်ယောက် မြို့တော်ကြီးရဲ့ လမ်းတွေကြားထဲ\n\nလျှောက်သွားရင်း တောင်ပိုင်းကျွန်းတွေက မင်းသား Hans နဲ့ တွေ့သွားပါတယ်။\n\nသူတို့နှစ်ဦး အဆင်ပြေပြီး Elsa ရဲ့ နန်းတက် ညစာစားပွဲမှာ\n\nHans က Anna ကို ချစ်ခွင့်ပန်ခဲ့ပါတယ်။\n\nဒါပေမယ့် Elsa က သူ့ညီမကို Hans နဲ့ သဘောမတူတာကြောင့်\n\nညီအစ်မနှစ်ယောက် ပြဿနာဖြစ်ကြပြီး\n\nဒေါသကြောင့် Elsa ရဲ့ စွမ်းအားတွေ ပေါ်သွားပါတယ်။\n\nသူ့မိဘမှာခဲ့တဲ့ အမှာစကားကို ချိုးဖောက်ပြီး\n\nသူ့ရဲစွမ်းအားတွေကို လူကြားထဲမှာ ပြလိုက်မိတဲ့ Elsa ဟာ တုန်လှုပ်သွားပြီး\n\nရှိရှိသမျှ စွမ်းအားတွေ အကုန်ထုတ်လွှတ်လိုက်မိပါတယ်။\n\nသူ့ရဲ့ စွမ်းအားတွေကြောင့် Arendelle ဟာ တစ်နှစ်ပတ်လုံး\n\nနှင်းတွေနဲ့ ဖုံးအုပ်နေတဲ့ ထာ၀ရဆောင်းရာသီကို ကြုံတွေ့ရပါတော့တယ်။\n\nသူကိုယ်တိုင်လည်း မြောက်ဖက်က တောင်တန်းတွေပေါ်ကို ထွက်ပြေးသွားပြီး\n\nရေခန်းနန်းတော်တစ်ခု ဖန်တီးနေထိုင်ပါတယ်။\n\nသူ့ရဲ့ အစေအပါးတွေအဖြစ် နှင်းရုပ်တစ်ရုပ်ကို ဖန်တီးထားလိုက်ပါတယ်။\n\nAnna ကတော့ သူ့အစ်မဖြစ်သူကို ပြန်လည်ခေါ်ယူဖို့ မြောက်ပိုင်းဒေသကို လိုက်လာပါတယ်။\n\nလမ်းမှာ ရေခဲရောင်းတဲ့ Kristoff နဲ့\n\nသူ့ရဲ့ သမင်ကြီး Sven တို့ရဲ့ အကူအညီနဲ့\n\n၀ံပုလွေအုပ်လက်က လွတ်အောင် ထွက်ပြေးခဲ့ရပါတယ်။\n\nAnna ဟာ Elsa ဖန်တီးထားတဲ့ နှင်းရုပ်ကြီး Olaf နဲ့ တွေ့ပြီး\n\nElsa ရဲ့ နန်းတော်ကို လိုက်သွားပါတယ်။\n\nAnnaကရော သူ့အစ်မကို ပြန်ရှာတွေ့နိူင်ပမှာလား၊\n\nသူ့အစ်မကရော တိုင်းပြည်ကို ပြန်လိုက်ပမှာလား၊\n\nAredelle နိူင်ငံကရော တစ်နှင်းပတ်လုံး နှင်းတွေ လွမ်းမိုးနေတဲ့\n\nကျိန်စာက လွတ်နိူင်ပါ့မှာလား၊\n\nAnnaအတွက် ချစ်သူအစစ်ကရော ဘယ်သူဖြစ်နေမှာလဲဆိုတာတွေကို\n\nစိတ်၀င်စားစွာ ကြည့်ရမဲ့ နာမည်ကျော်ကာတွန်းကားဖြစ်ပါတယ်။\n\nDisney ရဲ့ ထုံးစံအတိုင်း ဇာတ်ပို့ဇာတ်ကောင်တွေ၊\n\nလှလှပပ မြင်ကွင်းတွေနဲ့ ချစ်စရာ ဇာတ်ကောင်တွေကို အားပြုပြီး\n\nအကောင်းဆုံးဖြစ်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။\n\nIMDB Rating 7.5 ရရှိထားပြီး Rotten Tomatoes မှာ\n\nTomatometer 90% ရရှိထားတဲ့ ဇာတ်ကားကောင်း တစ်ကား ဖြစ်ပါတယ်။\n\n(ရုပ်ရှင်အညွှန်းကို Movie Guide Facebook မှကူးယူဖော်ပြပါသည်။)","cover":"https://docs.google.com/uc?id=1quUXZUOvs8klbso3duPgPFVcx-ynZ8hu"},{"title":"Dragon Quest : Your Story ( 2019 )","id":"https://drive.google.com/file/d/1btUQ7yQt5jupP2LumPikaDvwD--Iutgm/view?usp=sharing","description":"Dragon Quest 5 ဂိမ်းကိုအခြေခံရိုက်ကူးထားတဲ့ ဂျပန် 3D Animationလေး ပဲဖြစ်ပါတယ်။ ဂိမ်း ကိုအခြေခံထားတဲ့အတွက် ဇာတ်လမ်းသွားကလည်းစိတ်ဝင်စားဖို့ကောင်းပြီး အလှည့်အပြောင်းလေးတွေကို မြင်ရမှာပါ။\nဇာတ်ကားအနေနဲ့ ကြည့်မယ်ဆိုရင်လည်းကောင်းမွန်ပြီးတော့ ဂိမ်းတစ်ခုအနေနဲ့ ကြည့်မယ်ဆိုရင်လည်း RPG ဂိမ်း တစ်ခုအနေနဲ့ Quest တွေ Item တွေ Pet တွေ Weapon တွေ နဲ့ ဇာတ်လမ်းပိုင်းဆိုင်ရာလည်း ပြည့်စုံတယ်လို့ ပြောလို့ရတဲ့ဇာတ်ကားလေးပါ။\n\nဇာတ်ကားလေးမှာ …\nတစ်ချိန်က ကောင်ကင်သားမျိုးနွယ်များဟာ နင်ဇို ဆိုသူမကောင်းဆိုရွားတစ်ကောင်အားဂိတ်ကြီးတစ်ခုမှာပိတ်လှောင်ထား ခဲ့ပါတယ်။ ထိုသို့ပိတ်လှောင်ခဲ့စဉ်အချိန်မှာ မျိုးနွယ်တွင်းမှလူတော်တော်များများသေဆုံးခဲ့ရပြီး နောက်ပိုင်းတွင်လည်း ‌ ကောင်းကင်သား မျိုးနွယ်တစ်ဦးမှသာ အဲဒီ ဂိတ်ကြီးကိုပြန်ပြီး ဖွင့်နိုင်မှာဖြစ်သလို ကောင်းကင်ဘုံဓားကြီးကိုကိုင်ဆောင်ပြီး ဂိတ်ကြီးအား အသေပိတ်နိုင်မှာသူမှာလည်း ကောင်ကင်သားမျိုးနွယ်မှသာဖြစ်ပါတယ်။\n\nလူကာရဲ့အမေ ဟာ ကောင်းကင်သားမျိုးနွယ်မှ ဖြစ်ပြီး မကောင်းဆိုရွားဂိတ်အားဖွင့်ရန် နက်ဂျာ ( မကောင်းဆိုရွား)ရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။ လူကာရဲ့ အဖေ ဖြစ်သူဟာ လူကာရဲ့အမေဖြစ်သူအား ရှာဖွေရင်း လူကာနဲ့အတူတူ Questတွေကို ဖြည်ရင်းလိုက်ရှာနေခဲ့ပါတယ်။ တစ်နေ့မှာ လူကာရဲ့အဖေ ဟာမကောင်းဆိုရွားနက်ဂျာနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ရာမှာ သေဆုံးသွားခဲ့ပြီး လူကာရဲ့ စွန်စားခန်းကိုစလိုက်ပါတော့တယ် လူကာရဲ့ စွန်စာခန်းရဲ့ ပန်းတိုင်မှာ ကောင်းကင်နတ်ဓားကိုရှာဖွေရန် ကောင်းကင်နတ်ဓား အား ကိုင်ဆောင်မည့်သူကိုရှာဖွေရန်…..\n\nQuest များကိုတစ်ခုပြီးတစ်ခုအားဖြည့်ရင်းနဲ့ အချစ်အလွမ်းစွန့်စားခန်းနဲ့ ဇာတ်လမ်းလေးရဲ့ နောက်ဆုံးလှည့်ကွက်မှာ ပရိတ်သတ်များ အံ့ဩမှုတစ်ခုကို ရရှိသွားနိုင်မှာသေချာတယ်လို့ပြောရင်း…..","cover":"https://docs.google.com/uc?id=1YmoMckl3vj0UP4RUzOsTW_ZIi5Oukels"},{"title":"The Lost Village (2017) ","id":"https://drive.google.com/file/d/1ss6YF9Rz0yVTYLL6uRqpeJ--FbHnPXMW/view?usp=sharing","description":"ပါပါစမက်ဖ်အုပ်ချုပ်တဲ့ စ မက်ဖ်ရွာလေးမှာ စမက်ဖက်တီ၊ ဘရိန်နီ၊ ကလမ်ဆီနဲ့ ဟက်ဖ်တီ တို့က အခင်ဆုံးသူငယ်ချင်းတွေ ပါ။\n\nတစ်ရက်မှာတော့ စမက်ဖက် တီဟာ မြေပုံထဲမှာ တားမြစ်ကန့် သတ်ထားတဲ့ တောကြီးနဲ့ပတ် သက်ပြီး ရှာဖွေတွေ့ရှိခဲ့တာ ကြောင့်ပါပါစမက်ဖ်နဲ့ သူ့သူငယ် ချင်းတွေကို ပြောပြခဲ့ပါတယ်။\n\nစည်းကမ်းတင်းကျပ်လွန်းပြီး အ စိုးရိမ်ကြီးတဲ့ ပါပါစမက်ဖ်က အဲဒီ တောကိုရှာဖို့ ခွင့်မပြုခဲ့ပါဘူး။\n\nဒါပေမဲ့လည်း တစ်ညမှာ တော့ စမက်ဖက်တီဟာ သူ အရမ်းစူးစမ်း ရှာဖွေချင်နေတဲ့ တောကြီးဆီကိုသွားဖို့စမက်ဖ် ရွာ ထဲကနေ ညဘက် တိတ်တဆိတ် ထွက်ခွာခဲ့ပါတယ်။\n\nသူ့ သူငယ် ချင်းတွေဖြစ်တဲ့ ဘရိန်နီတို့လည်း အတူလိုက်လာတဲ့အတွက်လေး ဦးသား စွန့်စားခန်းခရီးစဉ်ကို ချီ တက်ခဲ့ကြပါတော့တယ်။\n\nစမက်ဖ်တွေရဲ့ ရန်သူဖြစ်တဲ့ အကျင့်မကောင်းတဲ့ စုန်းကြီးဂါဂါ မဲကလည်း ထူးဆန်းတဲ့ စမက်ဖ် ရွာ ကို ရှာဖွေနေတာပါ။\n\nဂါဂါမဲက စမက်ဖ်လေးတွေကို အကုန်ဖမ်း ပြီး သူ့ရဲ့မှော်အတတ်တစ်ဖက် ကမ်းခပ်ဖို့အတွက် အသုံးချဖို့ ကြံစည်နေတာဖြစ်ပါတယ်။\n\nစမက်ဖက်တီတို့ သူငယ် ချင်းတစ်သိုက်ဟာ မြေပုံအတိုင်း ထူးဆန်းတဲ့တောကြီးကို ရှာဖွေ တဲ့အခါမှာလမ်းခရီးတစ်လျှောက် ဒုက္ခသုက္ခတွေ၊ အန္တရာယ်တွေနဲ့ ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပြီး နောက် ဆုံးမှာတော့\n\nအံ့သြစရာတွေနဲ့ ပြည့်နှက်နေတဲ့ ထူးဆန်းတဲ့ တော ကြီးဆီကို ရောက်သွားခဲ့ပါတယ်။\n\nအဲဒီတောထဲမှာ လူရိုင်းတွေ ရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး နောက်ဆုံးမှာတော့လူရိုင်းတွေ ဆိုတာကလည်း စမက်ဖက်တီတို့ လို စမက်ဖ်လေးတွေဆိုတာ သိခဲ့ ကာအချင်းချင်း ပြေလည်သွားခဲ့ ကြပါတယ်။\n\nထူးဆန်းတဲ့ တောဆီ ကို ဂါဂါမဲနဲ့ သူ့ကြောင်ကလည်း လိုက်လာတဲ့အတွက်စမက်ဖက် တီတို့ရယ်၊ တောထဲက စမက်ဖ် လေးတွေရယ် အတူတူတိုက်ခိုက် ကြပါတော့တယ်။\n\nပါပါစမက်ဖ်က ထူးဆန်းတဲ့ တောနဲ့ပတ်သက်ပြီး ဘာကြောင့် ဖုံးကွယ်ထားချင်တာလဲ၊\n\nစမက် ဖက်တီတို့တွေ ထူးဆန်းတဲ့တော ကို ဂါဂါမဲရန်က ဘယ်လို ကာ ကွယ်ကြမှာလဲဆိုတာဆက်ကြည့် ဖို့ အမြည်းလေးပေး လိုက်တယ် နော်။\n\nဒီဇာတ်ကားလေးမှာ အသံ သရုပ်ဆောင်ထားသူတွေက တော့ဒီမီလိုဗာတို၊ ရိန်းဝီလ်ဆင်၊ ဂျိုးမန်ဂန်နယ်လို၊ ဂျက်မက်ဘရေ ရာ၊ ဒန်နီပူဒီ၊ မန်ဒီပါတင်ကင် စသူတွေပဲ ဖြစ်ပါတယ်။","cover":"https://docs.google.com/uc?id=1DtGy5QVOn5Ov4uxnnZK2bl-uTQYNWRMi"},{"title":"Homeward ( 2020 )","id":"https://drive.google.com/file/d/1JwlKM2FuzC44x3ZTq_FxJleFMakHCLwT/view?usp=sharing","description":"အခုမိတ်ဆက်ပေးမယ့်ကာတွန်းကားကတော့ နတ်မျိုးနွယ်နဲ့မကောင်းဆိုးဝါးကြားကစည်းလေးတစ်ခုအကြောင်းပဲဖြစ်ပါတယ်\n\nလွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းက စိန်ကျောက်တုံးကိုပိုင်ဆိုင်ထားပြီးစိတ်တွေကိုထိန်းချုပ်နိုင်တဲ့ မကောင်းဆိုးဝါးအကြီးအကဲက အမြဲတမ်း နတ်မျိုးနွယ်တွေနဲ့စစ်ဖြစ်ပြီးအနိုင်ကျင့်တတ်ပါတယ်\n\nတစ်နေ့တော့ နတ်မျိုးနွယ်တွေက ငြိမ်းချမ်းရေးလိုချင်တဲ့မကောင်းဆိုးဝါးတစ်ကောင်နဲ့ပူးပေါင်းပြီး စိန်တုံးကိုခိုးယူပါတော့တယ် ပြီးတော့အဲ့စိန်တုံးကိုဖျက်ဆီးပြီး ငြိမ်းချမ်းရေးယူလိုက်ကြပါတယ်\n\nနောက်နှစ်တွေကြာလာတော့ မကောင်းဆိုးဝါးတွေနဲ့ နတ်မျိုးနွယ်တွေက သက်သက်တစ်မြို့စီနေထိုင်လာရာကနေ နတ်မျိုးနွယ်တွေကသာ မှော်ပညာတတ်မြောက်ပြီးသာလွန်လာပါတော့တယ်\n\nအဓိကဇာတ်ကောင်ဖြစ်တဲ့ ဘားလ်ကတော့ မကောင်းဆိုးဝါးဖြစ်ပြီး သူ့ကိုနတ်မျိုးနွယ်မိသားစုက ငယ်ငယ်ကတည်းကမွေးစားယူပြီး နတ်မျိုးနွယ်တွေကြားထဲမှာပဲပျိုးထောင်လာတာဖြစ်လို့ သူကသူ့အကိုနတ်မျိုးနွယ်ရဲ့ ဂါထာစာအုပ်ထဲက ဂါထာတွေအကြောင်းအကုန်ကိုသိနေပါတယ်\n\nပြီးတော့ ဘားလ်က မကောင်းဆိုးဝါးမြို့တော်ကိုရောက်သွားတဲ့အခါမှာတော့…. ဘားလ်ကဘာလို့အဲ့ကိုရောက်သွားတာလဲ အဲ့မြို့မှာရော ဘယ်လိုတွေဖြစ်နေသလဲဆိုတာကရော ဆက်လက်ကြည့်ရှုပေးကြပါခင်ဗျာ။\nအညွှန်းကို GC မှကူးယူဖော်ပြသည်။ \n","cover":"https://docs.google.com/uc?id=1D4-0hbgPUNRvhyH-WPAb0I17I9QS1acH"},{"title":"Spies in Disguise","id":"https://drive.google.com/open?id\u003d1RZ3oHtk1Ygr4mvl8MbckBmiDAXGU7RQ7","description":"ဒီကားကတော့ Tom Holland အတွက် Second Voice Actor လုပ်တဲ့ကားလေးပါ အကြည် တော့မဟုတ်သေးပါ အကြည်ထွက်တာနဲ့ တန်းတင်ပေးမှာပါ................@Disney\n#Translate- Ko thu\n#Encode- Haru\n#SubtitleEditor -Mhk\n#crd Electric page","cover":"https://www.dropbox.com/s/ksquqge0f2v9edb/Spies%20in%20Disguise.jpg?raw\u003d1"},{"title":"A Shaun the Sheep Movie: Farmageddon(2019)","id":"https://drive.google.com/file/d/18ksWKDwGywaPl9lPo7UWyQzws8YihsK8/view?usp=sharing","description":"လယ်သမားတစ်ယောက်ရယ် ရှောင်ဆိုတဲ့သိုးလေးတစ်ကောင်ရယ် သူ့ရဲ့ခွေးလေးရယ်\nရှိကြတယ်...သူတို့တွေဟာ အေးဆေးစွာ လောကကြီးကိုဖြတ်သန်းနေကြတယ်..\nတစ်နေ့တော့ သူ့တို့ရဲ့ပုံမှန် ဘဝလေးထဲကို ထူးခြားတဲ့ဖြစ်စဉ်တစ်ခုရောက်လာတယ်...\nအဲ့ဒါက ဂြိုလ်သားပုဂံပြားတစ်ခုပျက်ကျပြီး ဂြိုလ်သားတစ်ယောက်ဟာ သူတို့ဆီရောက်လာတယ်...စိတ်ကောင်းစေတနာရှိတဲ့သူတို့ဟာ ဒီဂြိုလ်သားလေးကို သူ့နေရပ်ကိုပြန်ပို့ပေးဖို့ ကြိုးစားကြတယ်..သူတို့က ကူညီချင်တယ်ဆိုပေမယ့် တကယ်တော့မလွယ်လှဘူး..ဒီဂြိုလ်သားလေးကို ဖမ်းဆီးတဲ့အဖွဲ့ တစ်ဖွဲ့ကလည်းရှိနေတဲ့အပြင် ပြန်ပို့ဖို့ တခြားခက်ခဲတဲ့အကြောင်းများစွာကလည်းရှိနေသေးတယ်...သူတို့အောင်မြင်ပါ့မလားဆိုတာကိုတော့ ခံစားကြည့်ကြပါဦး...IMDb...7.0ရရှိထားတဲ့ Animation ကားလေးမို့ ကားကောင်းဖြစ်ကြောင်းသတင်းကောင်းပါးပါရစေ....","cover":"https://docs.google.com/uc?id=12InI4OBsJwpHXQ_nU1XPnQVHlWAAyhNy"},{"title":"Moana (2016)","id":"https://drive.google.com/file/d/1hWG1YYmYAENUaydw08DyAhOhef1QlKiX/view?usp=drivesdk","description":"ဒီကားလေးကတော့ IMDb မှာ rating 7.6 ရထားတဲ့ Animation, Adventure, Comedy ကားလေးပါ...\nမကြာခင်ကမှ ထွက်ရှိ ထားတဲ့ စိတ်ကူးယဉ်စွန့်စားခန်း Animation ဇာတ်ကားလေး ဖြစ်တဲ့Moanaကားလေး အကြောင်း ညွှန်း ပေးလိုက်ပါတယ်။Disney ရုပ်ရှင် ထုတ်လုပ်ရေးရဲ့ ၅၆ ခု မြောက် Animationဇာတ်ကား အဖြစ် နိုဝင်ဘာ ၂၃ ရက်ကမှ ထွက်ရှိထားတာပါ။#တီဖီတီ ဟာ ကျွန်းကို စောင့် ရှောက်တဲ့ နတ်သမီးတစ်ပါးဖြစ်ပြီးကျွန်းတွေ၊ အသက်ဝိညာဉ်တွေ စတဲ့ အရာအားလုံးကို ဖန်ဆင်း ထားသူဖြစ်ပါတယ်။#တီဖီတီ ရဲ့ နှလုံးသားဟာ ကျောက်စိမ်းတုံး လေးတစ်ခုအနေနဲ့ရှိပြီးအသက် ဝိညာဉ်တွေ ဖန်ဆင်းရာမှာ အသုံး ပြုနိုင်ပါတယ်။ အဲဒါကို လူသား နတ်ဘုရားဖြစ်တဲ့#မာဝီ က သူ့ရဲ့ စွမ်းအားတွေ၊ ဝိညာဉ်တွေ မြှင့် တင်ဖို့နဲ့ မှော်ငါးမျှားချိတ်ကြီး ဖန် တီးဖို့အသုံးပြုခဲ့ပြီး မီးတောင် ချော်ရည်မိစ္ဆာကောင်ကြီး #တီခါ နဲ့ ဆုံပြီးတဲ့နောက်တီဖီတီရဲ့ နှလုံးသားရော၊ မှော်ငါးမျှားချိတ်ကြီး ရော သမုဒ္ဒရာထဲမှာ ပျောက်ဆုံး သွားခဲ့ပါတယ်။ထောင်စုနှစ် တစ်ခုကြာအ ပြီးမှာတော့ #တီဖီတီ ဖန်ဆင်းထား တဲ့ မိုတန်နူဝီကျွန်းသူကြီး တွီရဲ့ အမေ တာလာဟာ သူ့မြေး #မိုအာနာ အပါအဝင်ကျွန်းပေါ်က ကလေးတွေကို ကျွန်းနဲ့ပတ်သက်တဲ့ ဒဏ္ဍာရီတွေကို ပုံပြင်ပြောပြလေ့ ရှိပါတယ်။တီဖီတီရဲ့ နှလုံးသားဖြစ်တဲ့ ကျောက်စိမ်းတုံးလေး ပျောက်ဆုံးနေတဲ့အတွက်ကျွန်းမှာ အန္တရာယ်တွေကျရောက်နိုင်တယ်လို့ တာလာက မကြာခဏ သတိပေးခဲ့ပါတယ်။တစ်ရက်မှာ မိုအာနာဟာ ကမ်း တင်နေတဲ့ လိပ်လေးတစ်ကောင် ကိုတွေ့ခဲ့ပြီး စင်ရော်တွေဝိုင်းနေ တာကြောင့် ရေထဲပြန်မဆင်းရဲ ဖြစ်နေတာကိုမိုအာနာကယ်ဆယ်ခဲ့ တာကို သမုဒ္ဒရာကြီးက အသိအ မှတ်ပြုတဲ့အနေနဲ့ တီဖီတီရဲ့ နှလုံး သားကို ပေးခဲ့ပါတယ်။မိုအာနာ့လက်ထဲက ကျောက် စိမ်းတုံးကို သူ့အဖေကသိမ်းသွား ခဲ့ပါတယ်။ ဒါပေမဲ့လည်း မိုအာနာရဲ့ အဘွားတာလာက ယူခဲ့ပြီးအဲဒီ အရာဟာ ကျွန်းသခင်မတီဖီတီရဲ့ ပျောက်ဆုံးနေတဲ့ နှလုံးသားဖြစ် တယ်လို့ မိုအာနာကိုပြောပြခဲ့ပါတယ်။ နောက်တော့ မိုအာနာတို့ကျွန်းမှာ အုန်းပင်တွေပျက်စီး၊ငါးတွေဖမ်း မမိနဲ့ တစ်ကျွန်းလုံး ဒုက္ခရောက် နေတာမို့ ကျွန်းကိုကျော်ပြီး အစာ ရှာထွက်ဖို့ မိုအာနာစိတ်ကူးခဲ့ပေမယ့် ဒေါသကြီး၊ စည်းကမ်းကြီးတဲ့ သူ့ အဖေက လက်မခံခဲ့ပါဘူး။နောက်တော့ မရတော့တဲ့အ ဆုံး မိုအာနာဟာ သူ့အချစ်တော် ဝက် ပေါက်လေး ပူးဝါးကိုခေါ်ပြီးသူ့အဘွားတာလာညွှန်ကြားတဲ့အတိုင်း လူသားနတ်ဘုရားမာဝီကိုရှာဖို့ သမုဒ္ဒရာထဲကို ထွက်သွားခဲ့ပါတော့တယ်။ လမ်းခရီးမှာ မုန် တိုင်းမိပြီးတခြားကျွန်းတစ်ကျွန်း ကို ရောက်သွားခဲ့ကာ အဲဒီမှာ မာဝီနဲ့ တွေ့ခဲ့ပါတယ်။အဲဒီအခါမှာ မိုအာနာက တီဖီတီရဲ့ နှလုံးကို နေရာ မှန်မှာထိန်းသိမ်းနိုင်မှ တစ်ကျွန်း လုံးအန္တရာယ်ကင်းမှာမို့မာဝီကူညီမြှဖစ်မယ့်အကြောင်း ပြောပြခဲ့ ပါတယ်။အဲဒီမှာလည်း တီဖီတီရဲ့ နှလုံးသားကိုလုမယ့် ပင်လယ်ဓားပြ အဖွဲ့နဲ့လည်းရင်ဆိုင်ခဲ့ကြရပြန်ပါ တယ်။ စွမ်းအားကြီးတဲ့ မာဝီဟာ ငှက်အသွင်လည်းပြောင်းလို့ရပြီးသူ့ရဲ့မှော်ငါးမျှားချိတ်ကြီး ပျောက်ဆုံးနေတဲ့အတွက်မိုအာနာကူရှာပေး ခဲ့ပြီး အတူတိုက်ပွဲဝင်ခဲ့ကြတော့ တယ်။မိုအာနာတစ်ယောက် မာဝီနဲ့ အတူ သူတို့ကျွန်းမှာ ရောက်နေ တဲ့မကောင်းဆိုးဝါးတွေကို ဘယ် လိုနှိမ်နင်းမှာလဲ။ နတ်ဘုရားမ တီဖီတီရဲ့နှလုံးသားကိုကော မူလနေရာရောက်အောင် ပြန်ထားခွင့်ရမှာလားဆိုတာတော့ကိုယ်တိုင်ပဲ ဆက်ကြည့်လိုက်ဦးနော်………အထူးပြုလုပ်ချက်တွေကောင်းလွန်တဲ့ Animation ဇာတ်ကားမို့ ကလေး၊လူကြီး မရွေး သဘောကျမှာ သေချာသလောက်ပါပဲ။အသံသရုပ်ဆောင်ထားသူတွေက မိုအာနာအဖြစ် အော်လီအိုင်ခရက်ဗယ်ဟို၊မာဝီအဖြစ် ဒွိန်းဂျွန်ဆင်၊ တာလာအဖြစ် ရေချယ်ဟောက်စ် စသူတွေပဲ ဖြစ်ပါတယ်။\n#crd ‎channel myanmar","cover":"https://docs.google.com/uc?id=13e_A2ezKVlkaPoNd_77pKAEGu4YfdQqf"},{"title":"Bilal: A New Breed of Hero (2015)","id":"https://drive.google.com/file/d/1u8bRscjuU8qRyqAzkm-u07bJ4dHqORzg/view?usp=drivesdk","description":"လွန်ခဲ့သောနှစ်ပေါင်းများစွာကြာက ဘာသာရေးယုံကြည်မှုများ\nမထွန်းကားချိန်အခါတုန်းက ဘီလာနဲ့ဂူဖိုးယားတို့မောင်နှမနှစ်ယောက်ဟာ\nရွာလေးတစ်ရွာမှာ သူတို့အမေနဲ့အတူ ငြိမ်းငြိမ်းချမ်းချမ်းနေနေခဲ့ကြတယ်\nဘီလာဟာငယ်ငယ်လေးထဲက\nမြင့်မြတ်တဲ့စစ်သည်တော်ကြီးတစ်ယောက်ဖြစ်ချင်ခဲ့သူတစ်ယောက်ပါ\nခေတ်အခါကလဲ မှောင်ခေတ်ကလဲ မှောင်ခေတ်လို့ပြောရလောက်အောင်\nသက်ဦးဆံပိုင်ကျွန်ခေတ်ဖြစ်နေတော့ တစ်ရက်မှာ သူတို့ရွာလေးကို\nအင်အားကြီးနယ်မြေက သိမ်းသွားပြီး သူတို့အမေလဲသေ\nသူတို့ကိုလဲ ကျွန်အဖြစ်နဲ့ဖမ်းသွားခဲ့ပါတယ်\nအဲ့ဒီလိုနဲ့ဘီလာတို့မောင်နှနှစ်ယောက် ကျွန်အဖြစ်နဲ့နေလာရင်း\nဘာသာရေးကိုခုတုံးလုပ်ပြီး စီးပွားရှာနေတဲ့သူဌေးကြီးရဲ့ အစေခံမဖြစ်နေခဲ့ရပါတယ်\nဒီလိုနဲ့ပါ နှစ်တွေကြာလာတဲ့အချိန်မှာ ဘာသာရေးရဲ့အနှစ်သာရကို\nတကယ်သိရှိတဲ့လူနဲ့တွေ့ပြီး ဘီလာတစ်ယောက် မှန်ကန်တဲ့လမ်းကိုရွေးပြီး\nလွတ်လပ်ပြီးတန်းတူအခွင့်အရေးရရှိဖို့အတွက် ကြိုးစားလာပါတော့တယ်\nဒီအချိန်မှာ ဘာသာရေးကိုခုတုံးလုပ်အမြတ်ထုတ်နေသူတွေနဲ့\nယုံကြည်သူတွေကြားထဲ ဘယ်လိုအားပြိုင်မှုတွေဖြစ်လာမလဲဆိုတာကိုတော့\nဒီဇာတ်ကားကိုသာဆက်ကြည့်လိုက်ကြပါ\nပြီးတော့ ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ဇာတ်ကားတစ်ခုလည်းဖြစ်ပါတယ်…\nRating 8.5 ရရှိထားတဲ့ ဒီကားလေးဟာ ကြည့်တဲ့လူတွေအဖို့\nအတိုင်းတာတစ်ခုထိကျေနပ်စေမှာပါ….","cover":"https://docs.google.com/uc?id=13u-gl73Ma-fr9us3_XS05l-ilk2QahrJ"},{"title":"Ice Age (2002)","id":"https://drive.google.com/file/d/12EwGTmCbEyK7G-eJn0pn4dDDUapcY53g/view?usp=drivesdk","description":"နာမည်ကြီး Animation Ice Age ရဲ့ ပထမဆုံးကားပါ။ IMDb ၇.၆ ရထားပါတယ်။ ဇာတ်လမ်း\nအကျဉ်းကတော့ ရေခဲခေတ် မာမွန့်သ် ဆင် ရယ် sloth တစ်ကောင်ရယ် ကျားတစ်ကောင်ရယ် မိတ်ဆွေ\nဖြစ်ပြီး ကျားတွေတိုက်ခိုက်ခံရလို့ မိဘကွဲနေတဲ့ ကလေးငယ်လေးကို ပြန်လိုက်ပို့ပေးတဲ့ စွန့်စားခန်း\nအကြောင်းပါ။ ရေခဲခေတ် အလှတွေရယ် စွန့်စားခန်းတွေရယ် ဟာသတွေရယ် မိတ်ဆွေစိတ်\nအကြောင်းကိုပြထားတဲ့ ခံစားချက်တွေရယ်ကြောင့် နာမည်ကျော်တာဖြစ်ပါလိမ့်မယ်။ အားပေးကြပါဦး။\nCredit Review","cover":"https://docs.google.com/uc?id=16sn4700nu8XlwTHtGeKjPSMYgXyFt0FT"},{"title":"Ice Age: The Meltdown (2006)","id":"https://drive.google.com/file/d/1B__47R_G5UtWZoCofsHfcYn6QxLUxXFm/view?usp=drivesdk","description":"ဒီကားလေးကတော့ IMDb မှာ rating 6.8 ရထားတဲ့ Animation, Adventure, Comedy ကားလေးပါ...","cover":"https://docs.google.com/uc?id=1JZS4-mduu_6g4-kMLmPFoFTdVZCsjeps"},{"title":"Ice Age: Dawn Of The Dinosaurs (2009)","id":"https://drive.google.com/file/d/1bcQgjlhInYg-zxpkKkp7wAIGx_J6QNus/view?usp=drivesdk","description":"ICE Age ကာတွန်းကားတွေရဲ့တတိယမြောက်ဇာတ်ကားဖြစ်ပါတယ်။ \n\nဒိုင်နိုဆောတွေဆီရောက်ရှိပီး ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာကို \n\nစိတ်ဝင်စားဖွယ်ကြည့်ရမဲ့ ဇာတ်ကားကောင်းပါ။","cover":"https://docs.google.com/uc?id=1Jkka2sKEuTa0EE5o22XZsbd0OEInBNXj"},{"title":"The Big Trip (2019)","id":"https://drive.google.com/file/d/1eSHqOzTHkuc4yM3Pwa_WkrbVIMKKZW8I/view","description":"Mic Micဆိုတဲ့ စိတ်တိုတတ်တဲ့ဝက်ဝံကြီးဟာ ဘယ်သူနဲ့မှ သိပ်မပေါင်းပဲ တစ်ယောက်ထဲနေတတ်သူဖြစ်ပါတယ် ဒါပေမယ့် Oscarဆိုတဲ့ပျော်တတ်တဲ့ယုန်ကတော့ Mic Micဟာ သူ့ရဲ့ သူငယ်ချင်းပါလို့ လိုက်ကြွားထားတယ်တဲ့\n\nတစ်နေ့မှာတော့ Mic Micနဲ့Oscarတို့ စကားများနေရင်း ကလေးတွေကို သယ်ပြီး လိုက်ပို့တဲ့ငှက်တွေထဲကတစ်ကောင်ဟာ ပန်ဒါပေါက်လေးကို ပန်ဒါမိဘတွေဆီ ပို့ရမယ့်အစား အလွဲလွဲအချော်ချော်ဖြစ်ပြီး ဝက်ဝံကြီး Mic Micရဲ့ အိမ်ကို မှားပို့မိပါတော့တယ်\n\nအဲ့အချိန်မှာ Mic Micက ပန်ဒါလေးကို သူ့မိဘတွေဆီသွားပို့ဖို့ စွန့်စားခန်းထွက်တာကို Oscarက လှေပေါ်ခိုးလိုက်ခဲ့ပါတယ် Mic Mic Oscarကိုတွေ့သွားတော့ ပြန်ခိုင်းပေမယ့် ပန်ဒါပေါက်လေးက ထငိုတော့ ကလေးငိုသံကို မခံနိုင်တဲ့ Mic Micဟာ Oscarကို ကလေးထိန်းဖို့ တာဝန်ပေးပြီး ဆက်လိုက်ခိုင်းခဲ့ပါတယ်\n\nအဲ့ဒါနဲ့ သူ့ရဲ့တစ်ကယ်မဟုတ်တဲ့ဇာတ်ကြောင်းတွေကိုလိုက်ပြောပြတတ်တဲ့ ဝန်ပိုငှက် Duke, နူးညံ့ပြီး အရာအားလုံးကို ကြောက်နေတတ်တဲ့ ဝံပုလွေJanus, သူငယ်ချင်းမရှိပဲ ကဗျာတွေဖွဲ့နေတတ်တဲ့ ကျားကြီးArmurတို့နဲ့ ခရီးလမ်းမှာ တွေ့ကြပြီး ဘယ်လိုတွေ စွန့်စားမယ် ဘယ်သူ့ကို ရင်ဆိုင်ရမလဲဆိုတာ ကြည့်ရင်းနဲ့ ကွဲပြားတဲ့ဇာတ်ကောင်စရိုက်တွေကို ခံစားကြည့်လိုက်ပါတော့\n\nဒီကားလေးမှာ အဓိကပြချင်တာကတော့ သူငယ်ချင်းသံယောဇဉ်ဖြစ်ပြီး အတူလုပ်ရင် အောင်နိုင်တယ်ဆိုတာ ပြထားတာပါ။","cover":"https://docs.google.com/uc?id=1N0gHClG-JjGrha3bxpWESzDSANQ6DqXJ"},{"title":"White Snake (2019)","id":"https://drive.google.com/file/d/1F8M2j_NO-A_g-xaVhPE18jaqmGZvkZUI/view?usp=sharing","description":"“မြွေဖြူမိစ္ဆာနှင့်မှော်ဆံထိုး”\n\nIMDb Rating 7.1/10 ထိ ရရှိထားတဲ့ ဇာတ်ကားလေးပါ။\n\nဒီအန်နီမေးရှင်း ဇာတ်လမ်းလေးကတော့ တရုတ်ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ မြွေဖြူမိစ္ဆာအကြောင်းကို အခြေခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်\n\nဒီဇာတ်လမ်းကို အခြေခံပြီး ရှေ့မှာလည်း Live action ရော animation တွေရော ပုံစံအမျိုးမျိုး ထွက်ခဲ့ဖူးပေမယ့် အခုကတော့ ပိုကောင်းတဲ့ animation ရုပ်ထွက်တွေနဲ့ ပိုပြီးကြည့်ကောင်းလာပါပြီ\n\nရိုက်ချက်အလန်းတွေ နောက်ခံတီးလုံးအလန်းတွေ လှပတဲ့ရှုခင်းတွေနဲ့ ကြည့်ရှူ့သူကို ဆွဲဆောင်သွားမှာပါ…\n\nဒီတော့ အားပေးကြည့်ရှူ့ကြပါဦးလို့။","cover":"https://www.dropbox.com/s/jdcyhqyvmabpwld/White-Snake.jpg?raw=1"},{"title":"Superman: Red Son (2020)","id":"https://drive.google.com/file/d/1ZPwthZn71YXf3M0EYpySmJWmxZClXxaG/view?usp=sharing","description":"2020ရဲ့စူပါမန်းရောက်ရှိလို့လာပါပြီ\n\nဆိုဗီယက်ပြည်နယ်မှာမွေးဖွားတဲ့စူပါမန်းတစ်ယောက်ဟာ\nလူတွေကိုဖိနှိပ်ချုပ်ချယ်မှုတွေကင်းလွတ်တဲ့ဘဝမှာနေစေချင်တဲ့ ဆန္ဒတွေပြင်းထန်လို့နေပါတယ်\n\nသို့ပေမယ်လဲထုံးစံအတိုင်း အာဏာကိုမက်မောတဲ့လူတွေကြောင့်\nစူပါမန်းတစ်ယောက် တိုက်ပွဲဝင်ရပါတော့တယ်\n\nတစ်ချိန်တည်းမှာပဲ သူတို့ရဲ့မြို့လေးတစ်မြို့ကို ဂြိုလ်သားတွေရဲ့ယာဉ်ရောက်ရှိလာပြီး\nဖန်ပုလင်းထဲထည့်သိမ်းလိုက်တဲ့အခါ\nအဲဒီမြို့ကိုလည်းကယ်တင်ဖို့ကြိုးစားရ\nတစ်ဖက်မှာလည်းအမေရိကန်ရဲ့ဖိနှိပ်မှုတွေကိုခံရနဲ့\n\nဒီကြားထဲသူ့ကိုမုန်းတဲ့လင်းနို့လူသားပါ ပါလာတဲ့အချိန်မှာတော့\nစူပါမန်းတစ်ယောက်ဘယ်လိုတွေရင်ဆိုင်တိုက်ခိုက်မလဲ\nဘယ်လိုတွေစွန့်စားမလဲဆိုတာကိုတော့ ကြည့်ရှူလိုက်ကြပါနော်","cover":"https://docs.google.com/uc?id=1u2j0oGTE4_veFXwUNzUKc1xbLKyIHKtv"},{"title":"Kalus(2019)","id":"https://drive.google.com/file/d/1A92QIorVYwLBRgEZt5aqqk0c0MhsDP_R/view?usp=sharing","description":"ချစ်ခြင်းမေတ္တာနဲ့ နွေးထွေးမှုကို လူသားတွေက နည်းလမ်းအမျိုးမျိုးနဲ့ ဝေမျှကြပါတယ်…\n\nဒီခေတ်မှာ စာအိတ်ထဲထည့်ပေးကြတဲ့ ပေးစာတွေ မရှိတော့ဘူးဆိုပေမယ့် \n\nလူမှုကွန်ယက်ပေါ်ကဖြစ်ဖြစ် တစ်ယောက်ကိုတစ်ယောက် စာတွေပေးပို့နေကြတုန်းပါပဲ…\n\nဒါပေမယ့် ပေးပို့တဲ့စာတွေထဲမှာ အမုန်းတရားတွေထက် ချစ်ခြင်းမေတ္တာတွေ ထည့်ပေးထားရင်မကောင်းဘူးလား\n\nဒီဇာတ်ကားလေးကတော့ အေးမြတဲ့ ခရစ္စမတ်အကြောင်းကို နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာနဲ့\n\nပုံဖော်ထားတဲ့ ချစ်စရာကောင်းတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်… \n\nခရစ္စမတ်မှာ လက်ဆောင်တွေ လာပေးနေတဲ့ ခရစ္စမတ်ဘိုးဘိုးကြီးလို့ခေါ်တဲ့ စန်တာကလောက်စ် အကြောင်း အခြေခံပြီး ပုံဖော်ထားတာပါ … \n\nအခွင့်ထူးခံ လူပေါ်ကျော့ ဂျက်စပါဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ အဖေ့ရဲ့စာပို့လုပ်ငန်းကြီးမှာ လက်ကျောတင်းအောင် မလုပ်ချင်ဘဲ \n\nပျင်းရိနေတဲ့အတွက်ကြောင့် သူ့ကိုအပြစ်ပေးတဲ့အနေနဲ့ လူသူမနီးတဲ့ ကျွန်းတစ်ကျွန်းပေါ်က မြို့ကလေးမှာ စာပို့သမားလုပ်ဖို့ ပို့လွှတ်စေခိုင်းခဲ့ပါတယ်…\n\nရိုင်းပြပြီး အမြဲဒေါသထွက်နေတဲ့ လူတွေနေတဲ့ အေးခဲပြီး ခေါင်ဖျားလွန်းတဲ့\n\nစမီရင်ဘာ့ဂ် မြို့ကလေးကနေ တစ်နှစ်အတွင်း ပေးစာ ၆၀၀၀ ထွက်လာအောင်လုပ်မှ ဒီမြို့ကနေပြန်ရမယ့်သူပါ…\n\nမဟုတ်ရင် အဖေကအမွေပြတ်စွန့်လွှတ်မတဲ့… \n\nKlaus ဆိုတဲ့ ဒီဇာတ်ကားလေးဟာ ၂၀၁၉ မှာထွက်ရှိထားပြီး IMDb – 8.4/10 နဲ့ Rottentomatoes – 89% တောင်ရရှိထားတာမို့\n\nလက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးဖြစ်တယ်လို့ပဲပြောလိုက်ပါရစေ.။","cover":"https://docs.google.com/uc?id=12DRTCdZU1MSPxaz1sVYb7Jh2MgQN_1IE"},{"title":"Toy Story 4 (2019)","id":"https://drive.google.com/file/d/1HIxCTQqhBlA3Pe2lRWDu_RBIsO-dtn80/view?usp=sharing","description":"ကဲ ကျွန်တော်တို့အရုပ်တွေရဲ့ ပိုင်ရှင်ကြီး’အန်ဒီ’တစ်ယောက်ကတော့ ဒီကားထဲမှာ လူကြီးတစ်ယောက်ဖြစ်သွားပြီး\nကောလိပ်တောင်သွားတက်နေပါပြီ ၊ ‘အန်ဒီ’ဟာ သူချစ်ရတဲ့အရုပ်လေးတွေကို ‘ဘွန်နီ’ဆိုတဲ့ ကောင်မလေးတစ်ယောက်ကို\nပြန်ပြီးလက်ဆင့်ကမ်းခဲ့တာပေါ့ ၊ ကံမကောင်းစွာနဲ့ပဲ ‘အန်ဒီ’ ပြန်ပေးခဲ့တဲ့အထဲမှာ သူတို့တစ်ဖွဲ့လုံးပါမသွားဘဲ တချို့တွေနဲ့\nကွဲကွာခဲ့ကြတယ် ၊\n\n‘ဘွန်နီ’ဆိုတဲ့ ကောင်မလေးလက်ထက်မှာတော့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး ‘ဝူဒီ’တစ်ယောက်တော့ သိပ်မျက်နှာသာအပေးမခံရပဲ\nပိတ်ကားနောက်ကကြိုးဆွဲသူအဖြစ်နဲ့သာ နေနေရရှာတယ်လေ ၊ ဒါပေမယ့် သူကတော့’ဘွန်နီ’ကိုမေတ္တာမပျက်ရှာပါဘူး ၊ မေတ္တာမပျက်လို့ပဲ\n‘ဘွန်နီ’ရဲ့ပထမဆုံးမူကြိုတက်ရမယ့် နေ့မှာအဆင်မပြေဖြစ်မှာစိုးလို့ ကျောပိုးအိတ်ထဲကကနေ ခိုးလိုက်သွားခဲ့တဲ့နောက်မှာ အတန်းထဲမှာ\n‘ဘွန်နီ့’အတွက် အရေးပါတဲ့အရုပ်ကလေးတစ်ခု ထပ်ရရှိခဲ့တာကို တွေ့ခဲ့ရတယ် ။ ဆိုတော့ ဒီအရုပ်ကလေးကြောင့် ဘာတွေဆက်ဖြစ်လာမှာလဲ\nဒီအရုပ်ကလေးက ‘ဝူဒီ’တို့လိုပဲသခင်ကိုချစ်မြတ်နိုးတဲ့ အရုပ်ကလေးဖြစ်လာမှာလား ဒါမှမဟုတ် ပေါက်တက်ကရတွေဖြစ်လာပြီး အရင်ကားတွေလိုပဲ စွန့်စားမှုတွေသူတို့သူငယ်ချင်းတသိုက်ဘယ်လိုဆက်လုပ်ကြ မလဲဆိုတာ စိတ်ဝင်တစားကြည့်ရဦးမှာပါ ။\n\nToy Story အနေနဲ့တော့ သူ့ကိုရုံမတင်ခင်က တချိန်လုံးလိုက်ဖဲ့နေတဲ့ Child Play ကို ဒီကားလေးနဲ့ပဲ လှလှပပပြန်အနိုင်ယူသွားခဲ့ပါပြီ ။\nသူငယ်ချင်းတို့လည်း ကြည့်လိုက်ကြဦးနော် ။","cover":"https://docs.google.com/uc?id=1vXZ3r9tsRWIIQWOf39CwFG-F1c8Z2eF5"},{"title":"Two Tails(2019)","id":"https://drive.google.com/file/d/1GKIjgVpLlerZx8kiWhL-3s4qMsEYVvw2/view?usp=drivesdk","description":"ဒီကာတွန်းကားလေးကတော့ ဂြိုဟ်သားတစ်စု ကမ္ဘာမြေပေါ်ကို စွမ်းအင်အရင်းအမြစ်တစ်ခု\n\nရှာဖွေဖို့ ရောက်လာရင်း ကိစ္စပေါင်းစုံ ကြုံရတဲ့အကြောင်းကို\n\nချစ်စဖွယ်ရိုက်ကူးထားခြင်းပဲ ဖြစ်ပါတယ်\n\nမက်စ်ဆိုတဲ့ကြောင်လေးက အင်မတန်မှကို နာမည်ကြီးချင်တဲ့ကြောင်လေးပါ\n\nအဆိုကိုလည်းအင်မတန်ဝါသနာပါပါသေးတယ်\n\nဒါပေမယ့်လည်း သူသီချင်းဆိုရင် ကားပေါ်က ကန်ချတဲ့သူက ကန်ချ၊\n\nနားပိတ်ထားတဲ့သူကပိတ်ထား ထွက်ပြေးတဲ့သူကပြေး ဖြစ်ရလောက်တဲ့အထိ\n\nသီချင်းဆိုကောင်းသူပါ ဘော့ကတော့ သူ့သူငယ်ချင်းဖျံလေးပါ\n\nတောအုပ်ထဲမှာအလုပ်အကြိုးစားဆုံးဖျံလေးပါပဲ\n\nသူတို့နှစ်ယောက်အေးရာအေးကြောင်း နေလာရင်းနဲ့ တစ်ရက်မှာတော့\n\nသူတို့နားကို ပန်းကန်ပြားပျံကြီး ပျက်ကျလာပါတော့တယ်\n\nဂြိုဟ်သားလေးတွေက ခင်မင်နှစ်လိုဖွယ်ရှိပေမယ့်\n\nသူတို့နောက်ကိုလိုက်လာတဲ့ တစ်ဖွဲ့ကတော့ ရန်လိုတာမှ အတိုင်းထက်အလွန်ပါ.\n\nရောက်လာတာနဲ့အကုန်လျှောက်ဖမ်းရင်း မက်စ်နဲ့သူငယ်ချင်းတွေပါ\n\nပါသွားတဲ့အခါမှာတော့ မက်စ်ခမျာ ပြန်လည်ကယ်တင်ဖို့လုပ်ရပါတော့တယ်\n\nဒီကြားထဲမှာ ဂြိုဟ်သားတွေကိုဖမ်းချင်နေတဲ့\n\nညီအစ်ကိုနှစ်ယောက်ကိုလည်း ရှောင်ရပါသေးတယ်\n\nနောက်ဆုံး မက်စ်ဘယ်လိုဖြေရှင်းလိုက်နိုင်မလဲဆိုတာ ပိတ်ကားထက်မှာ\n\nဆက်လက်ကြည့်ရှုကြပါစို့ မတူညီပေမယ့် ကွာခြားပေမယ့်\n\nသူငယ်ချင်းတွေအဖြစ်ရပ်တည်နိုင်ပြီး သူငယ်ချင်းအတွက်ဆို\n\nအသက်ပဲပေးရ ပေးရ ဆိုတဲ့ သံယောဇဉ်တွေကိုလည်း\n\nဒီဇာတ်ကားလေးထဲမှာ ခံစားရမှာပါပဲ \n\nCredit CM\n\nTranslated by Neve\n\nEncoded by Moe Myint Lwin\n\n ","cover":"https://docs.google.com/uc?id=12SC_HWJL6sp83_aEAJJcAEwZdMV3G5mG"},{"title":"Over the hedge","id":"https://drive.google.com/file/d/1GK1IBhbud7yyFo4E2OjeR6Jg8B-eg3Kz/view?usp=sharing","description":"တစ်ခေါက် အူတက်နေအောင် ရယ်ရပြီး\n\nချစ်ဖို့ကောင်းလွန်းတဲ့ ဆောင်းခို သတ္တဝါ လေးတွေ ရဲ့\n\nအစားအစာ ရှာဖွေတော်မူခန်း ကို တင်ဆက်ပေးချင်ပါတယ်\n\nDreamWorks Animation ရဲ့ ထုတ်ကုန် ဆိုရင်\n\nပြောနေစရာမလိုအောင် ကောင်းပြီးသားမှန်း သိမှာပါ\n\nဇတ်လမ်းပုံစံကတော့ လိပ်ကလေး တစ်ကောင် ဦးဆောင်တဲ့\n\nဆောင်းခို အဖွဲ့ဟာ တစ်ခုသော နွေရာသီမှာ သူတို့ အသိုက်ကနေ\n\nထွက်လာကြပြီး ကျန်တဲ့ ဆောင်းရာသီ အတွက် အစာရှာဖွေခြင်း\n\nလက်ရှိရာသီ အတွက် အသက်ရှင် နေထိုင်ရေး အတွက် ကြိုးပမ်းမှု များကို\n\nစတင်လုပ်ဆောင်ပါတော့တယ် ဒါပေမယ့် သူတို့ မသိလိုက်တာက\n\nသူတို့ ဆောင်းခိုနေစဉ် ကာလ အတိုလေးမှာပဲ သူတို့ တောအုပ်လေးကို\n\nကွပ်လပ်လေး တစ်ခုအဖြစ် အလယ်ဗဟိုထားပြီး မြို့သေးသေးလေး တစ်ခု\n\nဆောက်လုပ်လိုက်တာပါပဲ ဒီတော့ သူတို့ အတွက် အစာရေစာ ရှားပါးသည့်\n\nအပြင် လူသားတွေ ရဲ့ သက်ဖြတ် နှိမ်နှင်းမှု ကိုလဲ ခံရနိုင်ပါတယ်\n\nဒီတော့ ဘယ်လိုလုပ်ကြမလဲ ?\n\nအဲ့ဒီအချိန်မှာပဲ လူတွေ ကို လှည့်စားပြီး အစာရှာနည်းသင်ပေးမယ့်\n\nကြောင်လည်ပတ်ကား တောကြောင် တစ်ကောင် သူတို့ မိသားစုလေးထဲ\n\nဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိလို့ လာပါတော့တယ်\n\nသူတို့ ခန့်မှန်းထားသလို အစာရေစာ ရရှိစုဆောင်းနိုင်မလား\n\nဘယ်လို အခက်အခဲပေါက်တက်ကရတွေ ကြုံတွေ့ရမယ်\n\nဆိုတာတော့ ဆက်လက်ရှုစား ရယ်မောလိုက်ကြပါအုံးခင်ဗျ\n\nဘ၀ အမော ပြေနိုင်ကြပါစေ...","cover":"https://docs.google.com/uc?id=1Ui8eLFdOO-A08W0OnYyCkneOc1s70hhI"},{"title":"Inside Out (2015)","id":"https://drive.google.com/file/d/1Yj7KzUNM64NG-p4XxX3kMRdBkzMvGRHx/view?usp=sharing","description":"\nဇာတ်လမ်းကို11 နှစ်အရွယ် Riley ဆိုသော မိန်းကလေးတစ်ယောက်ရဲ့ ပြင်ပ ဘဝနဲ့သူမရဲ့စိတ်ထဲမှာ ရှိတဲ့ ခံစားချက်ကလေးတွေကို ဇာတ်အိမ်တည်ထားပါတယ်။ ငယ်ငယ်တုန်းက ပျော်ခဲ့တာတွေ ချစ်သော ဖေဖေ မေမေ ဆိုသော မိသားစုနဲ့အတူ ကြည်နူးခဲ့တာတွေ အချစ်ဆုံး သူငယ်ချင်းတွေရှိခဲ့တာတွေ Hockey ရိုက်သော ဝါသနာတွေ ထိုထိုသော အရာတွေအကုန်လုံးသည် သူမရဲ့ဖခင်ဖြစ်သူ အလုပ်အကိုင်ကြောင့် Minnesota မှသည် San Francisco သို့ သူတို့မိသားစု အိမ် ပြောင်းသွားကြတဲ့အခါ အရင်က Riley သည် စိတ်အတွင်းရှိ ခံစားချက်တွေ ပြောင်းလဲလာလေတော့သည်။\nသူမနှင့်အတူ လူသားအားလုံးရဲ့ စိတ်ထဲတွင် ခံစားချက် 5 မျိုးဖြစ်သော Joy, Sadness, Fear, Anger နဲ့Disgust တို့ဖြင့် ဖွဲ့စည်းထားပြီး ထို 5 မျိုးသော ခံစားချက်များသည် လူသားများရဲ့ စိတ်အတွင်းရှိ ပင်မ ဗဟိုဌာနတွင် နေထိုင်ရင်း သက်ဆိုင်ရာ ခံစားချက်များ သက်ဆိုင်ရာ မှတ်ဉာဏ်များနှင့် သက်ဆိုင်ရာ အပြုအမူတွေကို ထိန်းချုပ်ကြပါတယ်။ Joy က ထို 5 ယောက်ရဲ့အနက် ခေါင်းဆောင်တစ်ယောက်လည်းဖြစ်သလို Riley ရဲ့ပျော်ရွှင်ခြင်းဆိုသော ခံစားချက်ကို ဖြစ်ပေါ်လာအောင် စွမးဆောင်ရတဲ့သူလည်း ဖြစ်တယ်။ Sadness ကတော့ နာမည်ကြားရုံနဲ့ သိကြတဲ့အတိုင်း လူတိုင်းမလိုချင်ကြတဲ့ အရာတစ်ခု။ နောက်တစ်ယောက် ဖြစ်တဲ့င်္ Fear ဆိုတာကတော့ Riley ကို အန္တရယ်တွေမှ တစ်ဆင့် ကင်းဝေးစေတဲ့ စိုးရိမ် ပူပန် ကြောက်တတ်တဲ့ စိတ်ကလေးပေါ့။ Anger ဆိုတာကတော့ Riley စိတ်ရဲ့အဓိကကြတဲ့အရာတစ်ခု။ တရားမမျှတတာတွေကို ရင်ဆိုင်လာရတဲ့အခါပဲဖြစ်ဖြစ် စိတ်အလိုမကျတဲ့ အခါပဲဖြစ်ဖြစ် ဖြစ်ပေါ်လာတတ်တဲ့ ခံစားမှူတစ်ခု။ နောက်ဆုံး တစ်ယောက်ဖြစ်တဲ့ Disgust ကတော့ Riley အနေနဲ့သူမနဲ့ပတ်ဝနးကျင်ပဲဖြစ်ဖြစ် အစားအစာပဲဖြစ်ဖြစ် အဆင်မပြေတဲ့အခါ ထိုအရာတွေနဲ့ဝေးကွာစေအောင် ပြုမူဆောင်ရွက်ပေးတဲ့ ခံစားချက်ပဲ။\nတစ်နေ့တော့ sadness ဝမ်းနည်းခြင်းရဲ့လုပ်ဆောင်မှုတွေကြောင့် ကလေးမလေးရဲ့အတွင်းစိတ်ထဲမှာ\nဗြောင်းတိဗြောင်းဆန်ဖြစ်ပြီး သူငယ်ချင်းတွေ မိသားစုတွေနဲ့ပါ အဆင်မပြေတာတွေဖြစ်လာပြီး\nဘာတွေဆက်ဖြစ်လာမယ်ဆိုတာကိုတော့ မိတ်ဆွေများကိုယ်တိုင်ခံစားကြည့်ရှုလိုက်ကြပါခင်ဗျာ\nဒီဇာတ်ကားလေးကို အထူးနှစ်သက်မိတဲ့ အကြောင်းအရာလေးကတေ့ာ Idea လေးဆန်းသစ်နေပြီး ထို Idea အသစ်ကို ပရိသတ်ကို ချပြတဲ့အခါ ပိုင်နိုင်ကျွမ်းကျင်မှုဆိုတဲ့ Smart ဖြစ်တဲ့ ဇာတ်လမ်း Smart ဖြစ်တဲ့ တင်ဆက်မှူပဲဖြစ်ပါတယ်။\nIMBD 8.4\nဇာတ်လမ်းအညွှန်းကို Movies-we watch,we feel ပေ့ကနေ မှီငြမ်းပြီးတင်ဆက်ထားခြင်းဖြစ်ပါတယ်။\n","cover":"https://docs.google.com/uc?id=134JmLz863YJgummuzBwHqOgkzQWPSJfw"},{"title":"Spies In Disguise (2019)","id":"https://drive.google.com/file/d/1OThZ6KCPOKyXQES-UN1X-Y8mPAAe9_FL/view?usp=sharing","description":"\nကမ္ဘာ့အတော်ဆုံး စပိုင်တယောက်အဖြစ် သတ်မှတ်ထားခြင်း ခံရတဲ့ Lance Sterling နဲ့ သိပ္ပံပညာရှင် လူငယ်လေး Walter Beckett တို့ရဲ့ ခံယူချက်ကတော့ ပြသားတလမ်း သံတလမ်းစီပါ\n\nဘယ် mission မဆို 100 percent အောင်မြင်အောင်လုပ်တက်ပြီး ပေါင်းသင်းဆက်ဆံရေးမှာ မကောင်းတဲ့ Lance တယောက် mission ထမ်းဆောင်ရင်နဲ့ အမှားလေးနည်းနည်းပါရှိသွားတဲ့ အတွက်ကြောင့် နေ့ခြင်း ညခြင်းကို ပဲ wanted person ဖြစ်သွားပါတယ်\n\nအဲ့ဒါကြောင့် သူကြုံနေတော့ အခက်အခဲကနေ လွတ်မြောက်အောင် ကိုယ်ဖျောက်ပြီး ပြသနာကို ဖြေရှင်းဖို့ Walter ရဲ့ အိမ်ကို ရောက်သွားတဲ့ အချိန်မှာတော့ Walter တီထွင်ထားတဲ့ မျိုးရိုးဗီဇပြောင်းတဲ့ ဆေးရည်ကို သောက်ပြီးတဲ့ နောက်ပိုင်း super spy ကြီးတယောက် ခိုတကောင်အဖြစ် ဘဝပြောင်းသွားပါတယ်\n\nSuper spy ကြီးကို လို ဘဝကနေလည်းပြောင်းအောင် သူ စွပ်စွဲခံထားရတဲ့ ကိစ္စတွေကနေလည်း လွတ်မြောက်အောင် Walter တယောက် ဘယ်လို အကူအညီပေးမှာလဲ Walter နဲ့ Lance နဲ့ နှစ်ယောက်ပေါင်းပြီး Team အဖြစ် ဆောင်ရွက်မှ အောင်မြင်နိုင်မဲ့ ကိစ္စတွေကို အဆင်ပြေအောင် ဆောင်ရွက်နိုင်ပါ့မလားဆိုတာ အခုပဲကည့်လိုက်ရအောင်နော်\n\n#WillSmithနဲ့ #ToHolland တို့ အတွဲညီညီ အသံနဲ့ သရုပ်ဆောင်ထားကြတဲ့ Spies in Disguiseအပြင် 20th century Fox ကနေ ထုတ်ထားတာမို့ ဇာတ်လမ်းရော အသံပိုင်းဆိုင်ရာတွေရော အမိုက်စားနဲ့ ကြည့်ရှုဖို့ တင်ဆက်ပေးလိုက်ပါတယ်။\n","cover":"https://docs.google.com/uc?id=14PDmKpjk3U5AbAMSjOCyOvisjnYirHkb"},{"title":"Frozen 2 (2019)","id":"https://drive.google.com/file/d/1-Z2AWDuyoB7vropf-6cQC6jCBnBMlrYN/view?usp=sharing","description":"အယ်လ်ဆာနဲ့ အန်နာတို့ ညီအစ်မ ဟာအယ်ရန်ဒဲတိုင်းပြည်မှာ ပျော်ပျော်ရွှင်ရွှင်အတူနေထိုင်ကြပေမယ့် ကံဆိုးတဲ့တစ်နေ့ကိုရောက်လာပါတော့တယ်။အယ်လ်ဆာရဲ့ မိဘတွေတုန်းကရင်ဆိုင်ခဲ့ရတဲ့ မှော်ဝင်တောအုပ်ထဲကဝိညာဉ်တွေ၊ အယ်လ်ဆာပဲ ကြားနေရတဲ့ခေါ်သံတွေနဲ့အတူ သူတို့တိုင်းပြည်အန္တရာယ်ကျရောက်လာချိန်မှာ အန်နာတို့လည်းခရစ္စတော့ဖ်၊အိုလက်ဖ်၊ ဆဗန်တို့နဲ့အတူအတိတ်က အမှန်တရားကို ရှာဖွေရပါတော့တယ်။ရုပ်ရှင်ကားကို Thit San Khant မှEncode ပေးထားပါတယ်။\n(အညွှန်းကို CM မှ ကူးယူဖော်ပြပါသည်။)","cover":"https://docs.google.com/uc?id=15L1f8IBx41f6u7irtqcrUtMzhb1f50Hr"},{"title":"Angry Birds Movie 2 (2019)","id":"https://drive.google.com/file/d/1oOv_-3HQ83TEnhB2M_3xQ6lMFK2b1hZZ/view?usp=sharing","description":"ဒါကတော့ဒုတိယမြောက် Angry Birds ကာတွန်းရုပ်ရှင်လေးပါ။\n\nပထမဆုံး ကားမှာတော့ ရက်ဒ်နဲ့ သူငယ်ချင်းတစ်သိုက်ဟာ ဝက်တွေဆီက ငှက်လေးတွေကို ကယ်တင်နိုင်ခဲ့ပါပြီ။\n\nအဲဒီအဖြစ်အပျက်အပြီးမှာ ရက်ဒ်ဟာ ငှက်ကျွန်းရဲ့ သူရဲကောင်းကြီးအဖြစ်နဲ့ သာယာနေပါပြီ။\n\nငှက်ကျွန်းနဲ့ ဝက်ကျွန်းကတော့ ဦးရာလူဆော်စတမ်း ရန်စောင်နေကြတုန်းပါပဲ။\n\nဒါပေမယ့် သူတို့တွေကို ပေါင်းစည်းမိစေမယ့် ရန်သူအသစ်ပေါ်လာပါတော့တယ်။\n\nရေခဲကျွန်းက လင်းယုန်တွေပါပဲ။\n\nလင်းယုန်ခေါင်းဆောင် ဇယ်တာဟာ ငှက်ကျွန်းနဲ့ ဝက်ကျွန်းက သူတွေကို အပြီး နှင်ထုတ်ပြီး ကျွန်းတွေကို အပိုင်စီးဖို့အတွက်\n\nစူပါလက်နက်ကြီးတစ်ခုနဲ့ ကြိုးစားလာတဲ့အခါ ဝက် လီယိုနက်တို့နဲ့ ရက်ဒ်တို့ ပူးပေါင်းပြီး ဘုံရန်သူကို ရန်ဆိုင်ကြရပါတော့တယ်….\n\nဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Little Neo ပဲဖြစ်ပါတယ်……\n","cover":"https://docs.google.com/uc?id=15YQE12SeJP0-4_IdsBSGGwTAjySzbar4"},{"title":"Toy Story 1","id":"https://drive.google.com/file/d/1Zjd2S9dB-PYSFl3e0ff9Ob5lNMPy7nty/view?usp=sharing","description":"Toy story ဆိုတာ ကျွန်တော်တို့တွေငယ်ဘဝတည်းက ရင်းနှီးခဲ့တဲ့ ဇာတ်လမ်းကောင်းလေးပါ။ဇာတ်ကြောင်းလေးကို နည်းနည်းပြန်ပြောရမယ်ဆိုရင် အရုပ်ပိုင်ရှင်တွေမရှိချိန်မှာအသက်ဝင်လာတဲ့ အရုပ်ကလေးတွေအကြောင်းပေါ့။အရုပ်ပိုင်ရှင်ကောင်လေးမွေးနေ့ရောက်ခါနီးလာလေ\nအရုပ်အသစ်တွေ ရောက်လာတတ်တာကြောင့်အရုပ်လေးတွေ ပစ်ပယ်ခံရမှာကိုစိုးထိတ်နေကြလေရဲ့။မစိုးရိမ်တဲ့ အရုပ်ကတော့ Cowboy Woody ပဲဖြစ်ပါတယ်။သူကအများထဲမှာ အထင်ပေါ်ဆုံး ဆိုတော့ မစိုးရိမ်ဘူးပေါ့။ဒါပေမယ့်Buzz Lightyear ရောက်လာတဲ့အခါမှာတော့…… ဘာတွေဆက်ဖြစ်လာမလဲဆိုတာ……… ","cover":"https://docs.google.com/uc?id=15HneHyFYCFIR5-kcvlNLy7EgfcWZUcFr"},{"title":"Toy Story 2","id":"https://drive.google.com/file/d/1o_PPvi-AN9myUbXdR3mNMX1aZGi9ga5Q/view?usp=sharing","description":"Toy Storyဟာ ကျွန်တော်တို့ငယ်ငယ်က အရမ်းကြိုက်ခဲ့ရတဲ့ ကာတွန်းကားပါ။လက်ရှိဘဝမှာ\nလူတွေမထင်မှတ်ထားတဲ့အရုပ်လေးတွေ အသက်ရှင်လျက်ရှိနေပြီး သက်ရှိလူသားတွေလို\nခံစားချက်တွေရှိနေခဲ့ပေမယ့် သူတို့ရဲ့ကံကြမ္မာကတော့ ဘယ်တော့မှမရေရာခဲ့ပါဘူး။ဒီလိုအရုပ်လေးတွေရဲ့\nလှို့ဝှက်ရှင်သန်နေရတဲ့ဘဝတွေကိုမြင်တွေ့ရမှာဖြစ်ပြီး Walt Disneyကထုတ်တဲ့animated movieဖြစ်တဲ့အတွက်\nQualityနဲ့Messageတွေကတော့ ရှယ်ပါပဲလို့ပြောပါရစေ။ခု Toy Story 2မှာတော့ Woodyကို\nအခိုးခံလိုက်ရတဲ့အတွက် Woodyရဲ့သူငယ်ချင်းတွေဖြစ်တဲ့ Buzzတို့အုပ်စု တစွန့်တစားလိုက်ကယ်မှာ\nဖြစ်ပါတယ်။ညွှန်းစရာမလိုလောက်အောင်ကောင်းတယ်ဆိုတာ သိကြမှာပါ။","cover":"https://docs.google.com/uc?id=15K6sCwszGOUQFLCSsg3lwOQMHavmqPfB"},{"title":"Toy Story 3","id":"https://drive.google.com/file/d/1OazXPgLT9bRWHZM-VfnFOYM3c8d-kIXu/view?usp=sharing","description":"Toy Story ဟာ ကျနော်တို့ မျိုးဆက်အတွက် တော့ ငယ်ဘဝဖြစ်ခဲ့ပါတယ်။တစ်သက်လုံးလည်း Andy Woody Buzzlight Year တို့ကို မေ့ရနိုင်မယ် မထင်ပါဘူး။ထွက်ခဲ့တဲ့ သုံးကားလုံးဟာ စိတ်ကြည်နူးဖွယ် ကောင်းပေမယ့်နောက်ဆုံးထွက်ခဲ့တဲ့ Toy Story 3 ကတော့ ရင်ထဲအထိဆုံးပါပဲ။\nဒီကားမှာ Andy ဟာလည်း တော်တော်လေး ကြီးနေပြီဖြစ်ပြီးသူရဲ့ အရုပ်တွေကို မှားပြီးတော့ Day Care centre တစ်ခုကို ပေးခဲ့ပါတယ်။အဲ့မှာ တော်တော်လေး ဆိုးတဲ့ အရုပ်တွေလက်ကနေရုံးထွက်ခဲ့ရပြီးနောက်နောက်ဆုံးခန်းမှာ Andy ဟာ သူရဲ့အရုပ်တွေကို ကောင်မလေးတစ်ယောက်ကို ပေးခဲ့ပါတယ်။ပေးပြီးတော့ အဲ့ကောင်မလေးနဲ့ အတူတူ အရုပ်တွေနဲ့ ကစားလိုက်ပါသေးတယ်။ဒီလိုကစားတာဟာ Andy အတွက် Woody Buzz တို့နဲ့နောက်ဆုံးကစားတာဖြစ်တဲ့ အပြင်ကျနော်ကလေးဘဝရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့Toy Story ပြီးဆုံးသွားပြီဆိုတဲ့ အသိကြောင့် မျက်ရည်ကျမိခဲ့ ပါတယ်။","cover":"https://docs.google.com/uc?id=15NYtMzPUIVN9Btj4G9dgXmi0y-7T4QQI"},{"title":"Trolled (2018) ","id":"https://drive.google.com/file/d/1TrzMJ9YV6qEyNy2PHGA-M5FFoxZUmQ2v/view?usp=drivesdk","description":"Trolls 2018 မှာ Story line ကောင်းကောင်းနဲ့ခံစားရမယ့်\nAnimated Cartoon တစ်ပုဒ်ပါ\nTrolls ဟာ ရှေ့ 2016 လောက်ကတည်းက season တွေ ထွက်သော်လည်း\n2018 ရဲ့ last update ဟာလည်း တော်တော်လေးကောင်းပါတယ်\nဇာတ်လမ်းလေးကတော့ Princess Cupcake ကိုအခြေခံထားပြီး\nသူမဟာ ပြင်ပလောကကြီးကိုစူးစမ်းလေ့လာလိုစိတ် စွန့်စားလိုစိတ်များတယ့်\nမိန်းကလေးတစ်ဦးပါ သို့ပေမယ့် သူမရဲ့ဖခင်ကြီးဖြစ်တယ့် King Basil ကတော့\nသားသမီးကိုအရမ်းချစ်လွန်းတယ့်အတွက် အရိပ်တကြည့်ကြည့်နဲ့ ရဲတိုက်ကြီးမှာပဲ\nစောင့်ရှောက်ထားလိုပါတယ်\nအဲ့ဒီလိုအချိန်မှာ Princess Cupcake လေးတစ်ယောက်\nပြင်ပလောကကို ဘယ်လိုရောက်သွားမလဲ သူမဘာတွေဆက်ကြုံတွေ့ရမလဲ\nသူမရဲ့Wee Trolls တိုင်းပြည်အတွက် ဘယ်လိုစွန့်စားခန်းတွေဆောင်ရွက်မလဲ ဆိုတာ\nစိတ်ဝင်တစားနဲ့ဆက်လက်ခံစားပေးကြပါဦး\nDREAM WORK ANIMATION ကနေ ထုတ်လုပ်ပြီး\n20TH CENTURY FOXကနေ တင်ဆက်ပြသထားပါတယ်\nပထမဆုံး Trolls ကာတွန်းကိုတော့ Oct 8 2016 မှာကျင်းပတယ့်\nBFI LANDON FILM FESTIVAL မှာမိတ်ဆက်ပေးခြင်းဖြစ်ပါတယ်။\n","cover":"https://docs.google.com/uc?id=188rZRvxgBsUl93oXegX_TCVDfSapsmme"},{"title":"White Fang (2018)","id":"https://drive.google.com/file/d/18-3isetNRMv-n105tG14vnKBuq8IVnQd/view?usp=drivesdk","description":"အခုတစ်ခေါက်ကတော့ ကလေးရော လူကြီးပါ ကြိုက်နှစ်သက်စေမယ့် ကာတွန်းကားလေးကို ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးလိုက်ပါတယ် White Fang လို့ခေါ်တဲ့ မြေခွေးလေး တစ်ကောင်ကြောင်းကို ရိုက်ကူးထားတာပါ\n\nဇာတ်လမ်း အကျဉ်းကတော့…..\n\nWhite Fang က တခြား သားကောင်တွေလိုမဟုတ်ပဲ အရမ်းကို လိမ္မာပြီး ထက်မြက်တဲ့ မြေခွေးလေးပါ\n\nသူ့သခင်က သူ့ရွာအတွက် ငွေလိုလို့ မြေခွေးလေးကို လူတစ်ယောက်ဆီမှာ ရောင်းစားခဲ့ပါတယ်\n\nငွေမျက်နှာတခုပဲ ကြည့်တဲ့ စမတ်ဆိုတဲ့လူဆီမှာ white fang က နှိပ်စက်ခံရပြီး လောင်းကစားပွဲတွေမှာ တိုက်ခိုက်ခဲ့ရပါတယ်\n\nဒါပေမယ့် အရာရှိလင်မယားတွေ ကယ်တင်ခဲ့တဲ့အခါမှာ White Fang ဘဝလေး ဘယ်လိုပြောင်းလဲသွားမလဲ?\n\nလူတွေရဲ့ လောဘ မောဘနဲ့ကင်းရာ သူ့နေရပ်ကို ပြန်ရောက်မလားဆိုတာကို စိတ်ဝင်စားမှုအပြည့်နဲ့ကြည့်ရှုရမှာဖြစ်ပါတယ်\n\nAnimationကားလေးက ပေါတောတောနဲ့ ပြီးသွားမယ့်ကားမဟုတ်လို့ ကလေးရော လူကြီးပါ ကြိုက်နှစ်သက်မယ်လို့မျှော်လင့်မိပါတယ်………\n\nReview & Translate by Panda","cover":"https://docs.google.com/uc?id=1JPPnlhZiy80SL-YUND2YvmtDr9joQxdK"},{"title":"Wall E (2008)","id":"https://drive.google.com/file/d/1kHIUzEYQr-9YIyEKfPQMXLQdByteub5-/view?usp=drivesdk","description":"ဒီတစ်ခါတော့ IMDb Rate 8.5 အထိရရှိထားတဲ့ Animated Film လေးတစ်ခုမိတ်ဆက်ပေးချင်ပါတယ်\n\nကာတွန်းကားကိုကလေးတွေပဲကြည့်တဲဲ့ကားလို့ပြောတဲ့ခေတ်ကုန်ခဲ့ပါပြီ…\n\nကာတွန်းကားတိုင်းကိုတော့မဆိုလိုပါ…\n\nကမ္ဘာကျော် Animation ကုမ္မဏီတွေက နှစ်စဉ်အောင်မြင်မှုတွေများစွာရတဲ့ Animation ရုပ်ရှင်တွေကို အမြဲထုတ်ပေးခဲ့ပြီး အောင်မြင်ခဲ့တဲ့ရုပ်ရှင်တွေမှာလည်းပေးချင်တဲ့Messageရည်ရွယ်ချက်တွေ..အများကြီးတွေ့ရပါတယ်..\n\nယူတတ်ရင်သင်ခန်းစာတောင်ရပါသေးတယ်\n\nဥပမာပြောရမယ်ဆိုရင် Up ကာတွန်းလေးက သာမန် ကာတွန်းကားတစ်ကား တင်မဟုတ်ပဲ၊ အက်ရှင် ဒရမ်မာ ကောင်းကောင်း နဲ့ ရိုက်ကူးထားတဲ့ Animated Film တစ်ခုဖြစ်ပါတယ်။\n\nဇာတ်လမ်း ကောင်းကောင်း နဲ့ လူကြီး လူငယ် ပရိတ်သတ် အားလုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။\n\nကျွန်တော် အနေနဲ့ ရုပ်ရှင်တွေတော်တော်များများ ကြည့်ဖူးပေမယ့် ကြည့်ရင်းနဲ့ မျက်ရည်၀ဲလောက်အောင် ခံစားချက်ရသပေးနိုင်တဲ့ ကားမျိုး က လက်ချိုးရေလို့ရပါတယ်။\n\nဒီ UP ကတော့ ဇာတ်လမ်း အစမှာထဲက တင်ဆက်ပုံကောင်းကောင်းနဲ့ ပရိတ်သတ်ကို ဖမ်းစားသွားနိုင်ခဲ့ပါတယ်….\n\nအခုဒီ Wall-E ဆိုတဲ့ Animated Film ဟာ..2008 ခုနှစ်မှာထွက်ရှိခဲ့ပါတယ်..\n\nIMDb မှာ Rating က 8.5/10 ထိရရှိထားပါတယ်\n\nPixar၏ သမားရိုးကျ ဇာတ်လမ်းများမှ အသိသာဆုံး ခွဲထွက်ခဲ့သည့်WALL-Eသည် ထုတ်လုပ်မှု ကုန်ကျ စရိတ် ဒေါ်လာ သန်း(၁၈၀)ထိ ရှိခဲ့ပါတယ်\n\nယင်းဇာတ်ကားသည် ကမ္ဘာမြေပေါ်မှ ညစ်ညမ်းမှုများကို လိုက်လံသန့်ရှင်းရန် ဒီဇိုင်းထုတ် ဖန်တီးထားတဲ့ အထီးကျန် စက်ရုပ်လေး၏ စွန့်စားခန်းကို ပုံဖော်ထားခြင်း ဖြစ်ပါတယ်..\n\nဇာတ်ကားအစ မိနစ်(၄၀)ခန့်ထိ ထူးခြားသော တင်ဆက်ပုံများကို တွေ့မြင်နိုင်ပြီး အပြန်အလှန် စကားပြောဆိုမှုပင် အလွန်နည်းပါးခဲ့တာကိုတွေ့ရပါမယ်..။\n\nအစဉ်အလာဟောင်းများကို တော်လှန်ခဲ့သည့် Pixar ၏ ဇာတ်ကားသည် အောင်မြင်မှုများစွာ ရရှိခဲ့ပြီး ဒေါ်လာ သန်း(၅၂၀)ကျော်ထိ ရုံဝင်ကြေး ရရှိခဲ့ပါတယ်..\n\nယင်းဇာတ်ကားသည် အကယ်ဒမီ ဆုပေးပွဲတွင် ကဏ္႑အတော်များများအတွက် ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ပြီး ထူးခြားမှု တစ်ရပ်အဖြစ် WALL-Eသည် TIME မဂ္ဂဇင်း၏ ဆယ်စုနှစ်အတွင်း အကောင်းဆုံး ရုပ်ရှင်များ စာရင်း၌ နံပါတ်(၁)နေရာ၌ သတ်မှတ်ခံခဲ့ပါတယ်..\n\nဒီလောက်ဆိုရင်ညွှန်းတာတော်လောက်ပါပြီ..ဆက်လက်ခံစားကြည့်ရှုကြပါ","cover":"https://docs.google.com/uc?id=1JnuQqSF633KfiKWhK5piFgsHnjrvPBzg"},{"title":"Up (2009)","id":"https://drive.google.com/file/d/1rIJ6mU6DKRvRgNYsSuD2ncDuW3j0VoBn/view?usp=drivesdk","description":"ဒီတစ်ခါတော့ ကာတွန်းကား ကောင်းကောင်း လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။\n\nဒီကားလေးက ၂၀၀၉ ခုနှစ်မှာ ထွက်ခဲ့ပြီး၊ စထွက်ခဲ့တဲ့အချိန်ထဲက\n\nအခုအချိန်အထိ Valentine’s Day ရုပ်ရှင်အဖြစ် လူကြိုက်များခဲ့သလို၊\n\nသူ့ထဲက ဇာတ်၀င်ခန်းလေး တစ်ခုက အချစ် နဲ့ပတ်သက်လာရင်\n\nအခုအချိန်အထိ လူပြောများနေဆဲဖြစ်ပါတယ်။\n\nUp ကာတွန်းလေးက သာမန် ကာတွန်းကားတစ်ကား တင်မဟုတ်ပဲ၊\n\nအက်ရှင် ဒရမ်မာ ကောင်းကောင်း နဲ့ ရိုက်ကူးထားတဲ့ Animated Film တစ်ခုဖြစ်ပါတယ်။\n\nဇာတ်အိမ် ကောင်းကောင်း နဲ့ လူကြီး လူငယ် ပရိတ်သတ် အားလုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။\n\nကျွန်တော် အနေနဲ့ ရုပ်ရှင်တွေတော်တော်များများ ကြည့်ဖူးပေမယ့်\n\nကြည့်ရင်းနဲ့ မျက်ရည်၀ဲလောက်အောင် ခံစားချက်ရသပေးနိုင်တဲ့ ကားမျိုး က လက်ချိုးရေလို့ရပါတယ်။\n\nဒီ UP ကတော့ ဇာတ်လမ်း အစမှာထဲက တင်ဆက်ပုံကောင်းကောင်းနဲ့ ပရိတ်သတ်ကို ဖမ်းစားသွားနိုင်ခဲ့ပါတယ်။\n\nဇာတ်လမ်းလေးကတော့ Carl ဆိုတဲ့ကောင်လေးနဲ့ Ellie ဆိုတဲ့ကောင်မလေးက\n\nexplorer Charles F. Muntz ဆိုတဲ့ ပုဂ္ဂိုလ်ကို လေးစားအားကျသူတွေဖြစ်ပါတယ်။\n\nဒါပေမယ့် Charles က Paradise Fall မှာ ရှိတဲ့ ရှားပါးတဲ့ ငှက်ကြီးတစ်ကောင်ကို\n\nသူဖမ်းမိဟန်ဆောင်ပြီး အဲ့ဒီငှက်ရဲ့ အရိုးစုကို အတုလုပ်ခဲ့ပါတယ်။\n\nဒါပေမယ့် လူတွေက အတုမှန်းသိသွားပြီး အရှက်ရသွားတဲ့ နောက်\n\nParadise Fall ကို ပြန်သွားပြီး အဲ့ဒီငှက်ကို မမိမချင်း ပြန်မလာဘူးဆိုပြီး ထွက်သွားပါတယ်။\n\nCharles အကြောင်းကို ပြပြီးတဲ့နောက်မှာ Carl နဲ့ Ellie တို့ ကလေးဘ၀နဲ့ တွေ့ကြပုံက စပြီ\n\nး သူတို့ ရဲ့ လူငယ်ဘ၀ ချစ်သူတွေဖြစ်သွားပုံ၊\n\nလူလတ်ပိုင်း လက်ထပ်ကြပုံ၊ အိမ်ထောင်သည်ဘ၀ ချစ်ကြည်နူးကြပုံ၊\n\nကလေးမရနိုင်တဲ့အကြောင်း ကစလို့ အသက်ကြီးသွားပြီး\n\nEllie တစ်ယောက် လူလောကကို စွန့်ခွာသွားပုံ ကို တင်ဆက်ထားတဲ့\n\nဇာတ်၀င်ခန်းလေးက ပညာသားပါပြီး\n\nလက်ရှိအချိန်ထိ ရုပ်ရှင်လောကရဲ့ အထင်ရှားဆုံးနဲ့ လူကြိုက်အများ ဆုံး ဇာတ်၀င်ခန်းလေး ဖြစ်နေပါတယ်။\n\nဇာတ်လမ်းက အခုမှစတာဖြစ်ပြီး လူငယ်ဘ၀ က Paradise Fall ကို သွားဖို့ ပိုက်ဆံစုခဲ့၊ စီစဉ်ခဲ့ပေမယ့်\n\nအကြောင်းအမျိုးမျိုး ကြောင့်မရောက်ဖြစ်ခဲ့ပါဘူး။\n\nEllie မရှိတော့တဲ့အချိန်ကြမှ သူ့မိန်းမရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ အတွက်\n\nသူတို့ရဲ့ အိမ်ကြီးကို မိုးပျံပူပေါင်းတွေ နဲ့ ဆင်ပြီး ဘယ်သူနဲ့မှ မတူနဲ့ ပုံစံနဲ့\n\nခရီးထွက်ဖြစ်ရာကနေ Adventure စတင်ပါတော့တယ်။\n\nအဘိုးအို Carl နဲ့အတူ လူငယ် Explorer တစ်ယောက်၊\n\nCarl ရဲ့ လူငယ်ဘ၀ က လေးစားအားကျခဲ့တဲ့ Charles F. Muntz နဲ့ သူ့ရဲ့ လူစကားပြော တတ်တဲ့\n\nလည်ပတ်တွေ၀တ်ဆင်ထားတဲ့ ခွေးတွေရယ်၊ Giant Bird ရယ်၊ ဆုံတွေ့ကြတဲ့အခါမှာတော့၊\n\nCarl တစ်ယောက် သူထင်ထားသလို ဖြစ်မလာတဲ့ Adventure ကို စိတ်၀င်စားစရာ တင်ဆက်ထားပါတယ်။\n\nကြည့်ကိုကြည့်သင့်တဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်။\n\nလူ့ဘ၀ ရဲ့ ဖြစ်ပျက်ပြောင်းလည်းမှု မြန်ဆန်ပုံကို သတိတရားရစေပါတယ်။\n\nအနားမှာရှိနေတဲ့ အရာတွေ၊ လူတွေကို တန်ဖိုးထားတတ်လာအောင် ကိုယ့်ကို ချစ်တဲ့သူတွေက\n\nကိုယ့်နားမှာအမြဲရှိနေမှာမဟုတ်ဘူးဆိုတာ သံေ၀ဃရလာအောင် နှိုးဆော်ထားနိုင်ပါတယ်။\n\nDon’t Take People for granted ဆိုတဲ့ စကားအတို်င်း ကိုယ်ချစ်တဲ့လူတွေကို တန်ဖိုးထားပါ။\n\nဘ၀ကို မနက်ဖြန်ဆိုတာ မရှိတော့ဘူးလို့ သဘောထားပြီး လက်ရှိအချိန်မှာ အရာရာကို တန်ဖိုးထားပြီး နေသင့်ပါတယ်။\n\nကာတွန်းကားဖြစ်လို့ အထင်မသေးသင့်ပဲ မကြည့်ရသေးရင် ကြည့်သင့်ပါတယ်။\n\nမိသားစုကားကောင်းလေးတစ်ကားပါ။\n\nPixar ရဲ့ ကာတွန်းကားဖြစ်လို့ ဘယ်လောက်ကောင်းတယ်ဆိုတာ ညွှန်းနေဖို့တောင်မလိုတော့ပါဘူး။\n\nကြည့်ဖြစ်အောင်ကြည့်ကြပါ။\n\n(ရုပ်ရှင်မိတ်ဆက် Movie Reviews မှကူးယူဖော်ပြပါသည်။)","cover":"https://docs.google.com/uc?id=1Jt-Jbv9BjFdFjf1XgUtBeNty95jGQs0v"},{"title":"Tom And Jerry: The Fast And The Furry(2005)","id":"https://drive.google.com/file/d/1PVASGDu-51HDHR7cbhWUMxicmvGdIKbM/view?usp=sharing","description":"အားလုံးသိပြီးဖြစ်တဲ့\nမရိုးနိုင်တဲ့ Tom and Jerry ကား​ဟောင်း​လေး\nတင်ဆက်လိုက်ပါတယ်။\nအညွှန်းကို​တော့ CM က ရတုဆရာ ထရန်စလိတ်တာကြီး\nဆရာ ရဲခန့်မင်းမှ စပ်ဆို​ပေးထားပါတယ်။\n\n” ဖတ်စ်အန်ဖျူရီ ဇာတ်လမ်းအညွှန်း ရတုလင်္ကာ”\n\n​ရှေးသ​ရောခါ ပြည်ဟောလာဝယ်\nနာမည်ကျော်လျက် ​ကြောင်နဲ့ကြွက်ဟု\nမည်တွင်ပြုရာ ဇမ္ဗူကျော်လွှား\nကာတွန်းကားများ ထွက်လေဖူး၏\n\nမော်ဖူးဖွယ်ရာ ကားရာကျော်မှ\nThird Dimension Animate ဟု\nစရိတ်ထောင်လွှား ဤဇာတ်ကားကား…\nအကျဉ်းဆိုရ ဤသို့စ၏။\n\nကြောင်နှင့်ကြွက်မည် တွမ်ဂျယ်ရီသည်\nပြေးချည်လိုက်ချည် ခိုက်ရန်ဖြစ်ပွား\nဒေါသများဖြင့် မှီတင်းခိုရာ\nအိုးအိမ်သာအား\nဆန္ဒမပါ မမျှော်သာပဲ\nပြိုကာပျက်စီး ဖျက်ဆီးခြင်းသို့\nမလျင်းရှေ့မှောက် ရောက်စေလိုက်၏။\n\nအရှုပ်တော်ပုံ အလုံးစုံကြောင့် ငွေပုံစံပြု\nယေရှုသခင် ရှင်ကိုယ်တော်မှ\nမကြာချက်ချင်း ရှုပ်ထွေးခြင်းကို\nSecond Chance တစ်ရပ်\nပေးဆပ်ခြင်းဖြင့်\nခွင့်​ရေးတစ်ခါ ကြုံဆုံလာပြန်\nအံ့ဖွယ်ထိပ်တန်း ကားပြိုင်ပွဲဟု\nခေါ်မည်ပြုကြ အိမ်ကြီးရခိုင်\nဆုကြေးပိုင်မည့် ထိုပြိုင်ပွဲအား\nဖန်သားပြင်မှ တန်ခိုးပြလျက်\nလမ်းပြဆောင်သော်\nကြောင်နဲ့ကြွက်လည်း\nမနှေးအမြန် ပြေးကြပြန်၏\n\nတိုတိုကပ်ကပ် နိဂုံးချပ်သော်\nဖတ်စ်အင်န်ဖျူရီ အမည်တည်ရ\nဤရုပ်ပြတွင်…\n\nတစ်​ချိန်ခါကကမ္ဘာကျော်အောင်\n​ရွှေ​ရောင်ဖိ​တ်​တောက်\nကြွက်နဲ့​ကြောင်တို့ ဟာဒရွှင်​ဆေး\nတိုက်ကျွေးလေသည့်\n\nအူထိနှလုံးတစ်ကိုယ်လုံးပါ\nရွှင်လန်းသာမည့်\nကာတွန်း​တော်ကြီး ဖြစ်လေတည့်။\n(အညွှန်းကို CM မှကူးယူဖော်ပြခြင်းဖြစ်ပါတယ်။)","cover":"https://docs.google.com/uc?id=1PVASGDu-51HDHR7cbhWUMxicmvGdIKbM"},{"title":"Turbo (2013)","id":"https://drive.google.com/file/d/1D_1IU9yqMiPzecVBM5GR6VBBDBOEaF8-/view?usp=drivesdk","description":"ဒီဇာတ်ကားကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ပြိုင်ကားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ချင်တဲ့ ခရုလေးတစ်ကောင် အကြောင်း ရိုက်ကူးထားတာပါ...\n\nနောက်ဆုံးမှာတော့ သူ့ရဲ့ အိပ်မက်ဖြစ်တဲ့ မိုင် ၅၀၀ နီးပါးပြိုင်ဆိုင်ရတဲ့ Indy 500 ကားမောင်းပြိုင်ပွဲမှာ ပါဝင်ခွင့်ရခဲ့ပါတယ်...\n\nဒီပြိုင်ပွဲမှာ သူ အနိုင်ရပါ့မလား...?\n\nဘာတွေဆက်ဖြစ်ကြမလဲ...?\n\n ကဲ...ပရိသတ်ကြီးရေ...ခရုတစ်ကောင်ရဲ့ဆန်းကြယ်တဲ့ အိပ်မက်အကြောင်း ဟာသလေးတွေ နှောထားတာမို့ ကြည့်ဖို့မမေ့နဲ့နော်...","cover":"https://docs.google.com/uc?id=1MVrDHAsqh8QOA8AfYUbYBzVn78UFNR1o"},{"title":"Sonic the Hedgehog (2020)","id":"https://drive.google.com/file/d/1qb2iqymrsAXA4K-ealZbZKQHCouRe7j6/view?usp=sharing","description":"အရင်လက ရုံတင်သွားတဲ့ သိပ္ပံစိတ်ကူးယဉ်ကားလေးပါ။\n\nအခြားဂြိုလ်ကနေလာပြီး အမြန်နှုန်းနဲ့ပါဝါတွေရှိတဲ့ ဆောနစ်ဆိုတဲ့ ဖြူကောင်လေးဟာရန်သူတွေလက်ကနေ ပြေးရင် ကမ္ဘာပေါ်ကို ရောက်လာပါတယ်။ကမ္ဘာပေါ်မှာ ရဲတစ်ယောက်နဲ့မိတ်ဆွေဖြစ်ပြီး\n\nတစ်ချိန်တည်းမှာပဲ သူ့ကို ဖမ်းဖို့လိုက်လာတဲ့သိပ္ပံပညာရှင် ရိုဘော့နစ် နဲ့ပါ ရင်ဆိုင်လာရပါတော့တယ်။ဒီတော့ ရဲအရာရှိ သောမက် နဲ့ဆောနစ်တို့ သူ့လက်ကလွတ်အောင်ပြေးရင် ဘေကင်းတဲ့ဂြိုလ်တစ်ခုကို ဆောနစ်ကို ပြန်ပို့နိုင်ဖို့ ကြိုးစားရပါတော့တယ်။ဆာနစ်အဖြစ် ဘန် ရှဝက်က သရုပ်ဆောင်ထားပြီးဗီလိန်နေရာကတော့ မတွေ့ရတော ကြာပြီ\n\nဖြစ်တယ်မင်းသားကြိး ဂျင်မ် ကာရေးမို့ ကြည့်လို့သိပ်ကောင်းပါလိမ့်\n\nမယ်။rating လည်း 6.8 ဆိုတော့ အားလုံးအပမ်းပြေကြမယ်ထင်ပါတယ်","cover":"https://docs.google.com/uc?id=1N45H9cui6qtWJWmX4TEK5ICm4__MiGTr"},{"title":"Despicable Me 3 (2017) ","id":"https://drive.google.com/file/d/1Y3KoLi0xzyU_QVWe09nbpjuxFsGVuqb_/view?usp=sharing","description":"2017 ခုနှစ်ရဲ့ နှစ်အစပိုင်းတွေမှာပဲ .. အွန်းလိုင်းတစ်ခွင်နဲ့ . ယူကျူမှာ Traillar များစွာထွက်ရှိခဲ့ပြီး .. ပရိသတ်တွေက တခုတ်တရနဲ့ မျှော်လင့်စောင့်စားခဲ့ရတဲ့ Despicable ME 3 ပါ .. ME ဆိုလိုက်တာနဲ့ သိတဲ့အတိုင်း .. ချစ်စရာ Minions(ဘာနားနား)လေးတွေကိုပြေးမြင်မိကြမှာပဲမဟုတ်လား .. တကယ်တမ်းလည်း ကမ္ဘာ့ပရိသတ်ရဲ့ စိတ်နှလုံးကိုညှို့ယူ ဖမ်းစားနိုင်ခဲ့ကြတဲ့ ဇာတ်ကောင်လေးတွေပါ .. . ဒီကားမှာဆိုရင် .. * ကမ္ဘာ့အဆိုးရွားဆုံး ဗီလိန်တစ်ယောက်အဖြစ်ကနေ .. အဆိုးရွားဆုံး အေးဂျင့်တစ်ယောက်ဖြစ်လာတဲ့ .. Gru ရဲ့ စွန့်စားခန်းတွေ .. * ငယ်စဉ်ကတည်းက ညီငယ် Gru နဲ့ ကွဲကွာခဲ့ရပြီးပြန်လည်ဆုံတွေ့ချိန်မှာ .. မိဘရဲ့လက်ငုတ်လက်ရင်း ဗီလိန်လုပ်ရတာကို ..သဘောကျနှစ်သက်ပေမယ့် တစ်သက်လုံး သကြားလုံးတောင်ဖြောင့်ဖြောင့်မြည်အောင်မခိုးနိုင်တဲ့ အကိုကြီး Dru က ညီငယ် Gru နဲ့အတူ ဗီလိန်လုပ်ကြတာတွေ … (အခွီတွေချည်း) *အန်တီလူစီက ကလေးငယ်တွေရဲ့အမေတစ်ယောက်အဖြစ် မိခင်ပညာ၊ နည်းနာတွေကို လေ့လာသင်ယူရင်း .. စွန့်စားခန်းတွေထဲမှာ ပါဝင်သွားခဲ့ရပုံတွေ .. အစရှိတာတွေအပြင် … အဓိက လူဆိုးကောင် ဘယ်သဇာဘရက်ရဲ့ .. ကလိမ်ကျ၊ ဗီလိန်လုပ်၊ ခိုးဝှက် . ဘာတစ်ခုမှကောင်းတာမလုပ်ပဲ … ဗီလိန်မှ ဗီလိန် . ဗီလိန် လုပ်ရတာကို အသွေးထဲအသားထဲကနေ တောင့်တပြီး အသားတွေပါတဆတ်ဆတ်တုန်အောင် ဗီလိန်မလုပ်ရမနေနိုင်မှုများနှင့်အတူ … ကမ္ဘာ့အသည်းကျော် . ချစ်စရာ Minions (ဘာနားနား)လေးတွေရဲ့ သီချင်းဆိုပြိုင်ပွဲကိုမထင်မှတ်ပဲရောက်ရှိသွားမှု ၊ အကျဉ်းထောင်က ဖောက်ပြေးမှုတွေကို တဝကြီးခံစားရင်း ရယ်မောပျော်ရွှင်လိုက်ကြပါဦးနော်။","cover":"https://docs.google.com/uc?id=1AaShNN_hoVmQPW8yo7OmjgIQ2DIuytGP"}]}

Comments

Popular posts from this blog

Privacy MSub Yote Shin

EngMovie 2

Bollywood 2